အခန်း (၁၀၂၄-၁၀၂၆)
Vol. 69 Ch. 1024-1026
အခန်း ၁၀၂၄ - အင်အားကြီးခြင်း
“ဂုဏ်ယူပါတယ်။ ဖုန်း၊ ဖုန်းယွီဂိမ်းရဲ့ လုပ်ငန်းမိတ်ဆက်ပွဲ အခမ်းအနားက အောင်မြင်တယ်” ဟောင်ကောင်မှ သူဌေးကြီးအများစု လာရောက်သည်သာမက ကမ္ဘာ့ အီလက်ထရွန်းနစ်၊ ကွန်ရက် နည်းပညာ၊ ဆော့ဖ်ဝဲ ကုမ္ပဏီ အများအပြားကလည်း ကိုယ်စားလှယ်များ စေလွှတ် တက်ရောက်ခဲ့သည်။ လူအများအပြားသည် ဖိတ်ကြားခံရခြင်းကို ဂုဏ်ယူကြသည်။
ဖိတ်ကြားခြင်း မခံရသူများကတော့ အခမ်းအနားထဲသို့ ဝင်ရောက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသည်။ သူတို့သည် ၎င်းကို အဆင့်မြင့် အစည်းအဝေးတစ်ခုအဖြစ် မှတ်ယူပြီး ၎င်းသည် သူတို့၏ ဂုဏ်သိက္ခာနှင့် ရာထူးကို ပြသရာလည်း ရောက်သည်။
“နာမည် ရရုံပါပဲ။ ပထမဆုံး ဂိမ်းကတော့ အတွင်းပိုင်း စမ်းသပ် ကစားနေတုန်းပဲ။ နောက်နှစ်မှ အများပြည်သူအတွက် ထုတ်နိုင်လိမ့်မယ်”
“ခင်ဗျားတို့ Blizzard ကုမ္ပဏီကို အပြင်းအထန် ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ကြားပါတယ်” Blizzard သည် မြောက်အမေရိကနှင့် ကမ္ဘာ့ နာမည်ကြီး ဂိမ်းကုမ္ပဏီဖြစ်သည်။ ၎င်း၏ဆောင်ပုဒ်မှာ “Blizzard ဖန်တီးရင် အရည်အသွေး ကောင်းမွန်တာ သေချာသည်” ဖြစ်သည်။
သို့သော် Blizzard ကုမ္ပဏီတွင်လည်း လည်ပတ်ငွေ အလုံအလောက် ရှိသောကြောင့် ဖုန်းယွီသည် ငွေအများကြီး ပေးမှသာ ဝယ်ယူရခက်သည်။ Blizzardက ဖန်တီးသော ဂိမ်းတိုင်းသည် ဒေါ်လာ သန်းရာနှင့်ချီ အမြတ်ရနိုင်သည်။
“ဟုတ်ပါတယ်။ Blizzard ရဲ့ မူလကုမ္ပဏီနဲ့ ညှိနှိုင်းပြီးပါပြီ။ နောင်မှာ ကျွန်တော်တို့ရဲ့ GBOX ပေါ်မှာ Blizzard ရဲ့ ဂိမ်းတွေကို တင်နိုင်လိမ့်မယ်”
Blizzard ၏ အမှတ်တံဆိပ်၊ နည်းပညာနှင့် ထုတ်ကုန်များအားလုံးကို ဖုန်းယွီ အလွန် ကျေနပ်သည်။ ဖုန်းယွီ သည် သူ့လက်အောက်တွင် Blizzard သည် ယခင်ဘဝထက် ပိုမို အောင်မြင်လိမ့်မည်ဟု ယုံကြည်သည်။
“ဒါဆို ခင်ဗျားကို ကြိုတင် ဂုဏ်ပြုပါတယ်။ နောင်မှာ ကျွန်တော်တို့ရဲ့ GBOX ပိုပြီး အောင်မြင်ပါလိမ့်မယ်”
ဘောလ်မာနှင့် ဖုန်းယွီ တို့သည် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို မပြောဘဲ နေကြသည်။ ဘယ်သူ အရင် စပြောပြော အနေအထား နိမ့်ကျသွားလိမ့်မည်။
“ကျေးဇူးပါ”
အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဘောလ်မာ အနည်းငယ် စိတ်ပျက်သွားသည်။ ဖုန်းယွီကို တကယ် အလွယ်တကူ ကိုင်တွယ်လို့ မရပေ။ “ကျေးဇူးပါ” ဟူသော စကားသည် နိဂုံးချုပ် စကားလို ဖြစ်နေပြီး နှစ်ဦးကြားတွင် စကားပြောစရာ ဘာမှ မရှိတော့ပေ။
“ဖုန်း နောက်လ ဘုတ်အဖွဲ့ အစည်းအဝေးကို ခင်ဗျား ပြန်လာ တက်မှာလား” ဘောလ်မာက စဉ်းစားပြီး မေးလိုက်သည်။
“အားရင်တော့ သွားမယ်၊ အားမရင်တော့ မသွားဘူး” ဖုန်းယွီ သည် Microsoft ၏ ဘုတ်အဖွဲ့ အစည်းအဝေးကို စိတ်မဝင်စားဟန် ပြနေဆဲ ဖြစ်သည်။ သူ ဘုတ်အဖွဲ့ဝင် ဖြစ်လာတာက ရာထူးဂုဏ်ကို ရယူဖို့သာ ဖြစ်ပြီး ကုမ္ပဏီ စီမံခန့်ခွဲမှုတွင် လုံးဝ ပါဝင်လိုခြင်း မရှိပေ။
“ဖုန်း ၊ ဘီလ် က ပြောတယ်၊ ဒီနှစ် ငါတို့ရဲ့ တရုတ်မှာ စနစ်သစ် ရောင်းအားက အလွန် ကောင်းတယ်။ နှစ်ကုန် ရှယ်ယာ ခွဲဝေမှုမှာ ခင်ဗျားကို ဆုကြေးပိုပေးဖို့ စီစဉ်ထားတယ်”
“အင်း”
ဘောလ်မာ ရူးတော့မတတ် ဖြစ်နေသည်။ မင်းရဲ့ “အင်း” က ဘာကို ဆိုလိုတာလဲ။ ဆက်ပြီး စကားပြောလို့ ရသေးလား။ Microsoft ရဲ့ ရှယ်ယာ ပိုပေးတယ်ဆိုတာ ငွေပိုပေးတာကို ဆိုလိုတာ။ မင်းမှာ ငွေ မလိုရင်တောင် ဒီလို သဘောထားမျိုး မဟုတ်သင့်ဘူး မဟုတ်လား။
မနှစ်က ရှယ်ယာ လျော့သွားတော့ မင်း ပေါလ် နဲ့တောင် ရန်ဖြစ်ခဲ့သေးတယ် မဟုတ်လား။
“ဖုန်း၊ ခင်ဗျားလည်း Microsoft ရဲ့ ဘုတ်အဖွဲ့ဝင်နဲ့ အဓိက ရှယ်ယာရှင် တစ်ယောက်ပဲ။ Microsoft ငွေရှာရင် ခင်ဗျားလည်း ငွေရှာတာပဲ” ဘောလ်မာသည် အရင် စပြောဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက ဖုန်းယွီက ဆွေးနွေးတော့မည် မဟုတ်ပေ။
“ဟုတ်တယ်။ ဒါပေမဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်လို့ ပြောပေမဲ့ ပိုင်ဆိုင်တဲ့ ရှယ်ယာ အချိုးက သိပ်မများပါဘူး” ဖုန်းယွီက ပြုံးစစဖြင့် ပြောလိုက်သည်။ Microsoft၏ ရှယ်ယာ အချိုးသည် သူ၏ အခြား လုပ်ငန်းများနှင့် ယှဉ်နိုင်ပါမည်လား။
