တပည့်ခေါင်းဆောင်နေရာ
Vol. 35 Ch. 479
အပိုင်း (၄၇၉) : တပည့်ခေါင်းဆောင်နေရာ
မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်ဆီမှ အော်ဟစ်အားပေးသံများမှာ ကျယ်လောင်လွန်းလှသဖြင့် အခြားသော ရွေးချယ်ခြင်းတောင်ထွတ် ခြောက်ခုစီသို့ပင် ပျ့ံနှ့ံသွားလေသည်။
ကန်ရွှမ်းကလန်တစ်ခုလုံးမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲရလာဒ်အား အ့ံအားသင့်ကုန်ကြ၏။ အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကလန်တစ်ခုလုံးရှိ လူတိုင်းမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား အင်အားအကြီးဆုံးဖြစ်သော လုဟုန်းတို့၏ အုပ်စုမှသာ ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြသောကြောင့် ဖြစ်သည်။
လုဟုန်းမှာ ဓားကပ်ဘေးတောင်ထွတ်ဆီမှတစ်ဆင့် မူလသူတော်စင်တောင်ထွတ်သို့ ကူးပြောင်းလာခ့ဲသော အကြီးအကဲဖြစ်၏။ ထို့အပြင် လုဟုန်း၏အုပ်စုတွင် အလွန်ပင် ထူးချွန်လှသည့် ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်ဖြစ်သော ယွမ်ဟောင်လည်း ရှိသည်။
ဓားကပ်ဘေးတောင်ထွတ်၌ ရှိနေစဥ်ကပင် ယွမ်ဟောင်မှာ တပည့်ခေါင်းဆောင် နေရာအတွက် ထင်ကြေးပေးခံရသော တပည့်တစ်ဦး ဖြစ်၏။ မူလသူတော်စင်တောင်ထွတ်ဆီသို့ ကူးပြောင်းလာပြီးသောအခါတွင် တပည့်ခေါင်းဆောင်နေရာမှာ ယွမ်ဟောင်အတွက် ပိုမိုသေချာသွားခ့ဲသည်။
ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲမှ အဆုံးသတ်ရလာဒ်များမှာ လူတိုင်းအား အ့ံအားသင့်စေခ့ဲခြင်း ဖြစ်၏။
"ဘာ....ယွမ်ဟောင်က ရှုံးသွားတာတဲ့လား..."
"ပြီးတော့ ရှုံးသွားတာကလည်း ကလန်ကိုဝင်တာ တစ်နှစ်လောက်ပဲရှိသေးတဲ့ ဇူယွမ်ကိုတဲ့..."
"ဇူယွမ်ဆိုတာ ဘယ်သူတုန်း..."
"ယွမ်ဟောင်ကိုတောင် အနိုင်ရသွားတယ်ဆိုတော့ ဇူယွမ်ဆိုတဲ့ကောင်က မခေဘူးပဲ..."
"..........."
တပည့်များမှာ ဇူယွမ်က့ဲသို့သော တပည့်အသစ်တစ်ဦးမှ ယွမ်ဟောင်က့ဲသို့ အတွေ့အကြုံရှိသော ဝါရင့်ခရမ်းရောင်ခါးစည်းတပည့်အား အနိုင်ယူ၍ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရယူသွားနိုင်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။
ယခုဆိုလျှင် ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိသွားပြီဖြစ်သောကြောင့် အဆင့်အတန်းမှာလည်း သာမန်တပည့်များထက် များစွာမြင့်မားသွားခ့ဲပြီ ဖြစ်သည်။ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ ရွေးချယ်ခြင်းတောင်ထွတ် ကောင်းကင်ထက်တွင် ပျံဝဲနေသော ဇူယွမ်၏ပုံရိပ်အား လေးစားအားကျနေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြ၏။
ကန်ရွှမ်းတောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်၌
ဂူဟွမ်ချီမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲရလာဒ်အား ကြားသိရသောအခါတွင် အလွန်ပင် အ့ံအားသင့်သွားရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူမ၏ လှပတင့်တယ်သော မျက်နှာလေးပေါ်တွင် အပြုံးပန်းများ ပွင့်ဖူးဝေဆာလာ၏။
"ဟွမ်ချီ...ဇူယွမ်ဆိုတဲ့တစ်ယောက်က တော်တော်အ့ံသြဖို့ ကောင်းတာပဲနော်။ ယွမ်ဟောင်ကိုတောင် နုိင်သွားတာဆိုတော့။"ဂူဟွမ်ချီ၏ အနားတွင်ရှိနေသော ကန်ရွှမ်းတောင်ထွတ်မှ မိန်းမငယ်လေးများက အံ့အားသင့်နေဟန်ဖြင့် စကားဆိုလိုက်ကြသည်။
ဂူဟွမ်ချီမှ လေးနက်စွာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ "ဇူယွမ်က အရင်ထဲက ထူးခြားတဲ့သူပဲ။ သူ့ကို အထင်သေးတဲ့သူမှန်သမျှက နောင်တရ,ရလိမ့်မယ်။"
ဂူဟွမ်ချီ မှာ ကန်ရွှမ်းတောင်ထွတ်၏ အလွန်ကျော်ကြားသော မိန်းမငယ်လေးဖြစ်သဖြင့် ယောက်ျားလေးတပည့်များမှာ သူမ၏အနီးတွင် ကြယ်တာရာများမှ ေသာ်တာလမင်းငယ်အား ဝန်းရံနေသက့ဲသို့ အမြဲတစေ လိုက်ပါနေကြသည်။
ထိုယောက်ျားလေးတပည့်များမှာ ဂူဟွမ်ချီမှ ဇူယွမ်အား ချီးကျူးပြောဆိုလိုက်သောကြောင့် မျက်နှာများ ရှုံ့မဲ့သွားရ၏။ သို့သော် ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိသွားပြီဖြစ်သောကြောင့် စော်ကားပြောဆိုခြင်း မပြုရဲပဲ ခေါင်းများကိုသာ ခါယမ်းလိုက်ကြလေသည်။
.........
