← Chapters

အပြစ်ရှိစိတ်

Vol. 4 Ch. 52

အပြစ်ရှိစိတ်

Vol. 4 Ch. 52

ယဲ့ချန်းက နျိုမိသားစုမုန့်ဆိုင်ကို ဝယ်ချင်တယ်တဲ့လား?

စွင်းမေ့က ဤအ‌ကြောင်းကို ကြားပြီးနောက် ကြက်သေသေသွားရသည်။

သေလိုက်ပါတော့…

သူ့ကောင်မလေးကို ဂျုံမုန့်ညက်စားစေချင်ရုံနဲ့ တစ်ဆိုင်လုံးကို ချက်ချင်းဝယ်ပစ်လိုက်တာလား? ဒါက အရမ်းလက်ဖွာလွန်းတယ်!

သို့သော် စွင်းမေ့၏မျက်ဝန်းများမှာ မှေးကျဉ်းသွားရပြီးနောက် လှောင်ပြောင်သရော်ရိပ်စွန်းသော ရယ်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။

"ကျိုးစုစု..နင့်ကောင်လေးက တော်တော်ဟန်များတာပဲ။ ဒီဆိုင်က သန်းပေါင်းများစွာပေးရတယ်တဲ့။ နင့်ကောင်လေးက ဝယ်နိုင်လို့လား?"

သူ(မ)က ယဲ့ချန်းကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်လေသည်။

"နင့်အကွက်တွေက ငါ့အတွက်တော့ ရိုးနေပြီ။ ငါ့ရှေ့မှာ ကြွားလုံးထုတ်နိုင်လောက်အောင်လည်း နင်က ငယ်လွန်းသေးတယ်"

ကျိုးစုစု မျက်နှာပျက်သွားလေသည်။ ယဲ့ချန်းကို ကြွားလုံးထုတ်လွန်းသည့်အတွက်လည်း တိတ်တိတ်လေးအပြစ်တင်မိသည်။

စွင်းမေ့ကတော့ သရော်လာပြန်လေသည်။

"စုစု နင့်မှာ ဒီလိုရည်းစားမျိုးရှိလိမ့်မယ်လို့ ငါ ထင်မထားဘူး။ သူ ဒီမုန့်ဆိုင်ကို ဘယ်လိုဝယ်မလဲဆိုတာ ငါသိချင်သေးတယ်"

ထိုအချိန်မှာပင် လူငယ်တစ်ယောက်က ဂျုံမုန့်ညက်ပူပူလေးကိုယူ၍ ရောက်လာချေသည်။ ယဲ့ချန်းကိုမြင်သောအခါ ထိုလူငယ်လေး၏အမူအရာက ပြောင်းလဲသွား၏။

"ဥက္ကဋ္ဌယဲ့ ဒီကို ဘာလို့ရောက်နေတာလဲ"

ဥက္ကဋ္ဌယဲ့?

သူ(မ)၏ချစ်သူက ယဲ့ချန်းကို တလေးတစားဆက်ဆံနေသဖြင့် စွင်းမေ့လည်း အကြောင်သားဖြစ်သွားရ၏။

"ရှန်းဝေ့ ရှင်ရူးနေလား။ သူက တက္ကစီဒရိုင်ဘာလေ။ ဘာကိုဥက္ကဋ္ဌယဲ့လဲ"

"စွင်းမေ့… မင်း ဥက္ကဋ္ဌယဲ့ကို ဘယ်လိုပြောလိုက်တာလဲ။ ပြန်တောင်းပန်လိုက်။ သူက ရီတာ့အုပ်စုရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်ပဲ"

ရီတာ့အုပ်စု၏ရုံးခွဲရှိ ဌာနမန်နေဂျာတစ်ယောက်ဖြစ်သော ရှန်းဝေ့က ယဲ့ချန်း၏ပရိုဖိုင်းကို မြင်ဖူးထားသည်။

ထို့ကြောင့် သူ့ကောင်မလေးက ယဲ့ချန်းကို မထီမဲ့မြင်ပြောဆိုနေတာကို သိလိုက်ရချိန်မှာ သူ့မှာ ရူးမတတ်ကြောက်လန့်သွားရလေသည်။

"ဘာ? ရီတာ့အုပ်စုရဲ့ ပင်မရှယ်ယာရှင်လား?"

