← Chapters

အခန်း (၃၇၁)

Vol. 27 Ch. 371

အခန်း (၃၇၁)

Vol. 27 Ch. 371

ဟွမ်ဝမ်အာသည် အင်အားကုန်ဆုံးသွားသဖြင့် အိပ်ရာထက်တွင် လဲနေခဲ့သည်။

အပြင်ဘက်တွင် အရုဏ်တက်ချိန်ရောက်ခဲ့လေပြီ။ မနက်၄နာရီကျော်လွန်သွားခဲ့၏။ သူတို့၏ ဤတစ်ခန်းရပ်လေးသည် အလွန်တရာ ပြင်းထန်၍ ရင်ဖိုပျော်ရွှင်ဖွယ်ကောင်းခဲ့ပါသည်။

သူတို့နှစ်ဦးသည် ကျမ်းစာ၁၈မျိုးမှ ၁၈မျိုးစလုံးကို လုပ်ဆောင်ခဲ့ကြသည်။

သူတို့နှစ်ဦးစလုံးသည် အပြင်းထန်ဆုံးသော အထွတ်အထိပ်အထိ ရောက်ရှိခဲ့ကြသည်။

ချန်ကျဲ့ကဲ့သို့ အားကောင်းသန်မာသူပင်လျှင် ခါးတစ်ဝိုက် နာကျင်အားနည်းမှုကို ခံစားနေရပေသည်။

ဒုတ် ဒုတ် ဒုတ်…

သူတို့နှစ်ဦး လုံးပန်းပြီး အနားယူနေစဉ် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ နှစ်ယောက်စလုံး လန့်ဖျပ်သွားကြ၏။

“ဘယ်သူလဲ”

ဟွမ်ဝမ်အာမှ အတင်းအားယူ၍ မေးလိုက်သည်။

ထိုအခါ အပြင်ဘက်မှ သုကျွမ်း၏အသံ ထွက်ပေါ်လာသည်။

“သခင်မ အဆင်ပြေရဲ့လား။ ခုနက ကျွန်မကို ခေါ်လိုက်သေးလား”

ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်၍ မထိန်းချုပ်နိုင်စွာ ရယ်မောလိုက်သည်။ အခက်ထန်ဆုံးသော အမျိုးသမီးများပင်လျှင် တိတ်ဆိတ်မနေနိုင်ကြပေ။

သူမကို ရယ်နေသည့် ချန်ကျဲ့ကို ကြည့်၍ ဟွမ်ဝမ်အာ၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ထိုအပြုံးကြောင့် ချန်ကျဲ့မှာ ရုတ်ချည်း စိတ်မအေးနိုင် ဖြစ်သွားရ၏။

သေစမ်း၊ ဒီမိန်းမရဲ့ အတွေးတွေက သာမန်အမျိုးသမီးတွေနဲ့ မတူဘူးဆိုတာ မေ့သွားတယ်!

ကျီစယ်ဟန်သော အပြုံးဖြင့် ဟွမ်ဝမ်အာသည် အပြင်ဘက်ရှိ သုကျွမ်းကို ပြန်ဖြေလိုက်သည်။

“အင်း”

“သခင်မ အဆင်ပြေနေတာ သေချာရဲ့လား။ ကျွန်မ အခန်းထဲဝင်ပြီး လာကြည့်ပေးပါရစေ”

ချန်ကျဲ့ ရုတ်ချည်း မျက်လုံးပြူးသွား၏။

သူက တကယ်ကြီး ပြဿနာဖြစ်မှာကို မကြောက်ဘူးပဲ။

ဟွမ်ဝမ်အာသည် အသာမခံဘဲ ချန်ကျဲ့ကို ပြန်စိုက်ကြည့်သည်။ သူမ၏အကြည့်များမှာ ဘယ်သူက ပိုရူးနှမ်းလဲ ကြည့်ကြရအောင်ဟု ပြောနေသည့်အလားပင်။

ချန်ကျဲ့မှာ ချက်ချင်း လက်ဝါးနှစ်ဖက်ပူးကပ်၍ မိမိရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ရသည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“မလိုဘူး။ ဒီတိုင်း အိပ်မက်ဆိုးမက်လို့ပါ။ သားရဲကောင်ကြီးရဲ့ လိုက်ဖမ်းခံရပြီး ချွေးတွေရွှဲနစ်သွားတာ။ ရေချိုးဖို့ ရေသွားပြင်လိုက်၊ ငါရေချိုးချင်တယ်”

“အာ ဟုတ်ကဲ့ပါ သခင်မ”

