လက်တုံ့ပြန်ခြင်း…
Vol. 1 Ch. 4
~သိုင်းဝိဉာဉ်အတော်လေး နိုးထသည့်နေ့သည် ပြိုင်ဘက်ကင်းမြို့အတွက် အရေးပါသော နေ့တစ်နေ့ ဖြစ်ခဲ့ပြီး ဖုန်းဝူချန်သည် လူတိုင်းအပေါ် အထင်အမြင်ကြီးစရာ ချန်ထားခဲ့သည်။ မော့လင်အာ၏ သစ္စာဖောက်မှုကို ဘေးဖယ်ထားလျှင်ပင် ဖုန်းဝူချန်သည် ဒုတိယအဆင့် သိုင်းဝိညာဉ်သာ နိုးထခဲ့သည်ဆိုသော သတင်းတစ်ခုတည်းကပင် ပြိုင်ဘက်ကင်းမြို့ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့လေပြီ။
ထိုအချိန်က ဖုန်းဝူချန်သည် သူ၏ ဒန်တျန်ကို ဓားကျိုးဖြင့် ထိုးစိုက်ခဲ့ရာ ကျင့်ကြံမှုအဆင့် ကျဆင်းသွားပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ကို ပြိုင်ဘက်ကင်းမြို့ တစ်မြို့လုံးက မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။
သို့သော် တစ်ညတာအတွင်းမှာပင် ဖုန်းဝူချန်၏ ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက သူ၏ ကျင့်ကြံမှုအဆင့်ပါ ပြန်လည်ရောက်ရှိလာခဲ့သည်တဲ့လား။
'ချန်အာရဲ့ ကျင့်ကြံမှုက တကယ်ပြန်ကောင်းလာတာပဲ... သူ့ရဲ့အရှိန်အဝါကလည်း အရင်ကထက် အများကြီး ပိုပြင်းထန်နေပါလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...'
ဖုန်းကျိန့်ရှုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းဝူချန် လိမ်ညာနေသည်ဟုပင် သံသယဝင်လာတော့သည်။
ဖုန်းချန်ယန်နှင့် အခြားသူများအားလုံးမှာမူ အလွန်တရာ အံ့ဩသွားကြကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။
သူတို့ရှေ့တွင် ရပ်နေသော ဖုန်းဝူချန်သည် လုံးဝကို မတူညီသော လူတစ်ယောက် ဖြစ်နေသကဲ့သို့ပင်...။
ဖုန်းဝူချန် ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာခြင်းသည်ပင် သူတို့အတွက် နားလည်ရခက်နေပြီဖြစ်ကာ ယခု သူ၏ကျင့်ကြံမှုမှာလည်း စတုတ္ထအလွှာသို့ ပြန်ရောက်လာသည်ဆိုခြင်းက ပို၍ပင် ယုတ္တိမတန်တော့ချေ။
...
"ကျွန်တော် သွားတော့မယ်"
အားလုံး၏ အကြည့်များက သူ့ထံသို့ ကျရောက်လာသည်ကို ခံစားမိသောအခါ ဖုန်းဝူချန်သည် လှည့်ထွက်သွားရန် ကြံလိုက်၏။
"ချန်အာ။ ဒီကို အမြန်လာခဲ့"
ရှောင်ချင်းချင်းက အလျင်အမြန် လှမ်းခေါ်လိုက်သည်။
'ဒုက္ခပါပဲ... ငါက ဝမ်ပေါင်ဗဟိုကုန်တိုက်ကို ဝိညာဉ်အရည်သွားဝယ်ပြီး ညကျရင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ပဉ္စမအလွှာကို တက်လှမ်းဖို့ ကြံထားတာကို'
ဖုန်းဝူချန်သည် စိတ်ထဲတွင် အားမလိုအားမရ ဖြစ်သွားသည်။
