← Chapters

ပထမနေရာ

Vol. 35 Ch. 477

ပထမနေရာ

Vol. 35 Ch. 477

ဝုန်း.......

ကောင်းကင်ထက်တွင် ပြင်းထန်လှသော စွမ်းအင်နှစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး စွမ်းအင်ဖိအားများမှာ ရွေးချယ်ခြင်းတောင်ထွတ်တစ်ခုလုံးအား ပျံ့နှံလွမ်းခြုံသွားလေသည်။

ရွေးခြယ်ခြင်းတောင်ထွတ်၏အပြင်ဘက်တွင် စောင့်ကြည့်နေသော စိန်းထိုက်ယွမ်နှင့်လုဟုန်းတို့နှစ်ဦးစလုံးမှာ အသက်ပင်မရှူနိုင်ပဲ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြည့်ရှူနေကြ၏။

လုဟုန်းမှာ ပိုးမွှားတစ်ကောင်မျှသာ ယူဆထား​ေသာဇူယွမ်မှာ ယ​ွမ်ဟောင်အား ထိုမျှလောက်ထိ တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားသဖြင့် အလွန်ပင် ခက်ထန်​​နေရသည်။

ထို့အပြင် ဓားခန္ဓာသွေးယဇ်ပုလ္လင်က့ဲသို့သော နည်းလမ်းမျိုးကိုပင် ထုတ်သုံးရသည်အထိ ဇူယွမ်မှာ ဖိအားဖြစ်စေခဲ့၏။

"သောက်ချီးပဲ"...

ယွမ်ဟောင်မှာ နောင်တရနေသောမျက်ဝန်းများဖြင့် ခံပြင်းစွာ ကျိန်ဆဲလိုက်သည်။ ဤသို့ဖြစ်လာမည်ကိုသာ ကြိုတင်သိရှိခ့ဲပါက ယွမ်ဟောင်မှာ လုဟုန်း၏အုပ်စုမှ ပါဝင်ယှဥ်ပြိုင်သူများအားလုံးပူးပေါင်း၍ ဇူယွမ်အား ပြိုင်ပွဲမှ ထုတ်ပယ်ခ့ဲမည်ပင် ဖြစ်၏။ သို့သော် ယခုအချိန်တွင်တော့ နောင်တရရန်ပင် နောက်ကျလွန်းနေခဲ့ပြီ ဖြစ်သည်။

..........

ေကာင်းကင်ထက်တွင် ကောင်းကင်ဘုံယွမ်စုတ်တံ၏ အနက်ရောင်အမွှေးများဖြင့် ရစ်ပတ်ထားသော ဇူယွမ်၏လက်သီးနှင့် သွေးနီရောင်ဓားချီများ လွှမ်းခြုံထားသည့် ယွမ်ဟောင်၏လက်သီးတို့မှာ ထိပ်တိုက်တွေ့ဆုံသွားကြ၏။

ဝုန်း....

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပေထောင်ကျော်မျှရှိသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားရပြီး ပတ်ဝန်းကျင်ဆီသို့ပျံနှံလွမ်းခြုံသွားသည်။

ရွေးခြယ်ခြင်းတောင်ထွတ် အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များသည်ပင် ဇူယွမ်နှင့် ယွမ်ဟောင်တို့၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းဂယက်များအား ခံစားလိုက်ကြရ၏။

ယွမ်ဟောင်မှာ နီရဲနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ​​​ေအာ်ဟစ်လိုက်သည်။ "မင်းလို တပည့်အသစ်ကများ ငါ့ကိုတားဆီးနိုင်မှာတဲ့လား။ မဖြစ်နိုင်ဘူး။"

ယွမ်ဟောင်၏ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် လေထုများသည်ပင် ဆုတ်ပြဲသွားရ၏။

ယွမ်ဟောင်၏လက်မောင်းထက်တွင် သွေးနီရောင်ဓားချီများ ထွက်ပေါ်လာပြီးနောက် ကောင်းကင်မီးလျှံဓားသွား၏ပုံရိပ်ယောင်သဲ့သ့ဲမျှ ထွက်ပေါ်လာသည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ငါ့ရှေ့ကနေ ပျောက်ကွယ်သွားလိုက်တော့။"

ဝုန်း....

အနက်ရောင်အမွှေးများဖြင့် ဖုံးအုပ်ထားသော ဇူယွမ်၏လက်သီးမှာ သွေးနီရောင်ဓားချီများ လွှမ်းခြုံနေသော ယွမ်ဟောင်၏လက်သီးနှင့် ထပ်မံတွေ့ဆုံသွားခဲဲ့ပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ယွမ်ဟောင်မှာ ဇူယွမ်၏လက်သီးထံမှ အကန့်အသတ်မဲ့သော စွမ်းအင်များအား ခံစားလိုက်ရသဖြင့် မျက်ဝန်းများပင် ကျဥ်းမြောင်းသွားရ၏။ ထိုစွမ်းအင်များ၏ ပြင်းထန်မှုကြောင့် ယွမ်ဟောင်၏ ဓားချီများသည်ပင် အက်ကွဲလာရသည်။

ခရက်....

