သဲလွန်စ မဲ့နေပြီ
Vol. 144 Ch. 2158
သူတို့နှစ်ဦးအဖို့ … ဤသည်က အတော်လေး သံသယ ဖြစ်စရာ အချက်တစ်ခု ဖြစ်၏။
သို့သော် ယခုလောလောဆယ်တွင်တော့ တစ်ဦးတည်းသော သံသယတရားခံဖြစ်သည့် ကလေးထိန်းကို စစ်ဆေးမေးမြန်းနိုင်ရန်အတွက် သူတို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ရမည်။
“ အစ်ကိုလီ … ကျွန်တော့်အထင်တော့ ကျုပ်တို့တွေ အခုချက်ချင်း လှုပ်ရှားလို့ရပြီ ထင်တာပဲ …”
“ ကျွန်မတို့ သူ့ အချက်အလက်တွေ ပေးဖို့ လိုသေးလား …” ရန်နာ့က သူမဖုန်းကို ကိုင်ရင်း မေးလိုက်ပြီး “ ကျွန်မ အစ်မကို ဖုန်းဆက်ပြီး မေးလိုက်မယ် …”
“ အဲ့လို လုပ်ဖို့ မလိုဘူး … ကျုပ် ခင်များအစ်မကို မေးထားပြီးသား … ကျုပ်တို့ လူတွေက စုံစမ်းစစ်ဆေးဖို့ ထွက်သွားပြီးကြပြီ … ခဏနေ သတင်းရလာတော့မှာ သေချာတယ် ..”
ထိုသို့ ပြောပြီးသည့်နောက် လီရှန်းဟွေ့ မတ်တပ်ရပ်လိုက်သည်။
“ ကလေးနဲ့ တွေ့ရအောင်လို့ ခင်များတို့ကို တစ်ယောက်ယောက်နဲ့ လိုက်ပို့ခိုင်းလိုက်မယ် …"
“ ကျေးဇူးပါရှင် … ကျေးဇူးအများကြီး တင်ပါတယ် …”
လီရှန်းဟွေ့က ကျန်းဇီရှင်းကို ညွှန်ကြား၍ စုံတွဲကို ခေါ်သွားခိုင်းလိုက်သည်။ ထို့နောက် လင်းရီထံသို့ ဦးလှည့်၍ “ ကျန်တာကို ငါ မင်းတို့နဲ့ပဲ လွှဲထားလိုက်တော့မယ် … ငါမလိုက်တော့ဘူး …”
“ ပြဿနာ မရှိဘူး …”
ယခုအချိန်၌ အမှုက တော်တော်လေးကို ရှင်းရှင်းလင်းလင်း ဖြစ်လာချေပြီ။ သူတို့ လုပ်ဖို့ လိုအပ်သည်က ကလေးထိန်းကို ဖမ်ဆီးပြီး အမှုပိတ်လိုက်ရုံသာ ကျန်သည်။
“ အစ်ကိုလီ … မကောင်းတော့ဘူး …”
သူတို့ အမှုကို အနှစ်ချုပ်နေစဉ်မှာပဲ ကူရိရန်က ရေးကြီးသုတ်ပျာနှင့် အပြင်ဘက်မှ ပြေးဝင်လာခဲ့၏။
“ ဘာဖြစ်တာလဲ …”
“ ရှင်းဖားဖား ခရိုင်မှာ တိုက်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့လူတစ်ယောက် ရှိတယ် .. အဲ့လူရဲ့ ရုပ်အလောင်းက အခု ကလေးထိန်းနဲ့ အတော်လေး ဆင်တယ် … ဘယ်သူ ဘယ်ဝါ အတည်ပြုဖို့ ကျန်းဖန့်ကို လွှတ်လိုက်တယ် .. ဒါပေမယ့် အခင်းဖြစ်တဲ့နေရာမှာ ရှိတဲ့ ဓာတ်ပုံတွေ ကြည့်ရသလောက်တော့ သူတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်ဖို့များတယ် …”
“ အဆုံးစီရင်တယ် ဟုတ်လား ….”
