← Chapters

အဓိကတောင်ထွတ်အားစိန်ခေါ်ခြင်း

Vol. 35 Ch. 487

အဓိကတောင်ထွတ်အားစိန်ခေါ်ခြင်း

Vol. 35 Ch. 487

ကန်ရွှမ်းကလန်၌ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားကို ကျင်းပပြီးစီးခ့ဲသည်မှာ သုံးရက်မျှပင် ရှိခ့ဲပြီဖြစ်သည်။

ယနေ့တွင် မူလသူတော်စင်တောင်ထွတ်ကြီးမှာ ပြန်လည်အသက်ဝင်လာခ့ဲပြီပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ယနေ့တွင် ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံးတာဝန်အား ဆောင်ရွက်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုတာဝန်မှာ အဓိကတောင်ထွတ်အား ချိပ်စည်းဖြည်နိုင်ရန်ပင် ဖြစ်၏။

မူလသူတော်စင်တောင်ထွတ်၏ အဓိကတောင်ထွတ်အား ပြန်လည်ဖွင့်လှစ်နိုင်ရန်မှာ ကန်ရွှမ်းကလန်ရှိလူတိုင်း၏ အိမ်မက်စိတ်ကူးပင် ဖြစ်သည်။ အဓိကတောင်ထွတ်၏ ချိပ်စည်းအား ဖြည်နိုင်ခ့ဲပါက မူလသူတော်စင်တောင်ထွတ်မှာ ကျင့်ကြံခြင်းအရင်းအမြစ်များ ပြန်လည်ကြွယ်ဝလာမည်ဖြစ်ပြီး အရည်အချင်းရှိသော တပည့်များအား များစွာခေါ်ယူလက်ခံလာနိုင်မည် ဖြစ်၏။

ထို့အပြင် ယခုနှစ်တွင် ဇူယွမ်မှ အဓိကတောင်ထွတ်အား ချိပ်စည်းဖြည်နိုင်ရန် ကျရှုံးခ့ဲပါက အခြားသောတောင်ထွတ်ခြောက်ခုမှ တပည့်ခေါင်းဆောင်များပါ မူလသူတော်စင်တောင်ထွတ်၏ အဓိကတောင်ထွတ်အတွင်းသို့ ဝင်ရောက်ခွင့်ရရှိမည်ပင် ဖြစ်သည်။

.........

မူလသူတော်စင်တောင်ထွတ်၏ အတ​ွင်းပိုင်း၌

မြူခိုးများ ရစ်ဝဲနေသော အဓိကတောင်ထွတ်အရှေ့ရှိ ကွင်းပြင်ကျယ်ကြီးမှာ လူအများအပြားဖြင့် စည်ကားသိုက်ဝန်းနေ၏။  မူလသူတော်စင်တောင်ထွတ်တစ်ခုလုံး၏ တပည့်များမှာ ဤနေရာတွင် စုဝေးရောက်ရှိနေကြခြင်း ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်၏ အုပ်စုသုံးခုမှ တပည့်များမှာ နှစ်နေရာကွဲ၍ ရပ်နေကြ၏။

စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ ခင်မင်ရင်းနှီးစွာဖြင့် တစ်ဖက်တည်းတွင် အတူရပ်နေကြပြီး လုဟုန်း၏ တပည့်များမှာမူ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် အခြားတစ်ဖက်တွင် ရပ်နေကြသည်။

မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရှုံးနိမ့်ခ့ဲရသည့်အတွက် လုဟုန်း၏ တပည့်များမှာ ဖိအားများစွာ ခံစားနေရ၏။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာလည်း လုဟုန်း၏အုပ်စုအား မထီမဲ့မြင် ဆက်ဆံလာကြသည်။

အဓိကတောင်ထွတ်ရှိ ကွင်းပြင်ကျယ်ကြီး၏တစ်ဖက်တွင်မူ အခြားတောင်ထွတ်မှ တပည့်များရောက်ရှိနေကြပြီး လုဟုန်း၏တပည့်များအား လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်ရှုနေကြ၏။ အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်သို့ စတင်ရောက်ရှိလာစဥ်မှစ၍ လုဟုန်း၏တပည့်များမှာ တပည့်ခေါင်းဆောင်နေရာကို ရရှိရန်သေချာနေသည့်အလား အလွန်ပင် မောက်မာခ့ဲကြသောကြောင့်ပင် ဖြစ်သည်။ ယခုအချိန်တွင်မူ လုဟုန်းအုပ်စု၏ ပြင်းထန်ခ့ဲသော ယုံကြည်ချက်များမှာ ရယ်စရာတစ်ခုမျှသာ ရှိတော့၏။

လုဟုန်းမှာ ခက်ထန်နေသာ အမူအရာဖြင့် ကွင်းပြင်ကျယ်ကြီး တစ်နေရာရှိ လူငယ်လေး၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။

"အဟက်....ပျော်ထားကြဦးပေါ့ကွာ။"

"အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကိုဖြည်ရတာ လွယ်မယ်များထင်နေလား။ မကြာခင်မှာပဲ မင်းကျရှုံးရတော့မှာပါ...."

