အပေးအယူ
Vol. 16 Ch. 232
ဗီဒီယိုထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ရသော်လည်း သူတို့မျက်စိရှေ့မှောက်၌မူ ဆေးရုံသည် လူအများဖြင့် ပြည့်ကျပ်နေလေသည်။ လီတင်းသည် ယင်းကို ဆရာဝန်မ၏ အစောပိုင်းပြောခဲ့သော စကားများနှင့် ဆက်စပ်မိသောအခါ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရုတ်ခြည်း ရွှဲစိုသွားခဲ့သည်။ ဒီဆေးရုံမှာ အသက်ရှင်သူတစ်ယောက်မှ မရှိတောတောလား။
လေးယောက်သား ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်လိုက်ကြသည်။သူတို့သည် နေ့ခင်းအချိန်တွင် လုံခြုံမည်ဟု တွေးထားခဲ့သော်လည်း ရောက်လာသည်နှင့် တစ်ပြိုင်နက် 'သည်းထိတ်ရင်ဖို' တစ်ခုနှင့် ကြုံတွေ့ရချေပြီ။ အေးစက်သော ကြမ်းခင်းကျောက်ပြားများပေါ်တွင် သူတို့၏ ဖြူဖျော့သော မျက်နှာရိပ် ထင်ဟပ်နေ၏။ လေးဦးသား ရှေ့တံခါးဝသို့ ရောက်လုနီးသောအခါ ဆောင်ကြီးသည် ရုတ်တရက်ရပ်တန့်လိုက်သည်။သူသည် ရင်ဘတ်ကို ဖိရင်း အသက်ရှူမဝ ဖြစ်နေ၏။
"မြန်မြန်လုပ်ပါဟ!"
“မရဘူး ရှေ့တံခါးမှာ အန္တရာယ်ရှိတယ်။ အဲဒီကို မသွားနဲ့”
ဆောင်ကြီးသည် ဘေးပတ်ဝန်းကျင်မှ လူများကို ဖမ်းဆွဲလိုက်ပြီး
“ပုံမှန်အတိုင်း တုံ့ပြန်ကြ၊ ငါတို့ အခု ငွေရှင်းကောင်တာမှာ တန်းစီရမယ်” ဟု ပြောလိုက်သည်။ဆောင်ကြီးသည် တောင်းဆိုနေခြင်း မဟုတ်ဘဲ အမိန့်ပေးနေခြင်းသာ ဖြစ်သည်။
ဆုမိုနှင့် အခြားသူများအတွက် ရွေးချယ်စရာမရှိပေ။သူတို့သည် ဦးတည်ရာကို ပြောင်း၍ ငွေရှင်းကောင်တာသို့ အမြန်ဆုံး သွားရန် ကြိုးစားလိုက်ကြသည်။ သူတို့သည် သူတို့၏ အနေအထားများကို ချိန်ညှိလိုက်ကြသည်။ဆောင်ကြီးနှင့် ဆုမိုတို့သည် လူနာတစ်ဦးက ဆေးဆိုင်မှ ဆေးဝါးတချို့ကို ယူကာ စိုးရိမ်ပူပန်သော အမူအရာများ မရှိပဲ ပျော်ရွှင်စွာ တံခါးဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။ ထိုသူ၏ ဈေးပေါသော ဖိနပ်သည် ရှေ့တံခါးအပြင်ဘက်သို့ နင်းလိုက်သည်နှင့် တစ်စုံတစ်ခုက သူ့အား အရိပ်ထဲသို့ ဆွဲသွင်းသွားတော့သည်။ သက်ရှိလူသားတစ်ဦးသည် ထိုနည်းအတိုင်း ပျောက်ကွယ်သွားခဲ့သည်။ မြေပြင်ပေါ်တွင် သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့၏။ ထူးဆန်းသည်မှာ ထိုသွေးစိမ်းများသည် နံရံအတွင်းသို့ ပိုက်ဖြင့် ဖြည်းညှင်းစွာ စုပ်ယူနေသကဲ့သို့ တဖြည်းဖြည်း ယိုစိမ့် ပျောက်ကွယ်သွားလေသည်။ မကြာမီ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွာ၏။
