အခန်း (၃၇၈)
Vol. 27 Ch. 378
မကြာမီ၌ ချန်ကျဲ့သည် နှစ်လေးရာသက်တမ်းသွေးလင်ဇီးကို ရှာတွေ့ခဲ့သည်။
ချန်ကျဲ့သည် အလွန်ပျော်ရွှင်သွား၏။ နှစ်ငါးရာသက်တမ််းသွေးလင်ဇီးသည် ဤနေရာအနီးတစ်ဝိုက်တွင် ရှိနေေလောက်ပေသည်။
ချန်ကျဲ့တွေးတောနေစဉ် ဝံပုလွေအူသံများကို ရုတ်တရက််ကြားလိုက်ရသည်။
အာဝူး အာဝူး အာဝူး…
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ နှစ်ငါးရာသက်တမ်းသွေးလင်ဇီးနှင့် နီးကပ်လာသည်နှင့်အမျှ ဝံပုလွေအုပ်နှင့် နီးကပ်လာသည် ထင်ရ၏။
ဘယ်လိုလုပ်ရမလဲ!
ချန်ကျဲ့တွေးလိုက်သည်။ သူ လမ်းတစ်ဝက်တွင် လက်မလျှော့နိုင်ပေ။
ချန်ကျဲ့ ရှေ့ဆက်သွားခဲ့သည်။
မည်မျှအကွာအဝေးမှန်း မသိလောက်အောင် လျှောက်ခဲ့ပြီးနောက်တွင် ချန်ကျဲ့၏မျက်လုံးများ တောက်ပသွား၏။ မနီးမဝေးတွင် နှစ်ငါးရာသက်တမ်းသွေးလင်ဇီးကို သူမြင်လိုက်ရလေပြီ။
ရှာတွေ့ပြီ!
ချန်ကျဲ့ အလွန်ပျော်ရွှင်သွားခဲ့သည်။ သို့သော် ချန်ကျဲ့သည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီးသည်နှင့် သွေးလင်ဇီးဘေးရှိ စိမ်းမြရွှန်းလဲ့သော မျက်လုံးတစ်စုံကို သတိထားမိလိုက်သည်။
ထို့နောက် နှစ်စုံ၊ သုံးစုံ၊… ဆယ်စုံ!
ချန််ကျဲ့ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရ၏။ ချန်ကျဲ့ နောက်ဆုတ်ပြေးရန် ဟန်ပြင်ချိန်တွင် သူ၏နောက်မှလည်း ဒါဇင်ချီသော စိမ်းမြရွှန်းစိုသည့် မျက်လုံးများ ထွက်ပေါ်လာခဲ့သည်။
ဝံပုလွေတွေ၊ ဝံပုလွေအုပ်ပဲ!
ချန်ကျဲ့၏နဖူးထက်၌ ချွေးစေးများ စီးကျလာခဲ့သည်။ ချန်ကျဲ့သည် ပန်းဖွားနီလှံကို လက်တွင် မြဲမြဲဆုပ်ကိုင်လိုက်ကာ မီးတုတ်ကိုမူ မြေပြင်တွင် ထိုးစိုက်ထားလိုက်သည်။
ထိုအချိန်တွင် ဝံပုလွေအုပ်သည် သူ့ကို ဝန်းရံထားလိုက်လေပြီ။
ဝံပုလွေအုပ်သည် တဖြည်းဖြည်းချင်း ချန်ကျဲ့ကို စက်ဝိုင်းအလယ်တွင် ပိတ််ထားရန် ကြိုးပမ်းနေသည်။ ချန်ကျဲ့ မျက်လုံးအိိမ်တို့ မှေးကျဉ်းလိုက်ပြီး လှံကို တင််းတင်းဆုပ်ကိုင်လိုက်သည်။
ဝံပုလွေများသည် အရွယ်အစားစုံလင်၏။ အသေးဆုံးဝံပုလွေများသည် သာမန်ဝံပုလွေ၏ အရွယ်အစားခန့်ဖြစ်ပြီး အနည်းငယ်ပိုကြီးသည့် ဝံပုလွေတို့မှာ တိဗက်ခွေးကြီးများကဲ့သို့ အရွယ်အစားရှိကာ အကြီးဆုံးသည် ကျားကြီးများတမျှ အရွယ်အစားကြီးမားကြသည်။
အဝေးမှ ဝံပုလွေတစ်ကောင်၏ မြည်ဟီးသံ ပဲ့တင်ထပ်ထွက်ပေါ်လာချိန်တွင် ချန်ကျဲ့ အပြည့်အဝ သတိကပ်လိုက်သည်။
အာဝူး အာဝူး..