..........

အကြီးအကဲလုစုန့်မှ ဇူယွမ်အား ပြုံးကာစကားဆိုလိုက်၏။ "ဇူယွမ် အဓိကတောင်ထွတ် ပြန်ပွင့်မပွင့်က မင်းအပေါ်မှာပဲ မူတည်တယ်။"

"အဖိုးကြီးစုန့် အရမ်းလည်း ဖိအားပေးမနေပါနဲ့။" အကြီးအကဲစိန်းထိုက်ယွမ်မှ ဝင်၍ပြောလိုက်သည်။ ထို့နောက် စိန်းထိုက်ယွမ်မှာ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်၏။ "တာဝန်ဝတ္တရားတွေကို တွေးမနေပဲနဲ့  အကောင်းဆုံးကြိုးစားပါ။ ဒီကိစ္စက အရေးကြီးတယ်ဆိုပေမယ့် မင်းတစ်ယောက်ထဲ ထမ်းပိုးရမယ့် ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး။ အရင်တုန်းက တခြားတပည့်တွေလည်း ချိပ်စည်းကိုဖြည့်ဖို့ ကျရှုံးခ့ဲကြတာပဲ။ အဲ့ဒါကြောင့် မအောင်မြင်ခ့ဲရင်လည်း ဘာမှစိတ်မညစ်နဲ့။"

ဇူယ​ွမ်မှာ စိန်းထိုက်ယွမ်၏စကားကြောင့် စိတ်နှလုံးများပင် နွေးထွေးသွားရသည်။ စိန်းထိုက်ယွမ်မှာ ပုံမှန်အားဖြင့် ခက်ထန်သူတစ်ဦး ဖြစ်ပါသော်လည်း ဇူယွမ့်အပေါ်တွင် အမြဲတစေ နွေးထွေးကောင်းမွန်ခ့ဲ၏။

"စိတ်မပူပါနဲ့ ဆရာစိန်း ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ။" ဇူယွမ်မှ အရိုအသေပြုကာ ပြောလိုက်သည်။ ဇူယွမ်မှာ အဓိကတောင်ထွတ်အတွင်းသို့ဝင်နိုင်ရန် အချိန်များစွာ စီစဥ်လာခ့ဲရခြင်းဖြစ်သောကြောင့် အလွယ်တကူဖြင့် အရှုံးပေးလိမ့်မည် မဟုတ်ချေ။

စိန်းထိုက်ယွမ်မှာ ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ဇူယ​ွမ်၏ပခုံးအားပုတ်ကာ အားပေးလိုက်၏။  ဤတပည့်လေးမှာ ကလန်သို့ စတင်ရောက်ရှိလာစဥ်မှစ၍ စိန်းထိုက်ယွမ်ထံသို့ ဂုဏ်ယူစရာကိစ္စများကိုသာ ယူဆောင်လာပေးခ့ဲသည်။

...........

အဓိတောင်ထွတ်၏ အရှေ့တွင်ရှိသော ကွင်းပြင်ကျယ်ကြီးထံသို့ ပုံရိပ်အများအပြား ထပ်မံရောက်ရှိလာ၏။ ထိုပုံရိပ်များမှာ အခြားသောတောင်ထွတ်များမှ တပည့်များပင် ဖြစ်သည်။ အတိတ်ကာလများ၌ မူလသူတော်စင်တောင်ထွတ်မှ အရေးကိစ္စများအား မည်သူကမှ အလေးမထားခ့ဲကြပါသော်လည်း ယခုအချိန်တွင်မူ အခြေအနေများမှာ ပြောင်းလဲသွားခ့ဲပြီပင် ဖြစ်၏။

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ မြင်တွေ့ခ့ဲရသော ဇူယွမ်၏ တိုက်ပွဲစွမ်းရည်များကြောင့် တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား အထင်အမြင် မသေးရဲကြတော့ပေ။ ထို့်ကြောင့် ယနေ့တွင် ဇူယွမ်၏လုပ်ဆောင်ချက်အား အခြားသောတောင်ထွတ်များမှ များစွာလာရောက်ကြည့်ရှုကြခြင်း   ဖြစ်သည်။

ဲဒေါင်......

