← Chapters

အခန်း (၃၇၀)

Vol. 27 Ch. 370

အခန်း (၃၇၀)

Vol. 27 Ch. 370

ဟွမ်ဝမ်အာသည် သူမ၏ မှန်တင်ခုံနောက်မှ သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်သည်။ သေတ္တာကို ဖွင့်လိုက်သောအခါ ခရမ်းရောင်ဆေးပင်တစ်မျိုး ထွက်ပေါ်လာသည်။

စိတ်ဝိဉာဉ်ပြောင်းလဲမြက်!

ချန်ကျဲ့၏ မျက်လုံးများ တောက်ပသွားသည်။ ဟွမ်ဝမ်အာမှ ပြုံးရယ်လျက် ပြောသည်။

“ရှင်ပြောတာမှန်တယ်။ အသက်ရှင်နေမှ ပိုများတဲ့အရာတွေကို တွေ့ကြုံနိုင်မှာ”

ဗုန်း!!

ပျော်ရွှင်ဖွယ်‌ဗုဒ္ဓကျမ်း!

ဟွမ်ဝမ်အာသည် စာအုပ်ကို ဗုန်းခနဲ ရိုက်၍ ပစ်ချလိုက်သည်။ ထို့နောက် တစ်မူထူးခြားသော ကျက်သရေလွှမ်းသည့် မျက်နှာအမူအရာဖြင့် ပြောလာသည်။

“ကျွန်မ ဒီနေ့ည ဒီအထဲက အရာအားလုံးကို စမ်းကြည့်မှာ၊ စာမျက်နှာတစ်ခုတောင် မကျန်စေရဘူး!”

ချန်ကျဲ့သည် စားပွဲပေါ်ရှိ ပျော်ရွှင်ဖွယ်ဗုဒ္ဓကျမ်းကိုတစ်လှည့် ရဲရင့်ရူးနှမ်းသည့် အလှလေးကိုတစ်လှည့် ကြည့်လိုက်ပြီးနောက် ပြောသည်။

“သခင်မ စာအုပ်က အတော်လေး ထူတယ်နော်”

“ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မ အကုန်လုံးကို ကြုံတွေ့ချင်တယ်။ ပြီးသွားတဲ့အခါ စိတ်ဝိဉာဉ်ပြောင်းလဲမြက်က ရှင့်အပိုင်ပဲ”

“သခင်မ ကျွန်တော်က အဲဒီလိုယောက်ျားမျိုး မဟုတ်ပါဘူး”

“ဟားဟား လူကြီးမင်းချန်၊ ရှင် နန်ပါးထျန်း အဲဒီမကောင်းတဲ့အဘိုးကြီးအကြောင်းကို တွေးလိုက်စမ်းပါ။ သူက ရှင့်ကို ဒုက္ခပေးခဲ့တာ ရှင်‌သူ့ကို လက်စားမချေချင်ဘူးလား။ လာပါ သူ့ကို အပြင်းအထန် နောင်တရသွားအောင် လုပ်ပစ်လိုက်ရအောင်!”

ဟွမ်ဝမ်အာ၏ မျက်လုံးများသည် စိတ်လှုပ်ရှားတက်ကြွမှုကြောင့် တဖျတ်ဖျတ်တောက်ပနေသည်။

ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်လိုက်ပြီး ပြောသည်။

“သခင်မ ခင်ဗျားက တကယ်ရူးနှမ်းတာပဲ”

…

ဗုဒ္ဓဆီမီးအိမ်သည် မှိတ်တုတ်မှိတ်တုတ် လင်းနေခဲ့ကာ အပြာဖျော့ဖျော့လိုက်ကာထက်တွင် နွေဦး၏အငွေ့အသက်များ တောက်ပနေသည်။

သေမျိုးလောက၌ ဗုဒ္ဓပင်လျှင် မွေ့လျော်ခြင်းကို ကျင့်ကြံအားထုတ်သည်။

…

ဟက်ချိုး!

ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ် စာဖတ်ခန်းထဲ၌ နန်ပါးထျန်းသည် ရေခဲစိတ်စွမ်းအင်ကို ကျင့်ကြံနေစဉ် အကြောင်းအရင်းမရှိပါဘဲ ကျယ်လောင်စွာ နှာချေမိလေသည်။

ပွင့်ဟလာသည့် မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။

ငါဘာလို့ နှာချေတာပါလိမ့်?

နန်ပါးထျန်း၏ ကျင့်ကြံမှုအဆင့်အရ ရာသီဥတုအပြောင်းအလဲသည် သူ့အပေါ် သက်ရောက်မှုမရှိနိုင်တော့ပေ။ ထို့ကြောင့် အအေးမိခြင်းငှာ မဖြစ်နိုင်ပေ။ သို့သော် အကြောင်းအရင်းမရှိ နှာချေမိခဲ့၏။

တစ်ယောက်ယောက် ငါ့အကြောင်းပြောနေတာလား?