သုကျွမ်းမှ ပြန်ဖြေသည်။

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ပြန်ကြည့်လာပြီး ပြောသည်။

“ဘယ်လိုလဲ သခင်ကြီးချန်၊ ရင်ဖိုစိတ်‌လှုပ်ရှားဖို့ကောင်းရဲ့လား”

ချန်ကျဲ့မှ ပြောသည်။

“ခင်ဗျားက တကယ်ရဲတင်းတာပဲ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဟက် ကျွန်မ ရေချိုးမလို့၊ အတူချိုးချင်သေးလား”

ချန်ကျဲ့မှ ‌ပြန်ပြောသည်။

“ထားလိုက်ပါတော့။ နေထွက်လာနေပြီ၊ နောက်မှပေါ့”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်နေ၏။

“ဟား သခင်ကြီးချန်၊ ကျွန်မ ရုတ်တရက် ကျွန်မ ရှင့်ကို နည်းနည်းသဘောကျနေတယ်ဆိုတာ သိသွားရတယ်၊ ရှင်‌ရောသိလား”

ချန်ကျဲ့မှ ပြောသည်။

“တော်လိုက်ပါတော့။ ကျွန်တော်တို့ ဒါကို အပေးအယူလုပ်ဖို့ သဘောတူထားခဲ့ပြီးသား မဟုတ်ဘူးလား”

ဟွမ်ဝမ်အာမှ မေးသည်။

“အမျိုးသမီးတွေဆိုတာ ပြောင်းလဲလွယ်တဲ့သတ္တဝါတွေပဲ မဟုတ်လား။ အဲဒီတော့ ရှင်ကျွန်မကို နည်းနည်းလောက်ပဲဖြစ်ဖြစ် သဘောကျရဲ့လား”

ချန်ကျဲ့ တိတ်ဆိတ်နေ၏…

အမှန်အတိုင်းဆိုရသော် သူ ဟွမ်ဝမ်အာကို အနည်းငယ်မျှ သဘောကျမိပါသည်။ ခြံငုံလိုက်သော် သူမသည် သူ့ကို ထူးခြားသည့်အတွေ့အကြုံများစွာကို ပေးအပ်ခဲ့သည် မဟုတ်ပါလော။

“ရင်းနှီးကျွမ်းဝင်မှုသည် နှစ်ခြိုက်မှုကို ပေါက်ဖွားစေသည်”ဟူ၏။

နက်ရှိုင်းသည့်ဆုံတွေ့မှု တစ်ကြိမ်ချင်းစီတိုင်းတွင် ချန်ကျဲ့သည် ဤရူးနှမ်းနှမ်းအလှလေးအပေါ် ထူးခြားသည့် စိတ်ခံစားချက်အချို့ ပေါက်ဖွားလာပါခဲ့သည်။

သို့သော် သူမသည် အလွန်အရိုင်းဆန်လွန်းသောကြောင့် ချန်ကျဲ့သည် အရမ်းကြီး နီးကပ်မသွားဝံ့ပါချေ…

“ခင်ဗျားက အရမ်း အရိုင်းဆန်လွန်းတာကြောင့်သာ မဟုတ်ရင် ကျွန်တော် ခင်ဗျားကို နည်းနည်းလောက် သဘောကျမိခဲ့မှာပါ”

ချန်ကျဲ့မှ ပြောသည်။

ဟွမ်ဝမ်အာမှ ပြုံးရယ်လျက် ပြန်ပြောသည်။

“ဒါဆိုရင်တော့ ရှင်ကျွန်မကို မကြိုက်တာပဲ ပိုကောင်းလိမ့်မယ်။ ကျွန်မက ဘယ်သူ့အတွက်မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ကျွန်မက ကျွန်မပဲ၊ လွတ်လပ်မှုကို ချစ်မြတ်နိုးတဲ့သူ‌တစ်ယောက်ပေါ့”

ချန်ကျဲ့သည် ဟွမ်ဝမ်အာ၏ ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်သည့် အပြုံးလေးကို မြင်လိုက်ရသောကြောင့် မည်သို့ တုံ့ပြန်သင့်သည်ကို မသိတော့ပေ။

အကယ်၍များ ချန်ကျဲ့မှ စူးယွင်ကျင်းကို သူမနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို မကြိုက်ကြောင်း ပြောခဲ့ပါလျှင် စူးယွင်ကျင်းသည် ‘ယောက်ျား၊ ကျွန်မ ပြောင်းလဲပါ့မယ်'ဟု တုံ့ပြန်လာလိမ့်မည် ဖြစ်သည်။

