မရဏကမ္ဘာသို့ ... ။
Vol. 51 Ch. 606
နောက်နေ့မနက် အင်မော်တယ် တောင်တန်းကြီး၏ အထက်ကောင်းကင်ယံ၌ အလင်းရောင်များ အုံ့မှိုင်းနေ၏။
မန်ပိုနန်းတော်ရှေ့တွင် နဝမမြောက် အကြီးအကဲ၊ စွေ့ကျင်းယန်နှင့် ရွယ်ယီရပ်နေ၏။ အခြားသော အဖွဲ့ဝင်များသည် ပလ္လင်တစ်လုံးကို တည်ဆောက်နေကြသည်။
စုရီ၊ မျက်မမြင် အဘိုးအို၊ အနက်ဝတ် အဖိုးအိုနှင့် အဖြူရောင်၀တ် လူငယ် တို့သည် အနားတွင် စောင့်ဆိုင်းနေကြသည်။
“ တာအိုမိတ်ဆွေ ... မင်းစိတ်ဝင်စားမလားမသိဘူး။ ”
ရုတ်တရက် အနက်ဝတ်အဖိုးအိုမှ စုရီနှင့် စကားပြောရန်ပြင်၏။ စုရီက ကုလားထိုင်တွင် ထိုင်လျက်ဖြင့်၊
“ ပြောပါ ... ။ ”
-ဟု တုန့်ပြန်သည်။
“ တာအိုမိတ်ဆွေ ... ငါ မဟာရှကို မရောက်ခင် ထူးဆန်းတဲ့ ရွာလေးတစ်ရွာကို တွေ့ခဲ့ရတယ်။ ”
ထို့နောက်တွင် အနက်ဝတ်အဖိုးအိုက ကြိမ်ကုလားထိုင်ပေါ်ရှိ စုရီကို စကားစမြည် ပြောရန် စတင်လိုက်သည်။
မျက်မမြင် အဘိုးအိုက ရွာလေးတစ်ရွာကြောင့် အံ့အားသင့်ခဲ့ရသည် ဟူသော ဧကရာဇ်တစ်ပါးကို ပထမဆုံး မြင်ဖူးခြင်းပေပင်။
“ အဲဒီရွာလေးအပေါ် ကံကောင်းခြင်းတွေ လွှမ်းခြုံထားတယ် ရလဒ်အနေနဲ့ ရွာသားတိုင်း ကျန်းမာပြီး ပျှော်ရွှင်ရတယ်။ ”
မျက်မမြင်အဘိုးအိုမှ မျက်ခုံးပင့် လိုက်လေသည်။ ဤသည်မှာ သာမာန်ဖြစ်၏။ အချို့သောဒေသများသည် ရွှေခေတ်ကြောင့် ပြောင်းလဲလာခြင်းပေပင်။
“ အဲဒီရွာက ဘယ်လောက်တောင် ဆန်းကြယ်နေလို့လဲ။ ”
မျက်မမြင်အဘိုးအိုခမျာ သည်းမခံနိုင်တော့ဘဲ ဝင်မေး၏။ အနက်ဝတ် အဖိုးအိုကခေါင်းညိတ်ပြပြီး၊
“ ငါ့တပည့်နဲ့ ရွာထဲကို ဝင်ကြည့်တော့ တကယ့်ကို အံ့ဖွယ်ကောင်းတဲ့ လက်ရေးစက္ကူ အဆောင်တစ်ခုကို တွေ့လိုက်ရတယ်။ ”
-ဟု တုန့်ပြန်၏။
ထိုအချိန်တွင် မျက်မမြင်အဘိုးကြီးနှင့် မန်ပိုနန်းတော်၏ အဖွဲ့ဝင်များမှာ စိတ်ဝင်တစား ဖြစ်လာကြသည်။
“ မင်း ... ချောင်ရှ ရွာကိုပြောနေတာလား။ ”
ရုတ်တရက် စုရီမှ မေးမြန်းလိုက်၏။
“ တာအိုမိတ်ဆွေ မင်းအဲဒီရွာလေးကို သိနေတာလား။ ”
“ ဒါ အံ့သြစရာတော့ မဟုတ်ပါဘူး ... အဲဒီအဆောင်ကို ချောင်မောင်နှစ်မအတွက် ငါရေးပေးခဲ့တာဆိုရင် မင်းယုံမလား။ ”
ဤစကားသည် အနက်ဝတ်အဖိုးအိုကို တုန်လှုပ်သွားစေ၏။ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း များဖြင့် ပြည့်နှက်လာချေပြီ။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မယုံဘူး။ ”
အဖြူဝတ်လူငယ်မှ သူ့ဆရာအစား သည်းမခံနိုင်တော့ဘဲ ဝင်ပြောသည်။ မျက်မမြင် အဘိုးအိုက မျက်မှောင်ကြုတ်လျက်၊
“ မင်း ... ဘာလို့ ဒီလိုထင်ရတာလဲ။ ”
-ဟု မေးမြန်လိုက်၏။ အဖြူဝတ်လူငယ်က၊
“ ဒီလက်ရေးလှ အဆောင်မှာ အရိုင်းမြေကိုးပါးက ပထမတန်းစားဂိုဏ်းတွေရဲ့ လျှို့ဝှက်ချက်အမွေ ပါ၀င်နေတယ် ...