စွင်းမေ့ အံ့ဩသွားရသည်။ ယဲ့ချန်းဘေးရှိ ကျိုးစုစုလည်း ကြက်သေသေသွားသည်။

အမှန်တကယ်တော့ ယဲ့ချန်း၏သရုပ်မှန်က သာမန်မဟုတ်နိုင်ကြောင်း သူ(မ)သိထားသည်။ ထို့ကြောင့် ရဲကွန်ယက်မှတစ်ဆင့် သူ့အကြောင်းကို စုံစမ်းခဲ့သေးသည်။

သို့သော် ထင်မှတ်မထားပါဘဲ ယဲ့ချန်း၏ပရိုဖိုင်းမှာ Sအဆင့်အဖြစ် ခွဲခြားသတ်မှတ်ခံထားရသည်။ ထို့ကြောင့် သူ(မ) အချက်အလက်များကို မရယူနိုင်ခဲ့ပေ။

ယခုမှသာ ယဲ့ချန်း၏သရုပ်မှန်က ရီတာ့အုပ်စု၏ ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်နေကြောင်း သူ(မ) သိလိုက်ရ၏။

တစ်ချိန်တည်းမှာပင် နျိုမိသားစုမုန့်ဆိုင်၏ ဘေးဘက်တံခါးက ပွင့်လာသည်။ ထို့နောက် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က စားပွဲထိုးအနည်းငယ်နှင့်အတူ အပြင်သို့ အလျင်အမြန်ထွက်လာပြီး ယဲ့ချန်းရှေ့သို့ ရောက်လာခဲ့သည်။

ထိူလူငယ်လေးနှင့် သူ့နောက်ရှိ စားပွဲထိုးများမှာ သူ့အား တလေးတစားဦးညွှတ်လေသည်။

"ဘော့စ်"

စွင်းမေ့ခမျာ လုံးဝထိတ်လန့်သွားရလေတော့သည်။

ချမ်းသာကြွယ်ဝမှုဆိုတာဘာလဲ? အံ့ဩဖို့ကောင်းတယ်ဆိုတာ ဘာလဲ?

သူ့ကောင်မလေးကို တန်းစီစရာမလိုဘဲ မုန့်စားစေချင်ရုံသက်သက်ဖြင့် ဤလူက တစ်ဆိုင်လုံးကို ဝယ်ယူပစ်လိုက်သည်။

"ငါကြွားနေတယ်လို့ ထင်တုန်းပဲလား"

ယဲ့ချန်း နောက်ပြောင်လိုက်သည်။

"ကျွန်မ…"

"ဘာလဲ? မင်း ခုနတုန်းက ဥက္ကဋ္ဌယဲ့ကို ကဲ့ရဲ့နေခဲ့တာလား? ဥက္ကဋ္ဌယဲ့ကို အခုချက်ချင်းတောင်းပန်လိုက်"

ရှန်းဝေ့က ဒေါသတကြီးဆိုလိုက်လေသည်။

"ရှင်… ရှန်းဝေ့.. အဲဒါက ဘာအဓိပ္ပာယ်လဲ။ ကျွန်မက သူ့ကို ဘာလို့တောင်းပန်ရမှာလဲ။ ရှင်က ဘယ်သူ့ရည်းစားလဲ"

စွင်းမေ့ကလည်း ဒေါသတကြီးပြန်ပြောလိုက်သည်။

ရှန်းဝေ့ကတော့ အံတင်းတင်းကြိတ်ထားမိသည်။

ယဲ့ချန်းက ကုမ္ပဏီ၏ ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်၏။ သူ့ဘက်က စကားတစ်ခွန်းဟလိုက်သည်နှင့် သူလည်း ကုမ္ပဏီထဲမှ ကန်ထုတ်ခံရနိုင်သည်။ ထိုလူမှာ သူ စော်ကား၍မရသော လူတစ်ယောက်ပင်။

"စွင်းမေ့.. မင်း ဥက္ကဋ္ဌယဲ့ကို ချက်ချင်းမတောင်းပန်ဘူးဆိုရင် ငါ မင်းနဲ့ အခုချက်ချင်းလမ်းခွဲမယ်"

"ရှင်.. ရှင်က သူ့အတွက်နဲ့ ကျွန်မကို လမ်းခွဲချင်တယ်ပေါ့။ ဆန်ကုန်မြေလေးကောင်"

