← Chapters

ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်_၄

Vol. 27 Ch. 365

ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်_၄

Vol. 27 Ch. 365

ဦးစွာ အမည်ကျော်ကြားသည့် ဖုန်းရွှေပညာရှင် ယွမ်မိသားစု၏ မျိုးဆက်အကြောင်း ပြောကြပါစို့။ သုံးပြည်ထောင်ခေတ်၏ ကျူးကယ်ဝူဟို၊ ထန်မင်းဆက်ခေတ်၏ ယွမ်ထျန်းကန်းတို့အပြင် ခေတ်အခါမသိရသည့် လီချွင်းဖုန်းနှင့် လျိုပေါ်ဝမ်တို့ကဲ့သို့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများစွာလည်း တည်ရှိသည်။

ဤမျက်မမြင်အိုကြီးသည် ယွမ်ထျန်းကန်း၏မျိုးဆက်ဖြစ်နေခဲ့သည်။ ယွမ်ထျန်းကန်း၏ ထွေပေ့ထူ (ထန်မင်းဆက်ခေတ်၏ တရုတ်ဟောကိန်းစာအုပ်)ကို အမွေဆက်ခံထားခြင်းရှိ၊မရှိကိုမူ သေချာမသိရပေ။

(အနောက်အရပ်သို့ခရီးသွားခြင်းဇာတ်လမ်းဖြစ်ပေါ်လာပုံကလည်း ယွမ်ထျန်ကန်းကြောင့်ပါပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ပိုစ့်တခုဖြစ်ဖြစ်၊ ဗီဒီယိုတစ်ခုဖြစ်ဖြစ် ကျွန်တော်သက်သက်လုပ်ပေးပါ့မယ်။ စိတ်ဝင်စားသူတွေရှိရင် သိရအောင်လို့ပါ။)

အကယ်၍ ဆက်ခံခဲ့ပါက မျက်မမြင်လူကြီးပြောခဲ့ဖူးသည့် ‘တွက်ချက်ရာတွင် ပြစ်ချက်မရှိ'ဟူသည့် သူ၏အရည်အချင်းမှာ ကြွားဝါပြောဆိုခြင်း မဟုတ်တော့ပေ။

လောကထိပ်တန်းပညာရှင်ကြီးသုံးဦးမှာမူ

သူ၏သိုင်းပညာကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်လောက်မည်။

ချန်ကျဲ့သည် မျန့်ရွှေစီရင်စုတွင် ရောနှောစပြုဆဲ ဖြစ်သည့်တိုင် သိုင်းလောက၏ ထိပ်တန်းသိုင်းပညာရှင်ကြီးများ၏ အမည်များကိုမူ သိရှိပါ၏။

သို့သော် ထိပ်တန်းသိုင်းပညာရှင်ကြီး၁၀ဦးဟူသည် တကယ်တမ်းတွင် ၁၀ဦးမဟုတ်ဘဲ ၁၁ဦးဖြစ်သည်။

အဘယ်ကြောင့်‌ဆိုသော် ထိပ်တန်းအဆင့်သည် နှစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။

ထိုသူနှစ်ဦးမှာ ကောင်းကင်ဘုံ၏ သူတော်စင်နှစ်ပါးဟု အမည်ကျော်ကြားသည့် သာ့ချန်တော်ဝင်အကြံပေး သက်ရှိ‌ဗုဒ္ဓ ပါးစီးပါးနှင့် ဝူတန်တောင်၏ အရှင်သခင် ဝူတန်သူရဲကောင်းခုနစ်ဖော်တို့၏ ဆရာသခင်ကျန်းစန်းဖုန်းတို့ဖြစ်သည်။

သူတို့နှစ်ဦးကို သီးခြားပူးတွဲထိပ်တန်းနှစ်ဦးဟု ခေါ်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် သိုင်းလောကတွင် ထင်ရှားပြောင်မြောက်သော ဂုဏ်သတင်းကျော်ဇောမှုများ အသီးသီးတည်ရှိကြသည့်တိုင် သူတို့နှစ်ဦး အမှန်တကယ် တိုက်ခိုက်ဖူးသည့် မှတ်တမ်းမှတ်ရာဟူသည် မရှိပေ။ ထို့ကြောင့် သူတို့နှစ်ဦး၏ အားနည်းချက်၊ အားသာချက်များကို ခွဲခြားမသိနိုင်သဖြင့် သီးခြားပူးတွဲထိပ်တန်းနှစ်ဦးအဖြစ်သာ သတ်မှတ်နိုင်တော့သည်။

