← Chapters

စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခြင်း

Vol. 2 Ch. 17

စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခြင်း

Vol. 2 Ch. 17

~ဖုန်းဝူချန်သည် ဒုတိယအဆင့် သိုင်းဝိညာဉ်သာရှိသည့် အသုံးမကျသောလူတစ်ယောက် ဖြစ်သော်လည်း အကြီးအကဲစုက သူ့အပေါ် ဤမျှအလေးထား ဆက်ဆံနေသည်ကို မြင်လိုက်ရသည့်အခါ မော့လင်အာ၏ ရင်ထဲတွင် မနာလိုစိတ်တို့သည် တလှပ်လှပ် ထလာတော့သည်။

နှုတ်မှ ဖုန်းဝူချန်ကို အမှိုက်ဟု သုံးနှုန်းနေသော်ငြားလည်း ယန်ပုဖန်နှင့် ယန်ရွှမ်းတို့ကို ဖုန်းဝူချန် မည်မျှ လွယ်ကူစွာ အနိုင်ယူခဲ့သည်ကို မော့လင်အာတစ်ယောက် သိထားပြီးဖြစ်၏။ ဤသည်မှာ အမှိုက်တစ်ယောက် လုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

ချီသန့်စင်ခြင်း ပထမလွှာ၌ရှိသော

ယန်ထျန်းကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အဌမ အလွှာမျှသာ ရှိသေးသည့် ဖုန်းဝူချန်က အနိုင်ယူခဲ့သည်ဟူသောအချက်ကိုသာ မော့လင်အာတစ်ယောက် သိရှိသွားခဲ့ပါက မည်သို့မည်ပုံ ဖြစ်သွားမည်ကိုမူ မည်သူမျှ မပြောနိုင်တော့ပေ။

...

ထျန်းယန်အကယ်ဒမီ၏ အဓိက

နန်းတော်ဆောင်ထဲ၌...

ယနေ့ ဖုန်းဝူချန် အကယ်ဒမီသို့ လာမည်ဖြစ်ကြောင်း သိထားသောကြောင့် ကျောင်းအုပ်ကြီးနှင့် မဟာအကြီးအကဲသုံးဦးလုံး ခန်းမဆောင်အတွင်း စုရုံးရောက်ရှိနေကြလေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည့် ဖုန်းဝူချန်ဆိုသောသူက အကြီးအကဲစု၏ ကိုယ်ထဲမှ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သူတို့အားလုံး အကြီးအကဲစုထံမှ ကြားသိထားပြီးဖြစ်သည်။ ထိုအဆိပ်သည် အကြီးအကဲချုပ်ကိုယ်တိုင် အဆင့်ငါး ဆေးပညာရှင်တစ်ဦး ဖြစ်ပါလျက်နှင့် ဖယ်ရှားရန် ခက်ခဲခဲ့သည့် အရာဖြစ်လေသည်။

ဤသို့ မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်သော မျိုးဆက်သစ် ပါရမီရှင်တစ်ဦးကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် သူတို့အားလုံး အလွန်စိတ်ဝင်တစား ရှိနေကြသည်မှာ သဘာဝကျလှပေသည်။

...

ခန်းမထဲသို့ မဝင်ရောက်မီတွင် ဖုန်းဝူချန်က လင်ရှောင်ရှောင်အား သူမ၏အရှိန်အဝါများကို ချုပ်တည်းထားရန် မှာကြားလိုက်သည်။ အကယ်ဒမီမှ အကြီးအကဲများသာ သိရှိသွားခဲ့ပါက လင်ရှောင်ရှောင်ကို အကယ်ဒမီထဲသို့ ဝင်ရောက်ရန် နည်းလမ်းပေါင်းစုံဖြင့် သိမ်းသွင်းကြမည်ကို သူစိုးရိမ်နေမိ၏။

လီဖုန်းက သူတို့နှစ်ယောက်ကို ခမ်းနားကြီးကျယ်လှသည့် ခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားတော့သည်။ အထဲသို့ ခြေချလိုက်သည်နှင့် အင်အားပြင်းထန်လှသော အရှိန်အဝါလှိုင်းလုံးကြီးတစ်ခုက သူတို့ကို တည့်တည့်ဝင်ဆောင့်တော့လေ၏။