စွင်းမေ့ခမျာ သူ့ကောင်လေးက ဤမျှသိမ်ဖျင်းလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။

သူ(မ)ကသာ ရိုက်ချက်ကို ခံစားခဲ့ရသော်ငြား တောင်းပန်ဖို့လည်း အပြောခံရပေသည်။

ရှန်ဝေ့၏အကြည့်မှာ အေးစက်သွားသည်။ ထို့နောက် သူက လက်မြှောက်၍ စွင်းမေ့၏ပါးကို ရိုက်ချလိုက်လေတော့သည်။

စွင်းမေ့ခမျာ ရဲရဲနီပြီး ရောင်ရမ်းသွားသော သူ(မ)၏ပါးကို အုပ်ကိုင်ထားလျက် လုံးဝကြောင်အနေရှာသည်။

ရှန်းဝေ့က သူ(မ)အား အမြဲတစေ ကြင်နာပေးခဲ့ပြီး သူ(မ) လိုအပ်သမျှကို အကုန်ဖြည့်ဆည်းပေးခဲ့သည်။ သို့သော် ယခုတော့ ဤလူအတွက်နှင့် သူ(မ)အား ပါးရိုက်လိုက်သည်။

ရှန်းဝေ့က ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော့်ကောင်မလေးက ဘာမှမသိလို့ ခင်ဗျားကို စော်ကားမိသွားတာပါ။ ကျွန်တော် အခုချက်ချင်း သူနဲ့လမ်းခွဲလိုက်ပါ့မယ်"

ယဲ့ချန်းလည်း အနည်းငယ်နေရခက်သွားသည်။

တကယ်တမ်းတွင် အစမှ အဆုံးထိတိုင် သူ့ဘက်က ဘာမှများများစားစားမပြောခဲ့ပေ။

အစကတော့ စွင်းမေ့က ကျိုးစုစု၏သူငယ်ချင်းဖြစ်နေသည့်အတွက် ပြေရာပြေကြောင်း စကားအနည်းငယ်ပြောချင်ခဲ့သည်။

သို့သော် စွင်းမေ့က အပေါက်ဆိုးသည့် မိန်းမတစ်ယောက်အလား ကျိုးစုစုကို လက်ညှိုးထိုး၍ ဆူပူမာန်မဲလေတော့သည်။

"ကျိုးစုစု.. နင် တမင်သက်သက်လုပ်တာမလား။ နင် ငါ့ကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ။ ငါ့အနားမှာ ယောကျ်ားတစ်ယောက်ရှိလာတာနဲ့ နင် ဘာလို့ အမြဲ ဖျက်လိုဖျက်ဆီးလုပ်ရတာလဲ"

ထိုစကားကို ကြားပြီးနောက် ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။

"ရှန်းဝေ့.. ဒီလိုမိန်းမမျိုးနဲ့ လမ်းခွဲလိုက်တာပိုကောင်းတယ်"

ဤသို့ဖြင့် ယဲ့ချန်းလည်း ကျိုးစုစု၏လက်ကိုဆွဲကာ မုန့်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

တန်းစီနေကြသူများအားလုံးမှာ အံ့ဩကုန်ကြသည်။

"အဲဒီလူက သူ့ကောင်မလေး တန်းမစီရအောင် မုန့်ဆိုင်တစ်ဆိုင်လုံးကို ဝယ်ပစ်လိုက်တာတဲ့"

"ဘုရားရေ..လက်ဖွာလိုက်ပုံများတော့"

"မိုက်လိုက်တာ… ဒီလူက ဘာလို့ ငါ့အပိုင်မဖြစ်ရတာလဲ"

"နင် မမြင်ဘူးလား။ ဒီကိစ္စကြောင့် အဲဒီစုံတွဲ ပြတ်သွားရတာလေ"

…..

