← Chapters

လီစန်းဆေးရုံ

Vol. 16 Ch. 227

လီစန်းဆေးရုံ

Vol. 16 Ch. 227

ထိုညတွင် ကောင်းမင်က အရိပ်ကမ္ဘာထဲမှ မထွက်ခဲ့ချေ။သူသည် မြို့သားများကို ဦးဆောင်၍ အရိပ်ကမ္ဘာထဲရှိ လီစန်းနှင့်တကျိုက်တွင် စတင်ရှင်းလင်းရေးလုပ်နေခဲ့သည်။အပြင်ဘက်ကမ္ဘာတွင်ကား ပြည်သူများသည် အလွန်ရှုပ်ထွေးနေခဲ့သည်။မြေပုံတစ်ခုရှိလျင်ပင် လမ်းပျောက်သွားလိမ့်မည်ဖြစ်သည်။အရိပ်ကမ္ဘာရှိ မြို့တော်သည် ကျိန်စာသင့်ပစ္စည်းများ ၊ သရဲစွမ်းအားများကိုသုံး၍ ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ အခန်းများထဲတွင် အခန်းများရှိပြီး လှေကားများအလွန်တွင်လှေကားများရှိပေသည်။

“လုံးဝ လုံခြုံတဲ့အိမ်တစ်လုံး ငါလိုအပ်တယ်”

ညသည် တဖြေးဖြေးကုန်ဆုံးသွားခဲ့သော်လည်းကောင်းမင်မှာ အလုပ်များနေဆဲဖြစ်သည်။အပြင်ဘက်ကမ္ဘာမှ ဟန်ဟိုင်းကား ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

…………………………………………….

မိုးစဲသွားခဲ့သော်လည်း တိမ်မဲများမှာ ရစ်ဝဲနေဆဲပင်။နေရောင်သည် ရှင်းလင်းစွာပင် တိုတောင်းလာခဲ့သည်။ယာဉ်လမ်းကြောင်းများ ကြပ်ညှပ်နေ၏။မနေ့ညက ဖြစ်ပွားခဲ့သော ဖရိုဖရဲဖြစ်ရပ်သည် ပြည်သူအများစုထံ ကူးစက်မခံရသေးချေ။နေ့ဘက်ရောက်လာသည်နှင့် သရဲများ ထိတ်လန့်ခြောက်ခြားဖွယ်ရာများမှာ ပျောက်ကွယ်သွားလေသည်။

စုံစမ်းစစ်ဆေးရေးဌာနသည် အမှန်တရားကို ပိတ်ပင်လိုက်ပြီး အချက်အလက်များအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။ ပူးကပ်ခံထားရသော လူသားများသည် ရောနှောနေထိုင်ရန် ပိုမိုကြိုးစား၍ လူသားအစစ်များထက် ပျော်ရွှင်နေကြ၏။ပရမ်းပတာဖြစ်ရပ်များသည် တည်ငြိမ်နေသယောင်ဖြစ်သော်လည် အပေါ်ယံမျက်နှာပြင်အောက်တွင် လှိုက်စားနေခြင်းဖြစ်သည်။

လမ်းမပေါ်တွင် ပြိုင်ကားတစ်စီးဖြတ်ပြေးသွားသည်။ကားသည် ရွှံ့အိုင်ပေါ် ဖြတ်သွားသဖြင့် ဘတ်စ်ကားမှတ်တိုင်ဆီသို့ ရွှံ့ရေများလွှင့်စင်သွား၏။ လှပသော အဖြူရောင်ရှူးဖိနပ်တစ်စုံပေါ်သို့ ရွှံ့ရေများ ပေကျံသွားသည်။ရွှမ်ဝမ်က သူမ၏ထီးနီလေးကို ပြန်သိမ်းလိုက်သည်။ခေါင်းစွပ်နားကြပ်ဖြင့် သူမသည် အရင်ကထက် ပိုလှနေပုံရလေသည်။သူမ၏ အလှအပကား ကွယ်ဝှက်ထား၍ မရနိုင်ပေ။သူမသည် သူမသွားသည့်နေရာတိုင်းတွင် အာရုံစိုက်ခံရလေ့ရှိသည်။ပြိုင်ကားကြောင့် လဲကျသွားသော စက်ဘီးများကို သူမ ပြန်ထောင်ပေးလိုက်သည်။သူမ၏ ကြင်နာတတ်မှုသည် သူမ၏အလှအပထက်ပိုတောက်ပပေသည်။

