← Chapters

ကြောက်မက်ဖွယ်ရာနတ်ဘုရားကျောက်တုံး

Vol. 36 Ch. 490

ကြောက်မက်ဖွယ်ရာနတ်ဘုရားကျောက်တုံး

Vol. 36 Ch. 490

ပတ်ဝန်းကျင်ပြောင်းလဲခြင်းများ ရပ်တန့်သွားပြီးနောက် မြူခိုးများရစ်ဝဲနေသော တောင်တက်လမ်းကြီး ပျောက်ကွယ်သွားကာ အကန့်သတ်မဲ့သော အဝါရောင်သဲကန္တာရကြီးတစ်ခု ဖြစ်သွားလေသည်။ ဇူယွမ်မှာ သဲသောင်ပို့တစ်ခုပေါ်တွင်ရှိနေပြီး လေထုအပူချိန်မှာလည်း လွန်စွာမြင့်တက်နေ၏။

ကောင်းကင်ထက်တွင် ရွှေရောင်နေမင်းကြီးတစ်စင်း ထွန်းလင်းတောက်ပနေကာ ရွှေရောင်ခြည်အလင်းတန်းများ မြေပြင်ပေါ်သို့ ကျဆင်းနေလျက် ရှိသည်။

"ဒါဒုတိယစမ်းသပ်မှုလား။" ဇူယွမ်မှာ အကန့်အသတ်မဲ့သော ကန္တာရကြီးအား ငေးမောကြည့်ရှုကာ ရေရွတ်လိုက်၏။

"ဒီတစ်ကြိမ်ကရော ဘာကိုစမ်းသပ်တာ ဖြစ်မလဲ။"

ဇူယွမ်မှ တွေးတောနေစဥ်မှာပင် နေမင်းကြီးထံမှ ရွှေရောင်အလင်းတန်းများ ဖြာကျလာလေသည်။ သို့သော် ဇူယွမ်၏ ခန္ဓာကိုယ်နှင့် ချီစွမ်းအင်များ ပြောင်းလဲသွားခြင်း မရှိချေ။

"ခန္ဓာကိုယ်ရော ချီစွမ်းအင်ရော ဘာမှမဖြစ်ဘူး။"

"အဲ့ဒါဆိုရင်တော့....."

ဇူယွမ်မှ ရေရွတ်၍မပြီးသေးမှာပင် စိတ်ဝိဉာဥ်နာကျင်မှုအား ခံစားလိုက်ရ၏။ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ ပူပြင်းလှသော မီးပြင်းဖိုကြီးအထဲသို့ ထည့်ခံထားရသည့်အလား ပူလောင်နာကျင်လာရသည်။

"စိတ်ဝိဉာဥ်စမ်းသပ်မှုပဲ...."

ဇူယွမ်မှာ လျင်မြန်စွာ ထိုင်ချလိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်၏။ ဇူယွမ်၏ ဦးခေါင်းထက်မှ ချီစွမ်းအင်များ ထွက်ပေါ်လာကာ အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်သွားပြီး ရွှေရောင်ခြည်အလင်းတန်းများအား တွန်းကန်လိုက်သည်။

သို့သော် ထိုအကာအကွယ်အလွှာမှာလည်း အနည်းငယ်မျှပင် ထိရောက်မှုမရှိပါချေ။ ရွှေရောင်ခြည်အလင်းတန်းများမှာ ချီစွမ်းအင်အကာအကွယ်အလွှာအားကျော်ဖြတ်၍ ဇူယွမ်၏ခန္ဓာကိုယ်မှတဆင့် စိတ်ဝိဉာဥ်ပေါ်သို့ ကျဆင်းနေဆဲသာ ​ဖြစ်၏။

ဇူယွမ်မှာ ချီစွမ်းအင်များအား ပြန်လည်သိမ်းဆဲလိုက်ပြီးနောက် စိတ်ဝိဥာဥ်အားထုတ်ယူကာ လေထုထဲတွင် ရစ်ဝဲနေစေလိုက်သည်။

