← Chapters

နတ်ဘုံခန်းဝါကိုးခု

Vol. 35 Ch. 486

နတ်ဘုံခန်းဝါကိုးခု

Vol. 35 Ch. 486

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား ပြီးဆုံးသွားပြီးသည့်နောက်တွင် မူလသူတော်စင်တောင်ထွတ်မှာ ပျော်ပွဲရွှင်ပွဲများအား သုံးရက်တိုင်တိုင် ကျင်းပခ့ဲကြသည်။

သို့သော် ဇူယွမ်မှာ ဒုတိယရက်တွင်ပင် ပင်ပန်းသွားရပြီး ခရမ်းရောင်ဂူနန်းအတွင်း၌သာ ပုန်းအောင်းနေတော့၏။ ဇူယွမ်မှာ တိုက်ပွဲအတွင်း ပြင်းထန်စွာ ယှဥ်ပြိုင်တိုက်ခိုက်ခ့ဲရသဖြင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲရန် အင်အားများစွာ မကျန်ရှိတော့ချေ။

ထို့အပြင် ဇူယွမ်မှာ သုံးရက်အကြာ၌ အဓိကတောင်ထွတ်အတွင်းသို့ ဝင်ရောက်၍ ချိပ်စည်းအား ဖြည်နိုင်ရန် ကြိုးစားရဦးမည်ပင် ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်မှာ ဂူနန်းအတွင်း၌ ပုန်းအောင်းကာ အဓိကတောင်ထွတ်၏ ချိပ်စည်းအား ဖြည်နိုင်ရန်အတွက် ပြင်ဆင်နေ၏။

............

အေးချမ်းသာယာသော ဂူနန်းလေးမှာ စိမ်းလန်းစိုပြေနေလျက် ရှိသည်။

ဇူယွမ်မှာ နေ့စဥ်ကျင့်ကြံခြင်းများအား ပြုလုပ်ပြီးစီးခ့ဲပြီဖြစ်သောကြောင့် အဝတ်အစားများအားဖြေလျော့ကာ သက်တောင့်သက်သာ အနေအထားသို့ ပြောင်းလဲလိုက်၏။ ဇူယွမ်မှာ ကျောက်ဖျာချပ်ပေါ်တွင် စိတ်အေးလက်အေးထိုင်ချလျက် သင်းပျံ့သောလက်ဖက်ရည်အားသောက်ကာ အရှေ့ရှိမြင်ကွင်းအား ခံစားကြည့်ရှုနေလေသည်။

ဇူယ​ွမ်၏ရှေ့တွင် ဥယျာဥ်ငယ်လေးတစ်ခုရှိနေပြီး ရာပေါင်းများစွာသော ပန်းပွင့်ငယ်တို့ ဝေဆာဖူးပွင့်နေကြ၏။ ထိုဥယျာဥ်ငယ်လေးထဲ၌ ဆံနွယ်များအား သပ်ရပ်စွာထုံးဖွဲ့ထားသော လှပတင့်တယ်လှသည့် မိန်းမငယ်လေးတစ်ဦးမှာ ပန်းပင်ငယ်လေးများအား ဂရုတစိုက် ပေါင်းသင်ပေးနေလျက် ရှိသည်။

နေရောက်ခြည်များ ဖြာဆင်းကျနေသော သူမ၏မျက်နှာလေးမှာ အကြည့်ပင်မလွှဲနိုင်လောက်အောင် လှပရွှန်းလ့ဲနေ၏။ ထိုမိန်းမငယ်လေးမှာ ပန်းပွင့်ငယ်များပင် နှိုင်းယှဥ်၍မရလောက်အောင် လှပတင့်တယ်ပေသည်။

ထိုမိန်းမငယ်လေးမှာ ပန်းဥယျာဥ်အတွင်းမှ ထွက်ခွာလာပြီးနောက် ဇူယွမ်၏အနီးတွင်ရှိနေသော ကျောက်ဖျာချပ်တစ်ခုပေါ်တွင် ထိုင်ချလိုက်၏။ ဇူယွမ်မှာ အသိပင်မဝင်နိုင်လောက်အောင် ငေးကြည့်နေဆဲဖြစ်သောကြောင့် သူမ၏မျက်ဝန်းများမှာ အနည်းငယ် အေးစက်ခက်ထန်သွားသည်။

