နောက်ထပ် မစ်ရှင်
Vol. 16 Ch. 230
“ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာန လုံခြုံရေးအဖွဲ့ ၇ နဲ့ ၉ ရောက်ပါပြီ။ ကျုပ်က ခေါင်းဆောင် ကေ ပါ”
ရှင်းလုက အဖွဲ့ဝင်များသည် သွေးနီရောင် ဆက်သွယ်ရေးစက်များ ဝတ်ဆင်ထားကြသည်။ ဦးဆောင်သူက ဆံပင်ရှည်နဲ့ဖြစ်ပြီး ခန္ဓာကိုယ်အပြည့် တက်တူးများ ထိုးထားသည်။
“မင်းတို့ ခေါင်းဆောင် မပါဘူးလား “
ကျင်းထောင်ရှန်း အနည်းငယ် စိတ်ပျက်မိသည်။ အခြေအနေကို ထိန်းချုပ်ဖို့ သူ အသည်းအသန် လိုအပ်နေခြင်းဖြစ်သည်။
“ခေါင်းဆောင်နဲ့ တခြားအဖွဲ့ သုံးဖွဲ့က လမ်းမှာပဲရှိပါသေးတယ် ၊ ကစားသမားတွေက Perfect Life ထဲမှာ ကြာကြာနေနိုင်လေ၊ သူတို့ ထွက်ဖို့ အချိန်ပိုယူရလေမို့ပါ ၊ ဒါပေမယ့် ပစ္စည်းတွေလည်း ပိုရနိုင်တယ် “
ကေသည် လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်နဲ့မတူဘဲ မာဖီးယားဂိုဏ်းသားတစ်ယောက်လို ဖြစ်နေ၏။
“မင်းတို့ ကပ္ပတိန် ရောက်လာမှ မစ်ရှင်နေရာနဲ့ ရည်မှန်းချက်တွေကို ငါ ပြောပြမယ်...”
“မလိုပါဘူး။ သရဲခြောက်တဲ့အိမ်က ဘယ်နေရာလဲဆိုတာ ခင်ဗျားပြောပြရင် ရပါပြီ “
ကေက တသမတ်တည်း ပြောလိုက်သည်။ သူသည် ပေါ့ဆသူတစ်ဦး မဟုတ်ပေ။ သူ့ အကြံပြုချက်သည် လုံလောက်သည်ဟုသာ ယူဆထားခြင်း ဖြစ်သည်။
ကျင်းထောင်ရှန်းကို စကားဖြတ်ပြောဝံ့သူ များများစားစားမရှိပေ။ သူ့မျက်နှာမှာ မည်းမှောင်သွား၏။
“ကျုပ်တို့ Perfect Life မှာ ခင်ဗျားတို့ စိတ်ကူးတောင်မယဉ်ဖူးတဲ့ အရာတွေကို ကြုံခဲ့ရတယ်။ ဒါကြောင့် ခင်ဗျားတို့က ကျုပ်တို့ကို သာမန်အဖွဲ့ဝင်တွေလို အမိန့်ပေးလို့ မရဘူး”
ကေ၏ စကားများထဲတွင် ရာထူးချင်းမတူသော်လည်း ကျင်းထောင်ရှန်းအပေါ် မလေးစားမှု အရိပ်အယောင်များ ပါဝင်နေ၏။ အန္တရာယ်ကို အာရုံခံမိသကဲ့သို့ ကေ၏လည်ပင်းပေါ်ရှိ သရဲလက်ပုံ တက်တူးတစ်စုံသည် အသက်ဝင်လာလေသည်။ လက်ဆယ်ချောင်းသည် ကြာပွင့်တစ်ပွင့်ကဲ့သို့ ပွင့်ဟလာပြီး လက်ဖဝါးထဲမှ သရဲမျက်လုံးတစ်လုံး ပေါ်လာသည်။
“မင်းတို့ကို မြို့ဟောင်းက လီစန်းဆေးရုံကို သွားစေချင်တယ် “
ကျင်းထောင်ရှန်းက ကေနှင့်ထိပ်တိုက် ရင်မဆိုင်တော့ပေ။
“မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနရဲ့ ယာယီအကြီးအကဲ စီတုအန်းက ငါတို့ကို သစ္စာဖောက်သွားခဲ့တယ်။မကြာသေးခင်က သူ သေဆုံးသွားခဲ့ပေမယ့် သူဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ပြီး ဟန်ဟိုင်းမြို့သားတွေကို သူ့ရဲ့ နောက်ဆုံးပစ္စည်းတွေကို ဒီမြို့မှာ ဝှက်ထားခဲ့တယ်လို့ ပြောခဲ့တယ်၊ အခုတော့ အဲ့ဒီပစ္စည်းတွေက လီစန်းဆေးရုံမှာ ရှိမယ်လို့ လူတွေသံသယဝင်နေကြတယ်”
