← Chapters

အတွေးသံသယတို့ အပြည့်

Vol. 144 Ch. 2154

အတွေးသံသယတို့ အပြည့်

Vol. 144 Ch. 2154

ကလေးမလေး၏ ခန္ဓာကိုယ် ရုပ်အလောင်းနားသို့ ရောက်တော့ ဂျက်ကတ်ကို တစ်ဖန် ပြန်လှန်ပြီး ကြည့်လိုက်သည်။

ကလေးမလေးက လေးငါးနှစ် အရွယ်မျှသာ ဖြစ်ပြီး အိုးမှုတ်ခွက်ကေလေးနှင့် ကလေးဆန်သည့် အငွေ့အသက်တို့က ယခုတိုင် ပျောက်ပျက်မသွားသေးချေ။

ခြေထောက်တွင် ထူထဲသည့် ခြေအိတ်ရှည်နှင့် စကတ်ဂါဝန် သေးသေးလေးကို ဝတ်ထားပြီး အပေါ်ဘက်တွင်လည်း နှစ်ဖက်ကြိုးတိုင်း အင်္ကျီကို ဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ မူကြိုတစ်ခုခု၏ ယူနီဖောင်း ဖြစ်ဟန်ပင်။

အကယ်၍ တစ်စုံတစ်ရာ လွဲချော်ခဲ့ခြင် မရှိဘူးဆိုပါက သူမ၏ အိမ်မှကျောင်းသို့ သွားသည့် လမ်းခရီးတွင် မတော်တဆမှု တစ်ခုခု ဖြစ်သွားခဲ့ဖို့ များသည်။

သို့သော် အခင်းဖြစ်သည့် တည်နေရာအရ သူမပြုတ်ကျခဲ့သည့် နေရာက ဤနေရာတွင် ရှိမနေကြောင်းကို ကောက်ချက်ချ၍ ရသည်။ ထို့ပြင် အင်္ကျီအဝတ်အစားများ၏ စတိုင်နှင့် အရည်အသွေးတို့အရ ၎င်းတို့မှာ လုံးဝ ဈေးမပေါချေ။ ယူနီဖောင်းထုတ်ပေးသည့် မူကြိုကျောင်းတို့ကလည်း အတော်လေးရှား၏။

ထို့ကြောင့် ကလေး၏ မိသားစုက ကြွယ်ဝသည့် မိသားစု ဖြစ်ရမည်ဟု သတ်မှတ်၍ရသည်။

သို့သော် ပြဿနာက မည်သည့်နေရာတွင်နည်း။

ကျိုးဟိုင်ကဲ့သို့ မြို့ကြီးပြကြီး၌ စီးပွားရေး အခြေအနေကောင်းမွန်သည့် မိသားစုတို့မှာ သူတို့ ကလေး၏ ကျောင်းအကြိုအပို့ကို ကိုယ်ပိုင်ကား၊ ကိုယ်ပိုင် ဒရိုင်ဘာတို့ဖြင့် အကြိုအပို့ ပြုလုပ်ပေးလေ့ရှိကြသည်။

ရာသီဥတု အခြေအနေကို ထည့်သွင်းစဉ်းစားကြည့်၍လည်း ကလေး၏ မိဘများက ကလေးကို မြစ်ကမ်းအနီးသို့ ဆော့ကစားရန် ခေါ်ထွက်လာသည်လည်း မဖြစ်နိုင်ပေ။

အရာအားလုံးကို ထည့်သွင်းစဉ်းစား၍ ကလေးမလေး မတော်တဆ ရေနစ်သေဆုံးနိုင်ဖို့က အတော်လေး နည်းပါးလှ၏။

သို့တိုင် ရုပ်အလောင်းက ရေထဲမှ ပေါ်ထွက်လာခဲ့သည်ဖြစ်ရာ ဤသည်က အတော်လေး ဝိရောဓိဖြစ်စရာပင်။

၎င်းအပြင် လင်းရီ နားမလည်နိုင်သည့် နောက်တစ်ခုက ...

