← Chapters

ငါနဲ့ မထိုက်တန်ပါဘူး ... ။

Vol. 51 Ch. 602

ငါနဲ့ မထိုက်တန်ပါဘူး ... ။

Vol. 51 Ch. 602

အဆုံးတွင် မိုးပြာတိုက်ကြီးအတွက် ရွှေခေတ်ပြီးဆုံးရန်အချိန်ကြာမြင့်ပြီး ဆုတ်ယုတ် ပြိုကျရန် သာ၍ကြာပေမည်။

သူ ထွက်ခွာသွားပြီးနောက်တွင် ဧကရာဇ်ရှအကာအကွယ်နှင့် အမှောင်ထဲမှ အားချန်ကြောင့် သာမန်အန္တရာယ်များသည် မိတ်ဆွေများအပေါ် ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။

မေလ ၁၅ ရက်။

မျက်မမြင်အဘိုးအိုသည် နတ်မိစ္ဆာချင်လောကို သတ်ကာ အင်မော်တယ် ဓားမျှော်စင်မှ ချာကျင်၊ဝမ်လင်ရွယ်၊ယွမ်ဟမ်၊ ကောချင်နှင့် အခြားသူများကို ပြန်ခေါ်လာခဲ့၏။

ထိုညနေခင်းတွင် စုရီတစ်ယောက် ယစ်မူးပြီးနောက် မိတ်ဟောင်းဆွေဟောင်းများ အပေါ် ဧည့်ခံသည်။

အိပ်ယာဝင်ချိန်၌ နင်စစ်ဟွာမှ အသံလုံဝင်္ကပါခင်းရန် သတိပေးခြင်းအပေါ် မမေ့ခဲ့ချေ။ ချင်းဝမ်သည် ရှက်ရွံ့စွာဖြင့် ဘူးသီးခြောက်ထဲမှ မထွက်နိုင်ဖြစ်သွားသည်။

နောက်တစ်နေ့မနက်တွင် စုရီ မျက်လုံးများဖွင့်ကြည့်လိုက်ချိန်၌ ချာကျင်မှာ ရေဘဝဲတစ်ကောင်လို သူ့ကိုရစ်ပတ်ထား၏။

မျက်နှာနီမြန်းလျက် ဆံပင်ရှည်များ ပွထနေကာ ကြောင်လေးတစ်ကောင်ကဲ့သို့ အသက်ရှူနေသည်။

အချိန်အတော်ကြာ လွမ်းဆွတ်နေသဖြင့် ယခင်သူမ ငြင်းဆန်လိုခဲ့သော အချင်းအရာများ အတွက်ပင် အထိန်းအကွပ်မဲ့ လိုက်လျောလာ၏။

ယင်းသည် ကြာရှည်စွာ မိုးခေါင်ပြီးနောက် အဆုံးတွင်မိုးရွာခြင်း၏ အကျိုးဆက်မျိုး ပေပင်။ ထိုစိတ်ခံစားချက်များသည် သူမကို သားရိုင်းကဲ့သို့ ရူးသွပ်စေ၏။

စုရီအတွက် တစ်ခုတည်းသော နောင်တသည် ချင်းဝမ်ကိုရပ်နားထားရခြင်း ပေပင်။ ယင်းသည် သူမအတွက် ကျင့်ကြံမှုကို နှောက်နှေးစေ၏။

( ကြည့်ရတာ ... ဒီကောင် စုရီက သုံးမွှာကျင့်ကြံဖို့ စိတ်ကူးနေပုံရတယ်။ )

ဤသည်မှာ သူပျင်းရိခြင်းကြောင့်မဟုတ်ဘဲ ချင်းဝမ်၏ ရှက်လွန်းသောကြောင့်ပေပင်။ နောင် အချိန်ကုန်သက်သာပြီး ထိရောက်စေရန် သူမကို ချာကျင်နှင့် ညှိနှိုင်းခိုင်းရပေမည်။

( တွေ့လား ... ဒီကောင် ကြံနေပြီ။ စုရီကိုရေးတဲ့ စာရေးဆရာအမည်က ‌ရွှေငါးလေး၊ သူ့အမျိုးသမီးက ကျောင်းဆရာမ။

မီးဖွားခွင့်ကုန်ပြီဆိုတော့ ဆရာမက ကျောင်းသွားနေပြီ။ ‌လသားအရွယ် သူ့သမီးနဲ့ ရွှေငါးလေးဗျာများနေပုံရတယ်။ ဒီအခန်းကိုသာ မြင်ရင် ရွှေငါးလေးတော့ ကင်စားတာ ခံရတော့မယ်။ )

ဤရက်များအတွင်း ချာကျင်၊ ဝမ်လင်ရွယ်နှင့်မိတ်ဆွေများ ပေါင်းထည့်ခြင်း ကြောင့် မိုးပြာခြံဝန်းသည် ယခင်ထက် သိသိသာသာ အသက်ဝင်လာသည်။