ဇူယွမ်မှာ အေးစက်နေသော မျက်ဝန်းများကြောင့် အသိပြန်ဝင်လာပြီး ရှက်ရွံ့စွာဖြင့်ရယ်မောကာ ယောင်ယောင့်အား လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။

ယောင်ယောင်မှာ အင်္ကျီလက်အတွင်းမှ စာတစ်စောင်အားထုတ်ယူကာ ဇူယွမ်အား ပေးလိုက်သည်။ "နင်ကျင်ကြံနေတဲ့ အချိန်တုန်းက စိန်းထိုက်ယွမ်က လူတစ်ယောက်နဲ့ ဒီစာကို ပေးခိုင်းလိုက်တာ။ ကန်းမင်တိုက်ကြီးနဲ့ ပက်သတ်တဲ့ကိစ္စလို့ ထင်တာပဲ။"

ဇူယွမ်မှာ စာအိတ်အား အလျင်အမြန် ရယူလိုက်ပြီးနောက် ဂရုတစိုက်ဖြင့် ဖတ်ရှုလိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် ဇူယွမ်မှာ ေယာင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ပြီးခ့ဲတဲ့တစ်နှစ်အတွင်း ဝူအင်ပါယာက ဇူအင်ပါယာကို ပိုပြီးအာရုံစိုက်လာတယ်တဲ့။"

"ကြည့်ရတာ ဝူဘုရင်က ကြီးမြတ်သောဇူအင်ပါယာကို ပြန်ပြီးသတိထားလာပြီထင်တယ်။"

ယောင်ယောင်မှ ပြန်လည်တုံ့ပြန်လိုက်သည်။ "နင်က ဝူဟောင်ကို သတ်လိုက်တော့မလိုတောင် ​ဖြစ်ခ့ဲတာလေ။ အဲ့လိုတောင်ဖြစ်ခ့ဲတာကို ဝူဘုရင်က ကြီးမြတ်သောဇူအင်ပါယာကို အာရုံမစိုက်ပဲ နေပါတော့မလား။"

ဇူယွမ်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်၏။ "လောလောဆယ်တော့ ဝူဘုရင်က ကြီးမြတ်သောဇူအင်ပါယာကို စောင့်ကြည့်ရုံပဲ တက်နိုင်သေးတာပါ။"

"အချိန်နည်းနည်းတော့ ယူရဦးမှာပဲ။"

ဇူယ​ွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အချိန်အများကြီး ရမှာမဟုတ်ဘူး။"

ယောင်ယောင်မှာ ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။ "ဒါပေမယ့် နင်လောလို့တော့ မရဘူးနော်။ အခုတောင်မှ နင့်ရဲ့တိုးတက်မှုနှုန်းက တအားမြန်နေပြီ။ ဒီထက်ပိုပြီး ဖိအားပေးမယ်ဆိုရင် နင်ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ ကျင့်ကြံရေးအခြေခံအုတ်မြစ်တွေအကုန်လုံး ပျက်စီးသွားလိမ့်မယ်။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ ဇူယွမ်မှာ ကျောက်စားပွဲအား တတောက်တောက်ခေါက်ကာ မေးမြန်းလိုက်၏။ "ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတွေက ဘယ်လောက်သန်မာလဲဟင်။"

ယောင်ယောင်မှာ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "နင်ကအခုမှ တပည့်ခေါင်းဆောင်ဖြစ်တာကို ရွေးချယ်ခံနေရာကိုတောင် စဥ်းစားနေပြီလား။"

"ရွေးချယ်ခံဖြစ်ဖို့က ကျွန်တော့်ရဲ့ ေနာက်ထပ်ခြေလှမ်းပဲ။" ဇူယွမ်မှ ပြုံးကာဖြေကြားလိုက်သည်။

ယောင်ယောင်မှာ မေးဖျားလေးအား လက်ဖြင့်ထောက်လျက် ပျင်းရိစွာဖြင့် ပြောလိုက်၏။ "ရွေးချယ်ခံအဆင့်ကိုတက်ဖို့ တွေးတောင်မတွေးနဲ့ဦး။ ရွေးချယ်ခံထဲက နောက်ဆုံးအဆင့်ပဲရှိတဲ့ ကျောင်းဇူတောင်မှ နင့်ထက်အများကြီးသာတယ်။"