'ဘုရား... ဘုရား... ထျန်းယန်အကယ်ဒမီဆိုတာ ဒီလိုကိုး။ ဒီအဘိုးကြီးတွေရဲ့ အရှိန်အဝါတွေက အပြင်ကို လျှံထွက်နေပါလား။ အင်ပါယာနဲ့တောင် ထိပ်တိုက်ရင်ဆိုင်နိုင်တယ်ဆိုတာ မဆန်းတော့ပါဘူး။'

ဖုန်းဝူချန်တစ်ယောက် ခန်းမထဲသို့ ဝင်ဝင်ချင်း ခပ်သွက်သွက်တစ်ချက်ဝေ့ကြည့်ရင်း စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။

"ကျောင်းအုပ်ကြီးခင်ဗျာ၊ အကြီးအကဲတို့ခင်ဗျာ၊ ဖုန်းဝူချန်ကို ခေါ်လာခဲ့ပါပြီ။"

လီဖုန်းက အရိုအသေပေးကာ အသိပေးလိုက်၏။

"ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲသုံးယောက်လုံးကို နှုတ်ဆက်ပါတယ်။"

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့နှစ်ယောက်သား တညီတညွတ်တည်း အရိုအသေပေးလိုက်ကြသည်။

"ညီလေးဝူချန်... မင်းကို စောင့်နေတာကြာပြီကွ။" ဖုန်းဝူချန်ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရတော့ အကြီးအကဲစုက ဝမ်းမြောက်ဝမ်းသာဖြင့် အော်ပြောလိုက်သည်။

ခန်းမ၏ အဓိကနေရာတွင် ထိုင်နေသည့် ဝတ်ရုံဖြူနှင့် အဘိုးအိုမှာ ထျန်းယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ရှင်းထျန်းဖုန်းပင်။ သူ့ဘေး၌ အကြီးအကဲချုပ် ကျန်းယွင်ထျန်းနှင့် ဒုတိယအကြီးအကဲ လျိုချန်ဖုန်းတို့ အသီးသီးနေရာယူထားကြသည်။

အကြီးအကဲသုံးဦးလုံးသည် ယွမ်တန်ဘုံမှ အစွမ်းထက်ပညာရှင်များဖြစ်ကြပြီး ကျောင်းအုပ်ကြီး ရှင်းထျန်းဖုန်းမှာမူ ထျန်းယွမ်ဘုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းသဲ့သဲ့ကြားရသည်။ သူသည် ယန်ဟော် အင်ပါယာ၏ လက်တစ်ဆုပ်စာ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက်အပါအဝင်ပင်တည်း။

ရှင်းထျန်းဖုန်းက ဖုန်းဝူချန်ကို အကဲခတ်ကြည့်ရင်း သူ၏တည်ငြိမ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "မင်းက ဖုန်းဝူချန်ဆိုတာကိုး။ အကြီးအကဲစုပြောတာတော့ မင်းက ထျန်းယန်အကယ်ဒမီကို ဝင်ဖို့ငြင်းခဲ့ရုံတင်မကဘူး၊ သူ့ခန္ဓာကိုယ်ထဲက နှစ်ပေါင်းများစွာ ခံစားလာရတဲ့ အအေးဓာတ်အဆိပ်ကိုတောင် ဖယ်ရှားပေးနိုင်ခဲ့တယ်ဆိုပဲ။ ဒါကတော့ ငါ့ကို တကယ်ပဲ စိတ်ဝင်စားသွားစေတာအမှန်ပဲ။"

"အင်း... တော်တဲ့ကလေးပဲ။ တည်ငြိမ်တယ်၊ စိတ်ရှည်တယ်။" ဒုတိယအကြီးအကဲ လျိုချန်ဖုန်းက ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလေ၏။

"ဖုန်းဝူချန်... ဒီကိုလာစမ်း၊ ငါမင်းကို တစ်ချက်လောက်ကြည့်ပါရစေ။" အကြီးအကဲချုပ် ကျန်းယွင်ထျန်းက ခပ်ယဲ့ယဲ့ပြုံးရင်း ဆိုသည်။

'လာပြန်ပြီ... ဒီအဘိုးကြီးတွေရဲ့ ထုံးစံအတိုင်းပဲ။ ကိုင်ကြည့်စမ်းကြည့်လုပ်တော့မှာ။ ထားပါတော့လေ... ကိုယ့်ထက်အသက်ကြီးတဲ့သူတွေပဲ။ သူတို့လုပ်ချင်တာလုပ်ပါစေ။ ငါကတော့ ငြိမ်ငြိမ်လေးပဲ နေလိုက်မယ်။'