“ဖုန်း ၊ Microsoft ဟာ ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး ယှဉ်ပြိုင်စရာမလိုတဲ့ အမှတ်တံဆိပ် အားသာချက် ရှိပါတယ်” ဘောလ်မာက အလေးပေး ပြောလိုက်သည်။
“ကျွန်တော် အဲဒီလို မထင်ဘူး။ Microsoft က လက်ရှိမှာ စျေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီပဲ ရှိပါသေးတယ်။ ဝန်ထမ်း အရေအတွက်နဲ့ လုပ်ငန်း အရွယ်အစားကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ အကြီးဆုံးလို့ မခေါ်နိုင်ဘူး။ အမှတ်တံဆိပ် အားသာချက်ကတော့ ကျွန်တော် ဘယ်မှာလဲ မတွေ့ဘူး”
“ကျွန်တော်တို့မှာ သက်ဆိုင်ရာ စနစ် ဖန်တီးတဲ့ အတွေ့အကြုံ အလွန် ကြွယ်ဝပါတယ်”
“ဒါပေမဲ့ Microsoft စနစ်ကို သုံးတဲ့ Segaရဲ့ ထုတ်ကုန်အသစ်ကို ကြိုတင်မှာယူသူ သိပ်မရှိဘူး မဟုတ်လား။ မဟုတ်ရင် ဘီလ်ကလည်း မိတ်ဖက်အသစ်ကို ရှာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ သိတယ်။ Sega ကျရှုံးမှာ သေချာတယ်”
နှစ်ဦးစလုံး GBOXကို တစ်ခွန်းမှ မပြောဘဲ ဤစီမံကိန်း၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဆွေးနွေးနေကြသည်။
“ယှဉ်ပြီးကြည့်မယ်ဆိုရင် ခင်ဗျားတို့မှာ အားသာချက် မရှိဘူး”
“မဟုတ်ဘူး၊ ယှဉ်ပြီးကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ အားသာချက်တွေ အများကြီး ပိုများတယ်။ ပထမဆုံးအနေနဲ့ သက်ဆိုင်ရာ နည်းပညာတွေက ကျွန်တော်တို့မှာ ရှိတယ်။ နောက်ဆုံးပေါ်နဲ့ အကောင်းဆုံး မဟုတ်သေးရင်တောင် ထိပ်တန်း ကုမ္ပဏီတွေနဲ့ ကွာဟမှု သိပ်မရှိဘူး။ ခင်ဗျားတို့မှာတော့ လုံးဝ မရှိဘူး။ ဒုတိယအနေနဲ့ အချို့သော နည်းပညာတွေမှာ ကျွန်တော်တို့ဟာ ကမ္ဘာမှာ အကောင်းဆုံးပဲ။ ကျွန်တော်တို့ဟာ လုပ်ငန်း စံသတ်မှတ်ချက်ကိုပင် ဖန်တီးသူတွေပါ။ ဒီနည်းပညာတွေဟာ ထုတ်ကုန်အပေါ် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဟာ အီလက်ထရွန်းနစ် ကုန်ပစ္စည်း အမှတ်တံဆိပ်မှာ Microsoft ထက် အများကြီး ပို အင်အားကြီးတယ်။ ဘီလ် ကျွန်တော်တို့ရဲ့ ဖုန်းယွီ အမှတ်တံဆိပ် Super VCD ကိုလည်း ကြိုက်တယ်လို့ ကျွန်တော် မှတ်မိတယ်”
ဘီလ်ဂိတ်စ်မှာ ဒီလို အကျင့်ဆိုးတစ်ခု ရှိသည်။ နောက်ဆုံးပေါ် အီလက်ထရွန်းနစ် ထုတ်ကုန်တွေကို နှစ်သက်ပြီး ဒီထုတ်ကုန်တွေကနေ ရရှိတဲ့ အဆင်ပြေမှုနဲ့ အတွေ့အကြုံကို အလွန်နှစ်သက်သည်။
ယခင်ဘဝတွင် Microsoft နှင့် Apple ရန်ဖြစ်ပြီးနောက် Apple သည် မီဒီယာများကို ထိန်းချုပ်ကာ ဘီလ်ဂိတ်စ်က အိမ်တွင် Apple ရဲ့ MP3 နဲ့ ကနေကြောင်း ဖော်ပြခဲ့သည်။ ဤသည်က Apple ၏ ထုတ်ကုန် ရောင်းအားကို ပိုမို တိုးမြှင့်စေခဲ့သည်။
ဘီလ်ဂိတ်စ်သည် Apple အတွက် အခမဲ့ ကြော်ငြာပေးလိုက်သလို ဖြစ်သွားသည်။ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကတောင် နှစ်သက်သော ထုတ်ကုန်သည် အကောင်းဆုံး ထုတ်ကုန် ဖြစ်သည် မဟုတ်လား။
အခု ဖုန်းယွီက ဒီအချက်ကို တမင်တကာ အသုံးချလိုက်သည်။ ဘီလ်ဂိတ်စ် က ကျွန်တော်တို့ရဲ့ Wind and Rainအီလက်ထရွန်းနစ် ထုတ်ကုန်တွေကိုလည်း ကြိုက်တယ် မဟုတ်လား။
ဘောလ်မာ အနည်းငယ် စိတ်ပျက်သွားသည်။ ဘာလို့ ဘီလ်က ဖုန်းယွီ အမှတ်တံဆိပ် Super VCD ကို ဝယ်လိုက်တာလဲ။
ဘောလ်မာ စကားမပြောသည်ကို မြင်သောအခါ ဖုန်းယွီ က ဆက်မေးသည်။ “ကွန်ပျူတာ တစ်လုံး ဝယ်တဲ့အခါ ဟာ့ဒ်ဝဲကို ပိုအာရုံစိုက်လား၊ ဒါမှမဟုတ် စနစ်ကို ပိုအာရုံစိုက်လား။ ကွန်ပျူတာ တစ်လုံးက ဘယ်လောက်လဲ၊ စနစ်က ဘယ်လောက်လဲ”
ဖုန်းယွီသည် ဟာ့ဒ်ဝဲ၏ ကုန်ကျစရိတ်နှင့် တန်ဖိုးသည် ဆော့ဖ်ဝဲထက် အများကြီး ပိုများကြောင်း ဘောလ်မာ ကို ပြောပြလိုသည်။ ဆိုလိုသည်မှာ Microsoft သည် သိပ် အရေးမကြီးပေ။
တကယ်လို့ အကြပ်ရိုက်လာရင် ဖုန်းယွီ သည် Lenovoကို စနစ် ဖန်တီးခိုင်းနိုင်သည်။ သို့သော် သူသည် အခမဲ့ LINUX စနစ်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ၎င်းကို Microsoft က ခွင့်ပြုမည် မဟုတ်ပေ။ ဖုန်းယွီ သည် Microsoft ၏ ရှယ်ယာရှင် တစ်ဦး ဖြစ်နေသေးသောကြောင့် ကိုယ့်ကိုယ်ကို မျက်နှာပျက်အောင် မလုပ်နိုင်ပေ။ အနည်းဆုံးတော့ Microsoft ရှယ်ယာတွေကို မရောင်းခင်ပေါ့။
“ဖုန်း ၊ ခင်ဗျားမှာ ဘယ်လို သတ်မှတ်ချက်တွေ ရှိတယ်ဆိုတာ ပြောပါ”
