← Chapters

လေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ခြင်း

Vol. 4 Ch. 46

လေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ခြင်း

Vol. 4 Ch. 46

ယဲ့ချန်းလည်း ရတနာမြေပုံနှစ်ခုကို ပို့လိုက်လေရာ အန်နီ၏သွေးဘားက ချက်ချင်းပင် ထက်ဝက်လျော့ကျသွားသည်။

ယဲ့ချန်းက သူ(မ)အတွက် ရတနာမြေပုံနှစ်ခုကို ရက်ရက်ရောရောပို့ပေးတာကို မြင်လိုက်ရသည့်အခါ ဓားသမားအစ်ကိုက သူ(မ)အား ထောက်ပံ့ပေးနေဆဲဖြစ်ကြောင်း ရှောင်ယာ သိလိုက်ရသည်။

"ဓားသမားအစ်ကို.. ရှင်က အရမ်းအင်အားတောင့်တာပဲ။ ကျေးဇူးတင်ပါတယ်နော်"

"ဝိုး... အရမ်းမိုက်တာပဲ။ မြေပုံနှစ်ခုနဲ့ ဒီလိုလမ်းဖွင့်လိုက်တာပေါ့"

"ရှောင်ယာ... နောက်ဆုံးတော့ ရလဒ်ကိုပြောင်းပြန်ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ။ ဒီအစ်ကိုကြီး သိပ်အံ့သြဖို့ကောင်းတယ်နော်"

ရှောင်ယာမှာတော့ မျက်ရည်ဝဲနေမိသည်။

နောက်ဆုံးတော့ ဒီStreamerလေးက ကိုယ်ပိုင်ကျောထောက်နောက်ခံကြီးတစ်ယောက်ကို ရလိုက်ပြီ။

အစ်ကိုဟောင်ဟန့်ကလည်း လက်မလျှော့ချေ။ သူက ရတနာမြေပုံသုံးခုကို ချက်ချင်းပို့လိုက်သဖြင့် အန်နီက နောက်တစ်ကြိမ်ထပ်ဦးဆောင်သွားပြန်သည်။

တစ်ဖက်ရှိ အစ်ကိုဟောင်ဟန့်မှာ မျက်လုံးများ ရဲရဲနီနေ၏။

အမည်မသိStreamerလေးက ဤမျှအင်အားကြီးသော ကျောထောက်နောက်ခံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားချေ။

အန်နီလည်း စိတ်လှုပ်ရှားနေမိသည်။ အကြောင်းမှာ ဤပွဲစဉ်တွင် သူ(မ) ရှုံးလို့မဖြစ်သောကြောင့်ပင်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ယဲ့ချန်းက ရတနာမြေပုံလေးခုကို တုံ့ဆိုင်းမနေဘဲ ထပ်ပို့လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားကြလေသည်။

"မိုက်နေရောပဲ"

"ဒါကမှ တကယ့်ဘော့စ်ကွ"

"နောက်ဆုံးတော့ ဒဏ္ဍာရီလာတိုက်ရိုက်ထုတ်လွှင့်ခန်းသူဌေးကြီးကို တွေ့လိုက်ရပြီ"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အင်တာနက်အသုံးပြုသူများမှာ တစာစာကြွေးကြော်နေကြ၏။

ယဲ့ချန်း၏လက်ဖွာမှုကြောင့် လုံးဝမှင်တက်ကုန်ကြခြင်းပင်။

တစ်ဖက်တွင်မူ အစ်ကိုဟောင်ဟန့်လည်း ကြောင်အသွားရသည်။ သူသည် နှစ်သောင်းကျော်သုံးထားပြီးဖြစ်၏။ သည်ထက်ပိုပြီး မသုံးနိုင်တော့ချေ။

ယဲ့ချန်းကိုကျော်တက်ဖို့ဆိုလျှင် သူ ရတနာမြေပုံနောက်ထပ်ငါးခုလောက် သုံးရမည်ဖြစ်၏။

ယဲ့ချန်းက စနစ်မှပေးထားသော မောင့်ယီဒင်္ဂါးများကို သုံးနေသည်ဖြစ်ရာ သိပ်မထိခိုက်ပေ။

အစ်ကိုဟောင်ဟန့်ကတော့ မတူချေ။ ထိုအရာများမှာ တကယ့်ပိုက်ဆံများပင်။

အစ်ကိုဟောင်ဟန့် တွေဝေနေတာကို မြင်သောအခါ အန်နီလည်း စိုးရိမ်ပူပန်သွားသည်။

"အစ်ကိုဟောင်ဟန့် အားတင်းထားနော်။ ဒါက သူတို့သုံးနိုင်တဲ့ နောက်ဆုံးပမာဏဖြစ်နိုင်တယ်"

