← Chapters

စကားနားမထောင်ရင် ရိုက်

Vol. 144 Ch. 2149

စကားနားမထောင်ရင် ရိုက်

Vol. 144 Ch. 2149

ပြီးသည့်နောက် ၊ လီကျန့်ဖေးက လင်းရီနှင့် ကျန်သူများထံသို့ သိမ်းထားသည့် ဖုန်းများ ပြန်ပေးသည်။

သို့သော် သူ၏ လက်အောက်ငယ်သား အဖွဲ့ဝင်များက လင်းရီတို့ အုပ်စုကို သားကောင်အား စောင့်ကြည့်နေသကဲ့သို့ သေချာလေး အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ မသက်ဆိုင်သည့် လူများထံသို့ ဖုန်းခေါ်ခဲ့မည်ဆိုပါက ဖုန်းကို ချက်ချင်းဆွဲလုပစ်လိုက်မည်။

“ ဒါရိုက်တာလီ … လူတွေကိုကျတော့ ဘယ်နေရာမှာ စုရမှာလဲ …”

“ တွေ့ရမယ့် နေရာက ငါ ဒီနေ့ မင်းတို့ကို လက်ချာပေးခဲ့တဲ့ အဲ့ဒီ အဆောက်အဦးထဲမှာပဲ … အချိန်က မနက်ဖြန် မနက် ၁၀ နာရီ …”

“ အိုကေ … ငါတို့ နားလည်ပြီ …”

သူတို့ဖုန်းများကို ပြန်လည်လက်ခံရရှိလိုက်သည်နှင့် လူတိုင်းလူတိုင်းမှာ စိတ်အားထက်သန်နေခဲ့ကြပြီး ယခု အခွင့်အရေးကြီးအား အမိအရ ဆုပ်ကိုင်ကာ ရာထူးမြင့် တစ်နေရာကို ရယူလိုနေကြသည်။

လင်းရီ သူ့ဖုန်းထဲရှိ အဆက်အသွယ် စာရင်းကို တစ်ချက် စစ်ကြည့်လိုက်၍ လျန်ရူရွှယ်ထံ အရင်ဆုံး ဖုန်းခေါ်လိုက်သည်။

“ ဒီအချိန်ကြီး ငါ့ကို ဖုန်းဆက်လာနေတယ် ဆိုတော့ … နင်ငါ့ကို ညစာကျွေးချင်လို့မလား …” လျန်ရူရွှယ် ပြောလာခဲ့ပြီး “ ဒါပေမယ့် ဒီညတော့ အစ်မကြီးက မအားသေးဘူး … ဥက္ကဌကျီနဲ့သာ ချိန်းလိုက်တော့ …”

“ ငါ မင်းကို ညစာဖိတ်ကျွေးချင်လို့ ဖုန်းခေါ်လိုက်တာ မဟုတ်ဘူး … အဲ့ဒီအစား အမြတ်များများရမယ့် စီးပွားရေး တစ်ခုမှာ ပါဝင်ရအောင်လို့ ခေါ်လိုက်တာ …”

“ အမြတ်များများရမယ့် စီးပွားရေး ဟုတ်လား …”

ဖုန်းတစ်ဖက်ခြမ်းရှိ လျန်ရူရွှယ်မှာ လင်းရီပြောလာသည့် စကားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူမက ပိုက်ဆံလိုနေတဲ့လူမို့လို့လား …

တကယ်လို့ စီးပွားရေးကိစ္စဆိုရင်လည်း အမေ့ဆီခေါ်ပေါ့ … ဘာလို့ သူ့ဆီ ဖုန်းဆက်လာနေသေးလဲ …

ဒီအကောင် ဘာလှည့်ကွက်တွေ ထုတ်နေပြန်ပြီလဲ မသိပါဘူး …

“ ဟုတ်တယ် … အမြတ်များမယ့် အပေးအယူ … ရမယ့် အမြတ်က တစ်နှစ်ကို ယွမ်ငါးသိန်းကျော်တယ်နော်….”

