← Chapters

သိုင်းပြိုင်ကွင်း တိုက်ပွဲ…

Vol. 1 Ch. 14

သိုင်းပြိုင်ကွင်း တိုက်ပွဲ…

Vol. 1 Ch. 14

~"ယန်မျိုးနွယ်စုခေါင်းဆောင်... ဒီအချိန်အတောအတွင်းမှာ ခင်ဗျားရော ခင်ဗျားရဲ့မိသားစုပါ ဘယ်သူ့ကိုမှ မစော်ကားမိအောင် ရှောင်ကြဉ်ဖို့ ကျွန်တော်အကြံပြုပါရစေ...။ ဒီတစ်ခါကတော့ ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲလိုက်ရုံလေးပါ...။ နောက်တစ်ခါကျရင်တော့ ဒီလောက်မရိုးရှင်းတော့ဘူး နော်..."

ယူဝမ်ရှုံးသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ထပ်လောင်းမှာကြားလိုက်လေ၏။

ဤသည်မှာ ယူဝမ်ရှုံးက ယန်ချင်းယွင်အား သတိပေးစကားဆိုခြင်းပင်။ သူ နားထောင်သည် ဖြစ်စေ၊ မထောင်သည် ဖြစ်စေ ယန်မိသားစု၏ ကိစ္စသာ ဖြစ်ပေတော့မည်။

"ယန်မျိုးနွယ်စု ခေါင်းဆောင်... ကျေးဇူးပြုပြီး ကြွပါ..."

ကျန်းဟန်က ယဉ်ကျေးစွာဖြင့် လက်ဟန်ပြလိုက်သည်။

"ဟမ့်..."

ယန်ချင်းယွင်သည် နှာခေါင်းတစ်ချက်ရှုံ့ကာ သူ၏ ဝတ်ရုံလက်စကို ဟူးခနဲ ဝှေ့ယမ်းလိုက်ပြီး မကြည်မလင် လှည့်ထွက်သွားတော့သည်။

ယန်ယွင်နှင့် အခြားသူများမှာလည်း သူ၏နောက်သို့ ဒရောသောပါး လိုက်ပါသွားကြလေ၏။

'ယန်ချင်းယွင်... ငါတို့ရဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ခင်မင်မှုအတွက် ငါ ကူညီနိုင်တာက ဒီလောက်ပဲ...။ မင်းတို့ စော်ကားမိခဲ့တဲ့ အမှိုက်ကောင်က မင်းတို့ တစ်ဘဝလုံး ယှဉ်ပြိုင်နိုင်မှာ မဟုတ်တဲ့သူမျိုး ဖြစ်လောက်တယ်...'

ယူဝမ်ရှုံးသည် သူ့ဘာသာ သက်ပြင်းချလိုက်သည်။

ယူဝမ်ရှုံးသည် လူအ တစ်ယောက် မဟုတ်ပေ။ ဖုန်းဝူချန်၏ အံ့ဖွယ်စွမ်းရည်များက သူ၏ အနာဂတ် အောင်မြင်မှုများသည် တိုင်းတာ၍ မရနိုင်ကြောင်း ညွှန်ပြနေသည် မဟုတ်ပါလား။

...

သို့မဟုတ်လျှင် ယူဝမ်ရှုံးသည် ဝမ်ပေါင်ကုန်တိုက်၏ စီးပွားရေးလုပ်ပိုင်ခွင့်များကို ဖုန်းဝူချန်ထံသို့ လွှဲပြောင်းပေးလိုမည် မဟုတ်ပေ။

ဟုတ်ပါ၏...။ ဒါက ယူဝမ်ရှုံး၏ ဗျူဟာများထဲမှ တစ်ခုလည်း ဖြစ်နိုင်ပါ၏။ ဖုန်းဝူချန်နှင့် မိတ်ဆွေဖွဲ့ခြင်းသည် သူ့အတွက် အကျိုးကျေးဇူးများသာ ရှိပြီး ဆိုးကျိုးတစ်စုံတစ်ရာ မရှိပေ။

"ကုန်တိုက်ပိုင်ရှင်... ဖုန်းဝူချန်က ယန်မိသားစုကို လုံးဝဖျက်ဆီးပစ်ဖို့တော့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်..."