ဖုန်းကျိန့်ရှုံးက သားဖြစ်သူအား ခပ်တင်းတင်း ဆူပူလိုက်သည်။
ထျန်းယန် အကယ်ဒမီကို သူတို့
လေးစားမှု ပြသရပေမည်။
"ချန်အာ... မင်း အကြီးအကဲစုကို နှုတ်ဆက်ပြီးပြီလား"
"အကြီးအကဲစုကို နှုတ်ဆက်ပါတယ်"
ဖုန်းဝူချန်သည် လျှောက်သွားလိုက်သည်။ သူ၏ မျက်နှာသည် တည်ငြိမ်နေပြီး လူအုပ်ကြီး၏ အာရုံစိုက်မှုကို ခံရသော်လည်း အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။
မနေ့က အဖြစ်အပျက်များနှင့် နတ်ဆိုးနဂါး၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံများကြောင့် ဖုန်းဝူချန်သည် အများကြီး ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။
အကြီးအကဲစုသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အိုမင်းသော မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
သူ့ရှေ့တွင် ရပ်နေသည့်တိုင် ထိုလူငယ်ကို သူ ကြည့်မရနိုင်သေးကြောင်း ရှာဖွေတွေ့ရှိလိုက်ရသည်။
ဖုန်းဝူချန်က စကားစလိုက်သည်။
"အဖေ... တခြားပြောစရာ မရှိရင် ကျွန်တော်သွားတော့မယ်"
သူသည် အခြေအနေကို လာကြည့်ရုံသက်သက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ဖုန်းဝူချန်သည် အခြားလူငယ်များကဲ့သို့ပင် ထျန်းယန်အကယ်ဒမီအတွက် တောင့်တမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ယခုမူ သူ အမှန်တကယ်ပင် အနည်းငယ်မျှ စိတ်မဝင်စားတော့ပေ။
ထိုစဉ် ယန်မိသားစုမှ လူငယ် တစ်ဦးက အထင်တသေး မျက်နှာထားဖြင့် လှောင်ပြောင်လိုက်သည်။
"ကိုယ့်အဆင့်ကိုယ်တော့ သိသားပဲ။ ဒုတိယအဆင့် သိုင်းဝိညာဉ်လို အရည်အချင်းနဲ့ မင်းတစ်သက်လုံး ထျန်းယန်အကယ်ဒမီထဲ ဝင်ခွင့်ရမှာ မဟုတ်ဘူး"
"ဒုတိယအဆင့် သိုင်းဝိဉာဉ် အမှိုက်ကောင်... မင်းရဲ့ကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စတုတ္ထအလွှာကို ပြန်ရောက်ရင်တောင် မင်းက တစ်သက်လုံး အမှိုက်ပဲ ဖြစ်နေမှာပဲ။ အပြင်ထွက်ပြီး လူပြက်လုပ်နေမယ့်အစား အိမ်မှာပဲ ငြိမ်ငြိမ်လေးနေတာက ပိုကောင်းလိမ့်မယ်"
"အသက် ဆယ့်ခြောက်နှစ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စတုတ္ထအလွှာ... ပြိုင်ဘက်ကင်းမြို့မှာ မင်းက မင်းရဲ့ရွယ်တူတွေထဲမှာ အစုတ်ပြတ်ဆုံးပဲကွ"
မော့နှင့် ယန်မိသားစုမှ လူငယ်မျိုးဆက်များသည် မရပ်မနား ရယ်မောနေကြပြီး အခြားများစွာကလည်း လိုက်လံပြောင်လှောင်ကြသည်။ သူတို့၏ နောက်ကွယ်တွင် မိမိတို့ မိသားစုများ၏ ထောက်ခံမှု ရှိနေသောကြောင့် ဖုန်းမိသားစုကို သူတို့ မကြောက်ကြပေ။