ကလေးမလေး သေဆုံးသွားသည့် အချိန်မှာ တစ်ရက်ကျော်ပြီး နှစ်ရက်အထိတော် ဖြစ်နေနိုင်သည်။ အသက်လေးငါးနှစ်အရွယ် ကလေး တစ်ယောက် ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်က ကောင်းကင်ပြိုကျသည်ထက်ပင် ပိုပြီးလေးနက်သည့် ကိစ္စတစ်ခုပင်။

၄၈ နာရီ ပျောက်သွားဖို့ကို မဆိုထားနှင့်။ လေးနာရီလောက်လေးပဲ ပျောက်သွားခဲ့လျှင်ပင် ကလေးမိဘများကို ကိုယ်ထောင်းစိတ်ကြေဖြစ်သွားဖို့ လုံလောက်သည်။

သို့သော် ယခု … မည်သို့သော တုံ့ပြန်မှုမျှလည်း မရှိ။ ထူးဆန်းလှ၏။

တစ်ခုခုတော့ တစ်ခုခုပင်။

“ ဇီရှင်း … မင်း အစ်ကိုလီကို အချက်အလက်တွေ ပို့ပြီးပြီလား …” လင်းရီ လှည့်ပြီး မေးလိုက်သည်။

“ ပို့ပြီးသွားပြီ .. ဒါပေမယ့် အစ်ကိုလီ ပြန်ပြောလာတာတော့ နည်းနည်းလောက် စောင့်ရနိုင်တယ်တဲ့ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ရုပ်အလောင်းကို သယ်သွားဖို့ ကားခေါ်လိုက် … ဒီကိစ္စက နည်းနည်းတော့ မူမမှန်ဘူး … ငါတို့ ပြန်ရောက်တဲ့ အချိန်ကျရင် ဆက်ပြီး စုံစမ်းရမယ် …”

“ မူမမှန်ဘူးလား …”

သုံးဦးသားလုံး လင်းရီကို ကြည့်လာခဲ့ကြပြီး မည်သည့်အရာကို ညွှန်းဆိုချင်နေမှန်း နားမလည်နိုင် ဖြစ်နေသည်။

“ ဘာကို မူမမှန်ဘူးလို့ မင်းက ထင်တာ …”

အမှုပေါင်းများစွာကို ကိုင်တွယ်လာခဲ့သည့် ကျန်းဟွေ့က လင်းရီကို နားလည်သည်။

လင်းရီ၏ အမြင်က ထက်ရှပြီး အခြားသူတို့ သတိမပြုမိသည့် အသေးမွှား ကိစ္စလေးများကို သတိပြုမိတတ်သည်။ ထို့ကြောင့် ယခုလိုအချိန်မျိုး၌ သူ၏ အမြင်က တော်တော်လေး အရေးပါသည်။

သုံးယောက်သား စုဝေးလိုက်ကြပြီး လင်းရီကလည်း သူ၏ အတွေးအမြင်များကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ကျန်သုံးဦးလည်း ကိုယ်စီ အတွေးနက်သွားခဲ့ကြ၏။

တကယ့်ကိုပင်။ အဆိုပါ အသေးစိတ်လေးတို့ကတစ်ဆင့် တစ်ခုခု လွဲချော်နေသည်ကို သူတို့အားလုံး ပြောလို့ရသည်။

ကလေးတစ်ယောက်၏ ဤသို့သော အသက်အရွယ်တွင် ဘေးတွင် လူကြီး တစ်ယောက်ယောက်က အမြဲတမ်း အချိန်ပြည့် အဖော်လုပ်ပေးနေသင့်သည်။

ဖခင် တစ်ယောက်အနေနှင့် ထိုအချက်ကို ကျန်း‌ဟွေ့ ကောင်းစွာ သတိပြုမိသည်။

အကယ်၍ ကလေးကသာ လူကြီးများနှင့် အတူရှိနေစဉ် မတော်တဆ ရေနစ်သွားခဲ့မည် ၊ သို့မဟုတ် ရေထဲ မျှောပါသွားခဲ့မည်ဆိုပါက ရေထဲ လိုက်ပါခုန်ချရင် ခုန်ချ ၊ မဟုတ်ပါက ရဲထံသို့ ချက်ချင်း လက်ငင်း အသိပေးမည် ဖြစ်သည်။