ဖုန်းဝူချန်သည် ငြင်းဆန်ခြင်းမပြုခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤအဘိုးကြီးများမှာ သူ့ထက်အသက်ကြီးသည့် လူကြီးများဖြစ်သောကြောင့် အရိုအသေပေးရမည်မှာ သူ၏ဝတ္တရားပင်ဖြစ်သည် မဟုတ်ပါလား။

ကျန်းယွင်ထျန်းက အစစ်အမှန်ယွမ်

အားမျှင် တစ်ခုကို ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲသို့ လွှတ်ကာ စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် သူ၏မျက်ခုံးတို့သည် အနည်းငယ်တွန့်ချိုးသွားပြီး...

"အင်း... ဒုတိယအဆင့် သိုင်းဝိညာဉ်အရည်အချင်းပဲ ရှိတာတော့ အမှန်ပဲ။ ဒီလိုနဲ့တောင် ယန်မိသားစုက ကောင်လေးနှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတော့ မင်းက တကယ့်ကို ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ပဲကိုး။" ဟု မှတ်ချက်ချလေတော့သည်။

"အကြီးအကဲချုပ်က မြှောက်ပင့်နေပါပြီ..."

ဖုန်းဝူချန်က ခပ်ပါးပါးပြုံးရင်း တုံ့ပြန်လိုက်သည်။

ကျန်းယွင်ထျန်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ်အတွင်းမှ အခြေအနေအရပ်ရပ်ကို အမှန်တကယ် မမြင်နိုင်ခဲ့ပေ။

"အို၊ နေပါဦး..."

သူ စကားဆုံးသည်နှင့် ကျန်းယွင်ထျန်း၏ မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ကြွေးကြော်လိုက်သည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ အလွှာရဲ့ အထွတ်အထိပ်..."

"ဘာ...။ အဆင့်ရှစ်ရဲ့ အထွတ်အထိပ်..."

ဤစကားကို ကြားသောအခါ အကြီးအကဲစု၏ မျက်နှာသည်လည်း ကြီးမားစွာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

အံ့ဩတကြီးဖြင့် အကြီးအကဲစုက မေးလိုက်သည်။

"ညီလေးဝူချန်...။ မင်း... မင်းနောက်တစ်ကြိမ် အဆင့်တက်သွားပြန်ပြီလား..."

အကြီးအကဲစုနှင့် အခြားသူများသည် ဖုန်းဝူချန်အကြောင်း သတင်းကို ယန်မိသားစုထံမှ ရှင်းလင်းစွာ ရရှိထားပြီးဖြစ်သည်။ ယန်ပုဖန်နှင့် ယန်ရွှမ်းတို့ အကယ်ဒမီသို့ ကုသမှုခံယူရန် ပို့ဆောင်ခံရစဉ်က သူတို့သည် ဖုန်းဝူချန်၏ သုံးရက်အတွင်း အဆင့်နှစ်ဆင့် တက်လှမ်းနိုင်ခဲ့သည့် မယုံနိုင်စရာ အမြန်နှုန်း အကြောင်းကို ကြားသိခဲ့ရပြီး ထိုအချိန်က သူတို့ကို

လက်ဖျားခါစေခဲ့သည်။

ယခု တစ်လကြာပြီးနောက် ဖုန်းဝူချန်သည် ဆဌမ အလွှာမှ အဌမ အလွှာ ဘုံ၏ အစွမ်းအစအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်သည် သူတို့ကို နောက်တစ်ကြိမ် ကြောက်လန့်စေခဲ့ပြန်သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပါ..."

ဖုန်းဝူချန်က ခပ်ပါးပါးပြုံးရင်း ပြန်ဖြေသည်။

"တကယ်ပဲ ထူးကဲတဲ့ပါရမီရှင်ပါပဲ...။ ဒုတိယတန်းစား သိုင်းဝိညာဉ်အရည်အချင်းနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုအရှိန်မျိုး..."