“တစ်ယောက်ယောက် လာခဲ့စမ်း”

“ခေါင်းဆောင်”

ထိုစဉ် အခန်းတံခါးပွင့်သွားပြီး ယုံကြည်ရသည့် တံခါးစောင့်သည် အခန်းထဲဝင်လာပြီး ဦးခေါင်းညွှတ်အရိုအသေပြုသည်။

နန်ပါးထျန်းမှ မေးသည်။

“ကျီရှန်းဘုရားကျောင်းမှာ သခင်မ နေနေတာ ဘယ်လောက်ကြာပြီလဲ”

“လဝက်လောက်ရှိပါပြီ”

တံခါးစောင့်မှ ဖြေသည်။ နန်ပါးထျန်းမှ ဆက်ပြော၏။

“အင်း မနက်ဖြန်ကျ သူ့ကိုပြန်ခေါ်ဖို့ လူလွှတ်လိုက်”

“ဟုတ်ကဲ့”

နန်ပါးထျန်းသည် ထူးထူးဆန်းဆန်း မသက်မသာခံစားနေရသည့် နှာခေါင်းကို ဆက်တိုက်ပွတ်သပ်နေခဲ့သည်။

နန်ပါးထျန်းသည် နှာချေခြင်းအား စိတ်ထဲထားမနေတော့ဘဲ ရေခဲစိတ်စွမ်းအင်သိုင်းကို ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ မကြာသေးခင်က သူဖုန်းစားအိုကြီးနှင့် တိုက်ပွဲသည် သူ့အပေါ် သက်ရောက်မှု လေးနက်ပြင်းထန်ခဲ့ပြီး စွမ်းအင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်ကိုလည်း ဖျတ်ခနဲ မြင်တွေ့ခွင့်ပြုခဲ့သည်။

သိုင်းပညာကျင့်ကြံခြင်း၏ နယ်ပယ်အဆင့်သုံးခုဖြစ်သော မင်ကျင့်၊ အမှောင်စွမ်းအင်နှင့် စွမ်းအင်ပြောင်းလဲခြင်း။

မင်ကျင့်တွင် အရေပြားသန့်စင်ခြင်းအဆင့်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တို့ ပါဝင်သည်။

အမှောင်စွမ်းအင်တွင် လျိုကျင့်နှင့် သံမဏိအရိုးအဆင့်မျာ ပါဝင်သည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သည်တော့ အရေးပါသည့် အပြောင်းအလဲအဖြစ် သတ်မှတ်နိုင်၏။ စွမ်းအင်ပြောင်းလဲခြင်း မတိုင်မီက အရာအားလုံးကို ပြင်ပစွမ်းရည် (ရုပ်ခန္ဓာပိုင်းစွမ်းရည်)များဟု သတ်မှတ်နိုင်သည်။ သို့သော် စွမ်းအင်ပြောင်းလဲခြင်းအဆင့်မှ စတင်၍ အတွင်းအားများ ကြီးထွားတိုးပွားလာပေလိမ့်မည်။

ထို့ကြောင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို ကနဦးအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်ဟု ခွဲခြားထားသည်။

၎င်းအဆင့်လေးဆင့်သည် ကျင့်ကြံသူ၏ စွမ်းအင်ပြောင်းလဲခြင်းအဆင့်အား နက်ရှိုင်းစွာသိမြင်မှုကို ကိုယ်စားပြုပြီး တိုက်ခိုက်ချေမှုန်းစွမ်းရည်နှင့် တိုက်ရိုက်မဆက်နွယ်ပါချေ

ပုံမှန်အားဖြင့် အလယ်အလတ်အဆင့်ကျင့်ကြံသူသည် နှောင်းပိုင်းအဆင့်ကျင့်ကြံသူကို အနိုင်မယူနိုင်ပေ။

သို့သော် လက်နက်၊ ဆေးဝါး၊ သိုင်းကျင့်စဉ်များအပြင် တိုက်ခိုက်သည့်ပတ်ဝန်းကျင်နှင့် တိုက်ပွဲအချိန်အတွင်း ကျင့်ကြံသူ၏ အခြေအနေကဲ့သို့ များစွာသော အချက်များ၏ လွှမ်းမိုးမှုအပေါ် မူတည်၍ အလယ်အလတ်အဆင့်ကျင့်ကြံသူသည် နှောင်းပိုင်းအဆင့်ကျင့်ကြံသူကို အနိုင်ရနိုင်ခြေရှိပါသည်။

