မော့မျိုးနွယ်၏ ပရိယာယ်
Vol. 2 Ch. 26
~ဖုန်းဝူချန်သည် စိတ်နှလုံးပျော့ညံ့သူမဟုတ်သလို မော့ယွီကို မသတ်ချင်၍လည်း မဟုတ်ပေ။ သို့သော် ဖုန်းဝူချန်သည် ဖုန်းမျိုးနွယ်ကို ထည့်သွင်းစဉ်းစားခဲ့ရသည်။
ဖုန်းမျိုးနွယ်၏ လက်ရှိအင်အားသည် မော့မျိုးနွယ်နှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်သော်လည်း ဖုန်းမျိုးနွယ်တွင် နောက်ခံအင်အားမရှိဘဲ မော့မျိုးနွယ်တွင်မူ ဟွမ်ဖူမိသားစု၏ ထောက်ခံမှုကို ရရှိထားသည်။
စစ်ပွဲသာဖြစ်ပွားခဲ့လျှင် ဖုန်းမျိုးနွယ်သည် သေချာပေါက် အားနည်းသွားမည်ဖြစ်ပြီး ထိုအရာသည် ဖုန်းဝူချန် မြင်လိုသောအရာမဟုတ်ပေ။
ဟွမ်ဖူမိသားစု၏ အင်အားသည် ဖုန်းနှင့်မော့မျိုးနွယ်နှစ်ခုလုံးထက် များစွာသာလွန်လေသည်။ ဟွမ်ဖူမိသားစုခေါင်းဆောင်၏ ကျင့်ကြံမှုသည် ယွမ်တန်ဘုံသို့ ရောက်ရှိနေပြီဖြစ်ပြီး အင်ပါယာတွင် သူတို့သည် အလွန်ကျော်ကြားသော မျိုးနွယ်ကြီးတစ်စုဖြစ်၏။
ဖုန်းမျိုးနွယ်သည် ဟွမ်ဖူမိသားစုကို စိန်ခေါ်ရန် အင်အားမရှိသေးပေ။ လင်းမိသားစုနှင့် ဝမ်ပေါင်ကုန်တိုက်၏ အကူအညီနှင့်ပင် မဖြစ်နိုင်သေးချေ။
သို့မဟုတ်လျှင် ဖုန်းဝူချန်သည် မော့ယွီကို မဆိုင်းမတွ သတ်ပစ်ခဲ့လောက်ပြီ။
ထို့ထက်ပိုသည်မှာ ဟွမ်ဖူချင်း၏ အစ်ကိုသည် အင်ပါယာ၏ ထိပ်တန်းဂိုဏ်းဖြစ်သော ထျန်းယွင်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်နေခြင်းပင်။ ထိုသို့သော ဆက်သွယ်မှုဖြင့် အင်ပါယာသည်ပင်လျှင် ဟွမ်ဖူမိသားစုကို အရေးတယူ ဆက်ဆံရပေ၏။
…
ထျန်းယွင်ဂိုဏ်းသည် ယန်ဟော်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည့်အလျောက် သူ၏ကြောက်မက်ဖွယ်ကောင်းသော အင်အားမှာ ပြောဖွယ်ရာမရှိတော့ပေ။
“ကုန်တိုက်ပိုင်ရှင်ယွီ… ကျွန်တော် သွားလိုက်ပါဦးမယ်…”
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဆိုရင်း လင်ရှောင်ရှောင်နှင့်အတူ အေးအေးဆေးဆေးပင် ထွက်ခွာသွားသည်။
“ချီသန့်စင်ခြင်းဘုံ ပထမအလွှာက တတိယ အလွှာကို တိုက်ကွက်နည်းနည်းလေးနဲ့ အနိုင်ယူနိုင်ခဲ့တယ်…။ သခင်လေးဖုန်းရဲ့ ခွန်အားက ရှိန်ဖို့
ကောင်းလိုက်တာ…”
“တကယ်ပဲ ကြောက်စရာကောင်းတယ်…။ သူက မော့လင်အာကိုတောင် ကျော်လွန်သွားပြီ…။ ဒီလိုကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုးကို လက်လွှတ်လိုက်ရလို့ မော့မျိုးနွယ်က အခုချိန်မှာ သူတို့ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တရနေမလား… ဒါမှမဟုတ် မော့လင်အာက သူ့ရဲ့ရွေးချယ်မှုအတွက် နောင်တရနေမလား မသိဘူး…”
