ငါ စုရွှမ်ကြွယ် ... ။
Vol. 51 Ch. 605
“ ဒါလည်းဖြစ်နိုင်တယ် ... နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ် တကယ်တော့ မရဏကမ္ဘာကို စုရွှမ်ကြွယ်လာတာက ...
... လူဝင်စားခြင်း လျှို့ဝှက်ချက်ကို ရှာဖွေဖို့ဆိုတာပဲ ဒီအကြောင်းကို လူအနည်းငယ် သိတယ် ...
... ပြီးတော့ မရဏကမ္ဘာမှာ လူဝင်စားခြင်းလျှို့ဝှက်ချက်တွေကို သိနိုင်တာ ခေါင်းတလားထမ်း သရဲအိုကြီးနဲ့ အခြားလူ လက်တစ်ဆုပ်စာပဲရှိတယ် ...
... လူတိုင်းက နတ်ဓားရှင်ဟာ ပိုမြင့်တဲ့လမ်းကို ရှာနေတုန်း ကျင့်ကြံမှုမှာ ပြဿနာကြုံရပြီး သေဆုံးသွားခဲ့တယ်လို့ ပြောနေကြတယ် ...
... ဒါပေမယ့် မရဏကမ္ဘာမှာတော့ စုရွှမ်ကြွယ်ဟာ လူဝင်စားခြင်း သံသရာထဲ ဝင်ရောက်ပြီး ပြန်လည်မွေးဖွားခဲ့တယ်လို့ ကောလဟာလ ထွက်နေတယ်။ ”
ထိုအချိန်တွင် အဖိုးအိုအမူအရာသည် ထူးဆန်းလာကာ ကြောက်ရွံ့မှုနှင့် တောင့်တမှု အရိပ်အမြွက်များ ဖြစ်ပေါ်လာသည်။
“ ဆရာ ... သူ့သခင် လူပြန်ဝင်စားတယ်လို့ သံသယရှိနေရင် ပင်းမိုက သွေးသခင်ဝူကျန့်ကို ဘာလို့သတ်လိုက်တာလဲ။ ”
အဖိုးအိုမှ ခေါင်းညိတ်ပြီး၊
“ ဒါ ငါပြောနေတဲ့ တခြားဖြစ်နိုင်ချေပဲ တိကျတဲ့အဖြေအတွက်တော့ ... အဲဒီမျက်မမြင် အဘိုးကြီးသာ သိနေမှာကို ကြောက်မိတယ်။ ”
-ဟု ထပ်လောင်းပြောသည်။ အဖြူဝတ်လူငယ်မှာ ပို၍ရှုပ်ထွေးလာတော့၏။ ထို့နောက် အဖိုးအိုမှ ခေါင်းညိတ်ကာ၊
“ ငါ့အထင်သာမှန်ရင် ဒီမျက်မမြင်အဘိုးကြီးဟာ သွေးသခင်ဝူကျန့်ရဲ့ တပည့်ဖြစ်ရမယ် သူ့သခင်ကို သတ်ခဲ့တဲ့သူကို လူတိုင်းထက် သူပိုသိသင့်တယ် ...
