← Chapters

အခန်း (၃၇၇)

Vol. 27 Ch. 377

အခန်း (၃၇၇)

Vol. 27 Ch. 377

ထိုသို့တွေးတောလျက် ချန်ကျဲ့ ကြက်မောက်မြွေ၏ ဦးခေါင်းထက်သို့ တက်နင်းလိုက်သည်။ ထို့နောက် ဝှီးခနဲအသံနှင့်အတူ မြွေ၏ဝမ်းဗိုက်ကို ခွဲ၍ မြွေစိမ်းသည်းခြေကို ထုတ်ယူလိုက်သည်။

ကြက်မောက်မြွေသည် အလွန်အဆိပ်ပြင်းသော်ငြား ကောင်းမွန်သည့် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုး ဖြစ်သည်။ အထူးသဖြင့် ၎င်း၏သည်းခြေသည် သံမဏိအရိုးအဆင့်ကျင့်ကြံသူများအတွက် အရိုးသန်မာဆေးလုံးဖော်စပ်ရန် လိုအပ်သည့် ဆေးပင်များထဲမှ တစ်မျိုးဖြစ်သည်။

ချန်ကျဲ့ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ပြီးနောက် ကျောပိုးအိတ်ထဲမှ ဘူးသီးခြောက်ဘူးထဲသို့ သည်းခြေကို ထည့်သိမ်းလိုက်သည်။

ချန်််ကျဲ့ရှေ့ဆက်သွားပြီး မဝေးလှသည့် တစ်နေရာအရောက်တွင် သစ်ပင်ကြီးများလဲကျနေသည့် နေရာတစ်ခုကို တွေ့လိုက်ရသည်။ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး လေ့လာကြည့်ရာ ထိုသစ်ပင်များမှာ ခုတ်လှဲခံထားရခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။

ချန်ကျဲ့တွေးနေစဉ် လေထုအတွင်း တစ်စုံတစ်ရာ ပျံသန်းသွားသည့် လေတိုးသံကို ကြားလိုက်ရသည်။

ချန်ကျဲ့ ချက်ချင်း လက်ဆန့်ထုတ်လိုက်၏။ ထိုအခါ လက်ဖဝါးမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက်တွင် မြေပဲစေ့ခန့် အရွယ်အစားရှိသော အတောင်ပံပါသည့် ပုရွက်ဆိတ်နီတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။

ပုရွက်ဆိတ်နီသည် ချန်ကျဲ့အား ပြင်းပြင်းထန်ထန် ဝင်တိုက်သွားသည်မှာ လက်ဖဝါးနာကျင်သွားစေသည်အထိပင်။ ချန်ကျဲ့သည် သံမဏိအရိုးအဆင့်ကျင့်ကြံသူဖြစ်သောကြောင့် ပုံမှန်အားဖြင့် လက်နက်ပုန်းများကို လက်ဖြင့် ဖမ်းယူရာတွင် ပြဿနာမရှိပေ။ သို့သော် ဤပုရွက်ဆိတ်လေးသည် အဘယ်သို့များ သူ့ကို နာကျင်စေနိုင်ရသနည်း။

ချန်ကျဲ့ စိတ်ရှုပ်ထွေးသွား၏။

ချန်ကျဲ့ ရုတ်တရက် ခြေဆောင့်နင််းလိုက်သည်။

ချန်ကျဲ့သည် မိမိမှာ ရွံစရာကောင်းသည့် တစ်စုံတစ်ရာအား တက်နင်းမိသည့်အလား ခံစားလိုက်ရ၏။

ချန်ကျဲ့ ငုံ့ကြည့်လိုက်သောအခါ ခြေထောက်တွင် အဖြူရောင်ဥများ ဖုံးအုပ်နေသည်ကို မြင်လိုက်ရသည်။ ချန်ကျဲ့ မတုံ့ပြန်နိုင််မီ၌ပင် အမြောက်အများသော တဝီဝီသံများကို ကြားလာရသည်။

ချန်ကျဲ့ ခေါင်းလှည့်ကြည့်လိုက်ရင်း ချွေးအေးများလည်း ရုတ်ချည်း စီးကျလာရသည်။

လေထုတစ်ခွင်၌ သိပ်သည်းလှစွာသော ပုရွက်နီများ ပျံသန်းနေကာ ၎င်းအရေအတွက်သည် များသထက် ပိုများလာနေခဲ့သည်မှာ ကောင်းကင်တစ်ပြင်လုံး မည်းနက်လုနီးပါးပင်။