"အဲ့လောက်တောင်ပဲလား။" ဇူယွမ်မှာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ ဇူယွမ်၏ ကျင့်ကြံခြင်းအဆင့်မှာ မူလစဦး ပဉ္စမအဆင့်သာ ရှိသေးပါသော်လည်း အခြေခံအုတ်မြစ်များ ခိုင်မာလှသောကြောင့် မူလစဦး အဋ္ဌမအဆင့်ရှိသော တပည့်များနှင့်ပင် ယှဥ်ပြိုင်နိုင်၏။

ပြင်ပသန်မာမှုကျင့်စဥ်များနှင့်သာ ပေါင်းစည်းလိုက်ပါက ဇူယွမ်မှာ မူလစဦး နဝမအဆင့်ရှိသော တပည့်များနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ခံစားမိသည်။

ယောင်ယောင်မှာ ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။ "မူလစဦး ကျင့်ကြံရေးအဆင့်တွေအားလုံးထဲမှာ အဋ္ဌမအဆင့်နဲ့ နဝမအဆင့်ရဲ့ ကွာခြားချက်က အကြီးမားဆုံးပဲ။"

"အခုနင့်ရဲ့ ချီပင်လယ်ထဲမှာ ကြယ်ပွင့်ဘယ်လောက်ရှိလဲ။"

"လေးထောင်။" ဇူယွမ်မှ ပြန်လည်ဖြေကြားလိုက်သည်။

"မူလစဦး ပဉ္စမအဆင့်လောက်နဲ့ ဒီလောက်ချီကြယ်ပွင့်များနေပြီဆိုတော့ နင့်ရဲ့ချီစွမ်းအင်အခြေခံအုတ်မြစ်က တကယ်ကောင်းမွန်တာပဲ။"

"ဒါပေမယ့် ပုံမှန်မူလစဦး နဝမအဆင့်တစ်ယောက်က ချီကြယ်ပွင့် ဘယ်လောက်ရှိလဲသိလား။"

ယောင်ယောင်မှာ ဇူယွမ်အားကြည့်ကာ သွယ်လျသော လက်ချောင်းလေးများကို ထောင်ပြလိုက်၏။

"တစ်သောင်း။"

ဇူယွမ်မှာ အ့ံအားသင့်လွန်းလှသဖြင့် စိတ်နှလုံးများပင် အနည်းငယ် တုန်ခါသွားရသည်။ မူလစဦး အဋ္ဌမအဆင့်တစ်ဦးအတွက် လိုအပ်သော ချီကြယ်ပွင့်မှာ ေလးထောင်မျှသာ ဖြစ်ပါသော်လည်း နဝမအဆင့်တွင်မူ တစ်သောင်းမျှပင် ဖြစ်နေ၏။

မူလစဦး အဋ္ဌမအဆင့်နှင့် နဝမအဆင့်မှာ အမှန်တကယ်ပင် ကွာခြားလွန်းလှသည်။

"ကျောင်းဇူက ရွေးချယ်ခံတွေအားလုံးထဲမှာ ဘိတ်ဆုံးပဲဆိုပေမယ့် ပုံမှန်တပည့်တွေထက်တော့ အရည်အချင်းရှိတယ်ဆိုတာ ငြင်းမရဘူး။ ​ေကျာင်းဇူက ရွေးချယ်ခံတစ်ယောက် ဖြစ်နေတဲ့အထိ အရည်အချင်းရှိတယ်ဆိုတော့ သူရဲ့ချီကြယ်ပွင့်တွေကလည်း သူများထက်ပိုများမှာပဲ။" ေယာင်ယောင်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "အဲ့ဒါကြောင့် အခုနင်က ကျောင်းဇူကိုတောင်နိုင်ဖို့ မဖြစ်နိုင်သေးဘူး။"