... ဒါပေမယ့် အံ့သြစရာကောင်းတာက သူမိုးပြာတိုက်ကြီးမှာ ပေါ်လာပြီး စုရီလို့ခေါ်တဲ့ လူငယ်တစ်ယောက်ကို စီနီယာတစ်ယောက် အဖြစ် လေးစားနေတယ်။ ”
-ဟု မှန်းဆမရဟန် ရေရွတ်လိုက်သည်။
သူ့စကားအဆုံးတွင် အဖြူဝတ် လူငယ်မျက်နှာမှာ ရုတ်တရက် ပြောင်းသွားပြီး တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့်၊
“ ဆရာ ... မင်းပြောချင်တာက ဒီစုရီက ... စုရွှမ်ကြွယ်။ ”
“ မဟုတ်ဘူး။ ”
အဖိုးအိုက ခေါင်းရမ်းလိုက်၏။ ထို့နောက် သက်ပြင်းချကာ၊
“ သူသာ စုရွှမ်ကြွယ်သာဆိုရင် အသက် (၅၀၀)ရှိသင့်နေပြီ ... အခုသူ့ရဲ့သွေးနဲ့ချီကတော့ (၁၈)နှစ်ပဲရှိသေးတယ် ... ဒါက အတုလုပ်ဖို့ လုံးဝမဖြစ်နိုင်သလို လျှို့ဝှက်နည်းပညာနဲ့ ဖုံးကွယ်ထားလို့လည်း မရဘူး။ ”
ဤတစ်ကြိမ်၌ အဖြူဝတ်လူငယ်သည် သက်ပြင်းချလိုက်လေသည်။ အမှန်တရားသည် အမှန်တကယ်ပင် မယုံနိုင်စရာပေပင်။
နောက်ဆုံးတွင် စုရွှမ်ကြွယ် လူပြန်ဝင်စားနိုင်ခြင်း ရှိ၊မရှိ မေးခွန်းသည် ဒဏ္ဍာရီတွင်သာ တည်ရှိသော လျှို့ဝှက်ချက် ဖြစ်နေ၏။
ထိုကောလာဟလ သည်သာ အမှန်တကယ်ဖြစ်ပွားခဲ့သော် မည်သူမဆို တုန်လှုပ်သွားပေလိမ့်မည်။
အဆုံးတွင် မိုပြာတိုက်ကြီးမှ လူငယ်တစ်ဦးသည် ဒဏ္ဍာရီလာ နတ်ဓားရှင်နှင့် ချိတ်ဆက်နေမည်ဟူသော ကောက်ချက်သာ ချနိုင်၏။
“ ဘာပဲဖြစ်ဖြစ် ... ဒီစုရီရဲ့ဇစ်မြစ်က ထူးဆန်းပြီး ရှုပ်ပွနေတယ် အဲဒါကို ပိုတွေးလေ၊ ပိုဆန်းကြယ်လေပဲ... ဒါပေမယ့် ဒါက ငါတို့နဲ့ မဆိုင်ပါဘူး ဒါကြောင့် စိုးရိမ်မနေနဲ့။ ”
“ ဆရာ၊ မင်းပြောတာမှန်တယ် သူ့မှာ လျှို့ဝှက်ချက်ဘယ်လောက်ပဲ ရှိနေပါစေ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ”
“ အဲဒီလိုတော့လည်း မဟုတ်သေးဘူး ငါတို့ရဲ့မူလကို သူ မြင်ပြီး ငါတို့ရှာနေတာကို သူ သိနေတယ် ဒါက ငါတို့အတွက် နည်းနည်းတော့ ကသိကအောက်ဖြစ်စေတယ် မဟုတ်လား။ ”
အဖြူဝတ်လူငယ်မှ ခေါင်းညိတ်လိုက်၏။ အဆုံးတွင် တွေဝေစွာဖြင့်၊
“ ဒါဆို ဆရာ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။ ”
-ဟု မေးမြန်းလိုက်တော့သည်။ အနက်ဝတ်အဖိုးအိုခမျာ သက်ပြင်းချလိုက်၏။
“ မနက်ဖြန် ... ငါ သူနဲ့ စကားနည်းနည်း ပြောကြည့်လိုက်မယ်။ ”
***
ထိုညမှာပင်။
“ ဆရာစု ... ငါ့မှာမေးစရာရှိတယ် ။ ”
မျက်မမြင်အဘိုးကြီးက တိုးတိုးလေးပြောသည်။ စုရီမှ ကုလားထိုင်ပေါ် လှဲလျောင်းလျက် မေးဆက်ပြ၏။
“ အခုအချိန်မှာ မန်ပိုနန်းတော်က ငါ့ရဲ့လက္ခဏာကို ဖော်ထုတ်နိုင်ရုံတင် မကဘဲ အဲဒီဆရာနဲ့တပည့်တွေတောင် သိနေကြပြီ ...