ရွှမ်ဝမ်က သူမအပေါ်ရှိအကြည့်များကို လျစ်လျုရှုလိုက်သည်။

ညအလင်းရောင်စတူဒီယိုထဲ သူမလှမ်းဝင်လိုက်၏။ရွှမ်ဝမ်ဝင်လာသည်နှင့် မန်နေဂျာဂေါင်က ချက်ချင်းပြေးလာလေသည်။သူသည် ကော်ဖီတစ်ခွက် ယူလာခဲ့ပြီး ဆံပင်တုအသစ်တစ်ခုလည်းတပ်ဆင်ထားသည်။

“ဥက္ကဌရွှမ် ကျုပ်တို့ရဲ့ ဂိမ်းဒီမိုက ဒေါင်းလုပ်ဆွဲတဲ့ အရေအတွက် ၂၀၀၀၀၀ကျော်သွားပြီဗျ ၊ ရီဗျူးတွေကလည်း‌ ကောင်းမှကောင်းပဲဗျို့ ၊ ခင်ဗျားက အရမ်းအမြင်ကောင်းရှိတာပဲ”

ရွှမ်ဝမ်က ကော်ဖီခွက်ကို ယူ၍ ပြုံးလိုက်သည်။

“ဒါက အားလုံးရဲ့ ပါဝင်ပူးပေါင်းမှုကြောင့်ပါပဲ၊ ရှင်က ခြောက်ခြားဂိမ်းတွေလုပ်တဲ့နေရာမှာ အရမ်းတော်တာပဲ “

ရွှမ်ဝမ်က ရုံးခန်းထဲတွင် သူမ၏ကွန်ပျူတာကို ဖွင့်လိုက်သည်။ပတ်စ်ဝါ့ တစ်သီတစ်တန်းကြီးကို ရိုက်ထည့်လိုက်ပြီးနောက် အလွန်လျို့ဝှက်သော ဝဘ်ဆိုက်တစ်ခုထဲဝင်လိုက်သည်။သူမက တရားမဝင်ဝဘ်ဆိုက်တစ်ချို့ကို ရှာဖွေလိုက်သည်။ရက်အနည်းငယ် ‘ငွေချေးခြင်း’ ပြုလုပ်ပြီးနောက် သူမသည် ဟန်ဟိုင်းရှိ မြေအောက်ဘဏ်အများအပြားထံမှ ငွေလိမ်ယူခဲ့သည်။သူမထံ အကြွေးတောင်းရန် လူများစေလွှတ်ခဲ့သော်ငြား ပြဿနာတစ်ခုကို သူတို့ သတိပြုမိခဲ့သည်။ရွှမ်ဝမ်၏နေရာသို့ အကြွေးတောင်းရန် သူတို့စေလွှတ်ခဲ့သော လူများအားလုံးသည် ပျောက်ဆုံးသွားကြခြင်းဖြစ်သည်။

သူတို့သည် ရဲကိုဖုန်းခေါ်ရန် ဖိအားပေးခံခဲ့ရသော်လည်း ညဘက်တွင် သေခြင်းတရားထက်ကြောက်မက်ဖွယ်ကောင်းသော အရာဖြင့် ခြိမ်းခြောက်ခံခဲ့ရသည်။သူတို့သည် အလွန်အကူအညီမဲ့စွာဖြင့် အော်ဟစ်ငိုယိုချင်ခဲ့ကြသည်။

“ဒီမာဖီးယားအုပ်စုက တော်တော်ဆိုးတာပဲ ၊ ဒီလို စိတ်ဓာတ်ကြံ့ခိုင်မှုသေးသေးလေးနဲ့ မြေအောက်လောကမှာ ဘယ်လို ရှင်သန်နေကြတာပါလိမ့် “