ကျောင်းအုပ်ကြီး ရှင်းထျန်းဖုန်းက တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား ကြွေးကြော်လိုက်သည်။

အဆင့်နိမ့်သိုင်းဝိညာဉ်အရည်အချင်းက မရေမတွက်နိုင်သော ပါရမီရှင်များကို ကျော်လွန်သည့် ကျင့်ကြံမှုအရှိန်ကို ပိုင်ဆိုင်ထားခြင်းသည် သူတို့တစ်ခါမှ မကြားဖူး၊ မကြုံဖူးသော အရာဖြစ်လေသည်။

"အကြီးအကဲစု...။ အဆိပ်ဖယ်ရှားတာကို ဆက်လုပ်ကြရအောင်လား...။ ကျွန်တော့်မှာ တခြားကိစ္စတွေ လုပ်စရာရှိသေးတယ်..."

ဖုန်းဝူချန်က ကျောင်းအုပ်ကြီး၏ အံ့ဩမှုကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကောင်းပြီ..."

အကြီးအကဲစုက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ရှင်းထျန်းဖုန်းကို မျက်စိဖြင့် အချက်ပြလိုက်သည်။

"မာနမကြီးသလို မရိုင်းစိုင်းဘူး...။ တကယ်ရှားပါးတာပဲ..."

ကျန်းယွင်ထျန်းက ချီးကျူးလိုက်ပြီး ဖုန်းဝူချန်အပေါ် ပို၍၊ ပို၍ ကျေနပ်လာကာ သားမက် တစ်ဦးကို ကြည့်နေသည့်အလားပင်။

ဖုန်းဝူချန်သည် အကြီးအကဲစု၏ နောက်သို့ လှမ်းသွားပြီး အံ့ဩဖွယ်ရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းတစ်ခုဖြင့် အကြီးအကဲစုအား အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးရန် စတင်လိုက်သည်။ ရှင်းထျန်းဖုန်းနှင့် အခြားသူများမှာ မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေကြပြီး ဖုန်းဝူချန်၏ လှုပ်ရှားမှုများကို မျက်တောင်တစ်ချက်မခတ်တမ်း အကဲခတ်နေကြသည်။

ထိုလျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်သော နည်းလမ်းကို သူတို့သည် အကြီးအကဲစုထံမှသာ ကြားဖူးခဲ့ပြီး တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

အဆင့်ငါးဆေးပညာရှင်တစ်ဦးပင်လျှင် ဖယ်ရှားရန် ခက်ခဲသော အအေးဓာတ်အဆိပ်ကို ဤအံ့ဖွယ်နည်းလမ်းဖြင့် အလွယ်တကူ ဖယ်ရှားနိုင်ခဲ့ရာ သူတို့၏ စပ်စုမှုမှာ သဘာဝကျလှပါ၏။

အချိန်တိုလေးအတွင်းမှာပင် ရှင်းထျန်းဖုန်းနှင့် အခြားသူများ၏ မျက်နှာများသည် ချက်ချင်းပင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။

အေးစက်သော လေစီးကြောင်းများသည် အကြီးအကဲစု၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာပြီး သူ၏တစ်ကိုယ်လုံးတွင် ရေခဲလွှာများ ဖုံးလွှမ်းသွားကာ ကြမ်းပြင်ကိုပင် ဖုံးလွှမ်းသွားသည်...။ ထိုမြင်ကွင်းမှာ သူတို့တစ်ခါမှ မကြုံဖူးသော လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းဖြစ်လေသည်။

နှစ်မိနစ်မပြည့်မီမှာပင် ဖုန်းဝူချန်သည် နောက်သို့ဆုတ်လိုက်ပြီး အကြီးအကဲစုအား လှုပ်ရှားရန် အချက်ပြလိုက်သည်။

"ဟိုက်ယား..."

အကြီးအကဲစုသည် သူ၏အစစ်အမှန်ယွမ်စွမ်းအင်ကို ရုတ်တရက် အသက်သွင်းလိုက်ပြီး လေသံတိုးတိုးဖြင့် အော်ဟစ်လိုက် သည်။ ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန်ယွမ်စွမ်းအင်သည် ပျံ့နှံ့နေသော လေအေးနှင့် ခန္ဓာကိုယ်ကို အေးခဲစေခဲ့သော ရေခဲလွှာများကို ချက်ချင်းပင် ကြေမွသွားစေသည်။

ဒုတိယအကြိမ် အအေးဓာတ်အဆိပ်ကို ဖယ်ရှားစဉ်အတွင်း အကြီးအကဲစုသည် အဆိပ်အများအပြား ဖယ်ရှားခံလိုက်ရသည်ကို သိသိသာသာ ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှာ အတော်အတန် ပေါ့ပါးသွားကာ ကိုယ်အတွင်းမှ အစစ်အမှန်ယွမ်စွမ်းအင် စီးဆင်းမှုမှာလည်း ပို၍ချောမွေ့သွားသည်။

"ငါ့ကိုယ်ထဲက အအေးဓာတ်အဆိပ်တွေက လုံးဝနီးပါး ကင်းစင်သွားပြီ..."