“ထုတ်ကုန် နာမည်မှာ ကျွန်တော် တစ်လှမ်း ဆုတ်ပေးခဲ့တယ်။ ဒါပေမဲ့ ထုတ်ကုန်ရဲ့ အခွင့်အရေးနဲ့ တာဝန်တွေမှာတော့ ကျွန်တော် နောက်ဆုတ်လို့ မရတော့ဘူး။ ဒီ GBOX မှာ ကျွန်တော် အပြည့်အဝ ထိန်းချုပ်ခွင့် လိုချင်တယ်”
အပြည့်အဝ ထိန်းချုပ်ခွင့်သည် ၅၁% မဟုတ်ဘဲ သုံးပုံ နှစ်ပုံကျော်သော ရှယ်ယာဖြစ်သည်။ ဆိုလိုသည်မှာ ဖုန်းယွီ သည် အနည်းဆုံး ၆၇% သော ရှယ်ယာကို သိမ်းပိုက်လိုသည်။
ဘောလ်မာ စိတ်ထဲတွင် အဆင်မပြေ ဖြစ်သွားသည်။ “ခင်ဗျားက ထုတ်ကုန် နာမည်မှာ တစ်လှမ်း ဆုတ်ပေးခဲ့တယ်” တဲ့။ GBOX ကလည်း ကျွန်တော်တို့ Microsoft နာမည်ကို မသုံးဘူးလေ။ နှစ်ဦးစလုံး တစ်လှမ်းစီ ဆုတ်ပေးခဲ့တာ မဟုတ်ဘူးလား။
ပြီးတော့ ခင်ဗျားက ထိန်းချုပ်ခွင့် လိုချင်တယ်ဆိုတာ ကျွန်တော်တို့ သဘောတူချင်မှ သဘောတူမှာ။ အခုကျတော့ အပြည့်အဝ ထိန်းချုပ်ခွင့် လိုချင်တယ်ဆိုတော့ ဘယ်တုန်းက Microsoft က ကုမ္ပဏီတစ်ခုရဲ့ အပြည့်အဝ ထိန်းချုပ်ခွင့်ကို တခြားသူကို ပေးလိုက်တာမျိုး ကြားဖူးလဲ။
သေးငယ်သော ဆော့ဖ်ဝဲ ဖန်တီးသည့် ကုမ္ပဏီများစွာကို ကျွန်တော်တို့က ဝယ်ယူပြီး ကျွန်တော်တို့ရဲ့ ဌာနခွဲတစ်ခု ဖြစ်လာစေခဲ့တာပဲ။
“ဖုန်း ၊ ကျွန်တော်တို့ရဲ့ အနည်းဆုံး လိုအပ်ချက်က နှစ်ဖက်လုံး ၅၀% စီ ရှယ်ယာပိုင်ဆိုင်ပြီး အရာအားလုံးကို ဆွေးနွေးပြီး ဆုံးဖြတ်ဖို့ပဲဆိုတာ ခင်ဗျား သိသင့်ပါတယ်”
“မဖြစ်နိုင်ဘူး။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ တစ်ယောက်တစ်မျိုး လုပ်ရမှာပဲ။ ကျွန်တော် ကြည့်လိုက်ဦးမယ်၊ Microsoft က Segaကို ဝယ်လိုက်ရင်တောင် ဘယ်လို ဂိမ်းစက်မျိုး ဖန်တီးနိုင်မလဲဆိုတာ။ DVD နဲ့ သက်ဆိုင်တဲ့ နည်းပညာတွေက ကျွန်တော်တို့ရဲ့ စံနှုန်းတွေပဲ။ တခြား စံနှုန်းတွေက ဆိုနီ တို့ပဲ။ ခင်ဗျားတို့ ကောင်းမွန်တဲ့ အခြေအနေနဲ့ DVD မူပိုင်ခွင့်ကို ရနိုင်လိမ့်မယ်လို့ မထင်ဘူး။ အရှုံးခံနိုင်ရင်တော့ ကိုယ်တိုင် လုပ်ကြည့်ပေါ့။ ကျွန်တော်က အလွန် ဆိုးရွားစွာ လုပ်ခဲ့ရင်တောင် တရုတ် စျေးကွက်ကိုတော့ ကျွန်တော့် လက်ထဲမှာ လုံခြုံစွာ ထိန်းချုပ်ထားနိုင်လိမ့်မယ်”
ဘောလ်မာသည် ဖုန်းယွီ သည်လည်း အင်အားကြီးသူ တစ်ဦးဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ဖုန်းယွီ၏သဘောထားကို ကြည့်ရသည်မှာ နောက်ဆုတ်တော့မည် မဟုတ်ပေ။ ပြီးတော့ ဖုန်းယွီ ပြောခဲ့သော အချက်သည်လည်း သူတို့ ရှောင်လွှဲလို့ မရပေ။ သူတို့ Segaကဲ့သို့ CD-ROM နည်းပညာကို အသုံးပြုခဲ့ပါက ထုတ်ကုန်သည် ဆိုနီ၊Nintendo တို့နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်သလို ဖုန်းယွီ ကိုပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ယခု ဖုန်းယွီ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်ဟု ထင်ရသည်။
******
အခန်း ၁၀၂၅ - ဖုန်းယွီ ၏ အားသာချက်
ဤကဲ့သို့ ခက်ခဲသော အခြေအနေများကို ဘောလ်မာ သဘောမတူရဲပေ။ သို့သော် သူ ဒီမှာ ဆွေးနွေးလို့ ဘာမှ မရတော့ကြောင်း သူ သိသည်။ သူသည် ဖုန်းယွီကို နှုတ်ဆက်ပြီး အမေရိကန်သို့ ပြန်လာရမည်။ ဤကိစ္စကို ဘုတ်အဖွဲ့ သို့မဟုတ် ဘီလ်ကသာ ဆုံးဖြတ်ရမည်။
Microsoft၏ လစဉ် ဘုတ်အဖွဲ့ အစည်းအဝေးသို့ ဖုန်းယွီမှလွဲ၍ ကျန် ဘုတ်အဖွဲ့ဝင်များအားလုံး ရောက်ရှိနေကြသည်။
“ဟွန်း၊ ကုမ္ပဏီ စည်းကမ်းတွေကို လျစ်လျူရှုတဲ့ လူတစ်ယောက် ထပ်ပေါ်လာပြန်ပြီ။ မနှစ်က သူ ရှယ်ယာ အပိုဆုကြေး နည်းနည်းပဲ နုတ်လိုက်တာ နည်းသွားပြီ ထင်တယ်။ ဒီနှစ်တော့ ဘာမှ မပေးသင့်ဘူး” ပေါလ် အယ်လန်သည် ဖုန်းယွီ၏ လွတ်နေသော ထိုင်ခုံကို မြင်သောအခါ လှောင်ပြောင်ပြီး ပြောလိုက်သည်။
Microsoft ၏ ဘုတ်အဖွဲ့ဝင်တိုင်း ပေါလ်နှင့် ဖုန်းယွီတို့ ဆက်ဆံရေး မကောင်းကြောင်း သိကြသည်။ အထူးသဖြင့် ဖုန်းယွီသည် ကမ္ဘာတွင် ဘီလ် ပြီးလျှင် ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာသောအခါ ဤပဋိပက္ခသည် ပိုမို နက်ရှိုင်းလာသည်။ ပေါလ်က အကယ်၍ ထိုအချိန်က Microsoft ရှယ်ယာများကို ငွေလဲလှယ်ခြင်း မပြုဘဲ အခြား ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခဲ့လျှင် ယခု ပေါလ်၏ ရှယ်ယာ တန်ဖိုးသည်လည်း ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရှိနိုင်ပြီး ဖုန်းယွီ နှင့် ကွာဟမှု သိပ်မများသေးပေ။
