← Chapters

လူကုံထံအစစ်

Vol. 4 Ch. 60

လူကုံထံအစစ်

Vol. 4 Ch. 60

"အမလေးနော်.. ဒီနေ့ခေတ် ယောကျ်ားတွေများ တော်တော်ရဲတင်းတာပဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်ကတောင် သန်း၇၀တန်ပြိုင်ကားကို သူ့ကားပါလို့ ‌ပြောရဲနေပြီ"

ထိုအလှလေးက ယဲ့ချန်းကို သရော်လေဟန်အမူအရာဖြင့် ကြည့်လိုက်၏။

"လူငယ်လေး.. ဒီကားကို ဘယ်လိုခေါ်လဲဆိုတာသိလား။ Hennessy Poisionပြိုင်ကား.. သန်း၇၀ပေး၇တယ်။ ရှင် ဘယ်နှဘဝလောက် ကားမောင်းမောင်း ဒီကားကို ဝယ်နိုင်မှာမဟုတ်ဘူး"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလျက် သူ့အိတ်ကပ်ထဲမှ သော့ကို ထုတ်ယူကာ နှိပ်လိုက်လေသည်။

"ဆောရီး.. ဒီကားက ငါ့အပိုင်မို့ ပိုက်ဆံရှာစရာမလိုလောက်တော့ဘူး"

လူအုပ်ကြီးထံမှ အံ့အားသင့်နေသော အကြည့်များအောက်တွင် ယဲ့ချန်းလည်း ထိုပြိုင်ကားထဲသို့ဝင်ထိုင်လိုက်သည်။

ပြိုင်ကား၏ စက်သံနှင့်အတူ ယဲ့ချန်းလည်း ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီး ကျန်နေခဲ့သူများကတော့ မယုံနိုင်လောက်အောင်ဖြစ်နေကြသည်။

"အမလေး.. ဒီနေ့ခေတ် တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင်အံ့ဩဖို့ကောင်းနေပြီလား။ တက္ကစီမောင်းဖို့အတွက် သန်း၇၀တန်ပြိုင်ကားကို စီးတယ်ပေါ့လေ"

ယဲ့ချန်းလည်း မိုတုအများပြည်သူလုံခြုံရေးဌာနသို့ မောင်းသွားလိုက်သည်။ သူ ကျိုးစုစုနှင့်အတူ ညစာစားရန် ကြိုချိန်းထားသည်။

ကားအသစ်တစ်စီးရှိနေမှတော့ ထိုမိန်းကလေးကို အထင်ကြီးလာအောင် လုပ်မှဖြစ်မည်။

မိုတုအများပြည်သူလုံခြုံရေးဌာန၏ရှေ့တွင် တောက်ပြောင်နေသော လမ်ဘော်ဂီနီကားတစ်စီး ရပ်ထားလေသည်။ အာမန်နီဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က ထိုကားရှေ့တွင် ရပ်နေသည်။ သူ့လက်ထဲတွင်လည်း ပန်းစည်းတစ်စည်းကို ကိုင်ထား၏။

ကျိုးစုစုမှာ အောက်ထပ်သို့ငုံ့ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤလူက ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ပင်။ လွန်ခဲ့သည့်တစ်လတုန်းက သူ့ကို ဂန်းစတားတစ်ယောက်က ပြန်ပေးဆွဲသွားသဖြင့် ကျိုးစုစုလည်း ထိုအခန်းထဲသို့ စီးနင်းဝင်ရောက်၍ ရာဇဝတ်သားကို ဖမ်းဆီးခဲ့သည်။

ထိုအချိန်ကတည်းက ဤသူဌေးသားက သူ(မ)ကို ကပ်တွယ်နေခြင်းပင်။ အောက်ထပ်တွင် နေ့တိုင်း ပန်းလာပို့သည်။ သူ့ကို ကယ်တင်ခဲ့ခြင်းမှာ သူ(မ)၏တာဝန်ပင်။ သို့သော် သူ့အပေါ် ဘာခံစားချက်မှမရှိပေ။

သို့သော် ဤသူဌေးသားကတော့ အရှက်မရှိပေ။ ဌာန၏ဝင်ပေါက်တွင် သူ(မ)အား နေ့တိုင်းလာစောင့်နေတတ်သည်။