ဝံပုလွေအူသံထွက်ပေါ်လာပြီး နောက်တဒင်္ဂ၌ နောက်ကျောဘက်မှ ဝံပုလွေတစ်ကောင်သည် ချန်ကျဲ့ကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သည်။ ချန်ကျဲ့သည် နောက်စေ့တွင် မျက်လုံးတစ်စုံတည်ရှိနေသည့်အလား ဧရာမဝံပုလွေကြီးကို လှံတံဖြင့် ထိုးစိုက်ပစ်လိုက်လေသည်။
ဤအောင်မြင်စွာ ထိုးစိုက်သတ်ပုတ်နိုင်ခြင်းအတွက် ချန်ကျဲ့ မပျော်ရွှင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ပို၍များပြားသော ဝံပုလွေများ သူ့ထံ ပြေးဝင်လာနေသောကြောင့် ဖြစ်သည်။
ချန်ကျဲ့ လှံတွင် ထိုးစိုက်နေသည့် ဝံပုလွေအလောင်းကို ခါထုတ်ပစ်လိုက်ပြီး လှံကို တစ်ပတ်လွှဲရမ်းလိုက်သည်။
ချန်ကျဲ့သည် ဝံပုလွေတစ်အုပ်နှင့် သွေးရူးသွေးတန်း တိုက်ခိုက်နေခဲ့သည်။
ပြင်းထန်လှစွာသော တိုက်ပွဲအတွင်း၌ အရွယ်အစားအသေးငယ်ဆုံးသော ဝံပုလွေများသည် သာမန်အရေပြားသန့်စင်ခြင်းအဆင့်နှင့် ညီမျှသည့်အင်အားရှိကြသည်ကို သတိထားမိသည်တွင် ချန်ကျဲ့ အံံဩသွားရသည်။ သို့သော် အဆင့်တူညီသည့် လူသားနှင့် တစ်ဦးချင်းတိုက်ခိုက်ပါက ကျိန်းသေပေါက် ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။
တိဗက်ခွေးကြီးများနှင့် အရွယ်အစားတူသည့် ဝံပုလွေကြီးများသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ အင်အားခန့်ရှိပုံရသည်။
ကျားကြီးများတမျှ ကြီးမားသည့် ဝံပုလွေကြီးများသည်တော့ နွဲ့ပျောင်းအရွတ်အဆင့်အင်အားခန့် ရှိလောက်ပေမည်။
ခဏအကြာ၌ ချန်ကျဲ့မှာ တစ်ကိုယ်လုံး သွေးများပေကျံနေခဲ့လေပြီ။ အချို့မှာ ဝံပုလွေများ၏သွေးများဖြစ်ပြီး အချို့မှာ သူကိုယ်တိုင်၏သွေးများ ဖြစ်သည်။
ချန်ကျဲ့သည် ထိုဝံပုလွေကြီးများနှင့် ဘယ်နှချီစာ တိုက်ခိုက်ခဲ့သည် မသိတော့ပေ။ ဂျွတ်ခနဲအသံနှင့်အတူ သူ၏လက်ထဲမှ လှံတံသည် ဒဏ်မခံနိုင်တော့ဘဲ ကျိုးသွားခဲ့တော့သည်။
ထိုစဉ် ဝံပုလွေတစ်ကောင်သည် သူ့အား အရှိန်ပြင်းစွာ ခုန်အုပ်လာ၏။
