← Chapters

ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်

Vol. 4 Ch. 50

ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်

Vol. 4 Ch. 50

ကျိုးစုစုနှင့် ယဲ့ချန်းတို့လည်း အချင်းချင်းဖုန်းနံပါတ်လဲလိုက်ကြသည်။ ကျိုးစုစုက ကားထဲမှ ထွက်လာပြီးနောက် ယဲ့ချန်းကို ကြယ်ငါးပွင့်ရီဗျူးပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ပထမမြောက်ကြယ်ငါးပွင့်(၁/၅)ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ် : ဒိုင်ယာလော့ +၉၉၉၉]

ဒိုင်ယာလော့+၉၉၉၉ဆိုသည်မှာ ယဲ့ချန်းအား ဒိုင်ယာလော့များနှင့် အလျင်အမြန်ရင်းနှီးလာစေနိုင်သော စွမ်းရည်တစ်ခုပင်။ ဒိုင်ယာလော့၏ လေယူလေသိမ်းကတော့ ယဲ့ချန်း၏ဇာတ်ကောင်လိုအပ်ချက်အဒရ အသင့်တော်ဆုံးသက်ရောက်မှုကို ရရှိနိုင်သည်။

ယဲ့ချန်း၏မျက်နှာကား ပျော်ရွှင်မှုကြောင့် ဝင်းပသွားလေသည်။

နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်၊ ဟာသဘုရင်နှင့် ဒိုင်ယာလော့+၉၉၉၉!

သူ့စွမ်းရည်က ရုပ်ရှင်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

နောက်တစ်နေ့တွင် ယဲ့ချန်း မိုတုရုပ်ရှင်မြို့တော်သို့ ရောက်လာခဲ့သည်။ "ရေသူမ"ရုပ်ရှင်၏ ရိုက်ကူးရေးကား တရားဝင်စတင်လေပြီ။

ယဲ့ချန်းအပြင် ဤဇာတ်လမ်းထဲ၌ အဓိကဇာတ်ဆောင်များအဖြစ် အမျိုးသမီးသရုပ်ဆောင်များဖြစ်သော ကျန်းယွီယွီနှင့် လင်းယွင်ယွင်တို့လည်း ပါသည်။

တစ်ယောက်က ဆွဲဆောင်မှုနတ်ဘုရားမဖြစ်ပြီး တစ်ယောက်ကတော့ ချစ်စရာကောင်းသော ညီမလေးတစ်ယောက်၏ပုံစံမျိုးဖြစ်၏။

ယဲ့ချန်း ရိုက်ကူးရေးအဖွဲ့နားသို့ လျှောက်သွားလိုက်ချိန်မှာ ရိုက်ကူးရေးဝန်ထမ်းများထံမှ အာရုံစိုက်ခံလိုက်ရသည်။

"အဲဒီလူက အရမ်းချောတာ"

"သူက ဆရာယဲ့ရှာတွေ့ထားတဲ့ လူသစ်လေးဆိုတာလား"

"ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆရာယဲ့က ထူးခြားတဲ့အသွင်အပြင်မျိုးကို သဘောကျတာပါ။ ဒီလူက တအားချောလွန်းတယ်"

"သူက ယွီယွီကို လိုက်ပိုးဖို့အတွက် ရောက်လာတဲ့ လူကုံထံသခင်လေးတစ်ယောက်များလား"

"ဖြစ်နိုင်တယ်။ အဲဒီနေ့တုန်းက ယွီယွီရဲ့ရသစုံရှိုးထဲမှာ သူ့အိမ်ထဲကထွက်လာတဲ့ ထူးခြားဆန်းကြယ်တဲ့လူတစ်ယောက်ရှိတယ်မလား"

"နင်ပြောမှပဲ… သူ့ကိုရင်းနှီးနေသလိုပဲ"

….

သေစမ်း! သူဖြစ်နေတာကိုး!

