လူလိမ်
Vol. 4 Ch. 48
ယဲ့ချန်း၏စကားများကြောင့် ထိုနေရာရှိ လူအားလုံး ပို၍အံ့အားသင့်သွားကြသည်။ သူတို့အားလုံးက သာမန်လူများမဟုတ်ကြပေ။
သို့သော် ဤလူငယ်လေးက အလွန်ကြွားလုံးထုတ်လှသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က လုပ်ငန်းစုကြီးများတွင် ပင်မရှယ်ယာရှင်တစ်ယောက် ဖြစ်နိုင်မည်တဲ့လား။
သူ ထိုစကားကိုပြောလိုက်ချိန်တွင် မည်သူကမှ သူ့ကိုမယုံကြပေ။
ဖန်းပေါ်က လှောင်ပြောင်သရော်လေတော့သည်။
"မစ္စတာယဲ့က တက္ကစီမောင်းတာတောင် တော်တော်အထင်ကြီးဖို့ကောင်းတာပဲ။ ကျွန်တော်တို့ကို သုံးနှစ်သားလေးတွေများ ထင်နေတာလား"
ယဲ့ချန်းကလည်း နားလည်ရခက်သော အကြည့်မျိုးဖြင့် ပြောလာလေသည်။
"လူငယ်လေး... မင်းက လူချမ်းသာတွေရဲ့ ကမ္ဘာကြီးကို နားမလည်ဘူးပဲ"
ထို့နောက် ယဲ့ချန်း ဆက်ပြောလိုက်ပြန်၏။
"ရှောင်ယာနဲ့အတူ သက်သောင့်သက်သာ ခရီးထွက်ဖို့အတွက် ငါ G550ကိုယ်ပိုင်ဂျက်လေယာဉ်ကိုဝယ်ထားတယ်။ သိပ်မကြာခင်လည်း ဇိမ်ခံရွက်လှေတစ်စီးဝယ်ဖို့ စီစဉ်နေတာ။ မတတ်နိုင်ဘူးလေ။ ပိုက်ဆံတွေက သိပ်များနေတာကိုး"
ထိုနေရာရှိ လူတိုင်း မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
"ရွက်လှေဝယ်မယ်တဲ့။ ဒီလူ ရူးနေပြီ"
ဖန်းပေါ်က လှောင်ပြောင်သရော်လိုဟန်ဖြင့် ပြုံး၍ ယဲ့ချန်းကို ကြည့်လိုက်သည်။
"ဪ.. မင်းက ရွက်လှေတစ်စီး ဝယ်ချင်တယ်ပေါ့လေ။ ငါ့မှာ မိတ်ဆွေတစ်ယောက်ရှိတယ်။ ဟွားယွင်အုပ်စုက သုန်းယွင်လေ.. မင်း သူ့ကိုသိလား။ သူက ဟွားနိုင်ငံရဲ့ သင်္ဘောဘုရင်ပဲ။ ငါတို့က အရမ်းရင်းနှီးတာ။ ငါ မင်းကို သူနဲ့ မိတ်ဆက်ပေးလို့ရတယ်။ ရွက်လှေဝယ်ချင်ရင် သူ့ကိုဆက်သွယ်လိုက်"
ဖန်းပေါ်၏ မျက်လုံးထဲတွင် ယဲ့ချန်းက ကြွားနေခြင်းဟုသာ မြင်နေခြင်းပင်။ ထို့ကြောင့်လည်း ယခုလို တမင်တကာ ပြောလိုက်ခြင်းဖြစ်၏။
ကျန်လူများကတော့ ယဲ့ချန်းကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြ၏။
ဇိမ်ခံရွက်လှေတစ်စင်းက ဘီလျံပေါင်းများစွာပေးရသည်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ထိုရွက်လှေကို ဝယ်နိုင်မည်တဲ့လား။
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း... ဒါဆို ခင်ဗျား သူ့ကို ဆက်သွယ်ပေးလေ။ စကားမစပ် ကျွန်တော်က အကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး ရွက်လှေကို လိုချင်တာနော်။ အနည်းဆုံးတော့ လူသုံးထောင်ဆံ့တဲ့ ရွက်လှေမျိုးဖြစ်ရမယ်"
အမလေး!