ဖုန်းကျိန့်ရှုံး၏ မျက်နှာသည် အနည်းငယ် ညိုမှောင်သွားသည်။ မော့နှင့် ယန်မိသားစုတို့သည် သူတို့၏ လူငယ်မျိုးဆက်များကို အလွန်အလိုလိုက်ထားကြပြီး ဖုန်းမိသားစုကို မျက်စိထဲပင် ဋ္ဌဗမထည့်ကြတော့သကဲ့သို့ပင်။
အကြီးအကဲစုသည် စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
မိသားစုခေါင်းဆောင် မော့ခွန်းသည် သူ၏ မျိုးဆက်သစ်များကို တိတ်ဆိတ်စေရန် လက်ပြလိုက်ပြီးနောက် ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"မိသားစုခေါင်းဆောင်ဖုန်း... လူငယ်တွေက အသိတရားမဲ့ကြပါတယ်။ မိသားစုခေါင်းဆောင်ဖုန်း စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်"
"ဟမ့်"
ဖုန်းကျိန့်ရှုံးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ပြိုင်ဘက်ကင်းမြို့မှ လူများစွာ၏ ရှေ့တွင် သူသည် ငြင်းခုံနေမည် မဟုတ်ပေ။ ၎င်းမှာ သူ၏ ဂုဏ်သိက္ခာအောက်တွင် ရှိသောကြောင့် ဖြစ်သည်။
ထိုအခါ ရှောင်ချင်းချင်းက ဖုန်းဝူချန်၏ ခေါင်းကို ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။
"ချန်အာ... သူတို့ကို စိတ်ထဲမထားနဲ့။ အနာဂတ်မှာ ကျင့်ကြံမှုကို ကြိုးစားလုပ်ပါ... သားက သူတို့ထက် သေချာပေါက် ပိုသန်မာလာမယ်လို့ မေမေ ယုံကြည်တယ်"
ဖုန်းဝူချန်သည် အနည်းငယ်မျှပင် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မေမေ... စိတ်ချပါ။ ဒီလို ခုန်ဆွခုန်ဆွ လုပ်နေတဲ့ လူပြက်တွေရဲ့ အဆင့်ကို ကျွန်တော် လိုက်မမီပါဘူး။ သူတို့က ကိုယ့်ကိုယ်ကို ပါရမီရှင်လို့ ထင်နေကြတဲ့ ရေတွင်းထဲက ဖားသူငယ်တွေပါပဲ"
ယခင်ကသာဆိုလျှင် ဖုန်းဝူချန်သည် ရှေ့သို့ ပြေးထွက်သွားလောက်ပြီ ဖြစ်သည်။
ဖုန်းကျိန့်ရှုံးသည် ဖုန်းဝူချန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး အကြီးအကဲများပင်လျှင် အလွန် အံ့အားသင့်သွားကြသည်။ ယခင် ဖုန်းဝူချန်တွင် ဤကဲ့သို့သော စိတ်ကောင်း စိတ်ထားမျိုး မရှိသည်မှာ သေချာပါသည်။
အစ်ကိုဖြစ်သူ ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့သည်လည်း
တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်မိကာ အံ့ဩသွားကြသည်။ ညီအစ်ကို သုံးယောက်သည် ငယ်စဉ်ကတည်းက အလွန်ရင်းနှီးခဲ့ကြပြီး အစ်ကိုကြီးနှစ်ယောက်က ဖုန်းဝူချန်ကို အလွန်ဂရုစိုက်ကြသည်။ ထို့ကြောင့် သူတို့သည် သူ့ကို ကောင်းစွာသိသည်။ ဖုန်းဝူချန်သည် စော်ကားမှုကို လက်ပိုက်ကြည့်နေမည့် လူစားမျိုး မဟုတ်ချေ။