ဇူယွမ်၏စိတ်ဝိဥာဥ်မှာ အလယ်အလတ်ဒြပ်ထည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရုပ်ခန္ဓာမရှိခြင်းမှလွဲလျှင် ဇူယွမ်နှင့် တစ်ပုံစံတည်း တူညီ၏။

ဇူယွမ်၏စိတ်ဝိဥာဥ်မှာ လေထုထဲတွင် ထိုင်ချလိုက်ပြီးနောက် စိတ်ဝိဉာဥ်စွမ်းအင်များအားထုတ်လွှတ်ကာ ကာကွယ်ရေးများ စတင်ပြုလုပ်လိုက်သည်။ ဖြည်းညင်းစွာဖြင့် ဇူယွမ်၏စိတ်ဝိဥာဥ်မှာ ဒဏ်ရာဒဏ်ချက်များ ရရှိလာ၏။

ဇူယွမ်၏အမူအရာမှာ အလွန်ပင် ခက်ထန်နေရသည်။ အကယ်၍သာ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ အကန့်အသတ်သို့ ရောက်ရှိသွားပါက အလုံးစုံ ပျက်စီးသွားနိုင်၏။ ထိုသို့ဖြစ်သွားလျှင် ဇူယွမ်မှာ ရုပ်ခန္ဓာသက်သက်သာ ကျန်ရှိတော့မည် ဖြစ်သည်။

"ကောင်းကင်ပေါ်မှာရှိနေတဲ့ နေလုံးကြီးက တဖြည်းဖြည်းနဲ့ သေးလာသလိုပဲ။"

ဇူယွမ်မှာ ပတ်ဝန်းကျင်အား သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်၏။ ဇူယွမ်၏ စိတ်ဝိဉာဥ် လောင်ကျွမ်းလာရသည်နှင့်အတူ ေကာင်းကင်ပေါ်မှ နေလုံးကြီးမှာလည်း ဖြည်းညင်းစွာဖြင့် ကျုံ့ဝင်လာသည်ကို တွေ့ရှိလိုက်ရသည်။

"ဒီနေလုံးကြီး ပျောက်ကွယ်သွားတဲ့အထိ ငါခံနိုင်ရည်ရှိမလားဆိုတာကို စမ်းသပ်တာလား..."

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှ္ူထုတ်လိုက်၏။ ဇူယွမ်မှာ အဆုံးစွန်ထိ တောင့်ခံသွားရန်သာ ဆုံးဖြတ်လိုက်သည်။

ဇူယွမ်၏စိတ်ဝိဥာဥ်ထံမှ အရောင်အဝါများ လင်းလက်တောက်ပနေ၏။ ထိုအရောင်အဝါများမှာ စိတ်ဝိဉာဥ်စွမ်းအင်များဆီမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ရွှေရောင်ခြည်အလင်းတန်းများနှင့် ထိတွေ့လိုက်တိုင်းတွင် အနည်းငယ် ပျောက်ကွယ်သွားရသည်။

ဇူယွမ်မှာ နာကျင်မှုများအား တောင့်ခံနေစဥ်မှာပင် စိတ်ဝိဉာဥ်ထံမှ ပြင်းထန်သောတုန်ခါမှုတစ်ခုအား ခံစားလိုက်ရ၏။

"ဘာဖြစ်တာလဲ..." ဇူယွမ်မှာ အလွန်ပင် ထိတ်လန့်သွားရသည်။ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ အလယ်အလတ်ဒြပ်ထည့်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သောကြောင့် ခေတ္တမျှသော အချိန်ကလေးအတွင်းမှာပင် အကန့်အသတ်သို့ ရောက်ရှိမသွားသင့်ပေ။

