အခန်း (၁၀၂၁-၁၀၂၃)
Vol. 69 Ch. 1021-1023
အခန်း ၁၀၂၁ - ခါမဲဒါ၏ အိပ်မက်
ဒီကုမ္ပဏီက ဘာကုမ္ပဏီလဲ၊ ဖုန်းယွီ လုံးဝ မကြားဖူးပေ။
“ဒီကုမ္ပဏီမှာ နာမည်ကြီး ဂိမ်းတစ်ခုခု ရှိလား” ဖုန်းယွီက အလေးအနက် မေးလိုက်သည်။ ယခုအချိန်က ထင်ရှားသော လက်ရာများကို ပြောပြပါက ဖုန်းယွီသည် နောင်တွင် ဤကုမ္ပဏီက ပိုမို ကောင်းမွန်သော လက်ရာများကို ဖန်တီးနိုင်ခြင်း ရှိမရှိ သိနိုင်လိမ့်မည်။
“နဂါးစီးသူရဲကောင်း၊ အတန်းဖော်ဟောင်း ၊ အတန်းဖော်အသစ် စသည်တို့ပါ”
ဘယ်လို ဂိမ်းမျိုးလဲ။ ဖုန်းယွီ ဤဂိမ်းများကို မကစားဖူးသော်လည်း မသိသည် မဟုတ်ပေ။ ပြီးတော့ ဤကုမ္ပဏီ၏ ဂိမ်းများစွာသည် animationများနှင့် ကာတွန်းများနှင့် တစ်ပြိုင်တည်း ထွက်ရှိသည်။ ဤသည်မှာ ထိုကဲ့သို့သော ဂိမ်းများကို သီးသန့် ဖန်တီးသော ကုမ္ပဏီဖြစ်သည်။
သို့သော် ဤအရာသည် ခါမဲဒါ မာဆာအို၏ လုပ်ငန်းနှင့် အလွန် ကိုက်ညီသော်လည်း ဖုန်းယွီ ဂိမ်းတွင် ထည့်သွင်းခြင်းက မကောင်းပေ။ ၎င်းသည် ဖုန်းယွီ ဂိမ်း၏ ရည်ရွယ်ချက်ကို လူများ အထင်အမြင် လွဲမှားစေနိုင်သည်။
“ခါမဲဒါ၊ ဒီဂိမ်းကုမ္ပဏီက တကယ်တော့ ကောင်းတယ်။ Sixth Sense ကုမ္ပဏီနဲ့လည်း အံဝင်ခွင်ကျ ဖြစ်တယ်။ ထုတ်ကုန်မျိုးစုံကို ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ ဖုန်းယွီ ဂိမ်းအောက်မှာတော့ မသင့်တော်ဘူး။ တကယ်လို့ မင်း ဒါကို ပိုပြီး ကြီးကြီးမားမား လုပ်ချင်ရင် ငါ ထင်တာက မင်း Black Dragon Game ဒါမှမဟုတ် Sixth Sense Gameကို တည်ထောင်နိုင်တယ်။ ကာတွန်း၊ animation စတဲ့ အနီးအနားက ထုတ်ကုန်တွေကိုလည်း ဖန်တီးနိုင်တယ်။ ရုပ်ရှင်တွေတောင် ဖန်တီးနိုင်တယ်။ အချို့အပိုင်းတွေမှာတော့ ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ဥပမာ၊ မင်းတို့အတွက် မြင်ကွင်းအချို့ ဖန်တီးပေးတာမျိုးပေါ့”
ဤစက်မှုလုပ်ငန်းသည် ဂျပန် ၊ အီတလီ ၊ အမေရိကန် စသော နိုင်ငံများစွာတွင် တရားဝင်သည်။ တောင်ကိုရီးယားတွင်လည်း တရားဝင်သည်။ ဥပမာ၊ ACT Software ကုမ္ပဏီတွင်လည်း ထိုကဲ့သို့သော ဂိမ်းတစ်ခု၏ စိတ်ကူးရှိသော်လည်း ဖုန်းယွီ က ရပ်တန့်ခိုင်းခဲ့သည်။
ဖုန်းယွီ ကိုယ်တိုင်က ဒီစက်မှုလုပ်ငန်းကို မမုန်းပေ။ တကယ်တော့ ဒီလိုအရာမျိုးကို တားမြစ်လေလေ လူတွေက ပိုပြီး စူးစမ်းချင်လေလေ ဖြစ်သည်။ သို့သော် မတားမြစ်နိုင်တာကတော့ တကယ် မဖြစ်နိုင်ဘူး။ ဂျပန် ၊ အမေရိကန် စသော နိုင်ငံများစွာတွင် ဂိမ်းဇာတ်လမ်း သို့မဟုတ် animation၊ ကာတွန်းဇာတ်လမ်းများကို အတုယူပြီး ကြောက်စရာကောင်းသော အမှုများ ဖြစ်ပွားခဲ့သည်။ မှန်ကန်သော အသိအမြင် မရှိပါက လူများကို ရူးသွပ်သွားစေနိုင်သည်။
တကယ် ဖြစ်ပွားခဲ့လျှင် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်။
ဖုန်းယွီ က ဤကုမ္ပဏီကို ဖုန်းယွီ ဂိမ်းထဲသို့ မထည့်လိုကြောင်း ကြားသောအခါ ခါမဲဒါ မာဆာအိုက အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် ဖုန်းယွီက သူ လုပ်ဆောင်ခြင်းကို မဆန့်ကျင်ဘဲ ပိုမို ကြီးမားအောင် လုပ်ဆောင်ရန်ပင် အားပေးသောကြောင့် ခါမဲဒါ မာဆာအိုသည် ပြန်လည် ပျော်ရွှင်လာသည်။
ခါမဲဒါ မာဆာအိုသည် Elieson ဟုခေါ်သော ဂိမ်းကုမ္ပဏီ တစ်ခုကို စိတ်ဝင်စားခဲ့သည်။ ဤကုမ္ပဏီသည် ဂျပန်တွင် ဤစက်မှုလုပ်ငန်းတွင် အလွန် အဆင့်မြင့်ပြီး ဂန္ထဝင်ဂိမ်းများစွာကို ထုတ်လုပ်ခဲ့သည်။ ဂိမ်းဇာတ်လမ်းများကိုလည်း ကာတွန်း၊ animationနှင့် ရုပ်ရှင်အဖြစ် ပြောင်းလဲခဲ့သည်။ အနီးအနားရှိ အဝတ်အထည်နှင့် အခြား ထုတ်ကုန်များ ဖန်တီးမှုလည်း အလွန် အောင်မြင်သည်။
ကံမကောင်းစွာဖြင့် ဤကုမ္ပဏီ၏ ဂိမ်းများသည် ဂျပန်ဘာသာစကားဖြင့်သာ ကစားနိုင်ပြီး ပြင်ပသို့ ရောင်းချခြင်းနှင့် ဖြန့်ချိခြင်း မပြုလုပ်ပေ။ ဂျပန်ဒေသတွင်သာ ဖြစ်သောကြောင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားသည်။ ခါမဲဒါ မာဆာအို ဤကုမ္ပဏီကို ဝယ်ယူလိုသော်လည်း ထိုကန့်သတ်ချက်ကို ကုမ္ပဏီ၏ စည်းကမ်းများတွင် ရေးထားပြီး ပြောင်းလဲ၍ မရပေ။
ဤကန့်သတ်ချက်ကို ဖယ်ရှားနိုင်လျှင် ဤကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်း သို့မဟုတ် ကမ္ဘာ့နံပါတ်တစ် အွန်လိုင်းဂိမ်း ဖန်တီးသည့် ကုမ္ပဏီ ဖြစ်လာမည်မှာ သေချာသည်။ ပြီးတော့ Sixth Sense ကုမ္ပဏီအတွက် အမြတ်အစွန်းများစွာကိုလည်း ယူဆောင်လာနိုင်သည်။