အကြီးအကဲစုက အလွန်အမင်း စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်သည်။ ဤသည်မှာ သူသည် အနာဂတ်တွင် အအေးဓာတ်အဆိပ်၏ နှိပ်စက်မှုကို ခံစားရတော့မည်မဟုတ်ကြောင်း ဆိုလိုလေသည်။

"ဒီလောကကြီးမှာ ဒီလောက်အံ့ဖွယ်ကောင်းတဲ့ နည်းလမ်းမျိုး ရှိလိမ့်မယ်လို့ ငါမယုံနိုင်ဘူး..."

ရှင်းထျန်းဖုန်းမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ ကျောင်းအုပ်ကြီးတစ်ဦးအနေဖြင့် သူသည် အများအပြား မြင်တွေ့ခဲ့ပြီး အများအပြား သိရှိခဲ့သော်လည်းယ ယခုလို အံ့ဖွယ်နည်းလမ်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ကျန်းယွင်ထျန်းသည် အကြီးအကဲစု၏ ကိုယ်တွင်းအခြေအနေကို အလျင်အမြန် စစ်ဆေးလိုက်ရာ သူမြင်တွေ့လိုက်ရသည်မှာ သူ၏မေးရိုးပင် ပြုတ်ကျသွားစေသည်။

မှင်သက်စွာဖြင့် ကျန်းယွင်ထျန်းက ထုတ်ဖော်ပြောလိုက်သည်။

"မယုံနိုင်စရာပဲ...။ နှစ်ပေါင်းများစွာ စုပုံနေခဲ့တဲ့ အအေးဓာတ်အဆိပ်ကို နိုင်ငံတော်အတိုင်ပင်ခံနဲ့ ငါတို့တောင်မှ အစွမ်းအစမရှိဘဲ အဆိပ်ကို မဖယ်ရှားနိုင်ခဲ့ဘူး...။ ဒါပေမဲ့ မင်းရဲ့ကုသမှုနှစ်ကြိမ်အပြီးမှာတော့ ဒါတွေက လုံးဝနီးပါး ပျောက်ကွယ်သွားပြီ...။ ဒါက စိတ်ကူးကြည့်လို့တောင်မရနိုင်ဘူး..."

ထိုစဉ် ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

"အကြီးအကဲစု...။ ခင်ဗျားကိုယ်ထဲက အအေးဓာတ်အဆိပ်က ခင်ဗျားကျင့်ကြံခဲ့တဲ့ ကျင့်စဉ်ကနေ အစပြုတာပါ...။ ခင်ဗျားသာ အဆိပ်အားလုံးကို ဖယ်ရှားချင်တယ်ဆိုရင် အားလုံးမကုန်မချင်း မကျင့်ကြံတာ အကောင်းဆုံးပါပဲ...။ မဟုတ်ရင် ကျွန်တော့်ကြိုးပမ်းမှုတွေက အချည်းနှီး ဖြစ်သွားပါလိမ့်မယ်...။ အချိန်နည်းနည်းပေးလိုက်ရင် ကျန်နေတဲ့အဆိပ်နည်းနည်းကို ခင်ဗျားကိုယ်တိုင် လုံးဝရှင်းလင်းနိုင်ပါလိမ့်မယ်..."

"ကောင်းပြီ...။ ငါ မင်းအကြံဉာဏ်အတိုင်း လိုက်နာမယ်..."

အကြီးအကဲစုက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ အအေးဓာတ်အဆိပ်ကို လုံးဝရှင်းလင်းနိုင်မည်ဆိုလျှင် ခဏတာ ကျင့်ကြံခြင်းကို ရပ်တန့်ထားရန်မှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

သူသာ ဆက်လက်ကျင့်ကြံမည်ဆိုလျှင် သူသည် အများအပြား တိုးတက်မည်မဟုတ်ဘဲ အအေးဓာတ်အဆိပ်ကိုပင် နောက်တစ်ကြိမ် စုပုံလာစေနိုင်သည်။

သို့သော် စဉ်းစားပြီးနောက် အကြီးအကဲစုက မေးလိုက်သည်။

"ဝူချန်...။ အအေးဓာတ်အဆိပ်အားလုံး ရှင်းလင်းသွားပြီးနောက် ငါပြန်ကျင့်ကြံရင် အဆိပ်က တဖြည်းဖြည်း ပြန်စုပုံလာမှာမဟုတ်ဘူးလား..."

