← Chapters

ထျန်းယန်အကယ်ဒမီ

Vol. 2 Ch. 16

ထျန်းယန်အကယ်ဒမီ

Vol. 2 Ch. 16

~"ဟမ့်...။ သေချင်နေရင်တော့ လာသာ လာခဲ့လိုက်..."

ဖုန်းကျိန့်ရှုံးက ဒေါသတကြီး ကြွေးကြော်လိုက်၏။ တဆက်တည်း၌ သူ၏အားကောင်းသော အစစ်အမှန်ယွမ်စွမ်းအင်များက ရှေ့သို့ တိုးထွက်လာတော့သည်။

"ရပ်လိုက်..."

သို့သော်ငြားလည်း ယန်ချင်းယွင်သည် ဖုန်းကျိန့်ရှုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ပို၍ပင် စိုးမိုးနိုင်သော အရှိန်အဝါ တစ်ခုက လေထုထဲတွင် ပြည့်နှက်သွားလေသည်။

ဤပြင်းထန်သော အရှိန်အဝါကို ထောက်ရှုခြင်းအားဖြင့် ဒါက ယွမ်တန်ဘုံ ပထမအလွှာ၏ ကျင့်ကြံမှုဖြစ်ကြောင်း ထင်ရှားနေပါ၏။

ခဏအကြာတွင် အနက်ရောင်

အရိပ်တစ်ခုသည် စင်မြင့်ပေါ်သို့ ပျံလွှား ရောက်ရှိလာပ၏။ ထိုလူရိပ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်ချင်းယွင်နှင့် ဖုန်းကျိန့်ရှုံးတို့၏ ကြားသို့ ရောက်ရှိလာသည်။

"နည်းပြလီ..."

ရောက်ရှိလာသူကို မြင်သောအခါ

ဖုန်းကျိန့်ရှုံး အံ့အားသင့်သွား၏။

...

"နည်းပြလီ...။ ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ..."

ယန်ချင်းယွင်က သူ၏ဒေါသများ သိသိသာသာ လျော့ကျသွားလျက် မေးလိုက်သည်။

နည်းပြလီမှာ အခြားသူမဟုတ်ဘဲ ထျန်းယန်အကယ်ဒမီ၏ နည်းပြများထဲမှ တစ်ဦးဖြစ်သူ လီဖုန်းပင် ဖြစ်လေသည်။ သူသည် အသက်သုံးဆယ်ကျော်

အရွယ်ရှိပြီး မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။

"အကြီးအကဲစုက ကျွန်တော့်ကို ဒီကိုလာပြီး ဖုန်းဝူချန်ကို ထျန်းယန်အကယ်ဒမီကို အခေါ်တော်လွှတ်လိုက်တာပါ...။ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခုကို ကျွန်တော် အမီလိုက်နိုင်ခဲ့တာပေါ့...။ ယန်မျိုးနွယ်စုခေါင်းဆောင်...။ ဝင်ရောက် စွက်ဖက်မိတဲ့အတွက် တောင်းပန်ပါတယ်..."

လီဖုန်းက လေသံ နူးညံ့

ပျော့ပျောင်းစွာဖြင့် ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။

"ဟမ့်..."

ယန်ချင်းယွင်တွင် ပြောစရာ စကား မရှိတော့ဘဲ အလွန်အမင်း မကျေမနပ် ဖြစ်သော ဒေါသသံဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။

ထျန်းယန် အကယ်ဒမီသည် ယန်မိသားစုက စော်ကားနိုင်သော အဖွဲ့အစည်း တစ်ခု မဟုတ်ပေ။

ယန်မိသားစုသည် စကားတစ်ခွန်းမျှ မပြောရဲဘဲ သူတို့၏ဒေါသကို အတွင်းထဲ၌သာ ဖိနှိပ်ထားရတော့သည်။

"ချန်အာ...။ နည်းပြလီနဲ့အတူ အကယ်ဒမီကို အမြန်သွားလိုက်တော့...။ သားက အကြီးအကဲစုရဲ့ အအေးဓာတ် အဆိပ်ကို ဖယ်ရှားပေးရဦးမှာလေ..."