ထိုအဆင့်လေးဆင့်အတွင်း ကွာဟချက်သည် လူတို့တွေးထင်သလောက် ကြီးမားကြသည် မဟုတ်ပေ။ ကျင့်ကြံသူ၏ အတွင်းအားအခြေအနေကို ဖော်ပြရုံမျှသာ ဖြစ်သည်။

နန်ပါးထျန်းသည် တိုးတက်မှုမရှိဘဲ နှောင်းပိုင်းအဆင့်တွင် ရပ်နေခဲ့သည်မှာ ၄၊၅နှစ် ကြာမြင်ခဲ့ပြီ ဖြစ်သည်။ သို့သော် မကြာမီက သူဖုန်းစားအိုကြီးနှင့် တိုက်ခိုက်မှုသည် သူ၏အခြေအနေကို လှုံ့ဆော်‌သွားခဲ့ပြီး မကြာမီတွင် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်တော့မည်ဟု ခံစားလိုက်ရသည်။

အထွပ်အထိပ်အဆင့်သို့ တက်လှမ်းရန်အတွက် နန်ပါးထျန်းသည် သူနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည် ဆေးဝါးပင်များကို တိုးတက်မှုအတွက် လိုအပ်သည့် အဆင့်မြင့်ဆေးဝါးများနှင့် လဲလှယ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့ဖြင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်အလွန်အထိ တိုးတက်စေလိမ့်မည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်၏ အလွန်တွင် မည်သည့်နယ်ပယ်အဆင့် ရှိပါလိမ့်မည်နည်း။

သိုင်းလောကမှတ်တမ်းများအရ ချီသွေးမှ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းဟု ခေါ်တွင်သည့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ဖြစ်လေသည်။

သိုင်းပညာကို အနှစ်ချုပ်လိုက်သော် ၎င်းသည် ချီနှင့်သွေးကို ပျိုးထောင်ပြီး ကျင့်ကြံသူကို အင်အားကြီးမားသန်မာစေခြင်း ဖြစ်သည်။ အနီးဝန်းကျင်ရှိ စွမ်းအင်စက်ဝန်းကို ဖမ်းယူပြီး ရရှိသော ပင်ကိုကန်းချီမှ အတွင်းအားအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။

သို့ဖြင့် သန့်ထျန်းကို အာရုံစိုက်ကာ သိဒ္ဓိစွမ်းအင်လုံးအဖြစ် ဖွဲ့စည်းဖြစ်တည်စေသည်။

ဤနယ်ပယ်အဆင့်အသစ်သည် အခြေခံအားဖြင့် သိုင်းကျင့်ကြံခြင်း‌ဆိုင်ရာ နယ်ပယ်အဆင့်များကို ပြောင်းလဲစေသည်။

ဤသည်မှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ဖြစ်၏။

ယေဘုယျအားဖြင့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်ကြီးများကို သိုင်းလောကတွင် ဒုတိယအဆင့်သိုင်းပညာရှင်ကြီးများဟု သတ်မှတ်ကြသည်။ သူတို့သည် အင်အားကြီးဂိုဏ်းကြီးများစွာ၏ အတွင်းဂိုဏ်းတွင် ဂိုဏ်း၏ကျောရိုးအဖြစ် ထမ်းဆောင်လေ့ရှိကြပြီး တစ်ဦးချင်းစီတိုင်းသည် ကိုယ်တိုင်ရပ်တည်နိုင်သည့် စွမ်းဆောင်ရည်ရှိကြသည်။

ဤသည်မှာ နန်ပါးထျန်း အမြဲလိုလားတောင့်တခဲ့သည့် အိပ်မက်ဖြစ်သည်။

ရေခဲစိတ်စွမ်းအင်သိုင်းသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ ဦးတည်ပေးနိုင်သည့် သိုင်းကျင့်စဉ်ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် ရေခဲစိတ်စွမ်းအင်သိုင်းမှာ ချို့ယွင်းချက်များ ရှိနေပုံရသည်။ နန်ပါးထျန်းအား ကျင့်ကြံနေစဉ်အတွင်း သွေဖည်မှုအချို့ ဖြစ်ပွားစေခဲ့ပြီး ကျောက်ကပ်‌သွေးကြောများကို ပျက်စီးသွားစေခဲ့သဖြင့် သူ့အား မစွမ်းဆောင်နိုင်သူ ဖြစ်သွားစေခဲ့သည်။

ကုသနိုင်သော်ငြား သူ၏ကျင့်ကြံမှုစွမ်းအင်ကို ပျံ့နှံ့စွန့်ထုတ်ခြင်းဖြင့်သာ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနိုင်ပေမည်။