“စီတုအန်းရဲ့ နောက်ဆုံးပစ္စည်းတွေလား”
ကေသည် စီတုအန်းအကြောင်း ကြားဖူးသည်။
“အဲဒါက ကျုပ်တို့ရဲ့ ပန်းတိုင်လား”
“အဲဒီ လူအတွေက စီတုအန်းကိုတောင် မသိကြဘူး။ အဲဒီလူရူးက ဘယ်သူ့အတွက်မှ ဘာကောင်းတဲ့အရာမှ ချန်ခဲ့မှာ မဟုတ်ဘူး ၊ အဖြစ်ဆိုးတွေပဲ ဖြစ်စေမှာပဲ “
ကျင်းထောင်ရှန်းက ပျက်ရယ်ပြုလိုက်သည်။
“ လီစန်းဆေးရုံမှာ ပုန်းကွယ်နေတဲ့ မူမမှန်ဖြစ်ရပ်တစ်ခု ပိုရှိဖို့ အခွင့်အရေးများတယ်။ အန္တရာယ် အဆင့်သတ်မှတ်ချက်က အနည်းဆုံး အဆင့် ၄ ရှိတယ်”
“အဆင့် ၄... “
ကေက အလေးအနက်ဖြစ်လာသည်။
“စီတုအန်းက အရင်က အသက်ရှင်နေတုန်းမို့လို့ အဆင့်မြင့် မူမမှန်ဖြစ်ရပ်တွေကို မစတင်ရဲခဲ့ဘူး။ အခု သူသေသွားပြီဆိုတော့ သူ့စိတ်နေစိတ်ထားအရ တစ်မြို့လုံးကိုပါ ဆွဲချသွားမှာပဲ “
ကျင်းထောင်ရှန်းက အံကြိတ်လိုက်သည်။
“သေချာတယ်၊ သူက ဌာနချုပ်ရဲ့ အဓိကအစီအစဉ်ကို မြင်သွားပြီး အရိပ်ကမ္ဘာဘက်ကို ရွေးချယ်သွားတာလည်း ဖြစ်နိုင်တယ်”
“အားလုံးကို အတည်ပြုဖို့ ကျုပ်တို့ အမြန်ဆုံး သွားမှဖြစ်မယ်”
ကေ သည် မစ်ရှင်ကို လက်ခံပြီးနောက် ဆက်မနေတော့ဘဲ မြို့ဟောင်းဆီသို့ ဦးတည်လိုက်သည်။
“သူတို့မှာ သရဲတက်တူးရဲ့စွမ်းအားနဲ့ မတူညီတဲ့စရိုက်တွေ ရှိတယ် ၊ ဒါကြောင့် သူတို့ရဲ့ တည်ရှိမှုက သာမန် စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ကွာခြားနေတာ အံ့ဩစရာ မရှိဘူး”
ကျင်းထောင်ရှန်း၏ အမူအရာ ပျော့ပျောင်းသွားသည်။
“ဒီအချိန်မှာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ အာဏာက အကြွင်းမဲ့ပဲ ၊ ဟန်ဟိုင်းဟာ အဆင်ပြေသွားလိမ့်မယ်”
…………………………………………………………..
ဆုမိုသည် သူ့ရဲ့ ငှားရမ်းနေထိုင်ရာ အခန်းကို ပြန်ရောက်လာချိန်တွင် နေ့လည်ခင်း ဖြစ်နေချေပြီ။ သူသည် လမ်းကြိုလမ်းကြားမှ အချိန်အတော်ကြာ လမ်းလျောက်လာခဲ့ရပြီး အစားအသောက် ပို့ဆောင်ရာတွင် အသုံးပြုသော စက်ဘီးကိုပါ ပျောက်ဆုံးခဲ့ရသည်။
သူ အရမ်းပင်ပန်းနေသော်လည်း အိပ်မပျော်နိုင်ပေ။ မျက်လုံးမှိတ်လိုက်သည်နှင့် ထိုတံခါးထဲသို့ တွန်းပို့ခံရသော စုံစမ်းစစ်ဆေးရေးမှူးအသစ်များကို မြင်ယောင်နေသည်။
ရုတ်တရက် တံခါးခေါက်သံ ပြင်းပြင်း ထွက်ပေါ်လာသည်။ စုမိုသည် မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်သွားသည်အထိ ကြောက်လန့်သွား၏။ သူ စကားမပြောရဲဘဲ စားပွဲပေါ်မှ သစ်သီးလှီးဓားကို ဆွဲယူလိုက်သည်။ သို့သော် ၎င်းသည် သူ့ကို အကူအညီပေးနိုင်မည်ဟု သူ မထင်ပေ။
“ဆုမို! အိမ်ထဲမှာလား”
