← Chapters

ကျောင်းဇူအားဖိနှိပ်ခြင်း

Vol. 35 Ch. 484

ကျောင်းဇူအားဖိနှိပ်ခြင်း

Vol. 35 Ch. 484

သင်းန့ံတစ်ရာအိမ်တော်အတွင်း၌

တပည့်များမှာ ဇူယွမ်၏ဘေးတွင်ရှိနေသော ယောင်ယောင်အား ကြည့်ရှုနေကြသည်။ ယောင်ယောင်မှာ မည်သူ့ကိုမှ အလေးမထားဟန်ဖြင့် ဝိုင်ခွက်ကိုသာ ဂရုစိုက်နေ၏။

ကျောင်းဇူမှာ မျက်မှောင်ကျုံ့ကာ ယောင်ယောင်အား ကြည့်ရှုလိုက်သည်။ ကျောင်းဇူမှာ ယောင်ယောင်၏ ဂုဏ်သတင်းများအား ကြားဖူးနားဝ ရှိ၏။ ဤလှပလွန်းသော မိန်းမငယ်လေးမှာ ရွေးချယ်ခံတစ်ဦးမျှ အရည်အချင်းရှိသည်ဟု ဂုဏ်သတင်းကြီးလှသူ ဖြစ်သည်။

ကျောင်းဇူ၏အမြင်တွင်မူ ယောင်ယောင်၏ ဂုဏ်သတင်းများအနက် မှန်ကန်တိကျသောအရာမှာ အလှအပသာ ဖြစ်၏။ ယောင်ယောင်မှာ လှပလွန်းသောကြောင့် အခြားသူများမှ ပို၍ချီးကျူးထောပနာပြုကြခြင်းသာ ဖြစ်ပေလိမ့်မည်။

"အဟက် ဒီကဂျူနီယာညီမတော်လေးက ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတွေကို ဘာမှမဟုတ်ဘူးလို့ ပြောချင်တာလား။" ကျောင်းဇူမှာ လှောင်ပြောင်လိုဟန်ဖြင့် ယောင်ယောင်အား မေး​မြန်းလိုက်သည်။

ယောင်ယောင်မှာ တောက်ပရွှန်းလ့ဲနေသော မျက်ဝန်းများဖြင့် ကျောင်းဇူအားကြည့်ကာ ပြောလိုက်၏။ "တခြားရွေးချယ်ခံတွေကိုတော့ ငါလည်းမပြောတက်ဘူး။ ဒါပေမယ့် နင့်ကိုတော့ နည်းနည်းလေးမှ ငါအထင်မကြီးဘူး။"

ကျောင်းဇူ၏ အမူအရာမှာ ခက်ထန်သွားရသည်။ လူများစွာ၏ရှေ့တွင် လှပသောမိန်းမငယ်လေးတစ်ဦး၏ က့ဲရဲ့ရှုံ့ချခြင်းခံရသည်မှာ ဆိုးရွားလှ၏။

"ဘယ်လိုတောင် အရှက်မရှိတဲ့ စကားလုံးတွေလဲ။ မင်းကို လူတွေက ချီးကျူးမြှောက်ပင့်နေတာနဲ့ပဲ မင်းမှာတကယ် အရည်အချင်းရှိပြီလို့ ထင်နေတာလား။" ကျောင်းဇူမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ ကျောင်းဇူ၏ ခန္ဓာကိုယ်ထံမှ ထက်ရှလှသော ချီစွမ်းအင်များလည်း ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။

ရှန်ဝမ့်ကျင်းမှာ အလျင်အမြန် ရှေ့သို့လျှောက်လှမ်းလာပြီး ပြုံးကာပြောလိုက်သည်။ "စီနီယာအကိုတော်ကျောင်းဇူကလည်း ဒေါသမဖြစ်ပါနဲ့။ ကြီးမြတ်တဲ့ ရွေးချယ်ခံတစ်ယောက်ဖြစ်တဲ့ အကို့လိုလူက ကျွန်တော်တို့လို နိမ့်ပါးတဲ့ သာမန်တပည့်လေးတွေကို စိတ်ထဲထားမနေပါနဲ့။ ကျွန်တော် အရက်တစ်ခွက်နဲ့ တောင်းပန်မယ်လေ။"

ရှန်ဝမ့်ကျင်းမှာ ကိုယ်ကိုကိုင်းလျက် ဝိုင်ခွက်တစ်ခွက်အား ကျောင်းဇူထံ ပေးလိုက်၏။ ကျောင်းဇူမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ရှန်ဝမ့်ကျင်းအား ကြည့်ရှုလိုက်သည်။ ထို့နောက် ကျောင်းဇူမှာ လက်အားဝေ့ယမ်း၍ ချီစွမ်းအင်များကို ထုတ်လွှတ်ကာ ရှန်ဝမ့်ကျင်းအား အဝေးသို့ လွင့်စင်သွားစေ၏။

ကျောင်းဇူမှ အေးစက်စွာ ပြောလိုက်သည်။ "မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းလိုကောင်မျိုးကများ ငါ့နဲ့အရက်သောက်ခွင့်ရှိမယ်လို့ ထင်နေတာလား။"

"ကျောင်းဇူ....!"

