← Chapters

မျက်နှာနာသွားသေးလား

Vol. 4 Ch. 57

မျက်နှာနာသွားသေးလား

Vol. 4 Ch. 57

ထိုအကြောင်းကို လင်းဖျင် စဉ်းစားနေရန်ပင် မလိုချေ။ ယဲ့ချန်း၏နာရီက သေချာပေါက် အတုကြီးဖြစ်သည်။

သူဆိုလျှင် ရိုးလက်စ်နာရီကိုဝတ်ထားပြီး အခွင့်အရေးကြုံလာတိုင်း ထုတ်ကြွားရန်အတွက် အင်္ကျီလက်အနားစကို လိပ်တင်တတ်သည်။

ယဲ့ချန်းကတော့ သူ့နာရီကို အင်္ကျီအောက်တွင်သာ တစ်ချိန်လုံးဝှက်ထားသည်။

အကယ်၍ ယဲ့ချန်း၏နာရီကသာ အစစ်ဖြစ်ပါက သူ့အင်္ကျီလက်အနားစကို ဘာလို့ခေါက်မတင်ရဲသလဲ။

ထို့ပြင် တက္ကစီဒရိုင်ဘာတစ်ယောက်က ဆယ်သန်းကျော်တန်သော နာရီတစ်လုံးကို ဝယ်နိုင်မှာတဲ့လား?

ယဲ့ချန်း၏နာရီက အတုဆိုသည်မှာ သေချာပြီးရင် သေချာနေသည်။

သူ့ရုပ်ရည်ကသာ ချောချင်ချောလိမ့်မည်။ သို့သော် ဤမျှဟန်ဆောင်ကောင်းလိမ့်မည်ဟုတော့ မည်သူကများ ထင်ထားမည်နည်း။

လင်းဖျင် လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

"မစ္စတာယဲ့.. ကျွန်တော်သိသလောက်ဆိုရင် ခင်ဗျားရဲ့နာရီက ဟွားနိုင်ငံမှာ တစ်ခုတည်းရှိတာ။ ပြီးတော့ အဲဒီနာရီကို ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က ဝယ်သွားတာလေ"

ထိုသို့ပြောရင်း လင်းဖျင်က ယဲ့ချန်း၏အမူအရာပြောင်းလဲမှုကို အကဲခတ်နေသည်။

အစကတော့ ယဲ့ချန်း၏မျက်နှာထက်တွင် ထိတ်လန့်သွားဟန် ပေါ်လာမည်ဟု သူထင်ထားခဲ့သော်ငြား ယဲ့ချန်းက တည်ငြိမ်နေသဖြင့် စိတ်ပျက်မိသည်။

သောက်ရေးမပါတာ.. ဒီလိုပြောပြီးတာတောင် ဒီလူက တည်ငြိမ်နေတုန်းပဲ…

စုချင်းကလည်း လှောင်ပြောင်လာချေသည်။

"တကယ့်နာရီအစစ်ကို သူဌေးတစ်ယောက်ကဝယ်သွားတာဆိုတော့ မစ္စတာယဲ့ပတ်ထားတဲ့နာရီက အတုပဲဖြစ်ရမယ်"

လင်းဖျင်နှင့် စုချင်းတို့မှာ‌‌ အော်မရယ်ဘဲ မနေနိုင်တော့ချေ။ ထိုစကားများကိုတော့ ထုတ်ပြောလိုက်ပြီဖြစ်ရာ သူသာ အသိတရားရှိလျှင် သူ့နာရီက အတုဖြစ်ကြောင်း ဝန်ခံသင့်သည်မဟုတ်လား။

လီဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤလူက ဆင်းရဲရုံသာမက ဟန်ဆောင်လည်းကောင်းသေးသည်။ သူ(မ)၏သမီးကို ဤလူနှင့် လက်ထပ်ခွင့်မပေးနိုင်ပေ။

"ကျွန်တော့်နာရီက အစစ်ပါ။ ဒီနာရီကို ကမ္ဘာကုန်သွယ်ရေးစင်တာထဲက Patek Philippeအရောင်းဆိုင်ကနေ ၁၇.၅၈သန်းနဲ့ ဝယ်ခဲ့တာ။ အတုမဖြစ်နိုင်ပါဘူး"

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဆိုလိုက်သည်။

လင်းဖျင်ကတော့ ပြောစရာစကားကင်းမဲ့သွားသည်။ ယခုအထိတောင် ထိုလူက ရယ်နိုင်သေးတာလား။

၁၇.၅၈သန်း?