ယဲ့ချန်းနှင့် ကျိုးစုစုတို့ မုန့်ဆိုင်ထဲသို့ ဝင်သွားတာကိုကြည့်ရင်း တော်တော်များများက မနာလိုဖြစ်နေကြပြီး မျက်ဝန်းထဲမှာလည်း အမုန်းတရားများဖြင့် ပြည့်နှက်နေကြသည်။

လူကုံထံများက သူတို့စိတ်ကြိုက်လုပ်နိုင်သည်မှာ ငြင်းစရာတော့မရှိပေ။

မန်နေဂျာက ယဲ့ချန်းနှင့် ကျိုးစုစုတို့ကို ဗီအိုင်ပီအခန်းထဲသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ယဲ့ချန်းစိတ်ကျေနပ်စေရန်အတွက် မုန့်ဆိုင်မှ မုန့်ဆရာလူအိုကြီးကိုယ်တိုင် ယဲ့ချန်းနှင့် ကျိုးစုစုတို့အတွက် မုန့်ဖုတ်ပေးလေသည်။

ပူပူနွေးနွေးဂျုံမုန့်ညက်ကို ကြည့်ရင်း ကျိုးစုစု စားချင်စိတ်မရှိတော့ပေ။

"ဘာဖြစ်လို့လဲ? အတန်းဖော်အကြောင်း တွေးနေတုန်းပဲလား"

ကျိုးစုစုကလည်း ပြန်ဖြေလိုက်၏။

"ကျွန်မ စိတ်မကောင်းဖြစ်လို့ပါ။ ကျွန်မကြောင့်နဲ့ သူ့ကောင်လေးက သူ့ကိုလမ်းခွဲသွားတာ"

ယဲ့ချန်း ခေါင်းခါပြလိုက်သည်။

"စုစု..မင်းက အရမ်းသဘောကောင်းလွန်းတယ်။ အဲဒီမိန်းမက လက်ဖက်စိမ်းမလေ။ တချို့လူတွေက သူငယ်ချင်းဖြစ်လို့ရပေမဲ့ တချို့ကျတော့ မင်း သူတို့အပေါ် ဘယ်လောက်ကောင်းကောင်း ကျေးဇူးသိတတ်မှာမဟုတ်ဘူး"

ယဲ့ချန်း၏စကားများကို ကြားလိုက်ရပြီးနောက် ကျိုးစုစု ခေါင်းညိတ်လိုက်မိသည်။

"အင်း.. ကျေးဇူးပါ ယဲ့ချန်း"

ဂျုံမုန့်ညက်စားပြီးနောက် ယဲ့ချန်းလည်း ယာရှီအုပ်စု၏ဝင်ပေါက်သို့ ရောက်လာခဲ့သည်။

ကျန်းသုန်းက စုဝမ်ယိ၏ကုမ္ပဏီတွင် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း ယဲ့ချန်း ထင်မှတ်မထားပေ။

အစကတော့ အခြားလုပ်ငန်းစုတစ်ခုခုမှာ အလုပ်လုပ်နေသည်ဟုသာ ယဲ့ချန်း ထင်နေမိခြင်းပင်။

ထို့နောက် ယဲ့ချန်း စုဝမ်ယီ၏ဖုန်းနံပါတ်ကို နှိပ်လိုက်၏။

"ဝမ်ယိ.. မင်းတို့ကုမ္ပဏီမှာ ကျန်းသုန်းလို့ခေါ်တဲ့ လူတစ်ယောက်ရှိလား"

စုဝမ်ယိက ခဏမျှတုံ့ဆိုင်းသွားသည်။

"ကြားတော့ကြားဖူးတယ်"

"ဘယ်လိုအခြေအနေရှိလဲ"

ယဲ့ချန်း မေးလိုက်သည်။

"ကျန်းသုန်းက ကျွန်မတို့မားကတ်တင်းဌာနက အရာရှိတစ်ယောက်လေ။ အမှန်တော့ သူ့ကို မန်နေဂျာရာထူး တိုးပေးရမှာ။ ဒါပေမဲ့ သူ့မိန်းမက ကုမ္ပဏီမှာ ရုတ်တရက်ကြီးလာသောင်းကျန်းသွားတယ်လေ။ သူက အမျိုးသမီးဒါရိုက်တာတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်ဆိုပဲ။ အဲဒါကြောင့် သူ ရာထူးမတိုးတော့တာ"

"ဪ အဲဒီလိုကိုး"

"ကျန်းသုန်းက သူ့ယောက္ခမတွေနဲ့ တောင်အတူတက်ရင်း ဓာတ်ပုံရိုက်နေတုန်း အဲဒီစုံတွဲ တောင်ပေါ်ကပြုတ်ကျသွားတယ်တဲ့။ အဲဒါကြောင့် သူ ခွင့်ယူထားတာ။ ဒီနေ့မှ ရုံးပြန်တက်တယ်"