သူတို့နှစ်ဦးစလုံး၏ တိုက်ပွဲမှတ်တမ်းများ အားလုံးကို ရှင်းလင်းပြတ်သားစွာ ချင့်တွက်နိုင်သည်။

သာ့ချန်တော်ဝင်အကြံပေး သက်ရှိဗုဒ္ဓပါးစီးပါး အောင်နိုင်ခဲ့သည့် အဓိကတိုက်ပွဲသည် သိုင်းလောကကို နှစ်ပေါင်း၆၀ကြာ လွှမ်းမိုးခဲ့ပြီး လောကတစ်ခွင်ရှိ ဂိုဏ်းများအားလုံးကို လောက၏ ထူးခြားစွမ်းရည်များအားလုံးကို မြို့တော်၏ကျောင်းတော်ဆောင်သို့ တင်ပြစုဆောင်းနိုင်စေခဲ့သည်။ သို့ဖြင့် မြို့တော်မှ ထွက်ပေါ်လာသည့် သိုင်းပညာအားလုံးကို ရယူစုဆောင်းနိုင်ခဲ့သည်။

အဲဒီတော့ သူ့ကို လောကနံပါတ်တစ်လို့ သတ်မှတ်တာလည်း ချဲ့ကားရာမကျဘူး မဟုတ်လား။

ကျန်တစ်ဦးမှာ သိုင်းပညာရှင်ကြီးကျန်း၊ ဆရာသခင်ကျန်းဟု လူသိများသည့် ကျန်းစန်းဖုန်းဖြစ်သည်။

သာ့ချန်တိုင်းပြည် စတင်တည်ထောင်ချိန်ကတည်းကပင် ကျန်းစန်းဖုန်းသည် သိုင်းလောက၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး ဖြစ်နေခဲ့လေပြီ။ ယခုတွင်မူ နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်သွားခဲ့ပြီးဖြစ်သည်။ ကျန်းစန်းဖုန်းသည် ဝူတန်ကို တည်ထောင်ခဲ့ကာ ဝူတန်ဂိုဏ်းကို လောကတစ်ခွင်ရှိ အင်အားအကြီးဆုံးဂိုဏ်းများထဲမှ ဂိုဏ်းတစ်ဂိုဏ်းအဖြစ် လုပ်ဆောင်ခဲ့သည်။ ဝူတန်သူရဲကောင်းခုနစ်ဖော်မှာလည်း သိုင်းလောကတွင် လေးစားမှုကိုရရှိထားကြသော သူရဲကောင်းများဖြစ်ပါ၏။

သူ၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်ဆိုင်ရာ အောင်မြင်မှုများသည်လည်း သက်ရှိဗုဒ္ဓပါးစီးပါးထက် မလျော့နည်းပါချေ။

သိုင်းပညာရှင်ကြီးကျန်း၏ မိစ္ဆာသုတ်သင်ခြင်း နှစ်၆၀ကို ကြားဖူးကြပါ၏လော။

မိစ္ဆာသုတ်သင်ခြင်းနှစ်၆၀ဟူသည် သိုင်းပညာရှင်ကြီးကျန်းမှ အသက်၆၀တွင် မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပါဘဲ မိစ္ဆာများကို နှစ်ပေါင်း၆၀အတွင်း သတ်ဖြတ်သုတ်သင်နေခဲ့ခြင်း ဖြစ်သည်။

ကျန်းစန်းဖုန်း၏ ဤနှစ်ပေါင်း၆၀ မိစ္ဆာသုတ်သင်ခြင်းစက်ဝန်းသည် သက်ရှိဗုဒ္ဓပါးစီးပါး၏ သိုင်းလောကတစ်ခွင်အား နှစ်၆၀ကြာ နင်းခြေခဲ့သည့် နှစ်၆၀နှင့် တူညီသည်။

သက်ရှိဗုဒ္ဓပါးစီးပါးသည် ကျုံးယွမ်ဂိုဏ်းသားများကို နှစ်ပေါင်း၆၀ကြာ သတ်ဖြတ်သုတ်သင်ခဲ့သည်။