မင်းလို တက္ကစီဒရိုင်ဘာလေးက ဒီလောက်ပိုက်ဆံအများကြီးကိုရဖို့ဆိုရင် ဘယ်နှဘဝလောက် ရှာရမလဲ?

လင်းဖျင်၏မျက်လုံးထဲတွင်မူ ယဲ့ချန်းက လူပြက်တစ်ယောက်သာသာပင်။

လင်းဖျင် ပြောလိုက်၏။

"ဒါဆိုလည်း ကောင်းပြီ။ ဖြစ်ချင်တော့ ငါ့သူငယ်ချင်းတစ်ယောက်က Patek Philippeအရောင်းဆိုင်ရဲ့မန်နေဂျာလေ။ ပုံမှန်ဆိုရင် ဒီလိုအဆင့်မြင့်နာရီတွေက ဝယ်ယူသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို သိမ်းထားတတ်တယ်။ ဒီတော့ ဒါက နာရီအစစ်ဟုတ်မဟုတ် ငါတို့ အတည်ပြုလို့ရတာပေါ့"

ယဲ့ချန်းက စုဝမ်ယိ၏မိတ်ဆွေဟု သိထားသဖြင့် လီဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုနာရီက အတုဆိုပါက ယဲ့ချန်းတစ်ယောက်တည်း အရှက်ကွဲရမည်မဟုတ်။ သူ(မ)၏သမီးလည်း အရှက်ကွဲရမည်ဖြစ်၏။

"ထားလိုက်ပါ။ အဲဒီလောက်အထိ မလိုပါဘူး"

လီဝမ်၏သဘောထားမှာ သိသာလှ၏။ ယဲ့ချန်း၏နာရီက အတုဖြစ်ကြောင်း သူ(မ) ယုံထားလိုက်လေပြီ။

စုဝမ်ယိ မျက်မှောင်ကြုတ်မိပြန်သည်။ သူ(မ)၏ဝမ်းကွဲနှင့် လင်းဖျင်တို့မှာ စည်းကျော်သွားချေပြီ။

"ယဲ့ချန်းရဲ့နာရီက အစစ်ဆိုတာ ငါယုံတယ်"

စုဝမ်ယိ ပြတ်ပြတ်သားသားပြောလိုက်သည်။

"တုံးအလိုက်တဲ့ ငါ့ညီမလေး.. တက္ကစီဒရိုင်ဘာတစ်ယောက်က ဆယ်သန်းတန်နာရီကို ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ။ ပြီးတော့ အခုလေးတင်ပဲ နာရီအစစ်ကိုဝယ်သွားတဲ့လူက နောက်ခံအင်အားတောင့်တင်းတဲ့ သူဌေးတစ်ယောက်ဆိုတာကို လင်းဖျင် ပြောထားတယ်လေ။ ဒီလူက လူလိမ်ပဲဖြစ်ရမယ်"

စုချင်းလည်း စုဝမ်ယိနားသို့ တီးတိုးကပ်ပြောလိုက်၏။

သို့သော် အနားရှိ ယဲ့ချန်းကတော့ သူ(မ)၏စကားကို ပြတ်ပြတ်သားသားကြားနေရသည်။

"ရပါတယ်။ မင်းတို့ အတည်ပြုချင်ကြတယ်မလား။ Patek Philippeအရောင်းဆိုင်ကို ဖုန်းဆက်ကြည့်လိုက်လေ"

ယဲ့ချန်း တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်သည်။

လီဝမ်ခမျာ ရူးမတတ်ဖြစ်သွားရသည်။

ငါ မင်းအတွက် လွတ်လမ်းဖောက်ပေးထားတယ်လေ။ ဒါပေမဲ့ မင်းကတော့ အဲဒါကိုလက်မခံဘဲ အဖော်ခံချင်နေတာလား?

ဤလူက ဟန်ဆောင်ကောင်းရုံတင်မကဘဲ ဦးနှောက်လည်းမရှိပေ။ ဤကဲ့သို့သော လူစားမျိုးနှင့် သူ(မ)၏သမီးကို ဘယ်လိုလုပ်ပြီး လက်ထပ်ပေးနိုင်မှာလဲ?

