အခန်း (၁၃)
Vol. 2 Ch. 13
စနစ် - "လတ်တလော ရှောင်ယွီလေး ကောင်းကောင်းမအိပ်တာ၊ ပုံမှန်ထက်ပိုငိုတာ၊ သွားရည်တွေ ကျနေတာ၊သူမျက်စိထဲ မြင်ရာကို ပါးစပ်ထဲ ထည့်ကိုက်နေတော့တာ မဆန်းတော့ပါဘူးးဒါ့ကြောင့်ကိုးးးး
သွားပေါက်တော့မှာ ဆိုတော့ သွားဖုန်းတွေက ယောင်လာတတ်တယ်လေ။အာ့အချိန်ဆို ကလေးမသက်မသာခံစားရတာ သက်သာအောင် မိဘတွေက တတ်နိုင်သလောက် လုပ်ပေးသင့်တယ်"
ဝမ်ယွီထုံလည်း စနစ်ကပြောသည်ကို နားထောင်ရင်း ခေါင်းငြိမ့်လိုက်ကာ ရှောင်ယွီ၏ ဆံပင်ကောက်လေးကို သပ်လိုက်ကာ ပြောလိုက်သည်။
"ဒီနေ့ မေမေတို့ ဈေးဝယ်သွားရအောင်။ သွားတိုက်တံတို့ သွားယားရင် ကိုက်တဲ့အရုပ်တို့ သွားဝယ်ရအောင်နော်"
ရှောင်ယွီကတော့ သူ့ အမေ ပြောတာကို နားမလည်ဘဲ သူ့ကိုက်နေသည့် လက်ကို ပြန်ဆွဲယူသွား၍ တဟင်းဟင်းးနှင့် မကျေနပ်သည့် အသံပြုကာ မျက်လုံးဝိုင်းကြီး နှင့်ကြည့်နေ၏။
'မေမေ့ လက်ကို ကိုက်ချင်တာပါဆို...
မေမေ့လက်တွေက မွှေးပြီးနူးညံ့တယ် သားလက်ချောင်းထက်တောင် ပိုအရသာရှိသေးတယ်...'
ယခင်က အကျင့် လုပ်လာသည့် ကျိုးရှောင်ယွီ၏ ဇီဝနာရီက ကမောက်ကမဖြစ်ကုန်၏။ ဝမ်ယွီထုံ ကလေးကို မနက်စာ အဖြစ် နို့နှင့် ကြက်သားဖြည့်စွက်အစာ ကျွေးပြီး နောက် ဒိုင်ပါလဲ ပြီးချိန်တွင် မနက်ဆယ်နာရီပင် ကျော်နေပြီဖြစ်သည်။
နောက် လူကြီးလေးနှင့် ကလေးလေးတို့ ရှော့ပင်းမောထဲက ကလေးပစ္စည်း အရောင်းဆိုင်ထဲ ဝင်လာသည့်အချိန်တွင်တော့ ၁၁နာရီ ထိုးနေပြီဖြစ်သည်။
ဤတစ်ခေါက် ဝမ်ယွီထုံ မျက်နှာကို အုပ်ကာ ဦးထုပ်ဆောင်းခဲ့သော်လည်း အမြဲတမ်းဖောက်သည်ဖြစ်သောကြောင့် ဆိုင်အတွင်းက ဝန်ထမ်းကတော့ တစ်ချက်ကြည့်ရုံမျှဖြင့် တန်း မှတ်မိကာ ယခင်ကထက် ပို၍ နွေးထွေးစွာ ကြိုဆိုလိုက်သည်။
အရောင်းဝန်ထမ်း - " မစ် ဝမ် ဒီနေ့ ဘာတွေ အလိုရှိပါသလဲရှင့်။ ကလေးဖြည့်စွက်အစာတွေ ကုန်သွားလို့လားရှင့်"
ဝမ်ယွီထုံ ခေါင်းခါလိုက်ကာ " ကလေးက သွားပေါက်နေပြီမို့လို့ သူနဲ့ အဆင် ပြေတာလေးတွေရှိမလား လာကြည့်တာ " ဟု ပြုံးကာ ပြောပြလိုက်သည်။
အရောင်းဝန်ထမ်းလေးကလည်း ပလတ်စတစ်ဘူး တစ်ခုကို ထုတ်ပြလိုက်သည်။