ယခု ကြည့်ရသည်မှာ ဖုန်းယွီ သည် ဤကိစ္စမျိုးကို ပတ်သက်လိုခြင်း မရှိပေ။ ၎င်းသည် ဖုန်းယွီ သည် Sixth Sense၏ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်တုန်းကမှ မစီမံခန့်ခွဲခဲ့ခြင်းနှင့် တူသည်။ သို့သော် ဂျပန် တွင် တည်ထောင်ထားသော Aiwa၊ ကုမ္ပဏီကိုတော့ ဖုန်းယွီသည် လမ်းညွှန်မှုများစွာ ပေးခဲ့သည်။
ကောင်းတာကတော့ ခါမဲဒါ မာဆာအိုက နားလည်သည်။ ဤစက်မှုလုပ်ငန်းသည် တရုတ်တွင် တရားမဝင်သောကြောင့် ဖုန်းယွီက တမင်တကာ ရှောင်ရှားခြင်း ဖြစ်သည်။ သို့သော် ဖုန်းယွီ သည် ဤစက်မှုလုပ်ငန်းကို ခွဲခြားဆက်ဆံခြင်းနှင့် ဆန့်ကျင်ခြင်း မရှိပါ။ မဟုတ်ပါက သူ၏ တောင်းဆိုမှုကြောင့် ဖုန်းယွီ သည် ငွေအများကြီး ရင်းနှီးမြှုပ်နှံပြီး သူ့ကို အလွန် အကြီးအကျယ် ထောက်ပံ့မည် မဟုတ်ပေ။
“ဒါဆို Sixth Senseက တခြား ဒီလို ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံတာကလည်း ပြဿနာမရှိဘူးလား”
“ပြဿနာ လုံးဝ မရှိဘူး။ ခင်ဗျား ဖြစ်နိုင်တယ်လို့ ထင်ရင် လုပ်လိုက်ပါ။ ကျရှုံးရင်တောင် ဘာဖြစ်လဲ။ Sixth Senseကို ထိခိုက်မှု မများဘူး။ တစ်ခါ အောင်မြင်သွားရင်တော့ Sixth Senseက စီးပွားရေး လုပ်ငန်းကွင်းဆက် အသစ်တစ်ခုကို ဖန်တီးပြီး အမြတ်အစွန်းလည်း ပိုများလာလိမ့်မယ်”
“သူဌေး၊ ကုမ္ပဏီတစ်ခုရဲ့ လက်ရာကို ဂျပန် ပြင်ပမှာ ရောင်းချခွင့် မပြုရင် အဲဒီ ကန့်သတ်ချက်ကြောင့် ကျွန်တော်တို့ ဝယ်ယူရင်လည်း ကြီးမားတဲ့ အမြတ်အစွန်း မရရှိနိုင်ဘူး။ ဒီ ကန့်သတ်ချက်ကို ဘယ်လို ဖယ်ရှားနိုင်မလဲ” ခါမဲဒါ မာဆာအိုက အကြံဉာဏ် တောင်းခံသည်။
“တကယ်တော့ ဒီကုမ္ပဏီရဲ့ လက်ရာက ကောင်းမွန်ရင် ပြည်ပမှာ မရောင်းချရင်တောင် ပင်လယ်ဓားပြ ထုတ်ကုန်တွေ ရှိလာမှာပဲ။ ငါ့မှာ အကောင်းဆုံး နည်းလမ်း မရှိဘူး။ တစ်ခုကတော့ မြင့်မားတဲ့ အမြတ်အစွန်းနဲ့ ဒီကုမ္ပဏီရဲ့ ခေါင်းဆောင်ကို စည်းရုံးပြီး ဒီကန့်သတ်ချက်ကို ဖျက်သိမ်းခိုင်းတာပဲ။ နောက်တစ်ခုကတော့ တခြား ကုမ္ပဏီတစ်ခုကနေ ဒီကုမ္ပဏီရဲ့ လက်ရာကို ဝယ်ယူပြီး အနည်းငယ် ပြင်ဆင်ပြီးတော့ တခြား ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲပစ်တာပဲ”
ခါမဲဒါ မာဆာအို၏ မျက်လုံးများ လင်းလက်သွားသည်။ ဟုတ်တာပေါ့၊ ပြင်ဆင် ဖန်တီးခွင့်ကို ဘာလို့ မစဉ်းစားမိခဲ့တာလဲ။
ဂိမ်းကို နိုင်ငံခြားသို့ ရောင်းချခွင့် မပြုသော်လည်း ဂိမ်း၏ စိတ်ကူးများကို ဝယ်ယူနိုင်ပြီး ၎င်းကို တိုက်ရိုက် အတုယူကာ အခြား ဂိမ်းတစ်ခုအဖြစ် ဖန်တီးနိုင်သည်။ ထို့နောက် ပြည်ပတွင် ဖြန့်ချိလိုက်ပါက လူငယ်များကြားတွင် အလွန် ရေပန်းစားလာမည်မှာ သေချာပြီး ကုမ္ပဏီအတွက် အလွန် မြင့်မားသော အမြတ်အစွန်းကို ရရှိစေလိမ့်မည်။
သို့သော် ဤအရာကို ဘယ်လို လုပ်ဆောင်ရမည်ကို သေချာ စဉ်းစားရမည်။ ဂျပန်၏ ဥပဒေနှင့် ကိုက်ညီသော အရာများစွာသည် အခြားနိုင်ငံများ၏ ဥပဒေနှင့် မကိုက်ညီပေ။ ကွဲပြားသော နိုင်ငံများသည် ဤစက်မှုလုပ်ငန်းအတွက် သည်းခံမှု မတူညီကြပေ။ အချို့နိုင်ငံများသည် ဂျပန်ထက် ပိုမို သည်းခံပြီး အချို့နိုင်ငံများသည် အလွန် တင်းကျပ်သည်။
ခါမဲဒါ မာဆာအိုတွင် ဤစက်မှုလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းများအားလုံး၏ ခေါင်းဆောင် ဖြစ်လာရန် ကြီးမားသော ရည်မှန်းချက် ရှိသည်။ ဤပန်းတိုင်သည် အလွန် ဝေးကွာသော်လည်း သူသည် သူ၏ဘဝတွင် ၎င်းကို အောင်မြင်နိုင်မည်ဟု ယုံကြည်သည်။
ပြီးတော့ Sixth Senseနှင့် Black Dragonအမှတ်တံဆိပ် နှစ်ခုကို ဆက်လက် ကြီးပွားတိုးတက်စေလိုသည်။ ဤစက်မှုလုပ်ငန်းတွင် အမြဲတမ်း နံပါတ်တစ် အမှတ်တံဆိပ် ဖြစ်လိုသည်။ ဤစက်မှုလုပ်ငန်း၏ ထုတ်ကုန် တစ်ခုခုကို အသုံးပြုတဲ့အခါတိုင်း Sixth Senseကုမ္ပဏီကို သတိရစေလိုသည်။
ထိုအချိန်တွင် Sixth Sense ၏ နာမည်ကြီးမှုသည် Sony ၊ Panasonic ကဲ့သို့သော ဂျပန်မှ ကုမ္ပဏီဟောင်းများကို ကျော်လွန်သွားလိမ့်မည်။ Shell ကဲ့သို့ ကမ္ဘာ့ ရှေးအကျဆုံး ကုမ္ပဏီများကိုတောင် ကျော်လွန်နိုင်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ထုတ်ကုန်များသည် လူများကြားတွင် ပိုမို ရေပန်းစားသင့်သောကြောင့် ဖြစ်သည်။