... ဒီလိုအမိန့်မျိုးကို ရေးသားအသက်သွင်းဖို့အတွက် ဧကရာဇ် တစ်ပါး လိုအပ်တယ်။ ”
သူ့စကားများသည် လူတိုင်းကို အံ့အားသင့်စေကာ အဆုံးတွင် အနက်ဝတ် အဖိုးအို ထူးဆန်းနေရသည့် အကြောင်းထံ နားလည်သွားခဲ့ကြသည်။
အရိုင်းမြေကိုးပါး၏ အမွေသည် မိုးပြာတိုက်ကြီးရှိ ဤသို့သော ရွာကလေးတွင် မည်သို့ထွက်ပေါ်လာမည်နည်း။
အလားတူပင် အဖြူဝတ်လူငယ်၏ အတွေးများ မမှားချေ။ စုရီသည် ထိုသို့သော အဆောင်ကို မချန်နိုင်ကြောင်း မြင်သာ၏။
စုရီသည် ဝိညာဉ်တာအိုနယ်ပယ် ၌သာဖြစ်သည်။ ထိုကွာဟချက်များသည် တုပ၍ မရချေ။ စွေကျင်းယန်မှ ပြုံး၏။
“ တာအိုစု ... မင်းရဲ့ ကြွားဝါမှုတွေကို ဖော်ထုတ်ခံလိုက်ရသလိုပဲ။ ”
စုရီက ပြုံးပြသည်။ ရှင်းပြခြင်း မပြုချေ။ ယင်းအစား အနက်ဝတ်အဖိုးအိုထံ ကြည့်ကာ၊
“ မင်းယုံသလား ။ ”
-ဟု ထပ်မေးခဲ့သည်။
အချို့သော အမှန်တရားများသည် ရှုမြင်သူများ၏ အဆင့်အတန်း၌ မူတည်သဖြင့် ရှင်းပြခြင်းသည် သံသယပိုဝင်စေမည်။
အနက်ဝတ်အဖိုးအိုမှ တုံ့ဆိုင်းလျက် စကားပြောချင်သော်လည်း ချီတုံချတုံ ဖြစ်နေ တော့၏။ တစ်ခုခုလွဲနေပြီဟု သူ ခံစားမိကာ မည်သည့်နေရာတွင် ဖြစ်မည်ကို ရှာမရချေ။
“ ပလ္လင်ပြီးပြီ ... ဂိုဏ်းရဲ့ ဆက်သွယ်မှုကို ရှာဖွေနိုင်ပါပြီ။ ”
တစ်စုံတစ်ယောက်မှ အော်ဟစ် သတင်းပို့သည်။ အနံသုံးမီတာခန့်ရှိသော အနက်ရောင်ယဇ်ပလ္လင်ကို အဋ္ဌဂံပုံစံ တည်ဆောက်ထား၏။
၎င်းကိုယ်ထည်တွင် တားမြစ် တာအိုရူရ်များဖြင့် ဖုံးအုပ်ထား၏။ အနက်ဝတ် အဖိုးအိုက အာရုံပြောင်းသွားပြီး၊
“ တာအိုမိတ်ဆွေ ငါတို့ မရဏကမ္ဘာကို သွားရတော့မယ် ငါမင်းကို တောင်းဆိုစရာတစ်ခု ရှိပါတယ်။ ”
-ဟု စုရီထံ လှည့်ကြည့်ကာ စကားစသည်။ စုရီမှ လက်ပြလျက် ကုလားထိုင်မှ ထရပ်ပြီး၊
“ မင်းအကြောင်း ငါစိတ်မဝင်စားဘူး။ ”
-ဟု ပြောကြားလိုက်သည်။ ယင်းသည် နားထောင်ရ ကသိကအောက် ဖြစ်သော်လည်း အနက်ဝတ်အဖိုးအိုကို သက်သာရာရစေ၏။
“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”
တစ်ဆက်တည်းမှာပင် သူ့အသံကို တုန်ခါမှုမရှိစေရန် ထိန်းထားရ၏။ တစ်ဖက်လူ အနေဖြင့် သူ့တို့အပေါ် အမှန်ပင်မြင်ကြောင်း အတည်ပြုနိုင်လိုက်ပြီဖြစ်သည်။
“ ဂျိန်း ... ။ ”
ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံသည် မိုးကုတ်စက်ဝိုင်း အနှံ့ ပဲ့တင်ထပ်လာသည်။
ပလ္လင်ရှိ တာအိုရူရ်များ ချက်ချင်း တောက်ပလျက် သုံးမီတာအချင်းဝက်ရှိသော အလင်းတန်းကြီးပေါ်လာ၏။
“ အားလုံးပဲ မရဏကမ္ဘာရဲ့ အာကာသအတားအဆီးကို ဖွင့်တော့မယ် ကျေးဇူးပြု၍ ပြင်ဆင်ပါ။ ”