... ဒီသတင်းတွေသာ ထွက်လာရင် ငါမရဏကမ္ဘာကို ပြန်ရောက်တဲ့အခါ ဒုက္ခဖြစ်မှာ စိုးရိမ်မိပါတယ်။ ”
“ ဒါက မကောင်းတာတော့မဟုတ်ပါဘူး။ ”
စုရီမှ ပေါ့ပေါ့ပါးပါးတုန့်ပြန်သဖြင့် မျက်မမြင်အဘိုးကြီးခမျာ အံ့အားသင့်သွား၏။ စုရီကပြုံးလျက်၊
“ မင်းရဲ့သခင် ... သေဆုံးသွားတာ နှစ်ရာချီသွားပေမယ့် ဘယ်သူမှတော့ သတိ မထားမိဘူးလို့ မဆိုလိုပါဘူး ...
... ဒါကြောင့် မင်းကို တစ္ဆေမျိုးရိုး ခေါင်းတလားထမ်း အဆက်အနွယ်ဖြစ်ကြောင်း လူတွေသိခဲ့ရင် တစ်စုံတစ်ယောက်က ငါတို့ တံခါးကို လာခေါက်လိမ့်မယ် ... ဒါဆို ငါတို့ မပင်ပန်းတော့ဘူး မဟုတ်လား။ ”
ဤသည်မှာ ရန်သူများကို မြှားရန် သူ့ကိုအသုံးပြုနေခြင်းဖြစ်ကြောင်း မျက်မမြင် အဘိုးအိုမှ သဘောပေါက်သွားလေသည်။
ချက်ချင်းပင် မျက်မမြင်အဘိုးအိုတစ်ယောက် တုန်လှုပ်ချောက်ချားသွားပြီး၊
“ ဆရာစု ... အဲဒီပင်းမိုကို ... ငါတို့ဆွဲဆောင်မိရင် ဒုက္ခရောက်လိမ့်မယ် မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
သူသည် ထိုလူကို ရှောင်ရှားရန် မရဏကမ္ဘာမှ ထွက်လာခြင်းဖြစ်လေသည်။ ထို့ကြောင့် ပင်မိုသာ ရောက်ရှိလာသော် ခက်ပေမည်။
“ သူ လာဖို့ တကယ်သတ္တိရှိရင် ... မင်းသခင်အတွက် ငါကိုယ်တိုင်ဖြေရှင်းပေးမယ် ဒါက လက်စားချေရာရောက်တယ်။ ”
ထိုစကားကြောင့် မျက်မမြင်အဘိုးအိုမှာ နှလုံးခုန်မြန်လာတော့၏။ ပင်းမိုသည် မည်သူ ဖြစ်သနည်း။
အရိုင်းပြည်နယ်ကိုးပါးရှိ ဧကရာဇ်များသည်ပင် ဦးညွှတ်စေရသော တန်ခိုးရှင်ဖြစ်သည်။ သို့သော် ဆရာစုသည် လုံးဝ ဂရုစိုက်ပုံမပြချေ။
ဤအရာသည် မျက်မမြင်အဘိုးအိုကို အချိန်အတော်ကြာ တိတ်ဆိတ်သွားစေတော့၏။ အဆုံး၌ သက်ပြင်းချကာ၊
“ တစ်ခါတစ်လေ မင်းကို ငါ့ဂိုဏ်းတည်ထောင်သူနဲ့ အလောင်းအစား လုပ်ခဲ့ဖူးတဲ့ ... အဲဒီအဖိုးကြီးစုလို့တောင် သံသယဝင်လာမိတယ်။ ”
-ဟု ညည်းတွားလေသည်။ ဤမှတ်ချက်ကြောင့် စုရီကမျက်ဝန်းများ ပြန်ဖွင့်လာကာ၊
“ မင်းထင်နေတာ အမှန်ပါပဲ။ ”
-ဟု တုန့်ပြန်လိုက်၏။
မျက်မမြင်အဘိုးကြီးခမျာ ခဏမျှ ထိတ်လန့်သွားပြီး အမူအရာ ထူးထူးခြားခြား လေးနက်လာတော့သည်။
“ ဆရာစု၊ မင်းမရဏကမ္ဘာကို ရောက်ရင် ဒီလိုကိစ္စမှာ နောက်ပြောင်တာမျိုး မလုပ်ရဘူး မဟုတ်ရင် မင်းအန္တရာယ်ကြုံရလိမ့်မယ် ...