တာဝန်ခံကျန်းက ဖုန်းဝူချန်၏ အမည်ကိုပင် ကြားရုံဖြင့် ကြက်သီးထလာရကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ယူဝမ်ရှုံးသည် ခဏတာတိတ်ဆိတ်သွားပြီးမှ ပြန်လည်တုံ့ပြန်လိုက်သည်။

"ငါလည်းမသိဘူး...။ ဒါပေမဲ့ ဖုန်းဝူချန်ရဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို ကြည့်ရရင် သူက ယန်မိသားစုကို မလွှတ်ပေးလောက်ဘူး...။ ဒါပေမယ့် ယန်မိသားစုကလည်း အသေးအဖွဲတော့ မဟုတ်ဘူး...။ ဒါကြောင့် သူ ဘာလုပ်မလဲ ဆိုတာ မသေချာဘူး..."

ယူဝမ်ရှုံးက ထပ်လောင်း

ပြောဆိုလိုက်၏။

"စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲလိုက်တာက ပထမ ခြေလှမ်းပဲ ဖြစ်နိုင်တယ်…”

ကျန်းဟန်သည် မျက်မှောင်ကြုတ်ရင်း နားမလည်နိုင်စွာဖြင့် မှတ်ချက်ချသည်။

"ကုန်တိုက်ပိုင်ရှင်... ကျွန်တော် သိသလောက်တော့ ဖုန်းဝူချန်က အရင်က ဒီလောက် ကြမ်းတမ်းခဲ့တာ မဟုတ်ဘူး...။ မော့လင်အာကြောင့်များ ဖြစ်နိုင်မလား...။ ဖုန်းဝူချန်က မော့မိသားစုကိုပါ ပစ်မှတ်ထားတော့မှာလား..."

"မင်း အဲ့ဒါကို စိတ်ပူစရာ မလိုဘူး...။ ဖုန်းဝူချန်ကို ငါတို့ဘက် ဆွဲခေါ်နိုင်တာက ငါတို့အတွက် အရမ်း

အကျိုးရှိတယ် ဆိုတာကိုပဲ သိထားလိုက်...။ မင်းသာ အသက် ဆက်ရှင်ချင်သေးတယ်ဆိုရင် မေးခွန်းတွေ အများကြီး မမေးနဲ့..."

ယူဝမ်ရှုံးက သူ၏ လက်ကို ပမာမခန့် ဝှေ့ယမ်းလိုက်၏။

"ဟုတ်... ဟုတ်ကဲ့..."

ကျန်းဟန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။

မြို့ထဲရှိ လူတိုင်းသည် ထိုအကြောင်းကို ပြောဆိုနေကြသော်လည်း ဝမ်ပေါင်ကုန်တိုက်က ယန်မိသားစုနှင့် စီးပွားရေးကို အဘယ်ကြောင့် ရုတ်တရက် ရပ်စဲလိုက်သည်ကို မည်သူမျှမသိကြပေ။ လင်းမိသားစုပင်လျှင် ထိုသို့ပြုလုပ်ခဲ့သည်တကား။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဖုန်းမိသားစုပင်။ သို့သော် ၎င်းသည် ဖြစ်နိုင်ပါမည်လော။

ဖုန်းမိသားစုသည် လင်းမိသားစုနှင့်သာ ဆက်ဆံရေးကောင်းမွန်ပြီး ဝမ်ပေါင်ကုန်တိုက်နှင့် သူတို့၏ဆက်ဆံရေးမှာ သက်တန့်ရောင်ဆေးရည်ကြောင့် ပလဲနံပ မသင့်သည်ကို ပြိုင်ဘက်ကင်းမြို့ရှိ လူတိုင်းသိကြ၏။ ထို့ကြောင့် သူတို့သည် ဖုန်းမိသားစုကြောင့် ယန်မိသားစုကို ဆန့်ကျင် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။

ဖုန်းမိသားစုတွင်လည်း ဝမ်ပေါင် ကုန်တိုက်ကို ဖိအားပေးနိုင်လောက်သော အင်အား မရှိသဖြင့် ဤခန့်မှန်းချက်မှာလည်း ပယ်ချခံလိုက်ရပြန်သည်။

မည်မျှပင် စဉ်းစားကြစေကာမူ သူတို့သည် အဖြေအမှန်ကို ရှာမတွေ့နိုင်ခဲ့ကြပေ။

...