"ဒါလေးက လသားအရွယ်လေးတွေရဲ့ ပါးစပ်ကို သန့်ရှင်းပေးရတဲ့ လက်ချောင်းစွပ် သွားပွတ်တံလေးပါ။သွားပွတ်တံမှာ ပါတဲ့ အမွှေးလေးတွေကလည်း နူးညံ့လို့ ကလေးရဲ့ လျှာနဲ့ သွားဖုံးတွေအတွက် သင့်လျော်ပါတယ်။ ပြီးတော့ ဒီ ဆီလီကွန် လက်ချောင်းစွပ်အတံကလည်း မေမေတွေလက်ကို ကလေးကိုက်တာကနေ ကာကွယ်ပေးပါတယ်"
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ပြုံးစစနှင့် ကြည့်လိုက်သည်။မနက်ခင်းတုန်းက သူမလက်ချောင်းကို ရုတ်တရက်ဆွဲကာ သူ့သွားသေးသေးလေးဖြင့် ကိုက်လိုက်သည်က ထူးထူးဆန်းဆန်း နာလှသည်။
ကျိုးရှောင်ယွီကတော့ ရုပ်တည်ကြီးဖြင့် တွန်းလှည်းပေါ်တိတ်တိတ်လေး ထိုင်နေသည်။ နောက် ကြယ်ပုံစားစရာမုန့် ကို သူ့လက်နှစ်ဖက်ဖြင့်ကောက်ကိုင်ကာ ပါးစပ်ထဲ ထည့်ပြီး အားရပါးရ ကိုက်တော့လေ၏။
ဝမ်ယွီထုံလည်း ကလေး သွားပွတ်တံ နှစ်ဘူးကို ဈေးဝယ် တွန်းလှည်း ထဲ ကောက်ထည့်လိုက်ကာ သူမစိတ်ထဲကနေ စနစ်နှင့် စကားပြောနေလိုက်သည်။
"ဒီ ခြင်္သေ့ပုံ သွားကိုက်အရုပ်လေးက မဆိုးဘူးထင်တယ်။ ကိုင်ရလွယ်တယ် အရွယ်အစားကလည်း အနေတော်ပဲ။"
"မကောင်းဘူး အရမ်းရှည်လွန်းတယ် ကလေး လည်မြိုထဲထိ ရောက်ပြီး နင်လိမ့်မယ်"
သွားပွတ်တံနှင့် သွားယားကိုက်အရုပ်ဝယ်ပြီးနောက် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ တွန်းလှည်းကလေးကို တွန်းကာ ဖြည့်စွက်အစားအစာတန်းနှင့် အရုပ်တန်းကို လျှောက်လာလိုက်သည်။ နောက်နာရီဝက်အကြာမှာတော့ သူတို့ရဲ့ ဈေးဝယ် လှည်းလေးက ပြည့်သွားပြီဖြစ်သည်။
သူ့လက်ထဲက ကြယ်ပုံမုန့်အကုန်စားပြီးနောက် ကျိုးရှောင်ယွီ စိတ်မရှည်ဖြစ်လာကာသူ့ကို ပတ်ထားပေးသည့် တွန်းလှည်း လုံခြုံရေး ခါးပတ်ကို ဆွဲဖြုတ်ကာ နှုတ်ခမ်းကြီးဆူပြီး တစ်အီအီ လုပ်တော့၏။ သူ့ပုံစံက အမေဖြစ်သူကို တွန်းလှည်းကနေ သူ့ကို ချီ စေချင်၍ဖြစ်သည်။
ဝမ်ယွီထုံ စောင့်ကြောင့်ထိုင်ကာ ကျိုးရှောင်ယွီနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး မေးလိုက်သည်။ "ရှောင်ယွီ..ဘာလို့ ကလေးတွန်းလှည်းပေါ်မထိုင်ချင်ရတာလဲ။ တွန်းလှည်း ထိုင်ခုံမှာ ဆူးချွန်တွေပါပြီး သားသား ဖင်ကို ထိုးနေလို့လား"
ကလေးတွေ ဘာလို့ ထိုင်ခုံမှာ မထိုင်ချင်ရလဲ ဆိုတာ ဝမ်ယွီထုံ အမှန်ပင်သိချင်မိသည်။ ကလေးတွန်းလှည်း တင်မဟုတ်၊ ထမင်းစား ခုံကော မထိုင်ချင်ကြပေ။
စနစ် - "......"