"အစ်ကိုဟောင်ဟန့်.. ညစာစားပြီးရင် ကျွန်မ ရှင်နဲ့အတူ ဈေးဝယ်ထွက်ပြီး ရုပ်ရှင်ကြည့်ပေးလို့ရတယ်။ ရှင် ကျွန်မကို ကူညီပေးရမယ်နော်။ ကျွန်မသာရှုံးရင် ကြိုးစားထားသမျှ အလကားဖြစ်ကုန်မှာ"

အန်နီလည်း ရွေးချယ်စရာမရှိတော့သောကြောင့် ချစ်စရာကောင်းအောင် လုပ်ပြပြီး အစ်ကိုဟောင်ဟန့်ကို ဆွပေးလိုက်သည်။

အစ်ကိုဟောင်ဟန့်ကလည်း အသက်ပြင်းပြင်းရှူသွင်း၍ အံတင်းတင်းကြိတ်ကာ ရတနာမြေပုံငါးခုကို ထပ်ပို့လိုက်၏။

ဤသည်မှာ သူနောက်ဆုံးသုံးနိုင်သော ပမာဏပင်။ သူ့နှစ်ဝက်စာမုန့်ဖိုးများကို အကုန်သုံးပစ်လိုက်ခြင်းပင်။

ထို့နောက် သွေးချင်းချင်းနီနေသော မျက်လုံးများဖြင့် တိတ်တဆိတ်ဆုတောင်းရင်း တိုက်ရိုက်ထုတ်လွှင့်ခန်းကို ကြည့်နေလေသည်။

ကျေးဇူးပြုပြီး ထပ်မပို့ပါနဲ့တော့.. ထပ်မပို့ပါနဲ့...

အန်နီလည်း တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်။ အချိန်တွေ မြန်မြန်ကုန်ဖို့ သူ(မ) မျှော်လင့်နေမိသည်။

အစ်ကိုဟောင်ဟန့်က ရတနာမြေပုံငါးခုပို့လိုက်တာကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး ရူးခါကုန်၏။

"ဝိုး.. ဘော့စ်နှစ်ယောက်ပါလား ဟမ်"

"သေစမ်း.. သူတို့က တော်တော်ချမ်းသာတာပဲ"

"ခမ်းနားလိုက်ပုံများ.. ရတနာမြေပုံငါးခုတဲ့.. နှစ်သောင်းငါးထောင်ပေးရမှာ"

…

အစ်ကိုဟောင်ဟန့်၏ ရတနာမြေပုံငါးခုကြောင့် ရှောင်ယာလည်း အံ့သြသွားရသည်။ ထို့နောက် ယဲ့ချန်းထံသို့ သီးသန့်မက်ဆေ့ချ်ပို့လိုက်သည်။

"ဓားသမားအစ်ကို..ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်စား ထပ်မပို့ပါနဲ့တော့"

အနိုင်ရရန်အတွက်ဆိုလျှင် သုံးသောင်းတန် ရတနာမြေပုံ နောက်ထပ်ခြောက်ခုကို ပို့ပေးရမည်ဖြစ်ကြောင်း ရှောင်ယာသိသည်။

ဓားသမားအစ်ကိုက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ယနေ့မှရောက်လာဖူးသည်ဖြစ်ရာ သူ(မ)အနေနှင့်လည်း ယဲ့ချန်းကို သူ(မ)အတွက်နှင့် ပိုက်ဆံအများကြီးသုံးဖို့ မတိုက်တွန်းနိုင်ပေ။

ရှောင်ယာ၏မက်ဆေ့ချ်ကိုကြည့်ပြီး ယဲ့ချန်း ပြုံးလိုက်မိသည်။

ဒီငတုံးမလေးကတော့..

