← Chapters

အခန်း (၄၃)

Vol. 4 Ch. 43

အခန်း (၄၃)

Vol. 4 Ch. 43

၂၃ရက်နေ့မနက်ပိုင်းတွင် မိသားစုဝင်သုံးယောက် မြို့တော် B သို့ ချီတက်ရန် ပြင်ကြသည်။

ဝမ်ယွီထုံက အိမ်တော်ထိန်းစန်အား သူမ မရှိသည့် အတောအတွင်း ဟူပေါင်လေးကို ဂရုစိုက်ရန် အသေးစိတ်မှာ နေ၏။

အိမ်တော်ထိန်းစန်လည်း ပြုံးကာ ပြောလိုက်သည်။

"မဒမ် မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ ဟူပေါင်ကို သေချာဂရုစိုက်ထားပါ့မယ်"

ကျိုးရှောင်ယွီလေးသည် ဖြူမဲ ပန်ဒါတွားသွားဝတ်စုံကိုဝတ်ထားပြီး ဖျာပေါ်ထိုင်ကာ ဟူပေါင်နှင့်အတူ ဘောလုံးဆော့နေသည်။

အိမ်အလုပ်သမားတွေကတော့ အထုပ်ကြီးအထုပ်ငယ်သယ်ကာ ကားထဲ ထည့်နေကြသည်။

ဒီနေ့တော့ ကျိုးကျီယွဲ့ တစ်ယောက် ရိုးရိုးရှင်းရှင်းသာ ဝတ်ထားသည်။ အဖြုရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ပင်ဘောင်းဘီ ဝတ်ဆင်ထားကာ ဆံပင်ကလည်း သူ့နဖူးရှေ့ကျနေသည်။ သူ့ပုံစံက သန့်ရှင်းလန်းဆန်းကာ ကိုယ်နေဟန်ထားကလည်း ထင်းရှုးပင်ကဲ့သို့မြင့်မားနေသည်။ ပုံမှန်အလုပ်သွားနေကျပုံစံနှင့်မတူပဲ ကောလိပ်ကျောင်းသားနှင့်ပင် တူနေ၏။

"အခုသွားလို့ရပြီလား?"

ကျိုးကျီယွဲ့ နီးလာသည်နှင့် ဟူပေါင်လေးသည်လည်း ကြောက်လန့်ကာ ချက်ချင်းပြေးသွားတော့သည်။

ဝမ်ယွီထုံသည် သိုးမွှေးဦးထုပ်၊ အနွေးဂျက်ကပ်နှင့် ကတ်ရှမီးယားလည်စည်းကို စည်းထာသည်။

"အားလုံး ရယ်ဒီဖြစ်ပြီ"

ကျိုးရှောင်ယွီလေးသည် ကျိုးကျီယွဲ့ ချီတာ ခံလိုက်ရသည်။ ကောင်လေးက အချီခံလိုက်ရသည်နှင့် ဆူပုတ်ကာ ညဉ်းငြူနေသည်။ သူ့အဖေချီတာ မခံချင်၍ လက်ကလေး နှစ်ဖက်ကို ဝမ်ယွီထုံဘက် ဆန့်ပြနေသည်။

ဝမ်ယွီထုံလည်း ကလေးကို ချီလိုက်ကာ စိတ်လှုပ်တရှား ပြောလိုက်သည်။ "သွားကြစို့ လေယာဉ်ပျံကြီး စီးရအောင်!"

ကျိုးကျီယွဲ့၏ စေတနာကြီးမားမှုကို မြင်လိုက်ရသောအခါ ဝမ်ယွီထုံ ထပ်အံ့ဩသွားရပြန်သည်။

ကျိုးကျီယွဲ့၏ ကိုယ်ပိုင်လေယာဉ်က အတော်လေးကြီးကာ တန်ဖိုးကြီးလှသည်။ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ အိပ်ခန်းများပါဝင်ပြီး အတွင်းပိုင်းကိုလည်း အနက်ရောင် နှင့် ရွှေရောင်များဖြင့် အလှဆင်ထားသည်။ လေယာဉ်တစ်ခုလုံးက ပိုက်ဆံအနံ့တွေ လှိုင်လှိုင်ထွက်နေသည်။

ကျိုးကျီယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကပင် ရွှေရောင်တွေ တောင်ပနေသည်။