" အွမ်းးး အွမ်းးးး!" ကျိုးရှောင်ယွီကတော့ သူ့ကို မြန်မြန်မချီလျှင် ချက်ချင်းအော်ငိုပစ်လိုက်မည်ဟု သူ့ လက်သီးကလေး ဝေ့ရမ်းပြကာ ခြိမ်းခြောက်နေ၏။
ဝမ်ယွီထုံလည်း မတတ်နိုင်တော့ဘဲ ကျိုးရှောင်ယွီကို ကောက်ချီလိုက်သည်။ ပေါက်စီလုံးလေးက တစ်နေ့ပြီးတစ်နေ့ လုံးဝန်းလာကာ ဝိတ်လည်း တက်လာပြီ ဖြစ်၍ ချီလိုက်သည်နှင့် အတော်လေး ဝိတ်လေးနေပြီဖြစ်သည်။
ကျိုးရှောင်ယွီကတော့ အချီခံလိုက်ရ၍ ပျော်နေ၏။ သူ့အမေ သူ့ကို ဖက်ထားတာကိုသူကြိုက်သည်။ သူ့အမေ သူ့ကို ဖက်ထားရင် နွေးထွေးရုံသာမက သူမမြင်ရသည့်နေရာ မြင်ကွင်းကျယ်ကျယ်ကိုလဲ မြင်ရသည်။
ဝမ်ယွီထုံ ငွေပေးချေရန် ကတ်ထုတ်နေစဉ် သူမ အနောက်မှ အမျိုးသမီးတစ်ဦး အသံကြားလိုက်ရသည်။
"မဒမ်ကျိုးး??"
ဝမ်ယွီထုံ လှည့်ကြည့်လိုက်တော့ ကလေးမလေး ဖန်းရော့ရှီးနှင့် သူ့အမေကို မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။ သားအမိနှစ်ယောက်က မီးခိုးပန်းရောင် ဆင်တူဝတ်ထားကြပြီး လက်ချင်းတွဲထားကြသည်မှာ အတော်လေး မျက်စိပသာဒရှိလှ၏။
ဝမ်ယွီထုံကလည်း သားအမိ နှစ်ယောက်ကို အပြုံးလေး နှင့် နှုတ်ဆက်လိုက်သည်။ "မဒမ်ဖန်းး တိုက်ဆိုင်လိုက်တာနော်..ဟယ်လို မမရေ"
ဖန်းရော့ရှီး အမေနှင့် လွန်ခဲ့သည့်လ WeChat အပ်ပြီးကတည်း မတွေ့ဖြစ်ကြတော့ချေ။
ဖန်းရော့ရှီးကလည်း တနင်္လာကနေ သောကြာနေ့အထိ မူကြိုတက်ရကာ ကျောင်းပိတ်ရက်တွေမှာ လည်း တစ်ခြား သူစိတ်ဝင်စား ဝါသနာပါသည့်သင်တန်းများ တက်နေရ၍ သူတို့တွေ နောက်တစ်ခေါက်ဆုံဖို့ အချိန်မရခဲ့ကြပေ။
ဒီနေ့တော့ ရှီးရှီးက ကျစ်ဆံမြီးလေး နှစ်ဖက်စည်းထားကာ ပန်းရောင်ဖဲပြားကို ခေါင်းပေါ်မှာ အလှဆင်ထား၏။ ရှီးရှီးသည် သူမရှေ့က သူများကို ပုံမှန်အသံဖြင့် နှုတ်ဆက်လိုက်သည်။ "ဟယ်လို အန်တီ!! ဟယ်လို မောင်လေးး!!"