ယန်မိသားစု ခန်းမဆောင်ထဲတွင် ယန်ချင်းယွင်သည် ဒေါသတကြီး အမျက်ထွက်နေပြီး ဆိုးရွားသော သတ်ဖြတ်လိုစိတ်များက ခန်းမဆောင် တစ်ခုလုံးကို ပြည့်နှက်နေသဖြင့် လူတိုင်း တိတ်ဆိတ်နေကြရသည်။

"ပြိုင်ဘက်ကင်းမြို့မှာ ဘယ်သူက ဝမ်ပေါင်ကုန်တိုက်ကို ဦးညွှတ်စေနိုင်တဲ့ အင်အားရှိလို့လဲ...။ မော့မိသားစုလည်း မဟုတ်ဘူး...။ လင်းမိသားစုလည်း မဟုတ်ဘူး...။ ဖုန်းမိသားစုကတော့ သေချာပေါက် မဟုတ်ဘူး...။ ဘယ်သူဖြစ်နိုင်မှာလဲ..."

ယန်ချင်းယွင်က ဟိန်းဟောက်လိုက်ရာ သူ၏မိုးခြိမ်းသံကဲ့သို့သော အော်သံသည် ယန်အိမ်တော်တစ်ခွင်လုံး ပဲ့တင်ထပ်သွားပြီး လူတိုင်းကို ကြောက်လန့်စေခဲ့သည်။

"မော့မိသားစုမှာတော့ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်...။ ဒါပေမဲ့ ငါတို့က သူတို့နဲ့ ဆက်ဆံရေး အဆင်ချောပြီး သူတို့မှာ ငါတို့ကို ဆန့်ကျင် တိုက်ခိုက်စရာ အကြောင်း

မရှိဘူးလေ..."

ယန်ယွင်က ခေါင်းခါလိုက်သည်။

"ဖုန်းမိသားစုက သံသယ အရှိဆုံးပဲ...။ ငါတို့က သူတို့နဲ့ ပြဿနာ ဖြစ်ထားပြီးသားဆိုတော့ ငါ တခြား ဘယ်သူ့ကိုမှ စဉ်းစားလို့ မရတော့ဘူး...။ ဖုန်းချန်ယန်က အဆင့်တစ်

ဆေးပညာရှင် တစ်ယောက်ဆိုတာ မမေ့နဲ့ ..."

အကြီးအကဲတစ်ဦးက သတိပေးလိုက်သည်။

"ဖုန်းချန်ယန်..."

ယန်ချင်းယွင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ဖုန်းချန်ယန်ရဲ့ အဆင့်တစ်ဆေးပညာရှင်အဆင့်အတန်းက ဝမ်ပေါင်ကုန်တိုက်ကို ဩဇာလွှမ်းမိုးဖို့ မလုံလောက်နိုင်ပေမဲ့ သူက တခြားအစွမ်းထက်ပုဂ္ဂိုလ်တွေကို သိနိုင်တယ်...။ ဒါမှမဟုတ် ဖုန်းဝူချန်လည်း ဖြစ်နိုင်တယ်...။ အဲ့ဒီသောက်ကလေးက ဒုတိယတန်းစား သိုင်းဝိညာဉ်အရည်အချင်းပဲရှိတာ...။ ဒီလောက်အချိန်တိုအတွင်းမှာ အဆင့်နှစ်ဆင့် တက်လှမ်းနိုင်မှာမဟုတ်ဘူး..."

အကြီးအကဲက ဆက်လက်ပြောဆိုလိုက်၏။

ယန်ယွင်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

"ဒုတိယအကြီးအကဲပြောတာ အရမ်းမှန်ပါတယ်...။ ဖုန်းဝူချန်က အခုနောက်ပိုင်း တော်တော်လေး လျှို့ဝှက်ဆန်းကြယ်နေတယ်..."

ထိုသို့ပြောနေစဉ်မှာပင် ယန်ယွင်၏ မျက်နှာအမူအရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး သူက ခန့်မှန်းလိုက်သည်။

“အိုး… အကြီးအကဲစုများ ဖြစ်နေမလား...။ ဖုန်းဝူချန်က အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးတဲ့ကိစ္စနဲ့ အကြီးအကဲစုကို ဝင်စွက်ဖက်ခိုင်းတာများလား...။ အကြီးအကဲစုတစ်ယောက်တည်းသာ ယူဝမ်ရှုံးကို ဦးညွှတ်စေနိုင်မှာ...။ ပြီးတော့ ယူဝမ်ရှုံးရဲ့ စကားတွေအရ ယူဝမ်ရှုံး အရမ်းသတိထားနေတာ သိသာတယ်..."