သူတို့၏ စစ်စတမ်ထဲတွင် မှတ်တမ်းတစ်ခုကတော့ ကျိန်းသေပေါက်ကို ရှိနေသင့်၏။ သို့သော် ယခု ဤမျှ အချိန်အတော်ကြာပြီးသည့်တိုင် ရောင်းရင်းလီတွင် ဘာသတင်းအချက်အလက်မျှ ရှိမနေသည်ကတော့ မဟုတ်သေးပေ။

ဤကိစ္စကို ပိုပြီး နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးသင့်သည်မှာ အမှန်ပင်။

“ အစ်ကိုကျန်း .. ညီကိုရီ … မြန်မြန်လာခဲ့ … ဒီမှာ အလောင်းနဲ့ ပတ်သက်ပြီး မူမမှန်ဘူး …” ကျန်းဖန့် အော်ပြောလာခဲ့သည်။

သူတို့ အလျင်အမြန် ပြေးလာခဲ့ကြပြီး ကျန်းဟွေ့က ကလေးမလေး၏ ဦးခေါင်းထက်ရှိ ဆံပင်များကို လက်ဖြင့် ဖယ်သပ်လိုက်သည်။

ထိုအခါ ဦးခေါင်းထိပ်တွင် ဆံပင်တစ်စုပ်စာခန့် ပျောက်ဆုံးနေသည်ကို သုံးဦးလုံး မြင်တွေ့သွားခဲ့ကြ၏။

“ ဒါ လူတွေ ပြောနေကြတဲ့ တစ္ဆေကိုက်တာ ဖြစ်မလား …” ကျန်းဇီရှင်း မေးလိုက်၏။

“ ကျွန်မအဖေလည်း မနှစ်က ဒီလိုမျိုးပဲ ဖြစ်ခဲ့ဖူးတယ် … သူ အိပ်ရာဝင်ပြီး‌ နောက်တစ်နေ့ အိပ်ရာနိုးလာတော့ သူ့ခေါင်းထိပ်မှာ ဒင်္ဂါးပြားတစ်ခုစာလောက် ဆံပင်တွေ ကွက်ပြီး ပျောက်နေတာ …”

တစ္ဆေကိုက်သည်ဆိုသည်မှာ ဆေးပညာအသုံးအနှုန်းအရ alopecia areata ဟု လူသိများပြီး လူတစ်ဦး၏ ကိုယ်ခံအား ၊ ဟော်မုန်း လုပ်ဆောင်မှုတို့နှင့် ဆက်စပ်နေသည်။ နားလည်လွယ်အောင် ပြောရမည်ဆိုပါက စိတ်ဖိအား များမှုနှင့် စိုးရိမ်မှုတို့ကြောင့် ဖြစ်ပွားလာခဲ့ရခြင်းပင်။ ထိုသို့သော ဖြစ်စဉ်က အသက် လေးငါးနှစ် အရွယ် ကလေးမလေးတစ်ယောက်တွင် မည်သို့မျှ မဖြစ်နိုင်ချေ။

“ အမှန်ပဲ … ငါ့အဘွား မနှစ်တုန်းက နှလုံးရုတ်တရက်ထဖောက်တော့ အဖေ့မှာ တစ်လလောက် ကောင်းကောင်း မအိပ်နိုင်ဘဲ ဖိအားတွေ ပိနေတာ … အဲ့နောက် သူလည်း ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်သွားတော့တာပဲ …”

“ မျိုးရိုးလိုက်တာရော မဖြစ်နိုင်ဘူးလား …” ကျန်းဟွေ့ မေးမြန်းလိုက်၏။

“ နေရာတစ်ခုတည်း ကွက်နေတာ ဆိုတော့ မျိုးရိုးလိုက်တာတော့ မဖြစ်နိုင်ဘူး … ပြီးတော့ အရေးကြီးဆုံးက ကလေးမလေးရဲ့ အသက်က ငယ်ငယ်လေး ရှိသေးတယ် … တကယ်လို့ မျိုးရိုးဗီဇကြောင့် ဆိုရင်တောင် ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ရောက်မလာသင့်ဘူး … တော်တော်လေး သံသယ ဖြစ်ဖို့ ကောင်းတယ် …”

