← Chapters

အဓိကတောင်ထွတ်၏စမ်းသပ်မှု

Vol. 35 Ch. 488

အဓိကတောင်ထွတ်၏စမ်းသပ်မှု

Vol. 35 Ch. 488

"အဓိကတောင်ထွတ်ရဲ့ စမ်းသပ်မှုစပြီပဲ...."

မြူခိုးများကြား ပျောက်ကွယ်သွားသော ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေရင်းဖြင့် ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "တောင်ထွတ်ရဲ့ စမ်းသပ်မှုတွေက ခန့်မှန်းလို့မရလောက်အောင် အန္တရာယ်များတယ်။ ဇူယွမ်က ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။"

"ကန်ရွှမ်းကလန်ကို ဆရာသခင်အုပ်စိုးခ့ဲတဲ့ အချိန်တုန်းကဆိုရင် တောင်ထွတ်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တဲ့ တပည့်မှန်သမျှ ဆရာသခင်ရဲ့ လမ်းညွှန်ပြသမှုနဲ့အတူ တောင်ထွတ်အပေါ်ကိုတက်ခွင့်ရကြတယ်။ ငါတို့ငယ်စဥ်ကတည်းက တောင်ထွတ်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့ တပည့်အရေအတွက်က နည်းနည်းလေးပဲရှိတာ။"

"ဇူယွမ်ကတော့ ဘယ်လိုဖြစ်မလဲ မသိဘူး။"

ကလန်ခေါင်းဆောင်ချင်းယန်၏ ဘေးတွင်ရှိနေသော မျက်ခုံးဖြူဆရာမှ ဝင်ရောက်ပြောဆိုလိုက်၏။ " ဆရာသခင်ထားခ့ဲတဲ့ ချိပ်စည်းက ဘယ်နားမှာမှန်း ငါတို့တောင် မသိဘူးလေ။ အဲ့ဒါကြောင့် ရွှမ်ခေါင်းလောင်းမြည်မယ့်အချိန်ကိုပဲ စောင့်နေရတော့မှာပဲ။"

"ရွှမ်ခေါင်းလောင်းက ကိုးကြိမ်အထိ မြည်နိုင်တယ်။ ခြောက်ကြိမ်မြည်ခ့ဲရင် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီဆိုတဲ့ သဘောပဲ။"

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ အဓိကတောင်ထွတ်၌ ရှေးဟောင်းခေါင်းလောင်းတစ်ခုအား ထားရစ်ခ့ဲသည်။ ထိုခေါင်းလောင်းမှာ အဓိကတောင်ထွတ်ကို စိန်ခေါ်သူအား အကဲဖြတ်ပေးသောအရာ ဖြစ်၏။

စိန်ခေါ်သူတစ်ဦး ရရှိနိုင်သော အကောင်းဆုံးရလဒ်မှာ ခေါင်းလောင်းကိုးကြိမ်မြည်ခြင်း ဖြစ်သည်။

သို့သော် ကန်ရွှမ်းကလန်တစ်ခုလုံး၌ ခေါင်းလောင်းခြောက်ကြိမ်သာလျှင် မြည်ဖူးခ့ဲပြီး နောက်ပိုင်းတပည့်မျိုးဆက်များတွင်မူ တောင်ထွတ်စမ်းသပ်မှုအား ကျော်ဖြတ်နိုင်ရန်ပင် ကျရှုံးခ့ဲကြ၏။

နှင်းပဒုမ္မာတောင်ထွတ်၏ ဆရာသခင်မလျို့လျန်းယီမှ ပြုံးကာစကားဆိုလိုက်သည်။ " ဒီကောင်လေးကိုကြည့်ရတာ တက်ကြွနေတာပဲ။ ခေါင်းလောင်းခြောက်ကြိမ်ထိတော့ မြည်မယ်ထင်တယ်။"

တောင်ထွတ်ဆရာမလျို့လျန်းယီမှာ တိတ်ဆိတ်ငြိမ်သက်နေသော တောင်ထွတ်ဆရာသခင်လင်ကျွမ်းအား ကြည့်ရှုလိုက်၏။ တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ဓားကပ်ဘေးတောင်ထွတ်၏ ကျင့်ကြံခြင်းအရင်းအမြစ် ငါးပုံတစ်ပုံအား ဆုံးရှုံးရတော့မည်ဖြစ်သောကြောင့် စိတ်မကြည်မလင် ဖြစ်နေရခြင်း ဖြစ်သည်။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာပင် ပြောလိုက်၏။ "ရွှမ်ခေါင်းလောင်းခြောက်ကြိမ်က ငါတို့ခေတ်မှာတောင် မရှိတော့ဘူး။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ တောင်ထွတ်စမ်းသပ်မှုအား ဇူယွမ်မှ ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ဟု ဆိုလိုလိုက်ခြင်းပင် ဖြစ်သည်။

"တပည့်ခေါင်းဆောင်ရွေးချယ်ပွဲ မစခင်တုန်းကလည်း နင်ဒီလိုလေသံနဲ့ပဲ ပြောခ့ဲတာမဟုတ်ဘူးလား။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးကာမေးလိုက်၏။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ မျက်ဝန်းများအေးစက်ခက်ထန်သွားပြီးနောက် တင်းမာသောလေသံဖြင့် ပြောလိုက်သည်။

"ငါတို့စောင့်ကြည့်ကြတာပေါ့။"

..........

