← Chapters

ကြယ်တာရာထောင်မှူး၏ အမည်၊ နောက်ခံနှင့် မှန်းဆချက်များ ... ။

Vol. 51 Ch. 601

ကြယ်တာရာထောင်မှူး၏ အမည်၊ နောက်ခံနှင့် မှန်းဆချက်များ ... ။

Vol. 51 Ch. 601

ဧကရာဇ်များသည် မိုးပြာတိုက်ကြီးသို့ မဝက်ရောက်နိုင်သောကြောင့် ဝိညာဉ်တာအို နယ်ပယ်သည် အထွတ်အထိပ်အဆင့် ကျွမ်ကျင်သူများဖြစ်၏။

တစ်ချိန်တည်းမှာပင် နွေဦးမိုးရွာပြီးနောက် မျှစ်ကဲ့သို့ မရေမတွက်နိုင်သော အဖွဲ့ခွဲသစ်များ ပေါက်ဖွားလာပြီး မျိုးဆက်သစ်များသည်လည်း မိုးပြာတိုက်ကြီး၌ ထွက်ပေါ်နေသည်။

“ မဟုတ်ဘူး ... မင်းဒီမှာနေခဲ့ပါ ... ။ ”

စုရီမှ ငြင်းဆန်လိုက်၏။

“ ဒါက မင်းအတွက် ကောင်းမှာ မဟုတ်ဘူး။”

ထိုစကားကြောင့် ဝမ်ရှင်းကျောက်တစ်ယောက် စိတ်ပျက်အားငယ် သွားချေပြီ။

“ ရှင်းကျောက် ... မင်း နားမလည်ဘူးလို့ မပြောနဲ့ ... ငါမင်းကို ခေါ်သွားခဲ့ရင် မင်းအတွက် လွယ်ကူလွန်းနေလိမ့်မယ် ဒါက မင်းအတွက် အလားအလာကို ထိခိုက်စေတယ် ...

... ဒီလိုပဲ လူတိုင်းကို ငါထာဝရ ကာကွယ်ပေးနေလို့မရဘူး ... မင်းတို့ကိုယ်တိုင် သန်မာလာမှသာ လုံခြုံလိမ့်မယ်။”

ထိုစကားကောာင့် ဝမ်ရှင်းကျောက်ခမျာ အနည်းငယ် ရွှင်မြူးလာ၏။

“ အစ်ကိုစု ... မင်းပြောတာမှန်တယ်။ ငါမင်းကိုမလိမ်ဘူး အခုနောက်ပိုင်းမှာ ငါလုံးဝ အသုံးမဝင်ဘူးလို့ အမြဲခံစားနေရတယ် ...

... ပြဿနာတိုင်းကို မင်းငါ့အတွက် ဖြေရှင်းပေးတယ် အခက်ခဲနဲ့ သေခြင်းတရားကို ရင်ဆိုင်လိုတဲ့ ဆန္ဒမျိုးလုံးဝမရှိတော့ဘူး။ ”

နောက်ဆုံး ဝါကျကို ပြောသောအခါ အနည်းငယ် ရှက်ရွံ့သွားသလို ဝမ်ရှင်းကျောက် ခမျာ ခေါင်းငုံ့သွားသည်။

“ ဟား ဟား ဟား ... မင်းသဘောပေါက်သွားလို့ ဝမ်းသာပါတယ် အင်အားစုကြီးတွေက သူတို့တပည့်တွေကို ဘာလို့အပြင်ထွက်စေချင်တာလဲ ...

... အဆုံးမရှိတဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်နိုင်ပြီး သူတို့ကိုယ်သူတို့ အသုံးဝင် လာအောင်လို့ပဲ ... ဒါပေမယ့် စိတ်မပူပါနဲ့ သဘာဝအတိုင်း ငါပြန်လာမှာပါ ...