ယဲ့ချန်းရောက်လာသောကြောင့် အားလုံး အုန်းအုန်းကျက်ကျက်ဖြစ်သွားကြသည်။ ကျိုးယွီယွီ၏ရသစုံရှိုးထဲမှ ထူးခြားဆန်းကြယ်သောပုဂ္ဂိုလ်က အလွန်ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်နေပေသည်။

ယဲ့ချန်းက သူ့မျက်နှာကို အဝတ်အစားများနှင့် ဖုံးကွယ်ရန် ကြိုးစားခဲ့သော်ငြား လူတော်တော်များများကတော့ သူ့ကို သတိထားမိခဲ့သည်။

"ဟေ့ အချောလေး.. ယွီယွီဆီကိုလာတာမလား"

"ဟားဟား..အထင်ကြီးဖို့ကောင်းလိုက်တဲ့ လူငယ်လေး… ငါတို့ယွီယွီကိုတောင် အမိဖမ်းနိုင်တယ်နော်"

"ဘာအလုပ်လုပ်တာလဲ အချောလေး?"

ဝန်ထမ်းများက တက်တက်ကြွကြွမေးမြန်းကြလေတော့သည်။ ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြုံးလိုက်လေသည်။

"တကယ်တော့ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

"တက္ကစီဒရိုင်ဘာလား"

ရိုက်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

မဖြစ်နိုင်တာ… ယွီယွီက တက္ကစီဒရိုင်ဘာတစ်ယောက်ကို တွဲမှာတဲ့လား?

အနုပညာအသိုင်းအဝိုင်းတွင ကျန်းယွီယွီက တသီးတသန့်နေတတ်သောကြောင့် နာမည်ကြီးကျော်ကြားပေသည်။ လူကုံထံသခင်လေးများပင် သူ(မ)၏အာရုံစိုက်မှုကို မရနိုင်ပေ။

ထိုအချိန်မှာပင် ဆရာယဲ့ ရောက်လာသည်။

"မင်းတို့တွေက ဘာလုပ်နေကြတာလဲ? အလုပ်မလုပ်ဘူးလား"

ဆရာယဲ့ကိုမြင်သောအခါ ဝန်ထမ်းအားလုံးလည်း ကိုယ့်နေရာကိုယ်ပြန်သွားပြီး အလုပ်လုပ်နေကြတော့သည်။

ထို့နောက် ဆရာယဲ့က ပြုံးရွှင်လျက် ယဲ့ချန်းနားသို့ ချဉ်းကပ်သွားလိုက်သည်။

"မနေ့တုန်းက တော်တော်မှပျော်ခဲ့ရဲ့လား ဟမ်"

"တကယ်တော့ မိန်းကလေးကျန်းရဲ့ရေပိုက်က ပေါက်သွားလို့ ကျွန်တော် ပြင်ပေးနေတာပါဗျာ"

"အာ ရေပိုက်ပြင်ပေးတာလား။ ငါ ဒီပြက်လုံးကို နောက်လာမဲ့ရုပ်ရှင်ထဲမှာ သုံးလို့ရနိုင်တယ်"

ယဲ့ချန်း : "…"

ထိုအချိန်မှာပင် ကျန်းယွီယွီ ရောက်လာလေသည်။

"ယဲ့ချန်း.. မနေ့တုန်းက ရှင့်ကြောင့် ကျွန်မ တော်တော်ဒုက္ခရောက်ခဲ့တာ"

ကျန်းယွီယွီမှာ မနေ့တုန်းက အဖြစ်အပျက်ကို ပြန်တွေးမိပြီး ရှက်သွေးဖြာသွားလေသည်။

ယဲ့ချန်းကြောင့် မနေ့တုန်းက သူ(မ)မှာ မန်နေဂျာဖြစ်သူ အစ်မပိုင်ထံက အဆူခံခဲ့ရသည်။

"အစ်မယွီ.. ကျွန်တော်ကမှ နစ်နာသူပါနော်? အခု ကျွန်တော် အပြင်ထွက်ရင် မက်စ်တပ်နေရပြီ"

ယဲ့ချန်းလည်း ဆွံ့အသွားရသည်။

"ကောင်းပြီ ယဲ့ချန်း… ခဏနေရင် မင်းနဲ့ ယွီယွီ အစမ်းလေ့ကျင့်ရမယ်။ မင်းက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်ဆိုတော့ အကောင်းဆုံးကြိုးစားပေါ့ကွာ"

ထိုနေရာရှိ ဝန်ထမ်းများအားလုံးမှာ ဆရာယဲ့၏စကားကို ကြားလိုက်ရပြီးနောက် အံ့အားသင့်သွားလေသည်။ ထို့နောက် မျက်လုံးပေါင်းများစွာက ယဲ့ချန်းဆီသို့ ရောက်လာလေသည်။

ဝိုး.. ဒီလူချောလေးက ဇာတ်လိုက်တဲ့လား? သူ တကယ်ပဲ လုပ်နိုင်စွမ်းရှိရဲ့လား?