ထိုအခါ ချန်ကျဲ့သည် ကိုယ်ကို တစ်ပတ်လှည့်ရှောင်တိမ်းလိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ဆောင်းဦးပုစဉ်းဓားကို လက်တွင်ကိုင်စွဲ၍ ဝံပုလွေတစ်ကောင်၏မျက်လုံးကို ထိုးဖောက်ပစ်လိုက်သည်။ ၎င်း၏မျက်လုံးနှင့် သွေးများ နေရာအနှံ့အပြားသို့ လွင့်စင်သွား၏။
အာဝူး အာဝူး…
ဒဏ်ရာရသွားသည့် ဝံပုလွေသည် နာကျင်စွာဖြင့် ဆွဲဆွဲငင်ငင်အော််မြည်သည်။ သွေးများသည် ၎င်း၏မျက်နှာမှတစ်ဆင့် မီးခိုးရောင်မြေပြင်ပေါ်သို့ စီးကျနေခဲ့သည်။
ထို့နောက် နောက်ထပ်ဝံပုလွေတစ်ကောင် ခုန်အုပ်လာပြန်သည်။ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်အထိ အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့သေး၏။
ချန်ကျဲ့သည် လက်တွင် ဓားကိုဆွဲကိုင်၍ ဘယ်ညာတိမ်းရှောင်ပြေးလွှားရင်း အသက်ရှင်ရေးအတွက် တိုက်ခိုက်နေခဲ့သည်။
ချန်ကျဲ့ မြောက်များစွာသော ကြမ်းကြုတ်ရက်စက်သည့် ဝံပုလွေကြီးများကို တိုက်ခိုက်ခဲ့သည်။
ထိုစဉ် ရုတ်တရက် ထောင့်တစ်နေရာမှ သံမဏိအရိုးအဆင့်ခန့် အင်အားရှိသော ဝံပုလွေတစ်ကောင်သည် ချန်ကျဲ့၏ ဓားကိုင်ထားသော ညာလက်ကို ဦးတည်ကိုက်ခဲလာ၏။
ချန်ကျဲ့ ထိတ်လန့်သွားပြီး ချက်ချင်း လက်ပြန်ရုတ်လိုက်သည်။ သို့သော် နောက်ကျသွား၏။ လက်ကို မကိုက်မိလိုက်သော်ငြား ဓားလွတ်ကျသွားခဲ့သည်။
ချန်ကျဲ့လက်ထဲမှ ဓားပြုတ်ကျသွားသည်ကို မြင်သောအခါ ဝံပုလွေအုပ်သည် ချန်ကျဲ့ထံ တစ်ဟုန်ထိုး ပြေးဝင်လာကြပြန်သည်။
ချန်ကျဲ့ တွန့်ဆုတ်သွား၏။ သူ၏မျက်လုံးအစုံမှာလည်း သွေးများပြည့်နှက်နေခဲ့လေပြီ။ သံမဏိအရိုးအဆင့်ခန့် အင်အားရှိသော ဝံပုလွေမှ သူ့ထံ ဦးတည်လာနေခဲ့ရာ ချန်ကျဲ့၏မျက်လုံးအစုံ၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ တောက်ပလာခဲ့သည်။
ထို့နောက်တွင် ချန်ကျဲ့သည် လက်ကိုပင့်မြှောက်၍ သိုင်းကွက်ထုတ်၏။ ချန်ကျဲ့၏လှုပ်ရှားမှုတစ်ချက်တွင် လေထုအတွင်း နဂါးဟစ်ကြွေးသံကြီး မြည်ဟီးလာခဲ့သည်။
ဂါးး…
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်!
လယ်ပြင်မှာ နဂါးတွေ့!!
ဘုန်း!