“သခင်လေးဖုန်းရဲ့ ကျင့်ကြံနှုန်းက ကြောက်ခမန်းလိလိပဲ…။ နောက်ထပ်လဝက်လောက်အတွင်းမှာ သူ နောက်တစ်ခါ အဆင့်တက်သွားမလား ငါ လောင်းရဲတယ်”
ဖုန်းဝူချန် သူတို့ထံသို့ ယူဆောင်လာခဲ့သော တုန်လှုပ်မှုသည် အလွန်ကြီးမားလှပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပို၍အံ့ဩဖွယ်ကောင်းနေသည်။
အဆင့်နှစ်သိုင်းဝိညာဉ်က သည်လို ကြောက်မက်ဖွယ်ကျင့်ကြံနှုန်းရှိခြင်း
သည် သူတို့၏ နားလည်မှုကို
လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။
‘ခွန်အားအရဆိုရင် ဖုန်းဝူချန်နဲ့ မော့ယွီက အဆင့်တူလောက်ပဲ…။ ဒါပေမဲ့ တိုက်ခိုက်ရေးအတွေ့အကြုံကျတော့ မော့ယွီက အများကြီးနောက်ကျကျန်ခဲ့တယ်…။ ဖုန်းဝူချန်က တိုက်ခိုက်ရေးမှာ ပါရမီရှင်ပဲ…။ သူ့ကို ကြောက်စရာကောင်းတဲ့ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်က ပူးကပ်နေသလိုပဲ…။ မယုံနိုင်စရာပဲ…။ သူ့ကို ရန်သူတော်လို့မဖြစ်ဘူး…’
ယူဝမ်ရှုံးက တိတ်တဆိတ် တွေးတောနေမိသည်။
“ကုန်တိုက်ပိုင်ရှင်… သခင်လေးဖုန်းက သိပ်ကြောက်စရာကောင်းတာပဲ…။ အဲ့ဒီအချိန်တုန်းက မော့ယွီရဲ့ ရေခဲခုတ်ပိုင်းခြင်းကို ရှောင်တိမ်းသွားတာက သိပ်ကို ဆန်းကြယ်လွန်းတယ်…”
သူ၏ဘေးတွင်ရပ်နေသော ကျန်းဟန်က သူ၏နဖူးတွင် ချွေးစေးများပြန် းနေရင်း မှတ်ချက်ချလိုက်သည်။
ထိုအခါ ယူဝမ်ရှုံးက ထပ်မံ ဖြည့်စွက် ပြောလိုက်၏။
“ဖုန်းဝူချန်က သူ့ဓားကိုတောင် မထုတ်ရသေးဘူး…”
ဤစကားကိုကြားသော် ကျန်းဟန်သည် တောင့်တင်းသွားပြီး သူ၏မျက်လုံးများထဲမှ ကြောက်ရွံ့မှုအရိပ်အယောင်မှာ ပို၍နက်ရှိုင်းသွားသည်။
ဤသို့သော တိုက်ခိုက်ရေးပါရမီရှင်တစ်ဦး၏ လှုပ်ရှားမှုကို မြင်တွေ့ရခြင်းသည် ပြိုင်ဘက်ကင်းမြို့မှ လူများအတွက် ပျော်ရွှင်စရာတစ်ခုပင်။
…
မော့ယွီကို ဖုန်းဝူချန်က အနိုင်ယူလိုက်သည့်သတင်းသည် မော့မျိုးနွယ်ထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပြိုင်ဘက်ကင်းမြို့အတွင်း၌လည်း ပျံ့နှံ့သွားခဲ့သည်။
ချီသန့်စင်ခြင်းဘုံ ပထမအလွှာက ဖုန်းမိသားစု၏ တတိယသခင်လေး ဖုန်းဝူချန်က တတိယ အလွှာရှိ မော့မျိုးနွယ်မှ မော့ယွီကို အနိုင်ယူလိုက်သည့်သတင်းသည် ပြိုင်ဘက်ကင်းမြို့မှ အိမ်တိုင်း၏ စိတ်လှုပ်ရှားမှုကို ဖြစ်စေခဲ့သည်။
ဖုန်းဝူချန် ချီသန့်စင်ခြင်းဘုံ ပထမအလွှာသို့ အဆင့်ချိုးဖြတ်တက်ရောက်သွားသည့်သတင်းသည် မျိုးနွယ်စုကြီးသုံးခုအတွက် အလွန်ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်။