"ဖုန်းဝူချန်။ မင်း ခုနက ဘာပြောလိုက်တယ်"
မော့ယဲ့သည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်ကာ ဖုန်းဝူချန်ကို စူးစိုက်ကြည့်လိုက်သည်။
"ဖုန်း ဝူ ချန်... မင်းလိုအမှိုက်ကောင်က ငါတို့ကို စော်ကားဖို့ ဘာအရည်အချင်းရှိလို့လဲကွ"
အခြားလူငယ်တစ်ဦးက ဒေါသတကြီး စွပ်စွဲလိုက်သည်။
ဖုန်းဝူချန်သည် ခေါင်းခါလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"တောင်းပန်ပါတယ်… ငါ ရှင်းရှင်းလင်းလင်း မပြောမိတာ ငါ့အမှားပါ။ ပြီးတော့ မင်းတို့က ထုံအလွန်းတာလည်း မင်းတို့အမှားပဲ။ ငါဆိုလိုတာက မင်းတို့ကို မဟုတ်ဘူး... မင်းတို့နောက်က မင်းတို့ မိသားစုတွေကို"
ဖုန်းဝူချန်၏ စကားများ ထွက်လာသည်နှင့် မော့နှင့် ယန်မိသားစုတို့၏ အကြီးအကဲများ မျက်နှာသည် ချက်ချင်း သုန်မှုန်သွား၏။ ပြိုင်ဘက်ကင်းမြို့မှ အခြားသူများမှာမူ အလွန်အံ့ဩစွာဖြင့် ဖုန်းဝူချန်ကို ကြည့်နေကြတော့သည်။
ဖုန်းဝူချန်သည် ကျားသစ်၏ သည်းခြေကို စားသုံးလိုက်မိပြီလား... ။
လူအများရှေ့တွင် မော့နှင့် ယန်မိသားစုကို စော်ကားရဲသည်အထိ။
"ချန်အာ။ မင်း ရိုင်းစိုင်းလို့ မဖြစ်ဘူး"
ဖုန်းကျိန့်ရှုံးက အလျင်အမြန် ဆူပူလိုက်သည်။
မိသားစုတစ်စုကို စော်ကားခြင်းသည် တစ်မျိုးပင်။
သို့သော် နှစ်စုကို တစ်ချိန်တည်းတွင် ဒေါသထွက်စေခြင်းမှာမူ ဖုန်းမိသားစုက ခံနိုင်ရည်ရှိသည်ထက် ပိုနေလေသည်။
ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။
" ဖေဖေ... ကျွန်တော် အမှန်တရားကို ပြောနေတာပါ"
"သူတို့က သူတို့မိသားစုတွေ နောက်ကွယ်မှာ ရှိနေလို့ မောက်မာနေကြတာပဲ။ တခြားသူတွေအပေါ် အခြေခံလေးစားမှုတောင် မေ့သွားကြပြီ... ဘာလူ့ကျင့်ဝတ်မှ မရှိဘူး။ သူတို့က အလွန်အမင်း မိုက်မဲပြီး သင်ယူလို့မရတဲ့ သူတွေဖြစ်နေရမယ်... ဒါမှမဟုတ် သူတို့မိဘတွေက ဘာမှမသင်ပေးထားလို့ပဲ။ မိသားစုသာ ဒီလိုလူတွေရဲ့လက်ထဲ ရောက်သွားရင်... အနှေးနဲ့အမြန် ပြိုလဲသွားမှာ သေချာတယ်ဗျ"
ဤစကားများဖြင့် ဖုန်းဝူချန်သည် မော့နှင့် ယန်မိသားစုနှစ်ခုလုံးကို လုံးဝ စော်ကားလိုက်ပြီ ဖြစ်သော်လည်း သူ အနည်းငယ်မျှပင် မကြောက်ပေ။
"မိသားစုခေါင်းဆောင်ဖုန်းက တကယ်ကို သားကောင်းတစ်ယောက် မွေးထားတာပဲ"
မိသားစုခေါင်းဆောင်ယန်က သူ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားရင်း ခက်ထန်စွာ ဆိုလိုက်သည်။