"စုစု.. နင် တော်တော်ကံကောင်းတာပဲ။ ကျန့်ဟန်ရဲ့မိသားစုက အိမ်ခြံမြေလုပ်ငန်းလုပ်တာတဲ့။ အဲဒီလုပ်ငန်းက ဘီလျံပေါင်းများစွာ တန်ဖိုးရှိတယ်ဆိုပဲ"

ရဲမေရှောင်ချန်းက ဤသို့ဆိုလာလေသည်။

"အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ"

"နင်သိသားပဲ… လူကုံထံမိသားစုတစ်ခုထဲကို လက်ထပ်ပြီးဝင်သွားနိုင်မဲ့ ဒီလိုအခွင့်ကောင်းမျိုးကို နင် လက်လွှတ်ခံလို့မဖြစ်ဘူး။ ငါသာဆိုရင် အစောကြီးကတည်းက သူနဲ့တွဲလိုက်ပြီ"

"နင် သူ့ကိုကြိုက်ရင် ငါ နင့်ကို အလကားပေးမယ်။ ငါ့မှာ ဖြေရှင်းရမဲ့အမှုတွေမှ အများကြီးပဲ။ ရည်းစားထားဖို့ ဘယ်မှာအချိန်ရှိမှာလဲ"

ကျိုးစုစုလည်း လက်ထဲရှိ စာရွက်စာတမ်းများကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။

ထိုရဲမေရှောင်ချန်းကလည်း သက်ပြင်းချလိုက်လေသည်။

"လီဝမ်အာက ငါအကြိုက်ဆုံးမင်းသမီးတစ်လက်.. အခုလိုပုံစံမျိုးနဲ့ သေသွားတာတော့ နှမြောစရာပဲ"

ကျိုးစုစု ခပ်တင်းတင်းမျက်မှောင်ကြုတ်လိုက်မိသည်။

"သံသယရှိသူတွေအကုန်လုံးကို စစ်ဆေးမေးမြန်းပြီးပြီ။ သဲလွန်စတွေကိုလည်း စစ်ဆေးပြီးပြီ။ ဒါပေမဲ့ ဘာရလဒ်မှ ထွက်မလာဘူး"

ထိုအချိန်မှာပင် အောက်ထပ်မှ သီချင်းသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

"စုစု ကိုယ်မင်းကိုချစ်တယ်.. ကိုယ့်ကို အခွင့်အရေးတစ်ခုလောက်ပေးပါ စုစု"

အပြင်ဘက်ရှိ ဆူညံသံများကို ကြားသောအခါ ကျန်းစုစု ဒေါသထွက်မိသည်။ အမှုကိစ္စကြောင့် စိတ်ရှုပ်နေသည့်ကြားက ထိုသူဌေးသားက အပြင်မှာ ပြဿနာလာရှာနေသည်ဖြစ်ရာ သူ(မ)လည်း စိတ်မတိုဘဲ မနေနိုင်တော့ပေ။

ကျိုးစုစု အောက်ထပ်သို့ဆင်းသွားလိုက်ပြီးနောက် တံခါးဝနားတွင် မတ်တတ်ရပ်လိုက်သည်။

ကျိုးစုစုကိုမြင်လိုက်ရချိန်ဝယ် ကျန့်ဟန်မှာ စိတ်လှုပ်ရှားသွားရပြီး ပန်းစည်းကိုကိုင်ထားရင်း ကျိုးစုစုရှေ့၌ ဒူးတစ်ဖက်ထောက်ချလိုက်သည်။

"စုစု ကိုယ့်ကိုလက်ထပ်ပါ"

ထိုသို့ပြောပြီးနောက် ကျန့်ဟန်က သူ့အိတ်ကပ်ထဲမှ လက်စွပ်တစ်ကွင်းကို ထုတ်လိုက်၏။

မိုတုအများပြည်သူလုံခြုံရေးဌာနရှေ့မှာ လူများ ဝိုင်းအုံနေကြသည်။ ထိုစိန်လက်စွပ်ကို မြင်သောအခါ လူတိုင်း အံ့ဩကုန်ကြသည်။