တပည့်များစွာ ရောက်ရှိလာပြီးနောက် ကွင်းပြင်ကျယ်ကြီးတစ်ခုလုံး၌ ပဲ့တင်ထပ်သံတစ်ခုအား ကြားလိုက်ကြရ၏။ တပည့်များမှ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သောအခါတွင် ချီကြာပွင့်ကြီးခြောက်ခု ပျံဝဲရောက်ရှိလာသည်ကို တွေ့ရှိလိုက်ရပေသည်။

ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များမှာ တပည့်ခေါင်းဆောင်တစ်ဦးမှ အဓိကတောင်ထွတ်အား ချိပ်စည်းဖြည်ရန် ကြိုးစားသည့်အချိန်တိုင်းတွင် ရောက်ရှိလာကြလေ့ ရှိ၏။

"ဒီနှစ်ရော အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းက ပွင့်ပါ့မလားမသိဘူး။" ကလန်ခေါင်းဆောင်ချင်းယန်မှာ မြူခိုးများရစ်ဝဲနေသော အဓိကတောင်ထွတ်အား ငေးမောကြည့်ရှုနေရင်းဖြင့် ရေရွတ်လိုက်သည်။

အခြားသောတောင်ထွတ်ဆရာသခင်များမှာလည်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အဓိကတောင်ထွတ်အား ငေးမောကြည့်ရှုနေကြ၏။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ ကန်ရွှမ်းကလန်အား စတင်တည်ထောင်ခ့ဲစဥ်၌ အဓိကတောင်ထွတ်တစ်ခုသာ ရှိခ့ဲသည်။ ထို့ကြောင့် ယခုဆရာသခင်များအားလုံးမှာ အဓိကတောင်ထွတ်တွင် လေ့ကျင့်သင်ကြားဖူးသူများ ဖြစ်ကြ၏။

ကလန်ခေါင်းဆောင်ချင်းယန်မှာ စိတ်ခံစားချက်များအား ထိန်းချုပ်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဇူယွမ် မင်းအဆင်သင့်ဖြစ်ပြီဆိုရင် စလို့ရပါပြီ။"

လူတိုင်း၏အကြည့်များမှာ ဇူယွမ်ထံသို့ ရောက်ရှိလာကြ၏။ များစွာသောအကြည့်များ၏အောက်၌ပင် ဇူယွမ်မှာ ကလန်ခေါင်းဆောင်ချင်းယန်အား အရိုအသေပြုလိုက်ပြီးနောက် အရှေ့သို့ လျှောက်လှမ်းလိုက်သည်။

ကြီးမားသော ရှေးဟောင်းခန်းမကြီး၏ အရှေ့တွင် ရွှမ်အဖိုးအိုမှာ ရိုးရှင်းသောအဝတ်အစားများဖြင့် ရှိနေ၏။ ရွှမ်အဖိုးအိုမှာ တံမြက်စည်းအား ဆွဲကိုင်ထားရင်းဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။

"မင်းကိုယ်မင်း ယုံကြည်ချက်ရှိလား။" ရွှမ်အဖိုးအိုမှ မေးမြန်းလိုက်၏။

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် တည်ငြိမ်သော အမူအရာဖြင့် ဖြေကြားလိုက်သည်။ "အပြည့်အဝ ယုံကြည်ချက်ရှိတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ကြောက်ရွ့ံပြီး နောက်ဆုတ်သွားမယ့်လူစား မဟုတ်ဘူး။"

ရွှမ်အဖိုးအိုမှာ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြကာ တံမြက်စည်းအား အနည်းငယ် လွှဲရမ်းလိုက်၏။

ဝူး.......ဟူး......

ချက်ချင်းဆိုသလို လေပြေများတိုက်ခတ်လာပြီး အဓိကတောင်ထွတ်၏အရှေ့၌ အမြဲတစေ ရစ်ဝဲနေတက်သော မြူခိုးများ အနည်းငယ် လွင့်ပြယ်သွားသည်။ ထို့နောက် လွင့်ပြယ်သွားသော နေရာလေးအကြားတွင် တောင်တက်လမ်းဟောင်းတစ်ခု ပေါ်ထွက်လာ၏။

ရွှမ်အဖိုးအိုမှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "အဲ့လမ်းအတိုင်းတက်သွား။"

ဇူယွမ်မှာ မြူခိုးများအကြားမှ တောင်တက်လမ်းအား ကြည့်ရှုလိုက်ပြီးနောက် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ ထို့နောက် မျက်ဝန်းများမှာ ဆုံးဖြတ်ချက်ပြတ်သားသော အငွေ့အသက်များဖြင့် ပြည့်နှက်လာခ့ဲသည်။

အဓိကတောင်ထွတ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ဇူယွမ်မှာ အချိန်ပေါင်းများစွာ ကြိုးစားလာရခြင်းဖြစ်သောကြောင့် မည်သည့်အခက်အခဲများနှင့် ကြုံတွေ့ရစေကာမူ နောက်တွန့်နေမည် မဟုတ်ပေ။

များစွာသောအကြည့်များ၏အောက်၌ပင် ဇူယွမ်မှာ မြူခိုးများအကြားမှ တောင်တက်လမ်းဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလိုက်၏။ ဇူယွမ်မှာ တောင်တက်လမ်းဆီသို့ ေခြချလိုက်သည်နှင့်တကွ မြူခိုးများမှ ဖုံးအုပ်သွားပြီး မည်သူကမှ ဇူယွမ်၏ပုံရိပ်အား မမြင်တွေ့နိုင်တော့ချေ။

All Chapters