ထိုစဉ် ယန်မိသားစု၏ ပါရမီရှင် ယန်ထျန်းးစန်က အေးစက်စွာ ပြန်ပြောသည်။
"ဖုန်းဝူချန်... မင်းဆိုလိုတာက ဖုန်းမိသားစုသာ မင်းလက်ထဲမှာဆိုရင် ပိုပြီးသန်မာလာမယ်လို့လား"
ဖုန်းဝူချန်က အေးစက်စွာ ပြုံးကာ ပြန်ပြောလိုက်သည်။
"အဲ့ဒါက အချိန်ကာလတစ်ခုပဲ လိုတော့တာ"
"ဟမ့်... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလိုက်တာ"
ယန်ထျန်းး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ မျက်လုံးများမှ ဒေါသ မီးတောက်များ ထွက်လာလေသည်။ သူသည် ရှေ့သို့ပြေးသွားပြီး ဖုန်းဝူချန်ကို ပါးရိုက်သတ်ပစ်ချင်နေမိသည်။
"ဖုန်းဝူချန်။ မင်း ငါနဲ့ တိုက်ခိုက်ရဲလား။ မင်းရဲ့ပါးစပ်က မင်းရဲ့ ခွန်အားနဲ့ ကိုက်ညီရဲ့လားဆိုတာ ငါသိချင်တယ်"
မျိုးဆက်သစ်ထဲမှ တစ်ဦးဖြစ်သူ ယန်ပုဖန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
ယန်ပုဖန်သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဆဋ္ဌမအလွှာတွင်ရှိပြီး ဖုန်းဝူချန်ထက် နှစ်လွှာသာလွန်နေသည်။ ခွန်အားအရ သူတို့သည် တစ်တန်းတည်း၌ပင် မရှိပေ။
"ညီသုံး... သူ့ကို ဂရုစိုက်မနေနဲ့"
ဖုန်းယွမ်က ချက်ချင်း တိုက်တွန်းသည်။
ဖုန်းကျိန့်ရှုံးသည်လည်း ယန်မိသားစုက ညစ်ပတ်သည့် နည်းလမ်းများ သုံးမည်ကို စိုးရိမ်သဖြင့် အလျင်စလို ကြားဝင်ပြောလိုက်သည်။
"ချန်အာ... သားက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ဒီလိုစိန်ခေါ်မှုကို လက်ခံဖို့ မလိုအပ်ဘူး"
"အဖေ စိတ်မပူပါနဲ့၊ သား ဘာလုပ်နေလဲဆိုတာ သားသိပါတယ်"
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်၏။ သူ၏ အကြည့်များက ယန်ထျန်းးထံသို့ အသာ ရွေ့လျားသွားခဲ့သည်။
ထို့နောက် သူက မေးလိုက်လေသည်။
“ ခေါင်းဆောင် ယန်၊ ကျွန်တော်သာ နိုင်သွားရင် ထျန်းယန်အကယ်ဒမီရဲ့ နေရာကို လင်မိသားစုဆီ အပြီးအပိုင် လွှဲပေးလိုက်တာ ဘယ်လိုလဲဗျ ”
ဖုန်းကျိန့်ရှုံးနှင့်တကွ ဖုန်းမိသားစုဝင်အားလုံးမှာ အံ့အားသင့်ခြင်းကြီးစွာ ဖြစ်သွားကြရလေသည်။
ဝူချန်၏ အမူအရာမှာ ယခင်က ဝူချန်နှင့် လုံးဝကို ကွဲပြားခြားနားနေကာ တခြားလူ တစ်ယောက်အလား ပြောင်းလဲ
သွားသောကြောင့်ပင်တည်း။
ပြိုင်ပွဲကွင်းအောက်တွင်တော့ လင်းယို၏ မျက်ဝန်းများမှာ သိသိသာသာပင် ပြူးကျယ်သွားခဲ့ပြီး ဖုန်းဝူချန်ကို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့၏။
..အစ်ကိုကြီးဖုန်းက သူ့နေရာကို ငါ့ကို ပေးမလို့လား..