ချန်ကျဲ့လည်း ကြောက်ရွံ့ထိတ်လန့်သွားလျက် နှစ်ခါပြန်စဉ်းစားမနေဘဲ ချက်ချင်း ထွက်ပြေးတော့သည်။

ပုရွက်နီတစ်ကောင်သည် သူ့ကို နာကျင်နိုင်စွမ်းပါက ပုရွက်နီထောင်ချီသည် သူ့အား ထိုးဖောက်ထွက်သွားလိမ့်မည်မှာ မလွဲမသွေပင်။ သူ မြန်မြန်ထွက်ပြေးရမည်။

ချန်ကျဲ့သည် ရူးသွပ်နေသည့်အလားသော ပုရွက်နီများ နောက်မှ အလိုက်ခံနေရသဖြင့် လေအလျင်ဖြင့် ထွက်ပြေးနေရလေသည်။

ချန်ကျဲ့သည် ထိတ်လန့်ချောက်ချားနေရင်းဖြင့်ပင် ခါးထက်တွင် ချိတ်ဆွဲထားသည့် ဘူးသီးခြောက်ဘူးတစ်လုံးကို ဆွဲဖြုတ်ယူ၍ အထဲရှိ အရည်များကို သောက်လိုက်သည်။ ထို့နောက် မီးတုတ်ကို ထုတ်ယူ၍ အရည်များကို မီးတုတ်ပေါ်သို့ ဖြန်းလိုက်သည်။

ဖူး…

မီးလုံးကြီးတစ်လုံး ရုတ်ချည်း တောက်လောင်ထွက်ပေါ်လာခဲ့ပြီး အနီးဆုံးရှိ ပုရွက်နီအမြောက်အများကို လောင်ကျွမ်းသွားခဲ့သည်။

ထို့နောက် ချန်ကျဲ့ အဝေးသို့ ချက်ချင််းထွက်ပြေးသည်။

သို့သော် ပုရွက်နီများသည် လိုက်လံဖမ်းဆီးရာတွင် ဇွဲကောင်းကြ၏။

ထို့နောက်တွင် ရှေ့ဘက်မှ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြန်သည်။

ဂါး…

ချန်ကျဲ့ကြည့်လိုက်ရာ ၎င်းမှာ ကျားသစ်တစ်ကောင်ဖြစ်သည်။

သို့သော် ထိုကျားသစ်သည် ကျားထက်ပင် ပို၍ ကြီးမား၏။ ကျားသစ်သည် ချန်ကျဲ့ကို မြင်သည်နှင့် ချန်ကျဲ့ထံ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ သို့သော် ကျားသစ်သည် ချန်ကျဲ့နောက်သို့ လိုက်နေသည့် ပုရွက်နီအုပ်စုကို မြင်သောအခါ ကြောက်ရွံ့ထိတ်လန့်စွာ တစ်ချက်မြည်ဟီး၍ ချက်ချင်း လှည့်ထွက်ပြေးသွားတော့သည်။

ထိုမြင်ကွင်းတွင် ချန်ကျဲ့သည် ကျားသစ်နောက််သို့ ပြေးလိုက်သွားခဲ့သည်။

ကျားသစ်သည် လွန်စွာ ကြောက်ရွံ့ထိတ်လန့်နေသဖြင့် လမ်းကြောင်းမရွေးဘဲ ထွက်ပြေးနေခဲ့သည်။ ချန်ကျဲ့သည်လည်း မိမိမှာ မည်မျှကြာကြာ ပြေးနေခဲ့သည်ကို မသိတော့ပေ၊ ထူးဆန်းသည့် သစ်ပင်များရှိသည့် တောအုပ်တစ်ခုသို့ ရုတ်တရက် ရောက်သွားခါမှသာ အသိပြန်ဝင်လာခဲ့သည်။

ချန်ကျဲ့နှင့် ကျားသစ်တို့နှစ်ဦးစလုံးသည် တောအုပ်ထဲသို့ တစ်ဟုန်ထိုးပြေးဝင်ခဲ့ကြသည်။ ထို့နောက် တင်္ဒဂတွင် ကျားသစ်ထံမှ မြည်ဟီးသံထွက်ပေါ်လာသည်။

ချန်ကျဲ့ ထိတ်လန့်တကြား ရပ်တန့်လိုက်၏။ ကျားတစ်ကောင်တမျှ ကြီးမားသည့် ကျားသစ်ကြီးသည် ပင့်ကူအိိိမ်တွင် ငြိတွယ်နေခဲ့သည်။