ထိုသို့ပြောပြီးနောက် လင်းရီ ကိုယ်ကို ကိုင်း၍ အနီးကပ်သေချာကြည့်လိုက်ပြီး ဧရိယာတစ်ဝိုက်ကို လက်ချောင်းများဖြင့် ဖိကြည့်လိုက်သည်။

သူ၏ မျက်နှာမှာ ရုတ်ချည်း အုံ့မှိုင်းသွားခဲ့၏။

“ တစ်ခုခု ဖြစ်လို့လား …” ကျန်းဖန့် မေးလိုက်သည်။

“ ငါ ထင်တာ မမှားဘူးဆိုရင် ဒါ တစ်ယောက်ယောက် ဆွဲနှုတ်ထားတာပဲ ဖြစ်ရမယ် …”

“ တစ်ယောက်ယောက် ဆွဲနှုတ်တယ် …”

ဤသုံးသပ်ချက်ကို ကြားတော့ သုံးယောက်လုံး၏ မျက်နှာအမူအရာမှာ တစ်မဟုတ်ချင်း လေးနက်သွားခဲ့ကြတော့သည်။

အကယ်၍ ထိုသို့ ဖြစ်ခဲ့မည်ဆိုပါက ဤကိစ္စမှာ အမှန်တကယ်ကို ဒေါသဖြစ်ချင်စရာပင်။

“ ငါတို့ ဒီအမှုကို ကောက်ချက်ချဖို့ ရပြီထင်တာပဲ …” ကျန်းဖန့် ပြောလိုက်ပြီး “ ကလေးမလေးရဲ့ မိဘတွေက သူ့ကို မလိုချင်တော့လို့ ချောင်းထဲ လွင့်ပစ်လိုက်တာဖြစ်မယ် … ဒီရဲ့ ကွက်ပြီး ပျောက်နေတဲ့ ဆံပင်တွေက အကောင်းဆုံး သက်သေပဲ …”

လင်းရီနှင့် ကျန်သူများမှာ တိတ်ဆိတ်နေခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ကျန်းဖန့် သုံးသပ်သွားသည်ကလည်း ကျိုးကြောင်းဆီလျော်နေသောကြောင့်ပင်။

တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်မှသာလျှင် ယခုလိုမျိုး ဖြစ်နိုင်တာဖြစ်၏။

“ အစ်ကိုကျန်း ၊ အစ်ကိုရီ … ကြည့်ရတာ ကျွန်မတို့တွေ ခန့်မှန်းတာ မှန်နေတဲ့ပုံပဲ …”

ကျန်းဇီရှင်းက အောက်ငုံ့၍ ကလေးမလေး၏ အဝတ်အစားများကို လှန်တင်လိုက်၏။ “ သူ့ခန္ဓာကိုယ်မှာ အညိုမည်းစွဲနေတာတွေလည်း တွေ့ရတယ် … အရမ်းကြီး သိသာနေတာမျိုးတော့ မဟုတ်ပေမယ့် မြင်နိုင်နေတုန်းပဲ …”

သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ဤ အညိုအမည်းဒဏ်ရာတို့က မည်သို့ရလာလဲဆိုတာကို နားလည်သဘောပေါက်ရင်း ကျန်းဖန့်၏ သုံးသပ်ချက်တို့ မှန်ကန်နိုင်သည့် အလားအလာကလည်း ပိုပိုပြီး ခိုင်မာလာသည်။

မကြာမီ ရှင်းရှန်း ရဲစခန်းက ကားတစ်စင်း လွှတ်ပေးလာခဲ့ပြီး ရုပ်အလောင်းကို ကားပေါ်တင်ပြီးသည့်နောက် လင်းရီတို့ လေးဦးလုံး စခန်းသို့ ပြန်လာခဲ့ကြသည်။

အပြန်လမ်းတွင်တော့ လင်းရီမှာ ပါးစောင်ကို လက်သီးဆုပ်ဖြင့်ထောက်ထားရင်း တိတ်ဆိတ်နေသည်။

“ ကျွန်မတို့က အမှုပိတ်ဖို့ နီးနေပြီလေ အစ်ကိုရီရဲ့ … ဘာတွေ စိတ်ပျက်လက်ပျက် ဖြစ်နေတာလဲ …” ကျန်းဇီရှင်း မေးလိုက်သည်။