... မိုးပြာတိုက်ကြီးက သေးလွန်းတယ် မင်းသန်မာလာတဲ့အခါ ဒီထက်ပိုပြီးကြီးမားတဲ့ ကမ္ဘာကြီးကို ပို့ပေးမယ်။ ”

စုရီစကားကြောင့် ဝမ်ရှင်းကျောက် နှလုံးသားထဲတွင် တောင့်တမှုအရိပ်အမြွက်များ ထွက်ပေါ်လာတော့သည်။

***

မေလ၊ ၁၃ ရက်နေ့။

မိုးပြာခြံဝင်းအတွင်း စုရီက ပြန်လည်သတိရလာသော အားချန်ကိုကြည့်ပြီး၊

“ ဒါဆို မင်းနဲ့ပါလာတဲ့ စာငှက်က သေသွားပြီပေါ့။ ”

-ဟု မေးမြန်းလိုက်သည်။ အားချန်မှ ဝမ်းနည်းစွာ ခေါင်းညိတ်၏။

“ ငါတို့နဝမကြယ်ကနေ ထွက်ခွာလာတဲ့ လမ်းမှာ ကြယ်တာရာထောင်မှူးရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ် စာငှက်လေးက ခုခံတာကြောင့် ကံမကောင်းစွာနဲ့ပဲ သူ ကျသွားတယ်။ ”

“ သနားစရာပဲ ... ဒါပေမယ့် ငါကြယ်တာရာထောင်မှူးကို သတ်ပြီးပြီမို့ စာငှက်အတွက် လက်စားချေနိုင်ပြီလို့ တွေးလိုက်ပါ။ ”

ထို့နောက် စုရီက တံဆိပ်တစ်ခုထုတ်ယူကာ၊

“ ဒါကို ကြယ်တာရာထောင်မှူးရဲ့ အလောင်းကနေရခဲ့တာ ... ကြည့်စမ်းပါဦး မင်းတစ်ခုခု သိတာရှိလား။ ”

-ဟု မေးမြန်းလိုက်သည်။

တံဆိပ်သည် လက်ဖဝါးအရွယ်ဖြစ်၏။ ၎င်းသည်ထူးဆန်းသော သွေးရောင် တိမ်ပုံစံများ ရေးထွင်းထုထားသည်။

‘နဝမကောင်းကင်’ဟူသော အမည်ကို ဓားကဲ့သို့ထက်ရှအားပြင်းသည့် ရေးဟန်မျိုးဖြင့် ရေးထွင်းထားသည်။

“ ဒါထောင်မှူးရဲ့ သင်္ကေတပဲ ... သူက သူ့ကိုယ်သူ နဝမကောင်းကင်ဘုံလို့ ခေါ်တယ် အဲဒါက သူ့နာမည်ရင်း မဖြစ်နိုင်ဘူး လျှို့ဝှက်အမည် ဖြစ်နိုင်တယ် ...

... ဒီသွေးတိမ်တိုက်ပုံစံကို ကြယ်တာရာထောင်မှူးရဲ့ နဖူးမှာ အလားတူ ရေးထွင်းထားတာငါမြင်ဘူးတယ် ကြည့်ရတာ သူ့ဂိုဏ်းရဲ့သင်္ကေတလို့ ထင်တယ်။”

အားချန်မှတ်ချက်ကို စုရီက ခေါင်းညိတ်လိုက်သည်။

“ ဖြစ်နိုင်ချေများတယ် ... ဒီတံဆိပ်ကို အလွန်ရှားပါးတဲ့ ကြယ်သံနဲ့ ပြုလုပ်ထားပြီး ဆန်းကြယ်ရူရ်တွေရေးထားတယ် ...