အာဖရိကလို နေရာမျိုးမှာတောင် သူက အခု စတင်လုပ်ဆောင်နေပြီ။ တခြား ကုမ္ပဏီတွေက မပတ်သက်ရဲတဲ့ နေရာသည် လစ်ဟာနေသော နေရာတစ်ခု ဖြစ်သည်။ Sixth Senseက အခြေကျသွားပြီဆိုတာနဲ့ တခြား ကုမ္ပဏီတွေ ရှင်သန်နိုင်စရာ နေရာ မရှိတော့ပေ။
သူသည် လူနေမှုဘဝ အခြေအနေ ပိုမို ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်သည်။ အာဖရိကတောင် ဆယ်နှစ်ကြာပြီးနောက် ဘယ်လို ဖွံ့ဖြိုးလာမယ်ဆိုတာ ဘယ်သူ သိနိုင်မလဲ။ အာဖရိကမှာ သတ္တုသိုက်တွေနဲ့ ကျယ်ပြန့်တဲ့ နေရာတွေ ရှိတာကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံအချို့ ပေါ်လာနိုင်တယ်။
အရင်က သူသည် ကုမ္ပဏီအတွက် ယန်း ဘီလီယံ ၁၀၀ ပစ်မှတ်ကို သတ်မှတ်ခဲ့သည်။ သူသည် ၎င်းကို အောင်မြင်ပြီး ကျော်လွန်ခဲ့သည်။ ယခု သူ့ရဲ့ နောက်ပစ်မှတ်က ကုမ္ပဏီရဲ့ နှစ်စဉ် အမြတ်အစွန်းကို ဒေါ်လာ ၁ ဘီလီယံကျော် ဖြစ်စေရန် ဖြစ်သည်။
ယခုကြည့်ရသည်မှာ ဤပန်းတိုင်သည် သိပ် မခက်ခဲတော့ပေ။ သူသည် နှစ်အနည်းငယ်အတွင်း အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကုမ္ပဏီ၏ နှစ်စဉ် အမြတ်အစွန်းသည် ဒေါ်လာ သန်း ၅၀၀ ကျော်ပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေသောကြောင့် ဖြစ်သည်။
ကုမ္ပဏီ၏ အမြတ်အစွန်းသည် ဒေါ်လာ ၁၀ ဘီလီယံကျော်သောအခါ ဂျပန်တွင် ထိပ်ဆုံးသို့ ရောက်ရှိနိုင်ပေလိမ့်မည်။ ဂျပန် ၏ နံပါတ်တစ် ကုမ္ပဏီ ဖြစ်လာပြီး သူ၏ ခါမဲဒါမိသားစုသည် ဂျပန်၏ ထိပ်တန်း မိသားစုများထဲမှ တစ်ခု ဖြစ်လာလိမ့်မည်။ “ထဲမှ တစ်ခု” ဟူသော စကားလုံးကို ဖယ်ရှားနိုင်မည့် အခွင့်အရေးလည်း ရှိနေသေးသည်။
“ခါမဲဒါ တရားဝင်တဲ့ စက်မှုလုပ်ငန်းတိုင်းကို စေတနာထားပြီး လုပ်ဆောင်သင့်တယ်။ ပြီးတော့ ခင်ဗျားကလည်း ဒီစက်မှုလုပ်ငန်းကို နှစ်သက်တာပဲ။ ငါက ဒီစက်မှုလုပ်ငန်းကို မရင်းနှီးဘူး၊ ခင်ဗျားကို ပိုပြီး မကူညီနိုင်ဘူး။ နောင်မှာ အားလုံးက ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ ဒီစက်မှုလုပ်ငန်းက တရားဝင်ပေမဲ့ လူများစွာကတော့ အရောင်ဆိုးတဲ့ မျက်လုံးနဲ့ ကြည့်နေလိမ့်မယ်။ ခင်ဗျားရဲ့ မိသားစုကို နောင်မှာ အရောင်ဆိုးတဲ့ မိသားစုလို့ ခေါ်တာကိုလည်း မလိုချင်ဘူး မဟုတ်လား။ နောင်မှာ လုပ်ငန်း အဓိက အစိတ်အပိုင်းကို ဖုန်းယွီ အဖွဲ့ကို ပြောင်းလိုက်ပါ။ ဒီမှာ ခင်ဗျားရမဲ့ အမြတ်က Sixth Senseထက် ပိုများတာ သေချာတယ်။ Sixth Senseအတွက်ကတော့ အစားထိုးမဲ့သူ တစ်ယောက်ကို အမြန် ရှာသင့်တယ်”
ဖုန်းယွီ၏ ဗဟုသုတသည် ခါမဲဒါ မာဆာအိုနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ချေ။ Sixth Sense ကုမ္ပဏီမှ အရောင်းဝန်ထမ်းတစ်ဦးနှင့် ယှဉ်လျှင်တောင် အများကြီး နိမ့်သည်။ နောင်တွင် ဤကိစ္စအတွက် ခါမဲဒါ မာဆာအိုကို လမ်းညွှန်မှုများ ပေးတော့မည် မဟုတ်ပေ။
ဖုန်းယွီသည် ခါမဲဒါ မာဆာအို တစ်သက်လုံး ဤအရာကိုသာ လုပ်နေသည်ကို မလိုချင်ပေ။ ယခင်က Pepsi၏CEO ကို Apple ကုမ္ပဏီက စကားတစ်ခွန်းဖြင့် ခေါ်သွားခဲ့သည်။ “ခင်ဗျား တစ်သက်လုံး အချိုရည် ရောင်းတဲ့သူပဲ လုပ်နေချင်လား။ ငါနဲ့အတူ ကမ္ဘာကို ပြောင်းလဲကြမယ်”
အခု ဖုန်းယွီလည်း ထိုသို့ပင် စဉ်းစားနေသည်။ ခါမဲဒါ မာဆာအိုလို အရည်အချင်းရှိသူသည် လုပ်ငန်းတစ်ခုထဲတွင်သာ အကန့်အသတ် ရှိနေသင့်သည်။ ဤစက်မှုလုပ်ငန်း၏ အလားအလာသည် ကောင်းမွန်နေဆဲ ဖြစ်သော်လည်း ၎င်းသည် သိပ် ဂုဏ်ယူစရာ မဟုတ်ပေ။
“သူဌေး၊ ကျွန်တော် နားလည်ပါပြီ။ ဖုန်းယွီအဖွဲ့ကို ကောင်းကောင်း စီမံခန့်ခွဲပါ့မယ်။ သူဌေးကို စိတ်မပျက်စေရပါဘူး” ခါမဲဒါ မာဆာအိုက အလေးအနက် ကတိပေးလိုက်သည်။
စာရးသူနုတ် - အများကြီး မရေးနိုင်တာ တကယ်ကို စိတ်မကောင်းပါဘူး~~
******
အခန်း ၁၀၂၂ - ဖုန်းယွီ ဂိမ်း လုပ်ငန်းစတင်ခြင်း
သုံးရက်အကြာတွင် ဖုန်းယွီသည် ဟောင်ကောင်၌ ဖုန်းယွီ ဂိမ်း၏ လုပ်ငန်းမိတ်ဆက်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ထိုနေ့တွင် ဟောင်ကောင်မှ ချမ်းသာကြွယ်ဝသူ အများအပြား တက်ရောက်ခဲ့ကြပြီး ခမ်းနားသော မြင်ကွင်း ဖြစ်သည်။
လူအများအပြား အံ့အားသင့်သွားသည်။ ကုမ္ပဏီ နာမည်ကို ကြည့်ခြင်းဖြင့် ဤသည်မှာ ဂိမ်းကုမ္ပဏီ တစ်ခုသာ ဖြစ်သည်။ ဘာလို့ သူဌေးကြီးများစွာ လာရောက် ဂုဏ်ပြုကြသနည်း။
ပြီးတော့ ပန်းခြင်းတောင်းများ၊ ဆိုင်းဘုတ်များ ပို့ပေးရုံသာမက ထိုသူဌေးကြီးများ ကိုယ်တိုင် လာရောက်ခဲ့ကြသည်။