ဇူယွမ်မှ ထိတ်လန့်နေစဥ်မှာပင် ဇူယွမ်၏စိတ်ဝိဥာဥ်ထံမှ ထူးခြားသော အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အကန့်အသတ်မဲ့သော ဆူညံသံများလည်း ထွက်ပေါ်လာတော့၏။

ထို့နောက် ဇူယွမ်၏စိတ်ဝိဥာဥ်ထံမှ အမှတ်အသားတစ်ခု ထွက်ပေါ်လာကာ နတ်ဘုရားကျောက်တုံးအဖြစ်သို့ ဖြည်းညင်းစွာ ပြောင်းလဲသွားလေသည်။

"ဆရာသခင်ကန်းယွမ်ပေးခ့ဲတဲ့ နတ်ဘုရားကျောက်တုံးပဲ..."

၎င်းမှာ ဇူယွမ်မှ မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဥာဥ်ပြန်လည်ပေါင်းစပ်ခြင်းနည်းလမ်းအား လေ့ကျင့်ရာတွင် အသုံးပြုသော နတ်ဘုရားကျောက်တုံးပင် ဖြစ်၏။ သို့သော် ဇူယွမ်မှ ခေါ်ဆောင်ခြင်းမပြုပဲ အဘယ့်ကြောင့် ရုတ်တရက် ပေါ်ထွက်လာရပါသနည်း.....

ချပ်....ချပ်....

နတ်ဘုရားကျောက်တုံးမှာ စတင်တုန်ခါလာပြီးနောက် အလင်းစက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအလင်းစက်ဝန်းမှာ ကန္တာရတစ်ခုလုံးသို့ ပျ့ံနှ့ံသွားပြီး သဲမှုန်များ အဝေးသို့ လွင့်စင်သွားကာ ပတ်ဝန်းကျင်သည်လည်း ပြောင်းလဲသွားရ၏။

အကန့်အသတ်မဲ့သော ကန္တာရတစ်ခုအဖြစ်မှ ကြယ်ရောင်စုံများ လင်းလက်နေသော ကောင်းကင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ထိုကောင်းကင်ထက်၌ တောက်ပစွာ လင်းလက်နေသော နေမင်းကြီးရှိနေဆဲဖြစ်ပြီး ရွှေရောင်ခြည်အလင်းတန်းများကိုလည်း ဆက်လက်ထုတ်လွှတ်နေ၏။

ဝုန်း....

မည်းမှောင်နေသော ကြယ်ရောင်ကောင်းကင်များအကြားမှ ကျယ်လောင်လှသည့် အသံတစ်ခုအား ကြားလိုက်ရသည်။ ထို့နောက် မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးမှာ အကန့်အသတ်မဲ့သော ဖိအားများအားထုတ်လွှတ်လိုက်၏။

နတ်ဘုရားကျောက်တုံးမှာ ဇူယွမ်၏စိတ်ဝိဥာဥ်အား တိုက်ခိုက်ခြင်းမရှိပဲ ကောင်းကင်ထက်ရှိ ရွှေရောင်နေမင်းကြီးဆီသို့ ပျံဝဲသွားသည်။

ဇူယွမ်မှာ မြင်တွေ့နေရသော မြင်ကွင်းများကြောင့် အနည်းငယ် အ့ံအားသင့်နေရ၏။

ရွှေရောင်နေလုံးကြီးက နတ်ဘုရားကျောက်တုံးကို အမျက်ဒေါသ ​ဖြစ်စေခ့ဲတာလား.....