ဇူယွမ်မှာ ဒေါသထွက်စွာ အော်ဟစ်လိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်လိုက်၏။

ကျောင်းဇူမှာ အလေးပင်မထားသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဆင့်လောက်နဲ့ ငါ့ကိုစိန်ခေါ်မလို့ပေါ့လေ။"

ဇူယွမ်မှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "ကလန်ရဲ့ ရွေးချယ်ခံတစ်ယောက်က ဘယ်လောက်အရည်အချင်းရှိမလဲဆိုတာ သိချင်မိတယ်။ ပြီးတော့ စီနီယာအကိုတော်ကျောင်းဇူက ရွေးချယ်ခံဆယ်ယောက်ထဲမှာ နောက်ဆုံးပဲဆိုတော့ ကျွန်တော်ယှဥ်ပြိုင်လို့ ရချင်ရမှာပေါ့လေ။ ဟုတ်တယ်မလား။"

ကျောင်းဇူမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။ "လာလေ စမ်းကြည့်လိုက်စမ်းပါ။"

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ ထို့နောက် ဇူယွမ်မှ လှုပ်ရှားတော့မည့် အချိန်မှာပင် နူးည့ံသိမ်မွေ့သော လက်တစ်စုံမှ တားဆီးလာသည်။ ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် တည်ငြိမ်သော အမူအရာဖြင့် ယောင်ယောင်အား တွေ့ရှိလိုက်ရ၏။

"ဒီနေ့ နင်ထင်ပေါ်အောင်လုပ်နေတာ များနေပြီလေ။ ဒီအချိန်မှာတော့ မကြွားပဲနဲ့ ငြိမ်ငြိမ်လေးနေပေးလို့ မရဘူးလား။"

ယောင်ယောင်၏စကားကြောင့် ဇူယွမ်မှာ အေးခဲသွားရသည်။ ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် မျက်နှာကိုသာ ရှုံ့မဲ့လိုက်ရ၏။ မည်သို့ပင်ဆိုစေကာမူ ယောင်ယောင်မှာ ဇူယွမ်အား တိုက်ခိုက်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

"မင်းတို့နှစ်ယောက် နေရာချင်း လဲမလို့လား။" ကျောင်းဇူမှာ လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်၏။ "ကိစ္စမရှိပါဘူး။ မင်းတို့နှစ်ယောက်ထဲက ဘယ်သူနဲ့ပဲဖြစ်ဖြစ် ငါကစားပေးလို့ရပါတယ်။"

ယောင်ယောင်မှာ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "နင်ကငါနဲ့တိုက်ခိုက်ဖို့ ဘယ်လိုလုပ် အဆင့်ရှိမှာလဲ။ နင့်ကိုကစားဖို့လည်း ငါစိတ်မဝင်စားဘူး။"

ကျောင်းဇူ၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် ယောင်ယောင်အားကြည့်ကာ ပြောလိုက်၏။ "မင်းကလွဲပြီး ငါ့ကိုတိုက်ရဲမယ့်သူ ရှိသေးလို့လား။"

ယောင်ယောင်မှာ ကျောင်းဇူအား အလေးပင်မထားဟန်ဖြင့် တနင့်တပိုး စားသောက်နေဆဲဖြစ်သော ထန်ထန်အားပွေ့ချီကာ စကားဆိုလိုက်သည်။

"နင်ထန်ထန်ကို တိုက်နိုင်ပြီဆိုမှ တခြားသူနဲ့တိုက်ဖို့ အရည်အချင်းရှိတယ်လို့ တွေးပေးမယ်။"

ထန်ထန်မှာ ပါးစပ်တစ်ခုလုံး အသားစများဖြင့် ေပပွနေဆဲ ဖြစ်၏။ ထန်ထန်မှာ မျက်လုံးဝိုင်းလေးများဖြင့် အလွန်ပင် အပြစ်ကင်းစင်သော သတ္တဝါငယ်လေးသဖွယ် ဖြစ်နေလေသည်။