သို့သော် ထိုသို့ကိစ္စအသေးအမွှားလေးအတွက်နှင့် သူ၏ကျင့်ကြံမှုစွမ်းအင်ကို စွန့်ထုတ်ရန်မှာ မဖြစ်နိုင်ပေ။ နန်ပါးထျန်းသည် မျန့်ရွှေစီရင်စုကို အုပ်စိုးရန်ဟူသည့် ရည်မှန်းချက်ရှိသူဖြစ်ပြီး မိမိ၏ ကုန်သည်အဖွဲ့ကိုပင် သစ္စာဖောက်ခဲ့သည်အထိ ရည်မှန်းချက်ကြီးမားသူဖြစ်သည်။

အခက်အခဲပေါင်းများစွာကို သည်းခံကြိုးပမ်းခဲ့ပြီးပါမှ အချိန်တစ်ခဏမျှသော ‌သာယာ‌မှုအတွက် သူ၏ကျင့်ကြံမှုစွမ်းအင်များကို စွန့်လွှတ်ရပါမည်လော။

မဖြစ်နိုင်ပေ။ လုံးဝ မဖြစ်နိုင်ပါချေ။

သို့တိုင် နန်ပါးထျန်းသည် တဏှာရာဂ၏ ဆွဲဆောင်မှုခံရပြီး လုပ်ဆောင်ရန် ကြိုးပမ်းချိန်တိုင်းတွင် မိမိကိုယ်ကိုယ် မစွမ်းဆောင်နိုင်ကြောင်း သတိရသွားရသည်။ သူ၏ ဇနီးသည်ထံမှ လှောင်ပြောင်သရော်ဟန်၊ စိတ်ပျက်ဟန်သော အကြည့်များသည် သူ့ကို ဒေါသထွက်စေသည်။

ထိန်းမနိုင်သိမ်းမရအခြေအနေအတွင်း သူ၏ဇနီးသည်ကို ကြည့်လိုက်တိုင်းတွင် သူမသည် သူ့ကို ရက်ရက်စက်စက် လှောင်ပြောင်သရော်နေသည့်အလား ခံစားရသည်။

အသုံးမကျ‌တဲ့ကောင်–

နည်းနည်းလေးမှ အသုံးမကျတဲ့ကောင်ပဲ!

နန်ပါးထျန်းသည် ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများကို ‌ဆာလောင်မွတ်သိပ်၍ သိုင်းပညာကို အပြင်းအထန် ကျင့်ကြံခဲ့သည်။ သို့သော် သူ၏ဇနီးသည် သူ့ကို အသုံးမကျတဲ့ကောင်ဟု ခေါ်ရဲခဲ့သည်။ သူမ သေသင့်၏!

ထိုသို့စိတ်ခံစားချက်ဖြင့် နန်ပါးထျန်းသည် ကြာပွတ်ကို ထုတ်ယူလို့ ဇနီးဖြစ်သူအား ကြမ်းတမ်းရက်စက်စွာ ရိုက်နှက်ခဲ့သည်။ သူ၏ကြာပွတ်အောက်တွင် တုန်ရီနေသည့် သူမကို ကြည့်ရှုရခြင်းသည် သူ၏ယောက်ျားဂုဏ်ရည်ကို ပြန်လည်ရရှိလိုက်သည့်အလား ခံစားရစေသည်။

…

“သူက အသုံးမကျဘူး”

ချန်ကျဲ့သည် ဟွမ်ဝမ်အာကို အသံမကျယ်အောင် ထိန်းချုပ်ပါရန် သတိပေးလိုက်ရသည်။ သို့ဖြင့် ဟွမ်ဝမ်အာသည် အောက်နှုတ်ခမ်းကို ဖိကိုက်၍ အသံတိတ်သည်းခံနေရသည်။

“စာမျက်နှာ ဘယ်နှမျက်နှာ ကျန်သေးလဲ”

“နှစ်မျက်နှာပဲ”

“ကျွန်မ မခံနိုင်တော့ဘူး။ ကျွန်မတို့ ဒီလောက်နဲ့ ရပ်လိုက်ကြမလား~”

“သခင်မ ကျွန်တော်တို့ လမ်းတစ်ဝက်မှာ လက်မလျှော့လိုက်သင့်ဘူးလေ…”

…

နောက်ဆုံး၌ နောက်ဆုံးစာမျက်နှာနှင့် နောက်ဆုံးလှုပ်ရှားမှုတို့ ပြီးဆုံးသွားသောအခါ ချန်ကျဲ့သည် မွန်းကျပ်မှုများ ပေါက်ကွဲထွက်သွားပြီး ဤခင်မင်ရင်းနှီးစွာသော ပြိုင်ပွဲ၏ အဆုံးသတ်ကို အမှတ်အသားပြုလိုက်သည်။

All Chapters