သို့သော် ယခု ပေါလ်သည် ဖုန်းယွီ ကို မီနိုင်တော့မည် မဟုတ်ပေ။ ပေါလ်၏ စကားကို သူတို့အားလုံးက မကြားသလို ဟန်ဆောင်ကြသည်။ ဤသူဌေးကြီး နှစ်ဦးကြားမှ ပဋိပက္ခတွင် မည်သူမှ ဝင်မပါလိုပေ။
“ရပြီ ပေါလ်၊ အစည်းအဝေး စတော့မယ်။ ဒီနေ့ အဓိက အကြောင်းအရာ အချို့ ရှိတယ်။ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ WIN98 စနစ်ကို စတင် ဖြန့်ချိပြီးနောက် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရရှိပြီး ထုတ်ကုန်တွေ ကောင်းကောင်း ရောင်းရတယ်။ ဒါပေမဲ့ အချို့ ချို့ယွင်းချက်တွေကို အမြန် ပြုပြင်ရမယ်။ ကျွန်တော်တို့ရဲ့ စနစ် မလုံခြုံဘူးဆိုတဲ့ အထင်အမြင်ကို မပေးသင့်ဘူး… နောက်ဆုံး အဓိက အကြောင်းအရာတစ်ခုက GBOX ရဲ့ ပူးပေါင်း ဖန်တီးမှု ကိစ္စပဲ”
“ဘာ ပူးပေါင်းဖန်တီးမှုလဲ။ မလုပ်ချင်ရင် မလုပ်နဲ့၊ လုပ်မယ်ဆိုရင် Microsoft က ကိုယ်တိုင် လုပ်မယ်” ပေါလ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဖုန်းယွီနဲ့ပူးပေါင်းဖန်တီးတာ၊ ဘယ်လိုဟာသလဲ။ ဘာလို့ ဖုန်းယွီက Microsoftနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရတာလဲ။
“ပေါလ်၊ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးတာ ကောင်းတဲ့ အကြံလို့ မထင်ဘူး။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့မှာ ဟာ့ဒ်ဝဲ ဖန်တီးတဲ့ အတွေ့အကြုံ မရှိဘူး။ အကြောင်းရင်းကတော့ ကျွန်တော် မပြောတော့ဘူး။ ဒုတိယအနေနဲ့ ဖုန်းယွီ မှာ သက်ဆိုင်ရာ ခေတ်မီ နည်းပညာတွေ ရှိပြီး ဒါတွေဟာ ထုတ်ကုန်အတွက် အလွန် အရေးကြီးတယ်”
“ခဏလေး၊ ကျွန်တော်တို့မှာ ဟာ့ဒ်ဝဲ ဖန်တီးတဲ့ အတွေ့အကြုံ မရှိဘူးဆိုတာနဲ့ ဖုန်းယွီမှာရော ရှိလား။ ပြီးတော့ ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့ ကုမ္ပဏီကို ဝယ်ယူနိုင်တယ်။ ကျွန်တော်တို့မှာ ငွေအများကြီး ရှိတယ်။ အဲဒီ Nintendoကို ကျွန်တော် ကောင်းတယ်လို့ ထင်တယ်” ပေါလ်က ဘောလ်မာ၏ စကားကို ဖြတ်ပြောလိုက်သည်။
ဒီဘောလ်မာက ဖုန်းယွီ ဘက်က အမြဲနေတယ်။ ဘီလ်က သူ့ကို အဲဒီလောက် ရှယ်ယာဆုကြေးတွေ ပေးဖို့ သဘောတူခဲ့တာ တကယ် မျက်စိကန်းတာပဲ။
“ပေါလ် ၊ မမေ့ပါနဲ့၊ ဖုန်းယွီ မှာ အီလက်ထရွန်းနစ် ကုန်ပစ္စည်း ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီ အများအပြား ရှိတယ်။ ပြီးတော့ Lenovo အဖွဲ့ရဲ့ ရှယ်ယာတွေလည်း ရှိတယ်။ ဒီကဏ္ဍမှာ သူက ကျွန်တော်တို့ Microsoft ထက် ပိုပြီး အင်အားကြီးတာ မှန်တယ်။ ပြီးတော့ Nintendoကို ဝယ်လို့ မရဘူး။ သူတို့က ဘယ်သူမှ မပေးနိုင်တဲ့ တန်ဖိုးကို တောင်းဆိုခဲ့တယ်” ဘောလ်မာက ရှင်းပြလိုက်သည်။
“ပေါလ် ၊ ကျေးဇူးပြုပြီး စတီဗ် အခြေအနေကို ပြီးအောင် ပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပါ” ဘီလ်ဂိတ်စ်က မကျေမနပ် ပြောလိုက်သည်။
ပေါလ်က နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းငုံ့ကာ ရေတစ်ငုံ သောက်ဖို့ ကြံလိုက်သည်။ သို့သော် စားပွဲပေါ်တွင် Powerအချိုရည်ကို တွေ့သောအခါ သူ ပိုပြီး စိတ်ဆိုးသွားသည်။ ကော်ဖီ မရှိရင်တောင် လက်ဖက်ရည်လည်း ရပါတယ်။ ကိုကာကိုလာ တောင် ရသေးတယ်။ ဘာလို့ ဒီ Power ကိုပဲ ထားရတာလဲ။
ပရိုဂရမ်မာတွေ ကြိုက်တယ်ဆိုရင် သူတို့ကို သောက်ခိုင်းလိုက်ပေါ့။ ငါတို့ ဘုတ်အဖွဲ့ အစည်းအဝေးမှာ ဘာလို့ ဒါကို ပြင်ဆင်ထားရတာလဲ။ ငါ သေမယ်ဆိုရင်တောင် ဒီအရာကို မသောက်ဘူး။
ဘောလ်မာက ဆက်ပြောသည်။ “အခု အခြေအနေကတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဂိမ်းစက် ဖန်တီးတဲ့ ကုမ္ပဏီကို ဝယ်ယူလို့ မရဘူး။ Sega ဟာ ဆိုနီ နဲ့ Nintendoတို့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူးဆိုတာ သက်သေပြပြီးသားပဲ။ ဆိုနီရဲ့ ဂိမ်းစက်က အခမဲ့ LINUX စနစ်ကို အသုံးပြုတော့မယ်။ Nintendo ကတော့ IBMနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တယ်”
“ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ပေါလ်ပြောသလိုပဲ ကျွန်တော်တို့ ကိုယ်တိုင် ကုမ္ပဏီခွဲ ဒါမှမဟုတ် ဌာနတစ်ခု တည်ထောင်ပြီး ဂိမ်းစက်ကို ကိုယ်တိုင် ဖန်တီး ထုတ်လုပ်တာ ဒါမှမဟုတ် ဖုန်းယွီ နဲ့ ပူးပေါင်းတာပဲ”