လီတင်း၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။ သူသည် စုမို၏ အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းနေဖက် ဖြစ်သည်။
“သူ အထဲမှာ မရှိဘူးလား”
“ငါတို့ သူ့ကို တခြားနေရာမှာ ရှာကြည့်ရမလား”
သူ့သူငယ်ချင်းများ၏ အသံကို တံခါးအပြင်ဘက်မှ ကြားလိုက်ရသောအခါ ဆုမို၏ နှလုံးခုန်သံသည် ဖြည်းဖြည်းချင်း နှေးကွေးသွားသည်။ သူက အလျင်အမြန် တံခါးဖွင့်လိုက်သည်။
“ချီးပဲ ! မင်း ဘာလို့ ဒီလောက် အားနည်းနေသလိုဖြစ်နေတာလဲ”
လီတင်းက သရဲမြင်လိုက်ရသလို ပြုမူလိုက်သည်။ မနေ့ကမှ အကောင်းကြီး မဟုတ်ဘူးလား။ တစ်ညတည်းနဲ့ ဆယ်နှစ်လောက် ဘယ်လိုများ အိုစာသွားတာလဲ။
“ဆုမို၊ မင်း ဘဝမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်ဆိုရင် ငါတို့ကိုပြောပြလို့ ရပါတယ်ကွာ၊ ငါတို့ အများကြီးတော့ အာမခံလို့မရပေမယ့် မင်း ဗိုက်ပြည့်ဖို့တော့ ငါတို့ လုပ်ပေးနိုင်ပါတယ်”
အစ်ကိုဆောင်သည် သူတို့၏ အဆောင်ခေါင်းဆောင်ဖြစ်သည်။ သူက သူတို့ကို များစွာ ဂရုစိုက်သည်။
“ဟုတ်တယ် မင်း အဆောင်ကို ဘာလို့ ပြန်ပြောင်းမလာတာလဲ “
ဆောင်ကြီး သို့မဟုတ် လီရှူးပိုင်သည် ချောမောသည့် မိန်းမလိုက်စားသူတစ်ဦးဖြစ်သည်။ သူသည် အကြောင်းအမျိုးမျိုးပြ၍ သူများထံမှ မကြာခဏ ပိုက်ဆံချေးတတ်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါအဆင်ပြေပါတယ်”
ဆုမို စကားမဆုံးခင်မှာပင် လီတင်းက ဘီယာများနှင့် အစားအသောက်များကို သေတ္တာလိုက် ဆုမို၏ အိမ်ထဲသို့ သယ်သွားသည်။ ယင်းကို မြင်သောအခါ ဆုမို ဘာမှမပြောတော့ပေ။ သူ့သူငယ်ချင်းများက သူ့နေရာတွင် မကြာခဏ ပါတီများ ပြုလုပ်လေ့ရှိသည်။
“မင်းကို ဖုန်းခေါ်တာကို မင်းက မဖြေဘူး။ မင်း တစ်ခုခု ဖြစ်သွားပြီလို့ ငါတို့ ထင်ခဲ့တာ။ ဟန်ဟိုင်းမှာ အခု ဘယ်လောက် အန္တရာယ်များလဲ မင်းသိပါတယ်”
ဆောင်ကြီးက ဆုမို၏ ပခုံးများကို ဆွဲကိုင်လိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာလာအောင် ငါ အစားအသောက်ကောင်းတွေ ဝယ်လာခဲ့တယ်”
“မင်း ပိုက်ဆံတွေ ဘယ်က ရလာတာလဲ”
ငွေရှာရတာ ဘယ်လောက်ခက်တယ်ဆိုတာ ဆုမိုက ဘယ်သူ့ထက်မဆို ပိုသိသည်။
“မင်းလည်း ပိုက်ဆံလိုတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းကို ချမ်းသာဖို့အတွက် ဖြတ်လမ်းနည်းတစ်ခု ဝေမျှဖို့ ဒီနေ့ ငါတို့အားလုံး ဒီကို ရောက်လာတာကွ”
အားလုံး အခန်းထဲ ဝင်ပြီးနောက် ဆောင်ကြီးက တံခါးပိတ်ကာ ဘီယာတစ်ဗူးကို ဖွင့်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။
“ဟား! ကောင်းချက် !”