"ဒါကတော့ အကြီးအကဲချုပ်က ခင်ဗျားကို ကူညီပေးနိုင်တဲ့အရာပါ...။ အအေးဓာတ်အဆိပ် နည်းပါးသွားတာနဲ့ အကြီးအကဲချုပ်က သူ့ရဲ့အဆင့်လေးဆေးပညာရှင်အဆင့်နဲ့ ခင်ဗျားကို ဖယ်ရှားပေးဖို့ လုံလောက်တာထက် ပိုပါတယ်..."

ဖုန်းဝူချန်က ပြုံးရင်း ပြန်ဖြေသည်။

"ဖုန်းဝူချန်...။ မင်းရဲ့အရည်အချင်းနဲ့ မင်းပိုင်ဆိုင်ထားတဲ့ အံ့ဖွယ်နည်းလမ်းနဲ့ဆိုရင် အဲ့ဒါကို ဆက်

မလိုက်စားဘဲနေတာ နှမြောစရာပဲ...။ ဘာလို့ အကယ်ဒမီကို မဝင်တာလဲ...။ မင်း ငါးနှစ်အတွင်း ယွမ်တန်ဘုံကို ရောက်ရမယ်လို့ ငါအာမခံတယ်..."

ကျောင်းအုပ်ကြီး ရှင်းထျန်းဖုန်းက သူ၏အကြည့်များကို ဖုန်းဝူချန်အပေါ်တွင် စူးစိုက်ထားရင်း ဆိုလိုက်သည်။

ဤသို့သော ပြိုင်ဘက်ကင်းပါရမီရှင်သည် မည်သူ့အတွက်မဆို အကျိုးကျေးဇူးကြီးမားပေလိမ့်မည်။ သူတို့သာ သူ့ကိုမစည်းရုံးနိုင်လျှင် အခြားသူများထံ လက်လွှတ်ဆုံးရှုံးလိုက်သည်နှင့် တူနေမည်မဟုတ်ပါလား။

"ကျောင်းအုပ်ကြီးရဲ့ ကမ်းလှမ်းမှုကို ကျွန်တော်တန်ဖိုးထားပါတယ်...။ ဒါပေမဲ့ ကျွန်တော်က အကယ်ဒမီမှာနေရတာ အဆင်မပြေလို့ပါ..."

ကျောင်းအုပ်ကြီးကိုယ်တိုင်က ကမ်းလှမ်းခဲ့သော်လည်း ဖုန်းဝူချန်သည် မဆိုင်းမတွပင် ငြင်းဆန်လိုက်သည်။

"ငါမင်းကို ဆေးပညာ သင်ပေးရင်ရော..."

ကျန်းယွင်ထျန်းက နောက်တစ်ကြိမ် မေးလိုက်သည်။

ဖုန်းဝူချန်က ခေါင်းခါနေဆဲပင်။

" အကယ်ဒမီရဲ့ အကောင်းဆုံးကျင့်စဉ်တွေနဲ့ သိုင်းပညာတွေကို ခြွင်းချက်အနေနဲ့ ရယူနိုင်ခွင့်ရှိမယ်...။ ပြီးတော့ ငါက အလယ်အလတ် အဆင့် နတ်ဘုရားအသုံးအဆောင် ဓားကောင်းတစ်လက် ထပ်ထည့်ပေးမယ်...။အကယ်ဒမီက ဝိညာဉ်အရည်နဲ့ ဆေးလုံးတွေကို လိုသလောက် ယူနိုင်တယ်...။ ပြီးတော့ ငါကိုယ်တိုင် မင်းရဲ့ကျင့်ကြံမှုကို လမ်းညွှန်ပေးမယ်...။ ဘယ်လိုလဲ..."