စုဝမ်ယိ ဆက်ပြောလိုက်၏။

"ဪ.. ကုမ္ပဏီမှာ သူ့လုပ်ဆောင်ချက်က ဘယ်လိုနေလဲ"

ယဲ့ချန်း ထပ်မေးလိုက်ပြန်သည်။

"သူ့လုပ်ဆောင်ချက်က အဆင်ပြေပါတယ်။ တော်တော်ရိုးသားပြီး စိတ်အားထက်သန်မှုရှိတယ်။ ကုမ္ပဏီမှာ အလုပ်လုပ်လာတာ ခုနစ်နှစ် ရှစ်နှစ်ရှိပြီ။ ဒါပေမဲ့ သူ့ကံက တော်တော်ဆိုးတာပဲ။ ဒီလိုကိစ္စမျိုးနဲ့ လာရှုပ်နေရတယ်လို့။ သူ့မိန်းမက ကွာရှင်းခွင့်တောင်းထားတယ်လို့လည်း ကြားမိတယ်။ ရှင် သူ့အကြောင်း ဘာလို့စိတ်ဝင်စားနေတာလဲ"

ယဲ့ချန်း ခဏမျှတွေးကြည့်ပြီးနောက် ရုတ်တရက်ပြောလိုက်လေသည်။

"စကားမစပ် ကျန်းသုန်းက မင်းကို တောင်တက်ဖို့ ခေါ်လာခဲ့ရင် လိုက်မသွားနဲ့နော်"

"တောင်တက်ဖို့လား။ အဲဒါက ဘာအဓိပ္ပာယ်လဲ"

ကျန်းသုန်း၏အခြေအနေကို သိလိုက်ရပြီဖြစ်သောကြောင့် ရှားလိကားဟောင်းလေးထဲတွင် ဆေးလိပ်သောက်ရင်း ကျန်းသုန်းကို စောင့်နေလိုက်သည်။

အလုပ်ချိန်ပြီးသွားသောအခါ ခြေတံရှည်သွယ်လှသော အလှပဂေးလေးများက ယာရှီအုပ်စု၏အဆောက်အအုံထဲမှ ထွက်လာသည်။

ဝိုး..ဝမ်ယိရဲ့ကုမ္ပဏီမှာ အလှပဂေးလေးတွေချည်းပါပဲလား…

ဤကုမ္ပဏီတွင် လုံခြုံရေးအဖြစ် အလုပ်လုပ်ရန် စုဝမ်ယိကို ပြောသင့်သလားဟုပင် ယဲ့ချန်း တွေးမိသည်။

ထိုအချိန်မှာပင် မျက်မှန်တပ်ထားသော အမျိုးသားတစ်ယောက်က လက်ဆွဲသေတ္တာကိုသယ်၍ ထွက်လာသည်။ ထိုလူငယ်လေးကို ယဲ့ချန်း ချက်ချင်းမှတ်မိလိုက်သဖြင့် မျက်ခုံးပင့်လိုက်မိသည်။

သားကောင်တော့ ရောက်လာပြီ!

အလျင်စလိုနိုင်နေဟန်တူသော ကျန်းသုန်းက ခေါင်းငုံ့လျက် မြေအောက်ရထားဘူတာရုံသို့ ခပ်မြန်မြန်လျှောက်နေသည်။

ရုတ်တရက်ပင် လူတစ်ယောက်က အနောက်မှ သူ့ပခုံးကို ပုတ်လိုက်သည်။

ကျန်းသုန်းလည်း လန့်ဖျပ်သွားပြီး ဆတ်ခနဲလှည့်ကြည့်လိုက်၏။

ယဲ့ချန်းကိုမြင်သောအခါ ကျန်းသုန်း၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။

"မင်းလား?"

ယဲ့ချန်းသည် ထိုနေ့တုန်းက လေဆိပ်မှ သူ့အားလာကြိုပေးသော တက္ကစီဒရိုင်ဘာဖြစ်ကြောင်း ကျန်းသုန်း မှတ်မိသည်။

ယဲ့ချန်းကလည်း ပြုံးပြုံးလေးဖြင့် မခံချိမခံသာဖြစ်အောင် ပြောလိုက်၏။

"ဘာလို့ ဒီလောက်တောင်လန့်သွားတာလဲ? သူခိုးတစ်ယောက်လို အပြစ်ရှိစိတ်ကို ခံစားနေရတာလား"

•••••••••••

All Chapters