ဤသတင်းသည် တခြား သတင်းများအားလုံးထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။ ဟောင်ကောင် ရှိ သတင်းထောက်များအားလုံးနှင့် ဟောင်ကောင် တွင် အခြေစိုက်သော နိုင်ငံခြား သတင်းထောက်အချို့ပင် လာရောက်ခဲ့ကြသည်။ ဤကဲ့သို့သော သူဌေးကြီးများ စုဝေးသော မြင်ကွင်းသည် အလွန် ရှားပါးသည်။
လူအများအပြားက ဤဖုန်းယွီ ဂိမ်းသည် မည်သူ၏ ကုမ္ပဏီ ဖြစ်ကြောင်း မေးမြန်းစုံစမ်းကြသည်။
သူတို့ စုံစမ်းကြည့်သောအခါ ဤဖုန်းယွီ ဂိမ်းသည် ဖုန်းယွီလုပ်ငန်းစုအဖွဲ့၏ တစ်ဦးတည်းပိုင် ကုမ္ပဏီ ဖြစ်ပြီး ဖုန်းယွီ ဂိမ်းအောက်တွင် တောင်ကိုရီးယား၌ နှစ်ခု၊ ပေကျင်း၌ တစ်ခု၊ စုစုပေါင်း တစ်ဦးတည်းပိုင် ကုမ္ပဏီခွဲ သုံးခုရှိပြီး အမေရိကန် မှ Blizzardကုမ္ပဏီကိုလည်း ဝယ်ယူရန် ကြိုးစားနေကြောင်း သိရသည်။
အချို့က ဤဖုန်းယွီလုပ်ငန်းစုအဖွဲ့သည် ဖုန်းယွီ ၏ လုပ်ငန်းများ ဖြစ်ကြောင်း သို့မဟုတ် ဖုန်းယွီ ရှယ်ယာဝင်ထားကြောင်း ထင်ကြေးပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် Wind and Rainအကြံပေးကုမ္ပဏီသည်လည်း ဖုန်းယွီလုပ်ငန်းစုအဖွဲ့၏ ကုမ္ပဏီခွဲ ဖြစ်လာသောကြောင့် ဖြစ်သည်။
ထိုအခါမှ နိုင်ငံခြား သတင်းထောက်အချို့က ဖုန်းယွီသည် လုပ်ငန်းအားလုံးကို ပြန်လည် စုစည်းရန်အတွက် လုပ်ငန်းစုအဖွဲ့ နှစ်ခုကို တည်ထောင်ခဲ့ကြောင်း သိရှိခဲ့ကြသည်။
ဖုန်းယွီ၏ တရုတ်ပြည်မကြီးမှ လုပ်ငန်းများအားလုံးသည် ထိုက်ဟွာလုပ်ငန်းစုအဖွဲ့အမည်ရှိ ကုမ္ပဏီတစ်ခု၏ လက်အောက်တွင် ရှိပြီး နိုင်ငံခြားမှ လုပ်ငန်းအများစုသည် ဤဖုန်းယွီလုပ်ငန်းစုအဖွဲ့၏ လက်အောက်တွင် ရှိကြောင်း သူတို့ သိရှိခဲ့သည်။
ဤလုပ်ငန်းစုအဖွဲ့ နှစ်ခုလုံး၏ ပိုင်ဆိုင်မှုသည် ဒေါ်လာ ဘီလီယံ ၁၀ ကျော်သည်။ ၎င်းတို့ကို ကြီးမားသော လုပ်ငန်းစုအဖွဲ့များဟု သတ်မှတ်နိုင်သည်။ ပိုအရေးကြီးသည်မှာ ဤကုမ္ပဏီ နှစ်ခုလုံးသည် လူတစ်ဦးတည်း ပိုင်ဆိုင်သည်။
“ဖုန်း ၊ မင်း ဂိမ်းလောကထဲကို ဝင်ဖို့ တကယ် စီစဉ်နေတာလား။ အခု ဂိမ်းလောကက တဖြည်းဖြည်း ကျဆင်းလာနေပြီ။ ဂိမ်းစက်တွေတောင် ပိုပြီး ရောင်းအားကျလာနေပြီ” ဖူရုံချီ ကိုယ်တိုင် လာရောက် ဂုဏ်ပြုကာ ဖုန်းယွီကို မျက်နှာပေးလိုက်သည်။
လီချုံရိန်ကတော့ ကနေဒါမှာ ရှိသောကြောင့် သူ့ကို ကိုယ်စားပြုရန် သားနှစ်ယောက်ကို စေလွှတ်လိုက်သည်။ ဤသည်က သတင်းမီဒီယာများစွာကို အံ့အားသင့်စေခဲ့သည်။ လီချုံရိန်၏ သားနှစ်ယောက်လုံး လာရောက်ခြင်းသည် ဖုန်းယွီကို လီချုံရိန် မည်မျှ အလေးထားကြောင်း သက်သေပြနေသည်။
ဖုန်းယွီသည် အာရှတွင် အချမ်းသာဆုံး ဖြစ်သော်လည်း အမှန်တကယ် သြဇာအာဏာနှင့် ဂုဏ်ပုဒ်တွင် လူအများအပြားသည် လီချုံရိန်ကို ဖုန်းယွီထက် ပိုပြီး ဦးစားပေးသည်။ အာရှတွင် စီးပွားရေးသမား တစ်ဦးသည် ဖုန်းယွီထက် ပိုမြင့်သည်။ ၎င်းမှာ Samsung အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။
လီချုံရိန်ကို ပြောစရာမလိုပေ။ သူသည် ကမ္ဘာ့ ဆိပ်ကမ်းများ၏ ဘုရင်ဖြစ်ပြီး နိုင်ငံများစွာတွင် ရင်းနှီးမြှုပ်နှံမှု အများအပြား ရှိသည်။ ပြီးတော့ သူသည် တရုတ် ၏ ခေါင်းဆောင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။ ရာထူး အတုအယောင် ဖြစ်သော်လည်း နိုင်ငံရေး ရာထူးကို သတ်မှတ်ထားသည်။
Samsung အဖွဲ့မှ ခေါင်းဆောင်သည်လည်း အတူတူပင်။ သူသည် ချမ်းသာရုံသာမက တောင်ကိုရီးယား၏ နိုင်ငံရေးကိုလည်း သြဇာလွှမ်းမိုးနိုင်သည်။
ဖုန်းယွီ ကတော့ ငွေချမ်းသာရုံသာ ရှိသည်။ ဘီလ်ဂိတ်စ် ကလည်း အလားတူပင်။ ဤကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်သည် လူများစွာ၏ အမြင်တွင် ချမ်းသာသော လူတစ်ဦးမျှသာ ဖြစ်သည်။ TIMEမဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်တွင်ပင် ထိပ်တန်း ၁၀ ဦးတွင် မပါဝင်ဘဲ ၁၁ နေရာတွင် ရှိနေသည်။
လီချုံရိန်ကတော့ ယခုနှစ် TIME မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၉ နေရာတွင် ရှိသည်။
“ဦးလေးဖူ,ကျွန်တော့် အထင် ဂိမ်းလောကမှာ အလားအလာတွေ အများကြီး ရှိပါတယ်။ ပုံမှန်ဂိမ်းတွေကတော့ ကျဆင်းနေတာ မှန်ပါတယ်။ ကက်ဆက် ဂိမ်းစက်တွေပဲ ဖြစ်ဖြစ်၊ Arcadeဂိမ်းတွေပဲ ဖြစ်ဖြစ် ရောင်းအားက ပိုကျနေပါတယ်။ ဒါပေမဲ့ ကွန်ပျူတာ ဂိမ်းတွေကတော့ ပေါ်ထွန်းလာနေပါတယ်။ နောင်မှာ ဒီဂိမ်းတွေကို အစားထိုးပြီး ဂိမ်းလောကရဲ့ ခေါင်းဆောင် ဖြစ်လာကာ မြင့်မားတဲ့ အမြတ်အစွန်းတွေကို ဖန်တီးပေးလိမ့်မယ်”