သို့သော် ဟွမ်ဝမ်အာသည် သူမကိုယ်သူမ ပြောင်းလဲရခြင်းထက် သဘောကျခြင်းကို မခံယူရန်သာ ဆန္ဒရှိ၏။

အတော်လေး ထူးခြားတဲ့စရိုက်ရှိတာပဲ။

ဟွမ်ဝမ်အာသည် ခန္ဓာကိုယ်ကို နွမ်းလျစွာ အကြောဆန့်လိုက်ရင်း ပြောသည်။

“အာ~ စိတ်ဝိဉာဉ်ပြောင်းလဲမြက်က ရှင့်အပိုင်ဖြစ်သွားပြီ။ ဒီတစ်ကြိမ် ကျွန်မ အရမ်းစိတ်ကျေနပ်ခဲ့တယ်။ အခုတော့ သခင်ကြီးချန် ပြောပါဦး။ ရှင် နောက်ထပ် ဘာလိုချင်သလဲ”

ဟွမ်ဝမ်အာသည် ဖြည်းဖြည်းချင်း အဝတ်ပြန်ဝတ်နေသည်။ ချန်ကျဲ့မှ ပြောသည်။

“နှစ်ငါးရာသက်တမ်းသွေးလင်ဇီး”

ဟွမ်ဝမ်အာမှ ပြောသည်။

“သွေးလင်ဇီးလား? အဲဒါအတွက်တော့ ရှင်ကျွန်မကို အချိန်နည်းနည်းစောင့်ပေးရမယ်။ ကျွန်မ လက်ထဲမှာ အဆင်သင့်ရှိမနေဘူး”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဒါဆိုလည်း ထားလိုက်ပါတော့။ ကျွန်တော် တခြားနည်းလမ်းရှာကြည့်လိုက်မယ်”

ဟွမ်ဝမ်အာမှ ပြောသည်။

“အမ်း ရပါတယ်။ ‌နောက်တစ်ကြိမ်ကျ ကျွန်မ ရှင့်အတွက် ယူလာပေးဖို့ ကြိုးစားကြည့်မယ်။ ကျွန်မအထင်တော့ မနက်ဖြန်မဟုတ်ရင် သဘက်ခါကို ကျွန်မ ဒီနေရာကနေ ထွက်သွားရလောက်မယ်”

“အာ? သခင်မက ဘယ်ကိုသွားမှာလဲ”

“မြို့ထဲကိုပေါ့။ နန်ပါးထျန်းက ကျွန်မကို အပြင်မှာ လဝက်ထက် ပိုနေခွင့်မပြုဘူး။ အခု ရှင်ထွက်သွားသင့်ပြီ”

ဟွမ်ဝမ်အာမှ ရှင်းပြသည်။

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“သခင်မ တစ်နေ့နေ့မှာ နန်ပါးထျန်း မရှိတော့တဲ့အခါကျ သခင်မ ဘာလုပ်ချင်လဲ”

ဟွမ်ဝမ်အာမှ ရှုပ်ထွေးသွားဟန်ဖြင့် ပြောသည်။

“သီလရှင်ဝတ်လောက်မလား? ကျွန်မ မသိဘူး။ လောကကြီးကိုကြည့်ဖို့ လျှောက်သွားတာလည်း ဖြစ်နိုင်တာပဲ။ အဲဒီအကြောင်းကို အဲဒီအချိန်ရောက်မှ ပြောကြတာပေါ့။ အဲဒီအချိန်အထိ ကျွန်မ အသက်ရှင်နေသေးရင်ပေါ့လေ”

ချန်ကျဲ့ သူမကို ကြည့်လိုက်သည်။ ဟွမ်ဝမ်အာမှ ရုတ်တရက် ပြုံးလိုက်ပြီး လှည့်ကြည့်လာသည်။

“အဲဒါကြောင့် သခင်ကြီးချန်၊ ရှင် အခွင့်အရေးကို အမိအရဆုပ်ကိုင်တာ ပိုကောင်းလိမ့်မယ်”

“ကျွန်မက ခဏပဲပွင့်လန်းတဲ့ ညမွှေးပန်းတစ်ပွင့်လိုမျိုး ဖြစ်ရင်ဖြစ်နေမှာ။ တစ်ခဏအတွင်း ပျောက်ကွယ်သွားမှာမျိုးလေ။ အဲဒါကြောင့် ရှင် ကျွန်မ‌‌ဆီကနေ အခွင့်အရေးရတုန်းမှာ အကျိုးအမြတ်များများ ယူထားသင့်တယ် မဟုတ်ရင် ရှင့်အတွက် နစ်နာမယ်မဟုတ်လား”