အထူးသဖြင့် မိန်းကလေးများ၏ မျက်ဝန်းများမှာ တောက်ပလင်းလက်သွားလေသည်။

"အဲဒီမိန်းကလေးက တော်တော်ကံကောင်းတာပဲ။ ငါသာဆိုရင် သေချာပေါက်လက်ခံလိုက်မှာ"

"ဇိမ်ခံကားလည်းရှိပြီး ချမ်းလည်းချမ်းသာတဲ့အပြင် အဲဒီလူငယ်လေးက ရုပ်ရည်လည်း မဆိုးပါဘူး။ သူ သေချာပေါက်လက်ခံမယ်ထင်တယ်"

"သူ့ကို လက်ထပ်ပါ။ သူ့ကိုလက်ထပ်ပါ…"

လူအုပ်ထဲရှိ လူတချို့ကတော့ စတင်အော်ဟစ်နေကြလေပြီ။

ကျိုးစုစု၏မျက်နှာမှာ ရေခဲအလား အေးစက်နေသည်။

"ဒီနေရာကနေ အခုချက်ချင်းထွက်သွားပါ။ မသွားလို့ကတော့ အများပြည်သူငြိမ်ချမ်းရေးကို နှောင့်ယှက်မှုနဲ့ ဖမ်းရလိမ့်မယ်"

ကျန့်ဟန်က ဤစကားကိုကြားသည့်တိုင် လုံးဝဒေါသမထွက်ပေ။ ထိုအစား ပျော်ပျော်ကြီးလက်မြှောက်လိုက်သည်။

"စုစု..ကိုယ့်ကို လက်ထိပ်ခတ်လိုက်ပါ။ ကိုယ် တစ်သက်လုံး လိုလိုလားလားနဲ့ မင်းရဲ့အကျဉ်းသားဖြစ်ပေးပါ့မယ်"

ကျိုးစုစု အန်မိတော့မတတ်ပင်။ ထိုအချိန်တုန်းက ပြန်ပေးသမားများအား ဤလူ့ကို သတ်ခွင့်ပေးလိုက်သင့်သည်။

ပတ်ပတ်လည်ရှိ လူအုပ်ကြီးကတော့ တိုက်တွန်းနေကြပေသည်။

"အလှလေး..သူ့ကိုသာ လက်ထပ်လိုက်စမ်းပါ။ သူက အရမ်းချောပြီး ချမ်းလည်းချမ်းသာတယ်။ ဘယ်လောက်ကောင်းလိုက်သလဲ"

"ဟုတ်တယ်။ ဒီလိုစိန်အဆင့်လူပျိုတစ်ယောက်ကို ဘယ်မှာရှာတွေ့ဦးမှာလဲ။ လက်ထပ်လိုက်စမ်းပါ"

"လမ်ဘော်ဂီနီကားနဲ့စိန်လက်စွပ်တဲ့.. သိပ်ပျော်ဖို့ကောင်းတာပဲ။ မိန်းကလေး..အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်"

"သူ့ကိုဖမ်းလိုက်"

"သူ့ကိုဖမ်းလိုက်"

"သူ့ကိုဖမ်းလိုက်"

……

ကျန့်ဟန်၏လက်ပါးစေတချို့က တစ်ညီတစ်ညာတည်း စတင်ကြွေးကြော်လာသည်။

ထိုအချိန်တွင် လူအမြောက်အများက ဌာနရှေ့တွင် အုံခဲလာသဖြင့် ကျိုးစုစု၏အမူအရာလည်း ပိုမိုပျက်ယွင်းသွားရသည်။

သူ(မ) တကယ်ပဲ ကျန့်ဟန်ကို ရဲစခန်းထဲသို့ ဆွဲခေါ်သွားလိုက်ချင်သည်။ သို့သော် ထိုသို့ဆိုလျှင် သူ့လှည့်ကွက်ထဲ ကျသွားပေလိမ့်မည်။

သူ(မ) ချီတုံချတုံဖြစ်နေချိန်မှာပင် သားရဲကောင်အလား အော်ဟစ်သံကြီးတစ်ခုနှင့်အတူ တောက်ပြောင်လှသော ပြိုင်ကားတစ်စီးက လှပပြောင်မြောက်စွာ ကွေ့ဝိုက်ပြီး ကျိုးစုစုရှေ့တွင် ရပ်လိုက်သည်။