ကျားသစ်ကြီး၏ တစ်ကိုယ်လုံးသည် ပင့်ကူအိမ်တွင် ကပ်ငြိနေခဲ့ပြီး ရုန်းထွက်လွတ်မြောက်နိုင်စွမ်း မရှိချေ။

ထိုအခိုက်အတန့်၌ ပုရွက်နီအုပ်စုသည် ပင့်ကူအိမ်ကို သတိထားမိသွားခဲ့သည်။ ကျားသစ်တမျှ ကြီးမားသည့် ပင့်ကူကြီးသည် ထူးခြားသည့်ပုံသဏ္ဋာန်ရှိသော သစ်ပင်အိုကြီးတစ်ပင်ပေါ်မှ ပင့်ကူမျှင်တစ််ချောင်းဖြင့် ဆင်းသက်လာသည်။

ပင့်ကူအိမ်တွင် မိနေသည့် ကျားသစ်ကို မြင်သောအခါ ပင့်ကူကြီးသည် ပင့်ကူမျှင်များကို ထွေးထုတ်၍ ကျားသစ်ကြီးအား ပိုးအိမ်လုံးအဖြစ် ထုပ်ပိုးပစ်လိုက်သည်။

ကျားသစ်သည် ကြောက်ရွံ့နေသော မျက်လုံးပြူးကြီးများဖြင့် ချန်ကျဲ့ကို ငေးစိုက်ကြည့်နေခဲ့သည်။ ကျားသစ်၏မျက်လုံးများမှာ အော်ဟစ်အကူအညီတောင်းနေသည့်အလား သနားချင့်စဖွယ်ကောင်းလှ၏။

ချန်ကျဲ့သည် လက်လွတ်စပယ် မလှုပ်ရှားရဲပါချေ။ ပင့်ကူကြီးမှ ကျားသစ်အား ပင့်ကူမျှင်များဖြင့် ဖြည်းဖြည်းချင်း ထုပ််ပိုးနေသည့် မြင်ကွင်းကိုသာ စောင့်ကြည်နေခဲ့သည်။ ပင့်ကူသည် ကျားသစ်အား အလံလွှင့်ထူသည့်သဖွယ် ပင့်မြှောက်၍ အစာအဖြစ် စုဆောင်းသိမ်းဆည်းလိုက်သည်။

ပင့်ကူကြီး တစ်ဖက်လှည့်လိုက်သည်တွင် ၎င်း၏အနောက်ဘက်ရှိ အဖြူရောင်သဏ္ဍာန်တစ်ခုကို ချန်ကျဲ့ သတိထားမိလိုက်သည်။

၎င်းသည် အဖြူရောင်ဦးခေါင်းခွံနှင့် ဆင်တူသည်။ ချန်ကျဲ့ အဝေးနေရာများအထိ သေချာကြည့်လိုက်သောအခါ တောအုပ်ကြီးတစ်ခုလုံးမှာ ထိုသို့အဖြူရောင်ဦးခေါင်းခွံများ အပြည့်ဖြစ်ကြောင်း သတိထားမိလိုက်၏။ ထို့ပြင် မြောက်များစွာသော ပိုးအိမ်များသည်လည်း သစ်ပင်များတွင် တွဲလောင်းကျနေသည်။ အချို့ပိုးအိမ်များတွင် အတွင်းထဲမှ အရိုးဖြူများ တစ်စွန်းတစ်စ ထွက်ပေါ်နေပေသည်။

ချန်ကျဲ့ တံတွေးမျိုချလိုက််ပြီး နေရာမှ တိတ်တဆိတ်လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ရုတ်တရက် သူ၏ခြေထောက်မှာ တစ်စုံတစ်ရာကို တက်နင်းလိုက်မိသည်ဟု ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ အဖြူရောင်သစ်သီးတစ်လုံးကို မြင်တွေ့လိုက်ရသည်။

“အရိုးဖြူသစ်သီး၊ ကောင်းကင်ရတနာမြေရတနာတစ်မျိုးဖြစ်ပြီး အရိုးသန်မာဆေးလုံးဖော်စပ်ရာတွင် လိုအပ်သည့် အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။

ချန်ကျဲ့ အပေါ်မော့ကြည့်လိုက်သောအခါ သစ်ပင်မှ တွဲလောင်းကျနေသည့် ပိုးအိမ်တစ်ခုကို မြင်လိုက်ရသည်။ ပိုးအိမ်ထဲတွင် မိစ္ဆာတစ်ကောင်၏ မျက်နှာအလား ထင်မှတ်ရလောက်အောင် ရုပ်ဆိုးသည့် နှာခေါင်းနီမျောက်တစ်ကောင် ရှိနေသည်။

ချန်ကျဲ့၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။

“တောင်မိစ္ဆာ!”