ဇူယွမ်မှာ တောင်တက်လမ်းပေါ်သို့ ခြေချလိုက်မိသည်နှင့်တကွ အနားပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသက့ဲသို့ ခံစားလိုက်ရ၏။

တောင်တက်လမ်း၏ ဘေးနှစ်ဖက်တွင် မြူခိုးများပိန်းပိတ်အောင် ထူထဲနေပေသည်။ တောင်တက်လမ်းကြီးမှာ အလွန်ပင် ရှည်လျားလှပြီး မြူခိုးများဖြင့် ဖုံးကွယ်ထားသောကြောင့် အပေါ်ပိုင်းအား မမြင်တွေ့ရချေ။

"တောင်ထွတ်စမ်းသပ်မှု စတော့မှာလား။"

ဇူယွမ်မှာ တောင်တက်လမ်းအား ကြည့်ရှုနေရင်းမှ ရေရွတ်လိုက်၏။

"တောင်ထွတ်စမ်းသပ်မှုက အရမ်းအန္တရာယ်များတယ်။ သတိမလွတ်စေနဲ့။"

ဇူယွမ်မှာ စိုးရိမ်ပူပန်နေသော အသံတစ်ခုအား ကြားလိုက်ရသည်။ ဇူယွမ်မှာ ထိုအသံအား ရင်းနှီးနေသော်လည်း စဥ်းစားမရ ဖြစ်နေ၏။ အချိန်အနည်းငယ်  ကြာပြီးနောက်တွင် ထိုအသံမှာ ရွှမ်အဖိုးအို၏အသံဖြစ်ကြောင်း သိရှိသွားရသည်။ သို့သော် ကြားလိုက်ရသည့်အသံမှာ အလွန်ပင် ငယ်ရွယ်နေ၏။

တောင်ထွတ်စမ်းသပ်မှုအား စတင်ဖွဲ့စည်းတည်ဆောက်ခ့ဲသည့်အချိန်တွင် ရွှမ်အဖိုးအို၏အသံအား အတူတကွ ပေါင်းထည့်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဇူယ​ွမ်မှာ ငယ်ရွယ်သော ရွှမ်အဖိုးအို၏အသံကြောင့် ခပ်ဖွဖွရယ်မောလိုက်မိသည်။ ထို့နောက် တောင်တက်လမ်းအား စတင်လျှောက်လှမ်းရန် ပြင်ဆင်လိုက်၏။

"ခုနက မင်းပြောခ့ဲတဲ့စကားကို မြဲမြဲမှတ်ထားပါ။"

ဇူယွမ်မှ လှုပ်ရှားတော့မည့် အချိန်မှာပင် တိုးညင်းသော အသံတစ်ခုအား ထပ်မံကြားလိုက်ရသည်။ ဇူယွမ်မှာ အနည်းငယ် အ့ံအားသင့်သွားမိ၏။ ထိုအသံမှာ ရွှမ်အဖိုးအို၏ လက်ရှိအသံပင် ဖြစ်သည်။ ရွှမ်အဖိုးအိုမှာ လျှို့ဝှက်စွာဖြင့် စကားသံအား ပို့ဆောင်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်.....ရွှမ်အဖိုးအိုမှာ မည်သည်ကို ဆိုလိုချင်ပါသနည်း......

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်ပါသော်လည်း အရာအားလုံးမှာ ပုံမှန်အခြေအနေတွင်သာ ရှိနေသည်။ ဇူယွမ်၏ရှေ့တွင်ရှိနေသော တောင်တက်လမ်းမှာလည်း မည်သည့်ထူးခြားမှုမှ ရှိမနေချေ။

သို့သော် ဤသို့ပုံမှန်ဖြစ်နေရခြင်းမှာ မဖြစ်နိုင်ကြောင်း ဇူယွမ်မှ သိရှိထား၏။ယခုက့ဲသို့သာ မည်သည့်အရာမှ ထူးခြားမနေပါက မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်များမှာ အဓိကတောင်ထွတ်၏ချိပ်စည်းအား ​ဖြည်ခ့ဲပြီးလောက်ပြီပင် ဖြစ်သည်။

ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် တောင်တက်လမ်းအတိုင်း လျှောက်လှမ်းသွား၏။ အချိန်အနည်းငယ်မျှ ကြာမြင့်ပြီးသည့်တိုင်အောင် မည်သည့်အရာမှ ထူးခြားမှုမရှိသဖြင့် ဇူယွမ်မှာ အ့ံအားသင့်သွားရသည်။