လျန်ရူရွှယ်မှာ ပိုလို့ပင် ရှုပ်ထွေးသွားခဲ့ရသည်။

ယွမ်ငါးသိန်းက သူမအတွက် မပြောပလောက်သည့် ပမာဏ ဖြစ်၏။

“ နင် ဘာကယောင်ကတမ်းတွေ လာပြောနေတာလဲ …”

“ ငါ အခု နိုင်ငံခြား လက်ဇရီဘရန်းကြီး တစ်ခုရဲ့ ကိုယ်စားလှယ် ဖြစ်နေပြီ … ပြီးတော့ ဒီလှေကြီးပေါ် မင်းကိုလည်း တက်စေချင်လို့ … မနက်ဖြန် မနက် ၁၀ နာရီ ယွင်ရှု ၈၄ လမ်းမှာ တွေ့မယ် … အေးဂျင့်ခ ယွမ် ငါးသောင်းလည်း ယူလာခဲ့ …”

လျန်ရူရွှယ် ချက်ချင်းလက်ငင်း ခွန်းတုံ့ပြန်မလာခဲ့ချေ။ စိတ်ထဲ တစ်စုံတစ်ရာ မမူမှန်သည်ကို ခံစားမိနေသည်။ ကံကောင်းစွာဖြင့် သူမက လင်းရီ၏ စကားများနောက် လိုက်ပါပြီး သဘောတူလိုက်သည်။

“ အိုကေလေ …”

“ အိုကေ … မနက်ဖြန် မမေ့နဲ့ … ငါ အခု ဖုန်းချတော့မယ် …”

ဖုန်းချပြီးနောက် လင်းရီ သူ၏ ဖုန်းကို အပေါ်သို့ ပွတ်ဆွဲ၍ သူ့ အဆက်အသွယ်စာရင်းထဲ လိုက်လံစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ချိန်ပင်းချန်ထံ ဖုန်းခေါ်လိုက်၏။

ယခုလေးတင် လျန်ရူရွှယ်ကို ပြောခဲ့သည့် စကားအတိုင်း တူညီသည့်စကားကိုပဲ သူ ပြောဆိုလိုက်သည်။ လျန်ရူရွှယ်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ချိန်ပင်းချန်က အတွေ့အကြုံပိုများ၏။

စလာကတည်းက တစ်ခုခု မူမမှန်နေပြီကို သတိထားမိပြီး အားတက်သရောနှင့် သဘောတူလာခဲ့သည်။

ချိန်ပင်းချန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ မိုဟုန်ရှန်းထံ ဖုန်းခေါ်လိုက်သည်။

သူတို့နှစ်ဦး၏ စကားဝိုင်းကလည်း ရှေ့ကနှင့် အတူတူပင်။ မိုဟုန်ရှန်းကလည်း ပါးနပ်ပြီး လျန်ရူရွှယ်ကဲ့သို့ အချိန်အများကြီး ဆွဲမနေခဲ့ချေ။

ဤသုံးယောက်ကို ဖုန်းခေါ်ပြီးသည့်နောက် လင်းရီ သူ၏ အဆက်အသွယ် စာရင်းထဲ ရှိနေသည့် လူများကို လိုက်ပြီး ရှာကြည့်လိုက်သည်။

ကုန်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနက ခေါင်းဆောင်တော်တော်များ၏ ဖုန်းနံပါတ်တို့ သူ့ထဲတွင် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် ပြန်စဉ်းစားပြီးနောက် ထိုလူများကို ဖုန်းမဆက်ဖို့ သူ ဆုံးဖြတ်လိုက်၏။

ထိုလူများအားလုံးက ရန်ကျင်းတွင် ရှိနေကြပြီး အတော်လေးလည်း အလုပ်များကြသည်။

မနက်ဖြန်မနက် ဆယ်နာရီ ဤနေရာသို့ အရောက်လာခဲ့ခိုင်းဖို့က နည်းနည်းလေး လက်တွေ့မကျချေ။

တစ်ယောက်ပြီးတစ်ယောက် လင်းရီ မတူညီသည့် ဌာနအသီးသီးရှိ ခေါင်းဆောင်ဆယ်ယောက်ထံ ဖုန်းခေါ်လိုက်လေသည်။

ကုန်သွယ်စီးပွားရေး ၊ အကျင့်ပျက်ခြစားမှု စစ်ဆေးရေး၊ ရဲစခန်း၊ ပြည်သူ့လုံခြုံရေး၊ အထက်တရားရုံး၊ အစိုးရ ရှေ့နေရုံးနှင့် အကျဉ်းထောင်အုပ် … စသည့်လူများအားလုံးထံသို့ သူ့ဖုန်းခေါ်ဆိုမှု ရောက်ရှိသွားခဲ့သည်။