ဤသည်ကို ကြားတော့ နှစ်ဦးလုံး အမူအရာ ပြောင်းလဲသွားခဲ့ပြီး လီရှန်းဟွေ့ ရေရွတ်လိုက်၏။ “ သူလုပ်ထားတဲ့ ပြစ်မှုကို ကြောက်ပြီး အဆုံးစီရင်သွားခဲ့တာများလား …”
“ အဲ့လို ဖြစ်နိုင်လောက်တယ် …” ကူရိရန် ပြောလိုက်၏။ “ ရှင်းဖားဖား ခရိုင်းက နှစ်သုံးဆယ် သမိုင်းကြောင်း ရှိတယ် … ကျိုးဟိုင်ရဲ့ မြို့ဟောင်း တစ်မြို့ပဲ … သူက လူကို သတ်ပြီး အဲ့ဒီမှာ သွားပုန်းနေတယ် … အသိစိတ် ပြန်ဝင်လာတဲ့ အချိန်ကျတော့ ကိုယ်လုပ်ခဲ့တဲ့ ပြစ်မှုကို ကြောက်ရွံ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့တာ ဖြစ်မယ် …”
“ ဒါပေမယ့် သူသာ အဲ့လောက် သူရဲဘောကြောင်နေမယ်ဆိုရင် အစကတည်းက လူသတ်ဝံ့တဲ့အထိ သတ္တိမရှိသင့်ဘူး .. ဘာပဲဆိုဆို ကလေးက သေတဲ့အထိ အနိုင်ကျင့် နှိပ်စက်ခံသွားခဲ့ရတာလေ … ရက်စက်တဲ့ လူတစ်ယောက်သာ မဟုတ်ဘူးဆိုရင် အဲ့ဒီလို လုပ်ရပ်မျိုး လုပ်နိုင်မှာ မဟုတ်ဘူး …”
ဧရာမ မေးခွန်း သင်္ကေတကြီးက သုံးယောက်လုံး၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
အမှုကို ပိတ်လို့ရပြီဟု သူတို့ တွေးတောနေစဉ်မှာပဲ ထင်မှတ်မထားစွာဖြင့် အမှုက ပိုပြီး ရှုပ်ထွေးလာနေပြန်သည်။
“ ဒီမှာပဲ ရပ်မနေကြနဲ့ …. အခင်းဖြစ်တဲ့နေရာကို သွားပြီး ဘာဖြစ်လဲ ကြည့်ကြစို့ … ”
သုံးဦးသား ရဲစခန်းထဲက ထွက်လာခဲ့ကြပြီး ကားထဲသို့ ဝင်သွားခဲ့ကြသည်။ ထို့နောက် တစ်နာရီခန့်အကြာတွင် ရှင်းဖားဖား ခရိုင်သို့ ရောက်ရှိလာသည်။
သူတို့သုံးဦး ရောက်သည့် အချိန်၌ အခင်းဖြစ်သည့် နေရာကို လုံခြုံရေး တင်းကြပ်ထားပြီး ဖြစ်သည်။
သို့သော် သူတို့ဘက်က ကြိုတင်ပြီး အသိပေးထားသောကြောင့် ရုပ်အလောင်းကို သယ်ဆောင်သွားခြင်းတော့ မပြုရသေးပေ။
လင်းရီ အလောင်းကို အလျင်အမြန် စစ်ဆေးကြည့်ရှုလိုက်သည်။ ခန္ဓာကိုယ်က ငါးထပ်မှ ခုန်ချလာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် သေပြီဆိုသော်လည်းပဲ ရုပ်သွင်ပြင်က ကြည့်ရှု၍ ရနေဆဲဖြစ်ကာ မုန့်ညှက်ကဲ့သို့တော့ ဖြစ်မသွားသေးချေ။ ယင်းက သေသွားသည့်လူမှာ သုန်ဝမ်ကျား၏ နာနီဖြစ်ကြောင်း ပို၍ သေချာသွားစေသည်။