ဖူရုံချီက ပြုံးလိုက်ပြီး ဘာမှ မပြောတော့ဘဲ ဖုန်းယွီ ၏ ပခုံးကို ပုတ်ကာ အတွင်းသို့ ဝင်သွားသည်။ သူသည် ဂိမ်းမကစားတော့တာ ဘယ်နှနှစ် ရှိပြီလဲ မသိတော့ပေ။ ဒါက လူငယ်တွေရဲ့ အရာဖြစ်သည်။ သူက မသိတဲ့အတွက် ဘာမှ မှတ်ချက် မပေးတော့ပေ။
ဖူရုံချီသည် တံခါးဝတွင် ဖုန်းယွီနှင့် စကားပြောနေသော မြင်ကွင်းကို သတင်းထောက်များစွာက ဓာတ်ပုံရိုက်ယူခဲ့ကြသည်။ အချို့က ဖုန်းယွီ နှင့် ဖူမိသားစုတို့၏ ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း ပြောခဲ့သည်။ ယခုကြည့်ရသည်မှာ မှန်နေသည်။ ဖူမိသားစု၏ ခေါင်းဆောင် လာရောက်သည်သာမက ဖူမိသားစုမှ ဒုတိယမျိုးဆက်၏ ခေါင်းဆောင်ဖြစ်သော ဖူကွမ်းကျန့် အစရှိသူများပါ လာရောက်ခဲ့သည်။
“ဖုန်း၊ မင်းကို တကယ် မျက်နှာပေးကြတာပဲ။ ဂိမ်းကုမ္ပဏီ တစ်ခု ဖွင့်တာနဲ့ ဟောင်ကောင်က သူဌေးကြီး တစ်ဝက်လောက်ကို ဖိတ်ခေါ်နိုင်ခဲ့တယ်။ ပြီးတော့ တခြားနိုင်ငံက သူဌေးတွေလည်း အများကြီး လာရောက်ကြတယ်” ဖူကွမ်းကျန့်က စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
“ဂိမ်းကုမ္ပဏီ တစ်ခုပဲလား။ မင်းလည်း ဂိမ်းလောကရဲ့ အနာဂတ်ကို သိပ် မယုံကြည်ဘူး ထင်တယ်”
“ဂိမ်းက ငွေရှာနိုင်တယ်ဆိုတာ ငါ ယုံကြည်ပါတယ်။ ဒါပေမဲ့ ငွေ အများကြီး ရှာနိုင်တယ်ဆိုတာကတော့ သိပ် မလွယ်ဘူး မဟုတ်လား။ အပေါ်မှာ Nintendo၊、 Sony ၊Sega လို ဂိမ်းလောကရဲ့ ဘီလူးကြီး ကုမ္ပဏီတွေ ရှိနေသေးတယ်။ သူတို့အပြင် Off Line ဂိမ်းနဲ့ Arcadeဂိမ်း ဖန်တီးတဲ့ ကုမ္ပဏီတွေလည်း အများကြီး ရှိသေးတယ်။ သူတို့ကြားထဲမှာ ခင်ဗျား ထင်ပေါ်အောင် ထွက်လာဖို့ဆိုတာ မလွယ်ဘူး။ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်လိမ့်မယ်”
ဖုန်းယွီ ၏ အရင် လုပ်ငန်းအများစုသည် တရုတ်တွင် အခြေစိုက်သည်။ ပြီးတော့ “ငါ့မှာ မရှိရင် ငါ့မှာ ရှိတယ်၊ ငါ့မှာ ရှိရင် ငါက ပိုကောင်းတယ်” ဆိုသော နည်းဗျူဟာမျိုးဖြစ်သည်။ ပြီးတော့ လုပ်ငန်းအားလုံးသည် တိုးတက်နေသော အချိန်တွင် ရှိသည်။
သို့သော် ဤဂိမ်းလောကသည် ကျဆင်းနေသော အချိန်တွင် ရှိနေသည်။ ပြီးတော့ ကုမ္ပဏီများစွာက ဝိုင်းရံထားပြီး ပြည်မကြီးတွင်လည်း ပြိုင်ဘက်များ ရှိနေသည်။ ဖုန်းယွီ သည် ချက်ချင်း ဤမျှ ကြီးမားအောင် လုပ်လိုက်သောအခါ ဖူကွမ်းကျန့်သည် အောင်မြင်မှု ကြီးကြီးမားမား ရလိမ့်မည်ဟု မထင်ပေ။
ဖုန်းယွီ ကျရှုံးလိမ့်မည်ဟုတော့ ဖူကွမ်းကျန့် မထင်ခဲ့ပါ။ ဖုန်းယွီ၏ လုပ်ငန်း ကျရှုံးသည်ကို သူ တစ်ခါမှ မမြင်ဖူးပါ။ သို့သော် ဖုန်းယွီတွင် အမြတ်အစွန်း သိပ်မများသော လုပ်ငန်းအချို့လည်း ရှိသည်။
ဒါကြောင့် ဒီတစ်ခါ ဖုန်းယွီက ဖူကွမ်းကျန့်ကို ရင်းနှီးမြှုပ်နှံရန် မဖိတ်ခေါ်ခဲ့သလို ဖူကွမ်းကျန့်ကလည်း စတင် ပြောဆိုခြင်း မရှိခဲ့ပေ။
“ဟားဟားဟား၊ ငါတို့ရဲ့ ရည်ရွယ်ချက် မတူဘူး။ နောင် အနာဂတ်ကလည်း မတူဘူး။ သူတို့အားလုံးကို ငါ့ခြေထောက်အောက်မှာ နင်းပစ်မယ်” ဖုန်းယွီ ဤစကားကို ပြောလိုက်သောအခါ မိုးပေါ်ပျံတက်လောက်အောင် ရဲဝံ့နေသည်။
သူ့မှာ ကောင်းမွန်တဲ့ ဂိမ်းအကြံဉာဏ်တွေ၊ လုံလောက်တဲ့ ငွေကြေးတွေ၊ ကြော်ငြာတွေနဲ့ လုပ်ငန်း လည်ပတ်မှုတွေ ရှိတယ်။ ပြီးတော့ ကောင်းမွန်တဲ့ ဖန်တီးမှု အဖွဲ့လည်း ရှိတယ်။ ဒီလိုနဲ့တောင် မအောင်မြင်ရင် သူဟာ ပြန်လည် မွေးဖွားသူအဖြစ် အချည်းနှီးပါပဲ။
ဖုန်းယွီ ပြန်လည် မွေးဖွားသူ မဟုတ်ရင်တောင် သူသည် ကြီးမားသော ငွေကြေးများကို ကွန်ပျူတာ ဂိမ်းလောကတွင် မြှုပ်နှံကာ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်လိမ့်မည်။
ပြီးတော့ သူတို့ မသိတာက ဖုန်းယွီ ရဲ့ ဂိမ်းလောကတွင် အလွန် ခိုင်မာသော မိတ်ဖက်တစ်ဦး ရှိနေသည်။ ၎င်းသည် သူ့ကို ဂိမ်းစက်များပေါ်တွင်လည်း ထိုဂိမ်းစက် ဘီလူးကြီး သုံးဦးနှင့် ယှဉ်ပြိုင်နိုင်စေသည်။
“ဘောလ်မာ ၊ ခင်ဗျား လာပြီလား”
စတီဗ် ဘောလ်မာ သည် Microsoft ၏ အာရှ ဥက္ကဋ္ဌဖြစ်ပြီး နောင်တွင် Microsoft၏ ဥက္ကဋ္ဌ၊ CEO ဖြစ်လာမည့်သူ ဖြစ်သည်။ ဤတစ်ခါ Microsoft ကို ကိုယ်စားပြု၍ ဖုန်းယွီ ဂိမ်း ကုမ္ပဏီ လုပ်ငန်းစတင်ခြင်းကို လာရောက် ဂုဏ်ပြုခြင်း ဖြစ်သည်။
