← Chapters

ငါက အချစ်ခံရတဲ့ လူပဲ

Vol. 16 Ch. 228

ငါက အချစ်ခံရတဲ့ လူပဲ

Vol. 16 Ch. 228

နံနက်ခင်းသည် သက်ရှိတို့ဖြင့် သက်ဆိုင်လေသည်။လမ်းပေါ်တွင် ရဲဌာနမှကားများ စုံစမ်းစစ်ဆေးရေးဌာနမှ လူများ ပြည့်နှက်နေ၏။ရှင်းလင်းရေးလုပ်ငန်းများအား လုပ်ဆောင်နေကြဆဲဖြစ်သည်။သို့သော်လည်း သူတို့၏ပစ်မှတ်များသည် ပူးကပ်ခံထားရသော ပြည်သူလူထုများသာမက ခြောက်ခြားဂိမ်းကစားသမားများလည်းပါဝင်ပေသည်။ဌာန၏သံမဏိလက်သီးအောက်တွင် သူတို့သည် ကစားသမားများဖြစ်ကြောင်း ဝန်ခံဝံ့ခြင်း မရှိပေ။သို့သော်လည်း မူမမှန်ဖြစ်ရပ်များနှင့်ရင်ဆိုင်ခဲ့ရသော မြို့သားအများအပြားသည် ခြောက်ခြားဂိမ်းကစားသမားများဘက်တွင် စတင် ဝန်းရံလာကြလေသည်။

အကယ်၍ ဟန်ဟိုင်းသည် အမှန်တကယ်ဟော်ရာဂိမ်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး မြို့သားတိုင်း ကစားသမားဖြစ်လာပါ ဌာနသည် သူတို့ကို ဖမ်းဆီးမည်လော။

‌စုံစမ်းစစ်ဆေးရေးဗဟိုဌာန၏ ထိုအခြေအနေကို ကိုင်တွယ်နိုင်သေးသည့် အကြောင်းအရင်းသည် ဘေးကပ်ဆိုးစတင်တဲ့ အချိန်မကြာသေးသောကြောင့်ဖြစ်သည်။ လောလောဆယ်တွင် မျက်နှာပြင်ပေါ်တက်လာသည့် အဆင့် ၄ သဘာဝလွန်အဖြစ်အပျက်တစ်ခုတည်းသာရှိပြီး မြို့တစ်မြို့လုံး၏ သုံးရာခိုင်နှုန်းသာလျင် အရိပ်များ ဖုံးလွှမ်းနေခြင်းဖြစ်သည်။ သေချာသည်က ယင်းသည် ဘေးကပ်ဆိုးရောက်ရှိလာသည့် ဒုတိယနေ့ပင်။

ရွှမ်ဝမ်သည် သူမ၏ပါးလွှာတဲ့လက်တော့ကိုအိတ်ထဲသို့ထည့်ပြီး၊ ဖုန်းလေးကိုယူ၍ ညအလင်းရောင် စတူဒီယိုမှ ထွက်လာခဲ့သည်။ သူမသည် အခြားသူများနှင့် အတူနေရခြင်းကို မကြိုက်ပေ။ တစ်ကိုယ်တည်း အန္တရာယ်များတဲ့အရာများ လုပ်ရခြင်းသည် သူမ၏ပျော်စရာအဖြစ်ယူဆထားသည်။ ရေသေဖိုရမ်ထဲ ရိုးရိုးရှင်းရှင်း အပြန်အလှန် စကားပြောခဲ့သော်လည်း၊ ဆေးရုံအတွင်း ဖြစ်နေသည့်အရာများနှင့် ပတ်သက်၍ တစ်ဖက်လူက သိရှိထားကြောင်း ရွှမ်ဝမ် သေချာသိနေ၏။ သို့သော်၊ သူမကို ဆေးရုံထဲဝင်လာစေရန် လှည့်စားသူသည် အခြား ရည်ရွယ်ချက်တစ်ခုရှိနေခြင်း ဖြစ်နိုင်၏။

“ရေသေဖိုရမ်ကြောင့် သူက ငါ့ကို ပစ်မှတ်ထားနေတာလား”