ပြီးသည့်နောက် လီကျန့်ဖေးကို ကြည့်ပြီး ပြောလိုက်၏။

“ ဒါရိုက်တာလီ… ကျွန်တော် အခုပဲ လူဆယ်ယောက်လုံး ခေါ်ပြီးသွားပြီ …”

“ အဲ့လောက်မြန်လား …”

လီကျန့်ဖေး၏ သွင်ပြင်က အံ့အားသင့်နေခဲ့ဟန်ပင်။ အနှီ သာမန်လူများ၏ အဆက်အသွယ်က အတော်လေးကို အကန့်အသတ်ရှိပြီး လူနှစ်ယောက် ၊သုံးယောက် ခေါ်ယူနိုင်ရန်ကပင် ခက်ခဲသည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီး ဖြစ်၏။ သို့သော် လင်းရီကတော့ ကျင်လည်စွာဖြင့် ပြုလုပ်နိုင်ခဲ့လေသည်။

“ ကျွန်တော့်ရဲ့ နက်ဝေါ့က တော်တော်လေး ကျယ်ပြန့်တယ်လေ … လူဆယ်ယောက် ခေါ်ဖို့က အဲ့လောက်ထိလည်း မခက်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ အခုဟာက ငွေရမယ့်စီးပွားရေးပဲဟာ ဘယ်သူကများ ငြင်းနိုင်မှာမို့လို့ …”

“ မင်း သိပ်တော်တယ် …” လီကျန့်ဖေး အားရကျေနပ်မှုအပြည့်ဖြင့် ပြောလိုက်ပြီး “ တကယ်လို့ မနက်ဖြန် မင်း ခေါ်ထားတဲ့ လူဆယ်ယောက်လုံး ပေါ်လာမယ်ဆိုရင် မင်းက ငါတို့ရဲ့ ကျိုးဟိုင်ဒေသ အထွေထွေ အေးဂျင့်ဖြစ်ပြီလို့သာ မှတ်လိုက်တော့ …”

“ ဟုတ် ဟုတ် .. ကျေးဇူးတင်ပါတယ် ဒါရိုက်တာလီ …”

လင်းရီရှေ့မှောက်တွင် လီကျန့်ဖေးက ဟိတ်ဟန်ထုတ် ကြွားဝါနေခဲ့သည်။ ထို့နောက် သူ့လူများအား ခေါ်၍ လင်းရီ၏ ဖုန်းကို သိမ်းထားခိုင်းလိုက်ပြီး အတွင်းဘက် အကျဆုံး အဆောက်အဦးထဲသို့ ဦးတည်လိုက်သည်။

သူ အထဲသို့ ဝင်သည်နှင့်တစ်ပြိုင်နက် ကျောချမ်းဖွယ်ကောင်းသည့် အော်ဟစ်ငိုကြွေးသံများနှင့် ကြမ်းတမ်းသည့် ဆဲရေးကြိမ်းမောင်းသံတို့က အတူ ကပ်လျက် လိုက်ပါလာသည်။

လီကျန့်ဖေး၏ အမူအရာ စိုးစဉ်းသော်မျှ ပြောင်းလဲမသွားခဲ့ချေ။ ထိုကဲ့သို့သော အသံများက သူ့အတွက် မထူးဆန်းတော့သည့် အရာများ ဖြစ်နေပြီ ဖြစ်ပြီး ဒုတိယထပ်သို့ တိုက်ရိုက်လျှောက်လှမ်းသွားခဲ့၏။

ဒုတိယထပ်သို့ ရောက်သည်တွင် အော်ဟစ်ညည်းညူသံတို့က ပို၍ ကျယ်လောင်လာသည်။

အခန်းတံခါးက ပွင့်ဟနေပြီး လီကျန့်ဖေး အထဲသို့ လျှောက်လှမ်း၍ ဝင်လာခဲ့သည်။

အတွင်းတွင် ၊ အမျိုးသား လေးငါးခြောက်‌ဦးက ကြမ်းပြင်တွင် လဲလျောင်းနေသည့် အမျိုးသားတစ်ဦးကို လက်သီးများ၊ ခြေထောက်များဖြင့် မျက်နှာတစ်ခုလုံး အညိုမည်းစွဲသည်အထိ ပြင်းထန်စွာ ကန်ကျောက်နေခဲ့ကြသည်။ ၎င်းဘေးနားတစ်ဝိုက်တွင် သွေးတို့က တော်တော်လေးအိုင်နေပြီး အင်မတန် ကြေကွဲဝမ်းနည်းဖို့ကောင်းသည့် မြင်ကွင်းဖြစ်၏။