“ဟမ့်… မင်းက မနိုင်မှာကိုပဲ စိုးရိမ်စရာရှိတာ၊ မင်းသာ တကယ်နိုင်ခဲ့ရင် ငါ့နေရာကို လင်းယိုကို ပေးလိုက်မယ်”
ထိုသို့ ယန်မိသားစုမှ ယန်ထျန်းးက ပြတ်သားစွာပင် တုံ့ပြန်လိုက်သည်။
ယန်မိသားစု ခေါင်းဆောင်မှာ မျက်မှောင်အနည်းငယ် ကြုတ်မိသွားလေသည်။ ဖုန်းဝူချန်၏ ယုံကြည်မှုများက မည်သည့်နေရာမှ အရင်းခံ၍ ထွက်ပေါ်လာသည်ကို သူ နားမလည်နိုင်ခဲ့ပေ။ သို့သော် သူ၏ နှလုံးသားထဲ၌မူ စိုးရိမ်စိတ်
အမျှင်တန်းလေး တစ်ခုက မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့လေ၏။
ဖုန်းမိသားစုနှင့် အကြီးအကဲစု အပါအဝင် ရှိနေသူအားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။
ပါရမီနှင့် ခွန်အားအရ ယန်ပုဖန်သည် ဖုန်းဝူချန် အထက်တွင် ရှိသည်။ လူတိုင်း၏ အမြင်တွင် ဖုန်းဝူချန်၌ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိချေ။
"အကြီးအကဲစု... ဘယ်လိုသဘောရပါသလဲ"
ဖုန်းဝူချန်သည် အကြီးအကဲစုဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ကောင်းပြီ"
အကြီးအကဲစုသည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ဖုန်းဝူချန်က ယန်ပုဖန်ကို မည်သို့ အနိုင်ယူမည်ကို သူ အလွန်သိချင်နေသည်။
"ပုဖန်... သူ့ကို အကြောသေသွားအောင်လုပ်ဖို့ အခွင့်အရေးရှာ"
ယန်ထျန်းးက အဆိပ်ပြင်းစွာ တိုးတိုးလေး ပြောလိုက်သည်။
"ဟုတ်ကဲ့"
ယန်ပုဖန်သည် ခပ်တိုးတိုး ပြန်ပြောပြီး စင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။
ဖုန်းဝူချန်သည် တွန့်ဆုတ်မနေဘဲ စင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်။
ရှောင်ချင်းချင်းက သူ့ကို တားလိုသော်လည်း ဖုန်းကျိန့်ရှုံးက သူမကို ဆွဲထားလိုက်သည်။
သားဖြစ်သူ၏ ယုံကြည်မှုက ဘယ်ကလာသည်ကို သူ မသိသော်လည်း အဖေဖြစ်သူကတော့ သူ့သားကို ယုံကြည် လေသည်။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်များ ဖုန်းဝူချန်ပေါ်သို့ ကျရောက်လာပြီး နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
တုန်လှုပ်ခြင်း၊ သံသယဝင်ခြင်း၊ မျှော်လင့်ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် အခြားသော အမူအရာများသည် လူတိုင်း၏ မျက်လုံးထဲတွင် ပေါ်လာ၏။
"ဖုန်းဝူချန်။ လာခဲ့စမ်း"
ဖုန်းဝူချန် စင်မြင့်ပေါ်သို့ တက်သည်နှင့် ယန်ပုဖန်သည် ရုတ်တရက် သူ၏ စွမ်းအားအကုန် ထုတ်သုံးလိုက်ပြီး ကြမ်းတမ်းသော ကျားတစ်ကောင်ကဲ့သို့ ပြေးဝင်လာတော့သည်။
"ယန်ထျန်းး... ခင်ဗျား ဒါကို နောင်တမရရင် ပြီးရော"