“ ငါဖြတ်ကျော်နိုင်ပြီ။ ”

အခန်းထဲတွင် စုရီသည် တရားထိုင်ရာမှ နိုးထလာ၏။ ဧပြီလ (၁၁) ရက်နေ့တွင် သူသည် ဝိညာဉ်ပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်ရှိခဲ့သည်။

ယခုတစ်လကျော် ကြာပြီးနောက် ကျင့်ကြံမှုသည် အလယ်အလတ် ဝိညာဉ် ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိသွား၏။

ဤသည်မှာ သေငယ်သော အဆင့်မျှသာ ဖြစ်သော်လည်း သူ့အတွက်မူ ခွန်အား (၃၀%) တိုးလာခြင်းပေပင်။

ယင်းသည် ရွှမ်ကျောက် အဆင့် ဧကရာဇ်အချို့မှ သန့်စင်ထားသော အဆောင် ရတနာများသည် သူ့ကိုအန္တရာယ် မပြုနိုင်တော့ချေ။

လက်ရှိ ဝိညာဉ်တာအိုနယ်ပယ်တွင် သူ့ခွန်အားသည် တုနှိုင်းမဲ့နေသဖြင့် သဘာဝ အတိုင်း ရွှမ်‌ကျောက်ဧကရာဇ်များထံ အာရုံစိုက်ထားသည်။

ရွှမ်‌ကျောက်၊ရွှမ်ယုနှင့် ရွှမ်ဟဲ။ ထိုအဆင့် ကျင့်ကြံသူများမှာ ဧကရာဇ်များ ဖြစ်လေသည်။ အရိုင်းနယ်မြေ ကိုးပါး၌ တန်ခိုးရှင်များဖြစ်၏။

မိုးပြာတိုက်ကြီးအတွက်မူ နတ်ဘုရားများဖြစ်သည်။ ဧကရာဇ်အောက်ရှိ မည်သူမဆို ပုရွက်ဆိတ်များပေပင်။

သို့သော် စုရွှမ်ကြွယ်ဟူသည် ထိုဧကရာဇ်များ၏ ဘုရင်ဖြစ်သဖြင့် ၎င်းတို့ကို စိန်ခေါ်ဝံ့ချေပြီ။

ယခုအောင်မြင်မှုအရ ရွှမ်ကျောက်ဧကရာဇ်များအတွက် ငရဲဘုံကိုးပါး ဓားရောင်ဝါကိုပင် မလိုတော့ချေ။

“ ချွင် ... ။ ”

အတွေးဖြင့် ကောင်းကင်မိစ္ဆာကို ဆင့်ခေါ်ကာ စစ်ဆေးမိသည်။ မကြာသေးမီက မရေမတွက်နိုင်သော ရတနာများကိုအသုံးပြုပြီး ပြန်လည်သန့်စင်ထား၏။

ငရဲမီးတောက်ငှက်မိစ္ဆာ ဝိညာဉ်သည် ဓားအတွင်း၌ အကြာကြီး ပိတ်ခံထားရသည့်တိုင် အသွင်ပြောင်းမှုများစွာကို ကြုံတွေ့ခဲ့သည်။ ယင်းကြောင့် များမကြာခင် ငှက်မိစ္ဆာသည် ရုပ်ခန္ဓာကိုမွေးဖွားလာနိုင်ပေမည်။

တစ်ဆက်တည်းမှာပင် ၎င်းသည် သူ့ထံ၌ အစေခံရန်ဆန္ဒမျိုးပြသလာသည်။ လက်မခံဘဲ ဓားဝိညာဉ်အဖြစ်သာ ရှိစေခဲ့၏။

 “ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် မရောက်ခင် ဒီဓားရဲ့စွမ်းအားနဲ့ ငါလုံလောက် သင့်ပါပြီ။ ”

ထိုအချိန်တွင် ခြံတံခါးဝသို့ မော့ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က တံခါးလာခေါက်၏။

များမကြာခင် ဝမ်ရှင်းကျောက်ရောက်ပြီး မန်ပိုနန်းတော်မှ ရောက်လာကြောင်း သတင်းပို့ လေသည်။ စုရီက ချက်ခြင်းထကာ လိုက်ပါသွား၏။

“ ဆရာစု ... ခုနစ်ရက်အတွင်း ထွက်ခွာတော့မယ်ဆိုတာ အကြောင်းကြားဖို့ ငါလာတာပါ ... ကျေးဇူးပြုပြီး ကြိုတင် ပြင်ဆင်ထားပါ။ ”

စုရီကို တွေ့သောအခါ ရွယ်ယီမှ တိုက်ရိုက်ပြောကြားလာသည်။ စုရီတစ်ယောက် အံ့အားသင့်သွားပြီး၊

“ နှစ်ဝက်ကြာမှ ဆို ... ခုတစ်လပဲ ရှိသေးတယ် မဟုတ်လား။ ”

“ ရိုးသားစွာ ပြောရရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မရဿကမ္ဘာကနေလာတဲ့ စီနီယာတစ်ယောက်က ဂိုဏ်းနဲ့ ဆက်သွယ်ဖို့ ကူညီပေးခဲ့ပါတယ် ...