ပြတင်းပေါက်ဘက်နားတွင်တော့ အသက်သုံးဆယ် အရွယ်ရှိမည့် အမျိုးသားတစ်ဦးက မတ်တပ်ရပ်နေသည်။ သူ့တွင် ထင်ရှားသည့် မေးရိုးကြီးများ ရှိနေပြီး စီးကရက်တစ်လိပ်ကို ဖွာလျက် ထိုရက်စက်သည့် မြင်ကွင်းကို ဇိမ်ပြေနပြေကြည့်ကာ မည်သည့်ခံစားချက်ကိုမျှ မမြင်တွေ့ရချေ။

“ ဘော့စ် … သူများတွေကို သင်ခန်းစာပေးနေပြန်ပြီလား …”

ဘော့စ်ဟု အခါ်ခံရသည့် အမျိုးသား၏ နာမည်က မာရှန်းတုံးဖြစ်ပြီး လူလိမ်ဂိုဏ်းခေါင်းဆောင်ပင်။

သုံးနှစ်အတွင်း သူက ရာဇဝတ်မှု ရှစ်ခုကို ကျူးလွန်ခဲ့ပြီး သူ၏ ဉာဏ်ရည်ဉာဏ်သွေး၊ အဆင့်မြင့်သည့် ထိပ်တန်းလိမ်လည်နည်းများနှင့် တရားမဝင်နည်းလမ်းများကို အသုံးပြုကာ ယွမ် ဆယ်သန်းကျော်အထိ ရှာဖွေနိုင်ခဲ့သည်။

မာရှန်းတုံး ခေါင်းတစ်ချက် ညိတ်လိုက်၏။ “ ထုံးစံအတိုင်း ခေါင်းမာတဲ့ ပြဿနာကောင်တွေကိုပဲပေါ့ … ဒီကောင်က သူ့ကိုယ်သူ ပြဿနာ ရှာရုံနဲ့တင် မကျေနပ်သေးဘူး … တခြားလူတွေကိုပါ ထွက်ပြေးလို့ရအောင် အဖော်ညှိလိုက်သေးတယ် … သင်ခန်းစာပေးမှပဲရမှာ … မဟုတ်ရင် မာရှန်းတုံးက ဘယ်လိုလူလဲဆိုတာကို ဒီကောင် မှတ်မိမှာ မဟုတ်ဘူး …”

“ မင်းတို့... မင်းတို့ အကုန်လုံးက လူလိမ်တွေ … ငါ့ပိုက်ဆံ ပြန်ပေးစမ်း …” ကြမ်းပြင်တွင် မလှုပ်နိုင်သည်အထိ ရိုက်ခံထားရသည့် လူက စကားကို ပြတ်တောင်းပြတ်တောင်း ပြောဆိုလိုက်သည်။ စကားပြောရန်ပင် အနိုင်နိုင် ရုန်းကန်နေရသည်မှာ သိသာလှ၏။

“ ယီးတဲ့မှပဲ … ငါ့ကို ပိုက်ဆံအကြောင်း လာပြောနေပြန်ပြီပေါ့ …” မာရှန်းတုံး ကျိန်ဆဲပြီး သူ့စီးကရက်တိုကို ကောက်ပေါက်ပစ်လိုက်သည်။

“ မင်းဆက်ပြီး ပြဿနာရှာနေဦးမယ်ဆိုရင် မင်းကို ခွေးစာကျွေးပစ်မယ် … ငါမင်းကို ခုတ်ထစ်ပြီး ဒီတောထဲ လွင့်ပစ်ထားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး … ငါ့ကို မလုပ်ရဲဘူး ထင်မနေနဲ့ …”

ထိုသို့ ပြောပြီးနောက် မာရှန်းတုံးက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

“ ဒီကောင် စကားနားထောင်လာတဲ့အထိ ဆက်ရိုက် …”

“ ဟုတ်ကဲ့ …”

မာရှန်းတုံး၏ လက်မရွံ့နောက်လိုက်တစ်စုကလည်း ထိုလူကို ဆက်ပြီး ကန်ကျောက် ထိုးကြိတ်ကြတော့သည်။

သူတို့နှစ်ဦး အခန်းထဲက ထွက်လာသည်နှင့် မာရှန်းတုံးက လီကျန့်ဖေးကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

“ မင်း ဘာကိစ္စရှိလို့လဲ ..”