ကျိုးရှောင်ယွီအတွက်လည်း ကမ္ဘာကြီးကို ပထမဆုံးမြင်ရခြင်းဖြစ်သည်။ ပါးစပ်ကလေး အဟောင်းသားနှင့် သူ့လက်ကလေးကို ဝေ့ရမ်းကာ စိတ်လှုက်တရှား အော်ဟစ်နေ၏။

"အားးး"

ဝမ်ယွီထုံသည် အဆင့်မြင့် လယ်သာဆိုဖာပေါ်ထိုင်ရင်း စနောက်လိုက်သည်။

"ဒီလေယာဉ်ပျံကြီးက အရမ်းလှတာပဲ ရှောင်ယွီ။ သားဖေဖေကို လေယာဉ်ပျံ တစ်ခုလောက် ပေးဖို့ တောင်းကြည့်ရင်ကောင်းမလား?"

ကျိုးကျီယွဲ့ မျက်ခုံးလေး ပင့်လိုက်သည်။ "မင်းကြိုက်လား?"

"ဘယ်သူက မကြိုက်ပဲ နေမှာလဲ" ဝမ်ယွီထုံ မျက်နာလေးနီကာ ပြန်ဖြေလိုက်သည်။

"မင်းကြိုက်ရင် ကိုယ် မင်းကို ပေးလိုက်မယ်"

အမျိုးသား၏ လေသံက လက်ဆောင်သေးသေးမွှားမွှားပေးနေသည့်အလားပင်။

ဝမ်ယွီထုံ သောက်နေသည့်ရေပင် သီးသွားသည်။ အရမ်းလက်မဖွာလွန်းဘူးလား။ နာမည်ကြီး လက်ကိုင်အိတ်တွေ လက်ဆောင်ပေးတာက လက်ခံလို့ရပေမယ့် ဒါကတော့ သူမနဲ့ မထိုက်တန်ပေ။

သူမ ချက်ချင်း ခေါင်းခါလိုက်သည်။ "ဟင့်အင်း တော်ပါပြီ ကျွန်မက နောက်တာပါ"

ကျိုးကျီယွဲ့၏ အကြည့်တွေက မဲမှောင်နေကာ ဘာမှ ပြန်မပြောပေ။

လေယာဉ်ပျံသန်းချိန်က တစ်နာရီခွဲ လောက်သာ ရှိကာ သိပ်မကြာပေ။

သို့သော် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ လေယာဉ်ပေါ် မနေတတ်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် သွားရည်စာများ၊ သွားယားကိုက်အရုပ်များနှင့် ဆူညံသံလျော့ချပေးသည့် နားကြပ်များကို ကောင်လေး အတွက် ယူလာပေးခဲ့သည်။

မထင်မှတ်ထားပဲ ကျိုးရှောင်ယွီသည် သက်သောင့်မရှိတာမျိုး မဖြစ်ပေ။ ထိုအစား လေယာဉ် အပြင်ဘက်က ကောင်းကင်ပြာကြီးနှင့် တိမ်တိုက်ဖြူဖြူကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်။

ဝမ်ယွီထုံလည်း အခွင့်ကောင်းယူကာ ကလေးကို စကားလုံး အသစ်တွေ သင်ပေးလိုက်သည်။ "ဒါက ကောင်းကင်ကြီးနဲ့ တိမ်တွေ။ ကောင်းကင်က အပြာရောင် တိမ်တွေက အဖြူရောင်။ မေမေတို့အခုစီးနေတဲ့ ဟာကို လေယာဉ်ပျံလို့ ခေါ်တယ်"

ကျိုးရှောင်ယွီ လေယာဉ် ပြတင်းပေါက်ကို သူ့လက်ကလေးဖြင့်ကိုင်ကာ တောက်ပသည့်မျက်လုံးများဖြင့် အပြင်ဘက်က နူးညံ့သည့် မတ်ရှ်မယ်လို ဖြူဖြူ လုံးတွေ ပေါ် ခုန်ပေါက် ဆော့ကစားကာ အိပ်လိုက်ရလျင် သူ့အမေအိပ်ရာပေါ်ထက် ပိုပျော်စရာကောင်းမည်ဟု တွေးလိုက်သည်။

ဝမ်ယွီထုံသည် ကျိုးရှောင်ယွီလေး စကားမြန်မြန်ပြောနိုင်ရန် အထောက်အကူပြုနိုင်သည့် လွန်ခဲ့သည့်နှစ်ရက်က သင်ခဲ့သည့် ကဗျာအတိုအစလေးကို ချက်ချင်းရွတ်ဆိုလိုက်သည်။

"ဖြူဖြူလွှလွှ ကိုတိမ်တိုက်၊ သန့်ရှင်းရေးကို သူဂရုစိုက်။

မိုးလင်းမိုးချုပ် အလုပ်ရှုပ်နေ၊ ကောင်းကင်ပြာအောင် တိုက်ချွတ်နေ။

တောင်တန်းတွေလည်း စိမ်း စိမ်း....."