ဤစကားကို ကြားသောအခါ ယန်ချင်းယွင်၏ မျက်နှာသည် ပို၍ပင် အရုပ်ဆိုးသွားသည်...။

အကြောင်းမှာ ထိုရှင်းပြချက်သည် ယုတ္တိတန်နေသောကြောင့်တည်း။

သို့သော် ၎င်းသည် အကြီးအကဲစု အမှန်တကယ်သာဖြစ်ပါက ယန်မိသားစုသည် ထျန်းယန်အကယ်ဒမီနှင့် ရင်ဘောင်တန်းနိုင်မည် မဟုတ်ပေ။

သူစဉ်းစားလေလေ ဖုန်းဝူချန်ကို ပို၍သံသယဝင်လာလေပင်။ ယန်ချင်းယွင်က ခက်ထန်စွာ ဆိုလိုက်သည်။

"လဝက်နေရင် ထျန်းအာကို သူ့ကိုသတ်ခိုင်းလိုက်..."

...

ဖုန်းဝူချန်၏ နေ့စဉ်ကျင့်ကြံမှုနှင့်အတူ အချိန်သည် ကုန်လွန်သွားခဲ့ပြီး ယန်ထျန်းးနှင့် သူ၏တိုက်ပွဲအတွက် သုံးရက်သာ ကျန်တော့သည်။

ပြိုင်ဘက်ကင်းမြို့မှ လူများ၏ မျှော်လင့်ချက်မှာ အလွန်ကြီးမားနေလေသည်။

တစ်ဖက်တွင်မူ ယန်မိသားစု၏ ထိပ်တန်းပါရမီရှင်၊ တစ်လကျော်ကြာ တံခါးပိတ် ကျင့်ကြံနေသူ ရှိနေသည်။ သူသည် ချီသန့်စင်ခြင်းဘုံသို့ တက်လှမ်းနိုင်မည်လော။

အခြားတစ်ဖက်တွင်မူ ဖုန်းမိသားစု၏ ဒုတိယတန်းစား သိုင်းဝိညာဉ် အမှိုက်ဖြစ်သော်လည်း သူသည် ရက်အနည်းငယ်အတွင်း ကျင့်ကြံခြင်း အဆင့်နှစ်ဆင့် ထူးဆန်းစွာ တိုးတက်လာခဲ့ပြီး သတ္တမ အလွှာနှင့် နှိုင်းယှဉ်နိုင်လောက်သော အစွမ်းအစရှိကာ အလွန်ကြောက်မက်ဖွယ်ကောင်းလာ

သည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် ဖုန်းဝူချန်သည် သူ၏ကျင့်ကြံမှုကို ထပ်မံတိုးတက်အောင် လုပ်နိုင်ခဲ့လေသလော။

ဤရင်ဖိုဖွယ် တိုက်ပွဲအတွက် မျှော်လင့်ချက်များမှာ မြင့်မားနေလေသည်။

ထိုစဉ် ဖုန်းမိသားစု ခြံဝင်းထဲတွင် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်နှင့် စကားစမြည်ပြောနေသည်။

ဤအချိန်အတောအတွင်း အတူတကွ နေထိုင်ပြီးနောက် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို သူငယ်ချင်း တစ်ဦးအဖြစ် လက်ခံခဲ့ပြီး သူတို့၏ဆက်ဆံရေးမှာ မဆိုးလှပေ။

တစ်လကြာ ဆက်ဆံပြီးနောက် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို အတိုင်းအတာတစ်ခုအထိ နားလည်လာခဲ့သော်လည်း သူသည် သူမ၏ဇာစ်မြစ်အကြောင်းကိုမူ ဘယ်သောအခါမှ မမေးမြန်းနိုင်ခဲ့ပေ။

"အစ်ကိုကြီးဖုန်း... သုံးရက်ပဲ ကျန်တော့တယ်...။ အစ်ကိုကြီး ယုံကြည်မှုရှိရဲ့လား...။ ယန်ထျန်းးရဲ့ အရည်အချင်းနဲ့ဆိုရင် သူ ချီသန့်စင်ခြင်းဘုံကို ချိုးဖောက်ပြီးလောက်ပြီ..."