ဖုန်းကျိန့်ရှုံးက ဖုန်းဝူချန်အား မှာကြားလိုက်ပြီး တစ်ချိန်တည်းမှာပင် ဖုန်းးဝူချန်အား လက်မထောင်ပြလိုက်သည်။

" ဝေးဟေးဟေး..သခင်လေးသုံး...။ သခင်လေးသုံး..."

ဖုန်းမိသားစုထံမှ အားပေးသံများ ပဲ့တင်ထပ်သွားသည်။

"မယုံနိုင်စရာပဲ...။ ဖုန်းဝူချန်က တကယ်ပဲ တစ်ခေတ်မှာတစ်ယောက်ပေါ်တဲ့ ပါရမီရှင်ပဲကွ...။ သူ့အရည်အချင်းက မော့လင်အာထက်တောင် အများကြီး ပိုကြောက်စရာကောင်းတယ်...။ မော့လင်အာသာ ဒါကိုသိသွားရင် ဘယ်လိုခံစားရမလဲ မသိဘူး..."

"ယန်ထျန်ကို ဖုန်းဝူချန်က လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာတဲ့...။ ငါသာ ကိုယ့်မျက်စိနဲ့ကိုယ် မမြင်ခဲ့ရရင် ယုံမှာမဟုတ်ဘူး..."

"ဖုန်းဝူချန်ရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းမြို့မှာ နံပါတ်တစ်ပဲ...။ သူက တစ်လအတွင်းမှာ ကျင့်ကြံခြင်း အလွှာလေးခု တက်သွားခဲ့တာပဲကွ..."

ပြိုင်ဘက်ကင်းမြို့မှ လူအုပ်ကြီးသည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပျံ့နှံ့သွားသော အာမေဋိတ်သံများဖြင့် ဆူညံပွက်လောရိုက်နေပြီ ဖြစ်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ စတုတ္ထ အလွှာတွင် ရှိနေသူ တစ်ဦးက အဆင့်ငါး

ဆေးပညာရှင် တစ်ဦးပင်လျှင် ခဲယဉ်းစွာ ပြုလုပ်နိုင်သော အကြီးအကဲစု၏

အအေးဓာတ် အဆိပ်ကို ဖယ်ရှားပေးနိုင်ခဲ့၏။ ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ ဆဌမ အလွှာရှိ ယန်ပုဖန်နှင့် ယန်ရွှမ်းတို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ယခုအခါ ယန်မိသားစု၏ ထိပ်တန်းပါရမီရှင် ယန်ထျန်းပင်လျှင် ရှုံးနိမ့်သွားခဲ့လေပြီ။

ဤသည်ကို ထောက်ရှုခြင်းအားဖြင့် ဖုန်းဝူချန်သည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းမြို့၏ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်ကြောင်း သံသယအားလုံးထက် ကျော်လွန်နေပါ၏။

ဖုန်းဝူချန်သည် ဆေးပညာရှင်တစ်ဦး၏ မီးအဆိပ်ကိုလည်း ဖယ်ရှားပေးနိုင်ကြောင်း သူတို့သာ သိရှိခဲ့ပါက လန့်ဖျပ်၍ မေ့လဲသွားနိုင်လေသည်။

"အစ်ကိုကြီးဖုန်း...။ ကျွန်မလည်း လိုက်ခဲ့မယ် နော်..."

လင်ရှောင်ရှောင်က ချက်ချင်းပင် ဆိုလိုက်ပြီး ဖုန်းဝူချန်၏ လက်မောင်းကို ဆွဲထားလိုက်သည်။

"အေးပါ၊ ငါတစ်ယောက်တည်း သွားရရင် တော်တော်ပျင်းစရာကောင်းမှာပဲ...။ လာ၊ သွားကြစို့..."

ဖုန်းဝူချန်က ကန့်ကွက်ခြင်း မရှိပေ။ သူသာ အကြီးအကဲစုကို ကတိမပေးခဲ့ဘူးဆိုလျှင် သူ တကယ်ပင် သွားမည် မဟုတ်ပေ။

ထျန်းယန်အကယ်ဒမီသည် မဝေးလှသော်လည်း သူ၏ ကျင့်ကြံချိန်ကိုမူ နှောင့်နှေးစေပေဦးမည်။

"ချန်အာ...။ သား..သတိထားနော်..."