ကျိုးကျီယွဲ့ မျက်ခုံးလေးပင့်ကာ သူ့အမေကို စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့သည်။

ဝမ်ယွီထုံ လည်ချောင်းကို ရှင်းလိုက်ကာ ရုပ်မြင်သံကြားမှ အစီအစဉ် လွင့်သည့် လေသံဖြင့် ပြောလိုက်သည်။

"လေယာဉ်ပျံကြီးကတော့ သူ့အတောင်ပံကို ဖြန့်ပြီး တိမ်တိုက်တွေကို ဖြိုခွင်းကာ ပျံသန်းနေပါတယ်။ ဘေးက တိမ်တိုက်တွေကို သေသေချာချာ ဂရုစိုက်ကြည့်လိုက်မယ် ဆိုရင်ဖြင့် ငှက်ကလေးတွေနဲ့ ပုံစံတူနေတာကို မြင်ရမှာပဲ ဖြစ်ပါတယ်"

သူ့အမေက စွမ်းရည်ပြပွဲ လုပ်နေမှန်း သိလိုက်ရတော့ ကျိုးရှောင်ယွီ သူ့သွားလေးတွေ ဖြီးပြကာ အလွန်သဘောကျသည့်ပုံစံဖြင့် ကြည့်နေ၏။

"ဂူးးဂူးးး"

သူ့အမေရဲ့ စွမ်းရည်ပြပွဲကို ကြည့်ရတာ သူအကြိုက်ဆုံးပဲ။ကမ္ဘာပေါ်မှာ သူ့အမေက အတော်ဆုံး စွမ်းရည်အရှိဆုံးပဲ။

စနစ်ကလည်း ကျေနပ်နေ၏။ သူ့ဘဝမှာ ဒီလို ကျွမ်းကျင်တဲ့ အမေ အသစ်တစ်ယောက်ကို ပထမဆုံး လမ်းညွှန်ပေးနိုင်ခဲ့တာပဲ။

စနစ် - " အရမ်းကောင်းတယ်။ မွေးစကနေ သုံးနှစ်အထိက ကလေး‌တွေအတွက် ဘာသာစကားနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အချိန်ကာလပဲ။ ဒီအချိန်မှာ ကိုယ့်ကလေးကို ပိုပြီး စကားပြောခိုင်းရမယ်။ ကလေးတွေ စကားပြောဖို့ကြိုးစားလာပြီဆိုရင် သူတို့ဦးနှောက်တွေလည်း ပို အလုပ်လုပ်လာလိမ့်မယ်။ အာ့လို ချိန်ကိုက်ပြီး လုပ်ပေးနိုင်ရင် ကလေးတွေ မြန်မြန်စကားပြောလာလိမ့်မယ်"

လေယာဉ်ခရီးတိုလေးသည် ဝမ်ယွီထုံ၏ ကလေးကဗျာ ရွတ်ဆိုသံနှင့် ကျိုးရှောင်ယွီ၏ ပျော်ရွှင်စွာ အော်ဟစ်သံတွေဖြင့် ပျံသန်းနေသည်။

ကျိုးကျီယွဲ့က သူတို့နှစ်ယောက်အတွက် လိမ္မော်သီးနှစ်လုံးကို အခွံခွာပေးလိုက်သည်။ လိမ္မော်ရနံ့တွေက လေယာဉ် တစ်ခုလုံး ပျံ့နှံ့သွားကာ ချိုမြိန် လန်းဆန်းသည့်လေထုလေး ဖြစ်လာသည်။ ထိုရနံ့ကို ရှုရိုက်မိလျင်လည်း လန်းဆန်းသည့် ခံစားချက်ကို ရစေသည်။

ကျိုးရှောင်ယွီအတွက် ပထမဆုံး လေယာဉ်ခရီးစဉ် ဖြစ်သော်လည်း လေယာဉ် ခရီးစဉ် တစ်လျှောက်လုံး သူ့အာရုံကို လွဲပေးနိုင်မည့်အရာများလွန်း၍ လေယာဉ် အတက်အဆင်း ဆူညံသံကို နားမခံနိုင်တာက လွဲလျင် တစ်ခြား အရာများကို သက်သောင့်သက်သာဖြင့်သာ ကျော်ဖြတ်နိုင်သည်။