ရွှမ်ဝမ်က ကော်ဖီခွက်ကို ပြန်ချလိုက်သည်။ဓာတ်ပုံတစ်ပုံကိုထုတ်၍ စားပွဲပေါ် တင်လိုက်သည်။ဓာတ်ပုံထဲတွင် ရွှမ်ဝမ်နဲ့ ကောင်းမင်သည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည်။ဒေါင်းလုပ်အရေအတွက် ၂၀၀၀၀၀ကျော်သွားပြီးနောက် ရွှမ်ဝမ်၏မင်္ဂလာဓာတ်ပုံမှာ ပြောင်းလဲသွားခဲ့သည်။သူမသည် စတင် အရောင်အသွေးရှိလာ၏။သူမ၏အသက်ရှူသံပင်လျှင် ပိုမို‌ချောမွေ့လာခဲ့သည်။

“ဓာတ်ပုံထဲမှာ ကောင်းမင်နဲ့အတူတူဖြစ်လာတဲ့အခါကျရင် ငါလည်း အရိပ်ကမ္ဘာရဲ့ အချုပ်အနှောင်ကနေ အပြည့်အဝ ကျိုးပျက်သွားမယ့် အချိန်ဖြစ်လိမ့်မယ် “

သက်ရှိလူသားများသည် ကံကြမ္မာကြောင့် ထိန်းချုပ်ခံနေရပြီး သရဲများသည် အရိပ်ကမ္ဘာ၏ခြယ်လှယ်ခြင်းခံနေရလေသည်။ကမ္ဘာနှစ်ခု၏သဘောတရားကား အတူတူပင်။

ရွှမ်ဝမ်သည် သီချင်းတစ်ပုဒ်ညည်းလိုက်ပြီး ရေသေဖိုရမ်၏ လျှို့ဝှက်ဆာဗာသို့ ဝင်လိုက်သည်။ယမန်နေ့ညက ခြောက်ခြားဂိမ်းကစားသမားများတချို့ စုံစမ်းရေးမှုးများကြောင့် အဖမ်းခံခဲ့ရသည်။ကျင်းထောင်ရှန်းသည် သူ့ဒေါသအား သူတို့ကို နှိပ်စက်ညင်းပန်း၍ ဖွင့်ထုတ်ခဲ့သည်။ကစားသမားတစ်‌ယောက်သည် ရွှမ်ဝမ်စေလွှတ်ထားသော သရဲတစ်ကောင်ဖြစ်သည်။ထိုသရဲသည် ကိရိယာများမှတဆင့် ဓာတ်ပုံအချို့နှင့် အသံမှတ်တမ်းအချို့ကို ပေးပို့ခဲ့သည်။ရွှမ်ဝမ်သည် ဖြစ်စဉ်တစ်ခုလုံးကို မသိသော်လည်း ကွက်လပ်နေရာများကို သူမဖြည့်စွက်နိုင်၏။

မူရင်းရေသေဖိုရမ်သည် အော့ဖ်လိုင်းဖြစ်သွားခဲ့ပြီဖြစ်သည်။ရွှမ်ဝမ်က ရေသေဖိုရမ်အသစ်ပေါ်တွင် မှုန်ဝါးဝါးပုံတစ်ခုကိုတင်လိုက်သည်။သူမသည် စုံစမ်းစစ်ဆေးရေးဌာန၏အဖမ်းဆီးခံခဲ့ရလျင် ဖြစ်လာမည့်အကျိုးဆက်များကို ကစားသမားအားလုံးကို ပြောပြလိုက်သည်။စုံစမ်းစစ်ဆေးရေးဌာနက သူတို့အား အမှန်တကယ်မည်သို့ဆက်ဆံသည်ကို ကစားသမားများသိရန် သူမ‌မျှော်လင့်ထားသည်။

ခြောက်ခြားဂိမ်းကစားသမားများသည် စုံစမ်းစစ်ဆေးရေးဌာနကို ပစ်မှတ်ထားခဲ့ခြင်းမရှိပေ။မည်သို့ပင်ဆိုစေကာမူ သူတို့သည် ပြည်သူလူထုကိုကာကွယ်ရန် အရာအားလုံးလုပ်ဆောင်ခဲ့ကြသူများဖြစ်ကြသည်။သို့သော်လည်း စုံစမ်းစစ်ဆေးဌာနက သူတိူ့အားဆက်ဆံသောနည်းလမ်းသည် သူတို့၏နှလုံးသားများကို အေးစက်စေခဲ့သည်။