ကျန်းစန်းဖုန်းသည်လည်း တော်ဝင်ရုံးတော်ကို အညံ့ခံသည့် လူများနှင့် မွန်ဂိုသိုင်းလောကသားများကို သတ်ဖြတ်ခဲ့သည်။

ထိုစက်ဝန်းမှာ သူတို့နှစ်ဦးမှ “မင်းက ဟန့်သိုင်းလောကဂိုဏ်းတွေကို အမြစ်ဖြုတ်ပစ်၊ ပြီးတော့ ငါလောင်ကျန်းက မူလန်လူမျိုးစုရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့ မုလန်လူမျိုးတွေကို အညံ့ခံတဲ့ သိုင်းလောကသားကောင်တွေကို အမြစ်ဖြုတ်ပစ်မယ်”ဟူ၍ ယှဉ်ပြိုင်နေကြသည့်အလား ထင်မှတ်ရပေသည်။ တစ်ဦးမှာ မုလန်လူမျိုးများဘက်မှ ထိပ်ဆုံးပညာရှင်၊ နောက်တဦးမှာ ဟန်လူမျိုးများဘက်မှ ပညာရှင်ဖြစ်ကြလေ၏။

သူတို့နှစ်ဦးသည် ထိုအတိုင်း သိုင်းလောကတွင် သတ်ဖြတ်ခဲ့ကြပြီး ကျင်လည်ရာ‌တစ်လျှောက် အကြီးအကျယ်ပျက်စီးလျက် ကျန်ရစ်စေခဲ့သည်။

နောက်ဆုံးတွင် တစ်ဦးတစ်ယောက်မျှ ဆုံးရှုံးမှုများကို အကျိုးမပြုနိုင်ခဲ့ဘဲ နှစ်ဦးစလုံးသည် ကံစံမံရာဟုသာ လက်ခံသွားခဲ့ရသည်။ သို့ဖြင့် ‌ကျန်းစန်းဖုန်းသည် ဝူတန်တောင်တွင် အခြေချ‌နေထိုင်ခဲ့ပြီး သက်ရှိဗုဒ္ဓပါးစီးပါးသည် မြို့တော်တွင် အခြေချခဲ့သည်။ အံတုအနိုင်ယူနိုင်ခြင်းမရှိသော သိုင်းပညာရှင်ကြီးများ ထွက်ပေါ်လာခြင်း မရှိတော့လေရာ သိုင်းလောက၏ မျိုးဆက်သစ်များသည် သိုင်းလောကတစ်ခွင် မိုးတိမ်မုန်တိုင်းများ မွှေနှောက်ကြတော့သည်။

ထိုသူများသည် လက်ရှိသိုင်းလောက၏ လှုပ်ယိမ်းမရနိုင်သည့် သိုင်းပညာရှင်ကြီးနှစ်ဦး ဖြစ်၏။

သူတို့၏အောက်၌ ဟန့်လူမျိုးရော၊ မူလန်လူမျိုးများပါ ပါဝင်သည့် သိုင်းပညာရှင်ကြီး၉ဦး ရှိသည်။

မျက်မမြင်လူကြီးသည် ပူးတွဲထိပ်တန်းနှစ်ဦး၏ နောက်ရှိ နံပါတ်သုံးထိပ်တန်းသိုင်းပညာရှင်ကြီး ဖြစ်သည်။

၎င်းသည် မျက်မမြင်လူကြီး၏ ကြောက်ခမန်းလိလိသော အင်အားကို ပြသနေပေသည်။

ထို့ပြင် မျက်မမြင်လူကြီးသည် ငယ်စဉ်အခါက သပ်ရပ်ကြော့ရှင်းသော ဟန်ပန်အမူအရာဖြင့် လူငယ်တစ်ဦးဖြစ်ခဲ့သည်ဟူသည့် ကောလာဟလများရှိခဲ့ပြီး ရုပ်ရည်အချောမောဆုံးသော သိုင်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရ၏။