"ရှီးရှီးလေးက အတော်လေး လိမ္မာလာတာပဲ"ဟု ဝမ်ယွီထုံက ချီးကျူးလိုက်ပြီး သူမဝယ်ထားသည့် ကလေးမုန့်သရေစာနှင့် ပေါက်စီလုံးငယ်များကို ရှီးရှီးထံ ကမ်းပေးလိုက်သည်။
"သမီးစားမလားး"
ဖန်းရော့ရှီး မျက်လုံးအရောင် တောက်သွားပြီး မုန့်တွေကို လက်နှစ်ဖက်ဖြင့်ယူလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
"ဟုတ် ! ကျေးဇူးတင်ပါတယ် အန်တီ"
ကျိုးရှောင်ယွီကတော့ မပျော်တော့ပေ။ 'ဘာလို့ဆို အာ့မုန့်တွေက သူ့အမေသူ့ကို ကျွေးမယ့် မုန့်တွေလို့ သူသိထားတာလေ။ အာ့မုန့်တွေက သူနဲ့ပဲဆိုင်တယ် ဘယ်သူ့ကိုမှ မျှ မကျွေးနိုင်ဘူးးး။'
ကျိုးရှောင်ယွီ သူ့ကိုယ်လေးကိုကုန်းကာ ဖန်းရော့ရှီးရှိသည့်ဘက်ကိုလှည့်ပြီး သူ့လက်ကလေးတွေ ဝေ့ရမ်းကာ မုန့်တွေ ပြန်လုချင်သည့်ပုံဖြင့် စိတ်ဆိုးနေ၏။
"ဟမ့်!! အူးးးဝူးးး"
"ပြန်မပေးပါဘူးး!"
ဖန်းရော့ရှီးကလည်းမလွယ်ပေ။ 'ဒီမုန့်တွေက အန်တီလှလှလေး ငါ့ကို ပေးထားတာ ဆိုတော့ ငါ့မုန့်တွေပဲ!!'
မုန့်ထုပ်တွေကို သူမရင်ဘတ်နားကပ်ကာ တင်းကျပ်စွာ ပိုက်ထားလိုက်ပြီး ကျိုးရှောင်ယွီကို စိုက်ကြည့်နေလိုက်သည်။ ကျိုးရှောင်ယွီကတော့ မုန့်ထုပ်တွေ ပြန်လုယူမရ၍ မျက်နှာ ကြီး နီကာ ဒေါသထွက်လာပြီး ဝါးးးးကနဲ အော်ငိုတော့သည်။
ဒီကလေး နှစ်ယောက်က တော့ တွေ့တာ ငါးမိနစ်ပင်မကြာသေးပဲ ရန်ဖြစ်ကြပြန်ပြီ။
ပတ်ဝန်းကျင်မှ ဈေးဝယ်များကလည်း သူတို့ဈေးဝယ်မုဒ်လေး ပျက်စီးသွား၍ ကလေးတွေက ဆူညံပြီး စိတ်ရှုပ်စရာကောင်းလိုက်တာဟု ဝေဖန်နေကြသည်။
ဝမ်ယွီထုံလည်း မျက်နှာပူလာပြီး ရှောင်ယွီကို ချော့လိုက်သည်။ "ရှောင်ယွီ...မေမေ တို့ဆီမှာ တစ်ခြားမုန့်တွေလည်း လှည်းနဲ့ အပြည့်အများကြီးရှိတယ်လေ။ ပေါက်စီလေးတွေကို မမကို အရင် ပေးလိုက်ရအောင်နော်။ မေမေ သားကို နောက် ထပ်ဝယ်ပေးမယ်"
အမှန်တော့ ကျိုးရှောင်ယွီက ပေါက်စီသေးလေးတွေ စားရတာ မကြိုက်ပေ။ အရင်ကျွေးတုန်းကဆိုရင် မကြိုက်လို့ ကြမ်းခင်းပေါ်ပဲ ပစ်ပစ်ချနေကျဖြစ်သည်။
ဒီနေ့တော့ လျော့ဈေးနဲ့ ရောင်းနေတာ တွေ့လို့ ဝမ်ယွီထုံ အနည်းငယ် ဝယ်ခဲ့ခြင်း ဖြစ်သည်။
ကျိုးရှောင်ယွီကတော့ သူ့အမေရှင်းပြတာကို နားလည် လက်မခံပဲ ခြေထောက်တွေ လှုပ်ရမ်းက ဖန်းရော့ရှီးဘက်လှည့်ကာ အော်ဟစ်နေ၏။