ရွှမ်ဝမ်သည် လူဆိုးများနှင့် တွဲဖက်၍ အတူတူအရှုပ်အထွေးလုပ်ရခြင်းကို ကြိုက်သည်၊၊အဘယ်ကြောင့်ဆိုသော် သူမအား ကိုယ်ကျင့်တရားစည်းမျဉ်းဖြင့် ချုပ်နှောင်ထားခြင်း မရှိသောကြောင့်ပင်။ရွှမ်ဝမ်က သတ်မှတ်ထားသောနေရာကို ကားစီးသွားလိုက်သည်။သူမက ဖုန်း GPS ကိုထပ်ကြည့်လိုက်၏။

လီစန်းသည် ဟန်ဟိုင်းမြို့ဟောင်းမြို့၏ ကျယ်ပြန့်ကြီးမားသည့် ဧရိယာတစ်ခုဖြစ်ပြီး နိုင်ငံခြားသားတွေအများအပြား နေထိုင်ကြခြင်းဖြစ်သည်။ စီတုအန်းကဲ့သို့ပင် လူချမ်းသာအများစု၏ ချမ်းသာရေးအမွေအနှစ်များသည် ထိုနေရာတွင် စတင်ခဲ့ကြခြင်းဖြစ်သည်။ ရုတ်တရက်ချမ်းသာသွားသောဒဏ္ဌာန်ရီဇာတ်လမ်းများ နေရာအနှံ့ပင်။ တချို့သည် တကယ်ဖြစ်တာလည်းရှိပေမဲ့၊ အများစုကတော့ လူတော်တချို့အတွက် မျှော်လင့်ချက်ပေးရန်အတွက်သာ ဖန်တီးထားခြင်းဖြစ်သည်။

နေ့လယ်ခင်းအချိန်တွင် ရွှမ်ဝမ်သည် “ညီအစ်ကိုအမြန်စားသောက်ဆိုင်” ဆီသို့ တစ်ယောက်တည်းရောက်လာခဲ့သည်။ သူမ စောင့်ဆိုင်းနေသောလူသည် ပေါ်မလာခဲ့ချေ။ မကြာခင်တွင် မတ်စ်တပ်ထားသည့် စားပွဲထိုးဝန်ထမ်းတစ်ယောက် ဒယိမ်းဒယိုင်လမ်းလျှောက်လာ၏။ သူမဘေးက ထိုင်နေသည့် ဖောက်သည်တစ်ဦးက ရုတ်တရက်ထလိုက်သောကြောင့် ဝန်ထမ်းသည် အစားအသောက်များကို ရွှမ်ဝမ်၏အိတ်ထဲ မတော်တဆဖိတ်ကျသွားစေသည်။ ထိုဝန်ထမ်းကြောင်အနေစဉ် သူဌေးကအပြေးရောက်လာလေ၏။

ဆိုင်ရှင်က ရွှမ်ဝမ်ကို တောင်းပန်လိုက်ပြီး ဝန်ထမ်းကို ဆူပူလိုက်သည်။

“မင်းဘာလုပ်လိုက်တာလဲ ၊ မင်းသာ သနားစရာကောင်းမနေရင် ငါ မင်းကို ထုတ်ပစ်လိုက်တာ ကြာပြီ ၊ ဒီတစ်ပတ်အတွင်းမှာ မင်းဘယ်နှစ်ခါလောက် ပြဿနာရှာသွားပြီးပြီလဲ”

ဆိုင်ရှင်သူဌေးက စားပွဲထိုးဝန်ထမ်းကိုကာကွယ်ပေးလိုက်၏။ ဆိုင်ရှင် ဒေါသထွက်နေသော်လည်း ဖောက်သည်က အပြစ်တင်မည်ကိုပိုစိုးရိမ်နေခြင်းဖြစ်သည်။

“အဆင်ပြေပါတယ်”

ရွှမ်ဝမ်က တုံ့ပြန်လိုက်ပြီး အစွန်းကွက်များသန့်ရှင်းရေးလုပ်ရန် အိတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်သည်။စားပွဲထိုးသည် မတ်စ်တပ်ထားသော်လည်း သူမွေးလာကတည်းကပင် ရုပ်ဆိုးပြီး မသန်မစွမ်းဖြစ်နေကြောင်း သိသာနေသည်။

“တောင်းပန်ပါတယ်ဗျာ”

ဆိုင်ရှင်က ဝန်ထမ်းကို နောက်မှာကာပြီး ခါးညွတ်ကာအထိ အနူးအညွတ် တောင်းပန်လိုက်သည်။

“သူက အသစ်မို့ပါ”