လင်းဖျင်လည်း သဘောတူလိုက်သည်။

"ကောင်းပြီ။ ယဲ့ချန်း.. ဒီနာရီက အတုဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်။ ဘာမှမဖြစ်ဘူး။ ငါတို့ မင်းကို မရယ်ပါဘူး။ ဒါပေမဲ့ ဖုန်းခေါ်လိုက်လို့ အတုဆိုတာကိုသိရရင်တော့ နေရခက်လိမ့်မယ်နော်"

ယဲ့ချန်း တဟားဟားရယ်လိုက်မိသည်။

"အဆင်ပြေပါတယ်။ ဖုန်းသာဆက်လိုက်ပါ"

လူသိရှင်ကြားစကားများထားပြီးပြီဖြစ်ရာ အဓိပ္ပာယ်မရှိသော စကားများကြောင့် ယဲ့ချန်း စိတ်အနှောင့်အယှက်အဖြစ်မခံနိုင်ပေ။

လင်းဖျင်၊ စုချင်းနှင့် လီဝမ်တို့လည်း ယဲ့ချန်းကို အထင်သေးဟန်ဖြင့် ကြည့်လိုက်မိကြသည်။

အခုထိတောင် ခေါင်းမာနေတုန်းပဲ။

လင်းဖျင် ဖုန်းခေါ်လိုက်လေတော့သည်။

"ဟယ်လို.. မန်နေဂျာချန်းလား။ ဟုတ်ကဲ့… ခင်ဗျားတို့ဆီမှာ အထူးထုတ်နာရီတစ်လုံးကို သိပ်မကြာခင်ကပဲ ရောင်းလိုက်သေးလား။ ၁၇၅နှစ်မြောက်အထူးထုတ်နာရီလေ"

"ဟုတ်တယ်။ ဟုတ်တယ်။ အဲဒီနာရီ.. အဲဒါက ဟွားနိုင်ငံမှာ တစ်ခုပဲရှိတာမလား"

"အဲဒီလူရဲ့ကိုယ်ရေးအချက်အလက်ကို ပေးလို့ရမလား။ ကျုပ် နာရီအကြောင်းမေးချင်လို့"

"ကောင်းပါပြီ။ ကျေးဇူးပဲဗျာ"

လင်းဖျင်ဖုန်းချလိုက်ပြီးနောက် သူ့ဝီချက်ထဲသို့ စာဝင်လာကြောင်း သတိပေးစာတက်လာလေသည်။

"ဖုန်းနံပါတ်တော့ရပြီ။ ယဲ့ချန်း.. ငါ မင်းကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်နော်။ တကယ်တော့ ဆင်းရဲသားတော်တော်များများက လူအထင်ကြီးခံရအောင် နာရီအတုတွေ ဝတ်တတ်ကြတာပါပဲ။ မင်းကို အရှက်မကွဲစေချင်ဘူး"

လင်းဖျင်က စုဝမ်ယိနှင့် လီဝမ်တို့ရှေ့တွင် ယဲ့ချန်းကို အရှက်ခွဲရန်အတွက် ထိုဖုန်းနံပါတက်ကို ခေါ်ဆိုပြီးနေလေပြီ။

သို့တိုင် စိတ်ကောင်းစေတနာရှိချင်ယောင်ဆောင်၍ ယဲ့ချန်းအား အရှက်မကွဲစေချင်ဘူးဟုပင် ပြောနေသည်။

ကြောင်သူတော်ဆန်လိုက်တာ!

"ယဲ့ချန်း… ကျွန်မ ရှင့်ကို ဝန်ခံလိုက်ဖို့ အကြံပေးချင်တယ်။ ဖုန်းက ခေါ်လိုက်ပြီနော်။ မကြာခင် ရှင့်မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို နာနေတော့မှာ"

စုချင်းက လှောင်ပြောင်သရော်လေဟန်လေသံဖြင့် ပြန်ပက်လိုက်၏။

ယဲ့ချန်းလည်း လှောင်ပြုံးပြုံးလိုက်သည်။

"ဪ တကယ်လား။ ဘယ်သူ့မျက်နှာ ဖြတ်ရိုက်ခံရမလဲဆိုတာတော့ စောင့်ကြည့်ကြတာပေါ့"

ယဲ့ချန်း၏စကားကို ကြားသောအခါ လင်းဖျင် ဟွန့်ခနဲနှာမှုတ်လိုက်သည်။

စုချင်းနှင့် လီဝမ်တို့ကလည်း သူ့အား စက်ဆုပ်ရွံရှာဟန်ဖြင့် ကြည့်လိုက်၏။

အခုအထိ မာန်ရေကျောရေနိုင်နေတုန်းပါလား! အကျနာတော့မှာပဲ!