နောက်ဆုံးတော့ ရှီးရှီး အမေက ရှီးရှီးနားထဲ ဘာကပ် ပြောလိုက်သလဲမသိ။ ဖန်းရော့ရှီးက ပေါက်စီမုန့်ထုပ်ကို ဖွင့်ကာ နှစ်လုံး ထုတ်ယူလိုက်ပြီး ရှောင်ယွီကို ပေးလိုက်သည်။
"မောင်လေး အတူတူခွဲစားလို့ ရတာပဲ"
ရှောင်ယွီရဲ့ လက်ထဲ ပေါက်စီထည့်ပေးလိုက်ကာ စိတ်ရင်းဖြင့်ပြောလိုက်သည်။ "မောင်လေး မြန်မြန်စားလေ"
ကျိုးရှောင်ယွီလည်း မကျေမနပ်ဖြစ်တာကို မေ့သွားပြီး ပေါက်စီကို ချက်ချင်းယူလိုက်ကာ လက်နှင့်ဆုတ်ပြီးပါးစပ်ထဲ ထည့်လိုက်သည်။
ဝိုးးးးး ကျိုးရှောင်ယွီ၏ မျက်လုံးများ တောက်ပလာကာ သူ၏ နှုတ်ခမ်းများကိုပင် သပ်လိုက်သည်။ ဒီမုန့်က သူစားဖူးသမျှ မုန့်တွေထဲမှာ အကောင်ဆုံးပဲ။ သူ လုယူလိုက်တဲ့ဟာက အကောင်းဆုံးမုန့်ဆိုတာ သေချာသွားတာပေါ့။
ဝမ်ယွီထုံ - "......."
ကလေးနှစ်ယောက်ကြား အခြေအနေက သုံးမိနစ်တွင်း ငြိမ်းချမ်းရေးရသွား၏။ မမကြီးက မောင်လေးရဲ့ လက်ကို အရင်ကိုင်လိုက်ကာ မောင်လေးကလည်း မမကြီးကို ချိုသာစွာ ပြန်ပြုံးပြလေသည်။
ရှီးရှီးအမေ - "ရှီးရှီးနဲ့ ကျွန်မတို့ အပေါ်ထပ်က မိသားစု စားသောက်ဆိုင်မှာ နေ့လည်စာ သွားစားကြမလို့ ညီမတို့လည်း လိုက်ခဲ့လေ။
ဝမ်ယွီထုံလည်း ပျော်ရွှင်စွာ " လိုက်ခဲ့မယ်လေ" ဟု ပြောလိုက်သည်။
ဝမ်ယွီထုံ တို့ဝယ်ထားသည့် ပစ္စည်းများကိုတော့ ဘော်ဒီဂတ်တွေက ကားဆီ သယ်ယူသွားပေးကာ သူတို့သားအမိကတော့ ရှီးရှီးတို့ သားအမိနှင့် အတူ ရှော့ပင်းမော အပေါ်ထပ်က မိသားစု စားသောက်ဆိုင်ကို ချီတက်သွားကြသည်။
မိသားစုစားသောက်ဆိုင်က အလွန်ကျယ်ဝန်းကာ ဧရိယာတစ်ဝက်က စားသောက်ခန်းဖြစ်ပြီး တစ်ဝက်က ကစားကွင်းဖြစ်သည်။ ကစားကွင်းက အရောင်အသွေးစုံလင်ပြီး ဘောလုံးလေးတွေ ထည့်ထားသည့်ကန်၊ လျှော၊ ချားရဟတ်နှင့် မင်းသမီးလေးများလို ဝတ်စားဆင်ယင်ကစားနိုင်သည့်နေရာ၊ ရထားငယ်လေးများ စသည့် ကစားစရာများလည်း ရှိသည်။
ကစားကွင်းကို တွေ့လိုက်ရ၍ ကျိုးရှောင်ယွီ၏ မျက်လုံးများ သလင်းကျောက်လို တောက်ပလာကာ သူ့ပါးစပ်မှ သွားရည်များပင် ကျလာသည်။ သူဒီလိုမျိုး တစ်ခါမျှ မမြင်ဖူးပေ။ "ပန်းရောင်စုံကမ္ဘာကြီးပဲ!!"