အဲဒီလို ဖြစ်ခြင်းသည် ယခင်ကလည်း ဖြစ်နေကျ ဖြစ်သလိုပင်။စားပွဲထိုးဝန်ထမ်း၏မျက်နှာကြောင့် ရွှမ်ဝမ်ထိတ်လန့်မည် စိုး၍ သူ့ကိုမောင်းထုတ်လိုက်သည်။

“ဒီကလေးက ရှင့်ရဲ့ မိသားစုလား”

ရွှမ်ဝမ်က မေးပြီး မီးဖိုခန်းဘက်ကို မျှော်ကြည့်လိုက်သည်။

“သူက ကျွန်တော်အိမ်နီးချင်းဟောင်းရဲ့သားပါဗျာ”

ဆိုင်ရှင်က သူ့ရင်ဘတ်ကို ထိပြီး အာမခံလိုက်သည်။

“မပူပါနဲ့ ၊ သူကအစားအသောက်တွေပဲချပေးတာပါ ၊ ချက်တာက စားဖိုမှုးတွေပါပဲ”

ဆိုင်ရှင်က ကြင်နာတတ်သူဖြစ်သည်။ သို့သော် သူ့လုပ်ရပ်များက တချို့အကြောင်းအရာများကို မသတိထားပဲ ဖော်ထုတ်မိစေ၏။ ရွှမ်ဝမ်ကအိတ်ကိုယူပြီး ဆိုင်ထဲက ထွက်ခွာသွားသည်။ သို့သော် ထိုနေရာမှခပ်ဝေးဝေးသို့ မသွားခဲ့ပေ။။

သူမသည် ဘေးနားကလမ်းကြားထဲကိုဝင်၍ ဆိုင်ရဲ့နောက်ဖေးတံခါးထိပ်သို့ ရောက်လာ၏။ နှိုင်းယှဉ်ရလျင် ဆိုင်အနောက်ဘက်သည် ဆိုင်ရှေ့ဘက်ကဲ့သို့ သန့်ရှင်းမှုမရှိဘဲ စွန့်ပစ်ပစ္စည်းများအပြည့် ဖြစ်နေလေသည်။ ကြွက်နဲ့ ပိုးမွှားများသည် အမှိုက်အိတ်များအောက်တွင် ပြေးလွှားနေကြသည်။ ဧရာမသေတ္တာကြီးများသည် ရွံရှာဖွယ်အနံ့ဆိုးများ ထုတ်လွှတ်နေ၏။နောက်ဖေးတံခါးသည် တစ်ဝက်ပွင့်နေခြင်းဖြစ်သည်။ အမှိုက်ပုံးများကြားထဲမှ တိုးတိုးကြိတ်ကြိတ် ကြိမ်းမောင်းနေသော အသံတစ်ခုထွက်ပေါ်နေ၏။

“သတ်မယ်၊ သတ်မယ်! ငါလူတိုင်းကို သတ်ပစ်မယ်! ငါ မင်းတို့ပါးစပ်တွေကိုဆွဲဖြဲပြီး အိတ်တွေလုပ်ပစ်မယ်!”

“နင့်ပတ်ဝန်းကျင်က လူတိုင်းကို နင်မုန်းနေတာလား”

ရွှမ်ဝမ်သည် အညစ်အကြေးများကြားထဲမှ နတ်မိမယ်တစ်ပါးကဲ့သို့ ဖြစ်သည်။သူမ၏အဖြူရောင်ကုတ်အင်္ကျီပေါ်သို့ မိုးစက်များ တဖွဲဖွဲကျနေလေသည်။သူမသည် အလွန်ထူးကဲစွာ လှပနေလေသည်။

အသံက ချက်ချင်းရပ်သွား၏။ မတ်စ်တပ်ထားသော စားပွဲထိုးဝန်ထမ်းသည် တဖြည်းဖြည်းနောက်ပြန် လှည့်ကြည့်လိုက်သည်။သူသည် ရွှမ်ဝမ်ကို မကြည့်ရဲသောကြောင့် ဦးခေါင်းကို ငုံ့ထာား၏။ သူ့လက်များကို ဘယ်နားထားရမှန်းမသိဖြစ်နေလေသည်။သူသည် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေခြင်းဖြစ်သည်။

“နင့် နာမည်ဘယ်လိုခေါ်လဲ”

“ယန်ယွဲ့…”