“ဖက်ခ်! တံခါးအပြင်မှာ ဘာတွေရှိနေတာလဲ”
လီတင်း၏ လက်များ တုန်ရီနေသော်လည်း ပုံမှန်အတိုင်း ဟန်ဆောင်နေရဆဲ ဖြစ်သည်။
“ခြောက်ခြားဇာတ်လမ်းရဲ့ လွှမ်းမိုးမှုအောက်မှာ ဒီဆေးရုံက စည်းမျဉ်းအသစ် တစ်ခုနဲ့ စတင်လည်ပတ်နေလောက်ပြီ ၊ ဒီက လူနာတိုင်းက အလုပ်ရှုပ်နေကြတယ်။ သူတို့က အသက်ရှင်ဖို့ ကြိုးစားရင်း အလုပ်များနေကြပုံရတယ်”
ဆောင်ကြီးသည် အလွန်ကြောက်ရွံ့နေသော်လည်း ထိုးထွင်းဉာဏ် အလွန်ကောင်းသူ ဖြစ်သည်။ သရဲခြောက်သောအိမ်မှပင် ခိုးယူနိုင်ခြင်းသည် ၎င်း၏ သက်သေပင်။
“ရှုပိုင်၊ ရှေ့တံခါး မလုံခြုံဘူးဆိုတာကို မင်း ဘယ်လို သိတာလဲ”
ဆုမိုသည် စူးစမ်းလိုက်၏။ သူ၏ သူငယ်ချင်းသည် ရိုးရှင်းသူ မဟုတ်ဟု ခံစားရသည်။
“ငါ့မိဘတွေက အရမ်းစောစောကတည်းက ကွာရှင်းခဲ့ကြတာ၊ အဲဒါက ငါ့ကို ငယ်ငယ်လေးကတည်းက စိတ်ပိုင်းဆိုင်ရာ ပိုပြီး ထိခိုက်လွယ်စေခဲ့တယ်၊ ဒီနှစ် ဆာလောင်တစ္ဆေပွဲတော်တုန်းက ငါ အသဲအထန်နေမကောင်းဖြစ်ခဲ့တယ် ၊ ငါ့နှလုံးခုန်သံက အရမ်းလေးလံနေတော့ ငါစကားတောင် မပြောနိုင်ခဲ့ဘူး ၊ အဲဒီညက ဟိုတယ်မှာ ငါ သေလုနီးပါး ဖြစ်ခဲ့ရတယ် ၊ ဒါပေမဲ့ အသက်ရှင်ပြီးတဲ့နောက်မှာ ငါက အန္တရာယ်ကိုပိုပြီးအာရုံခံနိုင်လာတယ် ဆိုတာသိလာရတယ်”
ဆောင်ကြီးသည် ညီအစ်ကိုများထံမှ ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။
“ငါ့နှလုံးသားက အကြောင်းပြချက်မရှိဘဲ စတင်ခုန်လာတိုင်း အန္တရာယ် နီးကပ်နေပြီလို့ ဆိုလိုတာပဲ၊ မင်း ဒါကို ဆဌမအာရုံ လို့ ခေါ်လို့ရတယ်”
“သီအိုရီအရတော့ ငါ နားလည်ပါတယ် ၊ ဒါပေမဲ့ ဆာလောင်တစ္ဆေပွဲတော်ညမှာ မင်းဘာလို့ ဟိုတယ်မှာ ရှိနေရတာလဲ”
အစ်ကိုရှုံးသည် စိတ်ကို တည်ငြိမ်အောင် ထားနေရသည်။ သူသည် အဖွဲ့တွင် အကြီးဆုံးဖြစ်သဖြင့် အဖွဲ့ကို ထိန်းချုပ်ပေးရန်လိုအပ်သည်ဟု ခံစားရသည်။