... သူဟာ ရွှမ်‌ယုအဆင့် ဧကရာဇ်တစ်ပါးဖြစ်နိုင်တယ် ငါသာ မမှားရင် ဒီတံဆိပ်က သော့တစ်ချောင်းပဲ ... ဘာသော့လဲ ငါမသိပေမယ့် တံခါးတွေအတွက်ဆိုတာတော့ သေချာတယ်။ ”

ထိုစကားကိုကြားသောအခါ အားချန် တစ်ယောက် အံ့အားသင့်သွားပြီး ရိုသေလေးစား လာတော့သည်။

“ တာအိုမိတ်ဆွေ ... မင်းနည်းနည်းတော့ ထက်မြက်လွန်းတယ် တံဆိပ်လေးတစ်ခုကနေ အများကြီး ကောက်ချက်ချနိုင်ခဲ့တယ်။ ”

“ ဟား ဟား ဟား ... ။ ”

စုရီမှ ရယ်သည်။

“ ဒါဟာ မှန်းဆချက်တစ်ခုပါ မင်းလဲလုပ်နိုင်ပါတယ် ဘာမှမဟုတ်ပါဘူး။ ”

အားချန်ကြောင့်ပင် ကြယ်တာရာ ထောင်မှူးကို တစ်ချက်တည်း သတ်ပစ်ခဲ့ခြင်း ပေပင်။ မဟုတ်သော် တစ်ဖက်လူကို အရှင် ဖမ်းဆီခြင်းဖြင့် ဤသို့မှန်းဆချက်များ ထုတ်နေစရာ မလိုချေ။

“ ဒါပေမယ့် တာအိုစုရဲ့ ယူဆချက်ဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရပါတယ်။ ”

အားချန်က စုရီစကားကို လေးလေးနက်နက်သဘောတူပြီး ချီးကျူးစကား ထပ်မံပြောကြားလာခဲ့သည်။

သူမကဲ့သို့ လူသည် သဘာဝအတိုင်း ဘက်လိုက်ခြင်းမရှိသော ချီးမွမ်းခြင်းမည်၏။ ကြားရသူကို နှစ်သက်ဖွယ်ပေပင်။

နဂါးနက် ရင်ချုံးနှင့် ယွမ်ဟမ်တို့၏ ချီးကျူးစကားထက် ပို၍စစ်မှန်သော ချီးကျူးမှု ဖြစ်သည်။

“ တာအိုမိတ်ဆွေ ... နဝမကောင်းကင် တံဆိပ်ဟာ ဒီမိုးပြာတိုက်ကြီးအတွက် သော့လို့ မင်းထင်လား ... ဒီလူရဲ့ နဝမကောင်းကင်ဆိုတဲ့ အမည်ကြောင့် ငါတို့မိုးပြာတိုက်ကြီးကို စောင့်ကြည့်နေတဲ့ ထောင်မှူးဖြစ်မယ်။ ”

“ ဒါ ဖြစ်နိုင်ပါတယ်။ ”

စုရီမှ ခေါင်းညိတ်သည်။ ထောင်မှူးများ နောက်မှအင်အားစုသည် ကောင်းကင်တာအို ဟူသောအမည်ကို နှစ်သက်ကြသဖြင့် ဤကောက်ချက်မှာ ဖြစ်နိုင်၏။

ထိုသို့ဆိုသော် အခြားသော ကြယ်ရှစ်လုံးတွင်လည်း သက်ဆိုင်ရာတစ်ဦးစီ ရှိနေနိုင်ပေမည်။

၎င်းတို့၏ ဘွဲ့အမည်များသည် ပထမကောင်းကင်၊ ဒုတိယကောင်းကင်၊ တတိယကောင်းကင်... အစရှိသည်တို့ ဖြစ်ကောင်းဖြစ်နိုင်မည်။

“ ငါသေချာပေါက် ပြောနိုင်တာက ... ဒီတံဆိပ်က မိုးပြာတိုက်ကြီးရဲ့ သော့မဟုတ်ဘူး ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးက ဒီကို မဝင်နိုင်တာသေချာတယ်။ ”