"ဘာ.......ဇူယွမ်က စီနီယာအကိုတော်ယွမ်ဟောင်ကို နိုင်သွားတယ်ဟုတ်လား...."
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲရလဒ်အား ကြားလိုက်ရသောအခါတွင် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အ့ံအားသင့်ကုန်ကြ၏။
လုရွှမ်းယင်မှာ မယုံကြည်နိုင်ခြင်းနှင့် အမျက်ဒေါသများ ေရာယှက်နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
လုရွှမ်းယင်၏ စကားသံမှာ ကြောက်လန့်တုန်လှုပ်မှုများ ရောပြွန်းနေ၏။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာမဟုတ်လျှင် လုဟုန်းမှာ ဇူယွမ်အား တပည့်အဖြစ် ေရွးချယ်ခ့ဲမည်ပင် ဖြစ်သည်။ လုရွှမ်းယင်မှာ စိတ်ကျေနပ်မှု ရချင်ရုံသက်သက်ဖြင့် လုဟုန်းအား ဇူယွမ်အပေါ် မုန်းတီးနေစေရန် ပြောဆိုခ့ဲ၏။ သို့သော် ယခုအခါတွင် လုရွှမ်းယင် အလွန်ပင် နောင်တရနေမိပြီ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်ဆီသို့ လုဟုန်းရောက်ရှိလာရခြင်းမှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ အကြံအစည်များကြောင့်ပင် ဖြစ်၏။ ယနေ့တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိရန်ကျရှုံးခ့ဲသောကြောင့် လုဟုန်းတစ်ဦးတည်းပင် အပြစ်ဒဏ်ကို ခံယူရမည်မဟုတ်ပဲ လုရွှမ်းယင်သည်လည်း တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ အမျက်ဒေါသကို ခံစားရပေလိမ့်မည်။
လုရွှမ်းယင်မှာ ထိုအကြောင်းအရာများအား တွေးတောလိုက်ရုံမျှနှင့်ပင် သွေးဆုတ်ဖြူရော်သွားရသည်။ သူမအထင်အမြင်သေးစွာ ဆက်ဆံခဲ့သော ဇူယွမ်ဟူသည့် ကောင်လေးသည် တစ်နှစ်မျှသော အချိန်အတွင်းမှာပင် ကန်ရွှမ်းကလန်၌ နေရာတစ်ခုအား ရရှိနိုင်ခ့ဲပြီပင် ဖြစ်၏။
...........
ရွေးချယ်ခံဆယ်ဦး ရှိနေကြသော ကောင်းကင်ထက်၌
ချူချင်းမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်အား ကြည့်ရှုနေရင်းဖြင့် အ့ံအားသင့်စွာ စကားဆိုလိုက်သည်။ "ငါတို့ရဲ့ ဂျူနီယာညီတော်လေးဇူယွမ်က သာမန်မဟုတ်ဘူးပဲ..."