လင်းဖျင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ဝမ်ယိ.. ကျွန်တော် မင်းရဲ့မိတ်ဆွေကို လေးစားသမှုထားပေးပြီးပြီနော်။ ကျွန်တော့်ကို သူကိုယ်တိုင် အတင်းဖုန်းဆက်ခိုင်းတာ"

အစောကတော့ လင်းဖျင်ကို လူကြီးလူကောင်းတစ်ယောက်ဟု စုဝမ်ယိ ထင်မိသည်။ သို့သော် ယခုတော့ ထိုလူ့ကို စက်ဆုပ်ရွံရှာနေမိတော့သည်။

အခြားလူများကသာ မသိချင်မသိဘဲရှိမည်။ စုဝမ်ယိကတော့ ယဲ့ချန်း၏သရုပ်မှန်ကို သိထားသည်။

ဆယ်သန်းကျော်တန်နာရီတစ်လုံးမှာ အခြားလူများအတွက်သာ ပုံပြင်တစ်ပုဒ်လို ဖြစ်ကောင်းဖြစ်နေနိုင်သော်လည်း ယဲ့ချန်းအတွက်တော့ သာမန်ပင်။

သူတို့အားလုံးက ယဲ့ချန်းကို အထင်အမြင်သေးနေကြသော်ငြား တကယ်တမ်းတွင် သူတို့ကသာ လူပြက်များ ဖြစ်နေခြင်းပင်။

လင်းဖျင်လည်း သရော်ပြုံးပြုံးလျက် ဖုန်းခေါ်လိုက်လေတော့သည်။ တစ်ချိန်တည်းမှာပင် စားပွဲပေါ်ရှိ ယဲ့ချန်း၏ဖုန်းကလည်း အသံမြည်လာခဲ့သည်။

အခန်းထဲတွင် လုံးဝတိတ်ဆိတ်သွားသည်။ လင်းဖျင်ခမျာ ယဲ့ချန်း၏ဖုန်းပေါ်တွင် ပေါ်နေသော ဖုန်းနံပါတ်ကို စိုက်ကြည့်ရင်း လက်များ တုန်ယင်လာသည်။

စုချင်းနှင့် လီဝမ်တို့လည်း ယဲ့ချန်း၏ဖုန်းမြည်သံကြောင့် အံ့ဩမှင်တက်သွားလေသည်။

သူတို့၏စိတ်အစဉ်ကား ဗလာကျင်းသွားလေသည်။ အစကတော့ ယဲ့ချန်းကို လှောင်ပြောင်ဖို့အတွက် သူ့တို့ အစီအစဉ်ချထားခဲ့ကြသည်။ အထူးသဖြင့် သူ့ရိုးလက်စ်နာရီကို ထုတ်ကြွားရန်ပြင်ထားသော လင်းဖျင်ပင်။

သို့သော် နာရီဝယ်သွားသူမှာ ယဲ့ချန်းဖြစ်နေလိမ့်မည်ဟုတော့ သူတို့ လုံးဝထင်မထားပေ။ တကယ်တမ်းတွင် ထိုနာရီကိုဝယ်သွားသူသော ဒဏ္ဍာရီလာသူဌေးကြီးမှာ ယဲ့ချန်းဖြစ်နေပေသည်။

လင်းဖျင်ခမျာတော့ ငိုချမိမတတ်ဖြစ်နေလေပြီ။

ယဲ့ချန်းက သူတို့ကုမ္ပဏီ၏ ဒုတိယအများဆုံးရှယ်ယာရှင်ဖြစ်နေချေသည်။ ပြောရလျှင် သူ့သူဌေးဟုပင် ဆိုရမည်။

မိတ်ဆွေများနှင့် အတန်းဖော်များရှေ့တွင် ဟိတ်ဟန်ထုတ်ပြခြင်းမှာ အဆုံးတွင် မျက်နှာပျက်ရရုံသာရှိ၏။ သို့သော် ကိုယ့်သူဌေးရှေ့တွင် ဟိတ်ဟန်ထုတ်ပြခြင်းကတော့ လုံးဝတုံးအခြင်းသာ။

အရေးအကြီးဆုံးမှာ သူသည် သူ့သူဌေးနှင့် မိန်းမတစ်ယောက်ကို ပြိုင်လုနေခြင်းပင်။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းလေလား။

ယဲ့ချန်းပြုံးလျက် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို.. ခင်ဗျားမျက်နှာ နာသွားသေးလား"

လင်းဖျင် မတ်တတ်ထရပ်ပြီး ယဲ့ချန်းကို ဦးညွှတ်လိုက်လေသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော် တောင်းပန်ပါတယ်။ ခင်ဗျားမှန်း မသိလို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

စုချင်းလည်း အံ့အားသင့်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရသည်။

"ဥက္ကဋ္ဌယဲ့ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ…"

ယဲ့ချန်းကမူ ယဉ်ကျေးပျူငှာစွာ လက်ခါယမ်းပြချေသည်။

"စိတ်မပူနဲ့။ အခုဖြစ်ခဲ့တဲ့ကိစ္စကို ငါ မေ့လိုက်ပြီ"