အခန်းထဲ၌ တိတ်ဆိတ်မှုကြီး ကြီးစိုးသွားပြန်လေသည်။
ယဲ့ချန်းအနေနှင့် ရွက်လှေတစ်စင်းကို တကယ်ဝယ်ချင်လိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
ထို့ပြင် အယောက်သုံးထောင်ဆံ့သော ဇိမ်ခံရွက်လှေတဲ့လား?
အမလေးလေး... အဲဒါက ဘယ်လောက်တောင် ပေးရမှာပါလိမ့်?
ဖန်းပေါ်လည်း ကြက်သေသေသွားလေသည်။ အစကတော့ သူ ယဲ့ချန်းကို အကျပ်ရိုက်အောင် လုပ်ချင်သော်ငြား ဤလူက ဇိမ်ခံရွက်လှေတစ်စင်းကို တကယ်ဝယ်ချင်နေလိမ့်မည်ဟုတော့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဖန်းပေါ် ကြောင်အနေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း ရယ်မောလျက် ပြောလိုက်သည်။
"သင်္ဘောဘုရင်ကို မြန်မြန်ဖုန်းဆက်လိုက်လေ"
ဖန်းပေါ်ခမျာ မျက်နှာရဲခနဲဖြစ်သွားပြီး ပြောလိုက်သည်။
"ငါ ဖုန်းနံပါတ်ပြောင်းထားလို့... သူ့နံပါတ်ကို သိမ်းမထားမိဘူး"
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းသံ ထွက်ပေါ်လာသည်။
"ဟယ်လို မစ္စတာယဲ့လားဗျ"
"ဘယ်သူလဲ"
"ကျွန်တော်က သုန်းယွင်ပါ"
"ဟွားယွင်အုပ်စုက သင်္ဘောဘုရင် မစ္စတာသုန်းလား?"
ယဲ့ချန်း အံ့အားသင့်သွားရလေသည်။
ယဲ့ချန်း၏စကားကြောင့် တစ်ခန်းလုံး တိတ်ကျသွားပြန်ချေသည်။
အားလုံး ကြက်သေသေကုန်ကြသည်။
တကယ်ကြီးလား?
သုန်းယွင်က ယဲ့ချန်းကို ကိုယ်တိုင်ဖုန်းဆက်လာတာလား?
တိုက်ဆိုင်လိုက်တာ...
အထူးသဖြင့် ဖန်းပေါ်က ပို၍ပင် အံ့သြသွားရ၏။ သို့သော် သူ့မျက်ဝန်းထဲတွင်တော့ သံသယရိပ်များ ပြည့်နှက်နေသည်။
တိုက်တိုက်ဆိုင်ဆိုင် သုန်းယွင်က ယဲ့ချန်းကို ဖုန်းခေါ်လာသတဲ့လား?
မေးနေရန်ပင် မလိုပေ။ ဤသည်မှာ ဟန်ဆောင်နေခြင်းသာ။ ဤလူက လူလိမ်တစ်ယောက် ဖြစ်နိုင်ပေသည်။
ယဲ့ချန်းလည်း လူတိုင်းကို ငဲ့ကြည့်၍ စပီကာကို တမင်တကာဖွင့်လိုက်သည်။
"မစ္စတာယဲ့ သိပ်အထင်ကြီးဖို့ကောင်းတာပဲ။ ကျွန်တော်တို့ ဟွားးယွင်အုပ်စုရဲ့ရှယ်ယာကို တိတ်တဆိတ်ဝယ်ယူခဲ့တာနော်"
ယဲ့ချန်း တခစ်ခစ်ရယ်လိုက်မိသည်။
"မဟုတ်တာ။ အဓိကအကြောင်းပြချက်က မစ္စတာသုန်းတို့ကုမ္ပဏီရဲ့ခွန်အားကို တန်ဖိုးထားလို့ ဒီတိုင်း ရင်းနှီးမြှုပ်နှံလိုက်တာပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ သုန်းယွင်၏ပါးစပ်လည်း တွန့်ရှုံ့သွားလေသည်။
ဟွားယွင်အုပ်စု၏ရှယ်ယာ သုံးဆယ်ရာခိုင်နှုန်းကို ဝယ်ယူပါက အနည်းဆုံးဘီလျံပေါင်းများစွာ ကုန်ကျမည်ဖြစ်၏။
ဒီလူက ဒီအတိုင်းရင်းနှီးမြှုပ်နှံလိုက်တာလို့ ပြောလိုက်တာလား?