သူ့ရုပ်ရည်မျိုးက ဟာသရုပ်ရှင်နဲ့ အံဝင်ခွင်ကျဖြစ်ပါ့မလား?

ယဲ့ချန်းက လူပေါ်ကြော့တစ်ယောက်ဟုသာ တော်တော်များများက ထင်နေကြသည်။ ဆရာယဲ့က သူ့အား ထိုဇာတ်ကောင်ကို ပေးလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

"ဆရာယဲ့က ဖြတ်လမ်းလိုက်တဲ့ သရုပ်ဆောင်တွေကို ဘယ်တုန်းကမှလက်မခံခဲ့ဖူးဘူးလေ။ ဒီလူက ဘယ်လိုဖြစ်ရတာလဲ"

"လူသစ်တစ်ယောက်ပဲဖြစ်ရမယ်။ အရင်ကတော့ ရုပ်ရှင်တွေထဲမှာ မမြင်ဖူးဘူး"

"ဆရာယဲ့က အခုတလော ရန်ပုံငွေပြတ်လပ်နေတယ်လို့ ကြားထားတယ်။ ကြည့်ရတာတော့ သူလည်း ရွေးချယ်စရာမရှိတော့လို့ဖြစ်မယ်"

ယဲ့ချန်း၏ သရုပ်ဆောင်ချက်ကို မြင်ဖူးထားသော ဝန်ထမ်းတစ်ယောက်က ပြောလာလေသည်။

"နင်တို့တွေ မသိလို့နော်။ သူ့သရုပ်ဆောင်စွမ်းရည်က အရမ်းမိုက်တာ။ ဆရာယဲ့တောင် သူ့ကို ချီးကျူးလို့မဆုံးဘူး"

"သူက အဲဒီလောက်တောင် တော်လို့လား"

….

လူအုပ်ကြီးမှာ ယဲ့ချန်းအကြောင်း ဆွေးနွေးရင်း ပွက်လောရိုက်နေကြသည်။

တစ်ဖက်တွင်မူ ယဲ့ချန်းကတော့ ဆရာယဲ့နှင့် ကျန်းယွီယွီတို့နှင့်အတူ ဒါရိုက်တာရုံးခန်းသို့ လိုက်သွားလေသည်။ မကြာခင်မှာပင် လင်းယွင်လည်း ရောက်လာ၏။

"ရှောင်ယွင်.. မိတ်ဆက်ပေးရဦးမယ်။ ဒါက ဇာတ်လိုက်နေရာက သရုပ်ဆောင်မဲ့ ယဲ့ချန်းတဲ့။ မင်းတို့တွေ အဆင်ပြေပြေအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"

ဆရာယဲ့က ထိုသို့ပြောလိုက်၏။

သူ(မ)၏ပါတနာက လူသစ်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ လင်းယွင် အနည်းငယ်အံ့အားသင့်သွားသည်။

ဆရာယဲ့က သရုပ်ဆောင်ရွေးချယ်ရာတွင် အလွန်တင်းကျပ်သူဖြစ်သော်ငြား ဤလူငယ်လေးကတော့ ဘာကျော်ကြားမှုမှ ရှိဟန်မတူပေ။

လင်းယွင်က နာမည်ကျော်စတားတစ်ယောက်ဖြစ်သော်လည်း အလွန်နှိမ့်ချတတ်သည်။

"ဆရာယဲ့.. ကျွန်မကို လမ်းညွှန်သင်ကြားပေးပါဦး"

ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြုံးလိုက်လေသည်။

"ကျွန်တော့်ကို ဆရာယဲ့လို့မခေါ်ပါနဲ့ဗျာ။ ကျွန်တော်လည်း လူသစ်လေးပါပဲ"

ဆရာယဲ့က ဇာတ်ကွက်အကြောင်း သူတို့သုံးယောက်အား ရှင်းပြလေသည်။

ယနေ့ရိုက်ရမည့်အခန်းမှာ ယဲ့ချန်းနှင့် လင်းယွင်တို့ လမ်းဘေးဈေးဆိုင်မှာ ကြက်ခြေထောက်စားနေရင်း ယဲ့ချန်းက သူ့ကလေးဘဝတုန်းက အဖြစ်ဆိုးတစ်ခုကို ပြန်အမှတ်ရလိုက်သည့် အကြောင်းအရာပင်။