ယွမ်ဟောင်၏ လက်မောင်းတစ်ခုလုံးမှာ အရိုးများ ကျိုးကြေသွား၏။ ထို့နောက် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ယွမ်ဟောင်မှာ အမြှောက်ဆံတစ်ခုအလား ေကာင်းကင်ထက်မှ ပြုတ်ကျသွားလေသည်။

ယွမ်ဟောင်၏ မျက်ဝန်းများမှာ ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ ဇူယွမ်၏ ထိုးနှက်ချက်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် ပြင်းထန်လှသည်။

ဝုန်း.....

ယွမ်ဟောင်၏ ခန္ဓာကိုယ်မှာ တောင်ကုန်းတစ်ခုနှင့် ရိုက်ခတ်သွားရ၏။ တောင်ကုန်းတစ်ခုလုံးမှာ ပြင်းထန်လှသောအရှိန်ကြောင့် ပြိုကျပျက်စီးသွားရသည်။

စောင့်ကြည့်နေသော တပည့်များမှာ ပြင်းထန်လှသော ဇူယွမ်၏ အဖျက်စွမ်းအားများကြောင့် အလွန်ပင် အ့ံအားသင့်ကုန်​ြက၏။

ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။

ဇူယွမ်မှာ ကောင်းကင်ထက်တွင် ပျံဝဲနေလျက်ရှိပြီး လက်ချောင်းများမှ သွေးများယိုစီးကျနေ၏။ အစောပိုင်းတွင် ဖြစ်ပေါ်ခ့ဲသော ထိပ်တိုက်တွေ့ဆုံမှုမှာ အလွန်ပင် ပြင်းထန်လှသည်။ ပြင်ပသန်မာမှုကျင့်စဥ်သာ ကျင့်ကြံထားခြင်းမရှိခ့ဲပါက ဇူယွမ်၏ လက်မောင်းတစ်ခုလုံးပင် ကျိုးကြေသွားနိုင်၏။

ဇူယ​ွမ်မှာ အေးစက်နေသော မျက်ဝန်းများဖြင့် အပျက်အစီးများအကြားမှ သွေးအလိမ်းလိမ်းဖြင့် ​ကြောက်လန့်တုန်လှုပ်နေသော ယွမ်ဟောင်အား ကြည့်ရှုလိုက်သည်။

ယွမ်ဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများဖြင့် မြင်မကောင်းအောင် ဆိုးရွားနေပြီး လက်မောင်တစ်ဖက်မှာလည်း ကျိုးကြေနေ၏။

ယွမ်ဟောင်မှာ ကြောက်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် ကောင်းကင်ထက်တွင် ပျံဝဲနေသော ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ယွမ်ဟောင်မှာ စိတ်နှလုံးထဲ၌ ဒေါသအငွေ့အသက်များဖြင့် ပြည့်နှက်နေရ၏။ ယွမ်ဟောင်မှာ ဇူယွမ်က့ဲသို့သော တပည့်အသစ်တစ်ဦးအား ရှုံးနိမ့်သွားရခြင်းကို လက်သင့်မခံနိုင် ဖြစ်နေရ​ေပသည်။

"ငါ.....ငါလက်မခံနိုင်ဘူး။ မင်း...မင်းကိုငါက ဘယ်လိုလုပ် ရှုံးရမှာလဲ။" ယွမ်ဟောင်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရ၏။

ယွမ်ဟောင်၏ ခန္ဓာကိုယ်မှာ သွေးနီရောင် အလင်းတန်းများ တောက်ပလာကာ ဓားသဏ္ဍာန်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုဓားအရိပ်မှာ အစစ်အမှန် ဓားတလက်အသွင်သို့ ပြောင်းလဲသွားပြီး မြေပြင်ထက်သို့ ထိုးစိုက်သွား၏။ ၎င်းမှာ ကောင်းကင်မီးလျှံဓားသွားပင် ဖြစ်သည်။

ကောင်းကင်မီးလျှံဓားသွားမှာ အရောင်အဝါများ အလွန်ပင် မှေးမှိန်နေပြီး ပျက်စီးယိုယွင်းနေ၏။ ကောင်းကင်မီးလျှံဓားသွား ထွက်ခွာသွားပြီးနောက်တွင် ယွမ်ဟောင်မှာ သတိလစ်သွားလေတော့သည်။

ယွမ်ဟောင်မှာ ရှုံးနိမ့်သွားခ့ဲရပြီပင် ဖြစ်၏။

........