စားသောက်ခန်းအတွင်းရှိနေသော တပည့်များမှာ ထန်ထန်အား ကျောင်းဇူနှင့် တိုက်ခိုက်ခိုင်းသော ေယာင်ယောင်၏လုပ်ရပ်ကြောင့် နားမလည်နိုင် ဖြစ်နေရ၏။

ကျောင်းဇူမှာလည်း ယောင်ယောင်၏စကားကြောင့် အ့ံအားသင့်သွားရကာ ဒေါသများ ထွက်လာလေတော့သည်။

"မင်းကငါ့ကို မခန့်တာလား။"

ယောင်ယောင်မှာ ကျောင်းဇူအား အရေးပင်မစိုက်ပဲ ထန်ထန်အားကြည့်ကာ ပြောလိုက်၏။ "ထန်ထန် နင်သူ့ကိုတောင် မတိုက်နိုင်ရင် နောက်ထပ်ဒီလိုတွေ စားရတော့မယ်မထင်နဲ့။"

ကျောင်းဇူ၏ မျက်ဝန်းများမှာ ဒေါသအငွေ့အသက်များဖြင့် ပြည့်နှက်လာရပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ "ဟားဟားဟား.....ကောင်းပြီလေ။ မင်းတို့က အကောင်းအဆိုး နားမလည်မှတော့ ဒီအကောင်လေးကို အသားကင် လုပ်ပစ်လိုက်တော့မယ်။"

ကျောင်းဇူမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ဓားရှည်တစ်ချောင်းအား ဆွဲကိုင်လိုက်၏။ ထို့နောက် ၎င်းဓားရှည်အား ထန်ထန့်ထံသို့ ပစ်လွှတ်လိုက်သည်။

ထန်ထန်မှာ ကျောင်းဇူ၏ တိုက်ခိုက်မှုအား အလေးပင်မထားပါသော်လည်း ယောင်ယောင်၏စကားများအား ပြန်လည်ကြားယောင်လာသောကြောင့် ပြန်လည်တိုက်ခိုက်ရန် တွေးတောလိုက်၏။

ဝေါင်း....

ထန်ထန့်ထံမှ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာကာ ခန္ဓာကိုယ်မှာလည်း ကြီးမားလာခ့ဲသည်။ ထန်ထန့်ထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများမှာ ပြင်းထန်လွန်းလှသဖြင့် သင်းန့ံတစ်ရာအိမ်တော်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေ၏။

ထန်ထန်၏ ပြောင်းလဲမှုကြောင့် စားသောက်ခန်းအတွင်းရှိနေသော တပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

ထန်း....ထန်း....

ထန်ထန်မှာ ကျောင်းဇူပစ်လွှတ်လိုက်သော ဓားရှည်ကြီးအား စက္ကူစလေးအလား ဆုတ်ဖြဲပစ်လိုက်၏။

ဝေါင်း.....

ထန်ထန်၏ ဟိန်းဟောက်သံမှာ သင်းန့ံတစ်ရာအိမ်တော်တစ်ခုလုံးအား ကြောက်ရွ့ံသွားစေသည်။

ဓားရှည်ကြီးအား ထန်ထန်မှ ဆုတ်ဖြဲပစ်လိုက်ပြီးနောက် ကျောင်းဇူမှာ အလွန်ပင် ကြောက်လန့်တုန်လှုပ်သွားရ၏။ ထန်ထန်မှာ ကျောင်းဇူထံသို့ ရောက်ရှိလာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လျ​က် ကြီးမားလှသော လက်သည်းကြီးများဖြင့် ကုပ်ဆွဲရန် ဟန်ပြင်လိုက်သည်။

ကျောင်းဇူမှာ စိတ်နှလုံးထဲမှပင် အန္တရာယ်အငွေ့အသက်များ ခံစားလိုက်ရသောကြောင်​ြ မျက်ဝန်းများ ကျဥ်းမြောင်းသွားရ၏။ ေကျာင်းဇူမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် လက်ချောင်းများအား ဓားအသွင်သို့ ပြောင်းလဲစေလိုက်သည်။

ချလန်း.....

ကြည့်ရှုနေသော အကြည့်များစွာ၏အောက်၌ပင် သားရဲကြီး၏လက်သည်းနှင့် ဓားအသွင်သဏ္ဍာန်လက်ချောင်တို့ တွေ့ဆုံသွားကြ၏။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ သင်းန့ံတစ်ရာအိမ်တော်တစ်ခုလုံးအား ပျ့ံနှံ့လွှမ်းခြုံသွားသည်။

ဝုန်း...