ရုပ်အလောင်းနှင့် ပတ်သက်၍လည်း မည်သည့် သံသယ ဝင်စရာမျှ မရှိချေ။ အခင်းဖြစ်သည့် နေရာရှိ အခြေအနေအပေါ် မူတည်၍ သေသွားသူက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ဆုံးဖြတ်ဖို့ လွယ်ကူသည်။ ထို့ပြင် သတိပြု မှတ်သားလောက်စရာ မည်သည့် အချက်အလက်မျှလည်း ရှိမနေခဲ့ချေ။
အလောင်းကို စစ်ဆေးကြည့်ရှုပြီးနောက် လင်းရီနှင့် တခြားသူများက ကလေးထိန်း ငှားထားသည့် တိုက်ခန်းသို့ သွားရောက်လည်ပတ်ကြကာ တိုက်ခန်းပိုင်ရှင်နှင့်လည်း တွေ့ဆုံခဲ့သည်။
တိုက်ခန်းပိုင်ရှင်က ဆံပင်ကောက်ကောက်နှင့် သက်လတ်ပိုင်း အမျိုးသမီးကြီး ဖြစ်ပြီး အရွယ်က ငါးဆယ်ဝန်းကျင်ခန့်ရှိ၏။ တိုက်ခန်းပိုင်ရှင်ဟူသော အရှိန်အဝါနှင့်လည်း ကောင်းကောင်းကြီး အပ်စပ်ကိုက်ညီနေသည်။
“ ဟယ်လို … ကျုပ်တို့ တစ်ခုလောက် မေးချင်လို့ပါ … သေသွားတဲ့လူက ဒီကို ဘယ်တုန်းက ပြောင်းလာခဲ့တာလဲ …”
“ လွန်ခဲ့တဲ့ လေးငါးရက်လောက်တုန်းကပဲ … အိမ်ငှားခကိုလည်း သုံးလစာ ကြိုပေးထားတယ် … ပြီးတော့ ဘယ်နှရက်မှတောင် မရှိသေးတာကို ဒီလိုကိစ္စမျိုးတွေ ဖြစ်ရတယ်လို့ဟယ် … ကြောက်ဖို့ကောင်းလိုက်တာ .. အခုတော့ ငါ့ရဲ့ တိုက်ခန်းတွေလည်း ဆက်ပြီး ငှားလို့ မရတော့ဘူး … ကံဆိုးလိုက်ပါဘိ ….”
လူ့အဖွဲ့အစည်း အောက်ခြေရှိ သာမန်လူများအဖို့ သူတို့၏ ကိုယ်ကျိုးစီးပွားသည်သာ သူတို့၏ ဦးစားပေးပင်။
လူ့အသက်တစ်ချောင်းကတော့ …. သူတို့နှင့် ဆက်စပ်ခြင်း မရှိသရွေ့ တိရစ္ဆာန်လေးတစ်ကောင်သေတာလောက်ပင် အာရုံစိုက်နေမှာ မဟုတ်ချေ။
“ လေးငါးရက် ရှိပြီ ဟုတ်လား …”
ဤသည်ကို ကြားတော့ သုံးဦးလုံး အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး တစ်ခုခုတော့ လွဲချော်နေပြီကို ခံစားမိလိုက်ကြသည်။
ဆေးမှုခင်း၏ စစ်ဆေးချက်အရ သုန်ဝမ်ကျားသည် လွန်ခဲ့သော သုံးရက်ခန့်က သေဆုံးသွားခဲ့၏။
လွန်ခဲ့သော လေးငါးရက်ခန့်က ဆိုပါက သုန်ဝမ်ကျားလည်း သေဆုံးဦးမည် မဟုတ်ကာ ကလေးထိန်းက အဘယ်ကြောင့် ဤနေရာသို့ ပြောင်းရွေ့လာခဲ့ရသနည်း။
ဤသည်က လုံးဝ ယုတ္တိမရှိပေ။
“ ကလေးကို သူနဲ့အတူ ဒီခေါ်လာခဲ့တာရော မဖြစ်နိုင်ဘူးလား …” ကူရိရန်က သူတို့အား မေးလိုက်သည်။
လီရှန်းဟွေ့က တိုက်ခန်းပိုင်ရှင် အမျိုးသမီးဘက်သို့လှည့်၍ “ သူ ပထမဆုံး ဒီရောက်လာတော့ တစ်ယောက်တည်းလား …”