ယွမ်စန်းကျားဟူသည့် အမည်အတိုင်းပင် ရှေးခေတ်အခါက ‘ကျား’၏အဓိပ္ပာယ်သည် အကောင်းဆုံး သို့မဟုတ် ပထမကို ကိုယ်စားပြုသည်။ ‘စန်း’နှင့်ပေါင်းကာ ပြိုင်ဘက်ကင်း ထိပ်တန်းသုံးဦးအဖြစ် ကိုယ်စားပြု၏။ ဓားရေးအရာတွင် ပြိုင်ဘက်ကင်းပြီး ရုပ်ရည်‌တွင်လည်း သူမတူအောင် ချောမောသည်။

သို့ဖြင့် စန်းကျားဟု ခေါ်တွင်၏။

ချန်ကျဲ့သည် မျက်မမြက်လူကြီး၏ ကပျစ်ကညစ်ပုံစံကို တွေးလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

အဲဒါကို‌ရော တစ်မိုးအောက်က ‌အချောမောဆုံးယောက်ျားလို့ သတ်မှတ်ကြသေးလား။

အဲဒီအချိန်တုန်းက လူထုက ခြေထောက်နဲ့ မဲပေးခဲ့တာများလား။

ချန်ကျဲ့မှာ မျက်မမြင်လူကြီးနှင့် တစ်ချိန်က တစ်မိုးအောက် အချောမောဆုံးအမျိုးသားကို မယှဉ်တွဲနိုင်ဘဲ ဖြစ်နေရသည်။ ဖန့်အန်းနှင့် ယှဉ်နိုင်ခြင်းကို ဘေးဖယ်ထားပါလေ၊ အနည်းဆုံးတော့ နည်းနည်းလောက်ဖြစ်ဖြစ် ချောမောသည့်ပုံစံမျိုးရှိသင့်သည် မဟုတ်ပါလော။ ပါးရေနားရေများတွန့်ကာ နေကာမျက်မှန်အသေးလေး‌ ဝတ်ထားသည့် မျက်မမြင်လူကြီးကို စဉ်းစားလိုက်သောအခါ ချောမောခန့်ညားသည့် အရှိန်အဝါဟူသည် မည်သည့်နေရာ‌တွင် တည်ရှိနေသည်ကို ရှာဖွေကြည့်ရန် ခက်ခဲလှပေသည်။

စနစ်ရဲ့ သတင်းအချက်အလက်က မှားနေတာများ ဖြစ်နေမလား။

ဒါမှမဟုတ် သူတို့အကဲဖြတ်တဲ့အချိန်တုန်းက မျက်မမြင်လူကြီးက ဒိုင်တွေကို လာဘ်ထိုးခဲ့တာများလား။

သို့သော် ဤသို့အကဲဖြတ်မှုမျိုးအတွက် ဒိုင်လူကြီးမရှိလေရာ လာဘ်ထိုးခြင်းမှာ မဖြစ်နိုင်ကြောင်း ချန်ကျဲ့သိပါသည်။

အင်း၊ မျက်မမြင်လူကြီးရဲ့ ရုပ်ရည်က သူ့ရဲ့ဂုဏ်သတင်းအတိုင်း မဟုတ်ပေမဲ့လည်း သူ့ရဲ့တွက်ချက်တဲ့အရည်အချင်းကတော့ တကယ့်ကို အထင်ကြီးလေးစားစရာပါပဲ။ လူ‌တွေအများကြီးထဲကနေမှ ကျူးချုံပါး၊ ကျန်းကျိုစစ်ကို တိတိကျကျရွေးချယ်ပြီးတဲ့အပြင် ငါ ချန်ကျိုစစ်ကိုလည်း ရွေးချယ်ခဲ့တယ်။

သမိုင်းမှတ်တမ်းအရတော့ ကြည့်ရတာ လောကအပြိုင်သုံးယောက်က ငါတို့သုံးယောက်ဖြစ်မယ်ထင်တယ်။

ဒီသုံးယောက်ကို တစ်ချိန်တည်း အတိအကျဖော်ထုတ်နိုင်တာကို ကြည့်ရင် မျက်မမြင်လူအိုကြီးက အရည်အချင်းရှိတာကိုတော့ ငြင်းဆန်လို့မရဘူးပဲ။