"တောင်ထွတ်စမ်းသပ်မှုက ပျက်စီးသွားတာများလား။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်မိ၏။

သို့သော် ထိုသို့ရေရွတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇူယွမ်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားရသည်။ ချက်ချင်းဆိုသလိုပင် ဇူယွမ်မှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

ထိုသို့ မှားယွင်းနေမှုမှာ အပြင်ဖက်ပတ်ဝန်းကျင်မှမဟုတ်ပဲ ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းမှပင် ဖြစ်သည်။ ဇူယွမ်မှာ ချီပင်လယ်အတွင်းမှ ချီစွမ်းအင်များ လျော့ပါးလာသည်ကို ခံစားလာရ၏။

"ဘာတွေဖြစ်နေတာလဲ..."

ဇူယွမ်မှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေသော တောင်တက်လမ်းကြီးအား ေငးမောကြည့်ရှုလိုက်သည်။

"ငါ့ရဲ့ချီစွမ်းအင်တွေ အကုန်မဆုံးရှုံးခင် ဒီတောင်တက်လမ်းကို ပြီးအောင်တက်ရမှာများလား။" ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေရ၏။ ထို့နောက် ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှ္ူထုတ်လိုက်သည်။ ဇူယွမ်မှာ တွေဝေတုန့်ဆိုင်းမနေတော့ပဲ တောင်ထွတ်စမ်းသပ်မှုအား ဖြတ်ကျော်ရန်သာ ဆုံးဖြတ်လိုက်၏။

ဇူယွမ်မှာ ရဲရင့်ပြတ်သားစွာဖြင့် တောင်တက်လမ်းအား ဆက်လက်တက်လှမ်းလိုက်သည်။ တောင်တမ်းလမ်း၏ လှေကားထစ်တစ်ခုစီတိုင်းတွင် ဇူယွမ်၏ ချီကြယ်ပွင့်များ ပျောက်ဆုံးလျော့ပါးလာရ၏။ ဇူယွမ်၏ ချီစွမ်းအင်များမှာ ပို၍ပို၍အားနည်းလာရသည်။

ဇူယွမ်မှာ ခက်ထန်နေသော အမူအရာဖြင့် လက်များအား ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ ချီစွမ်းအင်များ ပျောက်ဆုံးလျော့နည်းသွားရခြင်းအပေါ် မည်သူကမှ ပျော်ရွှင်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုချီကြယ်ပွင့်တစ်ခုစီတိုင်းသည် ဇူယွမ်၏ ကြိုးစားအားထုတ်မှု အသီးအပွင့်များပင် ဖြစ်သည်။

ချီစွမ်းအင်များ လျော့ပါးလာသည်နှင့်အမျှ ဇူယွမ်မှာလည်း ပို၍မောပန်းနွမ်းနယ်လာရ၏။

အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက်

ဇူယွမ်၏မျက်နှာမှာ သွေးဆုတ်ဖြူရော်နေရပြီပင် ဖြစ်သည်။ ဇူယွမ်၏ ချီပင်လယ်အတွင်း၌ ချီကြယ်ပွင့်နှစ်ထောင်ကျော်မျှ ဆုံးရှုံးသွားရပြီ ဖြစ်၏။

ဟူး.....

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှ္ူထုတ်လိုက်သည်။ တောင်ထွတ်စမ်းသပ်မှုမှာ အမှန်တကယ်ပင် ​ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

"နောက်ထပ် ချီကြယ်ပွင့်တစ်ရာ ကုန်သွားပြန်ပြီ။"

ဇူယွမ်မှာ ရှည်လျားလှသော တောင်တက်လမ်းကြီးအား ကြည့်ရှုလိုက်သည်။ ယခုအချိန်တွင် ဇူယွမ်မှာ စိတ်နှလုံးများပင် တုန်လှုပ်နေရပြီ ဖြစ်၏။

ဇူယွမ်မှာ ချီစွမ်းအင်များ မကုန်ဆုံးခင်၌ တောင်ထိပ်သို့ ရောက်ရှိနိုင်မည်မဟုတ်ဟု ယူဆလိုက်မိသည်။

ထို့အပြင် ဇူယွမ် အစိုးရိမ်ဆုံးအရာမှာ တောင်တက်လမ်း၏ အဆုံးအထိ လျှောက်လှမ်းနိုင်ခ့ဲလျှင်ပင် တောင်ထွတ်စမ်းသပ်မှုမှာ ပြီးဆုံးပါ့မည်လားဟူသော အချက်ပင် ဖြစ်၏။

မခန့်မှန်းနိုင်သော တောင်ထွတ်၏စမ်းသပ်မှုများကြောင်​့ ဇူယွမ်မှာ စိတ်နှလုံးများ ပေါက်ကွဲမတက်ပင် ခံစားနေရလေတော့သည်။

All Chapters