လင်ရှောင်ရှောင်က သူမ၏လှပသော မျက်လုံးများဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ပြုံးကာမေးလိုက်သည်။

ဖုန်းဝူချန်က အေးဆေးစွာ ပြုံးလိုက်ပြီး ဆိုလိုက်သည်။

"ငါလည်းမသိဘူး..."

လင်ရှောင်ရှောင်ကို ကြည့်ရင်း ဖုန်းဝူချန်က ထပ်ပြောလိုက်သည်။

"ရှောင်ရှောင်... မင်းအခုနောက်ပိုင်း သိပ်မကျင့်ကြံပေမဲ့ မင်းရဲ့ကျင့်ကြံမှုကတော့ အရမ်းမြန်မြန် တိုးတက်လာတုန်းပဲ...။ မင်းရဲ့အရည်အချင်းက တော်တော်ကြောက်စရာကောင်းတာပဲ..."

ထိုအခါ သူ့စကားအား လင်ရှောင်ရှောင်က ရှက်ကိုးရှက်ကန်းသာ ရယ်လိုက်ပြီး ဖုန်းဝူချန်က သူမ၏အတိတ်အကြောင်းကို မေးမြန်းမည်စိုး၍ မည်သို့မျှ ပြန်မဖြေခဲ့ပေ။

"ဝူချန်..သားရေ..."

ထိုအချိန်တွင် ရှောင်ချင်းချင်းထံမှ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။

ဖုန်းဝူချန်က လှည့်ကြည့်လိုက်ရာ ရှောင်ချင်းချင်းသည် အနားသို့ရောက်ရှိလာနေပြီဖြစ်သည်။ သူတို့နှစ်ဦးကို အတူတကွ မြင်လိုက်ရသောအခါ သူမ၏နှလုံးသားမှာ ပျော်ရွှင်မှုဖြင့် ခုန်ပေါက်သွားသည်။

ရှောင်ချင်းချင်းက ဖုန်းဝူချန်ကို လက်မထောင်ပြလိုက်သော်လည်း အစပိုင်းတွင် သူ အံ့အားသင့်သွားပြီးနောက် အမေဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သွားသောအခါ အကူအညီမဲ့စွာ ခေါင်းခါလိုက်ရုံသာ တတ်နိုင်တော့သည်။

လင်ရှောင်ရှောင်ကလည်း အဓိပ္ပာယ်ကို နားလည်သွားပုံရပြီး သူမ၏လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားကာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။

"မေမေ... ဘာလိုလို့လဲ..."

ဖုန်းဝူချန်က မေးလိုက်သည်။

"ဘာမှထူးထူးထွေထွေ မဟုတ်ပါဘူးကွယ်...။ သားဘယ်လိုနေလဲ လာကြည့်တာပါ...။ ယန်ထျန်းနဲ့ တိုက်ပွဲက သုံးရက်ပဲ ကျန်တော့တယ်ဆိုတော့ သားသူ့ကို မယှဉ်နိုင်မှာ စိုးလို့..."

ရှောင်ချင်းချင်းက ပြုံးရင်း မှာကြားလိုက်သည်။

"ယန်ထျန်းသာ ချီသန့်စင်ခြင်းဘုံကို ချိုးဖောက်ပြီးသွားရင်တော့ ကျွန်တော် သူ့ကို မယှဉ်နိုင်လောက်ဘူး..."

ဖုန်းဝူချန်က ပခုံးတွန့်ကာ ပြုံးရင်းပြန်ဖြေလိုက်သော်လည်း သူစိုးရိမ်ပူပန်ပုံမရပေ။

ရှောင်ချင်းချင်း၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားပြီး စိုးရိမ်ပူပန်နေသည်မှာ ထင်ရှားနေကာ အလျင်အမြန်ပင် မေးလိုက်သည်။

"ချန်အာ... သားအခု ဘယ်အဆင့်ရောက်ပြီလဲ..."

"ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ

အလွှာပါ..."

ဖုန်းဝူချန်က ပြန်ဖြေသည်။

"အဆင့်ရှစ်...။ လဝက်အတွင်းမှာ နောက်တစ်ဆင့်တက်သွားပြန်ပြီလား..."