“ထူးဆန်းတဲ့ အပိုင်းတွေအပေါ် အာရုံစိုက်မနေနဲ့တော့ ၊ ငါတို့ ပုံမှန်အတိုင်းဖြစ်နေအောင် ကြိုးစားဖို့ အာရုံစိုက်ရမယ် ၊ မနက်ခင်းမှာ သရဲတွေက သရဲတွေအဖြစ် ဟန်ဆောင်ထားကြလိမ့်မယ်၊ ငါတို့ စည်းမျဉ်းတွေကို လိုက်နာနေသရွေ့တော့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မယ်”
ဆောင်ကြီးသည် ဖုန်းကို ဖွင့်လိုက်ပြီး နေရာအမျိုးမျိုးမှ သူ စုဆောင်းထားသည့် ဆေးရုံစည်းမျဉ်းများကို ပြသလိုက်၏။
“ဒါတွေကို မှတ်ထားကြ၊ စည်းကမ်းတွေကို မချိုးဖောက်နဲ့”
သူငယ်ချင်းများနှင့် စည်းမျဉ်းများကို မျှဝေလိုက်ပြီးနောက် ဆောင်ကြီးသည် အင်တာနက်ကွန်ယက် ဆက်လက် အလုပ်လုပ်နေသည်ကို သိလိုက်ရသည်။သူက အကြံသစ်တစ်ခု ရလိုက်သည်။
“ငါတို့မှာ လူအင်အားအရေအတွက် အားသာချက် မရှိဘူး၊ ပြဿနာကြီးတွေကို ကျွမ်းကျင်တဲ့ ဖြေရှင်းသူတွေအတွက် ချန်ထားခဲ့သင့်တယ်”
ဆောင်ကြီးသည် သူတို့၏ အတွေ့အကြုံများကို အင်တာနက်ပေါ်တွင် နာမည်မဖော်ဘဲ တင်လိုက်သည်။
“ဒါက အပြစ်မဲ့သူတွေကို ထိခိုက်စေမှာ မဟုတ်ဘူးလား”
ဆုမို မျက်မှောင်ကြုတ်လိုက်၏။ သူသည် ဆောင်ကြီး၏ သူငယ်ချင်းဖြစ်သော်လည်း သူလုပ်သမျှအားလုံးကို သဘောတူလိမ့်မည် မဟုတ်ပေ။
“မင်း ဘာလို့ ဂရုစိုက်နေတာလဲ”
ဆောင်ကြီးက ပခုံးတွန့်လိုက်သည်။
“မင်းက မင်းရဲ့အသက်လေးကို အရမ်း သတိထားပြီး နေထိုင်နေတာပဲ”
ငွေရှင်းကောင်တာတွင် တန်းစီနေသူများသည် တဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လာကြသည်။ ဆောင်ကြီး၏ ရှေ့တွင် လူခြောက်ယောက်သာ ကျန်ရှိချိန်၌ ပြတင်းပေါက်တွင် အငြင်းပွားမှုတစ်ခု ဖြစ်ပွားလာ၏။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ့ဂျာကင်အိတ်ကပ်ထဲမှ ငွေအကုန်ဆွဲထုတ်လိုက်သော်လည်း ဘေလ်ပေးချေရန် မလုံလောက်သေးပေ။ သူ့နောက်မှ လူများက သူ့ကို အချိန်ယူလွန်းသည်ဟု တွေးနေကြသည်။သူတို့သည် မတော်တဆ ထိုလူ၏ သမီးကို ဝင်တိုက်မိလိုက်သည်။ ထိုအမျိုးသားသည် ဂျာကင်အင်္ကျီကို ချွတ်၍ သမီးကို ဖုံးပေးလိုက်၏။ထို့နောက် သူသည် သူမရှေ့တွင် ရပ်ပြီး ဒေါသတကြီး ပြုမူလိုက်သည်။
ဆောင်ကြီးသည် ရှောင်ထွက်လိုသော်လည်း မတော်တဆ သူတို့ကို ရီကော်ဒါဖြင့် မှတ်တမ်းတင်မိလိုက်သည်။ကောင်မလေးက သူ့ ဗီဒီယိုထဲတွင် ပေါ်နေသည်ကို သူသတိပြုမိသွားသည်။
“ဒီလူရဲ့ ကလေးက အသက်ရှင်နေတုန်းလားဟ!”