ယောင်ယောင်မှာ ဖြည်းညင်းစွာဖြင့် ဆက်လက်ပြောဆိုလိုက်သည်။ " ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတွေကို အထင်မသေးနဲ့။ သူတို့ထဲကတချို့က နင်ထင်မှတ်မထားလောက်အောင် စွမ်းအားကြီးကြတယ်။ ဒီလောက် နှစ်တွေအကြာကြီး ကျင့်ကြံလာပြီးနောက်မှာ သူတို့က နတ်ဘုံခန်းဝါအဆင့်ကို မတက်နိုင်သေးဘူးလို့ နင်ထင်နေတာလား။"

"ဘာကိုပြောချင်တာလဲ။" ဇူယွမ်မှာ အနည်းငယ် အ့ံအားသင့်သွားရ၏။

"ငါမြင်ရသလောက်တော့ ချူချင်းနဲ့ တခြားရွေးချယ်ခံတချို့က အချိန်မရွေး သီးသန့်ကျင့်ကြံပြီးတော့ နတ်ဘုံခန်းဝါအဆင့်ကို တက်လို့ရနေပြီ။ သူတို့က မတက်ချင်လို့ကို မတက်ပဲနေနေတာပဲ။"

"ဘာလို့လဲ။" ဇူယွမ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။

"ဘာလို့လဲဆိုတော့ သူတို့က ပုံမှန်အတိုင်း အဆင့်မတက်ချင်လို့ပဲ။" ယောင်ယောင်မှာ ခပ်ဖွဖွရယ်မောကာ  ဆက်လက်စကားဆိုလိုက်၏။ "နင်မူလစဦး နဝမအဆင့်ကုိ ရောက်ပြီဆိုရင် အကြီးအကဲစိန်းထိုက်ယွမ်က ပြောပြပါလိမ့်မယ်။ ဒါပေမယ့် ငါလည်းနည်းနည်းတော့ နင့်ကိုပြောပြပေးနိုင်ပါတယ်။"

"နတ်ဘုံခန်းဝါအဆင့်ဆိုတာ ချီပင်လယ်ကိုပါ အဆင့်မြှင့်တင်ရတဲ့ အဆင့်ပဲ။ နတ်ဘုံခန်းဝါအဆင့်ကိုရောက်သွားရင် နင့်ရဲ့ချီပင်လယ်က သမုဒ္ဒရာတစ်စင်းလို ကျယ်ပြောသွားပြီးတော့ နတ်ဘုံခန်းဝါပင်လယ်ဖြစ်သွားလိမ့်မယ်။"

"နတ်ဘုံခန်းဝါပင်လယ်ကို နတ်ဘုံခန်းဝါနိဗ္ဗာန်ကိုးခုလို့လည်း ခေါ်ကြတယ်။ ပုံမှန်အားဖြင့်တော့ နတ်ဘုံခန်းဝါကိုးခုလို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်ကြတာများပါတယ်။ ဘာလို့လဲဆိုတော့ နတ်ဘုံခန်းဝါပင်လယ်ကို အဆင့်တက်တဲ့အချိန်ကြရင် ချီစွမ်းအင်အခြေခံအုတ်မြစ်အပေါ် မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားသွားကြလို့ပဲ။"

"ပုံမှန်တပည့်တစ်ယောက် အဆင့်တက်ရင် နတ်ဘုံခန်းဝါပင်လယ်ထဲမှာ နိဗ္ဗာန်သုံးခုလောက်ပဲ ဖြစ်တည်ကြလေ့ရှိတယ်။ အဲ့ဒါကို နတ်ဘုံခန်းဝါသုံးခုလို့ ခေါ်တာပေါ့။"

"နတ်ဘုံခန်းဝါကိုးခုကတော့ အမြင့်ဆုံးအဆင့်ပဲ။"

"ချူချင်းနဲ့ တခြားရွေးချယ်ခံတွေက နတ်ဘုံခန်းဝါအဆင့်ကို တက်တဲ့အခါကြရင် နတ်ဘုံခန်းဝါနိဗ္ဗာန်ကို အဆင့်မြင့်မြင့် လုိချင်ကြလို့ အခုထိ အဆင့်မတက်ကြသေးတာ။"

"ချူချင်းတို့က အနည်းဆုံး နတ်ဘုံခန်းဝါခြောက်ခုလောက် လိုချင်နေကြတာ။"