သူသည် ပုံမှန်အားဖြင့် စကားပြောရသည်ကို မနှစ်သက်သော်လည်း ရွှမ်ဝမ့်အမေးကို ဘာကြောင့် ဖြေခဲ့မိမှန်း မသိချေ။

ရွှမ်ဝမ်က မတ်စ်အောက်ရှိ စားပွဲထိုး မျက်နှာကို စိုက်ကြည့်လိုက်သည်။

“ဆိုင်ရှင်က နင့်မိသားစုလား ၊ နင်တို့နှစ်ယောက်က အလုပ်ရှင် အလုပ်သမားဆိုတာထက် ပိုနီးကပ်နေတယ်”

“သူက ငါ့ဦးလေးပါ ၊သူ ငါ့ကိုမုန်းတယ်”

“ဒါပေမဲ့ နင့်အမေကြောင့် သူကနင့်ကို အကောင်းဆုံးကာကွယ်ဖို့ကြိုးစားနေတာပဲ”

ရွှမ်ဝမ်၏မျက်စိသည် အပြောင်းအလဲသေးသေးလေးကိုတောင် သတိထားမိသည်။

“နင့်အမေက နေမကောင်းဖြစ်နေတာလား ၊ အခက်အခဲရှိရင် ငါ့ကို ပြောလိုက်ပါ ၊ဒါထက် ခြောက်ခြားဂိမ်းကစားသူတွေက တစ်ယောက်နဲ့တစ်ယောက်ကူညီသင့်တယ်လေ”

စားပွဲထိုး၏မသန်စွမ်းတဲ့မျက်နှာသည် တုန်ယင်သွား၏။သူ့ ဘယ်ဖက်မျက်လုံးက ညာဘက်မျက်လုံးထက် အနည်းငယ်ကြီးနေလေသည်။

“ခင်ဗျားကို ငါ့ကိုဖမ်းဖို့ ရေသေဖိုရမ်က လွှတ်လိုက်တာလား ”

“ပြောပါဦး၊နင့် မင်းမိသားစုက လီဆန်းဆေးရုံက ဘယ်လို ထွက်ပြေးလာနိုင်ခဲ့တာလဲ၊ ဆေးရုံထဲမှာ ဘာတွေရှိတာလဲ”

စားပွဲထိုး၏မတ်စ်သည် ချွေးများဖြင့် စိုရွဲနေကြောင်း ရွှမ်ဝမ်တွေ့ လိုက်ရသည်။

“နင့်ရဲ့ ဦးထုတ်နဲ့ မတ်စ်ကို ဖြုတ်လိုက်ပါ၊ ငါ လူထက်ဆိုးတဲ့တိရစ္ဆာန်တွေ များများတွေ့ဖူးပြီးပြီ ၊ နင်က ငါ့မျက်စိထဲမှာ ပုံမှန်လူတစ်ယောက်ပါပဲ”

စားပွဲထိုးသည် မည်သည့်အရာကိုမှ မလုပ်ဝံ့ပေ။သို့သော်လည်း ရွှမ်ဝမ်၏အကြည့်ဖြင့် ဆုံလိုက်ရပြီးနောက် သူ့ခံစားချက်များ မတည်မငြိမ်ဖြစ်လာခဲ့သည်။

သူက ရုတ်တရက် သူ့နောက်ကျောတွင်ဝှက်ထားသည့် ဓားကိုထုတ်၍ လမ်းဖြတ်သွားသည့် ကြွက်တစ်ကောင်ကို ထိုးသတ်လိုက်သည်။ သွေးများ စီးကျသွားသည်။ သူ့မျက်နှာသွေးကြောများ ဖောင်းကြွလာသည်အထိ အသက်ပြင်းပြင်းရှူလိုက်သည်။

“နင်မြင်ခဲ့သမျှ ကြားခဲ့သမျှတွေ ငါ့ကို အကုန်ပြောပြပါ”

ရွှမ်ဝမ်က သူမ၏စွမ်းအားကိုသုံးလိုက်သည်။ သူမသည် စားပွဲထိုးဝန်ထမ်း၏လျှို့ဝှက်ချက်များ ထုတ်ဖော်လာမည်ကို စောင့်ဆိုင်းနေလေသည်။စားပွဲထိုးသည် သူ့ရှေ့မှ အမျိုးသမီးမှာ ယုံကြည်ရသည်ဟု ခံစားလိုက်ရသည်။သူ၏အနက်ရှိင်းဆုံး အခြမ်းသည် နိုးဆွခံလိုက်ရလေသည်။သူဘာပြောမိနေမှန်း သူမသိပေ။ အမှိုက်ပုံးများကြားတွင် သူ အော်ဟစ်လိုက်သည်။