အခြားလူတစ်ယောက်သာဆိုပါက ချစ်စရာကောင်းအောင်လုပ်ပြပြီး ယဲ့ချန်းကို ပိုက်ဆံထပ်သုံးပေးဖို့ တိုက်တွန်းလာလိမ့်မည်။ သို့သော် သူ(မ)ကတော့ မသုံးဖို့ ပြောနေချေသည်။

ယဲ့ချန်းလည်း တွေဝေမနေဘဲ ရတနာမြေပုံခြောက်ခုကို တန်းပို့လိုက်၏။

ရုတ်ခြည်းပင် တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

အားလုံး အံ့အားသင့်ကုန်ကြသည်။

သေလိုက်ပါတော့!

ရတနာမြေပုံခြောက်ခုထပ်ပို့လိုက်တာပဲ! ချမ်းသာပုံများတော့!

"ဓားသမားအစ်ကိုက ရှယ်မိုက်တယ်ဟေ့"

"အလေးပြုပါတယ်။ သူဌေးစစ်စစ်က ဘာလဲဆိုတာကို မမျက်မြင်တွေ့လိုက်ရတာပဲ"

"ကြီးကျယ်ခမ်းနားတယ်ဆိုတာ ဒါပဲလေ။ အလေးပြုကြ အလေးပြုကြ"

ယဲ့ချန်းဘက်က ရတနာမြေပုံခြောက်ခု ပို့လိုက်တာကို မြင်သည့်အချိန်တွင် အစ်ကိုဟောင်ဟန့်မှာ ကြောင်အသွားလေတော့သည်။

သူ ထပ်မပို့နိုင်တော့ပေ။ ဝန်မခံချင်သော်လည်း ပြိုင်ဘက်က အလွန်ချမ်းသာပြီး အထင်ကြီးဖို့ကောင်းနေသည်။

"အစ်ကိုဟောင်ဟန့်...သူတို့ နောက်ဆုံးအကန့်အသတ်ကို ရောက်နေလောက်ပြီ။ ထပ်ပို့ပေးပါဦး"

ဤတစ်ခေါက်မှာတော့ အစ်ကိုဟောင်ဟန့်ထံမှ ပြန်စာမလာတော့ပေ။

အန်နီ သက်ပြင်းချလိုက်မိသည်။ သူ(မ)လည်း ကောင်းကောင်းနားလည်ပါသည်။

အစ်ကိုဟောင်ဟန့် သူ(မ)ကို လက်ဆောင်ပို့ပေးတိုင်း ငါးထောင်ခြောက်ထောင်မျှသာ။

ယနေ့ သူ အကောင်းဆုံးကြိုးစားပေးခဲ့သည်။

သို့သော် တစ်ဖက်လူကလည်း အလွန်အင်အားကြီးကာ အလွန်ချမ်းသာလှသဖြင့် ကျော်တက်ရန် မဖြစ်နိုင်ချေ။

တစ်ဖက်လူက ထပ်မပို့တောတာကို မြင်သောအခါ ယဲ့ချန်းလည်း လူသိရှင်ကြားမက်ဆေ့ချ်ပို့လိုက်၏။

"အစ်ကိုဟောင်ဟန့်က ဘယ်မှာလဲ။ ဆက်ပို့ဦးလေ။ ငါမကျေနပ်သေးဘူး"

ထိုအချိန်တွင် အစ်ကိုဟောင်ဟန့်က အကောင့်တုတစ်ခုကိုဖွင့်၍ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

ယဲ့ချန်း၏မက်ဆေ့ချ်ကို မြင်သောအခါ သူ့နှုတ်ခမ်းများ တွန့်ရှုံ့သွားရသည်။

မင်းက ငါ့နှစ်ဝက်စာမုန့်ဖိုးတွေအားလုံးကို ကုန်အောင် သုံးပြီးတာတောင် မကျေနပ်သေးဘူး?