“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်က အလွန် ရှင်းတယ်။ ကျွန်တော်တို့မှာ ဟာ့ဒ်ဝဲ ဖန်တီးတဲ့ အတွေ့အကြုံ မရှိဘူး။ နည်းပညာပိုင်းမှာ ဆိုနီ၊ Nintendo တို့ကို ဘယ်လောက် အချိန်ယူပြီး လိုက်မီနိုင်မလဲ မသိနိုင်ဘူး။ တစ်နှစ် နှစ်နှစ်ဆိုရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဆယ်နှစ် ရှစ်နှစ်ဆိုရင် ကျွန်တော်တို့ ဘယ်လောက် ငွေဆုံးရှုံးပြီး ဘယ်လောက် အင်အား ကုန်ဆုံးမလဲ”
“ဖုန်းနဲ့ ပူးပေါင်းတာကတော့ မတူဘူး။ ဖုန်းမှာ ဂိမ်းစက် ဖန်တီးတဲ့ ကုမ္ပဏီ ရှိတယ်။ ပြီးတော့ သူက တရုတ်မှာ အကြီးဆုံး ဂိမ်းစက် ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်ပြီး အရှေ့တောင်အာရှမှာလည်း နာမည်တစ်ခု ရှိတယ်။ ပြီးတော့ ဖုန်းရဲ့ ကုမ္ပဏီမှာ လုံလောက်တဲ့ ဟာ့ဒ်ဝဲ ဖန်တီးတဲ့ အတွေ့အကြုံ ရှိတယ်။ သူတို့ ဖန်တီးတဲ့ အီလက်ထရွန်းနစ် ကုန်ပစ္စည်းတွေ ဘယ်လောက် ကောင်းကောင်း ရောင်းရလဲဆိုတာကို ကျွန်တော် အချက်အလက်တွေနဲ့ ပြောပြစရာ မလိုဘူး ထင်ပါတယ်”
“ပြီးတော့ ဖုန်းက ဂိမ်း ဖန်တီးတဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်။ တောင်ကိုရီးယား ကုမ္ပဏီနှစ်ခုကို ဝယ်ပြီးနောက် ဟောင်ကောင်က ကုမ္ပဏီတစ်ခု၊ ထိုင်ဝမ်က ကုမ္ပဏီတစ်ခု၊ ဂျပန်က ကုမ္ပဏီတစ်ခု၊ တရုတ်က ကုမ္ပဏီတစ်ခုနဲ့ ကျွန်တော်တို့ မြောက်အမေရိကက Blizzard ကုမ္ပဏီကိုလည်း အမြန် ဝယ်ယူခဲ့တယ်။ အဲဒါတွေ အားလုံးကို ပေါင်းစည်းလိုက်ရင် ကမ္ဘာ့ အကြီးဆုံး ဂိမ်း ဖန်တီးတဲ့ ကုမ္ပဏီ ဖြစ်လာလိမ့်မယ်။ သုတေသနနဲ့ ဖွံ့ဖြိုးရေးဝန်ထမ်းတွေက ထောင်ကျော်လိမ့်မယ်။ ပြီးတော့ အောင်မြင်ပြီးသား ဂိမ်း ဖန်တီးရေး အဖွဲ့များစွာလည်း ရှိတယ်။ Segaရဲ့ Saturn ဘယ်လို ကျရှုံးခဲ့လဲဆိုတာ လူတိုင်း သိကြပါတယ်။ သူတို့ ဂိမ်း နည်းပါးလွန်းလို့ သုံးစွဲသူတွေ မကြိုက်ခဲ့တာပဲ။ အဲဒီအချိန်က သူတို့ရဲ့ နည်းပညာက ဆိုနီနဲ့ Nintendoတို့နဲ့ သိပ်မကွာခြားဘူး”
“ဖုန်းက ကျွန်တော်တို့ကို ဂိမ်းမူပိုင်ခွင့် အများအပြား ပေးနိုင်သလို အချို့သော မူပိုင်ခွင့်များကိုလည်း ပြန်ရယူနိုင်ပြီး ဆိုနီ နဲ့ Nintendoတို့ကို အသုံးမပြုနိုင်အောင် လုပ်နိုင်တယ်။ ပြီးတော့ သူတို့ နောင်မှာ ဖန်တီးမဲ့ ဂိမ်းတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ စနစ်နဲ့သာ ဖတ်နိုင်လိမ့်မယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ DVD ရဲ့ မူပိုင်ခွင့် နည်းပညာကို အဖွဲ့အစည်း နှစ်ခုက ထိန်းချုပ်ထားတယ်။ တစ်ခုက DVD Forum ဖြစ်ပြီး ဖုန်းယွီနဲ့Philips စံနှုန်းကို အသုံးပြုပြီး သုံးစွဲသူ အီလက်ထရွန်းနစ် ထုတ်လုပ်သူများစွာက လိုက်နာတဲ့ စံနှုန်းလည်း ဖြစ်တယ်။ စျေးကွက် ဝေစု ၇၀% ကျော် ရှိတယ်။ နောက်တစ်ခုကတော့ DVD Consortium ဖြစ်ပြီး DVD+RAM စံနှုန်းကို အသုံးပြုပြီး စျေးကွက် ဝေစု ၂၀% သာ ရှိတယ်”
“ကျွန်တော်တို့ ဂိမ်းစက် လုပ်မယ်ဆိုရင် DVD နည်းပညာကို အသုံးပြုရမယ်။ CD နည်းပညာဟာ လုံးဝ ခေတ်နောက်ကျနေပြီး ဂိမ်းသိုလှောင်မှု စျေးကွက်ကနေ ဖယ်ရှားခံရတော့မယ်။ DVD Consortium ရဲ့ နည်းပညာမှာ ဆိုနီက တည်ထောင်သူတစ်ဦး ဖြစ်တယ်။ သူတို့ ကျွန်တော်တို့ကို ခွင့်ပြုချက် ပေးပါ့မလား။ ပေးရင်တောင် ဈေးက အလွန် မြင့်ပြီး ကျွန်တော်တို့ ထုတ်ကုန် ကုန်ကျစရိတ်ကို အကြီးအကျယ် မြင့်တက်စေလိမ့်မယ်။ ပိုကောင်းတဲ့ ဖုန်းယွီ -Philips စံနှုန်းကတော့ ဖုန်းယွီ ကုမ္ပဏီက တည်ထောင်တဲ့ စံနှုန်းဆိုတာ လူတိုင်း သိကြမှာပါ။ ကျွန်တော်တို့လည်း DVD Forumမှာ ပါဝင်ပေမဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးမှာ မပါဝင်ခဲ့ဘူး။ ဒါကြောင့် အခွင့်အရေးကောင်းတွေ မရနိုင်ဘူး။ ဒီနည်းပညာကို သုံးချင်ရင် မူပိုင်ခွင့်ခလည်း ပေးရလိမ့်မယ်။ ဖုန်းကို မပါဘဲ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ရင် ဒီနည်းပညာရဲ့ မူပိုင်ခွင့်ခ တစ်ခုတည်းက ကုန်ကျစရိတ်ရဲ့ ဘယ်လောက် ရာခိုင်နှုန်းကို ယူသွားမလဲ”
“ဒါကြောင့် အခု ကျွန်တော်တို့ရဲ့ အကောင်းဆုံး နည်းလမ်းက ဖုန်းယွီနဲ့ ပူးပေါင်းတာပဲ”
“VCD ရဲ့ နည်းပညာကို ဘာလို့ မသုံးနိုင်တာလဲ” လူတစ်ယောက်က မေးလိုက်သည်။