ဒါက ဘယ်လို ကြောက်မက်ဖွယ်အရှိန်နှုန်းမျိုးပါနည်း။
ပြိုင်ဘက်ကင်းမြို့၏ ထိပ်တန်းပါရမီရှင် မော့လင်အာပင်လျှင် ဤသို့မလုပ်နိုင်ခဲ့ပေ။
အင်ပါယာ၏ ထိပ်တန်းပါရမီရှင်သည်ပင် ဤသို့သော ကြောက်ခမန်းလိလိ ကျင့်ကြံနှုန်းမျိုး မရှိခဲ့သည် မဟုတ်ပါလား။
မကြာမီမှာပင် ပြိုင်ဘက်ကင်းမြို့မှ လူများသည် ဖုန်းဝူချန်ကို ထိပ်တန်းပါရမီရှင်၏ နေရာသို့ မြှင့်တင်ပေးလိုက်ကြသည်။
ပြိုင်ဘက်ကင်းမြို့တွင် စကားစုတစ်ခု ပျံ့နှံ့လာခဲ့သည် - “ပြိုင်ဘက်ကင်းမြို့၏ ထိပ်တန်းပါရမီရှင်မှာ ဖုန်းဝူချန်မှလွဲ၍ အခြားမည်သူမျှမရှိ။”
အတိတ်တွင် မော့လင်အာသည် ဖုန်းဝူချန်ကို အမှိုက်သဖွယ် မထီမဲ့မြင်စော်ကားခဲ့ပြီး သူ၏ဂုဏ်သိက္ခာကို နင်းခြေကာ ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်မည်မဟုတ်ဟု ရက်စက်စွာ ကြေညာခဲ့သည်။
ယခု ဖုန်းဝူချန်က မော့လင်အာထက်ပင် ပိုမိုသန်မာသော မော့ယွီကို အနိုင်ယူလိုက်သည့်အခါ ပြိုင်ဘက်ကင်းမြို့တွင် ပျံ့နှံ့နေသော ဤစကားစုသည် မော့မျိုးနွယ်ကို ပါးရိုက်လိုက်သည်နှင့် မုချမသွေ တူညီနေတော့သည်။
ဤသို့သော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးကို မော့လင်အာနှင့် မော့မျိုးနွယ်က မထီမဲ့မြင် စွန့်ပစ်ခဲ့သည့်အတွက် ပြိုင်ဘက်ကင်းမြို့မှ လူတိုင်း၏ ဟားတိုက်ခံခဲ့ရတော့သည်။
မော့လင်အာသာ ဤအကြောင်းကို သိရှိခဲ့လျှင် သူမ မည်သို့ခံစားရမည်ကို မသေချာပေ။
ဘဝသည် ကြိုတင်ခန့်မှန်း၍မရနိုင်ပေ။
အရာများစွာသည် ကျွန်ုပ်တို့ကို အမှတ်မထင် ဖမ်းဆုပ်နိုင်ပြီး ကျွန်ုပ်တို့ မျှော်လင့်ထားသည်ထက် ပို၍ပင် များပြားလှသည် မဟုတ်ပါလော။
မော့မျိုးနွယ်၏ ပင်မခန်းမဆောင်တွင် လက်ရွေးစင် ပုဂ္ဂိုလ်တို့၏ မျက်နှာများသည် ညှိုးနွမ်းနေပြီး ခန်းမဆောင်သည် အေးစက်ပြီး ဒေါသထွက်နေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်က ပြိုင်ဘက်ကင်းမြို့၏ အမှိုက်ဟု သတ်မှတ်ခံခဲ့ရသူကို မော့ယွီ ရှုံးနိမ့်ခဲ့ခြင်းသည် အားနည်းသူကို တိုက်ခိုက်သည့် အားသာချက်ရှိနေသည့်တိုင် မော့မျိုးနွယ်၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေခဲ့ပြီး သူတို့ကို မြို့ထဲတွင် ရယ်စရာတစ်ခုဖြစ်စေခဲ့သည်။
မော့မျိုးနွယ်က ဘယ်သို့ဘယ်ပုံ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
သို့သော် မော့မျိုးနွယ်သည် ဖုန်းမျိုးနွယ်ထံသို့ နစ်နာကြေး
မတောင်းရဲခဲ့ပေ။ ပထမအချက်မှာ မော့ယွီက ချောင်းမြောင်းတိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်