ဆောင်ကြီးသည် မည်သည့် မသက်မသာ ခံစားမှုမှ မရှိတော့သဖြင့် ရဲရဲဝံ့ဝံ့ လျှောက်သွားကာ ရန်ပွဲကို ဖြန်ဖြေလိုက်သည်။
“လူတိုင်း အခက်အခဲ ရှိကြတာပါပဲ၊ ညီကို ခင်ဗျား ဘယ်လောက် လိုသေးတာလဲ ၊ အကူအညီ လိုအပ်သလား”
“မလိုဘူး!”
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိတ်လန့်တကြားဖြစ်သွားပြီး သူ့သမီးကို ကောက်ချီ၍ ကော်ရစ်ဒါ လမ်းအတိုင်း ဦးတည်လိုက်လေသည်။ဆောင်ကြီးက သူ့သူငယ်ချင်းများကို မျက်စပစ်ပြလိုက်ပြီး ဖခင်နှင့် သမီးဖြစ်သူနောက်သို့ ပြေးလိုက်သွားကြသည်။သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှင်းလင်းစွာပင် ကောင်မလေးကို ကာကွယ်နေပုံရသည်။ဆောင်ကြီးသည် ထိုလူထံမှ ဆေးရုံတွင် အသက်ရှင်သန်ရန် နည်းလမ်းကို သိရှိအောင် ကြိုးစားချင်နေခြင်းဖြစ်သည်။သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့သမီးနှင့် အလျင်အမြန် မပြေးနိုင်ပေ။ နောက်ဆုံးတွင် သူက တတိယထပ်ရှိ မီးလောင်ဒဏ်ရာလူနာဆောင်၏ ထောင့်၌ ရပ်လိုက်ရသည်။
“စိတ်အေးအေးထားပါဦးဗျ ၊ရိုးရိုးသားသားပြောရရင် ကျုပ်တို့လည်း အသက်ရှင်ချင်ရုံ ပါပဲ”
ဆောင်ကြီးသည် မည်သည့်အန္တရာယ်ကိုမှ မခံစားရပေ။သူက စိတ်ရင်းမှန်ဖြင့် ပြုမူလိုက်သည်။ ၎င်းသည်ပင် သူရည်းစားများစွာ ရခဲ့သည့် နည်းလမ်းဖြစ်သည်။
“အသက်ရှင်ဖို့လား “
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကောင်မလေးကို တင်းကျပ်စွာ ပွေ့ဖက်ထား၏။
“သူက ကျုပ်ညီကိုပါပဲ ၊ သူ့အမေက အရမ်းနေမကောင်းဖြစ်နေတာ ၊ကျုပ်တို့ လေးယောက်သား သူ့အမေအတွက် ဆေးဖိုးရဖို့ ပိုက်ဆံစုခဲ့ကြတာ၊ ဒါပေမဲ့ ဒီလိုမျိုးတစ်ခုခုနဲ့ ကြုံတွေ့ရမယ်လို့ မမျှော်လင့်ခဲ့ဘူးလေ”
ဖိုမဆက်ဆံရေး ကျွမ်းကျင်သူဖြစ်သည့် ဆောင်ကြီးသည် အလွန်တော်သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ဆောင်ကြီး၏ ကောင်းမွန်သော သရုပ်ဆောင်မှုကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူတို့အပေါ် စာနာလာခဲ့သည်။
“ဒီထဲ ရောက်ပြီးရင် ထွက်သွားဖို့ မစဉ်းစားနဲ့တော့၊ မင်းတို့ တစ်ညတာ အသက်ရှင်နိုင်တာတောင် ကံကောင်းမှုပဲ”
အမျိုးသားက ကောင်မလေး၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ သူ့မျက်လုံးများ၌ ရင်နာနေသောအရိပ်အယောင်များ ရှိနေလသည်။
“ငါ ဒီကို ဘယ်တုန်းက ရောက်လာခဲ့လဲဆိုတာ မမှတ်မိတော့ဘူး ၊ရှောင်ရှလေးက အရမ်းအဖျားတက်နေတော့ သူကယောင်ကတမ်းတွေပြောနေခဲ့တယ် ၊ ငါ အရမ်းစိတ်ပူခဲ့ရတယ် ၊ ငါလည်း တခြားဘာကိုမှ မသတိထားမိခဲ့ဘူး ၊ ရှောင်ရှ ပြန်ကောင်းလာတော့မှ ဒီဆေးရုံက နည်းနည်းတော့...”