"ရှောင်ချန်း… ဒီဇာတ်ကွက်မှာ မင်း ဖော်ပြနိုင်စွမ်းကောင်းပြီး နည်းနည်းချဲ့ကားမှုလည်းရှိရမယ်နော်"

ဆရာယဲ့က ပြောလိုက်၏။

"ဟုတ် နားလည်ပါပြီ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ရှောင်ယွင်… မင်း ယဲ့ချန်းဆီက အများကြီးသင်ယူသင့်တယ်။ အထူးသဖြင့် သူ့မျက်နှာအမူအရာပေါ့"

ဆရာယဲ့က လင်းယွင်အား ပြောလိုက်၏။

လင်းယွင်လည်း အံ့အားသင့်သွားလေသည်။ ဆရာယဲ့ကတောင် သူ့အား အထင်ကြီးနေသည်ဖြစ်ရာ ဤလူငယ်လေး၏သရုပ်ဆောင်စွမ်းရည်က ထူးခြားမှုတစ်ခုတော့ ရှိရပေမည်။

"ဟုတ်ကဲ့.. ကျွန်မ ဆရာယဲ့ဆီက ကောင်းကောင်းသင်ယူလိုက်ပါ့မယ်"

ယဲ့ချန်းလည်း အလှပြင်ခန်းထဲသို့သွားကာ အနက်ရောင်အနောက်တိုင်းဝတ်စုံတစ်စုံကို လဲဝတ်လိုက်သည်။

[တင်! နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ကို အသက်သွင်းပြီးပါပြီ]

[တင်! ဟာသဘုရင်စွမ်းရည်ကို အသက်သွင်းပြီးပါပြီ]

[တင်! ဒိုင်ယာလော့+၉၉၉၉စွမ်းရည်ကို အသက်သွင်းပြီးပါပြီ]

ယဲ့ချန်း အပြင်ထွက်လိုက်ချိန်ဝယ် အားလုံး အံ့ဩမှင်တက်ကုန်ကြသည်။

လူကုံထံတစ်ယောက်အဖြစ် သရုပ်ဆောင်ခြင်းမှာ လူတိုင်းလုပ်နိုင်သော အရာမဟုတ်ပေ။ ထိုသို့သရုပ်ဆောင်နိုင်ရန် အရှိန်အဝါတစ်မျိုး လိုအပ်ပေသည်။

သို့သော် ယဲ့ချန်းကတော့ အနောက်တိုင်းဝတ်စုံဝတ်လိုက်သည်နှင့် လူကုံထံတစ်ယောက်၏ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

အဝတ်လဲခန်းထဲမှ ယဲ့ချန်းထွက်လာသည်ကို မြင်သောအခါ ကျန်းယွီယွီနှင့် လင်းယွင်တို့လည်း မအံ့ဩဘဲ မနေနိုင်ချေ။

သူတို့နှစ်ယောက်စလုံးက စတားများဖြစ်ကြပြီး မျက်နှာသစ်များစွာဖြင့် အလုပ်တွဲလုပ်ဖူးသည်။ သို့သော် ယဲ့ချန်းထုတ်လွှတ်နေသော အရှိန်အဝါကိုတော့ မည်သူမှ မယှဉ်နိုင်ပေ။

ယဲ့ချန်း၏ချောမောမှုက အရိုးထဲထိတိုင် စွဲမြဲနေခြင်းပင်။ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်း၊ အကြည့်တစ်ခုချင်းစီတိုင်းက လူတိုင်းကို ဆွဲဆောင်ဖမ်းစားနိုင်သည်။

ဆရာယဲ့ကလည်း ယဲ့ချန်းထွက်လာတာကို မြင်လိုက်ချိန်ဝယ် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။

"အင်း အရမ်းကောင်းတယ်"

"မီးအလင်းရောင် အဆင်သင့်ဖြစ်ပြီ"

"ရိုက်ကွင်းနေရာချမှု အဆင်သင့်ဖြစ်ပါပြီ"

"ကင်မရာတွေ အဆင်သင့်ဖြစ်ပါပြီ"

…..