ဒုတိယအချက်မှာ အားနည်းသူကို တိုက်ခိုက်သည့် အားသာချက်ရှိနေသည့်တိုင် သူတို့က ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မော့မျိုးနွယ်က မည်သည့်မျက်နှာဖြင့် တရားမျှတမှုကို ရှာဖွေနိုင်ပါမည်နည်း။ ဒါက ပို၍ပင် အရှက်ရစရာဖြစ်မည် မဟုတ်ပါလား။
မော့ခွန်းသည် မျက်နှာပျက်မခံနိုင်သလို မော့မျိုးနွယ်သည်လည်း ထိုသို့ပင်။ သူတို့သည် သူတို့၏ဒေါသကို ကြိတ်မှိတ် ဖိနှိပ်ထားနိုင်ပြီး အပြစ်အားလုံးမှာ မော့ယွီ၏ ခွန်အားမရှိမှုအပေါ်သို့ ကျရောက်သွားတော့သည်။
သို့သော် မော့မျိုးနွယ်သည် ထိုကိစ္စကို ထားပစ်မည်မဟုတ်ပေ။
အနိုင်ကျင့်ခံရပြီး ပြန်မတိုက်ဘဲ နေခြင်းတွင် ယုတ္တိ မရှိပေ။
မော့မျိုးနွယ်သည် ထိုမျှ အနိုင်ကျင့်ရန် လွယ်ကူပါသလော။
ဟုတ်ပါသည်။
မော့မျိုးနွယ်သည် ဤကိစ္စကို လွှတ်ထားရန် စိတ်ပိုင်းဖြတ်ထားခြင်းမရှိရုံသာမက သူတို့၏ လက်တုံ့ပြန်မှုသည် ပို၍ပင် ရက်စက်လိမ့်မည်။
စီနီယာအကြီးအကဲတစ်ဦးက မည်းမှောင်ပြီး ဒေါသထွက်နေသော လေသံဖြင့် ဆိုလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်… ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှုတိုးတက်နှုန်းက သိပ်ကြောက်ဖို့ကောင်းတယ်…။ ပထမအလွှာလေးနဲ့တင် မော့ယွီကို အနိုင်ယူသွားတယ်…။ သူ့ကိုသာ ကျင့်ကြံဖို့ အချိန်ပိုပေးလိုက်ရင် အချိန်တန်တဲ့အခါ ဘယ်လို ဖြစ်နေမလဲ…”
“ဒီကောင်စုတ် ဖုန်းဝူချန်က ရုတ်တရက်ကြီး ပါရမီရှင်ဖြစ်လာတယ်…။ သူ့ကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး…။ မဟုတ်ရင် ငါတို့မော့မျိုးနွယ်က ပြိုင်ဘက်ကင်းမြို့မှာ အမြဲတမ်း လှောင်ပြောင်ခံနေရမှာ မဟုတ်ဘူးလား…”
“ဟုတ်တယ်…။ ဒီကောင်စုတ်ကို ကြီးပြင်းလာခွင့် လုံးဝမပေးနိုင်ဘူး…။ သူ့ကို အမြန်ဆုံး သတ်ပစ်ရမယ်…”
“ဖုန်းမျိုးနွယ်က ယန်မျိုးနွယ်နဲ့ မျက်နှာချင်းဆိုင် မူကွဲပြီးသား…။ ငါတို့ ယန်မျိုးနွယ်နဲ့ လက်တွဲပြီး ဒီအခွင့်အရေးကိုယူပြီး ဖုန်းမျိုးနွယ်ကို ရှင်းပစ်လိုက်ရင် မကောင်းဘူးလား…”
လက်ရွေးစင်တို့သည် ဒေါသဖြင့် ပွက်ပွက်ဆူနေကြသည်။
ဖုန်းဝူချန်၏ တည်ရှိမှုသည် မော့မိသားစုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စပြုလာပြီ ဖြစ်ပြီး သူတို့သည် ထိုသို့သော ခြိမ်းခြောက်မှုကို တည်ရှိခွင့် လုံးဝပေးမည် မဟုတ်ပေ။
မော့ခွန်း၏ မျက်နှာသည် တည်ကြည်နေပြီး သူ၏နက်ရှိုင်းသော မျက်လုံးများမှာ ပြင်းထန်သော လူသတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။