ရှောင်ချင်းချင်းက သူမ၏မျက်လုံးများတွင် နှမြောတသစိတ်များ ပြည့်နှက်နေရင်း ဆုံးမစကားဆိုလိုက်သည်။

ဒါက ဖုန်းဝူချန် ဆယ့်ခြောက်နှစ်အတွင်း ပြိုင်ဘက်ကင်းမြို့မှ ပထမဆုံးအကြိမ် ထွက်ခွာခြင်း ဖြစ်ပါသည်။

ရှောင်ချင်းချင်း ထိန်းချုပ်မရဘဲ စိတ်ပူမိပါ၏။

"စိတ်မပူပါနဲ့ မေမေ...။ ကျွန်တော် အဆင်ပြေပါတယ်..." ဟု ဖုန်းဝူချန်က ပြုံးရင်း နှစ်သိမ့်လိုက်သည်။

"ယောက်ျားဆိုတာ အပြင်ထွက်ပြီး ကိုယ့်နာမည်ကို ထူထောင်ရတယ်...။ စိတ်မပူဘဲသွား..."

ဖုန်းကျိန့်ရှုံးက ပြုံးရင်း အားပေးလိုက်ပြီး

သားဖြစ်သူ ဖုန်းဝူချန်အတွက် စိုးရိမ်ပူပန်ခြင်း မရှိပေ။ ထိုအစား သူသည် ဖုန်းဝူချန်ကို ရန်စမည့် သူများအတွက်သာ ပူနေမိသည်။

ဥပမာအားဖြင့် ယန်မိသားစုပင်။

ဖုန်းဝူချန်ကို စော်ကားခြင်းသည် သူတို့အတွက် ကောင်းမွန်စွာ အဆုံးမသတ်ခဲ့ဘူး မဟုတ်ပါလား။

ယန်မိသားစု၏ လူငယ်မျိုးဆက်

သုံးဦးစလုံး ဖုန်းဝူချန်၏ လက်ချက်ဖြင့်

မသန်စွမ်းဖြစ်သွားခဲ့သည်။ ထိုသည်မှာ ပေးဆပ်ရမည့် တန်ရာတန်ကြေးပင်တည်း။

"ဖုန်းဝူချန်...။ သွားကြစို့..."

လီဖုန်းက ဖုန်းဝူချန်ကို ကြည့်ရင်း ခပ်ပါးပါးပြုံးကာ တိုက်တွန်းလိုက်သည်။

ဖုန်းဝူချန်နှင့် ယန်ထျန်းတို့၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီးနောက် အကြီးအကဲစုက ဖုန်းဝူချန်ကို အဘယ်ကြောင့် သည်လောက် တန်ဖိုးထားသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

၎င်းသည် ဒုတိယတန်းစား သိုင်းဝိညာဉ်၏ အရည်အချင်းဖြစ်သော်လည်း လီဖုန်းသည်လည်း ဖုန်းဝူချန်အကြောင်းကို ကြားသိထားပြီးဖြစ်ကာ အတိုင်းအဆမရှိ ထိတ်လန့်တုန်လှုပ်နေမိသည်။

ဒုတိယတန်းစား သိုင်းဝိညာဉ်၏ အရည်အချင်းက ဤမျှကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံမှု အရှိန်ကို ပိုင်ဆိုင်ထားသည်ကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

ရုတ်တရက် လီဖုန်းသည် သူ၏ လက်နှစ်ချောင်းကို ပါးစပ်ထဲသို့ ထည့်ကာ လေချွန်လိုက်သည်။

ထိုအခါ ပြိုင်ဘက်ကင်းမြို့ အပြင်ဘက်ရှိ တောင်တစ်လုံးပေါ်တွင် စူးရှသော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တဆက်တည်း၌ ကြီးမားသော အနီရောင်ငှက်ကြီး

တစ်ကောင် ပျံသန်းလာသည်ကို မြင်လိုက်ရပါသည်။

"အကယ်ဒမီရဲ့ အဆင့်နှစ် မှော်သားရဲ...။ သွေးနီငှက်ပဲ..."