ရှောင်ချင်းချင်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး မယုံနိုင်အောင်ပင် ဖြစ်သွားသည်။ ဤအရှိန်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းသည် မဟုတ်ပါလား။

ဒါက ဒုတိယတန်းစား သိုင်းဝိညာဉ်၏ အရည်အချင်း အမှန်တကယ် ဟုတ်ပါလေစ။

အဆင့်မြင့် အဋ္ဌမတန်းစားနှင့် နဝမတန်းစား သိုင်းဝိညာဉ်များပင် ဤသို့လုပ်နိုင်ရန် ခဲယဉ်းသည် မဟုတ်ပါလား။

ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်ရာ ရှောင်ချင်းချင်းသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး…

"ဒါတော့ ကောင်းတာပေါ့...။ ချန်အာ... သားက ပါရမီရှင်တစ်ယောက်ပဲ...။ မော့လင်အာနဲ့ တခြားသူတွေထက်တောင် ပိုသာသေးတယ်...။ သား ယန်ထျန်းးကို ရှုံးသွားရင်တောင် ကိစ္စမရှိဘူး...။ သားရဲ့အရည်အချင်းနဲ့ဆိုရင် သူ့ကို အနှေးနဲ့အမြန် ကျော်တက်သွားမှာပဲ...။ သားဘာလို့ ထျန်းယန်အကယ်ဒမီကို မသွားချင်ခဲ့လဲဆိုတာ မေမေ မအံ့သြ တော့ပါဘူး..."

ဖုန်းဝူချန်၏ မြန်ဆန်လှစွာသော တိုးတက်မှုကို ယခင်က ကံကောင်းခြင်းဟု သတ်မှတ်ခဲ့လျှင် ယခုမူ သံသယဝင်စရာ တစ်စုံတစ်ရာ မကျန်တော့ပေ။

"အစ်ကိုကြီးဖုန်းက ပါရမီရှင် တစ်ယောက်ပါ.. အဒေါ်..."

လင်ရှောင်ရှောင်ကလည်း ချီးကျူးလိုက်သည်။

ယန်ထျန်းကို ကျော်တက်ရန်မှာ အချိန်ကာလတစ်ခုသာ ဖြစ်လေသည်။

ဖုန်းဝူချန်၏ကျင့်ကြံမှုတွင် အထောက်အကူပြုရန် ဝိညာဉ်အရည်ကို မလိုအပ်လျှင်ပင် အထွတ်အထိပ် နဂါးနတ်ဘုရား သိုင်းနည်းစနစ်ကို အားကိုးရုံဖြင့် ယန်ထျန်းးကို အလွယ်တကူ ကျော်လွှားသွားနိုင်ပေသည်။

ခဏတာ စကားစမြည် ပြောပြီးနောက် ရှောင်ချင်းချင်းသည် သတင်းကောင်းကို ဖုန်းကျန့်ရှုံးထံ ဝေမျှရန် ခပ်မြန်မြန် ထွက်ခွာသွားတော့သည်။

သုံးရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး ဖုန်းဝူချန်နှင့် ယန်ထျန်း၏ တိုက်ပွဲသည် ယနေ့ပင် ဖြစ်လေသည်။

ပြိုင်ဘက်ကင်းမြို့ရှိ သိုင်းပြိုင်ကွင်းပတ်လည်တွင် လူပင်လယ်ကြီးဖြစ်နေ၏။

ပြိုင်ဘက်ကင်းမြို့မှ လူအားလုံးနီးပါး ရောက်ရှိနေကြကာ အလွန် စည်ကားနေတော့သည်။

ယန်ထျန်းသည် စင်မြင့်ပေါ်တွင် စောင့်ဆိုင်းနေနှင့်ပြီ။

"ယန်ထျန်းက တကယ်ပဲ ချီသန့်စင်ခြင်းဘုံ ပထမအလွှာကို ချိုးဖောက်ပြီးသွားပြီ...။ ဖုန်းဝူချန်တော့ သေပြီပဲ..."

"ဒါကတော့ မသေချာသေးဘူး...။ ဖုန်းဝူချန်ရဲ့ လက်ရှိအဆင့်က ဘယ်လောက်လဲဆိုတာ ငါတို့မသိသေးဘူး..."