“ ကျန်းဖန့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ယုတ္တိရှိတယ်ဆိုရင်တောင် ငါတော့ တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတုန်းပဲ …”

“ ကားထဲမှာ ငါတို့ပဲ ရှိတာ … မင်းမှာ ပြောစရာရှိတယ်ဆို စိတ်လွတ်လက်လွတ်သာပြော …” ကျန်းဟွေ့ ပြောလိုက်၏။

“ ဒီကလေးမလေးရဲ့ မိသားစုက တော်တော်လေး ချမ်းသာတဲ့ မိသာစုက ဖြစ်မယ်လို့ ကျွန်တော်တော့ ထင်တယ် … အသေးစိတ် တော်တော်များများကလည်း အဲ့လို ညွှန်ပြနေတာပဲ … သူ့မိဘတွေက သူ့ကို သေချာလေး ပိုးမွေးသလို မွေးထားမှာ သေချာတယ် … သူတို့ မလိုချင်လို့ စွန့်ပစ်လိုက်တာမျိုးတော့ မဖြစ်နိုင်ဘူး … ဟုတ်တယ်မလား …”

“ ငါလည်း အဲ့လို တွေးဖူးတယ် …” ကျန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ငါ ဒီလိုမျိုး ဆင်တူတဲ့ အမှုတစ်ခုကို ကိုင်ခဲ့ဖူးတယ် … အဲ့ဒီတုန်းက အစ်ကိုလီလည်း ဒီလိုမျိုး အတွေးဝင်ခဲ့ဖူးတာပဲ … ဒါပေမယ့်နောက်ဆုံးကျတော့ အဲ့ဒီမိန်းမက အိမ်ထောင်ရေး ဖောက်ပြန်နေတာပဲ … ကွာရှင်းပြီးတော့ သူ ချစ်တဲ့သူနဲ့ ထွက်သွားတယ် … မကြာခင် ကလေးက သူ့အဖေ … သူ့ပထွေး ခေါ်ရမှာပေါ့ … အဲ့ကောင်က သူ့အမေရဲ့ ပိုက်ဆံတွေ ခိုးနေတာမြင်သွားခဲ့တယ်လေ … အဲ့တာနဲ့ စိတ်မကောင်းစရာ ကိစ္စတွေ ဖြစ်လာခဲ့တော့တာပဲ …”

“ အဲ့လိုက တကယ်ပဲ ဖြစ်နိုင်တယ် .. ဒါပေမယ့် ငါမှန်းတာ မှန်တယ်လို့တော့ တပ်အပ်ကြီး မပြောနိုင်သေးဘူးပေါ့… သူ့မိဘတွေ ရှာတွေ့တဲ့ထိ ငါတို့ စောင့်ရဦးမှာ …”

နာရီဝက်ခန့် ကြာပြီးနောက် သုံးယောက်သား ရှင်းရှန်းရဲစခန်းသို့ ရောက်လာခဲ့ကြသည်။ အထဲသို့ ရောက်လျှင်ရောက်ချင်း လင်းရီ မေးလိုက်၏။

“ အစ်ကိုလီ … ခင်များ ကလေးမရဲ့ မိသားစုနဲ့ အဆက်အသွယ်ရပြီလား …”

လီရှန်းဟွေ့ ခေါင်းယမ်းပြလာခဲ့၏။ “ စစ်စတမ်ထဲမှာ ဘာ မှတ်တမ်းမှ မရှိဘူး … ငါတို့ စခန်းရဲ့ တစ်တော့အကောင့်မှာ မက်ဆေ့ချ် တစ်ခု တင်ထားတယ် … မကြာခင် သတင်းရလောက်မှာပါ …”

လီရှန်းဟွေ့ ပြောရင်းဖြင့် စီးကရက် တစ်လိပ်ကို မီးညှိကာ ရေရွတ်လိုက်သည်။ “ ထူးဆန်းတယ် … ကလေးက ပျောက်နေတာကို ဘာလို့ ရဲမတိုင်တာပါလိမ့် ….”

All Chapters