ပြိုင်ဘက်ကင်းမြို့မှ တစ်စုံတစ်ယောက်က ကြွေးကြော်လိုက်ရာ မျက်လုံး အစုံလိုက်တို့သည် ကောင်းကင်သို့ လှည့်သွားကြသည်။

သွေးနီငှက်သည် အလွန်ကြီးမားပြီး ၎င်း၏ကျောပေါ်တွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် အေးဆေးစွာ ထိုင်နိုင်လေသည်။ ၎င်းသည် သိုင်းပြိုင်ကွင်းအပေါ်မှ လေထဲတွင် တည်ငြိမ်စွာ ဆင်းသက်လာသည်။

"သွားကြစို့..."

လီဖုန်းက ပြုံးရင်း ဆိုလိုက်ပြီး သွေးနီငှက်ပေါ်သို့ ပထမဆုံး ခုန်တက်သွားသည်။ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကလည်း သူ့နောက်မှ အနီးကပ် လိုက်ပါသွားကြသည်။

ပြိုင်ဘက်ကင်းမြို့မှ လူများသည် မနာလို အားကျစိတ်များဖြင့် ပြည့်နှက်နေကြသည်။ မော့လင်အာနှင့် လင်းယိုတို့ ထျန်းယန်အကယ်ဒမီသို့ သွားစဉ်က ဤသို့သော အခွင့်အရေးမျိုး မရရှိခဲ့ကြပေ။

သွေးနီငှက်၏ ကျောပေါ်တွင် လိုက်ပါပျံသန်းခွင့်ရရန်မှာ လူအများအပြား တပ်မက်သော အိပ်မက်တစ်ခုဖြစ်သော်လည်း ထျန်းယွမ်

ဘုံသို့ မရောက်ရှိဘဲ ကောင်းကင်မြင့်မြင့်တွင် ပျံသန်းရန်မှာ မဖြစ်နိုင်ပေ။

သွေးနီငှက်က သူတို့ကို လိုက်ပါပို့ဆောင်ပေးသဖြင့် ပြိုင်ဘက်ကင်းမြို့မှ ထျန်းယန်အကယ်ဒမီသို့ နာရီအနည်းငယ်သာ အချိန်ယူရမည်ဖြစ်၏။ ပုံမှန်အားဖြင့်မူ ထိုခရီးမှာ အလွန်ကြာမြင့်လေသည်။ ဧရာမသွေးနီငှက်၏ အရှိန်မှာ အံ့ဩဖွယ်ရာ ကောင်းလှသည်။

"ဝှစ်..."

သွေးနီငှက်၏ အတောင်ပံများ လှုပ်ခတ်လိုက်သည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဖုန်မှုန့်များ ထသွားသည်။

အသံထက်မြန်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ သွေးနီငှက်သည် ကောင်းကင်သို့ ပျံတက်သွားပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။

အရှိန်မြန်ဆန်ခြင်းနှင့် အမြင့်ပေများသောကြောင့် ပထမဆုံးအကြိမ် အမြင့်တွင် ပျံသန်းဖူးသော ဖုန်းဝူချန်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူ၏မျက်လုံးများကို ဖွင့်ရန်ပင် ခက်ခဲနေသည်။

"ဖုန်းဝူချန်...။ မင်းက တကယ်ပဲ ဒုတိယတန်းစား သိုင်းဝိညာဉ်အရည်အချင်းပဲလား..."

လီဖုန်းက သူ၏အကြည့်များကို ဖုန်းဝူချန်အပေါ်တွင် စူးစိုက်ထားရင်း စပ်စုစွာ မေးလိုက်သည်။

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်က ပြုံးရင်း ဆိုလိုက်သည်။

"လုံးဝအမှန်ပါပဲ...။ ပြိုင်ဘက်ကင်းမြို့က လူတိုင်းသိပါတယ်..."

"ငါတော့ အဲ့လိုမထင်ဘူး..."