သတင်းထောက်များသည် ချက်ချင်း ဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။ ဖုန်းယွီ နှင့် Microsoftတို့၏ ဆက်ဆံရေး သိပ်မကောင်းဘူး၊ ဘုတ်အဖွဲ့ဝင် အဖြစ်ကနေ အကြိမ်ကြိမ် ထွက်သွားရမလို ဖြစ်ခဲ့တယ်လို့ မပြောဘူးလား။ အထူးသဖြင့် ဖုန်းယွီ နဲ့ ပေါလ်အယ်လန်ရဲ့ ဆက်ဆံရေး အလွန် ဆိုးရွားတယ်ဆိုတာ Microsoft မှာ လျှို့ဝှက်ချက် မဟုတ်ပေ။
ဒါဆို ဒီတစ်ခါ စတီဗ် ဘောလ်မာ လာတာက သူ့ကိုယ်တိုင်လား၊ ဒါမှမဟုတ် Microsoft ကို ကိုယ်စားပြုတာလား။ Microsoft ကို ကိုယ်စားပြုတာဆိုရင် အရင်က ကောလာဟလတွေ အလဟဿ ဖြစ်သွားလိမ့်မည်။
ဘောလ်မာ သည် Microsoftကို ကိုယ်စားပြု၍ တကယ် လာရောက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Microsoft နှင့် Wind and Rainအီလက်ထရွန်းနစ် ကုမ္ပဏီ ပူးပေါင်း ဖန်တီးထားသော ဒုတိယမျိုးဆက် အိမ်သုံး ဂိမ်းစက် GBOXသည် ဖုန်းယွီ ဂိမ်းမှ ဂိမ်းမူပိုင်ခွင့်အချို့ကို ဝယ်ယူပြီး GBOX အတွက် သင့်တော်သော ဂိမ်းအချို့ကို ဖန်တီးပေးရန် တာဝန်ပေးမည် ဖြစ်သည်။
ဤသည်မှာ ဖုန်းယွီ နှင့် ဘီလ်ဂိတ်စ်တို့ ပူးပေါင်း၍ ဖန်တီးသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ထိုအချိန်က ပေါလ် အယ်လန်က ပြင်းပြင်းထန်ထန် ဟန့်တားခဲ့သော်လည်း ဒီဂိမ်းစက်က ဂိမ်းတွေကို သိမ်းဆည်းဖို့ DVD အခွေတွေ လိုအပ်တာကို ဘယ်သူ သိနိုင်မလဲ။
Wind and Rainအီလက်ထရွန်းနစ်သည် DVD လုပ်ငန်း၏ အဆင့်အမြင့်ဆုံးကို ကိုယ်စားပြုသည်။ ပြီးတော့ ဖုန်းယွီ သည် GBOX ကို တရုတ် စျေးကွက်တွင် ရောင်းချနိုင်ပြီး ၎င်းသည် GBOX ၏ ရောင်းအားကို အလွန် မြှင့်တင်ပေးနိုင်လိမ့်မည်။ ဤအရာများသည် ဘီလ်ဂိတ်စ် အလွန် အလေးထားသော အရာများ ဖြစ်သည်။ ပိုပြီးတော့ ဖုန်းယွီ တွင် ဤကဲ့သို့သော ဂိမ်းစက်၏ နည်းပညာလည်း ရှိသည်။
ဖုန်းယွီ သည် ခဏမျှ ဧည့်ခံပြီးနောက် အတွင်းသို့ ဝင်သွားသည်။ လူအများစုကို သူ ကိုယ်တိုင် ဧည့်ခံရန် မလိုအပ်ပေ။ လူအများအပြားကို ခါမဲဒါ မာဆာအိုပင် ကိုယ်တိုင် ဧည့်ခံခြင်း မရှိဘဲ ဖုန်းယွီ ဂိမ်း၏CEO လင်ထျန်မင်က ဧည့်ခံသည်။ သူသည် ဟောင်ကောင် မှ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦး ဖြစ်သည်။
လူတိုင်း အခမ်းအနားထဲသို့ ဝင်ရောက်ပြီးနောက် ခါမဲဒါ မာဆာအိုသည် စင်ပေါ်သို့ တက်လာသည်။
******
အခန်း ၁၀၂၃ - GBOX
ဖုန်းယွီ ၏ ပျင်းရိသော စိတ်နေသဘောထားသည် သူကိုယ်တိုင် စင်ပေါ်တက်ပြီး စကားပြောမည် မဟုတ်ကြောင်း ဆုံးဖြတ်သည်။ ဤတစ်ကြိမ်တွင် ဖုန်းယွီ ဂိမ်းကို ကြီးကြီးကျယ်ကျယ် စတင်ပြီး သူဌေးကြီးများစွာကို ဖိတ်ကြားခဲ့သော်လည်း ခါမဲဒါ မာဆာအိုနှင့် လင်ထျန်မင်ကို သိရှိရုံသာ လုံလောက်သည်။
ဧည့်သည်များထဲမှ သူဌေးကြီးများနှင့် ကုမ္ပဏီ ကိုယ်စားလှယ် အများစုသည် ဂုဏ်ပြုရန် လာရောက်ကြသော်လည်း အချို့မှာမူ မထီမဲ့မြင် ပြုနေကြပြီး အချို့၏ မျက်နှာများတွင် မနာလိုစိတ်များ ပေါ်လွင်နေသည်။
မနာလိုသူများတွင် ဆိုနီ၏ ကိုယ်စားလှယ် အိုးကာ့ထျန် ကျင်းရှုံ ၏ လက်ထောက်ဖြစ်သော ကျင့်ရှန့် ချွင်အိလည်း ပါဝင်သည်။
သူတို့၏ အမြင်တွင် ဖုန်းယွီ ဂိမ်းသည် ဂိမ်းဖန်တီးမှုနှင့် လည်ပတ်မှုတွင် သူတို့၏ ပြိုင်ဘက်ဖြစ်သည်။ ဖုန်းယွီကတော့ လုပ်ငန်းများစွာတွင် ဆိုနီ၏ ပြိုင်ဘက် ဖြစ်သည်။
ဆိုနီ၏ သီချင်းဖွင့်စက်ကို Aiwa၊က အနိုင်ယူလိုက်ပြီးနောက် ဆိုနီတွင် PS ဂိမ်းစက် ကျန်နေသေးပြီး ၎င်းသည် ဆိုနီ၏ အမြတ်အစွန်း တိုးတက်မှု အမှတ်အသစ် ဖြစ်လာခဲ့သည်။
သို့သော် ဤအချိန်တွင် အင်အားကြီးသော Microsoft သည် အိမ်သုံး ဂိမ်းစက် လုပ်ငန်းကို စိတ်ဝင်စားပြီး အမြတ်အစွန်း အချို့ကို ရယူလိုသည်။ Microsoft သည် ရုံးသုံးပစ္စည်းမှ နေထိုင်မှုသုံး ပစ္စည်းအဖြစ်သို့ ပြောင်းလဲသင့်သည်ဟု ယုံကြည်သည်။ ရှင်းပါတယ်၊ နေထိုင်မှုသုံး ပစ္စည်း စျေးကွက်က ရုံးသုံးပစ္စည်း စျေးကွက်ထက် ပိုကျယ်ပြန့်သည်။
ထိုအချိန်တွင် Microsoft သည် Segaကို ထောက်ပံ့ရန် စီစဉ်ခဲ့သည်။ ကံမကောင်းစွာဖြင့် Segaက ထိုအချိန်တွင် ဖန်တီးခဲ့သော ဂိမ်းစက်သည် အလွန် ကြမ်းတမ်းပြီး ဂိမ်းနည်းသောကြောင့် ဆိုနီ၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