ချူချင်းမှာ ဇူယွမ်၏အရည်အချင်းအား အမှန်တကယ်ပင် အသိအမှတ်ပြုမိ၏။ ကန်ရွှမ်းကလန်သို့ ဇူယွမ်ရောက်ရှိလာသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပါသော်လည်း မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာကိုပင် ရရှိနိုင်ခ့ဲပြီ ဖြစ်သည်။
လီချင်းချန်မှာလည်း အ့ံအားသင့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေမိ၏။ ဇူယွမ်မှာ အမြဲတစေပင် သူမ၏သတ်မှတ်ခန့်မှန်းချက်များထက် သာလွန်သွားလေ့ ရှိသည်။
လီချင်းချန်မှာ တစ်ဖက်သို့လှည့်၍ အဝေးတစ်နေရာတွင်ထိုင်နေသည့် လှပတင့်တယ်သော ယောင်ယောင်၏ပုံရိပ်လေးအား ကြည့်ရှုလိုက်၏။ ယောင်ယောင်မှာ လီချင်းချန်၏အကြည့်အား သတိထားမိသွားကာ ညင်သာစွာ ရယ်မောပြလိုက်သည်။
"သူက ကြောက်စရာကောင်းလောက်အောင် တိုးတက်မှု မြန်ဆန်တာပဲ..." လီချင်းချန်မှာ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် တိုးညင်းစွာ ရေရွတ်လိုက်၏။
လီချင်းချန်၏ ဘေးတွင်ရှိနေသော ခုန်းရှန်မှာ မည်သည့်စကားမှ ပြောဆိုခြင်းမရှိပဲ မျက်ဝန်းများမှာ အေးစက်တောင့်တင်းနေသည်။ ခုန်းရှန်၏ အနီးတွင်ရှိနေသော ကျောင်းဇူမှာမူ ရှုံးနိမ့်သွားရသော ယွမ်ဟောက်အား ကျိန်ဆဲနေ၏။
ချူချင်းမှာ သက်ပြင်းချလိုက်ပြီးနောက် ခုန်းရှန်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဂျူနီယာညီတော်ခုန်းရှန် ဒီတစ်ခါလည်း ငါကအရေးသာသွားပြန်ပြီ။ မူလကျောက်စိမ်းပြားတွေကို ဘယ်တော့လောက် ငါ့ဆီလာပေးမလဲ။"
ချူချင်း၏စကားကြောင့် ခုန်းရှန်မှာ ဒေါသထွက်လွန်းသဖြင့် နဖူးကြောများပင် ေထာင်ထလာရ၏။
ချူချင်းမှာ ပြောင်လက်နေသော ဦးခေါင်းအားပွတ်လျက် ပြုံးကာပြောလိုက်သည်။ "အလောတကြီး ပေးစရာမလိုပါဘူး။ ဂျူနီယာညီတော်ခုန်းရှန်ဆီမှာ မရှိသေးရင်လည်း ရပါတယ်....ဟီးဟီး..။"
ခုန်းရှန်မှ အံကိုကြိတ်ကာ အော်ဟစ်လိုက်၏။
"ငါ့နားကနေ ထွက်သွားစမ်း...."
...........
ကန်ရွှမ်းကလန်၏ ကောင်းကင်ထက်၌
ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာများမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်အား အ့ံအားသင့်စွာဖြင့် ကြည့်ရှုနေကြသည်။
"အဟမ်း...."
ကလန်ခေါင်းဆောင်ချင်းယန်မှာ ညင်သာစွာ ခေါင်းဟန့်လိုက်ပြီးနောက် တောင်ထွတ်ဆရာသခင်လင်ကျွမ်းအား ကြည့်ရှုလိုက်၏။ တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ အမူအရာမှာ သိသိသာသာပင် ပျက်ယွင်းနေလေသည်။
အခြားတစ်ဖက်တွင်မူ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ အလွန်ပင် ပြုံးရွှင်နေဟန်ဖြင့် စကားဆိုလိုက်သည်။ "ဒီနှစ်ရဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပဲနော် အဟီး။ တောင်ထွတ်ဆရာသခင်လင်ကျွမ်း ရှင်တို့ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေကို ကျွန်မတို့ ပျော်ပျော်ကြီး လက်ခံပေးရတော့မှာပဲ။"
အခြားသောတောင်ထွတ်ဆရာသခင်များမှာ မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိသော်လည်း နှုတ်ခမ်းများမှာ ပြုံးယောင်သမ်းနေကြ၏။
အတိတ်ကာလများတွင် တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ အခြားသောတောင်ထွတ်ဆရာသခင်များ၏ ညှိနှိုင်းဆွေးနွေးချက်များကိုဆန့်ကျင့်၍ လုဟုန်းအား မူလသူတော်စင်တောင်ထွတ်ဆီသို့ အတင်းအကြပ် ပို့ဆောင်စေခ့ဲသည်။ တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ လုဟုန်း၏အုပ်စုမှ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား မရရှိနိုင်ခ့ဲပါက ဓားကပ်ဘေးတောင်ထွတ်၏ ကျင့်ကြံခြင်းအရင်းအမြစ် ငါးပုံတစ်ပုံအား အခြားသောတောင်ထွတ်များဆီသို့ ခွဲဝေသုံးစွဲခွင့်ပြုပါမည်ဟုပင် ကတိစကားဆိုခ့ဲ၏။