မျက်မမြင်လူကြီး၏ စွမ်းအင်အတွက်မူ ချန်ကျဲ့လည်း မျက်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ကျောက်တုံးအနည်းငယ်လေးဖြင့် လက်တစ်ကမ်းအကွာရှိ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးများကို မမြင်နိုင်အောင် လုပ်နိုင်သည်။ ဤသို့စွမ်းရည်မျိုးသည် ‌သိုင်းလောကတွင် သေချာပေါက် ပြိုင်ဘက်ကင်းဖြစ်ပါ၏။

ဖော်ပြထားသည့် ပြိုင်ဘက်ကင်းဓားသိုင်းသမားဟူသည့် အချက်ကိုမူ ချန်ကျဲ့လည်း မမြင်ဖူးသောကြောင့် သေချာမသိပေ။

သို့သော် ခုနက ချန်ကျဲ့ကို ဆွဲခေါ်လိုက်သည့် လှုပ်ရှားမှုသည်တော့ ချန်ကျဲ့အား သူ၏လက်ထဲမှ ပုရွက်ဆိတ်တစ်ကောင်ဟု ခံစားသွားရစေခဲ့သည်။

ထိုခံစားချက်သည် နီဝမ်ကျွင့်ထက် ပို၍ပြင်းထန်ပေသည်။

သူ၏အစ်ကိုကြီးနီသည် အင်အားကြီးမားသော်ငြား ချန်ကျဲ့အား အင်အားအရာတွင် အတိုင်းအတာ တွက်ချက်နိုင်စေသည်။ သို့သော် မျက်မမြင်လူကြီးသည် အလွန် လျှို့ဝှက်နက်နဲလွန်း၏။

အဲဒီလိုလူမျိုးက ငါသိထားတဲ့ မျန့်ရွှေစီရင်စု အစောင့်အရှောက်ကြီး၁၃ဦးထဲက မျက်မမြင်ကံကြမ္မာဟောပြောသူဆိုတာ ဖြစ်ရောဖြစ်နိုင်ရဲ့လား။

ချန်ကျဲ့သည် မိမိမှာ လူမှားနေခြင်းဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။ မျက်မမြင်လူကြီး၏ဝတ်ရုံကြောင့် ချန်ကျဲ့သည် မသိစိတ်မှ အလိုအလျောက် မျက်မမြင်လူကြီးအား မျက်မမြင်ကံကြမ္မာဟောပြောသူဟု သတ်မှတ်ခဲ့မိခြင်းပင်။

ပြီးတော့ ငါ ဘယ်တော့များမှ ဒီမျက်မမြင်လူကြီးနဲ့ ထပ်တွေ့ပါတော့မလဲ။ အကယ်၍ တွေ့ခဲ့ရင်လည်း ငါတစ်ခုခုကနေ ထွက်ပြေးနေတဲ့အချိန် ဖြစ်လောက်မှာပဲ။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ နံပါတ်၂အချက်အလက်ကို ဆက်ဖတ်လိုက်သည်။

နံပါတ်၂အချက်အလက်တွင် ပြောထားသည်မှာ ဟွားသျဲ့ကို နန်ပါးထျန်းမှ ‌ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်ဟူ၏။ ထို့ကြောင့် ဤပြဿနာသည် နန်ပါးထျန်း၏ အကြံအစည်ဖြစ်ပုံရ၏။ ဖုန်းရွှမ်သည်တော့ လက်မရွံ့တပ်သားဖြစ်ခဲ့လိမ့်မည်။

ဤနှစ်ယောက်သည် ဖန်းရှစ်ကျုံးကို သတ်ဖြတ်ခဲ့သည့် လူသတ်တရားခံများ ဖြစ်ကြ၏။

ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။ ချန်ကျဲ့သည် ကြင်နာမှုနှင့် အငြိုးအတေးအားလုံးကို အပြည့်အဝ ပြန်ပေးဆပ်တတ်သူဖြစ်သည်။ ဖန်းရှစ်ကျုံးသည် သူ့အပေါ် အရမ်းကောင်းပေးခဲ့၏။ ထို့ကြောင့် သူ၏မွေစားအဖေ၏ သေဆုံးမှုကို မရှင်းမလင်းဖြင့် ပြီးဆုံးသွားခွင့် မပြုနိုင်ပေ။ ယခုတွင် ချန်ကျဲ့ လူသတ်သမားနှစ်ဦးကို တိတိကျကျသိလိုက်ရလေပြီ။

All Chapters