သို့သော်လည်း သူသည် တစ်ချိန်လုံး တိတ်ဆိတ်စွာနေပြီး သူ၏အတွေးများကို ခန့်မှန်း၍မရနိုင်ပေ။
“ဖုန်းဝူချန်က မော့ယွီသုံးလိုက်တဲ့ ရေခဲခုတ်ပိုင်းခြင်းကို တကယ်ပဲ ဖြတ်သွားနိုင်သလား…”
အချိန်အတော်ကြာပြီးနောက် မော့ခွန်းသည် နောက်ဆုံးတွင် ဖြည်းညင်းစွာ ပါးစပ်ဟလိုက်သည်။ သူ၏တိတ်ဆိတ်မှုသည် ဤကိစ္စကိုသာ စဉ်းစားသုံးသပ်နေခဲ့သကဲ့သို့ပင်။
ဖုန်းဝူချန် မော့ယွီနှင့် တိုက်ခိုက်ခဲ့စဉ်က အံ့ဩဖွယ်မြင်ကွင်းသည် ပြိုင်ဘက်ကင်းမြို့တစ်ခွင်တွင် ပျံ့နှံ့သွားခဲ့ပြီးဖြစ်သော်လည်း ဖုန်းဝူချန် မည်သို့လုပ်ဆောင်နိုင်ခဲ့သည်ကိုမူ မည်သူမျှမသိခဲ့ပေ။
အကြီးအကဲချုပ် မော့ယွမ်ခုံးက နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ရင်း ဆို၏။
“ဒီကိစ္စက သိပ်ထူးဆန်းတယ်…။ ယွီအာ့ရဲ့အပြောအရဆို ဖုန်းဝူချန်က လုံးဝမရှောင်ခဲ့ဘူးတဲ့…။ ဒါပေမဲ့ ရေခဲခုတ်ပိုင်းခြင်းက သူ့ကိုမထိခဲ့ဘူး…။ ငါတော့ နားမလည်နိုင်ဘူး…”
သူတို့ ထိုနေရာတွင် ရှိမနေခဲ့သည်မှာ ဝမ်းနည်းစရာပင်။ သို့မဟုတ်လျှင် ဘာဖြစ်ခဲ့သည်ကို သူတို့နားလည်နိုင်ကောင်း နားလည်နိုင်ပေလိမ့်မည်။
မော့ခွန်းသည် မတ်တပ်ရပ်လိုက်ပြီး သူ၏လက်များကို နောက်ပစ်လျက် သူ၏မျက်လုံးများတွင် ခွဲခြားသိမြင်ရန်ခက်ခဲသော ပြင်းထန်သည့်လူသတ်လိုသော အရိပ်အယောင်တစ်ခု တောက်ပနေရင်း ပြောလိုက်၏။
“ဒီဖုန်းဝူချန်က လျှို့ဝှက်ဆန်းကြယ်ဖြစ်လာပြီ…။ သူက အရင်က ဖုန်းဝူချန်နဲ့ မတူတော့ဘူး…။ သူက ငါတို့မော့မိသားစုအတွက် သိပ်ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ…”
“မျိုးနွယ်စုခေါင်းဆောင်… အဲ့ဒီကောင်စုတ်ကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ…”
မော့ယွမ်ခုံးက မေးလိုက်ပြီး သူ၏စကားများတွင် ဒေါသနှင့် လူသတ်လိုသော အငွေ့အသက်များ အထင်းသားပေါ်လွင်နေသည်။
သူသည် မော့ယွီ အလဟဿဒဏ်ရာ ရသွားသည်ကို ခွင့်ပြုမည်မဟုတ်သလို မော့မိသားစု အလကား ဂုဏ်သိက္ခာ ကျသွားသည်ကိုလည်း အဖြစ်မခံနိုင်ပေ။
“ယန်မိသားစုရဲ့ စီးပွားရေးက အခြေခံအားဖြင့် ဖြတ်တောက်ခံထားရပြီ…။ အခု ငါတို့မော့မိသားစုက လှုပ်ရှားတော့မယ်ဆိုရင် ယန်မိသားစုက ဘာလုပ်မယ်လို့ မင်းတို့ ထင်လဲ…”
မော့ခွန်းက ညစ်ကျယ်ကျယ် ပြုံးရင်း မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်… ယန်မိသားစုသာ ငါတို့ဘက်မှာရှိရင် ဖုန်းမိသားစုကို ကိုင်တွယ်ဖို့ ပြဿနာမရှိတော့ဘူး…”