ရွှေရောင်နေမင်းကြီးမှာလညး် အန္တရာယ်အငွေ့အသက်ကို ခံစားမိသည့်အလား ရွှေရောင်မီးလျှံများအား ထပ်မံဖြန့်ကျက်လိုက်သည်။

ဇူယွမ်၏စိတ်ဝိဥာဥ်မှာ ထိုရွှေရောင်မီးလျှံများဆီမှ အန္တရာယ်အငွေ့အသက်များအား ခံစားလိုက်မိ၏။ သို့သော် နတ်ဘုရားကျောက်တုံးမှာ ဖြည်းညင်းစွာဖြင့် လည်ပတ်နေပြီးနောက် နေမင်းကြီးထံမှ ရွှေရောင်မီးလျှံများအား ငြှိမ်းသက်စေလိုက်သည်။

ဇူယွမ်မှာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရ၏။ နတ်ဘုရားကျောက်တုံးမှာ စိတ်ဝိဥာဥ်အားစမ်းသပ်သော နေမင်းကြီး၏ ရွှေရောင်မီးလျှံများကိုပင် ငြှိမ်းသက်စေနိုင်ခဲ့လေသည်။ ထိုနေမင်းကြီးမှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ထားရစ်ခ့ဲသော အရာတစ်ခု ဖြစ်၏။

နတ်ဘုရားကျောက်တုံးမှာ ဖြည်းညင်းစွာ လည်ပတ်နေရင်းဖြင့် နေမင်းကြီးထံသို့ ရောက်ရှိသွားသည်။ ထို့နောက် ရွှေရောင်နေမင်းကြီးနှင့် နတ်ဘုရားကျောက်တုံးတို့ တွေ့ဆုံသွားကြ၏။

ဝုန်း.....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျ့ံနှ့ံလွှမ်းခြုံသွားပြီးနောက် ကောင်းကင်တစ်ခွင်လုံးကိုပင် အက်ကွဲသွားစေသည်။

ရွှေရောင်နေမင်းကြီးမှာ ဖြည်းညင်းစွာဖြင့် မှေးမှိန်လာရ၏။ ဤသို့ဖြင့် တိုက်ခိုက်နေသော  အရာနှစ်ခုလုံး ကွဲအက်လာရပြီး အဆုံးတွင်မူ ေရွှရေ​ာင်နေမင်းကြီးမှာ အပိုင်ပိုင်းအစစ ကြေမွသွားရလေသည်။

ကြယ်ရောင်စုံသော ကောင်းကင်ထက်တွင် နတ်ဘုရားကျောက်တုံးမှာလည်း မှေးမှိန်လာရပြီးနောက် ဇူယွမ်၏အနီးသို့ ဆင်းသက်လာ၏။

ဇူယွမ်မှာ ရွှေရောင်ခြည်အလင်းတန်းများ ဖြာဆင်းနေခြင်းမရှိတော့သည့် ကောင်းကင်ကြီးအား ငေးမောကြည့်ရှုလိုက်သည်။

ဇူယွမ်မှာ ခေါင်းကိုကုတ်ရင်းဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိ၏။ "စမ်းသပ်မှုက ပြီးသွားပြီလို့ ယူဆလို့ရလားမသိဘူး..."

စမ်းသပ်မှုမှာ ဇူယွမ်၏စိတ်ဝိဥာဥ်အား စမ်းသပ်ခြင်း ဖြစ်သည်။ သို့သော် ဇူယွမ်၏စိတ်ဝိဥာဥ်အတွင်းရှိနေသော နတ်ဘုရားကျောက်တုံးမှာ ရွှေရောင်အလင်းတန်းများအား သဘောကျဟန်မရှိပဲ အပြင်ဖက်သို့ထွက်လာကာ ဖျက်စီးပစ်လိုက်၏။

ယခုအခါတွင် ရွှေရောင်နေမင်းကြီးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသဖြင့် ဇူယွမ်မှာ စမ်းသပ်မှုအတွက် စိတ်ရှုထွေးနေရသည်။

ဤသို့ဖြင့် ဇူယွမ်မှာ ကြယ်များလင်းလက်နေသော ကောင်းကင်ထက်အား ကြည့်ရှုနေရင်းဖြင်​့ အချိန်အတော်ကြာအောင် အတွေးများကြား နစ်မြုပ်နေရလေတော့သည်။

All Chapters