ရှင်းထျန်းဖုန်းက စည်းကမ်းချက်များ ထပ်မံကမ်းလှမ်းလိုက်သည်။

ရှင်းထျန်းဖုန်း ချမှတ်လိုက်သော စည်းကမ်းချက်များသည် အလွန်ဆွဲဆောင်မှုရှိပြီး အင်ပါယာ၏ မင်းသားများပင်လျှင် ထိုသို့သော အခွင့်အရေးမျိုး မရရှိခဲ့ပေ။

ဖုန်းဝူချန်သည် ရှင်းထျန်းဖုန်း၏ ကမ်းလှမ်းမှုကြောင့် ထိတ်လန့်သွားသလို အကြီးအကဲသုံးဦးမှာလည်း အံ့အားသင့်သွားကြသည်။ သူတို့သည် ရှင်းထျန်းဖုန်းက ဤသို့မယုံနိုင်လောက်သော ကမ်းလှမ်းမှုမျိုး ပြုလုပ်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ကြပေ။

အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်ပင် ရှင်းထျန်းဖုန်းထံမှ ကိုယ်ပိုင်လမ်းညွှန်မှုဖြင့် ကျင့်ကြံခွင့်ရရန်မှာ ယန်ဟော်အင်ပါယာမှ မရေမတွက်နိုင်သော လူငယ်များ အိပ်မက်မက်သော အရာဖြစ်လေသည်။

"ကျောင်းအုပ်ကြီးခင်ဗျာ...။ ခင်ဗျားရဲ့စည်းကမ်းချက်တွေက တကယ်ပဲ ဆွဲဆောင်မှုရှိပါတယ်...။ ဒါပေမဲ့ ကျွန်တော်တကယ်ပဲ အကယ်ဒမီကို မဝင်ချင်ပါဘူး...။ ကျောင်းအုပ်ကြီးကို စိတ်ပျက်စေရမှာ စိုးရိမ်မိပါတယ်..."

ဖုန်းဝူချန်သည် မဆိုင်းမတွပင် နောက်တစ်ကြိမ် ငြင်းဆန်လိုက်ပြန်သည်။

ရှင်းထျန်းဖုန်း၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ပြည့်နှက်နေသော်လည်း သူသည် လက်မလျှော့သေးဘဲ မေးလိုက်သည်။

"မင်းအကယ်ဒမီကို ဝင်ဖို့ ဘာတွေလိုအပ်မလဲ..."

ဖုန်းဝူချန်သည် အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး ခါးသီးသော အပြုံးဖြင့် ဆိုလိုက်သည်။

"ကျွန်တော့်မှာ တကယ်ပဲ အချိန်မရှိပါဘူးခင်ဗျာ...။ ကျွန်တော် လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိပြီး ဒီမှာ နေတာက ကျွန်တော့်ကို အများကြီး နှောင့်နှေးစေပါလိမ့်မယ်..."

"ဒါက..."

အကြီးအကဲစုက အကူအညီမဲ့စွာ ခါးသီးသော အပြုံးဖြင့် ဆိုလိုက်ပြီး ဘာပြောရမည်ကို မသိတော့ပေ။

ရှင်းထျန်းဖုန်းက ဤသို့ထူးကဲသော စည်းကမ်းချက်များ ကမ်းလှမ်းခဲ့သော်လည်း သူတို့သည် ဖုန်းဝူချန်ကို မစည်းရုံးနိုင်ခဲ့ပေ။ သူတို့သည် အခြား မည်သည့် နည်းလမ်းကိုမျှ စဉ်းစားမရနိုင်တော့ပေ။

ဤသို့သော ပြိုင်ဘက်ကင်း ပါရမီရှင်ကို သူတို့မစည်းရုံးနိုင်လျှင် အခွင့်အရေး တစ်ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရမည် ဖြစ်ပြီး အနာဂတ်တွင် ဒုတိယ အခွင့်အရေး ရရှိမည် မဟုတ်ပေ။

ရှင်းထျန်းဖုန်းနှင့် အခြားသူများ၏ အမြင်တွင် ဖုန်းဝူချန်သာ အကယ်ဒမီသို့ ဝင်ရောက်မည်ဆိုလျှင် ၎င်းသည် ကုန်းမကြီးပေါ်တွင် သေချာပေါက် ထင်ရှားကျော်ကြားလာပေလိမ့်မည်။

"ဖုန်းဝူချန်...။ မင်းနောက်တစ်ခေါက် ထပ်မစဉ်းစားချင်ဘူးလား..."