"မစ္စတာယဲ့.. ကျွန်တော်တို့ တစ်ခါလောက်တွေ့ကြမလား"
"ပြဿနာမရှိပါဘူး။ ကျွန်တော့်မှာ ပြောစရာတစ်ခုရှိသေးတယ်။ ရွက်လှေတစ်စီးဝယ်ချင်လို့လေ။ ခင်ဗျားဆီမှာ သင့်တော်တာတစ်ခုခုများ ရှိမလားလို့"
"ရွက်လှေလား? ဟားဟား မစ္စတာယဲ့ ခင်ဗျားက အရမ်းယဉ်ကျေးနေတာပဲ။ ဘာလို့ဝယ်မှာလဲ? ကျွန်တော်တို့က အခု လုပ်ငန်းပါတနာတွေ ဖြစ်နေပြီလေ။ ကျွန်တော် ခင်ဗျားကို အသစ်ထုတ်လုပ်ထားတဲ့ လူသုံးထောင်ဆံ့တဲ့ ရွက်လှေကို လက်ဆောင်အဖြစ်ပေးမှာပေါ့"
"ကျေးဇူးတင်ပါတယ် မစ္စတာသုန်း"
"ဟားဟား မပြောပလောက်ပါဘူး"
သုန်းယွင်က အားရပါးရရယ်သည်။ ယဲ့ချန်းကလည်း ဆက်ပြောလိုက်၏။
"မစ္စတာသုန်း.. ကျွန်တော့်မှာ ဖန်းပေါ်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ခင်ဗျားရဲ့ မိတ်ဆွေလို့ ပြောနေတယ်ဗျ"
ဘေးနားတွင် ထိုင်နေသော ဖန်းပေါ်မှာ ရှက်ဒေါသထွက်သွားလေသည်။
အစောပိုင်းတုန်းက သင်္ဘောဘုရင်နှင့် ရင်းနှီးသည်ဟု ပြောခဲ့ခြင်းမှာ ပေါက်ကရလျှောက်ပြောလိုက်ခြင်းပင်။
သင်္ဘောဘုရင်၏အဆင့်အတန်းမျိုးဖြင့် သူက ထိုလူ့ကို ဘယ်လိုလုပ် သိနိုင်မှာလဲ?
သုန်းယွင် တဒင်္ဂမျှ တုံ့ဆိုင်းသွားသည်။
"ဖန်းပေါ် ကျွန်တော် ဒီလူ့ကိုမသိပါဘူး။ မစ္စတာယဲ့ အခုခေတ်မှာ လူလိမ်တွေ သိပ်ပေါတာဗျ။ ခင်ဗျား အလိမ်မခံရအောင် သတိထားသင့်တယ်"
လူတိုင်း၏အကြည့်က ဖန်းပေါ်ထံသို့ ရောက်သွားလေသည်။
ဖန်းပေါ်၏မျက်နှာမှာ မျောက်ဖင်လို ရဲရဲနီနေလေပြီ။
ပါးရိုက်သံကား ညံစီနေ၏။
ယဲ့ချန်းလည်း ဖုန်းချလိုက်လေတော့သည်။ အခန်းထဲမှာတော့ လုံးဝတိတ်ဆိတ်သွားသည်။
အားလုံးက ယဲ့ချန်းကို မတူကွဲပြားသော အကြည့်မျိုးဖြင့် ကြည့်နေကြ၏။
အမလေး... သင်္ဘောဘုရင်သုန်းယွင်နဲ့ ရင်းနှီးတဲ့အပြင် တစ်ဖက်လူက ခဏလေးအတွင်း ဇိမ်ခံရွက်လှေတစ်စင်းကို လက်ဆောင်ပေးသတဲ့လား။ ရူးချင်စရာကောင်းလိုက်တာ...