နှိပ်စက်ခြင်းသည် မတွေးနိုင်လောက်အောင် ရက်စက်လှသည်။သူတို့အား သရဲများဖမ်းမိသွားခြင်းကမှ ပိုကောင်းပေဦးမည်။ဒေါသတရားများ ပျံ့နှံ့သွားတော့သည်။ရွှမ်ဝမ်သည် စခရင်ကို စိုက်ကြည့်နေ၏။အရာအားလုံးသည် ခန့်မှန်းထားသကဲ့သို့ ပြောင်းလဲလာနေခြင်းဖြစ်သည်။သူမသည် ကျွမ်းကျင်သော လူသတ်သမားတစ်ယောက်ဖြစ်ပြီး စိတ်ထိန်းချုပ်ခြင်းမှာ သူမဒုတိယစွမ်းရည်ပင်။

“လက်ရှိမှာတော့ ဌာနက အရမ်းအားကောင်းနေတယ် ၊ ငါတို့ သူတို့ကို အားနည်းသွားအောင် ဆက်လုပ်နေရမယ်”

သူမသည် ပန်းကန်ပြားပေါ်ရှိချယ်ရီသီးကို ထိတွေ့၍ ဖြည်းညင်းစွာဖိချလိုက်သည်။ရွှမ်ဝမ်သည် သူမကွန်ပျူတာဆီမှ ဒင်ဟူသော အသံကိုကြားလိုက်ရသည်။ဘေးကပ်ဆိုး ပျံ့နှံ့လာသည်နှင့်အမျှ ကစားသမားသည် သူမ၏ဂိမ်းကို ပိုမိုဒေါင်းလုပ်ဆွဲလာကြသည်။သူမ၏ဂိမ်းကို ကစားသမားပိုကစားလာကြသည်နှင့် သူမသည် ပို၍လူသိများလာ၏။တစ်နေ့တွင် သူမအား စုံစမ်းစစ်ဆေးရေးဌာနမှ ရှာတွေလိမ့်မည်ဖြစ်သော်လည်း သူမ စိုးရိမ်ခြင်းမရှိပေ။မည်သို့ပင်ဖြစ်စေ ထိုနေ့ကို သူမမျှော်လင့်ထားပြီးသားဖြစ်သည်။

“မြို့ထဲက မီးတောက်တွေကို မီးလောင်ရာလေပင့်ပေးရတာဟာ ငါ့အတွက် မှန်သလား မှားသလား “

ညအလင်းရောင်စတူဒီယိုရှိ လူတိုင်းမှာ အနည်းငယ်စိတ်ရှုပ်ထွေးနေကြသည်။သူတို့သည် ခြောက်ခြားဂိမ်းများကို ဒီဇိုင်းဆွဲပြီး ပရိုဂရမ်ရေးခဲ့ကြသောကြောင့် ဆန်းကြယ်သော သတင်းများကို အထိမခံဖြစ်နေကြသည်။မနေ့ညက သူတို့အွန်လိုင်းတက်ခဲ့သောအခါ လက်တွေ့ကမ္ဘာကြီးသည် သူတို့ဖန်တီးခဲ့သော မည်သည့်ဂိမ်းများထက်မဆို ကြောက်မက်ဖွယ်ကောင်းနေကြောင်း သဘောပေါက်ခဲ့ကြသည်။သူတို့သည် မူမမှန်ဖြစ်ရပ်အမျိုးမျိုးကို အစစ်အမှန်ဟုတ် မဟုတ်ဆွေးနွေးနေကြလေသည်။ယင်းကိုမြင်သောအခါ မန်နေဂျာဂေါင်က ချောင်းဟန့်၍ဝင်လာလေသည်။

“မင်းတို့ ဘာအကြောင်းပြောနေကြတာလဲကွ “

“မန်နေဂျာဂေါင် ဝေတယို ထွက်သွားကတည်းက ဒီရုံးကြီးက….သန့်ရှင်းတယ်လို့ မခံစားရတော့ဘူးနော် “

“အဓိပ္ပါယ်မရှိတာတွေ ပြောတာရပ်ပြီး မင်းတို့ အလုပ်ကို အာရုံစိုက်ကြစမ်း ၊ ဒီနှစ်ကုန်ရင် ငါမင်းတို့ကို ဘောနပ်နှစ်ဆပေးမယ် “