ရှင်းထျန်းဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။

ဖုန်းဝူချန် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ထိုအချိန်ထိ တိတ်ဆိတ်နေခဲ့သော လင်ရှောင်ရှောင်က ရုတ်တရက် ဖုန်းဝူချန်၏ ဝတ်ရုံလက်စကို ဆွဲလိုက်ပြီး တိုးတိုးလေး ဆိုလိုက်သည်။

"အစ်ကိုကြီးဖုန်း...။ ရှင် သူတို့စည်းကမ်းချက်တွေကို သဘောတူလိုက်လို့ရပါတယ်...။ နာမည်ခံကျောင်းသားတစ်ယောက်ပဲ ဖြစ်လိုက်ပါ...။ အစ်ကိုကြီးဖုန်း ကြိုက်သလို လာနိုင်သွားနိုင်တာပေါ့..."

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်၏ မျက်လုံးများမှာ တောက်ပသွားပြီး လင်ရှောင်ရှောင်ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

သူတို့

ဒါက သူတို့ကို နှစ်သိမ့်ရန် နည်းလမ်းတစ်ခု အမှန်ပင်ဖြစ်ပါသည်။အနည်းဆုံးတော့ ထိုလူအိုကြီးများ သူ့ကို ဆက်လက် မနှောင့်ယှက်တော့ရန် ဖြစ်လေသည်။

"ကျောင်းအုပ်ကြီး...။ ဒီလိုလုပ်ပါလား...။ ကျွန်တော် အကယ်ဒမီမှာ စာရင်းသွင်းလိုက်ရုံပဲ.. စာရင်းသွင်းပြီး အကယ်ဒမီရဲ့ ကျောင်းသား

တစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်မယ်...။ ဘယ်လိုလဲ...။ ဒါကို လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ဘူး..."

ဖုန်းဝူချန်က နောက်တစ်လှမ်း

ဆုတ်ပေးဟန်ဆောင်ရင်း အကြံပြုလိုက်သည်။

"နာမည်ခံ စာရင်းသွင်းတာ..."

ကျန်းယွင်ထျန်း အနည်းငယ် မှင်သက်သွားသည်။

"သဘောတူတယ်...။ ငါမင်းကို ကတိပေးတယ်...။ ဒါပေမဲ့ တစ်နှစ်နေရင် မင်းအကယ်ဒမီကို ပြန်လာရမယ် နော်..။ အဲ့ဒီအချိန်ကျရင် ကျောင်းသားသစ်တွေက အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ကြလိမ့်မယ်...။ မင်းလည်း တခြားအကယ်ဒမီတွေက ကျောင်းသားတွေနဲ့ အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ရမယ်..."

ရှင်းထျန်းဖုန်းက တစ်ချက်ကလေးမျှ မစဉ်းစားဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။

"ဒါကိုတော့ လက်ခံနိုင်ပါတယ် ခင်‌ဗျ..."

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ ၎င်းသည် သူ့အတွက် ခက်ခဲသော တာဝန်တစ်ခု မဟုတ်ပေ။

ဖုန်းဝူချန် သဘောတူလိုက်သဖြင့် ရှင်းထျန်းဖုန်းသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"ဖုန်းဝူချန်...။ မင်းဘာလိုချင်လဲ...။ နာမည်သာပြောလိုက်...။ ကျင့်စဉ်တွေ...။ သိုင်းပညာတွေ...။ ဆေးလုံးတွေ...။ ဝိညာဉ်အရည်...။ နတ်ဘုရားအသုံးအဆောင်တွေ...။ မင်းကြိုက်တာ ရွေးလို့ရတယ်..."

"ကျွန်တော် ဒီရတနာတွေ မလိုအပ်ပါဘူး...။ ကျွန်တော့်မှာ တခြားကိစ္စတွေ လုပ်စရာရှိသေးလို့ ကျွန်တော် ခွင့်ပြုပါဦး..."

ဖုန်းဝူချန်က ခေါင်းခါကာ ငြင်းဆန်လိုက်သည်။

ထိုအခိုက်အတန့်မှာ အကယ်ဒမီ၏ ရတနာများထဲမှ ကြိုက်ရာကို ရွေးချယ်ခွင့်ရသည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလိုက်သည့် အတွက်ကြောင့် ရှင်းထျန်းဖုန်းနှင့် အခြားသူများမှာ ဖုန်းဝူချန်ကို ငတုံး တစ်ယောက်ကဲ့သို့ ကြည့်နေကြတော့သည်။

All Chapters