ဂိမ်းစက် မရောင်းရသောအခါ ဂိမ်းစက် စနစ်ကို ဖန်တီးသော Microsoft လည်း ငွေမရပေ။
ထို့ကြောင့် Microsoft သည် ဆိုနီကို လာရောက် ပြောဆိုခဲ့သည်။ “မင်းတို့ Microsoft ရဲ့ စနစ်ကို သုံးပါ။ ကျွန်တော်တို့ အကောင်းဆုံး စနစ်ကို ဖန်တီးပေးပြီး မင်းတို့ရဲ့ ထုတ်ကုန်ကို ပိုပြီး ကောင်းမွန်အောင် လုပ်ပေးနိုင်ပါတယ်”
သို့သော် ဆိုနီက Microsoft သည် ဂိမ်းကို နားမလည်ဟု ထင်သည်။ Sega ကို မိုဒမ်ပါသော အိမ်သုံး ဂိမ်းစက်ကို ဖန်တီးရန် ထောက်ပံ့ခဲ့သည်။ အွန်လိုင်းမှတဆင့် ကစားနိုင်သည်ဟု ပြောခဲ့သော်လည်း ရလဒ်ကတော့ ဂိမ်းစက် ကျရှုံးခဲ့သည်။ အချိန်အကြာကြီး ကြိုတင်မှာယူခဲ့ပေမဲ့ မှာယူသူ မများဘူး။ ရောင်းချခဲ့ရင်တောင် ကျရှုံးမည့် ထုတ်ကုန်ဖြစ်ပြီး ကုန်ကျစရိတ်ကိုပင် ပြန်မရနိုင်ပေ။
ဆိုနီသည် အခြားသူများအတွက် အလုပ်လုပ်ပေးမည် မဟုတ်ပေ။ Sega ကျဆုံးခြင်းသည် Microsoft ၏ အမှားများကြောင့်လည်း ဖြစ်နိုင်သည်ဟု သူတို့ ထင်ခဲ့သည်။ မဟုတ်ပါက Segaသည် Bandai ကုမ္ပဏီနှင့် ပူးပေါင်းနိုင်ပြီး သုံးစွဲသူများအား ဂိမ်းများစွာကို ရွေးချယ်ခွင့် ပေးနိုင်သည်။
ဆိုနီသည် Microsoft ကို ငြင်းပယ်ခဲ့သော်လည်း Microsoft ၏ အကြီးမားဆုံးရန်သူဖြစ်သော LINUX စနစ်ကို တပ်ဆင်ရန် ရွေးချယ်ခဲ့သည်။
LINUX စနစ်သည် လုံးဝ အခမဲ့ ဖြစ်သည်။ ပြီးတော့ ဟာ့ဒ်ဝဲ ထုတ်လုပ်သူနှင့် PC ထုတ်လုပ်သူများစွာ၏ လျှို့ဝှက် ထောက်ပံ့မှုများကိုလည်း ရရှိသည်။ LINUX သည် Microsoft ၏ စနစ်ကဲ့သို့ အသုံးပြုရတာ အမှန်တကယ် ကောင်းမွန်သည် သို့မဟုတ် ဆင်တူသည်ဆိုပါက Microsoft သည် ကြီးမားသော ထိခိုက်မှုကို ရရှိပြီး သူတို့၏ အမြတ်အစွန်းများလည်း သိသိသာသာ ကျဆင်းသွားလိမ့်မည်။
ဆိုနီ၏ လုပ်ရပ်ကို Microsoft က စိန်ခေါ်မှုအဖြစ် မှတ်ယူသည်။
ဤသည်က အနည်းငယ် မောက်မာသော ဘီလ်ဂိတ်စ်ကို အပြည့်အဝ ဒေါသထွက်စေခဲ့သည်။ သူသည် ဆိုနီကို အနိုင်ယူရန်နှင့် ကြီးမားသော သင်ခန်းစာ ပေးရန်အတွက် အိမ်သုံးဂိမ်းစက်ကို ကိုယ်တိုင် ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။
လုပ်ငန်းနယ်ပယ် အသစ်တစ်ခုသို့ ဝင်ရောက်ရန် အတိုက်ရိုက်ဆုံး နည်းလမ်းမှာ ထိုနယ်ပယ်မှ အင်အားကြီး ကုမ္ပဏီကို ဝယ်ယူခြင်းဖြစ်သည်။ ထိုအချိန်တွင် အိမ်သုံးဂိမ်းစက်များတွင် ဆိုနီနှင့် ယှဉ်ပြိုင်နိုင်သော ကုမ္ပဏီမှာ Nintendo ဖြစ်သည်။ လက်ရှိတွင် စျေးကွက်၏ ၄၀% ကို သိမ်းပိုက်ထားပြီး ဆိုနီ ကတော့ ၅၀% ကျော်ကို သိမ်းပိုက်ထားသည်။ Segaတွင် အနည်းငယ်သာ ရှိပြီး တခြား ဂိမ်းစက် ဖန်တီးသည့် ကုမ္ပဏီများတွင် ပြိုင်ဆိုင်မှု စွမ်းရည် လုံးဝ မရှိတော့ပေ။
ဤအချိန်တွင် ဘီလ်ဂိတ်စ်သည် Segaနှင့် အခြားသော ကုမ္ပဏီများကို လျစ်လျူရှုလိုက်သည်။ သူသည် Sega ကို ပံ့ပိုးပေးနိုင်မည် မဟုတ်ဟု ထင်သည်။ သူ ပိုစိတ်ဝင်စားတာကတော့ Nintendo ဖြစ်သည်။
သို့သော် Nintendo သည် Microsoft ကို ဝယ်ယူခံရရန် မလိုချင်ပေ။ သူတို့သည် အမြတ်အစွန်း ရရှိနေပြီး လုပ်ငန်း အထွတ်အထိပ်တွင် ရှိနေသည်။ သူတို့တွင် လည်ပတ်ငွေ အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ရှိသည်။
အကျိုးအမြတ်ရှိပြီး ငွေကြေးပြည့်စုံသော ကုမ္ပဏီတစ်ခုသည် အဘယ်ကြောင့် သူတစ်ပါးက ဝယ်ယူခြင်းကို လက်ခံမည်နည်း။ ရှယ်ယာအချို့ကို ဝယ်ယူခြင်းပင် မဖြစ်နိုင်ပေ။
ဘီလ်ဂိတ်စ် အလွန် ဒေါသထွက်နေသည်။ Sega ကိုသာ ဝယ်ယူရတော့မည်လား။
ဤအချိန်တွင် Microsoft သည် အိမ်သုံးဂိမ်းစက်နယ်ပယ်သို့ ဝင်ရောက်လိုကြောင်း သိရှိသော ဖုန်းယွီ သည် ဘီလ်ဂိတ်စ် ထံသို့ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး သူလည်း အိမ်သုံးဂိမ်းစက်နယ်ပယ်သို့ ဝင်ရောက်ရန် စီစဉ်နေကြောင်း ပြောပြကာ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှု ရှိမရှိ မေးမြန်းခဲ့သည်။
မူလက ဖုန်းယွီ သည် Aiwa၊၊ Super Fighter (Xiǎo Bàwáng) ကို ဂိမ်းစက် ဖန်တီးရန် စေခိုင်းခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုအချိန်တွင် သူသည် နည်းပညာအခက်အခဲကို လျှော့တွက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု မလုံလောက်သောကြောင့် Aiwa၊၊ Super Fighter (Xiǎo Bàwáng) ၏ နည်းပညာသည် Sega ၏ Saturn ဂိမ်းစက်နှင့်သာ ဆင်တူသည်။