ကစားကွင်းကိုတွေ့တာနဲ့ ကျိုးရှောင်ယွီ သူ့လက်သီးကလေးကို စိတ်လှုပ်ရှားစွာ ဝေ့ရမ်းလေ၏။ 'အပြင်ကမ္ဘာကြီးက အရမ်းပျော်ဖို့ကောင်းတာပဲ။ အိမ်က အရုပ်တွေက ပျင်းစရာကောင်းတယ်။ ဒီလို နေရာမျိုးမှ သူနဲ့ ကိုက်တာ။ဒီလို နေရာမျိုးဆီ ကလေးတွေကို ခဏခဏ ခေါ်လာသင့်တယ်။'
ဝမ်ယွီထုံ ကစားကွင်းအတွင်းစီးသည့် ခြေအိတ်ကိုလဲ လိုက်ကာ ကျိုးရှောင်ယွီကို ချီပြီး ကစားကွင်းထဲ ဝင်လိုက်သည်။ ရှီးရှီးကတော့ ကစားကွင်းထဲ ရောက်သည်နှင့် သူပြေးနိုင်သလောက် ပြေးလွှားနေတော့သည်။
ရှီးရှီး အမေကတော့ ထမင်းစားစားပွဲမှ ထိုင်ရင်း လူတိုင်းစားဖို့ စားသောက်စရာများကို မှာယူနေသည်။
"ရှောင်ယွီလေးရေ ဒါက ဘောလုံးကန်ကြီးလေ အထဲက ကန်ထဲဝင်ပြီး ဘောလုံးတွေနဲ့ ဆော့ကြမလား"
ကျိုးရှောင်ယွီက ကစားကွင်းမြင်လို့ ပျော်ပေမယ့် ကြောက်တော့ ကြောက်နေသေး၍ ဝမ်ယွီထုံကို တင်းတင်းဖက်ထားကာ ရောင်စုံဘောလုံးကန်ကြီးကို သတိထားကြည့်နေသည်။
ဝမ်ယွီထုံလည်း ကလေး ကြောက်နေမှန်း သိ၍ ကျိုးရှောင်ယွီကို ချီပြီး ရောင်စုံဘောလုံးကန်ထဲ ဝင်ထိုင်လိုက်သည်။ ကန်က အနက်ကြီး မဟုတ်ပေ။ ဝမ်ယွီထုံလည်း ပတ်ဝန်းကျင်အသစ်ကို ကြောက်နေသည့် ကလေးကို ထိန်းရင်း ဘောလုံးကန်နှင့် ရင်းနှီးသွားအောင် လုပ်ပေးနေသည်။
ကျိုးရှောင်ယွီကတော့ အနည်းငယ် ကြောက်နေကာ သူ၏ ခြေထောက် သေးသေးလေးတွေကလည်း ဝမ်ယွီထုံ ကိုယ်ပေါ် တွယ်တက်နေ၏။
"မကြောက်နဲ့လေ။ တူတူဆော့ ကြမယ်နော်"
ဝမ်ယွီထုံ မိုးပြာရောင် ဘောလုံးလေးကို ကောက်ယူကာ ရှောင်ယွီလေးရှေ့ ရမ်းပြလိုက်ပြီး ခြေထောက်ပေါ် ချပေးလိုက်သည်။ ဘောလုံးလေးက ရှောင်ယွီ၏ ခြေထောက်ကနေ ကန်ထဲ ပြန်လှိမ့်ဆင်းသွားသည်။
ကျိုးရှောင်ယွီလည်း သူ သင်ယူလိုက်ရသည်ကိုကြည့်ပြီး ဘောလုံးကန်ထဲ ခြေထောက် လေး ဆင်းကြည့်လိုက်သည်။
'အင်းးး ခြေထောက်က ခံစားလို့ကောင်းသားပဲ။ ချောချောလေးနဲ့ ပျော့အိအိလေး။'
" ဂူးးးဂူးးး အွမ်းး"
ကျိုးရှောင်ယွီ စိတ်လှုပ်ရှားပြီး မျက်လုံးတွေ အရောင်တောက်လာသည်။ ထို့နောက် သူ့ခြေထောက်ကို ရှေ့နောက်ရမ်းကာ ကန်ထဲမှာ ရှိသည့် ဘောလုံးတွေကို ကန်ပြီး ဆော့လိုက်ရာ သူ့ဘေးနားရှိဘောလုံးတွေက လွင့်စင်သွားသည်။
“ခွပ် !"