ဂါး…
လက်ဖဝါးရိုက်ချက်တစ်ချက်နှင့်အတူ နဂါးဟစ်ကြွေးသံကြီး ပဲ့တင်ထပ်ထွက်ပေါ်လာသည်မှာ ချန်ကျဲ့အနီးတွင် နဂါးတစ်ကောင် လှည့်ပတ်ပျံဝဲနေသည့်အလားပင်။ ထိုအချိန်၌ သံမဏိအရိုးအဆင့်ဝံပုလွေသည် ချန်ကျဲ့ကို ခုန်အုပ်၏။
ချန်ကျဲ့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကျိုးပဲ့သံကျယ်ကြီး မြည်ဟီးသွား၏။ ဝံပုလွေ၏ဦးခေါင်းမှာ ဦးနှောက်အစအနများ လွင့်စင်ထွက်သည်အထိ ပေါက်ကွဲကြေမွသွားခဲ့သည်။
ချန်ကျဲ့သည် အရှိန်မလျှော့ဘဲ ကျန်ရှိသည့်အင်အားဖြင့် နောက်ထပ် လက်ဝါးရိုက်ချက်သုံးချက်ကို ဆက်တိုက်ပစ်လွှတ်ခဲ့သည်။ ဝံပုလွေသုံးကောင်မှာ အစိတ်စိတ်အမွှာမွှာကြေမွလုနီးပါးပင်။ အရိုးများကျိုးကြေကာ အရွတ်များပြုတ်ထွက်ကုန်လျက် ပြင်းထန်လှစွာသော နာကျင်မှုကို သေလုမျောပါး ခံစားကြရကုန််သည်။
ဝံပုလွေအုပ်သည် ချန်ကျဲ့အနီးသို့ ချဉ်းကပ်ရန် ကြောက်ရွံ့သွားကြ၏။
အား အား အား…
ဝံပုလွေများသည် အာခေါင်ခြစ်အော်ဟစ်သည့်အလား မြည်တမ်းအော်ဟစ်ကြလျက် သူတို့၏မျက်လုံးများသည်တော့ ချန်ကျဲ့ထံမှ အကြည့်မလွှဲကြပေ။ သူတို့သည် ချန်ကျဲ့ကို ဝန်းရံထားကြဆဲ ဖြစ်၏။
ချန်ကျဲ့သည် လက်နှစ်ဖက်စလုံးဖြင့် လက်ဝါးသိုင်းကွက်ကို ထုတ်သုံးခဲ့သည်။ ဤသည်မှာ ချန်ကျဲ့၏ ပထမဆုံးအကြိမ်အဖြစ် နဂါးနိုင်လက်ဝါးသိုင်းကို ၎င်း၏အစစ်အမှန်တိုက်ခိုက်စွမ်းရည်အတိုင်း အသုံးပြုဖူးခြင်း ဖြစ်သည်။ ၎င်း၏စွမ်းအားမှာ အလွန်တရာအံ့ချီးဖွယ်ကောင်းလှသည်ဟု သတ်မှတ််နိုင်ပါ၏။
သို့ဖြင့် ဒါဇင်ခန့်သော ဝံပုလွေများသည် ချန်ကျဲ့အနီးသို့ မချဉ်းကပ်ရဲကြတော့ဘဲ ချန်ကျဲ့ကို ဝန်းရံထားကြသည်။
ချန်ကျဲ့၏အနီးတစ်ဝိုက်တွင် လဲကျနေသည့် ဝံပုလွေအလောင်းများသည် အနည်းဆုံးသော်မှ ၁၂ကောင်ခန့် ရှိလိိမ့်မည်ဖြစ်သည်။ အလောင်းများမှာ သွေးအိုင်များဖြစ်ထွန်းသွားစေကာ ၎င်းသွေးများသည် မြေကြီးထဲသို့ စိိမ့်ဝင်နေသည်။
ချန်ကျဲ့ ဝံပုလွေတစ်အုပ်နှင့်အတူ မတိုးသာမဆုတ်သာဖြင့် ရပ်နေစဉ်
ဧရာမဝံပုလွေဖြူကြီးတစ်ကောင်သည် ချန်ကျဲ့တို့ရှိရာသို့ အဝေးတစ်နေရာမှ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။ ထိုဝံပုလွေဖြူကြီးသည် အလွန်တရာကြီးမား၏။ ခြင်္သေ့ပျိုတစ်ကောင်ပင်လျှင် ၎င်းဝံပုလွေ၏ရှေ့မှောက်တွင်မူ အိမ်မွေးခွေးလေးကဲ့သို့ ဖြစ်သွားရပေလိမ့်မည်။ ၎င်းဝံပုလွေသည် အဖြူရောင်အမွေးပွများဖြင့် တစ်ကိုယ်လုံးဖုံးလွှမ်းနေလျက် မျက်လုံးအစုံသည်တော့ ကြမ်းကြုတ်ခက်ထန်စွာ အစိမ်းရောင်တောက်ပနေသည်။