လူသားစိတ်ခံစားချက်များသည် ဆက်စပ်နေခြင်းမရှိပေ။ ဆုမိုက သူတို့ ဆူညံနေသည်ဟုသာ ထင်သည်။
“မင်းတို့ ဘာဖြစ်ချင်တာလဲ ပြောစမ်းပါ”
ဆုမို စိတ်မရှည်ဖြစ်နေသည်ကို မြင်သောအခါ ဆောင်ကြီးက ဖုံးကွယ်မထားတော့ပေ။ သူသည် ဖုန်းပေါ်ရှိ ဘဏ်အကောင့်ကို စုမိုအား ပြသပြီး၊ သူ့အိတ်ကပ်ထဲမှ သွေးစွန်းနေသော လက်စွပ်တစ်ကွင်းကို ထုတ်ပြလိုက်သည်။
“မင်း တစ်ယောက်ယောက်ဆီက လုယက်ခဲ့တာလား “
ဆုမို တုန်လှုပ်သွားသည်။ သူ့သူငယ်ချင်းသည် ရာဇဝတ်မှု လမ်းကြောင်းပေါ် ရောက်နေချေပြီ။
“သောက်တုံးကောင် ၊ ငါ ဒါတွေကို ကောက်ရထားတာဟ”
ဆောင်ကြီးက ဘာမှ မဖုံးကွယ်ထားခဲ့ပေ။ သူသည် ဆုမိုကို သူ့သူငယ်ချင်းကောင်းအဖြစ် မှတ်ယူထား၏။
“ မနေ့ညက အင်တာနက်ပေါ်မှာ မူမမှန်ဖြစ်ရပ်တွေနဲ့ သရဲတွေအကြောင်း ကောလဟာလတွေ အများကြီးပျံ့နှံ့နေတာလေ ၊ အချို့က တကယ်ဖြစ်ပုံပဲ၊ အဆောက်အအုံတချို့က ဘာအကြောင်းပြချက်မရှိဘဲ အလွတ်တွေဖြစ်နေခဲ့တယ် ၊ ဒါနဲ့ ငါလဲ ပစ္စည်းကောင်းတချို့ ရှာဖို့ ဝင်သွားခဲ့တယ်”
“မင်း ရူးနေပြီပဲ “
ဆုမိုသည် သူ ယမန်နေ့ညက ကြုံခဲ့ရသည်များကို ပြန်တွေးမိလိုက်သည်။
“ဟုတ်တယ်။ ငါက ရွှေငွေ ပိုက်ဆံတွေအတွက် ရူးနေတာပဲ!”
ဆောင်ကြီးက သူ့ဖုန်းကို ထုတ်ပြီး သူ နေရာအချို့တွင် ရိုက်ထားသော ဗီဒီယိုများကို စုမိုအား ပြသလိုက်သည်။
“ငါတို့ထဲက တချို့က အသည်းအသန် လိုအပ်နေကြတယ်။ လီတင်းရဲ့ အမေ နေမကောင်းဖြစ်နေပြီး သူ့အဖေက အလုပ် သုံးခုလုပ်နေတာတောင် မလုံလောက်ဘူး။ အစ်ကိုရှုံးရဲ့ မိသားစု စက်ရုံက ပြိုလဲတော့မယ်။မကြာခင်က သူ့အဖေကို ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ကြတယ်။ ငါလဲ အွန်လိုင်းချေးငွေတွေ အများကြီးတင်နေတယ် “
“မလုပ်နဲ့။ အဲဒီအဆောက်အအုံတွေက အရမ်း အန္တရာယ်များတယ်”
ဆုမို ခေါင်းခါလိုက်သည်။
“ငါ့စကား နားထောင်။ အင်တာနက်ပေါ်က အရာတွေက ကောလဟာလတွေသက်သက်ဆိုရင် ငါတို့ ဘယ်လိုအန္တရာယ်မှ ကြုံမှာမဟုတ်ဘူး။ တကယ်လို့ ဒါတွေက အဖြစ်မှန်ဆိုရင် ဘေးကပ်ဆိုးလာနေပြီ ဖြစ်တဲ့အတွက် ငါတို့က တခြားသူတွေထက် စောပြီး ဒီအရာတွေနဲ့ အသားကျနေရင် ပိုပြီး ဉာဏ်ရှိရာမရောက်ဘူးလား “
ဆောင်ကြီးက စာရင်းတစ်ခု ပြုစုလိုက်သည်။
“ငါတို့ ကျောင်းနဲ့ ဝေးတဲ့တစ်နေရာကို သွားကြမယ်။ မြို့ဟောင်းက လီစန်းဆေးရုံမှာ လီတင်းရဲ့ အမေ လိုအပ်တဲ့ ဆေးဝါးတွေ ရှိတယ်။ ဒါ့အပြင် ဘေးကပ်ဆိုးအတွင်းမှာ ဆေးဝါးတွေက အရမ်းအရေးပါလာလိမ့်မယ်။ ဒီည အဲဒီကနေ တချို့ကို သယ်ထုတ်ဖို့ ငါတို့ စီစဉ်ထားတယ် “