လွန်ခဲ့သော အနှစ်သုံးသောင်းက ထိုရီရွှမ်သည် ဤထောင်မှူးနှင့်တိုက်ခိုက်ခဲ့ပြီး ၎င်း၏ကျင့်ကြံမှုကို ပြောပြထား၏။ ထို့ကြောင့် ဤကောက်ချက်ကို ချနိုင်ခြင်းပေပင်။

ယခုမူ တစ်ဖက်လူသည် အခြေခံအုတ်မြစ်များ ပြင်းစွာပျက်စီးသွားပြီး အသက်စွမ်းအင် ဆုတ်ယုတ်နေ၏။ ယင်းသည် အမွေးမပါသော ဖီးနစ်ကဲ့သို့ပေပင်။

ထို့ကြောင့် ဥက္က္ကာခဲချောက်ကမ်းပါး၌ ပိတ်မိနေကာ ရွှေခေတ်မှ ပြန်ကောင်းမွန်လျက် ထွက်ခွာလာနိုင်ခြင်းဖြစ်၏။ ထိုသူသည်သာ အထွတ်အထိပ်တွင်ဆိုသော် သတ်ရန် လွယ်မည်မဟုတ်ချေ။

များကြာခင် စုရီမှ တံဆိပ်ကို ပြန်သိမ်းလိုက်၏။ ကြယ်တာရာထောင်မှူးများ၌ လျှို့ဝှက်ချက်များစွာရှိသည်။

ယခုအချိန်၌ ၎င်းကိုမမြင်နိုင်သော်လည်း အဆုံးတွင် အရာအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားပေလိမ့်မည်။

“ ကောင်းပြီ ... မင်းမှာ အစီအစဉ်ရှိလား။ ”

စုရီမှမေးသည်။ အားချန်က ခေါင်းခါ၏။

“ အစကတော့ ... နဝမမြောက် ကြယ်နယ်မြေကနေ ထွက်သွားပြီး အမှောင် တားမြစ်စွမ်းအားရဲ့ မူလကို ရှာဖွေဖို့ပဲ ...

... ဒါပေမယ့် စာငှက် မရှိတော့ဘူး၊ ငါ့အုတ်မြစ်နဲ့လည်း စကြာဝဠာကြီးအတွင်းကို သွားချင်တယ်ဆိုရင်တောင် မရတော့ဘူး။ ”

အားချန်တစ်ယောက် လုံးဝအထီးကျန် လွမ်းဆွေးသွားချေပြီ။ စုရီမှ ခဏမျှ စဉ်းစားပြီး၊

“ မင်းအတွက် ငါ အကြံတစ်ခုရှိတယ်။ ”

-ဟု နွေးထွေးစွာပြောလိုက်၏။

အားချန်တစ်ယောက် မျှော်လင့်ချက်ကြီးစွာဖြင့် ပြန်မော့ကြည့်ကာ၊

“ ကျေးဇူးပြုပြီး ... ငါ့ကိုအကြံဉာဏ်ပေးပါဦး တာအိုမိတ်ဆွေ။ ”

“ မင်းဒီမှာ ငါ့မိတ်ဆွေတွေကို အကာအကွယ်ပေးနေပါ ငါပြန်လာရင် မင်းကို ငါနဲ့အတူ ခေါ်သွားမယ်။ ”

စုရီစကားကြောင့် အားချန်ခမျာ အံ့အားသင့်သွားပြီး၊

“ တာအိုမိတ်ဆွေ ... မင်းဒီတိုက်ကြီးကနေ ထွက်သွားဖို့ စီစဉ်နေတာလား။ ”

“ ဟုတ်တယ် ... နောက်(၆)လလောက် နေရင် ငါမရဏကမ္ဘာကိုသွားမယ် ဒီတိုက်ကြီးက မူလအရင်းအမြစ်မရှိဘဲ ... အချိန်ကြာလာရင် မလွဲမသွေ ဆုတ်ယုတ်သွားမှာ။ ”