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား လက်ကာပြလိုက်ပြီးနောက် စကားဆိုလိုက်၏။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာကိုတော့ အကြီးအကဲစိန်းထိုက်ယွမ်ရဲ့အုပ်စုက ရရှိသွားတယ်။"
"အဲ့ဒါကြောင့် ငါတို့ဆွေးနွေးထားတဲ့အတိုင်း နောက်နှစ်အတွက် ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကျင့်ကြံရေးအရင်းအမြစ် ငါးပုံတစ်ပုံကို ကျန်တဲ့တောင်ထွတ်တွေဆီ ခွဲဝေပေးရမယ်။ တောင်ထွတ်ဆရာသခင်လင်ကျွမ်းလည်း ဒီကိစ္စကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်းအား သနားမိပါသော်လည်း စည်းကမ်းစည်းမျဥ်းများအရ လုပ်ဆောင်ရမည်ပင် ဖြစ်သည်။
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှ္ူထုတ်လိုက်ပြီးနောက် မည်သည့်စကားမှ မဆိုနေတော့ပဲ ခေါင်းကိုသာ ညိတ်ပြလိုက်၏။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ထိုကိစ္စနှင့်ပက်သက်၍ ပြောဆိုနေခြင်းမရှိတော့ပဲ ပြိုကျပျက်စီးနေသော မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်အား ကြည့်ရှုလိုက်ပြီးနောက် အင်္ကျီလက်မောင်းအိုးအား ဝေ့ယမ်းလိုက်သည်။ ကလန်ခေါင်းဆောင်ချင်းယန်ထံမှ ထူးခြားဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်အား အကောင်းပကတိအတိုင်း ပြန်လည်ဖြစ်တည်သွားစေ၏။
တောင်တန်းများအား ဖျက်စီးပစ်ရန်မှာ မူလစဦးအဆင့်ရှိသော ကျင့်ကြံသူများအတွက်ပင် အလွန်လွယ်ကူပါသောလည်း အကောင်းပကတိအတိုင်း ပြန်လည်ဖြစ်တည်စေရန်မှာမူ အလွန်ခက်ခဲသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။
ဇူယွမ်မှာ ပြန်လည်ကောင်းမွန်သွားသော တောင်တန်းများအား အ့ံအားသင့်စွာ ကြည့်ရှုလိုက်ပြီးနောက် ကလန်ခေါင်းဆောင်ချင်းယန်အား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုလိုက်၏။
ကလန်ခေါင်းဆောင်ချင်းယန်မှာ နွေးထွေးကြင်နာသော မျက်ဝန်းများဖြင့် ဇူယွမ်အား ပြန်လည်ကြည့်ရှုလိုက်သည်။
ထို့နောက် တပည့်ခေါင်းဆောင်ဟု ရေးထိုးထားသော ကျောက်ပလ္လင်မှာ ဇူယွမ်အနီးသို့ ပျံဝဲလာ၏။ ဇူယွမ်မှာ စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် ကလန်ခေါင်းဆောင်ချင်းယန်အား အရိုအသေပြုလိုက်ပြီးနောက် ကျောက်ပလ္လင်ထက်၌ ထိုင်ချလိုက်လေသည်။
ကျောက်ပလ္လင်ပေါ်သို့ ဇူယွမ်ထိုင်ချလိုက်သည်နှင့်တကွ အရောင်အဝါများ တောက်ပလာပြီး ကောင်းကင်တစ်ခွင်လုံးတိုင် ပျ့ံနှ့ံသွား၏။ ထိုတောက်ပနေသော အရောင်အဝါများကြောင့် ကန်ရွှမ်းကလန်တစ်ခုလုံးမှ ဇူယွမ်အား ကောင်းစွာမြင်တွေ့နေရသည်။
ထိုအချိန်၌ပင် ကလန်ခေါင်းဆောင်ချင်းယန်၏ စကားသံမှာ ကန်ရွှမ်းကလန်တစ်ခုလုံးဆီသို့ ပျ့ံနှ့ံလွှမ်ခြုံသွား၏။
"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားကတော့ ပြီးဆုံးသွားပါပြီ။"
"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရမယ့်သူကတော့ ဇူယွမ်ပါ။"
တပည့်များမှာ ကျောက်ပလ္လင်ထက်တွင်ထိုင်နေသော လူငယ်လေး၏ပုံရိပ်အား ငေးမောကြည့်ရှုလိုက်ကြပြီးနောက် အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။
"တပည့်ခေါင်းဆောင်ဇူယွမ်ကို ဂုဏ်ပြုပါတယ်။"