“ကျုပ်တို့သာ ယန်မိသားစုကို ကူညီလိုက်ရင် ဝမ်ပေါင်ကုန်တိုက်နဲ့ တခြားမိသားစုအများအပြားက ငါတို့မော့မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်သွားမှာကို ငါစိုးရိမ်တယ်…”
“မျိုးနွယ်စုခေါင်းဆောင်… ထိပ်တန်းဦးစားပေးက ဖုန်းမိသားစုကို ကိုင်တွယ်ဖို့ပဲ…။ ယန်မိသားစုနဲ့ မဟာမိတ်ဖွဲ့တာက ဖြစ်ပြီးသားကိစ္စ တစ်ခုပါ…”
အကြီးအကဲများနှင့် အခြားသူများအားလုံးသည် သူတို့၏ကိုယ်ပိုင်ထင်မြင်ချက်များကို ဖော်ပြကြသည်။
သို့သော် မော့ခွန်းက ခေါင်းခါကာ ဆို၏။
“မင်းတို့အားလုံး နားလည်မှုလွဲနေပြီ…။ ငါပြောနေတာ ယန်မိသားစုကို တိုက်ခိုက်ဖို့…။ တစ်ခါတလေ ယုန်တစ်ကောင်တောင်မှ အကျပ်အတည်းရောက်သွားရင် ပြန်ကိုက်တတ်တယ်…။ ယန်မိသားစုက အကျပ်အတည်းရောက်နေတဲ့ ယုန်တစ်ကောင်ပဲ…။ ဒါပေမဲ့ သူတို့က နောက်ဆုံးတွန်းအားတစ်ခုပဲ လိုနေသေးတာ…”
“မျိုးနွယ်စုခေါင်းဆောင်က ဘာကိုဆိုလိုတာလဲ…”
အကြီးအကဲတစ်ဦးက အနည်းငယ်နားလည်သလိုရှိသော်လည်း မသေချာသဖြင့် မေးလိုက်သည်။
“ခရုနဲ့ငှက် စစ်ထိုးကြတော့ တံငါသည်က အမြတ်ထွက်တာပေါ့…။ ဖုန်းကျိန့်ရှုံးက မော့မိသားစုနဲ့ ယှဉ်ပြိုင်ချင်တယ် ဟုတ်လား…။ သူက အများကြီး အရည်အချင်းမမီသေးဘူး…”
မော့ခွန်းက ခပ်ဖျော့ဖျော့အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။
“ကျွန်တော် အခုနားလည်သွားပြီ…”
မော့ယွမ်ခုံးက သဘောပေါက်နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အချို့က နားလည်သွားပြီး အချို့မှာတော့ လုံးဝနားမလည်နိုင်ဖြစ်နေကြသည်။
“ဒါဆို ငါညွှန်ကြားထားတဲ့အတိုင်း ဆက်လုပ်ကြ…”
မော့ခွန်းက အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။
…
ဖုန်းမိသားစု။
ဖုန်းဝူချန်က မော့ယွီကို အနိုင်ယူခဲ့သည့်အတွက် ဖုန်းမိသားစုသည် အတိုင်းအဆမရှိ စိတ်လှုပ်ရှားနေကြပြီး ဖုန်းဝူချန်အပေါ် သူတို့၏ချီးကျူးစကားများမှာ မရပ်မနားပင်။
“ချန်အာ… သား တကယ်ပဲ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်…။ သားက ငါတို့ဖုန်းမိသားစုကို ဂုဏ်ယူစေခဲ့တယ်…”
ရှောင်ချင်းချင်းက ချီးကျူးလိုက်သည်။
“ညီလေး… မင်းက ခွန်အားမှာ ငါ့ကိုတောင် ကျော်လွန်သွားပုံပဲ…။ မင်းရဲ့ကျင့်ကြံမှုက မြန်လွန်းနေတယ်…”
ဖုန်းယွမ်က ဖုန်းဝူချန် မော့ယွီကို အနိုင်ယူနိုင်သည်ကို အနည်းငယ်မယုံကြည်နိုင်သေးဘဲ ရယ်မောရင်းဆိုသည်။
“အာ…”
ဖုန်းကျိန့်ရှုံးက မျက်မှောင်ကြုတ်ရင်း ခပ်ဖွဖွသက်ပြင်းချလိုက်သည်။