လေယာဉ်ပျံကလည်း မြို့တော် B ကို ဆင်းသက်လာပြီဖြစ်သည်။

မြို့တော်B၏ အပူချိန်က မနေ့ကထက် ပို၍ ကျဆင်းနေကာ မြို့တော်Aထက် ပိုအေးနေသည်။ အေးစက်သည့်လေ တိုက်ခတ်နေကာ လမ်းဘေးဝဲယာရှုခင်းတွေကလည်း အထီးကျန်ဆန်နေပုံရသည်။

မြို့တော်B က မြို့တော်A လောက် မကြွယ်ဝပါ။ သို့သော် ကမ်းရိုးတန်းမြို့ဖြစ်၍ လှပသည့် ရှုခင်းများရှိကာ ခရီးသွားလုပ်ငန်းတွင်ကျယ်သည်။

သူတို့သုံးဦးသားကို ကိုယ်ပိုင်ကားဖြင့် ရေပူစမ်းဟော်တယ်သို့ ခေါ်လာသည်။ ကျိုးရှောင်ယွီ၏ ပထမဆုံး ခရီးဝေးသွားခြင်း ဖြစ်၍ သူ၏ ဇီဝနာရီတွေလည်း ကပြောင်းကပြန်ဖြစ်ကုန်သည်။ ပုံမှန် ဆိုလျင် ကောင်လေးသည် မနက်တိုင်း မိနစ်လေးဆယ် တစ်ရေး အိပ်လေ့ရှိသည်။ သို့သော် ဒီနေ့တော့ မအိပ်နိုင်တော့ပေ။

သူ့မျက်လုံးဝိုင်းလေးကို ပြူးကျယ်ကာ သူ့မျက်နှာက စူးစမ်းလိုစိတ် အပြည့်ဖြစ်နေသည်။

ဝမ်ယွီထုံ ရှောင်ယွီ၏ ခေါင်းလေးကို ပွတ်လိုက်သည်။

"ရှောင်ယွီရေ တို့တွေ တစ်ခါမရောက်ဖူးတဲ့ နေရာကို ရောက်နေတာနော်။ တို့ကလေးလေးရဲ့ ပထမဆုံး အဝေးကြီးကို ခရီးသွားဖူးတာပဲ"

လေယာဉ်ပေါ်က ဆင်းတာနဲ့ ကျိုးရှောင်ယွီ သူ့အမေရဲ့ အင်္ကျီကော်လံကို ဆုပ်ကိုင်ကာ ပါးစပ်လေး ပိတ်ရင်း သူတစ်ခါမှ မမြင်ဖူးသည့် မြို့တော်ကို ကြည့်နေသည်။

ရှောင်ယွီလေး စကားလုံး အသစ်တွေ သိလာဖို့ ‌ဝမ်ယွီထုံကလည်း မြို့ကြီးကို မိတ်ဆက်ပေးသည့်အနေဖြင့် ကလေးကို စကားတွေ ပြောပေးနေသည်။

ကျိုးရှောင်ယွီ အတွက်တော့ ထူးခြားမှု ကြီးကြီးမားမား မတွေ့ပါ။ သူတို့သွားလို့သည့် နေရာတိုင်းကို ကားဖြင့်သာ သွားလာနေရတာကိုး။ ကောင်လေးက ပါးစပ်လေး ပိတ်ကာ ပျင်းလာ၍ သူ့အမေရဲ့ အင်္ကျီဇစ်ကို ကစားနေ၏။

နေ့ခင်းရောက်တော့ မြို့တော်B၏ မြို့ဆင်ခြေဖုန်းရှိ ရေပူစမ်းဟော်တယ်ကို ရောက်ရှိလာသည်။ အထွေအထွေမန်နေဂျာဟွမ်နှင့် မန်နေဂျာများသည် သူတို့ကို ကြိုဆိုရန် ဟော်တယ် ပေါက်ဝမှာ စောင့်နေကြသည်။ကျိုးကျီယွဲ့ လာမည် ဆိုသည့် သတင်း ရကတည်းက သူတို့ စိတ်လှုပ်ရှားနေကြတာဖြစ်သည်။