"အဲ့ဒါကြောင့် သူတို့က စိတ်ရှည်ရှည်နဲ့ နှစ်ပေါင်းများစွာ အဆင့်မတက်ပဲ စောင့်နေကြတာ။"

ဇူယွမ်၏ အမူအရာမှာ ေလးနက်တည်ကြည်သွားရသည်။ ဇူယ​ွမ်မှာ အမှန်တကယ်ပင် ရွေးချယ်ခံများအား အထင်အမြင် သေးမိခ့ဲခြင်း ဖြစ်၏။ ဤမျှနှစ်ပေါင်းများစွာ ကျင့်ကြံလာပြီးသည့်နောက်တွင် ရွေးချယ်ခံများ၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေလောက်ပြီပင် ဖြစ်သည်။

"နတ်ဘုံခန်းဝါကိုးခုက ရဖို့အရမ်းခက်ခဲတာလား။" ဇူယွမ်မှာ တွေဝေနေဟန်ဖြင့် မေးလိုက်၏။

ယောင်ယောင်မှာ လက်ဖက်ရည်အား တစ်ငုံမျှသောက်လိုက်ပြီးနောက် ဖြည်းညင်းစွာပင် တုံ့ပြန်လိုက်သည်။ "ကန်ရွှမ်ကလန်တစ်ခုလုံးမှာတော့ နတ်ဘုံခန်းဝါကိုးခု ရခ့ဲတာသုံးယောက်ပဲရှိတယ်။ အဲ့ထဲက ပထမဆုံးတစ်ယောက်က မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းပဲ။ အဲ့တော့ နင်ဘယ်လိုထင်လဲ။ ခက်တယ်လို့ထင်လား။"

ဇူယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ကန်ရွှမ်းကလန်တစ်ခုလုံး၌ပင် နတ်ဘုံခန်းဝါကိုးခုအား ရရှိနိုင်ခ့ဲသူမှာ သုံးဦးမျှသာရှိသဖြင့် အလွန်ပင် ခက်ခဲလှကြောင်း ထင်ရှားနေသည်။

နတ်ဘုံခန်းဝါကိုးခုအား ရရှိနိုင်ရန်အတွက် မူလစဦး ကျင့်ကြံခြင်းအဆင့်တွင် ခိုင်မာကျစ်လစ်လှသော ချီစွမ်းအင်အခြေခံအုတ်မြစ်များရှိထားရန် လိုအပ်၏။ ကြည့်ရသည်မှာ ဇူယွမ်သည် မူလစဦးအဆင့်တွင်သာ အချိန်များစွာ ကျင့်ကြံနေရဦးမည်ပင် ဖြစ်သည်။

ဇူယွမ်မှာ စိတ်နှလုံးများအား ဦးစွာတည်ငြိမ်စေလိုက်ပြီးနောက် အဓိကတောင်ထွတ်အား ချိပ်စည်းဖြည်နိုင်ရန် ပြင်ဆင်ရန်သာ ဆုံးဖြတ်လိုက်၏။

ယောင်ယောင်မှာ တိတ်ဆိတ်ငြိမ်သက်စွာ တွေးတောနေသော ဇူယွမ်အားကြည့်ရှုလိုက်ပြီးနောက် နီထွေးသောနှုတ်ခမ်းသားလေးမှာ အနည်းငယ် တွန့်ကွေးသွားရသည်။

တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်ခ့ဲပြီးသည့်နောက်တွင် ဇူယွမ်မှာ အနည်းငယ် ယုံကြည်မှုလွန်ကဲလာသည်ကို ယောင်ယောင်မှ သိရှိခ့ဲ၏။ ထို့ကြောင့် ယောင်ယောင်မှာ ရွေးချယ်ခံများနှင့် ဇူယွမ်အကြားမှ ကွာခြားချက်များအား မြင်သာစေလိုက်ခြင်းပင် ဖြစ်သည်။ ထိုမှသာ ဇူယွမ်မှာ စိတ်ရှင်းရှင်းဖြင့် အပတ်တကုပ် ကြိုးစားအားထုတ်နိုင်လိမ့်မည်သာ ဖြစ်လေတော့သည်။

All Chapters