မျက်စိတစ်မှိတ်အတွင်းမှာ ဘောလုံးတစ်လုံးက ကျိုးရှောင်ယွီ၏ မျက်နှာတည့်တည့်ကို လာထိမှန်လေသည်။ရှောင်ယွီလက ရုတ်တရက်ကြောင်သွားကာ ဝါးကနဲ ထငိုလိုက်သည်။
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ၏ မျက်နှာကို စစ်ဆေးလိုက်ကာ နီရဲနေသည့်ပါးလေးကို ပွတ်ပေးလိုက်သည်။
လာမှန်သည့် ဘောလုံးက မျက်လုံးမထိ အရှိန်မပြင်း၍ တော်သေးသည်။ "မငိုနဲ့ နော် မငိုနဲ့ ယောကျာ်းလေးတွေ ဆိုတာ သန်မာရတယ်"
ကျိုးရှောင်ယွီက ဝမ်ယွီထုံရင်ခွင်ထဲ တိုးကာ ဝမ်းနည်းစွာ ကြောက်လန့်တကြား ငိုကြွေးနေသည်။
မလှမ်းမကမ်းမှာတော့ ငါးနှစ်အရွယ်ကောင်လေးတွေက "တိုက်ကြဟေ့ " ဟုအော်ဟစ်ကာ ရောင်စုံဘောလုံးကန်ထဲ ကြမ်းကြမ်းတမ်းတမ်း ပြေးလွှားနေကြ၏။ ကျိုးရှောင်ယွီက သူတို့မတော်တဆ ကန်လိုက်သည့် ဘောလုံး ထိမှန်သွားခြင်းဖြစ်သည်။
ထိုစဉ် ကောင်မလေး တစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ "နင်တို့ကန်လိုက်တာ ငါ့ မောင်လေး ထိသွားပြီ"
ဝမ်ယွီထုံ အံ့အားသင့်သွားသည်။ ဖန်းရော့ရှီးက ဘောလုံးကန်အလယ် မှာ မတ်တပ်ရပ်ပြီး သူမထက် အရပ်ပိုရှည်သည့် ကောင်လေးတွေ ကို လက်ညိုးထိုးကာ အော်ဟစ်နေ၏။
"နင့်ကြောင့်!! ငါ့မောင်လေးကို အမြန်လာတောင်းပန်!"
ကောင်လေးက ပုပုသေးသေးနှင့် ချစ်စရာကောင်းသည့် ဖန်းရော့ရှီးကို တွေ့တော့ ရှေ့တိုးလာကာ စနောက်သလို မျက်နှာမဲ့ကာ ပြောလိုက်သည်။
"ငါက မတောင်းပန်ဘူး ဆိုရင်ကော နင်က ငါ့ကို ရိုက်နိုင်လို့လား"
ဖန်းရော့ရှီး ဒေါသကြောင့် မျက်နှာ နီရဲလာကာ ကောင်လေးကို သူမလက်ဖြင့် တွန်းလိုက်သည်။ သူမထက်အရပ်ရှည်သည့် ကောင်လေးက ရောင်စုံ ဘောလုံးကန်ထဲ လဲကျသွားသည်။
အတွန်းခံရ၍ ငိုမဲ့မဲ့ ဖြစ်နေသည့် ကောင်လေးကို ဖန်းရော့ရှီးက မတူသလို မတန်သလို ကြည့်လိုက်ကာ ပိုင်စိုးပိုင်နင်း ရှိသည့်အသံဖြင့် "အမြန် ငါ့မောင်လေးကို တောင်းပန်!!"
ဝမ်ယွီထုံ - "..!!!...??..."
'လခွမ်းးးး!!! ဇာတ်လိုက်ရဲ့ ပါဝါက အာ့လောက်တောင်မြင့်သလား?'
ဝမ်ယွီထုံ သူမရင်ခွင်ထဲ ငိုကာ မျက်ရည်သုတ်နေသည့် ကျိုးရှောင်ယွီလေးကို ကြည့်လိုက်သည်။
'ဇာတ်လိုက်အမျိုးသမီးနဲ့ ဇာတ်လိုက်ရဲ့ ဇာတ်ညွှန်းတွေက ပြောင်းပြန် ပြောင်းလဲ သွားကြတာလား???'