အချိန်ပြည့်သွားလေပြီ။ အန်နီလည်း ရှုံးသွားခဲ့သည်။

အန်နီကတော့ မလိုလားပေ။ သူ(မ) အဆင့်တက်ဖို့အတွက် ပွဲစဉ်တစ်ခုသာ လိုတော့သည်။ သို့သော် နောက်ဆုံးပွဲစဉ်မှ တကယ့်သူဌေးတစ်ယောက်နှင့် တွေ့လိုက်ရလိမ့်မည်ဟု လုံးဝထင်မထားချေ။

ရှုံးပြီးနောက် အန်နီက မက်ဆေ့ချ်တစ်စောင် ပို့လိုက်လေသည်။

"ဓားသမားအစ်ကို… ညီမလေးရှုံးသွားပါပြီ။ စိတ်မကောင်းလည်းဖြစ်မိတယ်။ ညီမလေးရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို အချိန်မရွေးလာလည်လို့ ရပါတယ်နော်။ ညီမလေးက သီချင်းလည်းဆိုတတ်တယ်။ အကလည်း ကျွမ်းကျွမ်းကျင်ကျင်ကတတ်တယ်"

သူ(မ) ရှုံးသွားခဲ့သော်ငြား ဤသူဌေးကိုသာ ဆွဲဆောင်နိုင်ခဲ့ပါက အမြတ်ထွက်ပေလိမ့်မည်။

ရှောင်ယာ၏နှလုံးသားလေး တင်းကျပ်သွားရသည်။ ဤသည်မှာ သူ(မ)၏ကျောထောက်နောက်ခံကို လုယုနေခြင်းသာ ဖြစ်၏။

ယဲ့ချန်းကတော့ တဲ့တိုးသာ ပြန်ပြောလိုက်သည်။

"တောင်းပန်ပါတယ်။ ငါက သဘာဝအလှတွေကိုပဲ သဘောကျတာ"

အန်နီ၏အလှက မိတ်ကပ်များနှင့် ဓာတ်ပုံတည်းဖြတ်မှုကြောင့် လှပနေခြင်းပင်။

ရှောင်ယာခမျာ သက်မချလိုက်မိသည်။ ဤအစ်ကိုကြီးက မြေခွေးမများ၏ မြှူဆွယ်ဖြားယောင်းမှုကြောင့် မယိမ်းယိုင်သွားပေ။

"တောင်းပန်ပါတယ် အစ်မအန်နီ… ဒီတစ်ခေါက် ရှင်ရှုံးသွားပြီဆိုတော့ ဒီအစ်ကိုက ကျွန်မအတွက်ပဲ။ ဘယ်သူမှ သူ့ကိုလုယူလို့မရဘူး"

ရှောင်ယာက မတိုင်ခင်ကထက် ပိုယုံကြည်မှုရှိစွာ ပြောလိုက်လေသည်။

အင်အားဆိုသည်မှာ ဩဇာလွှမ်းမိုးမှု၏ အဓိကအချက်ပင်။ ယခု ရှောင်ယာတွင် ကျောထောက်နောက်ခံအစ်ကိုတစ်ယောက် ရှိနေပြီဖြစ်ရာ ယုံကြည်မှုများလည်း ပိုရှိလာခြင်းမှာ သဘာဝပင်။

ယဲ့ချန်းက အန်နီကို သူ(မ)၏အလှက တည်းဖြတ်ထားခြင်းသက်သက်သာဖြစ်ကြောင်း အရိပ်အမြွက်ပြ၍ ပြောလိုက်သောကြောင့် စိတ်ဆိုးမိသော်လည်း ဘာမှလည်း မတတ်နိုင်ပေ။ သူ့တွင် ပိုက်ဆံရှိသောကြောင့် သူ့စိတ်ကြိုက်ပြုမူနိုင်သည်။

သူ(မ)က Streamerလေးတစ်ယောက်သာဖြစ်၏။

ဘာတတ်နိုင်မှာလဲ?

ချိတ်ဆက်ထားသော တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ပြီးနောက် ရှောင်ယာက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ဓားသမားအစ်ကို.. ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှောင်ယာ ရှင့်အတွက် တစ်ခုခုလုပ်ပေးရမလား"

ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားရသည်။

"မင်း ခုနတုန်းက မင်းအကျွမ်းကျင်ဆုံးအရာကို ပြောလိုက်တယ်မလား။ လေ့ကျင့်ခန်းလုပ်တာကို တိုက်ရိုက်ထုတ်လွှင့်ဖို့လေ.. ဟုတ်သားပဲ။ ဒါဆို ငါတို့ကို လေကျင့်ခန်းလုပ်တာကို တိုက်ရိုက်ထုတ်လွှင့်ပြပေါ့"

"အာ"

ရှောင်ယာ အံ့ဩသွားရသည်။ ယဲ့ချန်းက သူ(မ)ကို လေ့ကျင့်ခန်းလုပ်ပြခိုင်းလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အင်တာနက်အသုံးပြုသူများမှာလည်း ကြောင်အကုန်ကြသည်။