“နည်းနည်းတော့ ဘာလဲ”
“မင်း ဘဝကူးပြောင်းတာကို ယုံသလား ၊ ဒီဆေးရုံက သရဲလောက ကို အပြည့်အဝ ကူးပြောင်းသွားပြီလို့ ငါ ခံစားရတယ်”
အမျိုးသားက အသံကို နှိမ့်၍ ပြော၏။
“ဒီနေရာက စကားပြောဖို့ ကောင်းတဲ့နေရာမဟုတ်ဘူး။ ငါနဲ့ လိုက်ခဲ့”
သူတို့ ကော်ရစ်ဒါလမ်းထဲ ဝင်လိုက်ကြသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် မီးလောင်ဒဏ်ရာလူနာဆောင်၏ လိုက်ကာကို ဆွဲဖွင့်လိုက်ရာ မီးလောင်ဒဏ်ရာရနေသော အသားအရေနှင့် အမျိုးသားတစ်ဦး နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လမ်းလျှောက်တတ်စ လူတစ်ဦးနှယ်ပုံပေါ်နေပြီး မျက်လုံးများက ဝိုင်းဝန်း၍ အလွန်ကြီးမားနေ၏။ သူသည် ဒယိမ်းဒယိုင်ယိမ်းထိုးနေ၏။
“အစတုန်းကတော့ ဆေးရုံမှာ သက်ရှိလူသားတွေပဲ ရှိတယ် ၊ ဒါပေမဲ့ လူသေတွေ စတင် ပါဝင်လာခဲ့တယ်”
ထိုအမျိုးသားသည် ရွေ့လျားရင်း ပြောလိုက်သည်။
“အလောင်းတွေက ကြောက်စရာအကောင်းဆုံး မဟုတ်ဘူး ၊ ညဘက်မှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ပေါ်လာလိမ့်မယ် ၊ နောက်တစ်နေ့အထိ အသက်ရှင်ဖို့ဆိုရင် မင်း ပစ္စည်းတွေကို ရှာဖွေပြီး စုဆောင်းရမယ်၊ ပြီးတော့ လဲလှယ်ရမယ် ၊ ဒါကိုတော့ မင်း နေ့ခင်းဘက်မှာ လုပ်ရမယ်”
“ပစ္စည်းတွေလား”
“ဒီဆေးလိုမျိုးပေါ့”
ထိုအမျိုးသားက ပုလင်းခွံတစ်ခုကို ထုတ်ပြလိုက်သည်။
“ဝိဉာဉ်ပြောင်းဆေး (Soul Transfer Medicine)” က အလောင်းတွေရဲ့ အာရုံကို ခဏတာ အာရုံပြောင်းပေးနိုင်ပြီး မင်းကို ထွက်ပြေးဖို့ အချိန်ပေးလိမ့်မယ် ၊ မင်းဒါတွေကို သွားရှာသင့်တယ် ၊ ညဘက်မှာ အသက်ရှင်ဖို့ ကူညီပေးနိုင်တဲ့ အရာတွေ ဆေးရုံထဲမှာ အများကြီး ရှိတယ်”