"တစ်လအချိန်အတွင်းမှာ ဖုန်းဝူချန်ရဲ့ အဆင့်က မြန်မြန်တက်လာရင်တောင် ယန်ထျန်းးကိုတော့ ကျော်တက်နိုင်မှာမဟုတ်ဘူး မဟုတ်လား...။ ခန္ဓာကိုယ်သန့်စင်ခြင်းဘုံက ဘယ်လောက်ပဲအားကောင်းကောင်း အစစ်အမှန်ချီကို မစုစည်းနိုင်ဘူး...။ ယန်ထျန်းးက အခုဆိုရင် သိုင်းပညာနည်းစနစ်တွေကိုတောင် ပိုင်နိုင်နေလောက်ပြီ..."

"ဖုန်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်နဲ့ တခြားသူတွေ ရောက်လာကြပြီ...။ ဘာလို့ ဖုန်းဝူချန် မပေါ်လာသေးတာလဲ...။ သူ ကြောက်နေတာများလား..."

စင်မြင့်အောက်တွင် လူအုပ်ကြီးသည် ဆွေးနွေးငြင်းခုံနေကြပြီး အားလုံးမှာ ဖုန်းဝူချန်၏ ရောက်ရှိလာမှုကို မျှော်လင့်နေကြသည်။

"ဖုန်းကျန့်ရှုံး...။ မင်း သားကို အမြန်ခေါ်ထုတ်ခဲ့စမ်း..."

ယန်ချင်းယွင်က သူ၏မျက်နှာမှာ ဒေါသဖြင့် မည်းမှောင်နေရင်း ကြွေးကြော်လိုက်သည်။

ဤစကားကို ကြားသောအခါ ဖုန်းကျန့်ရှုံးသည် အေးဆေးစွာ ပြုံးလိုက်ပြီး တုံ့ပြန်လိုက်သည်။

"ယန်မျိုးနွယ်စုခေါင်းဆောင်...။ အလျင်လိုစရာမလိုပါဘူး...။ ချန်အာ သေချာပေါက် လာမှာပါ..."

"သူ မပေါ်လာမှာကိုတော့ ငါစိုးရိမ်မိတယ်..."

ယန်ထျန်းးက မောက်မာစွာ ကြိမ်းဝါးလိုက်သည်။

"သူသာ ကြောက်နေခဲ့ရင် သူက ဖုန်းဝူချန် မဟုတ်တော့ဘူး..."

အနီးအနားလမ်းမတစ်ခုမှ အေးစက်စက် ခနဲ့သံတစ်ခု ထွက်ပေါ်လာရာ လူတိုင်း၏ အကြည့်များသည် ထိုဦးတည်ရာသို့ လျင်မြန်စွာ လှည့်သွားကြသည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် အတူတကွ ချဉ်းကပ်လာကြ၏။ နှစ်ဦးစလုံးမှာ ချောမောလှပကာ လိုက်ဖက်ညီသော စုံတွဲ ဖြစ်သဖြင့် လူအုပ်ကြီးအား မနာလိုမှုကို ဖြစ်ပေါ်စေခဲ့သည်။

"ဟမ့်..."

ယန်ချင်းယွင်၏ မလိုမုန်းတီးသော အကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားပြီး လေသံတိုးတိုးဖြင့် ယန်ထျန်းးအား မှာကြားလိုက်သည်။

"ထျန်းအာ...။ အခွင့်အရေးရရင် သူ့ကို သတ်လိုက်..."

"ဖေဖေ...။ စိတ်ချပါ...။ သူသာ ချီသန့်စင်ခြင်းဘုံကို မချိုးဖောက်ရသေးဘူးဆိုရင် သူက လူသေ တစ်ယောက်ပဲ...။ ကျွန်တော် သူ့ကို လုံးဝ မလွှတ်ပေးဘူး..."

ယန်ထျန်းက ကြမ်းကြုတ်စွာ တုံ့ပြန်လိုက်သည်။

ချီသန့်စင်ခြင်းဘုံသို့ ဝင်ရောက်ပြီးဖြစ်သော ယန်ထျန်းးသည် မိမိ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အလွန်အမင်း ယုံကြည်မှုရှိနေ းလေသည်။

"ဖုန်းဝူချန် လာပြီ..."

"တိုက်ပွဲ စတော့မယ်...။ သခင်လေးဖုန်း အဆင့် ချိုးဖြတ်ပြီးသွားပြီလား မသိဘူး..."