Saturn၏ ရောင်းအားသည် ယခုအချိန်အထိ သန်း ၁၀ မပြည့်သေးဘဲ ဆိုနီ နှင့် Nintendo တို့ကို လုံးဝ ရှုံးနိမ့်သွားသည်။ Aiwa၊ Super Fighter သည် ဂိမ်းစက်ကို ဖန်တီးခဲ့ရင်တောင် ကောင်းကောင်း ရောင်းရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်မှာ ဂိမ်းစက် အသုံးပြုမှုသည် ဥရောပ-အမေရိက နိုင်ငံများထက် နည်းပါးသည်။ ဂျပန်ထက်လည်း အများကြီး နည်းပါးသည်။
Microsoft သည် Segaနှင့် ပူးပေါင်း ဖန်တီးခဲ့ဖူးသောကြောင့် ဤကဏ္ဍတွင် Aiwa၊ Super Fighter ထက် ပိုပြီး အတွေ့အကြုံရှိသည်။ ပြီးတော့ Microsoft သည် ဂိမ်းများစွာ၏ လည်ပတ်မှု အခွင့်အရေးကို ရယူနိုင်သည်။ Sega ကျရှုံးခြင်းသည် သူတို့၏ ဂိမ်း အမျိုးအစား နည်းပါးခြင်းနှင့်လည်း သက်ဆိုင်သည်။
ဖုန်းယွီ စတင် ဆက်သွယ်လိုက်သောအခါ ဘီလ်ဂိတ်စ် စိတ်ဝင်စားလာသည်။ သူသည် ဘောလ်မာကို လာရောက် စစ်ဆေးခိုင်းရာ Aiwa၊ Super Fighter ၏ နည်းပညာသည် တကယ် ကောင်းမွန်ကြောင်း တွေ့ရှိရသည်။ အရေးအကြီးဆုံးကတော့ အိမ်သုံးဂိမ်းစက်များသည် ဂိမ်းများကို DVD သို့မဟုတ် CD တွင် သိမ်းဆည်းရန် လိုအပ်သည်။ ဆိုလိုသည်မှာ DVD နှင့် သက်ဆိုင်သော နည်းပညာသည် အလွန် အရေးကြီးသည်။
DVD နည်းပညာတွင် Wind and Rainအီလက်ထရွန်းနစ်ကုမ္ပဏီသည် ဆိုနီထက် ပိုမို အင်အားကြီးသည်။ Microsoft က Sega ကျရှုံးရသည့် အချက်တစ်ချက်မှာ Sega၏ ဂိမ်းစက်သည် ခေတ်နောက်ကျနေသော CD-ROM နည်းပညာကို အသုံးပြုသောကြောင့် ဖြစ်သည်ဟု ယူဆသည်။
ဖုန်းယွီ သည် Microsoft ၏ ရှယ်ယာရှင်လည်း ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ပိုမို လွယ်ကူသည်။
ဘောလ်မာသည် ဆိုနီ နှင့် ဖုန်းယွီ တို့၏ ဆက်ဆံရေးသည် အမြဲတမ်း အလွန် ဆိုးရွားခဲ့ကြောင်း သိရှိခဲ့သည်။ ဖုန်းယွီ သည် ဆိုနီထံမှ Aiwa၊ ကုမ္ပဏီ၏ အုပ်ချုပ်ရေး အခွင့်အရေးကို ဝယ်ယူခဲ့ပြီးနောက် ယခု Aiwa၊ သည် ဆိုနီကို အစားထိုးကာ သီချင်းဖွင့်စက် စျေးကွက်တွင် ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ဆိုနီ၏ အမြတ်အစွန်းများ ဆက်တိုက် ကျဆင်းစေခဲ့သည်။
ဆိုနီသည် ဖုန်းယွီ ကို မျက်စိစပါးမွေးစူးပြီး စောစီးစွာ ဖယ်ရှားပစ်လိုသည်။ ယခု ဘီလ်ဂိတ်စ်လည်း ဆိုနီကို ထိုသို့ပင် မြင်သည်။ ဆိုနီ၏ ဂိမ်းလုပ်ငန်း ကျရှုံးရန် သူက ဆန္ဒပြင်းပြသည်။
ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သည်။ ပြီးတော့ ဖုန်းယွီ သည် ဘီလ်ဂိတ်စ်နှင့် တန်းတူ ပြောဆိုဆွေးနွေးနိုင်သော ထိပ်တန်း သူဌေးကြီး ဖြစ်သည်။
နှစ်ဦးနှစ်ဖက်စလုံးတွင် ငွေကြေး၊ နည်းပညာနှင့် အခြားနယ်ပယ်များတွင် အားသာချက်များ ရှိသည်။ ပူးပေါင်းလိုက်ပါက ပိုမို ရောင်းအားကောင်းသော ဂိမ်းစက်ကို ဖန်တီးနိုင်မည်မှာ သေချာပြီး ဆိုနီကို ထိပ်တန်းနေရာမှ ဆွဲချကာ အစားထိုးနိုင်သည်။
ဟုတ်တယ်၊ Nintendo ကိုလည်း သင်ခန်းစာ ပေးနိုင်ရင် ပိုကောင်းတာပေါ့။ Nintendoသည် IBM နှင့် ပူးပေါင်းမည်ဟု ကြေညာခဲ့သောကြောင့် Microsoft ၏ အမုန်းတကာ့ အမုန်းဆုံး ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် IBM သည်လည်း စနစ်တွင် Microsoft နှင့် ယှဉ်ပြိုင်နေသောကြောင့် ဖြစ်သည်။
ဤသို့ဖြင့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် အခြေခံသည် ပိုမို မြင့်မားလာသည်။ ယနေ့တွင် ဘောလ်မာသည် Microsoft ကို ကိုယ်စားပြု၍ ဖုန်းယွီ ဂိမ်းကို လာရောက် ဂုဏ်ပြုခြင်း ဖြစ်သည်။ နောက်ထပ် အရေးကြီးသောအချက်မှာ သူတို့ GBOX ဟု အမည်ပေးထားသော ပူးပေါင်းဆောင်ရွက်မှုကိစ္စကို ဖုန်းယွီ နှင့် ဆွေးနွေးရန် ဖြစ်သည်။
မူလက ဘီလ်ဂိတ်စ်သည် Microsoft ဂိမ်းစက်ဟု ခေါ်လိုပြီး ဖုန်းယွီက ဖုန်းယွီ ဂိမ်းစက်ဟု ခေါ်လိုသည်။ နောက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူကာ GBOX ဟု အတိုကောက်ခေါ်သော ဂိမ်းသေတ္တာဟု အမည်ပေးလိုက်သည်။
သို့သော် နှစ်ဦးနှစ်ဖက်သည် ရင်းနှီးမြှုပ်နှံမှု အချိုး၊ ရှယ်ယာ အချိုးနှင့် နှစ်ဦးနှစ်ဖက်၏ အခွင့်အရေးနှင့် တာဝန်များကို မဆုံးဖြတ်ရသေးပေ။ ၎င်းသည် ဆွေးနွေးရ ခက်ခဲသော ကိစ္စ ဖြစ်လာမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးနှစ်ဖက်စလုံး ငွေ မလိုသူများဖြစ်ပြီး ထိန်းချုပ်ခွင့်ကိုသာ လိုချင်ကြသည်။
******