“VCDရဲ့ နည်းပညာနဲ့ မူပိုင်ခွင့် အများစုက ဖုန်းပိုင်တယ်။ အင်း၊ ၉၅% ကျော်လောက် ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ ထုတ်ကုန်ဟာ ဆိုနီနဲ့ Nintendoထက် ပိုကောင်းဖို့ဆိုရင် သူတို့ထက် ခေတ်နောက်ကျတဲ့ နည်းပညာကို သုံးလို့ မရဘူး” ဘောလ်မာက ရှင်းပြလိုက်သည်။
“ခင်ဗျား ဒီလို ပြောရင်တော့ ကျွန်တော်တို့ ဖုန်းနဲ့ ပူးပေါင်းရတော့မှာပဲ။ ဒါဆို ပူးပေါင်းတာကို ကျွန်တော် သဘောတူပါတယ်” ဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောလိုက်သည်။
နောက်ထပ် ဘုတ်အဖွဲ့ဝင် တစ်ဦးက ပိုသတိကြီးသည်။ “စတီဗ်၊ ဖုန်းက ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဘာတွေ တောင်းဆိုခဲ့လဲ”
ဘောလ်မာသည် ဘီလ်ဂိတ်စ်ကို ကြည့်လိုက်ပြီး တခြား ဘုတ်အဖွဲ့ဝင်များကို ပြောလိုက်သည်။ “ဖုန်းရဲ့ တောင်းဆိုချက်ကတော့ ပူးပေါင်း ကုမ္ပဏီရဲ့ အပြည့်အဝ ထိန်းချုပ်ခွင့်ကို သူ လိုချင်တယ်”
ပေါလ်သည် ခုန်ထတော့မတတ် ဖြစ်ပြီး အော်ပြောလိုက်သည်။ “ဒါ မဖြစ်နိုင်ဘူး”
စိတ်ကူးယဉ် အိပ်မက်တွေပဲ။ ဒါဟာ ရူးသွပ်မှုပဲ။ ဒီဖုန်းယွီ အလွန် မိုက်ရိုင်းတယ်။ Microsoft နဲ့ ပူးပေါင်းပြီး ထိန်းချုပ်ခွင့် လိုချင်တယ်ဟုတ်လား။ သူ ဘယ်သူလဲ ထင်နေလဲ။
စာရေးသူနုတ်-: ဤအချိန်တွင် Blizzard၏ ဝန်ထမ်းသည်လည်း လူ ၁၅၀ အောက်သာ ရှိသေးသည်။
******
အခန်း ၁၀၂၆ - Microsoft အတွင်း အငြင်းပွားမှု
ဘီလ်ဂိတ်စ်က မျက်မှောင်ကြုတ်ကာ ပေါလ်ကို ကြည့်လိုက်သည်။ ဤသည်မှာ ဘုတ်အဖွဲ့ အစည်းအဝေးဖြစ်သည်။ အားလုံးက စကားပြောဆို ဆွေးနွေးသည့် နေရာဖြစ်ပြီး အော်ဟစ်လို့ ရသည့် နေရာမဟုတ်ပေ။
ဖုန်းယွီနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပေါလ်က ဘာလို့ အမြဲ စိတ်မထိန်းနိုင် ဖြစ်တာလဲ။ ဖုန်းယွီက သူ့အသင်း ဘတ်စကက်ဘော (NBA) ချန်ပီယံဆု ဘယ်တော့မှ မရနိုင်တော့ဘူးလို့ ကျိန်ဆဲခဲ့လို့လား။ ဒီလောက် လူကြီးဖြစ်နေပြီး ဘာလို့ ကလေးလိုပဲ ဒီလောက် ကိစ္စလေးနဲ့ ရန်ဖြစ်နေတာလဲ။
အားလုံး ပူးပေါင်းပြီး Microsoft ကို ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာကသာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်သည်။
“ပေါလ်၊ ခင်ဗျား အသိစိတ် ရှိရမယ်။ ဒါက ကျွန်တော်တို့အားလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တယ်။ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး” ဘီလ်က တိုက်တွန်း ပြောဆိုလိုက်သည်။
“ဒါဆိုလည်း ကောင်းပြီ။ ကျွန်တော် အရင် ပြောမယ်။ ကျွန်တော်က ဖုန်းယွီနဲ့ ပူးပေါင်းတာကို ကန့်ကွက်တယ်။ သူ အပြည့်အဝ ထိန်းချုပ်ခွင့် လိုချင်တာကို ခင်ဗျားတို့ ဘယ်သူ သဘောတူနိုင်လဲ” ပေါလ်က လှောင်ပြောင်ပြီး ပြောလိုက်သည်။ “သူ့ကိုယ်သူ ဘယ်သူလဲ ထင်နေလဲ။ အစောပိုင်း DVD Forum တုန်းက ကျွန်တော်တို့ရဲ့ အထောက်အပံ့ မပါရင် ဒီလောက် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးနိုင်မှာလား။ အကျိုးအမြတ် ဘာများ ရခဲ့လဲ”
Microsoft သည် ဆော့ဖ်ဝဲကိုသာ လုပ်ဆောင်သည်။ ထို DVD Forumရှိ DVD စံနှုန်းနှင့် DVD ဒရိုက်ဗ် စံနှုန်း အငြင်းပွားမှုများသည် သူတို့နှင့် သိပ် မသက်ဆိုင်ပေ။ Driver ပရိုဂရမ် အနည်းငယ်သာ ကွာခြားသည်။
ပေါလ်၏အမြင်တွင် ဖုန်းယွီက DVD Forumကို တည်ထောင်နိုင်ခဲ့တာ Microsoft ရဲ့ အထောက်အပံ့ကြောင့် ဖြစ်သည်။ မဟုတ်ရင် DVD ဒရိုက်ဗ် စံနှုန်းကို ကွန်ပျူတာ ထုတ်လုပ်သူများစွာက ထောက်ခံမှာလား။
သို့သော် ထိုအချိန်က Microsoft ၏ အထောက်အပံ့သည် “ဆီးနှင်းထဲမှာ မီးဖိုပေးတာ” မဟုတ်ဘဲ “ပန်းပွင့်ပေါ်မှာ ပန်းပွင့်ထပ်တင်ပေးတာ” သာ ဖြစ်ကြောင်း သူ သတိမထားမိခဲ့ပေ။ Philipsသည် ဖုန်းယွီ နှင့် ပူးပေါင်းဆောင်ရွက်သော ပထမဆုံး ကုမ္ပဏီ ဖြစ်ပြီး ဖုန်းယွီ ကို အလွန် အရေးထားပြီး လေးစားသည်။ ဥပမာ၊ ဥရောပမှ ထိုကြီးမားသော ကုမ္ပဏီများကို Philips က ချိတ်ဆက်ပေးခဲ့ပြီး ဖုန်းယွီ တွင်လည်း လူမှုရေး ဆက်ဆံရေး အချို့ ရှိပြီး ကုမ္ပဏီအချို့၏ အထောက်အပံ့ကို ရရှိခဲ့သည်။
Microsoftသည် လက်ရှိတွင် ကုမ္ပဏီ စျေးကွက်တန်ဖိုးတွင် နံပါတ်တစ် ဖြစ်သည်မှာ မှန်သော်လည်း ဟာ့ဒ်ဝဲနှင့် အခြား အီလက်ထရွန်းနစ် ထုတ်ကုန်များအကြောင်း ပြောလျှင် Microsoft ၏ သြဇာလွှမ်းမိုးမှုသည် တကယ် မကြီးမားပေ။ မဟုတ်ပါက ဆိုနီ သည် PlayStation (PS) အသစ်တွင် Microsoft စနစ်ကို တပ်ဆင်ရန် ငြင်းဆိုမည် မဟုတ်ပေ။