ယခုမူ လီဝမ် ဝမ်းသာသွားရလေတော့သည်။

အစောကတော့ ယဲ့ချန်းကို ဘယ်လောက်ကြည့်ကြည့် လက်မခံနိုင်ခဲ့သော်ငြား ယခုတော့ ဤလူက သူ(မ)မျက်လုံးထဲတွင် မျက်စိပသာဒဖြစ်နေသည်။ ယောက္ခမဖြစ်သူက သားမက်ကို တစ်စက္ကန့်အတွင်း အမြင်ကြည်သွားသည့်အလားပင်။

အမြင်ကောင်းရှိခြင်းကို ဘယ်လိုခေါ်လေသလဲ?

ငါ့သားမက်လောင်းလေးကို ကြည့်စမ်းပါဦး။ ရုပ်ချောပြီး ချမ်းသာရုံတင်မကဘူး။ ကျက်သရေကလည်း ရှိသေးတယ်။ အရမ်းပြီးပြည့်စုံတာပဲ!

အစောတုန်းက မာန်တက်နေခဲ့သူများက ယခုမှ အောက်ကျို့နေရသည့်အဖြစ်ကိုကြည့်ရင်း စုဝမ်ယိ မရယ်ဘဲ မနေနိုင်တော့ပေ။

စိတ်ကြိုက်သာကြွားလုံးထုတ်နေလိုက်ကြ.. ယဲ့ချန်းကမှ တကယ့်ဧကရာဇ်အစစ်ကိုသာ မသိဘူးလား? အခုတော့ နင်တို့တွေပဲ အရူးဖြစ်ရပြီမလား?

လင်းဖျင်ခမျာ ပင်အပ်များပေါ်တွင် ထိုင်နေရသည့်အလား ယဲ့ချန်းကို ဦးညွှတ်နေရသည်။

"မစ္စတာယဲ့… ကျွန်တော် ကုမ္ပဏီမှာ ကိစ္စလေးတစ်ခုရှိတာ အခုမှသတိရလို့။ ခင်ဗျားတို့တွေ သုံးဆောင်ကြပါဦး။ ကျွန်တော် အရင်ပြန်နှင့်လိုက်မယ်နော်"

အစကတော့ ဤနေရာကို ကြင်ဖက်တွေ့ဖို့ လာခဲ့သော်ငြား ပြိုင်ဘက်က သူ့သူဌေးဖြစ်နေမှတော့ အရေးမပါတော့ပေ။

လင်းဖျင်ပြန်သွားသောအခါ စုချင်းက အလောတကြီးမေးလိုက်မိသည်။

"မစ္စတာယဲ့..တက္ကစီမောင်းရတာက ရှင့်ဝါသနာလား"

ယဲ့ချန်း ပေါ့ပေါ့ပါးပါးရယ်လိုက်လေသည်။

"အဲလိုလည်းမဟုတ်ပါဘူး။ တက္ကစီမောင်းတာက တော်တော်အဆင်ပြေတယ်လေ။ လွတ်လွတ်လပ်လပ်ရှိပြီး လူပေါင်းစုံနဲ့တွေ့ရတယ်။ ပိုက်ဆံလည်းဝင်တယ်လေ"

လီဝမ်ကတော့ ရယ်ရယ်မောမောပင်။

"ငါ့သမီးက ယောကျ်ားကောင်းတွေကို ကြည့်တတ်တဲ့အမြင်ရှိတာပဲ။ သူ့ကောင်လေးက ချောလည်းချော အရည်အချင်းလည်းရှိပြီး အခက်အခဲတွေကိုလည်း ရင်ဆိုင်နိုင်စွမ်းရှိတယ်"

"အမှန်ပဲ။ အမှန်ပဲ။ နောက်မှ ကျွန်မရဲ့အသုံးမကျတဲ့ယောက်ျားကိုလည်း တက္ကစီမောင်းခိုင်းရမယ်။ ဘီလျံနာတွေကတောင် တက္ကစီမောင်းနေရင် သူက အိမ်မှာနေနေတာ မရှက်ဘူးလား"

စုချင်းကလည်း ဝင်ထောက်ခံလိုက်၏။

…

ယဲ့ချန်း ခပ်ဖွဖွသာပြုံးလိုက်၏။ ကြည့်ရသည်မှာ ယနေ့ ယောက္ခမကြီးနှင့် တွေ့ဆုံမှုမှာ အောင်မြင်သွားလေပြီ။

••••••••••••••

All Chapters