“အရမ်းကြီး စိတ်လှုပ်ရှားမနေကြနဲ့ဦး…။ အဲ့ဒီမြေခွေးအိုကြီး မော့ခွန်းက အလွယ်တကူကိုင်တွယ်ရမယ့်သူမဟုတ်ဘူး…။ မော့မိသားစုက ဟွမ်ဖူမိသားစုရဲ့ ထောက်ခံမှုရှိနေတာကို ထည့်မပြောရင်တောင်ပေါ့…”
ဖုန်းချန်ယန်က ခေါင်းညိတ်ကာ လေးနက်စွာ ထောက်ခံ၏။
“မျိုးနွယ်စုခေါင်းဆောင်ပြောတာမှန်တယ်…။ ဝူချန်က မော့ယွီကို အနိုင်ယူလိုက်တာက မော့မိသားစုကို အရှက်ရစေခဲ့တာ မုချမသွေပဲ…။ သူတို့ကို စော်ကားမိမှတော့ မော့ခွန်းက ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူး…”
“အကြီးအကဲချုပ်… ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်ကို လောလောဆယ်ထားလိုက်ပြီး အဆင့်နှစ်ဆေးပညာရှင်ဖြစ်ဖို့ အာရုံစိုက်ပါ…။ အမှုန့်ကို ကျွန်တော်ကိုယ်တိုင် ပြင်ဆင်လိုက်ပါ့မယ်…”
ဖုန်းဝူချန်က လေးနက်စွာ တိုက်တွန်းလိုက်သည်။
“မင်းက ပြင်ဆင်မယ်…”
ဖုန်းချန်ယန်က ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဟုတ်တယ်…။ ကျွန်တော့်ဆရာက သင်ပေးပြီးသား…။ ပြဿနာမရှိလောက်ပါဘူး…”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ ဤနည်းလမ်းဖြင့်သာ သူသည် ဖုန်းမိသားစုကို အချိန်တိုအတွင်း အင်အားတိုးမြှင့်ရန် ကူညီနိုင်မည်ဖြစ်သည်။
“ဒါကိုး…”
ဖုန်းချန်ယန်က ခေါင်းညိတ်ကာ ပြုံးရင်းဆိုသည်။
“ဖုန်းမိသားစုမှာ နောက်ထပ်ဆေးပညာရှင်တစ်ယောက် ရှိလာပြီပဲ…။ သိပ်ကောင်းတယ်…”
ချင်းယွမ်ဆေးလုံးကို ဖုန်းကျိန့်ရှုံးထံ ပေးအပ်ပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။
“ဖေဖေ… ကျွန်တော့်ဆရာက ချင်းယွမ်ဆေးလုံး ဖော်စပ်ပေးလိုက်တယ်…။ ဒါက ဖေဖေ့ကို ယွမ်တန်ဘုံကို အဆင့်ချိုးဖြတ်တက်ရောက်ဖို့ ကူညီပေးနိုင်လောက်တယ်…။ မော့မိသားစုက ဒီကိစ္စွကို လွှတ်မထားရင်တောင် သူတို့ ဒီလောက်မြန်မြန် လှုပ်ရှားမှာမဟုတ်သေးဘူး…။ ဒီအချိန်ကိုယူပြီး သေသေချာချာကျင့်ကြံပါ…”
“ဟေ…။ မင်းဆရာ ဖော်စပ်ပေးတာ ဟုတ်လား…”
ဖုန်းကျိန့်ရှုံး၏ မျက်လုံးများသည် ချက်ချင်းပင် အရောင်တောက်လာပြီး သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားသွားသည်။ ယွမ်တန်ဘုံသို့ တက်လှမ်းရန် ယခုအခါ ပြဿနာမရှိတော့ပေ။
ဖုန်းဝူချန်က ပြုံးရင်းဆို၏။
“အကြီးအကဲချုပ် အဆင့်နှစ်ဆေးပညာရှင်ဖြစ်သွားပြီး ဖေဖေလည်း ယွမ်တန်ဘုံကို အဆင့်ချိုးဖြတ်တက်ရောက်သွား
ပြီဆိုရင် မော့မိသားစုက လှုပ်ရှားချင်ရင်တောင် သူတို့ရဲ့ကိုယ်ပိုင်အင်အားကို ပြန်ချိန်ဆဖို့ လိုအပ်လာလိမ့်မယ်…”
“ချန်အာ… မင်းဆရာက အဲ့ဒီလောက် စွမ်းအားကြီးမှတော့ သူ့ကိုပဲ တိုက်ခိုက်ခိုင်းလိုက်ပါလား…”