ရိုက်ကူးရေး စတင်လေပြီ။

ယဲ့ချန်းက ကင်မရာထဲသို့ ဝင်လာခဲ့သည်။ သူ ဝင်လာသည့်အချိန်မှာပင် သူထုတ်လွှတ်နေသော အရှိန်အဝါက လူတိုင်းကို ဆွဲငင်ညှို့ယူထားလိုက်သည်။

ပုန်ကန်သောင်းကျန်းလိုဟန်အမူအရာ၊ မေးခွန်းထုတ်နေသော အကြည့်များနှင့် မွေးရာပါမောက်မာမှုတို့ကြောင့် ထင်ပေါ်နေချေသည်။

ယဲ့ချန်းကို ဖြတ်လမ်းနည်းလိုက်သည်ဟု ထင်ထားခဲ့ကြသူများအားလုံး ပင့်သက်ရှိုက်မိသွားသည်။

ဆရာယဲ့ကတော့ ခေါင်းတညိတ်ညိတ်လုပ်လျက် ယဲ့ချန်း၏သရုပ်ဆောင်ချက်ကို ကျေနပ်အားရနေပေသည်။

ဇာတ်လမ်း၏ ဤအပိုင်းက ယဲ့ချန်းတစ်ယောက် သူ့ငယ်ဘဝကို ပြန်အမှတ်ရနေသည့်အခန်းပင်။

ယဲ့ချန်း၏လက်ထဲတွင် ကြက်ခြေထောက်တစ်ချောင်းကို ကိုင်ထားသည်။ ရုတ်တရက်ဆိုသလိုပင် သူ့အမူအရာက အလွန်ဝမ်းနည်းသွားသည်။ မျက်ရည်များကလည်း ထိန်းမရနိုင်အောင် ကျဆင်းလာ၏။

ထို့နောက် သူ ခေါင်းငိုက်စိုက်ချလိုက်သည်မှာ သူ ငိုနေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်သည့်အလားပင်။ ဤတင်ဆက်မှုကား လက်ဖျားခါလောက်ပေသည်။

ယဲ့ချန်းက ခေါင်းပြန်မော့ပြီးနောက် စကားစလာလေသည်။

"ငါ့အဖေကို သတိရမိတယ်"

"အရင်တုန်းက ငါတို့မိသားစုက အရမ်းဆင်းရဲတာ…"

"ငါတို့ လမ်းပေါ်က စားစရာတွေကိုတောင် ကောက်စားခဲ့ရတာ"

"တစ်နေ့ကျတော့ ငါ့အဖေက ကြက်ခြေထောက်တစ်ချောင်းကို ကောက်လာခဲ့တယ်လေ"

ယဲ့ချန်း၏အသံက အလွန်ကြေကွဲဖွယ်ကောင်းလှ၏။

ထိုနေရာရှိလူတိုင်းလည်း ယဲ့ချန်း၏ဇာတ်ကြောင်းပြန်မှုကို နားထောင်ရင်း ရင်ထဲ ထိရှသွားရသည်။

ယဲ့ချန်းလည်း စကားပြောရင်း မျက်ရည်များကျလာသည်။

ထို့နောက် ကလေးတစ်ယောက်အလား ကြက်ခြေထောက်ကိုကြည့်ရင်း ပြောလိုက်၏။

"အဲဒီတုန်းကလည်း ဒီအရသာပဲ"

မျက်စဉ်းကိုမသုံးသလို စိတ်ခံစားချက်တန်ဆာဆင်မှုလည်း မရှိပါဘဲ ယဲ့ချန်း တကယ်ငိုခဲ့သည်။

ယဲ့ချန်း၏အကြည့်၊ အမူအရာနှင့် လေသံတို့က ညှို့ဓာတ်ပြင်းပြီး အတက်အကျမှန်လေရာ ထိုနေရာရှိ လူတိုင်းလည်း စိတ်လှုပ်ရှားသွားရသည်။

တော်တော်များများကတော့ စိတ်ထိခိုက်ဖွယ်ကောင်းသော ယဲ့ချန်း၏လေသံကြောင့် မျက်ရည်ကျကုန်ကြသည်။

ဤသရုပ်ဆောင်စွမ်းရည်မှာ စင်စစ်အစွမ်းထက်လှပေသည်။

ယဲ့ချန်း၏သရုပ်ဆောင်ချက်ကြောင့် ရိုက်ကွင်းထဲရှိ သရုပ်ဆောင်များအားလုံး တအံ့တဩဖြစ်ကုန်ကြလေသည်။

••••••••••••

All Chapters