ဖုန်းဝူချန်သည် အေးစက်စွာ ခပ်တိုးတိုး ရယ်လိုက်ပြီး မတုန်မလှုပ် ရှေ့သို့ တိုးဝင်သွားသည်။
ဘန်း။
နှစ်ဦးသား လက်သီးဖြင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ကြရာ ယန်ပုဖန်၏ ပြင်းထန်သော အားကြောင့် ဖုန်းဝူချန်သည် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားရသည်။ ထိပ်တိုက်တွေ့ဆုံမှုက သူတို့နှစ်ဦး၏ စွမ်းရည် ကွာခြားချက်ကို သိသာစေသည်။
ဤလက်သီးတစ်ချက်အပြီးတွင် ဖုန်းမိသားစုဝင်များကြားတွင် စိုးရိမ်ပူပန်မှုများ တိုးပွားလာ၏။ များစွာသောသူတို့က ခေါင်းခါယမ်းလိုက်ကြသည်။
ဖုန်းဝူချန်က ပုဖန်၏ လက်သီး တစ်ချက်ကိုပင် မခံနိုင်လျှင် သူ ဘယ်လို အနိုင်ရမည်နည်း။
"ဟမ့်။ အမှိုက်ကတော့ အမှိုက်ပဲ"
ယန်ထျန်းး၏ မျက်နှာသည် မထီမဲ့မြင် အပြုံးဖြင့် ပြည့်နေပြီး အောင်နိုင်သူတစ်ယောက်လို လှောင်ရယ်လိုက်သည်။
ယန်ပုဖန်က ဟိန်းဟောက်လိုက်သည်။
"ဖုန်းဝူချန်။ မင်း သွားတွေ မြေကြီးပေါ်က လိုက်ကောက်ရတဲ့အထိ ငါ အသေရိုက်တာကို စောင့်ကြည့်နေလိုက်"
ပြောရင်းဆိုရင်း သူသည် နောက်တစ်ကြိမ် ပြေးဝင်သွား၏။
'ငါ့ခွန်အားက အရင် စနုနွထ အလွှာမှာထက် အများကြီး ပိုသန်မာလာတာပဲ။ အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်က တကယ်မဆိုးဘူးဟ'
ဖုန်းဝူချန်သည် စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ၏ မျက်နှာတွင် ထိတ်လန့်မှုမရှိဘဲ မျက်လုံးထဲမှ ယုံကြည်မှုမှာ ပိုမိုပြင်းထန်လာသည်။
သူ၏ အေးစက်သော မျက်လုံးများက ယန်ပုဖန်ကို စူးစမ်းလိုက်၏။ အားနည်း သူ ဖြစ်နေသော်လည်း ဖုန်းဝူချန်သည် နောက်တစ်ကြိမ် ရှေ့သို့ တိုးဝင်လိုက်လေသည်။
"ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာပဲ"
ယန်ပုဖန်သည် အဆုံးမရှိ လှောင်ရယ်လိုက်ပြီး သူ၏ မျက်လုံးများတွင် မထီမဲ့မြင် အကြည့်များ ပိုမိုပြင်းထန်လာသည်။
ဆက်လက် ဖြစ်ပွားသော တိုက်ပွဲတွင် ယန်ပုဖန်၏ တိုက်ခိုက်မှုများသည် ပြင်းထန်ပြီး လှုပ်ရှားမှုတိုင်းသည် သေစေနိုင်လောက်သည်။ သို့သော် သူ၏ တိုက်စစ်သည် လုံးဝ အရာ မထင်ကြောင်း သူ တွေ့ရှိလိုက်ရ၏။ မည်မျှပင် မြန်ဆန်စေကာမူ ဖုန်းဝူချန်က လိမ္မာပါးနပ်စွာဖြင့် အားလုံးကို ရှောင်တိမ်းသွားသည်။
အပြင်းအထန် ထိပ်တိုက်တွေ့သည့်အခါမှာပင် သူသည် ဖုန်းဝူချန်ကို နောက်တစ်ကြိမ် နောက်သို့ ဆုတ်ခွာသွားအောင် မလုပ်နိုင်တော့ပေ။
ကြည့်ရှုနေသူများသည် အစောပိုင်းက လှောင်ပြောင်ခြင်းမှ အံ့ဩခြင်းသို့၊ နောက်ဆုံးတွင် တုန်လှုပ်ခြင်းသို့ ပြောင်းလဲသွားကြသည်။