လီဖုန်းက ခေါင်းခါလိုက်ပြီး ဆိုလိုက်သည်။

"မင်းက တစ်လအတွင်းမှာ ကျင့်ကြံခြင်း အလွှာလေးခု တက်သွားခဲ့တယ်လို့ ကြားတယ်...။ ထျန်းယန် အကယ်ဒမီ

တစ်ခုလုံးမှာ ဘယ်ကျောင်းသားမှ အဲ့လို မလုပ်နိုင်ဘူး...။ ကုန်းမကြီးပေါ်က အထက်တန်းလွှာ အင်အားစုတွေက ပါရမီရှင်တွေတောင်မှ ဒီလလို မလုပ်နိုင်ဘူး..."

ခဏရပ်ပြီးနောက် လီဖုန်းက ဆက်ပြောလိုက်သည်။

"ငါ မင်းနဲ့ ယန်ထျန်းတို့ရဲ့ တိုက်ပွဲကိုလည်း ကြည့်ခဲ့တယ်...။ တော်တော်လေး အထင်ကြီးစရာကောင်းတယ်...။ မင်းရဲ့ တိုက်ခိုက်ရေး

အတွေ့အကြုံက တော်တော်

ကြွယ်ဝတယ်...။ ကာကွယ်မှုကို တိုက်ခိုက်မှုအဖြစ်

သုံးပြီး ရန်သူကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တာ...။ ဒါ သာမန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး...။ ဒီလိုအရည်အချင်းမျိုးနဲ့ဆိုတော့ အကြီးအကဲစုက မင်းကို ဒီလောက် တန်ဖိုးထားတ မဆန်းတော့ပါဘူး..."

"အကြီးအကဲစုက ကျွန်တော့်ကို တန်ဖိုးထားတာက ကျွန်တော်က သူ့အအေးဓာတ် အဆိပ်ကို ဖယ်ရှားပေးနိုင်လို့ပါဗျ..."

ဖုန်းဝူချန်က ပြောပြရင်း ခပ်ပါးပါးပြုံးလိုက်သည်။

ဖုန်းဝူချန်သည် တိုက်ရိုက် အဖြေမပေးဘဲ လီဖုန်းကလည်း ထိုမေးခွန်းကို ဆက်မလိုက်တော့ပေ။

သူ၏အကြည့်များသည် ဖုန်းဝူချန်၏ ဘေးတွင် တိတ်ဆိတ်စွာ နေနေသော လင်ရှောင်ရှောင်ထံသို့ ရောက်ရှိသွားသည်။

'ဒီမိန်းကလေးငယ်က ဘယ်သူလဲ...။ အကြီးအကဲစုက သူ့အကြောင်း ဘာလို့မပြောခဲ့တာလဲ...။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ချီသန့်စင်ခြင်းဘုံ ဆဌမ အလွှာကို ရောက်နေပြီ...။ ဒီလောက် ကြောက်စရာကောင်းတဲ့ အရည်အချင်းနဲ့ဆိုရင် သူ့နောက်ကွယ်မှာ အရမ်း ကြောက်ဖို့ ကောင်းတဲ့ အကျော်အမော် အင်အားစု တစ်ခု ရှိနေမှာပဲ...'

လီဖုန်းက လင်ရှောင်ရှောင်၏ ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းကြောင့် လုံးဝ ထိတ်လန့်တုန်လှုပ်လျက် တိတ်တဆိတ် ခန့်မှန်းလိုက်သည်။

လင်ရှောင်ရှောင်၏ ဇာစ်မြစ်မှာ ဖုန်းဝူချန်ပင်လျှင် မသိနိုင်သော ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။

ပျံသန်းရင်း အချိန်သည် ကုန်လွန်သွားခဲ့ပြီး ခြောက်နာရီအကြာတွင် သွေးနီငှက်သည် နောက်ဆုံးတွင် သူတို့ကို ထျန်းယန်အကယ်ဒမီသို့ ခေါ်ဆောင်လာခဲ့သည်။

ထျန်းယန်အကယ်ဒမီသည် ဧရာမကြီးမားပြီး ၎င်း၏ခန့်ညားထည်ဝါသော အဆောက်အဦးများမှာ အံ့ဩဖွယ်ရာကောင်းလှသည်။ အကယ်ဒမီသည် ယန်ဟော်အင်ပါယာတစ်ခုလုံးမှ အရည်အချင်းရှိသော လူငယ်အားလုံး စုဝေးရာနေရာ ဖြစ်လေသည်။