... ငါ့ဂိုဏ်းရဲ့ အကြီးအကဲတွေက ငါတို့ကိုပြန်ခေါ်ယူဖို့ ချက်ချင်း ပြင်ဆင်လာ နေပါပြီ။ ”

“ အဲဒီစီနီယာဆိုတာ ဘယ်သူလဲ။ ”

မန်ပိုနန်းတော်ကို အမိန့်ပေးနိုင်သော ထိုစီနီယာသည် သာမန်လူ မဖြစ်နိုင်တော့ချေ။ ရွယ်ယီမှ ခေါင်းယမ်းပြီး၊

“ ငါမသိဘူး ... ။ ”

-ဟု တု့န်ပြန်သည်။ သို့သော် စုရီ မယုံကြည့်မည်ကို စိုးရိမ်လျက်၊

“ စီနီယာက ငါတို့နဲ့တွေ့တဲ့အခါ သူ မရဏကမ္ဘာကနေ လာခဲ့တာလို့ ပြောပါတယ် ငါ့ဂိုဏ်းက တတိယအကြီးအကဲနဲ့ ... သူတို့ မိတ်ဆွေတွေလို့ ပြောပါတယ် ...

... သူ့ဇစ်မြစ်နဲ့ အထောက်အထားကို မေးတဲ့အခါ သူက မပြောဘူး အဲဒီအစား သူက တံဆိပ်တစ်ခုထုတ်ပြီး ... ငါ့ဂိုဏ်းရဲ့ တတိယ အကြီးအကဲပေးထားတာလို့ ပြောတယ်။ ”

“ ဒါဆို ... အတည်ပြုနိုင်လား။ ”

“ မှန်ပါတယ် ... ဒါက မေ့လျော့ခြင်းမြစ်ကူးတံဆိပ်ပဲ။ ”

“ ကောင်းပြီ ... ခုနစ်ရက်အတွင်း မင်းထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီမို့ ကန့်ကွက်စရာ မရှိဘူး။ ”

“ ကောင်းပြီ ... ငါတို့ ခုနစ်ရက်နေရင်တွေ့မယ်။ ”

ရွယ်ယီမှ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

“ ဒါက ခရီးတစ်ခုပဲ ဘာတွေဖြစ်နေကြတာလဲ။ ”

စုရီက သူအနားတွင် ဝိုင်းနေသော မိတ်ဆွေများကို ကြည့်ကာ ပြောကြားလိုက်၏။

“ ဒါက ငါပြန်မလာတော့မယ့်ပုံမျိုး မလုပ်ကြနဲ့ ... ယွမ်ဟမ် ... ငါဒီမှာရှိနေတုန်း လူပွဲလုပ်ပေးပါ ... ။ ”

“ ဟုတ်ကဲ့ သခင် ... ။ ”

ယွမ်ဟမ်မှ နာခံပြီး ထွက်သွားသည်။ အချိန်များ တဖျပ်ဖျပ် ကုန်လွန်နေ၏။ မျက်စိ တမှိတ်အတွင်း (၆)ရက်ကုန်သွားသည်။

“ မျက်မမြင်အဘိုးကြီး၊ ငါတို့ ထွက်သွားရတော့မယ်။ ”

စုရီက လက်ဝှေ့ယမ်းကာ လေထဲ ပျံသန်းလျက် ချက်ချင်းပျောက်ကွယ်သွားချေပြီ။ တစ်ချက်ပင် လှည့်မကြည့်တော့ချေ။

မျက်မမြင် အဘိုးအိုသည်ပင် မျက်ခုံးပင့်လျက် ကမန်းကတန်း လိုက်ပါသွား ခဲ့ရသည်။ လူတိုင်း နိုးထလာချိန်၌ စုရီအခန်းသည် ဗလာဖြစ်နေသည်။

***

တောင်ကြားတစ်နေရာတွင် မန်ပိုနန်းတော်၏ အဖွဲ့ဝင်များအားလုံး စုစည်း နေကြသည်။

“ တာအိုစု ကျေးဇူးပြုပြီး ဒီလမ်း ... ။ ”

နဝမအကြီးအကဲက ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး စုရီကို ခရီးဦးကြိုပြုချေသည်။ သူ့ဘေးတွင် စွေ့ကျင်းယန်နှင့် ရွယ်ယီပါရှိ၏။