အားချန်မှ တုန့်ပြန်ခြင်း မပြုတော့ချေ။ မီးခိုးရောင်စာငှက်၊ သူမနှင့် မျောက်ဘုရင်သည် မိုးပြာရင်းမြစ်မှ မွေးဖွားလာသော မွေးရာပါ နတ်ဝိညာဉ်များဖြစ်သဖြင့် ယင်းအကြောင်း သဘာဝကျကျ သိသည်။

“ အနာဂတ်မှာ မျိုးပြာမျိုးစေ့ကို ဆင့်ကဲပြောင်းလဲလာနိုင်မလားဆိုတာ ငါတို့ စမ်းကြည့်လို့ရပါတယ် စိတ်မပျက်နဲ့ ... တကယ်လို့သာ မိုးပြာမျိုးစေ့ကို ...

... အသစ်တဖန် မွေးဖွားပေးနိုင်ရင် ဒီတိုက်ကြီးက ကမ္ဘာသစ်အဖြစ် ဆက်လက် တည်မြဲနေနိုင်မှာပါ။ ”

စုရီစကားကြောင့် အားချန်ခမျာ စိတ်ဓာတ်များ တက်ကြွလာပြီး မျက်နှာပေါ်တွင် မျှော်လင့်ချက်များပေါ်လာ၏။

“ နောက်ဆုံးတော့ ... တာအိုမိတ်ဆွေ ဒါကိုပြီးမြောက်အောင် ... လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ... ငါမင်းကို ကျေးဇူးတင်နေမှာပါ။

ထိုနောက် အမျိုးသမီးငယ်သည် မတ်တတ်ထရပ်ကာ ကျေးဇူးတင်စကားများဖြင့် လေးနက်စွာ ဦးညွတ်လိုက်သည်။

ကမ္ဘာမူလကို ပြန်လည် မွေးဖွားစေရန်အတွက် ဧကရာဇ်များသည်ပင် ခက်ခဲချေပြီ။

၎င်းမျိုးစေ့ကို နှစ်ရှည်လများပြုစုရန် လိုအပ်သည်သာမက ကြိုးစားအားထုတ်မှုနှင့် ရှားပါးသော အခွင့်အလမ်းများလည်း လိုအပ်ချေ၏။

ဧကရာဇ်တစ်ပါးအတွက်ပင် ခက်ခဲလွန်းချေသည်။ မည်သို့ပင်ဆိုစေကာမူ မျှော်လင့်ချက်ရှိနေသဖြင့် သူမ ဝမ်းသာရ၏။

သူမ မသိသည်မှာ စုရီဟူသည် အထွတ်အထိပ် ဧကရာဇ်တစ်ပါးဖြစ်ပြီး သူ၏ ပြိုင်ဘက်ကင်းတာအိုသည် မိုးပြာမျိုးစေ့အပေါ် ပြန်လည်ပျိုးထောင်သည်။

ကမ္ဘာဦးတာအို ... ။ အဓိပတိနန်းတော်နှင့် စကြာဝဠာတာအိုကို ပေါင်းစပ်ခြင်းဖြင့် သက်ရှိ အရာများစွာကို ဖန်တီးခြင်းပေပင်။

သူသည် အတိတ်ဘဝမှတ်ဉာဏ်များ နိုးထလာသည်မှာ တစ်နှစ်ကျော်သာ ရှိသေး၏။ သို့တိုင် ကျင့်ကြံမှုသည် သာမန်စစ်သည်တော် မှသည် ဝိညာဉ်တာအိုနယ်ပယ်ဆီသို့ ရောက်ရှိလာပြီဖြစ်သည်။

ထို့ကြောင့် မိုးပြာတိုက်ကြီး မပျက်သုဉ်းမီ ကျင့်ကြံမှုသည် ဧကရာဇ်နယ်ပယ်တက်လှမ်းပြီး ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်၏။

***

All Chapters