"သုံးရက်အတွင်း အဆင့်သုံးဆင့်တက်တယ်...။ အခုတစ်လတောင် ကြာသွားပြီ...။ သူပိုပြီးအားကောင်းလာမှာ သေချာတယ်..."

ဖုန်းဝူချန်၏ ရောက်ရှိလာမှုနှင့်အတူ မူလကပင် သက်ဝင်လှုပ်ရှားနေသော စင်မြင့်သည် ပို၍ပင် တက်ကြွလာတော့သည်။

လွန်ခဲ့သော တစ်လက ဖုန်းဝူချန်သည် ရက်အနည်းငယ်အတွင်း အဆင့်နှစ်ဆင့် ထူးဆန်းစွာ တက်လှမ်းခဲ့သည်...။

ယခု တစ်လအကြာတွင်မူ ပြိုင်ဘက်ကင်းမြို့ရှိ လူတိုင်းသည် သူ၏လက်ရှိအဆင့်ကို မျှော်လင့်နေကြသည်။

မော့ခွန်းက ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုတစ်စုံတစ်ရာအား ဖမ်းမရသဖြင့် ရေရွတ်လိုက်သည်။

"ဒီကောင်လေးက ကိုယ့်ကိုယ်ကို တော်တော် ယုံကြည်မှု ရှိပုံရတယ်...။ ဒါပေမဲ့ သူ့ဆီမှာ အစစ်အမှန်ချီ အရိပ်အယောင်တောင် မရှိဘူး...။ သူ ချီသန့်စင်ခြင်းဘုံကို မရောက်သေးတာ သိသာတယ်…”

ထိုစဉ် လင်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ကလည်း

မျှော်လင့်ချက်အပြည့်ဖြင့် မှတ်ချက်ချလိုက်သည်။

"ဝူချန်က အခုဆိုရင် ပိုပြီးအားကောင်းနေမှာ သေချာတယ်..."

အစစ်အမှန်ချီ မရှိသောကြောင့် မည်သူမျှ ဖုန်းဝူချန်၏ အဆင့်အတိအကျကို မသိကြပေ။ တိုက်ပွဲစတင်ပြီး အစွမ်းအစကို ခံစားမိမှသာ သူတို့ခန့်မှန်းနိုင်ပေလိမ့်မည်။

ယန်ထျန်းထံမှ ထုတ်လွှတ်နေသော အစစ်အမှန်ချီ၏ အရှိန်အဝါမှာမူ တစ်ချက်ကြည့်ရုံဖြင့် ထင်ရှားနေသည်...။ သူသည် ချီသန့်စင်ခြင်းဘုံတွင် ရှိနေလေသည်။

"ဖုန်းဝူချန်...။ ဒီပေါ် တက်ခဲ့စမ်း..."

ယန်ထျန်းက လှောင်ပြောင်သော အေးစက်စက်အပြုံးဖြင့် စိန်ခေါ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု လက်ဖြာသွားသည်။

"ချန်အာ...။ သတိထား..."

ဖုန်းကျန့်ရှုံးက ယန်ထျန်းး ညစ်ပတ်ကစားမည်ကို စိုးရိမ်သဖြင့် တိုးတိုးလေး တိုက်တွန်းလိုက်သည်။

ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် စင်မြင့်ပေါ်သို့ လျှောက်တက်သွားသည်။

"ဖုန်းဝူချန်...။ မင်းက လူသေတစ်ယောက်ပဲ..."

ယန်ထျန်းက ဖုန်းဝူချန်ကို သူလိုချင်သည့်နေရာတွင် အတိအကျ ရောက်နေသည့်အလား ပျော်ရွှင်စွာကြည့်ရင်း အေးစက်စက်ပြုံးကာ တိုးတိုးလေး ကြိမ်းဝါးလိုက်သည်။

"ငါမင်းကို မသတ်ဘူး...။ ဒါပေမဲ့ ငါမင်းခြေထောက်တွေကို ချိုးပစ်မယ်...။ ယန်မိသားစုရဲ့ မျိုးဆက်တိုင်းကို ငါမသန်စွမ်းဖြစ်အောင် လုပ်ပစ်မယ်..."

ထိုသို့ ဖုန်းဝူချန်က မထုံတက်တေးဖြင့် ပြန်လည်ချေပလိုက်ပြီး သူ၏

မည်းမှောင်သော မျက်လုံးများမှာ ကြမ်းကြုတ်စွာ လက်သွားလေ၏။

All Chapters