ရှောင်ချင်းချင်းက အလျင်အမြန် မေးလိုက်သည်။
ဤစကားကို ကြားသော် ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောပြလိုက်၏
“ မေမေ… ကျွန်တော့်ဆရာက သိပ်ထူးဆန်းပြီး တခြားကိစ္စတွေမှာ ဘယ်တော့မှ ဝင်မစွက်ဖက်ဘူး…။ ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိဘူး…။ ဒါပေမဲ့ သူက ကျွန်တော့်ကို နက်နဲအဆင့်ကျင့်စဉ်တစ်ခုနဲ့ နက်နဲအဆင့်သိုင်းပညာနှစ်ခုတော့ ပေးခဲ့ပါတယ်…”
“ဘာ…။ နက်နဲအဆင့်ကျင့်စဉ်နဲ့ သိုင်းပညာတွေ…”
ဤစကားကိုကြားသော် လူတိုင်းတုန်လှုပ်သွားပြီး သူတို့၏မျက်လုံးများသည် ပြူးကျယ်သွားကာ ဖုန်းဝူချန်ကို စိုက်ကြည့်ကြသည်။
ထို့နောက် ဖုန်းဝူချန်သည် ကျင့်စဉ်နှင့် သိုင်းပညာများကို တစ်ခုပြီးတစ်ခု ရေးချပြပြီး သူတို့ကို အလွတ်ကျက်မှတ်ခိုင်းကာ ဝါးချပ်ပြားများကို မီးရှို့ဖျက်ဆီးစေခဲ့သည်။ သို့မှသာ အခြားသူများလက်ထဲသို့ မကျရောက်နိုင်မည်ဖြစ်သည်။
ဖုန်းဝူချန်သည် သူ၏မိသားစုကို အားကောင်းသော နည်းစနစ်များနှင့် ကျွမ်းကျင်မှုများ ပေးလိုသော်လည်း သံသယမဖြစ်စေရန် ဖြည်းဖြည်းချင်း လှုပ်ရှားခဲ့ရသည်။ မိသားစုဝင်များ၏ အင်အားတိုးတက်လာသည်နှင့် သူသည် ပိုမိုအားကောင်းသော နည်းစနစ်များသို့ ပြောင်းပေးမည်ဖြစ်သည်။
နက်နဲအဆင့်နည်းစနစ်များနှင့် ကျွမ်းကျင်မှုများကို မြင်ရသောအခါ ဖုန်းကျိန့်ရှုံးနှင့် အခြားသူများသည် အပြုံးမရပ်တန့်နိုင်တော့ပေ။ ကောင်းကင်မှ မုန့်လုံးတစ်လုံး ကျလာသကဲ့သို့ပင်။
‘ဖုန်းအစ်ကိုက တစ်ချိန်လုံးကျင့်ကြံနေခဲ့ပြီး ငါတို့မထွက်ခွာခင်လေးမှာပဲ အဆင့်တက်သွားတာ…။ သူ့ဆရာနဲ့တွေ့ဖို့ အချိန်မရှိခဲ့ဘူး…’
လင်ရှောင်ရှောင်က ဖုန်းဝူချန် လိမ်ညာလှည့်စားနေသည်ကို ချက်ချင်းသိရှိသဖြင့် သူမဘာသာသူ တိတ်တဆိတ်ရယ်မောလိုက်သော်လည်း သူမသည် သူ့ကို ထုတ်မဖော်ခဲ့ပေ။
ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ အကြည့်နှင့် သူမ၏ထိန်းချုပ်ထားသော ရယ်သံကို သတိပြုမိသောအခါ ပြုံးသာ ပြုံးနိုင်တော့သည်။
‘မော့လင်အာ… ငါ မင်းတို့မော့မိသားစုကို ဟိုအရင်က သံယောဇဉ်တွေကြောင့် အခွင့်အရေးပေးခဲ့ပြီးသား…။ မင်းအဖေသာ ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုရင် အဲ့ဒီအခါကျရင် ငါ့ကိုအပြစ်မတင်နဲ့…’
ဖုန်းဝူချန် ထိုသို့ သူ့ဘာသာသူ တွေးတောနေမိသည်။
သူသည် မော့လင်အာနှင့် အဆက်အသွယ်ဖြတ်ခဲ့သော်လည်း နှစ်ပေါင်းများစွာက သံယောဇဉ်သည် အလွယ်တကူ ပယ်ဖျက်၍မရနိုင်ဘဲ မှေးမှိန်သွားရန် အချိန်ယူရပေဦးမည်။