"ဝိုး…အစ်ကိုကြီးရဲ့အကြိုက်က အရမ်းလေးပင်တာပဲ။ လေ့ကျင့်ခန်းလုပ်တာကို ကြည့်ရတာ ကြိုက်တယ်တဲ့"

"အစ်ကိုကြီး… ထိုင်ထလုပ်တာက ပိုမကောင်းဘူးလား။ လေ့ကျင့်ခန်းလုပ်တာကို ဘာလို့သဘောကျရတာလဲ"

ရှောင်ယာလည်း အနည်းငယ်ရှက်သွားရသည်။ အစောတုန်းက သူ(မ)က စနောက်လိုက်ခြင်းသက်သက်သာ။ ဤအစ်ကိုက သူ(မ) လေ့ကျင့်ခန်းလုပ်တာကို တကယ်ကြည့်ချင်နေလိမ့်မည်ဟု လုံးဝတွေးမထင်ထားချေ။

"အာ..အစ်ကိုရေ… ရှင် ကျွန်မ လေ့ကျင့်ခန်းလုပ်တာကို ကြည့်ချင်တာ သေချာရဲ့လား"

ရှောင်ယာ မေးလိုက်မိသည်။

"အင်း..မင်းပဲ လုပ်နိုင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား"

ယဲ့ချန်းလည်း ပြန်ဖြေလိုက်၏။

ယဲ့ချန်းကြောင့်သာ မဟုတ်ပါက သူ(မ)လည်း Streamerအလုပ်ကို လုံးဝနှုတ်ဆက်လိုက်ရပြီဖြစ်ကြောင်း ရှောင်ယာ ကောင်းကောင်းသိသည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ဤလေ့ကျင့်ခန်းကို လုပ်မှဖြစ်မည်။

"ဓားသမားအစ်ကို… ခဏစောင့်ဦးနော်။ လေ့ကျင့်ခန်းလုပ်မဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတော့မယ်"

ရှောင်ယာ စိတ်ဓာတ်တက်ကြွစေသော သီချင်းတစ်ပုဒ်ကို

ဖွင့်လိုက်၏။

"ကိုးခုမြောက်တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပါပြီ.."

"အကြောလျှော့လေ့ကျင့်ခန်း…"

"ရင်ဘတ်လေ့ကျင့်ခန်း…"

ရှောင်ယာတစ်ယောက် ယဲ့ချန်းအတွက် လေ့ကျင့်ခန်းလုပ်တာကို တိုက်ရိုက်ထုတ်လွှင့်ပြခဲ့သည်။

ပြောရမည်ဆိုလျှင် ရှောင်ယာ၏ရုပ်ရည်နှင့် တိုလွန်းလှသောစကတ်လေးကိုပါ ပေါင်းလိုက်သောအခါ လေ့ကျင့်ခန်းလုပ်နေသည့်ဟန်က အလွန်ဆွဲဆောင်မှုရှိလှသည်။

"ဝိုး..သည်းမခံနိုင်တော့ဘူး။ လေ့ကျင့်ခန်းလုပ်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းကြည့်ပျော်ရှုပျော်ရှိတာပဲ"

"Streamerတွေရဲ့ လေ့ကျင့်ခန်းလုပ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ခပ်ဟော့ဟော့အကတွေထက်တောင် ပိုကောင်းသေးတယ်"

"ထိုင်ထလုပ်တာက ဘာဟုတ်သေးလို့လဲ။ လေ့ကျင့်ခန်းလုပ်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်စမ်း"

ရှောင်ယာက ချွေးများကို သုတ်ဖယ်လိုက်သည်။

"ဓားသမားအစ်ကို.. ကျေနပ်ရဲ့လား"

ခဏအကြာတွင် ယဲ့ချန်း စာပြန်လိုက်၏။

"ဘာ.. ဒီလောက်မြန်မြန်ကြီးပြီးသွားပြီလား။ အခုပဲ ကိုယ်လက်သန့်စင်နေလို့ မကြည့်လိုက်ရဘူး။ နောက်တစ်ခေါက်လုပ်ပြရင်ရော"

ရှောင်ယာ : "…."

•••••••••••••

All Chapters