ကျန့်ဟန်က ကျိုးစုစုရှေ့တွင် ဒူးထောက်ရင်း သူ(မ)ထံမှ အဖြေကို စောင့်ဆိုင်းနေသဖြင့် ဖုန်မှုန့်များ လိပ်တက်လာသောအခါ အပြင်းအထန်ချောင်းဆိုးမိသွားသည်။

"ဘယ်သူလဲကွ? ကားကို မဆင်မခြင်ထိုးရပ်လိုက်တာ ဘယ်သူလဲ"

သူ ကြိုးကြိုးစားစားဖန်တီးထားရသော ရိုမန့်တစ်ဆန်လှ‌သော လေထုမှာ ယဲ့ချန်းကြောင့် ပျက်စီးသွားရလေပြီ။

ယဲ့ချန်းကမူ ကားထဲမှထွက်လာလိုက်သည်။ ဒူးထောက်နေသော ကျန့်ဟန်နှင့် အေးတိအေးစက်အမူအရာရှိသော ကျိုးစုစုကို မြင်လိုက်ရသည်နှင့် အခြေအနေအလုံးစုံကို နားလည်သွားသည်။

"စုစု ‌တောင်းပန်ပါတယ်။ ကိုယ် နောက်ကျသွားတယ်။ မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ဒီငတုံးက ဘယ်သူလဲ"

"ငတုံး!"

ကျန့်ဟန်ခမျာ ဒေါသကြောင့် ပေါက်ကွဲလုနီးပါးဖြစ်သွားသည်။ ထို့ကြောင့် ဒေါသတကြီး မတ်တတ်ထရပ်လိုက်၏။

"မင်းက ဘယ်သူလဲ"

ယဲ့ချန်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါက စုစုရဲ့ကောင်လေး.. မင်း မြေကြီးထဲကနေ မုန်လာဥတွေ နှုတ်နေတာလား"

"ငါ.."

ကျန့်ဟန် ခွန်းတုံ့ပြန်လိုက်ချင်သော်ငြား ယဲ့ချန်း၏စကားများမှာ တစ်ခုခုထူးဆန်းနေကြောင်း သတိထားလိုက်မိသည်။

ယဲ့ချန်းက သူ့ကိုယ်သူ သူ(မ)၏ချစ်သူဟု ပြောလိုက်သဖြင့် ကျိုးစုစုလည်း ရှက်သွေးဖြာသွားရသည်။ သို့သော် စကားတစ်ခွန်းမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေလိုက်သည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ(မ)ကို အကျပ်အတည်းထဲမှ ကူညီပေးနေခြင်းသာ။

လူချောလေးနောက်တစ်ယောက် ပေါ်လာတာကို မြင်လိုက်ရသောအခါ ပွဲကြည့်နေကြသော လူအုပ်ကြီးလည်း ပို၍စိတ်လှုပ်ရှားသွားသည်။

"အမလေး..ဒီကောင်လေးက တော်တော်ချောတာပဲ"

"ပြီးတော့ သူ့ကားက လမ်ဘော်ဂီနီထက် ပိုသာမဲ့ပုံပဲ"

"လာနောက်နေတာလား။ မင်း အဲဒီကားကို မသိဘူးလား။ ငါ ဒီကားကို လိုင်းပေါ်မှာ မြင်ဖူးတယ်။ Poisonက သန်း၇၀ကျော်တောင် ပေးရတယ်။ အဲဒီလမ်ဘော်ဂီနီကဖြင့် ဆယ်သန်းကျော်ပဲရှိတာ"

"ရဲမေအချောလေးက ဂရုမစိုက်တာ မထူးဆန်းတော့ပါဘူး။ သူ့ကောင်လေးနဲ့ယှဉ်လိုက်ရင် ဟိုကောင်လေးက အမှိုက်သာသာပဲရှိတာကိုး"

…….