ရှင်းရှင်းလင်းလင်း ပြောရလျှင် ထျန်းယန်အကယ်ဒမီကိုယ်တိုင်ကပင် ယန်ဟော်အင်ပါယာနှင့် ယှဉ်ပြိုင်နိုင်လောက်အောင် အားကောင်းသော အင်အားကြီး တစ်ခု ဖြစ်ပါ၏။

သွေးနီငှက်ပေါ်မှ ဆင်းသက်ပြီးနောက် လီဖုန်းသည် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကို အကယ်ဒမီ၏ ခမ်းနားသော ဂိတ်တံခါးများမှတစ်ဆင့် ခေါ်ဆောင်သွားသည်။

"နည်းပြလီ…မဂ်လာပါ‌..."

ကျောင်းသားများသည် သူ့ကို ပတ်ပတ်လည်တွင် နှုတ်ဆက်ကြပြီး ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကို နားမလည်နိုင်သော်လည်း မနာလိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

"သူတို့က ကျောင်းသားသစ်တွေလား...။ ဝိုး... အဲ့ကောင်မလေးက အရမ်းလှတာပဲ...။ ငါ သူ့ကို လုယူရမယ်..."

"တကယ်လှတာပဲ...။ ဟိုကောင်ကတော့ ကံကောင်းလိုက်တာ...။ ငါကတော့ ဘာလို့ ကောင်မလေး

လှလှလေး တစ်ယောက်နဲ့ တစ်ခါမှ မတွေ့ရတာလဲကွာ..."

"ကျောင်းသားသစ် စုဆောင်းတဲ့ကာလက လွန်ခဲ့တဲ့ တစ်လကတည်းက ပြီးသွားပြီ မဟုတ်လား...။ ဘာလို့ သူတို့ နှစ်ယောက်က အခုမှ

ရောက်လာရတာလဲ..."

အကယ်ဒမီအတွင်းတွင် ကျောင်းသားများစွာတို့သည် သူတို့ထံသို့ နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေကြ၏။ကျောင်းသား အများအပြား၏ မျက်လုံးများမှာ လင်ရှောင်ရှောင်အပေါ်တွင် စွဲမြဲနေကာ သွားရည်များပင် ထွက်ကျလုမတတ် ဖြစ်နေသည်။

"အစ်ကိုကြီးဖုန်း..."

သူတို့ အကယ်ဒမီရင်ပြင်သို့ ဝင်ရောက်လာသည်နှင့် လင်းယိုက စိတ်လှုပ်ရှားစွာ ပြေးလာပြီး ရွှင်ပျသော အပြုံးဖြင့် ဆိုလိုက်သည်။

"ခင်ဗျားကို ကျွန်တော် အကြာကြီး စောင့်နေခဲ့တာ..."

"လင်းယို...။ ဝိုး... ချီသန့်စင်ခြင်းဘုံ ပထမအလွှာ...။ မင်းတော်တော်တိုးတက်လာတာပဲ..."

ဖုန်းဝူချန်က လင်းယို ပြေးလာသည်ကို မြင်သောအခါ ပျော်ရွှင်စွာ ပြုံးရင်း တုံ့ပြန်လိုက်သည်။

"ဟီးဟီး...။ အကယ်ဒမီက လေ့ကျင့်ပေးတာကြောင့်ပါ..."

လင်းယိုက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး လင်ရှောင်ရှောင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။

"ချီသန့်စင်ခြင်းဘုံ ဆဌမ အလွှာ...။ အရမ်း... အရမ်းမိုက်တာပဲ...။ အစ်ကိုကြီးဖုန်း...။ ဒါဘယ်သူလဲ..."

လင်ရှောင်ရှောင်၏ ကျင့်ကြံမှုအဆင့်ကို မြင်သောအခါ လင်းယိုသည် သူ၏မျက်လုံးများပင် ပြူးထွက်လုမတတ် လန့်သွားသည်။

"သူက လင်ရှောင်ရှောင်...။ ငါ့သူငယ်ချင်းပဲ..."