ချန်ကျဲ့ ရုတ်ချည်း နှလုံးခုန်ထွက်လုမတတ် ခံစားလိုက်ရ၏။
ဝံပုလွေဘုရင်က ဖိနှိပ်နိုင်တဲ့အရှိန်အဝါကြီးမားလိုက်တာ။ ဒီကောင်က အနည်းဆုံးတော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိလောက်တယ်။
တောင်မိစ္ဆာဘုရင်ဖြစ်ပါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက်ပင် ဖြစ်နိုင်ကောင်းပါ၏။
ဝံပုလွေဘုရင်သည် ချဉ်းကပ်လာနေရင်း တိုက််ပွဲမြင်ကွင်းကို ကြည့်နေခဲ့၏။ ၎င်း၏မျက်လုံးအစုံတွင် မျိုးနွယ်ဝင်များသေဆုံးမှုအတွက် ဝမ်းနည်းမှုအနည်းငယ် ထင်ဟပ်သွားပြီးနောက် ချန်ကျဲ့ကို စူးစိုက်ကြည့်လာသည်။
သားကောင်ကို အာရုံစူးစိုက်နေသည့် အကြည့်မျိုးဖြစ်၏။
ချန်ကျဲ့သည် ကြီးမားလှသည့်ဖိအားကို ခံစားနေရသည်။ နဂါးနိုင်လက်ဝါးသိုင်းကွက်ကိုလည်း အသင့်ပြင်ထားခဲ့သည်။
ထိုအခါ ဝံပုလွေဘုရင်၏မျက်နှာထက်၌ မာနထောင်လွှားဟန်သော လူသားတစ်ယောက်အလား လှောင်ပြုံးတစ်ခု ဖြစ်တည်လာခဲ့ရင်း ရှေ့သို့ ဖြည်းဖြည်းချင်း တိုးကပ်လာနေခဲ့သည်။
ထို့နောက်တဒင်္ဂ၌ ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံနေသော အလင်းတစ်လွှာကို မြင်တွေ့လိုက်ရသဖြင့် ချန်ကျဲ့ အံ့ဩထိတ်လန့်သွားခဲ့သည်။
သောက်ကျိုးနဲ ချီစွမ်းအင်ဟ!
သိုင်းပညာတတ်မြောက်တဲ့ ဝံပုလွေဘုရင်ပဲ! ငါသူ့ကို တိုက်နိုင်ပါ့မလား!
ချန်ကျဲ့ ထွက်ပြေးရန် တွေးလိုက်သည်။ သို့သော် ထိုစဉ်၌ ဝံပုလွေဘုရင်မှ ခြေနှစ်လှမ်းတိုးလျှောက်လိုက်ရာ ဖိနှိပ်ခံရသည့်ခံစားချက်သည် ပို၍ပြင်းထန်လာခဲ့သည်။
သို့သော် ထိုအခိုက်အတန့်၌ မြေကြီးတုန်လှုပ်လာခဲ့သည်။ ဝံပုလွေဘုရင်သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့လေပြီ။ သို့သော် မြေကြီးတုန်လှုပ်ခြင်းကို ခံစားမိသည်နှင့်တစ်ပြိုင်နက် မျက်နှာအမူအရာပြောင်းလဲသွားကာ ဟိန်းဟောက်မြည်တမ်းလေသည်။
“အာဝူး…”
၎င်းအူသံနှင့်အတူ ဝံပုလွေအုပ်သည် နေရာအနှံ့အပြားသို့ သွေးရူးသွေးတန်း ထွက်ပြေးကြတော့သည်။
ချန်ကျဲ့သည် အခြေအနေကို နားမလည်နိုင်ဘဲ အံ့အားသင့်နေခဲ့သည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ မြေကြီးသည် တဖြည်းဖြည်း အက်ကွဲလာနေကြောင်း မြင်လိုက်ရ၏။
ဝှစ် ဝှစ် ဝှစ်!