လူအုပ်ကြီးထံမှ စကားများကို ကြားသောအခါ ကျန့်ဟန်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

"ဦးရာလူစနစ်ဆိုတာကို မင်းနားမလည်ဘူးလား။ ငါ ဒီကိုအရင်ရောက်တာ"

ယဲ့ချန်းကလည်း လှောင်ပြုံးပြုံးလိုက်၏။

"မင်းက ငါ့လောက်ချောလို့လား။ မင်းရဲ့စတိုင်လ်က ငါ့ထက်ပိုမြင့်လို့လား။ မင်းရဲ့ကားက ငါ့ကားလောက် တန်ဖိုးကြီးလို့လား"

ကျန့်ဟန်ခမျာ ပြောစရာစကားရှာမရတော့ပေ။ ယဲ့ချန်းက သူ့ထက် ပိုချောတာလည်း အမှန်ပင်။ စတိုင်လ်အရလည်း ယဲ့ချန်း၏ဝတ်စုံနှင့် လက်ကောက်ဝတ်ပေါ်ရှိ Patek Philipeနာရီကြောင့် ကျန့်ဟန်မှာ နောက်ကောက်ကျနေသည်။

ကားကလည်း သူ့လမ်ဘော်ဂီနီမှာ အနိမ့်စားမော်ဒယ်လ်မျှသာဖြစ်ပြီး ယဲ့ချန်း၏ Poisonကတော့ ကမ္ဘာပေါ်ရှိ ထိပ်တန်းဇိမ်ခံကားသုံးမျိုးထဲမှ တစ်ခုဖြစ်သည်။

"ငါ…"

ယဲ့ချန်းက ကျန့်ဟန်၏ပခုံးကို ပုတ်ပေးလိုက်သည်။

"လူငယ်လေး.. မင်း ကြွားချင်တယ်ဆိုရင် နောက်တစ်ခါ ပိုကောင်းတဲ့ကားတစ်စီးနဲ့လာခဲ့။ အနည်းဆုံးတော့ အဆင့်မြင့်တဲ့မော်ဒယ်လောက်တော့ ဖြစ်သင့်တယ်လေ။ အဲဒီကားက တအားအဆင့်နိမ့်လွန်းတယ်"

ကျန့်ဟန်ခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

"စုစု.. ကိုယ် မင်းကိုတကယ်ချစ်တာပါ။ မင်းက ဥစ္စာမက်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာ ကိုယ်သိတယ်"

ကျိုးစုစုကမူ ကျန့်ဟန်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဆောရီးပဲ။ ကျွန်မက အရမ်းဥစ္စာမက်တာ။ ရှင်က ကျွန်မကို လိုက်ပိုးဖို့တောင် အရည်အချင်းမရှိဘူး။ နောက်တစ်ခါထပ်မလာခဲ့နဲ့တော့"

ကျိုးစုစုလည်း ကပ်တွယ်တတ်သော ဤအနှောင့်အယှက်ကို ခွာချပစ်နိုင်မည့် အခွင့်ကောင်းတစ်ခုကို လက်လွှတ်မခံနိုင်ပေ။

ကျန့်ဟန်က ယဲ့ချန်းကိုတစ်လှည့်၊ ဩဇာညောင်းလှသော Hennessy Poisonပြိုင်ကားကိုတစ်လှည့် ကြည့်လိုက်မိသည်။

သူဂုဏ်အယူရဆုံးနယ်ပယ်ထဲမှာ ရှုံးနိမ့်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။

ကျန့်ဟန်လည်း အင်တင်တင်ဖြင့် ခြေဆောင့်၍ သူ့ပြိုင်ကားထဲသို့ဝင်ကာ ထွက်သွားလေတော့သည်။

"အမလေး.. ဒီလူက မျက်စိတောင်ကျိန်းချင်စရာကောင်းအောင် တောက်ပြောင်နေတာပဲ"

"ဟိုကောင်လေးကတင် တော်တော်အထင်ကြီးဖို့ကောင်းနေပြီလို့ ငါထင်နေတာ။ ဘယ်ဟုတ်မလဲ။ ဒီကောင်လေးကမှ တကယ့်လူကုံထံစစ်စစ်"

"ကောင်လေးက အရမ်းချောသလို ကောင်မလေးကလည်း တော်တော်လှတယ်။ သူတို့နှစ်ယောက်က နတ်ဖက်တဲ့စုံတွဲလိုပဲ"

ပတ်ပတ်လည်ရှိ စကားသံများကိုကြားသော် ကျိုးစုစု၏မျက်နှာမှာ ရှက်သွေးဖြာလေတော့သည်။

••••••••••••••

All Chapters