ဖုန်းဝူချန်က မိတ်ဆက်ပေးလိုက်သည်။

"အစ်မလေး လင်ရှောင်ရှောင်...မဂ်လာပါ"

သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ရန် အသက်ကို ပြင်းပြင်းရှူရင်း လင်းယိုက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ထိုအခါ လင်ရှောင်ရှောင်က ခပ်ပါးပါးရယ်မောကာ ခေါင်းညိတ်ပြလိုက်သည်။

ကျောင်းသားများစွာတို့သည် ရင်ပြင်ကို ဝိုင်းရံထားပြီး သူတို့၏

မျက်လုံးများအားလုံးမှာ ဖုန်းဝူချန်တို့ သုံးဦးအပေါ်တွင် ရှိနေကြသည်။ လူအုပ်ထဲတွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကို အေးစက်သော မျက်နှာဖြင့် စိုက်ကြည့်နေသော ပုံရိပ်တစ်ခု ရှိနေသည်...။ ထိုသူမှာ မော့လင်အာပင် ဖြစ်လေသည်။

ဖုန်းဝူချန်သည် သူ၏ထက်မြက်သော အာရုံခံစားမှုဖြင့် လူအုပ်ထဲမှ မော့လင်အာကိုလည်း သတိပြုမိလိုက်သည်။ သို့သော် သူသည် သူမကို တမ်းတခြင်း

အရိပ်အယောင် တစ်စုံတစ်ရာမရှိဘဲ အေးစက်သောအကြည့်တစ်ခုသာ ပေးလိုက်ပြီး မျက်နှာတွင် မော့လင်အာ ယခင်က မြင်တွေ့နေကျ ရင်းနှီးသော အကြည့်မျိုး ကင်းမဲ့နေသည်။

'ဒီလောက်လှတဲ့ကောင်မလေးကို ခေါ်လာတယ်...။ ငါ့ကိုများ ရွဲ့နေတာလား...။ ဒါမှမဟုတ် နင်က အမှိုက် တစ်ကောင်ဖြစ်နေရင်တောင် မိန်းမလှလေး တစ်ယောက်ကို ရှာနိုင်သေးတယ်လို့ သက်သေပြချင်နေတာလား...။ အရည်အချင်းမြင့်တဲ့ မိန်းမ တစ်ယောက်ကိုပေါ့...'

မော့လင်အာက ဘာကြောင့်မှန်း မသိဘဲ ဒေါသတကြီး တွေးနေမိသည်။

သို့သော် လင်ရှောင်ရှောင် ဖုန်းဝူချန်နှင့် ဤမျှ နီးကပ်နေသည်ကို မြင်ရသောအခါ အကြောင်းပြချက်မရှိဘဲ ဒေါသထွက်လာရသည်။ ထို‌ ကောင်မလေးက သူမထက် မလျော့သော အလှ ရှိနေသောကြောင့်လည်း ဖြစ်လေသည်။

မော့လင်အာ၏ အမြင်တွင် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို ခေါ်ဆောင်လာခြင်းမှာ သူမကို ရန်စရန်သက်သက်သာ ဖြစ်လေသည်။

'ဒါက မော့လင်အာ ဖြစ်ရမယ်...။ နင့်ရဲ့တန်ဖိုးမထားတတ်မှုကြောင့် နင်နောင်တရရလိမ့်မယ်...။ အစ်ကိုကြီးဖုန်းကို သစ္စာဖောက်တာက နင့်ကို သူ့ဆီက နောက်တစ်ချက်

အကြည့်ရဖို့ တစ်ဘဝလုံး တမ်းတနေစေလိမ့်မယ်...'