“ သူတစ်ယောက်တည်းပဲ … ခရီးဆောင်အိတ်တွေလည်း များများစားစား မပါဘူး … ငါသူ့ကို သော့ပေးပြီးတာနဲ့ သူချက်ချင်း အထဲဝင်နေတော့တာပဲ … အဲ့အမျိုးသမီးက ထူးဆန်းတယ်လို့တောင် ငါ တွေးမိလိုက်သေးတယ် … ဒါပေမယ့် ပိုက်ဆံပေးထားပြီဆိုတော့ အဲ့တာတွေ ထွေထူးခေါင်းထဲ ထည့်မနေတော့ဘူးလေ …”
“ ဒီကိစ္စက စုံစမ်းကြည့်လို့ရတယ် … အောက်ထပ်မှာရှိတဲ့ အိမ်နီးနားချင်းတွေကို မေးကြည့်လိုက်ရင် ဘာဖြစ်လဲ သိပြီပဲ မဟုတ်လား …” လင်းရီ ပြောလိုက်သည်။
လီရှန်းဟွေ့ ခေါင်းညိတ်လိုက်၏။ တိုက်ခန်းပိုင်ရှင်ကို ကျေးဇူးတင်ပြီး သူတို့သုံဦးလုံး ငှားထားသည့် အခန်းထဲသို့ ဝင်လာခဲ့ကြသည်။
အခန်းထဲတွင်တော့ ပုံစံ အနေအထားက သူတို့စိတ်ကူးထားသည်ထက် အများအပြား သပ်ရပ်နေသည်။
စားပွဲတစ်ခုတည်းသာ အနည်းငယ် ရှုပ်ပွနေခဲ့ပြီး စားမကုန်သေးသည့် စားကြွင်းစားကျန်တစ်ချို့လည်း ရှိနေခဲ့သည်။
ကျန်သည့် နေရာများ၌ ရှင်သန်နေထိုင်သွားသည့် မည်သို့သော အရိပ်အယောင်ကိုမျှ မမြင်တွေ့ရချေ။ အိပ်ရာပေါ်၌ စောင်လေး တစ်ထည်ပင် ရှိမနေချေ။
“ အစ်ကိုလီ… ကျွန်မ ဒီမှာ တစ်ခု တွေ့ထားတယ် …”
သူတို့နှစ်ဦး အခန်းအား စစ်ဆေးနေစဉ်တွင် ကူရိရန်က ကျယ်လောင်စွာ အော်ခေါ်၍ လက်ထဲတွင် အရွယ်အစား အမျိုးမျိုးရှိသည့် စက္ကူစာရွက်တစ်ချို့ကို ကိုင်ထားလေသည်။
သူတို့ တစ်ချက် သွားကြည့်လိုက်ရဦ စာရွက်ပေါ်၌ ‘ တောင်းပန်ပါတယ် ‘ ဟူသော စကားလုံးများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။
စာလုံးက သုံးလုံးတည်းသာ ရှိသော်လည်းပဲ စုတ်ချက်တို့ထဲတွင် နောင်တတရား အငွေ့အသက်တို့ ပြည့်နှက်လို့နေသည်။ လင်းရီ မှတ်စုစာရွက် တစ်ချို့ကို ယူပြီး ၎င်းတို့အား တစ်ချက်ကြည့်လိုက်သည်။
A4 စာရွက်များထဲ တစ်ခုက အိမ်ငှားစာချုပ် သဘောတူညီချက်ဖြစ်ပြီး ကျန်နှစ်ရွက်က ဝယ်ယူသုံးစွဲထားသည့် ပြေစာများပင်။
သို့သော် စက္ကူသုံးရွက်လုံးတွင် တူညီနေသည့် အရာတစ်ခုရှိသည်။ စာရွက်၏ ရေး၍ လွတ်သောနေရာများတွင် ‘ တောင်းပန်ပါတယ်’ ဟူသော စကားလုံးများဖြင့်သာ ပြည့်နှက်နေသည်။
“ ဒါ သေသွားတဲ့ လီရုံလန် ရေးသွားခဲ့တာပဲ ဖြစ်ရမယ် … အကြောင်းအရင်းကတော့ သူ့ရင်ထဲ အပြစ်ရှိစိတ်ကို ဘယ်လိုမှ မခံစားနိုင်တော့ဘဲ ဒီရဲ့ စာလုံးတွေကို ထပ်ခါတလဲလဲ ရေးနေခဲ့တာပဲ ဖြစ်ရမယ် … သူ အခု နောင်တရပြီး ခွင့်လွှတ်မှုကို ရရှိဖို့ပေါ့ …” လင်းရီ ဝေဖန် သုံးသပ်လိုက်၏။