ကျိုးလုပ်ငန်းစုတွင် လုပ်ငန်းခွဲ ပေါင်းများစွာရှိသည်။ယျေဘုယျအနေဖြင့်ပြောရလျင် ဒီလို ရေပူစမ်းဟော်တယ် အသေးစားကို ‌ကုမ္ပဏီ ဘော့စ်ကိုယ်တိုင် ကွင်းဆင်းလေ့မရှိပါ။

အခုတော့ ဥက္ကဌကျိုးသည် အကြောင်းမကြားပဲ ရုတ်တရက်ရောက်ချလာခဲ့သည်။ မြို့တော်Bရဲ့ ခရီးသွား လုပ်ငန်းမှာ ပိုပြီး ရင်းနှီး မြုပ်နှံတော့မှာများလား? ဒါမှမဟုတ် ဟော်တယ်မှာ တစ်ခုခု ပြသနာကြတက်နေလို့ ဘော့စ်ကိုယ်တိုင် ဖြေရှင်းဖို့ ရောက်လာတာများလား?

ထိုကဲ့ သို့ အတွေးပေါင်းသောင်းခြောက်ထောင် တွေးနေတုန်း ကျိုးကျီယွဲ့တို့ မိသားစုဝင်သုံးယောက် ရောက်ချလာသည်။

မန်နေဂျာဟွမ် မငေးမောပဲ မနေနိုင်ဖြစ်သွားသည်။ ဒီမိသားစုက မဂ္ဂဇင်းကနေထွက်လာတဲ့ အတိုင်း တစ်ကယ်ကို ကြည့်ကောင်းတာပဲ။ ကျိုးကျီယွဲ့၏ အစ်ကိုကို တော့ သူ တစ်ခါမြင်ဖူးသည်။ ကျိုးကျီယွဲ့ကိုတော့ သူပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

သူက အတော်လေး ငယ်သေးတာပဲ။ အခုမှ ၂၂နှစ်ပဲ ရှိသေးတယ် ကြားတယ်။ ကောလိပ်ကျောင်းသားလေးလိုဖြစ်သော်လည်း သူ့အရှိန်အဝါကတော့ ဓားကဲ့သို့ ထက်မြက်ကာ ကြောက်စရာကောင်းနေသည်။

ပိုပြီး မထင်မှတ်ထားတာက ကြောက်မက်ဖွယ် စီအီးအိုကျိုးသည် ကလေးတစ်ယောက်ကို ပွေ့ထားခြင်းဖြစ်သည်။ ကလေးက ဖြူလုံးလုံးလေးဖြစ်ကာ ပါးလေးတွေကလည်း နီရဲနေသည်။ သူ့ဘေးက အမျိုးသမီးကလည်း မျက်နှာသေးသေးဖြင့် ချစ်စရာ မျက်နှာထားလေး ရှိသည်။

အနုပညာအတင်းအဖျင်းများစပ်စုကြသည့် ဟော်တယ်အလုပ်အမှုဆောင် အတော်များများက မစ္စကျိုးသည် သရုပ်ဆောင်အလုပ်ကို အနားယူထားသည့်စတားတစ်ယောက်ဖြစ်ကြောင်း အတင်းအဖျင်းများ ကြားဖူးကြသည်။

ထို့ကြောင့် ပထမဆုံး မစ္စကျိုးကို မြင်လိုက်ရသောအခါ အံ့ဩသွားကြသော်လည်း အပြင်ကိုတော့ ထုတ်မပြချေ။ ဘော့စ်ရဲ့ အတွင်းရေးကိုတော့ မစပ်စုရဲကြပေ။ ဘော့စ် ဟော်တယ်မှာ နေစဉ်အတွင်း ဟော်တယ်လုံခြုံရေးကို တိုးမြှင့်ရမည်ဟု သူတို့ တွေးလိုက်ကြသည်။

မန်နေဂျာဟွမ် ရှေ့ထွက်လာကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မစ္စတာကျိုး"

ကျိုးကျီယွဲ့လည်း ခေါင်းငြိမ့်ပြကာ အားလုံးကို နှုတ်ဆက်လိုက်သည်။ သူ၏ ချောမောသည့် ရုပ်သွင်က အေးစက်စက်ဖြင့် အရေးမစိုက်သည့်ဟန် ဖော်ပြနေသည်။

'ဘော့စ်ရဲ့ စိတ်ကိုတော့ ခန့်မှန်း မရနိုင်ဘူးဟေ့။ '

မန်နေဂျာဟွမ်နှင့် ဟော်တယ်အလုပ်အမှုဆောင်များသည် စိတ်လှုပ်ရှားကာ ချွေးပြန်နေကြသည်။

မန်နေဂျာဟွမ် နှုတ်ဆက်စကား တစ်ခုခုပြောရန် ပါးစပ် ဟလိုက်စဉ် စီအီးအိုကျိုး လက်ထဲက ကလေးငယ်လေးက သူတို့ကို နွေးထွေးစွာ နှုတ်ဆက်လာသည်။ "အာ...ဂူးးးးဂူးးးဂူးးးဂူးးး.."