“ ဒီနေ့ တော်တော်လေး အစွမ်းအစရှိတဲ့ ငနဲတစ်ပွေကို ရှာတွေ့ထားတယ် … လူ ဆယ်ယောက်ခေါ်တာ အချိန်ဘယ်လောက်မှတောင် မကြာလိုက်ဘူး … ဘော့စ် သူနဲ့ တွေ့ချင်လား … သူ့ကိုသာ ကောင်းကောင်းအသုံးချရင် အမြတ်က လုံးဝမသေးဘူးနော်…”

“ လောလောဆယ် ငါ့မှာ အချိန်မရှိသေးဘူး … ငြိမ်ငြိမ်မနေတဲ့ ငနဲ သုံးလေးယောက်လောက် ရှိတယ် … အဲ့တာ ငါတစ်ချက် သွားပြီး ကိုင်တွယ်ရဦးမှာ …”

“ အဆောက်အဦး အရှေ့ဘက် ကိစ္စကိုတော့ မင်းတို့ပဲ ဆက်ပြီး ကိုင်တွယ်ထားလိုက် … အဲ့က ကိစ္စတွေ ကိုင်တွယ်ပြီးတာနဲ့ ချက်ချင်းလာမယ် …”

“ ဟုတ်ကဲ့ .. ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ် …”

ထွက်လာခဲ့ပြီးနောက် လီကျန့်ဖေး ကနေဦး အဆောက်အဦးအတွင်းသို့ ပြန်ရောက်လာသည်။

တခြားလူများက လူခေါ်ယူရန် ဖုန်းများ တစ်ခုပြီး တစ်ခု ဆက်နေကြဆဲ ဖြစ်သော်လည်းပဲ ယခင်ကကဲ့သို့ စိတ်အားတက်ကြွနေခြင်း မရှိတော့ချေ။ သို့သော် သူတို့အားလုံး မိမိ၏ အောင်မြင်ရေးလမ်းကြောင်းအတွက် ရှိသမျှ ခွန်အားအကုန် ညှစ်ထုတ်ကာ ကြိုးပမ်းနေကြသည်။

ထိုအတောအတွင်း လူတစ်ချို့က သူတို့၏ အခြေအနေကို တစ်ချိန်လုံး စောင့်ကြည့်နေကာ မသင်္ကာဖို့ကောင်းသည့် ကိစ္စတစ်ခုခု ပေါ်လာသည်နှင့် ချက်ချင်း ဆွဲခေါ်သွားဖို့ အဆင်သင့် ဖြစ်နေခဲ့ကြ၏။

ညကိုးနာရီအချိန်တွင် … လူတိုင်း၏ ဖုန်းများအားလုံး ချက်ချင်း ပြန်သိမ်းဆည်းခံလိုက်ရသည်။

ထိုအခါ၌ မာရှန်းတုံးက အထဲသို့ ဝင်လာခဲ့၏။

သူ့ကို မြင်သည်တွင် လီကျန့်ဖေးနှင့်ကျန်သူများက ချဉ်းကပ်လာခဲ့ကြပြီး တလေးတစား အရိုအသေပေးကာ ရှိနေသည့်လူများသို့ ကြေညာလိုက်သည်။

“ ငါမင်းကိုအားလုံးကို မိတ်ဆက်ပေးမယ် … ဒါ ငါတို့ Jermes အုပ်စုရဲ့ ဥက္ကဌကြီးပဲ … မင်းတို့ကို တစ်ချက်ကြည့်ဖို့ အမေရိကားကနေ ကျိုးဟိုင်ထိ လေယာဉ်စီးပြီး ရောက်လာခဲ့တာ …”

လင်းရီ “ …. “

သူ အင်မတန် လေလုံးကြွားသည့် လူပေါင်းစုံနှင့် ကြုံခဲ့ဖူးပါသည်။ သို့သော် ၎င်းတို့လောက် အရှက်မဲ့သည့်လူများနှင့်တော့မကြုံဖူးသေးချေ။

သူကပင် ၎င်းတို့ထံမှ သင်ယူဖို့ လိုအပ်နေသေး၏။

All Chapters