လုပ်ငန်းတွင် နံပါတ်တစ်ဖြစ်ခြင်းက ကောင်းသော်လည်း လုပ်ငန်းမှ အခြား ကုမ္ပဏီများက ပူးပေါင်း၍ တိုက်ခိုက်မည့် ပစ်မှတ်လည်း ဖြစ်လာနိုင်သည်။ ဟာ့ဒ်ဝဲ ထုတ်လုပ်သူများသည် Microsoftက အင်အားကြီးစွာ ထိန်းချုပ်ထားသော်လည်း Microsoft ကို ပြန်လည် ထိန်းချုပ်ရန် မည်သို့ စဉ်းစားခဲ့ကြမည် မဟုတ်ပါလား။
“ပေါလ်၊ အရင်က အကြောင်းအရာကို ပြောနေတာ အဓိပ္ပာယ် မရှိဘူး။ အခု အခြေအနေက ဖုန်းလည်း ကိုယ်တိုင် လုပ်နိုင်တယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင် လုပ်နိုင်တယ်။ ဒါပေမဲ့ ဖုန်းကိုယ်တိုင် လုပ်မယ်ဆိုရင် အောင်မြင်ဖို့ အလားအလာ ပိုများပြီး ကုန်ကျစရိတ်လည်း နည်းလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တိုင် လုပ်မယ်ဆိုရင် အောင်မြင်ဖို့ အလားအလာ နည်းပြီး ကုန်ကျစရိတ် ပိုများလိမ့်မယ်။ ကျွန်တော် ငွေတွေ အများကြီး သုံးရင် သန်းနဲ့ချီ ရောင်းနိုင်တယ်ဆိုတာကို ငြင်းမနေဘူး။ ဒါပေမဲ့ အမြတ် ရနိုင်မလား” ဘောလ်မာက မေးလိုက်သည်။
ဟာ့ဒ်ဝဲ ထုတ်လုပ်သူများ၏ ပူးပေါင်းဆန့်ကျင်မှုကြောင့် Microsoft သည် ကွန်ပျူတာ ထုတ်လုပ်ရန် မရဲရဲပေ။ Microsoft က ကွန်ပျူတာ ထုတ်လုပ်ပါက အခြား ဟာ့ဒ်ဝဲ ထုတ်လုပ်သူများက စုပေါင်းပြီး Microsoft စနစ်ကို မသုံးတော့ပေ။ ဤသည်က Microsoft ကို ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေနိုင်ပြီး လုံးဝ ဖျက်ဆီးခံရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် Microsoft သည် အခြား ကုမ္ပဏီများ၏ အကျိုးစီးပွားများကို ထိခိုက်စေခဲ့ပြီး ၎င်းတို့က မခုခံပါက Microsoft က နောက်ဆုံးတွင် ၎င်းတို့အားလုံးကို ဝါးမျိုလိမ့်မည်။
Microsoft ၏ GBOXလုပ်ဆောင်မှုသည် ဟာ့ဒ်ဝဲတွင် စမ်းသပ်မှု တစ်ခုဖြစ်သည်။ ကံကောင်းစွာဖြင့် ဤကိတ်မုန့်ကို စားသုံးသည့် ကုမ္ပဏီ အနည်းငယ်သာ ရှိသောကြောင့် ကြီးမားသော ဆန့်ကျင်မှုမျိုး မဖြစ်စေနိုင်ပေ။ သို့သော် ၎င်းကို Microsoft သည် ဟာ့ဒ်ဝဲ စျေးကွက်သို့ ဝင်ရောက်ခြင်း၏ နိဒါန်းအဖြစ် ကြော်ငြာခံရမှာကို ရှောင်လွှဲ၍ မရနိုင်ပေ။
သူတို့သည် Microsoft ၏ ထုတ်ကုန်များ မည်မျှ ဆိုးကြောင်းကို အဆက်မပြတ် ကြော်ငြာကြလိမ့်မည်။ ပြီးတော့ Microsoft ကို ဘယ်တော့မှ မကူညီဘဲ ဆိုနီ ၊ Nintendo တို့ကို ထုတ်ကုန်အသစ်များ ပိုမိုမြန်ဆန်စွာ ဖန်တီးနိုင်ရန် လျှို့ဝှက် ထောက်ပံ့ပြီး Microsoft ၏ ဂိမ်းစက်ကို ဖြိုချကြလိမ့်မည်။
ပူးပေါင်းဆောင်ရွက်ခြင်းက အောင်မြင်ရန် ပိုမို လွယ်ကူစေပြီး အန္တရာယ်ကိုလည်း ဝေမျှနိုင်သည်။ ဒေါ်လာ သန်းအနည်းငယ် သို့မဟုတ် ဘီလီယံအနည်းငယ် ဆုံးရှုံးရခြင်းသည် Microsoft အတွက် ဘာမှ မဟုတ်ပေ။ သို့သော် ငွေရှာနိုင်လျှင် ဘယ်သူက အရှုံးခံချင်မလဲ။
ဘီလ်က စားပွဲကို ခေါက်လိုက်သည်။ “ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို လူတိုင်း မှတ်မိကြသေးလား။ နေထိုင်မှုသုံး ပစ္စည်း ဖြစ်လာဖို့။ ကျွန်တော်တို့ ပထမဆုံး စမ်းသပ်ချင်တဲ့ ထုတ်ကုန်က TV ရဲ့ စက်ထိပ်ဖုံးပါ။ နောင်မှာ ရိုးရိုး ဂြိုဟ်တု TV ဟာ အိမ်ထောင်စုတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ဘူး။ သူတို့က စက်ထိပ်ဖုံးမှတစ်ဆင့် အင်တာနက်ပေါ်က အစီအစဉ်တွေကို ကြည့်နိုင်ပြီး စက်ထိပ်ဖုံးကနေ တိုက်ရိုက် အင်တာနက် သုံးနိုင်တယ်။ ဒီ TV ဂိမ်းစက်နဲ့ စက်ထိပ်ဖုံးမှာ အချို့သော နည်းပညာတွေက ဆင်တူတယ်။ ကျွန်တော်တို့ GBOXကို လုပ်ဆောင်တာဟာ နောင်မှာ စက်ထိပ်ဖုံးတွေ ထုတ်လုပ်ဖို့ ပြင်ဆင်တာလည်း ဖြစ်တယ်”
စက်ထိပ်ဖုံးသည် ဘီလ်ဂိတ်စ် တစ်ချိန်က စဉ်းစားခဲ့သော စတင်ရာနေရာဖြစ်သည်။ အီလက်ထရွန်းနစ် ထုတ်ကုန်နှင့် အိမ်သုံးပစ္စည်းကြားမှ ထုတ်ကုန်တစ်ခု ဖြစ်သည်။ ၎င်းသည် ထိုကြီးမားသော ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိခိုက်စေမည် မဟုတ်သော်လည်း အကယ်၍ ၎င်းကို ကောင်းစွာ လုပ်ဆောင်နိုင်ပါက Microsoft စနစ်၏ စျေးကွက် ဝေစု တစ်ဝက်သာ ရှိရင်တောင် ကြီးမားသော အမြတ်အစွန်းများ ဖြစ်လာနိုင်သည်။