လုံးလုံးကစ်ကစ် ပေါက်စီလုံးလေးသည် ပန်ဒါဝက်ဝံရုပ် ဝတ်စုံကို ဝတ်ထားသည်။ သူ့မျက်လုံးတွေက မဲနက်ကာ တောက်ပနေပြီး ဆံပင်ကလည်း ကောက်ကွေးနေသည်။သူ့လက်ကလေး နှစ်ဖက်ကို ဝေ့ရမ်းကာ ခြေထောက်ကလေးကိုလည်း ကန်ကျောက်ကာ ဆော့ကစားနေသည်။

အေးစက်စက်အခြေအနေက ချက်ချင်း နွေးထွေးသွားပြီး လူတိုင်းပြုံးမိလိုက်သည်။

မန်နေဂျာဟွမ် - " မစ္စတာကျိုး ..နေရမယ့် အခန်းနဲ့ နေ့လည်စာကို ပြင်ဆင်ပြီးပါပြီ။ အခန်းမှာ အရင်နားမလား နေ့လည်စာ အရင်စားပါမလားခင်ဗျာ"

ကျိုးကျီယွဲ့က နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှ်ိသူကို ကြည့်သည့်အလား ဝမ်ယွီထုံကို ကြည့်လိုက်သည်။

ကျိုးရှောင်ယွီက တက်ကြွနေသော်လည်း ဗိုက်ဆာကာ ခရီးပန်းနေပြီမှန်း ဝမ်ယွီထုံ သိသည်။ "ဒါဆို ကျွန်မတို့ နေ့လည်စာ အရင်စားရအောင်လေ"

မန်နေဂျာဟွမ်က ရှေ့မှ ဦးဆောင်ကာ ခေါ်သွားလိုက်သည်။ "မစ္စတာကျိုးနဲ့ မစ္စကျိုး ကျေးဇူးပြုပြီး လိုက်လာပေးပါ"

အိတ်တွေကိုတော့ ဟော်တယ်ဝန်ထမ်းတွေ သယ်လိုက်သည်။ ကျိုးကျီယွဲ့တို့ သုံးယောက်ကတော့ မန်နေဂျာဟွမ်နောက် လိုက်ကာ ရေပူစမ်းဟော်တယ်ထဲ ဝင်လာလိုက်သည်။

ဟော်တယ်က တောင်တန်းပေါ် တည်ဆောက်ထားတာဖြစ်ပြီး ဧရ်ိယာ အတော်ကျယ်လှသည်။ တရုတ်စတိုင် ခေတ်သစ် ဇရပ်များ၊ မျှော်စင်များ၊ လေသာဆောင်များ၊ ကျောက်ဆောင်များမှ ရေစီးကျနေသည့်နေရာများနှင့် ပန်းမန်ရှုခင်းများလည်း ရှိသည်။

လေထုထဲမှာလည်း လတ်ဆတ်သည့် ရနံ့ကို ရနေသည်။ကျိုးရှောင်ယွီသည် ခေါင်းကလေးကို စောင်းကာ သစ်ပင်ပေါ်မှ ငှက်ကလေးများကို နှုတ်ဆက်နေသည်။

ဒီလို တက်ကြွနေသည့် ကလေးကို ပထမဆုံး မြင်ဖူး၍ မန်နေဂျာဟွမ်လည်း ပြုံးလိုက်မိသည်။ ကျိုးမိသားစုဝင်သုံးဦးကို ဦးဆောင်ကာ ဟော်တယ်၏ သီးသန့်စားသောက်ဆိုင်တံခါးကို ဖွင့်ကာ ဝင်သွားလိုက်သည်။စားသောက်ဆိုင်၏ အတွင်းဒီဇိုင်းသည် ရှေးဟောင်းစတိုင် အလှဆင်ထားသည်။