သို့သော် အခန်းထဲတွင် လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဆက်ဟန်ဆောင်လိုက်ပါဦး။ ရှောင်ယာ... နင် ချစ်သူတစ်ယောက်ရွေးတဲ့အခါ မျက်စိရှင်ရှင်ထားမှဖြစ်မယ်။ ဒီချာတိတ်က လူလိမ်ဆိုတာ သေချာတယ်"
"လူလိမ် ဟုတ်လား"
အခန်းထဲရှိ လူအားလုံး အံ့သြမှင်တက်ကုန်ကြသည်။
ဖန်းပေါ်ကလည်း ဆက်ပြောလိုက်၏။
"သင်္ဘောဘုရင်သုန်းယွင်က ဘယ်လိုအဆင့်မျိုးလဲဆိုတာ မင်းသိလား။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဖုန်းဆက်မှာတဲ့လား"
"ပြီးတော့ သူက ဟွားယွင်အုပ်စုရဲ့ ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ဝယ်ထားတယ်လို့ ပြောခဲ့တယ်နော်။ စဉ်းစားကြည့်လိုက်။ ဟွားယွင်အုပ်စုက ဟွားနိုင်ငံရဲ့ အကြီးဆုံး သင်္ဘောကုမ္ပဏီတစ်ခုနော်။ ဘီလျံထောင်ဂဏန်းလောက် တန်ဖိုးရှိတယ်။ သုံးဆယ်ရာခိုင်နှုန်းဆိုရင် ဘယ်လောက်လဲ။ သုံးရာဘီလျံကျော်တယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်က သုံးရာဘီလျံလောက် ရှိမှာတဲ့လား"
"ငါတို့ သုန်းယွင်အကြောင်း ပြောနေတုန်း သုန်းယွင်က သူ့ကို ဖုန်းဆက်လာတယ်တဲ့။ ဒါကြီးက တိုက်ဆိုင်လွန်းတယ်လို့ မထင်ဘူးလား"
ဖန်းပေါ်က ယဲ့ချန်းကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင်လည်း လှောင်ပြောင်လိုဟန် အမူအရာတစ်မျိုး ပြည့်နှက်နေလေသည်။
"ဒီတော့ သူက လူလိမ်ဆိုတာ သေချာတယ်"
ဖန်းပေါ်၏စကားကို ကြားသောအခါ လူတိုင်းလည်း ရုတ်ခြည်း နားလည်သွားလေသည်။
"ဟုတ်သားပဲ။ ရှောင်ယာ... နင့်ချစ်သူက တော်တော်လွန်တာပဲ။ သူက ဘယ်လို တောင်လုပ်ရဲရတာလဲ"
"ရှောင်ယာ နင် သူ့ဆီက ဘယ်လိုလုပ်ပြီး လှည့်စားခံခဲ့ရတာလဲ။ ငါပြောမယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ပိုက်ဆံအများကြီးရှိနိုင်မှာလဲ"
"ရွက်လှေတစ်စင်း ဝယ်မယ်တဲ့။ ဟာသပဲ။ သူ့ကိုယ်သူ ဟွားနိုင်ငံရဲ့ အချမ်းသာဆုံးလူများ ထင်နေတာလား"
"ယဲ့ချန်းက လူလိမ်မဟုတ်ဘူး"
သုန်းရှောင်ယာလည်း ဒေါသူပုန်ထပြီး မတ်တတ်ရပ်လိုက်လေသည်။
ယွီလိလိကတော့ လှောင်ပြောင်သရော်လေသည်။
"ရှောင်ယာ.. နင်က ဘဝင်မြင့်တယ်ဆိုတာ ငါသိတယ်။ အပျော်တွဲတယ်ဆိုရင်တောင် ယုံကြည်အားကိုးလို့ရတဲ့လူတစ်ယောက်ကို ရှာလေ။ လူလိမ်တစ်ယောက်ကို ခေါ်လာတာက နင့်ကိုယ်နင် သိက္ခာချနေတာမဟုတ်ဘူးလား"
ထိုအချိန်မှာပင် လီနာက သူ(မ)၏ဖုန်းကို စစ်ကြည့်ပြီးနောက် အတန်ငယ်အံ့အားသင့်သွားပုံပေါ်သည်။
"နင်တို့တွေ သတင်းခေါင်းစီးကို တစ်ချက်ကြည့်သင့်တယ်နော်"
လီနာက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။
အားလုံးလည်း ကြက်သေသေသွားကြပြီးနောက် သူတို့၏ဖုန်းများကို ထုတ်လိုက်ကြသည်။
"ဟွားယွင်ဘက်က ရှယ်ယာရှင်အသစ်ကြေညာချက်တစ်ခုကို ရုတ်တရက်ထုတ်ပြန်လာပါတယ်။ မနေ့ကပဲ ဆန်းကြယ်လှတဲ့ ယဲ့မျိုးရိုး ရှယ်ယာရှင်တစ်ယောက်က ဟွားယွင်အုပ်စုရဲ့ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ဒုတိယရှယ်ယာအများဆုံးလူဖြစ်လာခဲ့ပါတယ်…."