ကောင်းကင်ထက်တွင် ပျံဝဲနေသော ဇူယွမ်မှာ စိတ်အားဖြေလျော့လိုက်ဟန်ဖြင့် သွေးအနည်းငယ် အန်ထုတ်လိုက်သည်။ အစောပိုင်းတွင် ဖြစ်ပေါ်ခ့ဲသော ယွမ်ဟောင်နှင့် တိုက်ပွဲမှာ ပြင်းထန်လွန်းလှ၏။

ဇူယွမ်မှာ မူလစဦး ပဉ္စမအဆင့်သို့သာ မတက်လှမ်းနိုင်ခ့ဲပါက ငွေအရိပ်အား ထုတ်ယူသုံးစွဲရန်ပင် ေတွးတောထားခ့ဲရသည်။ သို့သော် ယွမ်ဟောင်၏ စွမ်းအင်များအားသုံးစွဲ၍ ငွေရောင်ခြည်အသွေးအသားအဆင့်တင်မဟုတ်ပဲ မူလစဦး ပဉ္စမအဆင့်သို့ပင် ပြီးပြည့်စုံစွာ တက်လှမ်းနိုင်ခ့ဲ၏။

ဇူယွမ်မှာ နှုတ်ခမ်းထက်မှ သွေးစများကို ပွတ်ထုတ်ပစ်လိုက်ပြီးနောက် အ့ံအားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြသော ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးအား ကြည့်ရှုလိုက်သည်။

လုယန်းမှာ အလွန်ပင် အ့ံအားသင့်နေဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရ၏။ သူမ၊ ဇူထိုက်နှင့် ကျန်းယန်တို့သုံးဦး ပူးပေါင်း၍ပင် မတိုက်ခိုက်နိုင်ခ့ဲသောယွမ်ဟောင်အား ဇူယွမ်မှ အနိုင်ရရှိနိုင်ခ့ဲသည်။

"ဂျူ....ဂျူနီယာညီတော်ဇူယွမ်က အရမ်းအ့ံသြဖို့ ကောင်းတာပဲ။" ဇူထိုက်မှ ရေရွတ်လိုက်၏။

ကျန်းယန်မှာ လေးစားမှုအငွေ့အသက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား တိတ်ဆိတ်ငြိမ်သက်စွာ ငေးမောကြည့်ရှုနေသည်။

ဇူယွမ်မှာ ဇူထိုက်တို့သုံးဦးအား ပြုံးပြလိုက်ပြီးနောက် အဝေးတစ်နေရာတွင်ရှိနေသော ပုံရိပ်တစ်ခုအား ကြည့်ရှုလိုက်၏။

"စီနီယာအမတော်ဟန်ယွီ ကျွန်တော်တို့ နည်းနည်းပါးပါးလောက် တိုက်ခိုက်ကြမလား။" ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။

ဘုတ်....

ဇူယွမ်၏စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဟန်ယွီမှာ ကြောက်ရွ့ံထိတ်လန့်စွာဖြင့် သတိလစ်သွားတော့၏။

ဟန်ယွီ၏ပုံစံကြောင့် ဇူယွမ်မှာ အ့ံအားသင့်သွားရပြီးနောက် ငိုရမည်လား၊ ရယ်ရမည်လားပင် မသဲကွဲတော့ပဲ စိတ်ကသိကအောက်ဖြစ်စွာ ခေါင်းအားကုတ်လိုက်သည်။ ယွမ်ဟောင်နှင့် တိုက်ပွဲအား ကြည့်ရှုလိုက်ရပြီးနောက် ဟန်ယွီမှာ အလွန်ကြောက်လန့်သွားပုံ ရ၏။

မည်သို့ပင်ဆိုစေကာမူ ဟန်ယွီမှာ သတိလစ်သွားသဖြင့် ပြိုင်ပွဲမှ နှုတ်ထွက်သွားရပြီပင် ဖြစ်သည်။ ထို့်ကြောင်​့ ဇူယွမ်မှာ ပြိုင်ပွဲတွင် နောက်ဆုံးကျန်ရှိသူ ဖြစ်လာ၏။

ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ထက်သို့ ကြည့်ရှုလိုက်သည်။

"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားက ပြီးဆုံးသွားပါပြီ။ ကျေးဇူးပြုပြီးတော့ ကလန်ခေါင်းဆောင်က တပည့်ခေါင်းဆောင်နေရာကို ကျွန်တော့်ကို အပ်နှင်းပေးပါတော့။"

ဇူယွမ်၏ ကြည်လင်ပြတ်သားလှသောအသံမှာ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်တစ်ခုလုံးအား ပဲ့တင်ထပ်သွားလေတော့သည်။

All Chapters