ကြမ်းခင်းကနေ မျက်နှာကျက်အထိ မှန်ပြတင်းတွေ ကာရံထားသည့် သီးသန့်အခန်းလေးထဲ သူတို့ ဝင်သွားလိုက်ကြသည်။ မှန်ပြတင်းအပြင်ဘက်မှာ တော့ ရင်သက်ရှုမောဖွယ် ရှုမျှော်ခင်းလေးရှိနေသည်။သီးသန့်အခန်းအတွင်းမှာတော့ တိရိစ္ဆာန်ရုပ်ပုံ ချည်ထိုးလက်ရာများ၊ အဖြူအမဲ ပန်းချီကားချပ်များ၊ ကြွေပန်းအိုးများနှင့် ပန်းပုထွင်းထားသည့်စားပွဲ ဝိုင်းများရှိနေသည်။ တစ်ခန်းလုံးက အရှေ့တိုင်း ဆန်ဆန် အဆင့်မြင့်သည့် ဟန်ကို ပြ‌နေသည်။

မန်နေဂျာဟွမ်ကပဲ ရှင်းပြလိုက်သည်။ "ဒါက တော့ ကျွန်တော်တို့ ဟော်တယ် အပန်းဖြေစခန်းတစ်ခုလုံးရဲ့ အထူးခြားဆုံး တရုတ်စားသောက်ဆိုင်ပါ။ မစ္စတာကျိုးနဲ့ မစ္စကျိုးတို့ အထူးတလည် ရှောင်တဲ့ အစားအသောက်တွေ ရှိပါသလား"

"မရှိပါဘူး" ဝမ်ယွီထုံ ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"ဒါနဲ့ စားဖိုဆောင်ကို ကလေးငယ်စားဖို့ စားစရာ ပြင်ပေးလို့ရမလား မေးပေးပါ"

"ဒါတွေ နဲ့ ဝက်သားနှုတ်နှုတ်စင်းရယ်၊ ဟင်းနုနယ်ရွယ်ရယ်၊ ခေါက်ဆွဲရယ်ကို ဟင်းခတ်အမွှေးအကြိုင် မထည့်ပဲ ပြင်ခိုင်းလိုက်ပါ"

ဝမ်ယွီထုံ ကလေးဖြည့်စွက်အစာ ထုပ်နှစ်ထုပ်ကို မန်နေဂျာဟွမ်အား ကမ်းပေးလိုက်ပြီး ဝမ်ယွီထုံ ကျေးဇူးတင်သည့်အနေဖြင့် ပြုံးပြလိုက်သည်။

"ကူညီပေးလို့ ကျေးဇူးပါ"

မန်နေဂျာဟွမ် ခေါင်းငြိမ့်လိုက်သည်။ "ရပါတယ်ခင်ဗျာ ဒါတွေက ကျွန်တော်တို့ လုပ်ပေးရမယ့်အရာတွေပါ"

မန်နေဂျာဟွမ် ကျိုးကျီယွဲ့တို့နှစ်ယောက်ကို မသိမသာလေး အကဲခတ်ကြည့်လိုက်ရာ ဘော့စ်လင်မယားနှစ်ယောက်သည် စားသောက်ဆိုင်နှင့် ပတ်သက်၍ ကျေနပ်နေသည့် မျက်နှာ အမူအရာကို တွေ့လိုက်ရ၍ သူစိတ်အေးသွားသည်။

နောက်ဆုံးတော့ ကျိုးရှောင်ယွီလေးသည် အပြင်မှာ ဆော့ကစားချင်လာသည်။ စားသောက်ဆိုင်ရှိ ထူးဆန်းသော ပစ္စည်းများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ ထူးဆန်းတဲ့ ကစားစရာတွေ အများကြီး ရှိတာပဲ!

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို တွားသွားနိုင်ရန် ကြမ်းပြင်ပေါ်ချပေးလိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခဏနေရင် ကလေးကို ရေချိုး အဝတ်စားလဲပေးပြီးမှ အိပ်ခိုင်းမှာပဲလေ။

ပေါက်စီလုံးလေးက ပြင်သစ်ပြတင်းပေါက်ကို မှီကာ အပြင်ဘက်ခြံထဲက ရေကန်လေးကို ကြည့်ရင်း မှန်ကို ခေါက်လိုက်သည်။

"ဂူးးဂူးးး"

ဝမ်ယွီထုံကတော့ ကျိုးကျီယွဲ့ ဘေးမှာ ထိုင်ရင်း သူမဖုန်းကို ထုတ်လိုက်ကာ ပြုံးရင်း ပြောလိုက်သည်။ "ကျွန်မတို့ တစ်ခါမှ ဓါတ်ပုံ အတူမရိုက်ဖူးဘူးနော်။ ဆယ်ဖီပုံ လေး ရိုက်ရအောင်"