“ ကမ္ဘာကြီးကို အနှစ်သုံးသောင်း စိုးမိုးထားတဲ့ အင်မော်တယ်စုရီ ရောက်လာပြီ။ ”

စွေ့ကျင်းယန်မှ နှုတ်ဆက်သည်။ သူမ အသံသည် ငြိမ့်ညောင်းပြီး ရွှင်မြူးနေခဲ့သည်။ စုရီက လျစ်လျူရှုလိုက်၏။

နဝမအကြီးအကဲက စုရီနှင့် မျက်မမြင်အဘိုးကြီးကို ခန်းမဆောင်ထဲသို့ ဖိတ်ခေါ်သွားသည်။

ခန်းမအတွင်း ညလင်းပုလဲများဖြင့် အလှဆင်ထားကာ ပွဲတစ်ခုစီစဉ်ပြီးဖြစ်သည်။ စားပွဲတစ်နေရာတွင် အနက်ဝတ်အဖိုးအိုနှင့် အဖြူဝတ်လူငယ်တစ်ယောက် ထိုင်နေ၏။

အဖိုးအိုအသွင်အပြင်သည် သွယ်လျပြီး အနေအထိုင် အေးချမ်းကာ အရက်ကို အရသာခံ သောက်နေသည်။

အဖြူရောင်၀တ် လူငယ်သည် ထက်မြက်သော မျက်ခုံးမွှေး၊ တောက်ပသော မျက်ဝန်းနှင့် သူရဲကောင်းဆန်လွန်းသည့် အသွင်အပြင်မျိုးရှိနေ၏။

“ ဒါ ... မိတ်ဆွေစု ဖြစ်ပုံရတယ် ... မင်းရဲ့နာမည်ဂုဏ်သတင်းကို ငါ ကြားဖူးနေတာ ကြာပါပြီ ... အခု မင်းကိုတွေ့ရတော့ တကယ် ထိုက်တန်ပါပေတယ်။ ”

အဘိုးအိုမှ ပြုံးပြီး နှုတ်ဆက်၏။ သူ့မျက်လုံးများသည် သိမ်မွေ့ပြီး အေးချမ်းကာ အသံသည် လန်းဆန်းနွေးထွေးစေသည်။

“ ငါနဲ့ ငါ့တပည့်က ခရီးသွားတွေပါ ... ဒါကြောင့် ငါတို့အမည်ကို ပြောမပြနိုင်တာ နားလည်မယ်ထင်ပါတယ်။ ”

အဖိုးအိုမှ ဆက်ပြော၏။ စုရီသည် အဘိုးအိုထံမှ အကြည့်ကိုခွာကာ အဖြူဝတ် လူငယ်လေးဆီသို့ ရွေ့လိုက်သည်။ ထို့နောက် ချက်ချင်းခေါင်းညိတ်ပြကာ၊

“ ငါ နားလည်တယ်။ ”

-ဟု တုန့်ပြန်၏။

ထိုအဖြေကိုကြားချိန်၌ အဖိုးအိုက ပေါ့ပေါ့ပါးပါးပြုံးလျက် အလေးအနက်မထားဘဲ မျက်မမြင်အဘိုးအိုထံ ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် အဖိုးအိုသည် ချက်ချင်းလေးနက်သွားကာ ခေါင်းငုံ့လျက်၊

“ ဒီက မိတ်ဆွေက ... တစ္ဆေ ခေါင်းတလားထမ်း အဆက်အနွယ်ဖြစ်မယ် ထင်ရပါတယ်။ ”

-ဟု နှုတ်ဆက်၏။

စုရီနှင့် မျက်မမြင်အဘိုးအိုအပေါ် သူဆက်ဆံသည့် ကျင့်ဝတ်အရ ကွာခြားချက်မှာ ထင်ရှားနေချေပြီ။ ဤသည်မှာ သာမန်ဖြစ်၏။

မရဏကမ္ဘာတွင် ခေါင်းတလားထမ်း မျိုးရိုးသည် လျှို့ဝှက်ဆန်းကြယ်သောအင်အားစု တစ်ခုဖြစ်သည်။

သူ့အနေဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ သို့သော် မျက်မမြင်အဘိုးအိုက ခေါင်းခါပြပြီး၊

“ အခု ... ငါက လေလွင့်နေတဲ့ တစ္ဆေတစ်ကောင်ပဲ ... ငါ့ကို သူ့နောက်လိုက်ခွင့် ပေးတဲ့ ဆရာစုကိုသာ ကျေးဇူးတင်ရမယ် ဒီလိုလေးစားမှုက ငါနဲ့ မထိုက်တန်ဘူး။ ”

-ဟု ငြင်းဆန်လိုက်တော့၏။

***

All Chapters