ထို့နောက် မြောက်များစွာသော စက်ကွင်းများထွက်ပေါ်လာပြီး ထွက်ပြေးနေသည့် ဝံပုလွေများ၏ခြေထောက်များကို ရစ်ပတ်ချုပ်နှောင်ကာ နောက်ပြန်ဆွဲခေါ်လေသည်။
ဝံပုလွေဘုရင်သည် ထိတ်လန့်ချောက်ချားစွာဖြင့် အသက်ရှင်ရေးအတွက် ထွက်ပြေးခဲ့သည်။ မည်မျှဝေးဝေးအထိ ပြေးလာခဲ့ပြီးမှန်း မသိတော့သည်အထိ ပြေးခဲ့ပြီး နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် တုန်လှုပ်ချောက်ချားခြင်းသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
ချန်ကျဲ့သည်တော့ လုံးဝ အံ့ဩမင်သက်နေခဲ့၏။ မြေကြီးသည် အချင်း၅၀မီတာခန့်အထိ အက်ကွဲပွင့်ဟသွားခဲ့ပြီး ဖြည်းညှင်းစွာဖြင့် လျှောစောက်တစ်ခုအဖြစ် မြင့်တက်လာသည်။ အနီးရှိ ဝံပုလွေအလောင်းများအားလုံးသည် ၎င်းလျှောစောက်အလယ်သို့ပြုတ်ကျသွားခဲ့သည်။
ချန်ကျဲ့ ထွက်ပြေးချင်၏။ သို့သော် မြေကြီးသည်် ၈၀ဒီဂရီခန့်မျှသော လျှောစောက်နံရံကြီးအဖြစ် ပြောင်းလဲသွားနှင့်ခဲ့လေပြီ။
ချန်ကျဲ့သည် ခုနက လွတ်ကျသွားသည့်ဓားကို ပြန်ကောက်ယူကာ လျှောစောက်တစ်နေရာတွင် မြေကြီးသို့ ဓားထိုးစိုက်၍ ထိုဓားဖြင့် ကိုယ်ကိုကပ်တွယ်ထားရင်း အောက်သို့ငုံ့ကြည့်လိုက်သည်။
လျှောစောက်၏အောက်ခြေ၌ ဖြူဖွေးထက်ရှသည့် သွားများ အစိီအရီရစ်ပတ်တည်ရှိနေသည့် မေးရိုးစုကြီးရှိသည်။ ၎င်းမေးရိုးစုကြီးထက်တွင် သွေးလင်ဇီးများ ပေါက်ရောက်နေ၏။ ဒါဇင်ခန့်မှာ နှစ်ငါးရာသက်တမ်းအထက် ရှိကြသည်။
ထိုအခါ ချန််ကျဲ့သည် သွေးလင်ဇီးများမှာ ငါးစာသာဖြစ်ကြောင်း နားလည်လိုက်ရသည်။
နတ်သမီးထောင်ချောက်ပင်ကဲ့သို့ပင် သွေးလင်ဇီးများကို ငါးစာအဖြစ် အသုံးပြု၍ အခြားသတ္တဝါများကို ဆွဲဆောင်သည်။
ဤအရာကြီးသည် ပုံမှန်အားဖြင့် မြေအောက်တွင် နစ်မြုပ််နေတတ်ပြီး မြေပေါ်တက်လာပါက အသက်နုတ်ယူလိမ့်မည်ဖြစ်သည်။
ဝှစ်!
ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် စက်ကွင်းတစ်ခုသည် ချန်ကျဲ့၏ခြေကျင်းဝတ်ကို ဖမ်းချုပ်လိုက်၏။ စက်ကွင်းသည် ချန်ကျဲ့၏ခြေထောက်ကို တင်းကျပ်စွာ ဖမ်းချုပ်၍ ဧရာမမေးရိုးစုကြီးဆီသို့ ဆွဲငင်နေခဲ့သည်။