ဖုန်းကင်မရာကို အရှေ့ဘက် လှည့်လိုက်စဉ် နီးကပ်လာသည့် သူတို့နှစ်ဦး၏ မျက်နှာကို မြင်ရသည်။

သူတို့နှစ်ဦး နီးကပ်လွန်း၍ ဝမ်ယွီထုံပင် သူမဘေးမှ အမျိုးသား၏ ကိုယ်ငွေ့နှင့် စူးရှသည့် သစ်သားရနံ့ ရေမွှေးကို ရလိုက်သည်။ ပုံကောင်းထွက်စေဖို့ သူမမျက်နှာကို ဘယ်ဘက်အနည်းငယ် စောင်းလိုက်စဉ် သူမ၏ ရှု ထုတ်လိုက်သည့် လေတွေက အမျိုးသား၏ မေးရိုးကို အသာအယာပွတ်တိုက်သွားသည်။

ကျိုးကျီယွဲ့၏ မျက်နှာယားကျိကျိ ဖြစ်သွားပြီး သူ့နှလုံးသားကို ငှက်မွှေးဖြင့်ပွတ်တိုက်ကျီဇယ်သလို ခံစားလိုက်ရ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ မသက်မသာ ခံစားလိုက်ရသည်။

သူတို့နှစ်ဦး ပုံဒါဇင်လောက် ရိုက်လိုက်ကြသည်။ ပုံရိုက်ပြီးနောက် ပုံရွေးရန် ဝမ်ယွီထုံ ကျိုးကျီယွဲ့နားတိုးသွားကာ မေးလိုက်သည်။

"ဒီပုံ လေး ဘယ်လို နေလဲ?"

သူမ ခေါင်းလေးမော့ကာ သူမကို ငုံ့ကြည့်နေသည့် ကျိုးကျီယွဲ့နှင့် အကြည့်ချင်း ဆုံလိုက်သည်။ ကျိုးကျီယွဲ့၏ အကြည့်တွေက မီးရောင်အောက်ဝယ် နက်နဲ သိမ်မွေ့နေသည်။

သူမ ပါးပြင်နှင့် နားတို့ ပူလာပြီး နှုတ်ခမ်းကို စေ့လိုက်သည်။

"ဒီဟာမဆိုးဘူး"

လေထုအ‌ခြေအနေက အနည်းငယ် ထူးဆန်းလာသည်။ဘယ်သူမှလဲ စကားထပ်မဟတော့ပါ။ သူမ နှလုံးခုန်သံတွေ နည်းနည်းမြန်လာသလို ဝမ်ယွီထုံ ခံစားလိုက်ရသည်။

ဆိုဖာ တစ်ဖင် တစ်ချက်တွင် လူနှစ်ဦးစည် အတွေးကိုယ်စီဖြင့် ထိုင်နေကြသည်။ ဝမ်ယွီထုံက ပုံတွေကို ဖိုတိုရှော့လုပ်နေကာ ကျိုးကျီယွဲ့က အစားအသောက် မီနူးကိုဖတ်နေ၏။

သူတို့ နှစ်ယောင် ဘာဆက်ပြောရမလဲ တွေးနေကြစဉ် သူတို့အနောက်မှ ထူးဆန်းသည့်အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

  "ဘန်းးးး--"

  “ခလွမ်းးးး—”

ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့ တို့နှစ်ယောက် အလန့်တကြား လှည့်ကြည့်လိုက်ကြသည်။

ကျိုးရှောင်ယွီသည် အလှပြထားသည့် ပန်းထိုးပန်းချီကားချပ်ကို တွန်းလိုက်မိပြီး ဘန်းးးးဟုလဲကျသွားကာ နောက်ထပ် တန်ဖိုးကြီး ကြွေပန်းအိုးနှစ်လုံးကိုခလွမ်းးးးကနဲ တွန်းချထားသည်ကို မြင်လိုက်ရသည်။ ကြမ်းခင်းတစ်ခုလုံးလည်း ကြွေထည်ကွဲစတွေနှင့် ပျံ့ကြဲနေ၏။

ပန်ဒါဘောလုံးလေးကတော့ အရှုပ်အထွေးတွေကြားထဲ ထိုင်ကာ သူ့လက်ကလေးကို ဝေ့ရမ်းပြရင်း ပြုံးဖြီးနေ၏။

"အောင်းးးဂူးးဂူးးးဂူးးးဂူးးး!"  

All Chapters