ငါ ဆေးရုံတံခါးရှေ့ရောက်နေပြီး ငါ့ အမေရဲ့မျက်နှာကိုကြည့်နေတယ်၊ သူက သူ့ရဲ့အနှစ်သက်ဆုံး ကလေးနဲ့အတူပူးပေါင်းပြီး ညီငယ်လေးရဲ့မျက်နှာနားမှာ ကြိုးနဲ့ချည်နှောင်လိုက်တယ်။

အမေက အရမ်းသန်မာတယ်။ သူက တစ်နေ့လုံး ဝတ်ရုံရှည်ကြီးဝတ်ထားပြီး မိတ်ကပ်တွေအပြည့်ပဲ ။သူက အနီရင့်ရောင် နူတ်ခမ်းနီကို ဆိုးလိုက်ပြီး ဆံပင်တုတွေကိုစွပ်ထားတယ်။အမေ့ကို မနက်ပိုင်းတွေ့ရတာ ငါမကြိုက်ဘူး။ငါသူ့ကို ညဘက်မှာပဲ ကြိုက်တယ်။တွန်းလှည်းအပြည့် အလောင်းတွေတွန်းလာရင် သူ့မှာ မျက်နှာနှစ်ခုရှိတယ်။သူက ရေခဲတိုက် အတွင်းအပြင်ဝင်ထွက်နေပြီး အရမ်းအလုပ်များနေတာပဲ။

အဖေနဲ့အမေက အတူတူပါပဲ။ သူ့မှာ အရပ်မတူတဲ့ ကလေး လေးယောက်ရှိတယ်။ အကြီးဆုံးအစ်ကို ၁.၇ မီတာ၊ ငါက ၁.၃ မီတာ၊ ညီမက ၄၀ စင်တီမီတာရှည်ပြီး အငယ်ဆုံးညီလေးကတော့ ၅ မီတာရှည်တယ်။

ငါတို့ဟာ ဆေးရုံမှာမွေးဖွားပြီး မြေအောက်နဲ့အညစ်အကြေးတွေကြားမှာကြီးပြင်းခဲ့တယ်။ အလင်းရောင်ကို မတွေ့ခဲ့ရဘူး။ငါတို့ဟာ အလှောင်ပြောင်ခံရတယ် ကျိန်ဆဲခံရတယ် ။ငါတို့ဟာ ထိခိုက်ဒဏ်ရာတယ် အကြင်နာမဲ့ပစ်ထားခံရတယ်၊ငါတို့ကို ကစားအရုပ်တွေလို အမှိုက်တွေလို ဆက်ဆံခံရတယ် ။ ဒါပေမဲ့ ငါတို့အရှုံးပေးချင်လာတိုင်း အမှောင်ထဲကနေ အမေက ပေါ်ပေါ်လာခဲ့တယ်။ သူ့လက်ထဲမှာ ကြီးမားတဲ့ကတ်ကြေးကြီးနဲ့ဂေါ်ပြားကြီးကို ကိုင်ထားတတ်ပြီး သူပြောတတ်တဲ့စကားတွေကို တစ်လုံးချင်းပြန်ပြောပြတယ်။

“လူတိုင်းဟာ ဘုရားသခင်နဲ့ ကိုက်စားခဲ့တဲ့ပန်းသီးတစ်လုံးမျိုးပါ။ တစ်နည်းနည်းအားဖြင့် မပြည့်စုံကြဘူး။ မသန်စွမ်းတဲ့လူတွေက ဘုရားသခင်ပိုကြိုက်တဲ့အနံ့ကြောင့်ပဲ မသန်မစွမ်းဖြစ်နေကြတာ”

ငါက လူသားတစ်ယောက်ဖြစ်တယ်။ ဒီမူမမှန်တဲ့ကမ္ဘာထဲက ငါဟာပုံမှန်အဖြစ်ဆုံး လူဖြစ်တယ်။ ငါက ဘုရားသခင်ချစ်တဲ့ လူသားတစ်ယောက်ပဲ။

All Chapters