ချန်ကျဲ့ အမြန်တွေးတော၍ အရိုးဖြူသစ်သီးကို အမြန်ကောက်ယူကာ ထိုနယ်မြေထဲမှ အမြန်ထွက်ခွာခဲ့သည်။ ပင့်ကူများသည် အစာရေစာ ရှားပါးပုံမရပေ။ ပင့်ကူအိမ်တွင် မိသည့် သားကောင်များကိုသာ တိုက်ခိုက်ပြီး အခြားသားကောင်များကိုမူ ဂရုမစိုက်ချေ။

နယ်မြေကို ဖြတ်ကျော်ပြီးနောက်

ချန်ကျဲ့ ဆက်လျှောက်သွားခဲ့ပြီး မကြာမီတွင် ကြောက်မက်ဖွယ်သော တောင်မိစ္ဆာတစ်အုပ်စုနှင့် ပက်ပင်းတိုးသည်။

အဝေးမှ ကြည့်နေခြင်းဖြစ်သည့်တိုင် ချန်ကျဲ့ ကောင်းစွာမြင်နိုင်ပါ၏။ အကြီးဆုံးတောင်မိစ္ဆာသည် သုံးမီတာကျော်ခန့် မြင့်သွန်းလေရာ မိုးကြိုးသွားဖြင့်ပင် ဆင်တူပေသည်။ ၎င်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက်မျှ ရှိလိမ့်မည်ဟု ချန်ကျဲ့ ခန့်မှန််းမိသည်။

၎င်းသတ္တဝါကြီး၏ ပစ်မှတ်ထားခံရပါက ကိုင်တွယ်ရန် အလွန်တရာ ခက်ခဲပေလိမ့်မည်။

ထို့နောက် ကင်းခြေများကြီးကိုလည်း ချန်ကျဲ့ မြင်တွေ့ခဲ့သည်။

ကင်းခြေများ,များသည် အရောင်အသွေးစုံလင်ကြပြီး နေရာအနှံ့တည်ရှိကြကာ အလွန်အဆိပ်ပြင်းသည်။ အကိုက်ခံရပါက ချန်ကျဲ့ကဲ့သို့သော ဆေးပညာကျွမ်းကျင်သူပင်လျှင် အသက်ရှင်ပါမည်ဟု အာမမခံနိုင်ပါချေ။

သို့သော်ငြား ချန်ကျဲ့သည် ကံကောင်းပါ၏။ ကင်းခြေများများနှင့် ဆုံတွေ့ချိန်တွင် ချန်ကျဲ့သည် သေဆုံးနေသည့် ကင်းခြေများနှစ်ကောင်ကို တွေ့ရှိခဲ့သည်။ တစ်ကောင်လျှင် မီတာဝက်ခန့်ရှည်လျားကြပြီး နီရဲသည့်ဦးခေါင်းနှင့် စိမ်းမြသော ကျောပြင်တို့ကို ပိုင်ဆိုင်ကြသည်။ ၎င်းကင်းခြေများကြီးများသည် ကင်းခြေများဘုရင်များဖြစ်ကြောင်း ချန်ကျဲ့ မှတ်မိလိုက်သည်။ ၎င်းသည်လည်း အရိုးသန်မာဆေးလုံးေဖာ်စပ်ရာတွင် လိုအပ်သည့် အဓိကပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပေသည်။

အရိုးဖြူသစ်သီး၊ ကင်းခြေများဘုရင်နှင့် မြွေသည်းခြေတို့နှင့်အတူ အချို့သော လိုအပ်သည့်ဆေးပင်များကို ပေါင်းထည့်လိုက်ပါက သံမဏိအရိုးအဆင့်သို့ တက်လှမ်းရန် ထောက်ပံ့ပေးနိုင်သည့် အရိုးသန်မာဆေးလုံးကို ဖော်စပ်နိုင်ပြီ ဖြစ်သည်။

မြူခိုးထုတောက အဖိုးတန်ရတနာတွေ အပြည့်ပါပဲလား။

ဤမျှအချိန်တိုလေးအတွင်း၌ ချန်ကျဲ့သည် ဆေးပင်များစွာအပြင် ကျင့်ကြံဆင့်တက်လှမ်းရန် အထောက်အကူဖြစ်နိုင်သည့် ဆေးလုံးများဖော်စပ်ရန်အတွက် လိုအပ်သော အဓိကပါဝင်ပစ္စည်းအချို့ကိုပါ ရှာဖွေတွေ့ရှိထားခဲ့လေပြီ။

All Chapters