ချန်ကျဲ့မှ မျက်မှောင်ကြုတ်လျက် ပြောသည်။

“သခင်မ ဘာကိုဆိုလိုတာလဲ”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ရုတ်ချည်း မော့ကြည့်လာ၏။

“အာ ဒီတိုင်း ပျော်ဖို့ကောင်းမှာလေး တွေးမိသွားလို့ပါ”

ချန်ကျဲ့သည် နောက်ထပ် မည်သို့သော အရူးထခြင်းမျိုး စောင့်ကြိုနေသနည်းဟု တွေးမိလိုက်သည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“ဟက် နန်ပါးထျန်း တန်ဖိုးအထားဆုံးအရာနှစ်ခုရှိတယ်။ အင်အားအာဏာနဲ့ သိုင်းပညာလေ”

“ဒါနဲ့ သခင်ကြီးချန်၊ ရှင် ရေခဲစိတ်စွမ်းအင်သိုင်းကို လိုချင်လား”

“ဟမ်?”

ချန်ကျဲ့ မျက်လုံးပြူးသွား၏– ရေခဲစိတ်စွမ်းအင်သိုင်းသည် သံမဏိလက်ဝါးသိုင်းထက်ပင် ပို၍အင်အားကြီးမား၏။ ထို့ပြင် နန်ပါးထျန်း၏ အထူးသိုင်းကျင့်စဉ်လည်း ဖြစ်သည်။

ဟွမ်ဝမ်အာက အဲဒီသိုင်းကျမ်းကို ငါ့ကိုခိုးပေးမလို့လား။

“အဲဒီအတွက် ဘယ်နှကြိမ်ကုန်ကျမှာလဲ”

ချန်ကျဲ့သည် သူ၏လောဘကို မထိန်းချုပ်ပါချေ။ ‌ကမ်းလှမ်းချက်သည် ကောင်းမွန်နေသ၍ သူသည် မိမိကိုယ်ကိုယ် ဈေးပေါပေါဖြင့် ရောင်းချပေးနိုင်ပေသည်။

ဒါဆိုလည်း ကောင်းပြီလေ။ ရေခဲစိတ်စွမ်းအင်သိုင်းကို ယူတာပေါ့!

ထိုသို့အတွေးဖြင့် ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်၍ မေးလိုက်သည်။

“ဘယ်နှကြိမ်လဲ”

ဟွမ်ဝမ်အာသည် လက်ချောင်းများဖြင့် ရေတွက်နေသည်။

“တစ်၊ နှစ်… ငါးကြိမ်၊ အနည်းဆုံး ငါးကြိမ်”

“ကောင်းပြီ!”

ချန်ကျဲ့သည် တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သည်။ ဟွမ်ဝမ်အာမှ ဆက်ပြောသည်။

“ဒါပေမဲ့ တောင်းဆိုချက်တစ်ခုရှိတယ်။ ကျွန်မ ရှင့်အတွက် အဲဒီသိုင်းကျမ်းကို ယူလာပေးနိုင်တယ်။ ဒါပေမဲ့ ရှင် အဲဒီသိုင်းကို မကျင့်ကြံရဘူး!”

“ဟမ်?”

ဟွမ်ဝမ်အာမှ ရှင်းပြသည်။

“ရှင် အဲဒီသိုင်းကို ကျင့်ကြံရင် ရှင်ပေးဆပ်ရမယ့်အရာက ဘာလဲသိလား။ ရှင် မစွမ်းဆောင်နိုင်တဲ့သူ ဖြစ်သွားရလိမ့်မယ်”

တကယ့်ကိုပင် နန်ပါးထျန်း၏လက်ထဲရှိ ရေခဲစိတ်စွမ်းအင်သိုင်းသည် အင်အားကြီးမားသော်ငြား နန်ပါးထျန်းအား မစွမ်းဆောင်နိုင်ဖြစ်သွားစေသည့် ဘေးထွက်ဆိုးကျိုးကို ရရှိစေခဲ့သည်။ ထိုအချက်သည် ဟွမ်ဝမ်အာ သည်းမခံနိုင်သည့်အချက် ဖြစ်၏။

ချန်ကျိုစစ်သာ အဲဒီသိုင်းကြောင့် ကတိပျက်မယ်ဆိုရင် ငါက ဘာလို့များ သူ့အတွက် အဲဒီသိုင်းကျမ်းကို ခိုးယူပေးနေတော့မလဲ!

All Chapters