မန်နေဂျာဂေါင်က ဒေတာများကို ညွှန်ပြလိုက်သည်။

“မဟုတ်ဘူး သုံးဆပေးမယ် !“

“ဒါက ငွေရေးကြေးရေးကိစ္စမဟုတ်ဘူး ၊ ဥက္ကဌရွှမ်ဝမ်က ကျုပ်တို့ဆီကို ပိုက်ဆံတွေသာ မကဘူး တခြားအရာတွေပါ ယူလာတယ်လို့ ကျုပ်ခံစားရတယ် “

ဝန်ထမ်းများမှာ ပိုမိုစိတ်လှုပ်ရှားနေကြသည်။

“ဆရာရှ ပျောက်နေတယ် ၊ ဖကိုင်လည်းမရှိတော့ဘူး ၊ နောက်တစ်ယောက်က ဘယ်သူဖြစ်မှာလဲ “

“မင်းမျက်လုံးကို သေချာဖွင့်ကြည့်ကွ ၊ ဥက္ကဌရွှမ်ကို မင်းသံသယဝင်နေတာလား “

မန်နေဂျာဂေါင်က အသံကို နှိမ့်လိုက်သည်။

“သူက ဟန်ဟိုင်းမှာရှိတဲ့ အကောင်ကြီးတစ်ချို့ရဲ့ သမီးတစ်ယောက် ဖြစ်နိုင်တယ်ကွ ၊ သူက အရမ်းအားလပ်နေတော့ ငါတို့ဆီ ပိုက်ဆံတွေ လွှင့်ပစ်လိုက်ဖို့ဆုံးဖြတ်ခဲ့တာပဲ ၊ သူက လုံးဝကို အပြစ်ကင်းစင်တယ် ၊ ငါသာ လောင်းကစားသမားဆိုရင် သူက ဒီညဘာစားရမလဲ စဉ်းစားနေတယ်ဆိုတာ ငါရဲရဲကြီးပြောရဲတယ် “

ရွှမ်ဝမ်က မန်နေဂျာဂေါင်၏အကြည့်များကို အာရုံခံမိသည်။သူမက ပြုံးလိုက်ပြီး သူ့အားလက်ဝေ့ပြလိုက်သည်။ သူမသည် ယခုလေးတင် ကောင်းမင်ထံမှ မက်ဆေ့ရထားခြင်းဖြစ်သည်။ကောင်းမင်သည် သူမအား နေ့ဘက်ဖြစ်နေချိန်တွင် မြို့ဟောင်းရှိ လီစန်းဆေးရုံသို့သွားစေလိုပြီး အခြေအနေကို အဖြေရှာစေလိုခြင်းဖြစ်သည်။

ရေသေဖိုရမ်မှ တဆင့် ရွှမ်ဝမ်သည် ကစားသမားတစ်ဦးထံမှ လီစန်းဆေးရုံသည် အပေါ်ယံတွင် သာမန်ဖြစ်နေပုံရသော်လည်း ဆေးရုံအား ဗလာအဖြစ်ထားရစ်ခဲ့သည်မှာ အတော်ကြာပြီဟူ၏။ ထိုနေရာပတ်ဝန်းကျင်တွင်မည်သည့် ထူးဆန်းသည့် သတင်းမှ မရှိချေ။အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိလူအားလုံးမှာ ပျောက်ဆုံးနေကြသောကြောင့်ဖြစ်သည်။

ဘေးကပ်ဆိုးမပေါက်ကွဲခင် ရက်အနည်းငယ်အလိုက ထိုခြောက်ခြားဂိမ်းကစားသမားသည် တစ်ခုခုမှားနေကြောင်းခံစားခဲ့ရသည်။ထို့ကြောင့် သူသည် သူ့မိသားစုကိုခေါ်၍ ဆေးရုံမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ကစားသမားသည် အလွန်ကြင်နာတတ်ပြီး ရွှမ်ဝမ်အား ဆေးရုံသို့သွားရောက်စစ်ဆေးရန်အတွက် ကမ်းလှမ်းခဲ့သည်။သူ့မိသားစု ဆေးရုံ၌ ရှိနေရသည့် အကြောင်းကိုမူကား ပြန်ဖြေခြင်း သို့ ရှင်းပြခြင်းမရှိခဲ့ပေ။

All Chapters