ဒုတိယအဆင့် သိုင်းဝိညာဉ်ပိုင်ရှင် ဖုန်းဝူချန်သည် စတုတ္ထအလွှာ ကျင့်ကြံမှုဖြင့်သာ ယန်ပုဖန်နှင့် ယှဉ်ပြိုင်နေသည်တဲ့လား။ ဒါ ဘာတွေဖြစ်နေတာလဲ။
ဖုန်းဝူချန်မှာ တကယ်ပဲ ဒီလောက်အစွမ်း ရှိနေတာလား။
"ကောင်လေးတော်တယ်။ တော်တော်လေး ထူးချွန်တာပဲ။ ယန်ပုဖန်ရဲ့ တိုက်ကွက်တွေ အကုန်လုံးကို အချိန်တိုလေးအတွင်းမှာ ချေဖျက်ပစ်လိုက်ပြီ"
အကြီးအကဲစုသည် ရုတ်တရက် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
မိသားစုကြီးလေးခုမှ အကြီးအကဲများသည် ယခုအခါ လုံးဝ မှင်သက်သွားကြသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် အားလုံးကို မြင်နိုင်ကြသည်။
ဖုန်းဝူချန်၏ ခွန်အားသည် ယန်ပုဖန်ထက် နိမ့်ကျနေသည်မှာ မှန်၏။ တိုက်ရိုက်ယှဉ်ပြိုင်လျှင် ရှုံးနိမ့်မည်မှာ သေချာသော်ငြား သူက ပုဖန်၏ တိုက်ကွက်များကို ချက်ချင်း တန်ပြန်နိုင်ခဲ့သည်။
အသုံးမဝင်ဟု သတ်မှတ်ခံရသော ဒုတိယအဆင့် သိုင်းဝိညာဉ်
ပိုင်ရှင်တစ်ဦးက အထွတ်အထိပ် ပါရမီရှင်တစ်ဦးပင် မလုပ်နိုင်သော အရာကို လုပ်ပြနိုင်ခဲ့သည်။
"ချန်အာက ယန်ပုဖန်ရဲ့ တိုက်ကွက်တွေကို အကုန်ဖတ်မိနေပြီ။ မယုံနိုင်စရာပဲ"
ဖုန်းကျိန့်ရှုံး၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်နေ၏။
"မှန်တယ်...။ ယန်ပုဖန် ဘယ်လိုပဲ တိုက်ခိုက်ပါစေ ၊ ဝူချန်က သူ့တိုက်ကွက်တွေကို ချက်ချင်း ချေဖျက်နိုင်နေတယ်"
ဖုန်းချန်ယန်သည်လည်း ထပ်တူထပ်မျှ တုန်လှုပ်နေသည်။
ဤအရာအားလုံးသည် နတ်ဆိုးနဂါး၏ ကြွယ်ဝသော အတွေ့အကြုံများ
ကြောင့်သာ ဖြစ်လေသည်။
တိုက်ကွက်တိုင်းကို ဖော်ထုတ်ရင်း ဖုန်းဝူချန်သည် အလွန် လိမ္မာ ပါးနပ်သော လက်သီးချက်များဖြင့် ပြန်လည် တိုက်ခိုက်ရာ ယန်ပုဖန်၏ ခန္ဓာကိုယ်ပေါ်သို့ တိတိကျကျ ကျရောက်သွားသည်။ ယန်ပုဖန်သည် ခြေလှမ်း တစ်လှမ်းချင်း နောက်သို့ ဆုတ်ခွာသွားရပြီး လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။
'ဒါ မဖြစ်နိုင်ဘူး။ ခန္ဓာကိုယ်သန့်စင်ခြင်း စတုတ္ထ အလွှာလောက်လေးက ငါ့ကို အနိုင်ယူလို့ မရဘူး'
ယန်ပုဖန်သည် ထိတ်လန့် တကြောက်ရွံ့ကာ စိတ်ထဲတွင် အော်ဟစ်နေမိသည်။
“ဘုန်း”
“ဒုတ်”
နောက်ဆုံးတွင် ဖုန်းဝူချန်၏ လက်သီးသည် ယန်ပုဖန်၏ လက်မောင်းပေါ်သို့ ကျရောက်သွားသည်။ ပြင်းထန်သော အားကြောင့် ယန်ပုဖန်၏ အရိုးများ ကျိုးသွားပြီး ကန်ချက်တစ်ခုက စင်မြင့်ပေါ်မှ ဒလိမ့်ခေါက်ကွေး လွင့်စင်သွားစေတော့သည်။
စင်မြင့်အောက်တွင် ပရိသတ်သည် တုန်လှုပ်၍ ကြက်သေသေနေဆဲ ဖြစ်ပြီး ဖုန်းဝူချန်သည် ယန်ပုဖန်ကို လွယ်လွယ်ကူကူ အနိုင်ယူလိုက်သည်ကို မယုံနိုင်ဘဲ ရှိနေကြတော့သည်။