... ဆရာစု ... မင်းမသိဘူး အဖိုးကြီးစုက ဆုံးပါးသွားပေမယ့် မရဏကမ္ဘာမှာ သူ့ရဲ့သြဇာ လွှမ်းမိုးမှုတွေ ဆက်ရှိနေတုန်းပဲ ...
... ငါတို့မရဏကမ္ဘာမှာ သြဇာကြီးတဲ့ အကြီးအကဲတချို့က သူနဲ့ရင်းနှီးတဲ့ခင်မင်မှု ရှိတယ် မင်းရဲ့စကားက အဖိုးကြီးစုအပေါ် မလေးမစားလုပ်တာမျိုး ဖြစ်နေရင် ...
.. မင်း မလိုလားအပ်တဲ့ ဒုက္ခတွေ ရောက်လာပါလိမ့်မယ် ငါသခင် အသက်ရှင် နေသေးတယ်ဆိုရင်တောင် မင်းဆီက ဒီလိုစကားမျိုးသာကြားရင် ...
... ဒေါသဖြစ်မှာ သေချာတယ်၊ သူက အဖိုးကြီးစုကိုလေးစားပြီး သူ့အကြောင်းကို ပေါ့ပေါ့တန်တန် မှတ်ချက်ပေးတတ်တဲ့ ဘယ်သူ့ကိုမဆို စက်ဆုပ်ရွံရှာတယ်။ ”
ဤတစ်ကြိမ်၌ မျက်မမြင်အဖိုးကြီး လေးသံမှာ လေးလေးနက်နက် တင်းမာစွာ ဆိုလေသည်။
စုရီတစ်ယောက် နှုတ်ခမ်းများ လှုပ်ယမ်းသွားကာ ပြုံးမိ၏။ ဤအဖိုးအိုသည် အမှန်ပင် မျက်စိကန်းနေချေပြီ။
“ ကောင်းပြီ ... အခု ငါနားတော့မယ်။ ”
စုရီမှ ငြင်းခုန်ရန် ဆန္ဒမရှိတော့ဘဲ မျက်လုံးမှိတ်ကာ မြန်မြန် အိပ်မောကျသွား တော့သည်။
မျက်မမြင် အဘိုးအိုသည် ဆရာနှင့် တပည့်အကြောင်း မေးမြန်းလိုသော်လည်း ရပ်တန့်လိုက်ရ၏။
မနက်ဖြန်တွင် သူသည် မရဏကမ္ဘာသို့ ပြန်သွားရပေမည်။ ဆရာအတွက် မည်သည့် အချိန်၌ လက်စားချေနိုင်မည်မှန်း မသိတော့ချေ။
တွေးကြည့်ရုံမျှဖြင့် သူ့အပေါ် စိတ်ပျက်အားငယ်မှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်လာစေသည်။
“ဘာပဲဖြစ်ဖြစ် ဆရာစုနဲ့အတူ အနည်းဆုံးတော့ မျှော်လင့်ချက် အလင်းတန်း တစ်ခု ရှိပါသေးတယ်။ ”
မျက်မမြင်အဘိုးကြီးက တစ်ကိုယ်တည်း ရေရွတ်ကာ အခန်းထောင့်သွားပြီး အိပ်နေလိုက် တော့သည်။
မည်သို့ပင်ဆိုစေကာမူ ပင်းမိုသာ ရောက်ရှိလာသော် လက်စားချေပေးမည်ဟု ကတိပေးဝံ့သော လူသည် ဤကမ္ဘာကြီး၌ စုရီတစ်ယောက်သာရှိနိုင်ပေမည်။
***