ဟုတ်တယ်၊ သူတို့မှာ စက်ထိပ်ဖုံး ဖန်တီးတဲ့ နည်းပညာလည်း မရှိဘူး။ ပြီးတော့ ထူးထူးခြားခြား ထိပ်တန်း စက်ထိပ်ဖုံး ထုတ်လုပ်သူလည်း မရှိသေးဘူး။ ဒါကြောင့် Microsoft မှာ ဝယ်ယူဖို့ ကောင်းတဲ့ ပစ်မှတ် မရှိသေးဘူး။ ကိုယ့်နည်းပညာကို အရင် လေ့ကျင့်ပြီး နှစ်နှစ်လောက်ကြာမှ စက်ထိပ်ဖုံးစျေးကွက်ထဲ ဝင်ရောက်တာလည်း ကောင်းတဲ့ ရွေးချယ်မှု ဖြစ်သည်။
ထိုအချိန်တွင် သူတို့၏ နည်းပညာများလည်း လေ့ကျင့်ပြီးဖြစ်ပြီး စက်ထိပ်ဖုံး ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကို ဝယ်ယူနိုင်လိမ့်မည်။ ထိုအချိန်တွင် သူတို့သည် ဖုန်းယွီ ကို ဖယ်ရှားပြီး TV ဂိမ်းစက်ကို ကိုယ်တိုင် ဖန်တီးနိုင်လိမ့်မည်။
“ဘီလ် ၊ ခင်ဗျား ပြောတာတွေ အားလုံး ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကိုလည်း နားလည်ပါတယ်။ ပူးပေါင်းဆောင်ရွက်တာ ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၅၁% ရှယ်ယာကို ပိုင်ဆိုင်ရမယ်။ ဒါက ကျွန်တော်တို့ Microsoft လုပ်သင့်တဲ့ အရာပဲ” ဘီလ် ၏ စကားကို ကြားသောအခါ ပေါလ် ကလည်း ရှင်းပြလိုက်သည်။
တကယ်တော့ ပေါလ်၏ စကားသည် ရှယ်ယာရှင်များစွာ၏ အတွေးလည်း ဖြစ်သည်။ သူတို့သည် Microsoft ဖြစ်ပြီး ကမ္ဘာ့ စျေးကွက်တန်ဖိုးတွင် နံပါတ်တစ် ကုမ္ပဏီ ဖြစ်သည်။ အရင်က သူတို့သည် တခြားသူတို့၏ ကုမ္ပဏီများကိုသာ ဝယ်ယူခဲ့သည်။ ယခု တခြား ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက အံ့ဩစရာပင်။ ထိန်းချုပ်ခွင့်ကိုတောင် မရနိုင်ဘူးလား။
ထိန်းချုပ်ခွင့်ကို တခြားသူကို ပေးလိုက်တာမျိုး မဖြစ်သင့်ဘူး။ အဲဒီလိုဆိုရင် အရာရာတိုင်းကို ဟိုဘက်ကပဲ ဆုံးဖြတ်လိမ့်မယ်။ ဒါဆို Microsoft ကို တခြား ကုမ္ပဏီတွေက လှောင်ပြောင်ကြမှာ မဟုတ်လား။
ဘောလ်မာက ပြောလိုက်သည်။ “ပေါလ် ၊ ကျွန်တော်တို့ ထိန်းချုပ်ခွင့် ရှိသင့်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ Microsoft က အရာရာတိုင်းမှာ အင်အားကြီးတာ မဟုတ်ဘူး။ ကျွန်တော် ရင်းနှီးမြှုပ်နှံဖို့ လိုရင် အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပေမဲ့ ငွေ ချွေတာနိုင်ရင် ဘာလို့ ပိုသုံးရမှာလဲ။ ဒီလိုဆို ကျွန်တော်တို့ရဲ့ အန္တရာယ်ကိုလည်း လျှော့ချနိုင်တာပဲ။ ဘာလို့ မလုပ်သင့်တာလဲ”
“ဘောလ်မာ ၊ ခင်ဗျားနဲ့ ဖုန်းတို့ ဆက်ဆံရေး ကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျား Microsoft ရဲ့ အမြင်ကနေ ပြောသင့်တယ်။ ဖုန်းအတွက် ပြောပေးတာ မဟုတ်ဘူး” အယ်လန်က ဒေါသတကြီး အော်ပြောလိုက်သည်။
ဘောလ်မာလည်း စိတ်မကျေမနပ် ဖြစ်သွားသည်။ သူလည်း Microsoft ရဲ့ ရှယ်ယာရှင်နဲ့ ဘုတ်အဖွဲ့ဝင် တစ်ယောက်ပါ။ သူ့ ရှယ်ယာက ပေါလ်ထက် နည်းပေမဲ့ ပေါလ်က ဘီလ်ဂိတ်စ် မဟုတ်ဘူး။ ဘာလို့ သူ့ကို ထောက်ပြပြီး ဝေဖန်နေတာလဲ။
“ကျွန်တော်က Microsoft ရဲ့ စီးပွားရေး အမြင်ကနေပဲ ပြောနေတာ။ အချို့လူတွေလို စိတ်လိုက်မာန်ပါ မလုပ်ဘူး။ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် ကုမ္ပဏီရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ထိခိုက်စေတာ မဟုတ်ဘူး”
ကုမ္ပဏီရဲ့ နံပါတ် ၂ နဲ့ ၃ တို့ ရန်ဖြစ်နေကြတော့ တခြား ဘုတ်အဖွဲ့ဝင်တွေက စကားပြောချင်နေပေမဲ့ အခုတော့ ဘာမှ မပြောတော့ဘဲ ဘီလ်ဂိတ်စ် ကိုသာ ကြည့်နေကြသည်။ ဤအချိန်တွင် ဘီလ် တစ်ဦးတည်းကသာ အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်။
“နှစ်ယောက်စလုံး၊ ကျွန်တော် ထပ်ပြောမယ်။ ဒါက ဘုတ်အဖွဲ့ အစည်းအဝေး။ သဘောထား မတူရင် သဘောထား ကွဲလွဲတာ၊ ငြင်းခုံတာ လုပ်နိုင်တယ်၊ ဒါပေမဲ့ တစ်ဦးနဲ့ တစ်ဦး စော်ကားတာတော့ မလုပ်နဲ့။ ကျွန်တော်တို့ အားလုံးက Microsoft အတွက်ပဲ၊ ကိုယ့်အတွက်ပဲ။ အခု မဲခွဲ ဆုံးဖြတ်ကြမယ်။ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ ဖုန်းကို ထိန်းချုပ်တဲ့ အဓိက ရှယ်ယာရှင် ဖြစ်စေဖို့ ကျွန်တော် သဘောတူတယ်”
ဘီလ်ဂိတ်စ်က သဘောတူလိုက်သောအခါ ပေါလ် အလွန် အံ့အားသင့်သွားသည်။ ဘောလ်မာလည်း လက်ထောင်ပြီး သဘောတူကြောင်း ပြလိုက်သည်။ တခြားသူများကလည်း ကြည့်ပြီး လက်ထောင်လိုက်ကြသည်။ ပေါလ် တစ်ယောက်တည်းသာ လက်မထောင်ခဲ့ပေ။
သူသည် ထိုင်ရာမှ ထကာ ကျောခိုင်း၍ ထွက်သွားသည်။ သူ့နောက်မှ ဘီလ်ဂိတ်စ် ၏ အသံကို ကြားလိုက်ရသည်။ “ဒါဆို ဒီအဆိုကို အတည်ပြုလိုက်ပြီ”
******