လူတိုင်းလည်း ဟွားယွင်၏အသေးစိတ်အချက်အလက်များကို ရိုက်ရှာကြည့်လိုက်သောအခါ အများဆုံးရှယ်ယာရှင်မှာ သုန်းယွင်ဖြစ်ပြီး ကုမ္ပဏီ၏ ဒုတိယရှယ်ယာအများဆုံးလူမှာ ယဲ့ချန်းဟု အသစ်ပြန်ပြင်ထားလေသည်။
အခန်းတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားလေတော့သည်။
ဖန်းပေါ်မှာ ထိတ်လန့်အံ့ဩသွားရသည်။ ယွီလိလိလည်း အံ့အားသင့်သွားရသလို လင်ရွှမ်းအားလည်း ကြက်သေသေသွားရသည်။
အတန်းထဲရှိ လူအားလုံး မှင်တက်ကုန်ကြသည်။
"ယဲ့ချန်း ရှယ်ယာသုံးဆယ်ရာခိုင်နှုန်း"
ဟွားယွင်အုပ်စု၏ ဒုတိယရှယ်ယာအများဆုံးပုဂ္ဂိုလ်တဲ့လား။
မျက်လုံးများက ယဲ့ချန်ထံသို့ ကျရောက်လာသည်။ အခန်းထဲတွင်လည်း အပ်ကျသံပင်ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်သွားသည်။
မိန်းကလေးများက ယဲ့ချန်းကိုကြည့်၍ မျက်လုံးထဲတွင် ကြည်ညိုလေးစားလေဟန် အရိပ်အယောင်များ ယှက်သန်းနေချေသည်။
အမလေးလေး ယဲ့ချန်းက တကယ်ပဲ ဟွားယွင်အုပ်စုရဲ့ရှယ်ယာရှင်တစ်ယောက် ဖြစ်နေတာကိုး!
ဒီလိုဆိုရင်က သူက ဘီလျံနာတစ်ယောက်ဖြစ်သွားပြီဆိုတဲ့သဘောလား?
ဖန်းပေါ်နှင့် ယွီလိလိမှာတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။ အစောကပင် သူတို့ ယဲ့ချန်းအား လူလိမ်တစ်ယောက်ဟု စွပ်စွဲနေခဲ့ကြသေးသည်။
ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံး၏။
"အခု တကယ့်လူလိမ်က ဘယ်သူလဲဆိုတာ လူတိုင်းသိသွားပြီမလား"
ထိုနေရာရှိ လူအားလုံး ဖန်းပေါ်ကို ကြည့်လိုက်ကြသည်။
ဟုတ်သားပဲ.. ခုနတုန်းက ဖုန်းခေါ်တဲ့လူက သုန်းယွင်သာဆိုရင် ဖန်းပေါ်လိမ်နေတယ်ဆိုတဲ့ သဘောပဲမလား?
အစောပိုင်းတုန်းက သုန်းယွင်က သူနှင့်ရင်းနှီးသည်ဟု ဆိုထားခြင်းမှာ ပေါက်ကရစကားများသာ ဖြစ်၏။
"ဖန်းပေါ်.. နင် တော်တော်လွန်တာပဲ"
"အတန်းဖော်တွေရှေ့မှာ ကြွားလုံးထုတ်နေတော့ရော ဘာရမှာမို့လို့လဲ"
"ဟုတ်တယ် မစ္စတာယဲ့ကို အကွက်ဆင်တာက နင့်ကြောင့် ငါတို့ အရူးလုပ်ခံရတော့မလို့"
ဖန်းပေါ်လည်း သူ့အတန်းဖော်များ၏စကားကြောင့် အလွန်ရှက်သွားရပြီး တွင်းတစ်တွင်းထဲသို့ ပုန်းနေချင်စိတ်ပင် ပေါက်လာသည်။
••••••••••••••