“ ဒါပေမယ့် နောင်တရတော့ရော ဘာထူးသွားမှာမို့လို့ … လူက အခု သေသွားခဲ့ပြီလေ … သူ့ရင်ထဲ နောင်တသာ ရှိရင် ဒီလိုမျိုး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှာတောင် မဟုတ်ဘူး …”
“ ငါ့အထင်တော့ ငါတို့ မှားယွင်းသုံးသပ်မိနေကြပြီ … လီရုံလန်မှာ လူသတ်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုပေမယ့် အဲ့ဒီရဲ့ ရည်ရွယ်ချက်က သုန်ဝမ်ကျားကို ရက်စက်ဖို့အထိတော့ မလုံလောက်ဘူး …” လင်းရီ ပြောလိုက်၏။ “ အစ်ကိုလီ ပြောခဲ့သလိုမျိုးပဲ … လူသတ်သမားက ရက်စက်ပြီး သွေးအေးတဲ့လူတစ်ယောက်ဖြစ်ရမယ် .. ဒီရဲ့ စက္ကူစာရွက် သုံးရွက်မှာ ‘ တောင်းပန်ပါတယ် ‘ဆိုတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတယ် … ဆိုလိုတာ သူ့မှာ အသိစိတ် နည်းနည်းလေးတော့ ကျန်နေသေးတယ် ပြောရမယ် … ပိုက်ဆံ မချေးပေးတာနဲ့ပဲ လူကိုသတ်ရရောလား … အဲ့တာက နည်းနည်းလေးတော့ ချဲ့ကားသွားပြီ …”
“ နောက်ဒုတိယ တစ်ချက် အနေနဲ့ အိမ်ငှား သဘောတူညီမှု စာချုပ်အရဆိုရင် လီရုံလန်က ဒီကို ပြောင်းလာခဲ့တာ လွန်ခဲ့တဲ့ ငါးရက်တုန်းကတည်းကရင် … အဲ့ဒီ အချိန်တုန်းကတည်းက ပြောင်းလာခဲ့ဖို့ ရွေးချယ်လိုက်တာကို ကြည့်ရင် သုန်ဝမ်ကျား တစ်ခုခု ဖြစ်နေပြီဆိုတာ သက်သေပြဖို့ လုံလောက်တယ် … ကြောက်ရွံ့မှုနဲ့ အပြစ်ရှိစိတ်ကြောင့်မို့ ဗီလာထဲမှာ တစ်ယောက်တည်း မနေရဲတော့ဘဲ ဒီကို ပြောင်းလဲခဲ့တာ ဖြစ်ရမယ် ..”
“ ဒါပေမယ့် ပြဿနာက သူ ဒီပြောင်းလာတဲ့အချိန် သုန်ဝမ်ကျားက ဘာမှ မဖြစ်သေးဘူးလေ … ဒီတော့ ဘာလို့ ပြောင်းသွားခဲ့တာလဲ …” ကူရိရန်က သူမစိတ်ထဲရှိ မေးခွန်းကို မေးမြန်းလိုက်သည်။
“ ငါတို့ မရှင်းတဲ့ တစ်ခုခုတော့ ရှိရဦးမယ် … ဥပမာအနေနဲ့ နစ်နာသူရဲ့ မိသားစုကို မက်ဆေ့ချ်တွေပို့ပြီး ကောင်းကောင်းမွန်မွန် ရှိနေပါတယ်ဆိုတာကို ဘယ်လိုပြသလဲဆိုတာမျိုးပေါ့ … ဒီတော့ သူ့ရဲ့ သတင်းအချက်အလက်နဲ့ ပတ်သက်လို ငါတို့တွေ ထပ်ပြီး စုံစမ်းသင့်တယ် … ထပ်ပြီး တူးဆွလို့ တန်တဲ့ အရာတွေ အများကြီး ရှိနေနိုင်တယ် …”