သင်းန့ံတစ်ရာအိမ်တော်မှာ အပျက်အစီးများဖြင့် ပြည့်နှက်သွားရ၏။ ကျောင်းဇူမှာလည်း အရုပ်ကြိုးပြတ်ဖြင့် သင်းန့ံတစ်ရာအိမ်တော်အတွင်းမှ လွင့်စင်သွားရသည်။ ကျောင်းဇူမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာပင် ပြုတ်ကျသွား၏။ ကျောင်းဇူ၏ လက်ချောင်းများမှာ သွေးများဖြင့် ရွှဲစိုနေလေသည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မြင်တွေ့လိုက်ရသော အဖြစ်အပျက်များကြောင့် မယုံကြည်နိုင် ဖြစ်နေရ၏။ ဓားကပ်ဘေးတောင်ထွတ်မှ ရွေးချယ်ခံတစ်ဦး​ဖြစ်သော ကျောင်းဇူမှာ အစာစားရန်သာသိသော သတ္တဝါတစ်ကောင်၏ ဖိနှိပ်ခြင်းအား ခံယူလိုက်ရခြင်း ​ဖြစ်သည်။

ထန်ထန်မှာ ပြုတ်ကျသွားသော ကျောင်းဇူအား ကြည့်ရှုလိုက်ပြီးနောက် ခန္ဓာကိုယ်အား ပြန်လည်ပြောင်းလဲကာ အားလုံးကိုလျစ်လျူရှု၍ စားပွဲပေါ်သို့ပြန်သွားကာ အစာကိုသာ ဆက်စားနေ၏။

ယောင်ယောင်မှာ ရွှန်းစိုနေသော မျက်ဝန်းများဖြင့် ကျောင်းဇူအားကြည့်ကာ ပြောလိုက်သည်။ "နင့်လိုမျိုး ရွေးချယ်ခံတစ်ယောက်က ထန်ထန့်လို သားရဲလေးကိုတောင် မတိုက်နိုင်ဘူးတဲ့လား။"

ေယာင်ယောင်၏စကားကြောင့် ကျောင်းဇူမှာ သွေးအန်လုမတက်ပင် ဖြစ်သွားရ၏။ ကျောင်းဇူမှာ ဒေါသစိတ်များအား ဖြေဖျောက်နိုင်ရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ​ဖြစ်ပါသော်လည်း ယခုအခါတွင် အရှက်တကွဲ ရှုံးနိမ့်ရခြင်းနှင့်သာ အဆုံးသတ်သွားရသည်။ ထို့အပြင် လူမဟုတ်သော သားရဲတစ်ကောင်ထံ၌ ရှုံးနိမ့်ခ့ဲရခြင်း ဖြစ်၏။

ကျောင်းဇူမှာ ဤနေရာ၌ ဆက်လက်မနေလိုတော့သဖြင်​့ ဇူယွမ်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်ပြီးနောက် အဝတ်အစားများကိုဖုန်ခါကာ ထွက်ခွာသွားလေတော့သည်။

ကျောင်းဇူ ထွက်ခွာသွားပြီးသည့်နောက်တွင် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာလည်း ရှက်ရွံ့နေသော အမူအရာများဖြင့် လျင်မြန်စွာ လုိက်ပါသွားကြ၏။

ထို့နောက် သင်းန့ံတစ်ရာအိမ်တော်အတွင်းရှိ မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ အားရဝမ်းသာစွာဖြင့် အော်ဟစ်အားပေးလိုက်ကြသည်။ မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ေယာင်ယောင်အား လေးစားသွားကြ၏။

ထို့နောက် တပည့်များမှာ အငမ်းမရ စားသောက်နေသော ထန်ထန်၏ သေးငယ်သောခန္ဓာကိုယ်လေးအား အ့ံသြတုန်လှုပ်စွာဖြင့် ငေးမောကြည့်ရှုနေကြလေသည်။

ဇူယွမ်နှင့် ယောင်ယောင်မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ခပ်ဖွဖွရယ်မောလိုက်ကြ၏။ ဇူယွမ်မှာ ကျောင်းဇူအား ခြိမ်းခြောက်ရန်မျှသာ ရည်ရွယ်ထားခြင်းဖြစ်ပါသော်လည်း ယောင်ယောင်မှ မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ကျောင်းဇူအား တိုက်ခိုက်ခ့ဲသူမှာ ထန်ထန်ဖြစ်၏။ ထို့ကြောင့် ကျောင်းဇူမှာ ဇူယွမ်အား အခဲမကျေသေးဟန်ဖြင့် ကြည့်ရှုသွားခြင်း ဖြစ်သည်။

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင်​့ ခေါင်းအားခါယမ်းလိုက်မိ၏။

ငါတော့ ကျောင်းဇူနဲ့ ရန်ငြှိုးထပ်ဖြစ်ပြန်ပြီနဲ့ တူပါတယ်......

All Chapters