နဝမမြောက် အကြီးအကဲမှ လေးနက်သော အသံဖြင့် သတိပေးသည်။ သူ့စကားဆုံးသည်နှင့် တပြိုင်နက် ရောင်စုံအလင်းများ ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာပြီး ယဇ်ပလ္လင်ပေါ် ဖုံးအုပ်သွား၏။
တုန်လှုပ်နေသည့် ထိုပလ္လင်သည် ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် ကမောက်ကမအတွင်း ရုတ်တရက် မျောပါသွားသည်။
“ အားလုံး ကျေးဇူးပြုပြီး သတိထားပါ။ ”
နဝမမြောက်အကြီးအကဲမှ လူတိုင်းကို သတိပေး၏။ စုရီက ရုတ်ချဉ်း ကျောက်စိမ်းပြား တစ်ခုကိုထုတ်ကာ အသက်သွင်းလိုက်သည်။
ရုတ်တရက် လေဟာနယ်အတွင်း ကြွတက်နေသော ပလ္လင်ထံမှ ထူးဆန်းသော အတက်အကျလှိုင်းများ ထွက်ပေါ်လာပြီး စုရီလက်ထဲသို့ စီးဝင်ကုန်သည်။
“ တာအိုစု ... မင်း ဘာလုပ်နေတာလဲ။ ”
နဝမမြောက် အကြီးအကဲမှ မေးသည်။
“ ဒါ အာကသဆုံမှတ်ကို ... မှတ်သားထားတာပဲ တစ်နေ့ မိုးပြာတိုက်ကြီးကို ပြန်လာချင်ရင် လမ်းစရှာရလွယ်အောင်ပါ။ ”
စုရီအဖြေကြောင့် လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကာ စိတ်နှလုံး၌ တဆက်ဆက် တုန်သွားလေသည်။
ဤသည်မှာ ဧကရာဇ်များသာ ရေးထိုးနိုင်သော အာကာသဆုံမှတ်ပင်လော။ ယင်းကို အနည်ပြုနိုင်ရန် အနက်ဝတ်အဖိုးအိုထံ အလိုလို လှည့်ကြည့်ကုန်၏။
အနက်ဝတ်အဖိုးအိုက မုတ်ဆိတ်မွေးများကို လှုပ်ယမ်းကာ ပြုံးပြလျက်၊
“ တာအိုမိတ်ဆွေ ... မင်းက လျှို့ဝှက် အာကာသသဥမင်ကို လမ်းပြအဖြစ် အသုံးပြု နေတာလား ... ဒီနည်းလမ်းကို မန်ပိုနန်းတော်ရဲ့ စွမ်အားကို ချေးယူလိုက်တာမို့ ဉာဏ်ကြီးရှင်လို့ ယူဆနိုင်ပါပေတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
သို့မှသာ လူတိုင်း အသက်ပြင်းပြင်း ရှူနိုင်တော့၏။ အာကာသဆုံမှတ်တစ်ခုကို မှတ်သားရန် ဤမျှလွယ်ကူသည်လော။
အာကာသဆုံးမှတ်သည် ပေါ့ပေါ့ပါးပါး ရေးထွင်းနိုင်သည့်အရာမျိုး မဟုတ်ချေ။ ဥမင် စွမ်းအားကို ချေငှားခြင်းဖြင့် ဖြစ်နိုင်၏။
“ သွားကြရအောင် ... ။ ”
များမကြာမီ စုရီက ကျောက်စိမ်းပြားကို သိမ်းလျက် ပြောကြားသည်။ တစ်ဆက်တည်း မှာပင် အတွေးများဖြင့် မိုးပြာတိုက်ကြီးထံ တစ်ချက်ဝေ့ကြည့်၏။
သူ ပြန်လာချိန်တွင် နက်နဲတာအို နယ်ပယ်သို့ ရောက်ရှိနေနိုင်မည်။ ထို့ကြောင့် ဤတိုက်ကြီးထံဆင်းသက်ရန် ခက်နိုင်၏။
“ ဝုန်း ... ။ ”
ရုတ်တရက် လေဟာနယ်တစ်ခုလုံး တုန်ခါလျက် တာအိုရူရ်များ ဝေ့ဝဲလာခဲ့သည်။ စုရီနှင့်အခြားလူများ၏ ရုပ်ပုံသည် ချက်ချင်း ပျောက်ကွယ်လျက် ပလ္လင်ကြီးမှာ အမှုန့် အဖြစ်သို့ ပြောင်းလဲသွားတော့၏။
ယနေ့သည် မေလ(၂၅)ရက်နေ့ ဖြစ်လေသည်။ မိုးပြာတိုက်ကြီး၏ ပါရမီရှင်သည် ဤနည်းဖြင့် ရွှေခေတ်ကို ထားရစ်သွားခဲ့၏။
***