လင်ရှောင်ရှောင်သည် သူမအပေါ်မှ အေးစက်သော အကြည့်ကိုလည်း ခံစားမိလိုက်သောအခါ သူမ ခေါင်းလှည့်ကြည့်လိုက်၏။ မော့လင်အာ၏ အကြည့်နှင့် ဆုံသောအခါ ခဏအကြာတွင် သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

တမင်တကာလား ။ မတော်တဆလားမသိ... သူမသည် မော့လင်အာကို ပြသသလို ဖုန်းဝူချန်၏ လက်မောင်းကို ချစ်ခင်စွာ ချိတ်လိုက်သည်။

ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသောအခါ မော့လင်အာ၏ မျက်နှာသည် ပို၍ပင် အေးစက်လာပြီး မြင်ရသူတိုင်းကို ချမ်းစိမ့်သွားစေသည်။

မော့လင်အာ၏ ဘေးတွင် လူတစ်ယောက် ရပ်နေသည်...။ ထိုသူမှာ စင်မြင့်ပေါ်တွင် ဖုန်းဝူချန်ကို အနိုင်ယူခဲ့သော ဟွမ်ဖူ မိသားစုမှ သခင်လေးပင် ဖြစ်လေသည်။

မော့လင်အာ၏ ဒေါသကို သတိပြုမိသော် ဟွမ်ဖူမိသားစုမှ သခင်လေးသည် လင်ရှောင်ရှောင်ထံမှ သူ၏အကြည့်ကို အမြန်ရုပ်သိမ်းလိုက်ပြီး တိုးတိုးလေး နှစ်သိမ့်လိုက်သည်။

"လင်အာ...။ အမှိုက်က အမှိုက်ပဲ...။ ဟွမ်ဖူမိသားစုက အမှိုက်တချို့ကို အနိုင်ယူရုံနဲ့ သူအမှိုက်ဖြစ်ရမယ့် ကံကြမ္မာကို ပြောင်းလဲနိုင်မှာ

မဟုတ်ဘူး...။ ဒါနဲ့ သူ့ဘေးက ကောင်မလေးက တော်တော်လှသားပဲနော်..."

"ဟမ့်...။ လှရင် နင် သွားယူလိုက်လေ..."

မော့လင်အာက ဟွမ်ဖူမိသားစုမှ သခင်လေးကို မထီမဲ့မြင်ပြုကာ နှာခေါင်းရှုံ့လိုက်ပြီး ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။

"လင်အာ... လင်အာ... ကိုယ့်ကိုစောင့်ပါဦး..."

ဟွမ်ဖူမိသားစု၏ သခင်လေးဟာ အနောက်ကနေ အသည်းအသန် ပြေးလိုက်ရင်း အော်ဟစ်နေလေသည်။

ဒေါသတွေ တဝုန်းဝုန်းထွက်နေသော မော့လင်အာ၏ ခေါင်းထဲမှာတော့ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်

တို့နှစ်ယောက်၏ ပုံရိပ်တွေက တဝဲလည်လည်။

သူမကိုယ်သူမ မနာလိုဝန်တိုနေတာလား၊ စိတ်အနှောင့်အယှက်ဖြစ်နေတာလားဆိုတာကိုတောင် ဝေခွဲမရနိုင်တော့။

အကြောင်းရင်းကတော့... အဲ့ဒီလင်ရှောင်ရှောင်ဆိုသည့် တစ်ယောက်က အလှအပမှာရော ပါရမီမှာပါ သူမထက် သာလွန်နေ၍ပင်။

မာနကြီးပြီး ထောင်လွှားတတ်သော မော့လင်အာ တစ်ယောက်အနေနှင့် လင်ရှောင်ရှောင်ကို ရှုံးနိမ့်သွားရတာမျိုးကို ဘယ်လိုလုပ်ပြီး ကျေနပ်နိုင်မှာတဲ့လဲ။

'အသုံးမကျတဲ့ ဖုန်းဝူချန်က ဘယ်တုန်းကတည်းက ဒီလို ထူးချွန်ပြောင်မြောက်တဲ့ မိန်းကလေးမျိုးနဲ့ သိသွားရတာတုန်း။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ရော ပါရမီကပါ ငါ့ထက်တောင် သာနေသေးတယ်...။ သူက ဘယ်သူလဲ... ဘယ်ကလာတဲ့ တစ်ယောက်လဲ။'

မော့လင်အာ တစ်ယောက် ဒေါသတကြီး တွေးနေမိလေသည်။ တွေးလေလေ ၊ ရင်ထဲမှာ မခံရပ်နိုင်အောင် ခံစားလာရလေလေပါပင်။

All Chapters