ကြယ်တွေစုံတဲ့ည အကြီးအကဲ
Vol. 9 Ch. 112
မြို့တံခါးနောက်တွင် ရွှေမျက်လုံး မျောက်မင်း၏ ငွေသံတုတ်သည် ငရဲမြင်း၏ ဦးခေါင်းခွံအား ကွဲကြေအောင် ပြုလုပ်လိုက်ပြီ ဖြစ်လေသည်။
ရွှေမျက်လုံး မျောက်မင်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို အလင်းများ ဖုံးလွှမ်းလျက် ရှိပြီး သူ၏ အော်ရာသည်လည်း ယခင်ကထက် သိသိသာသာ အားနည်း နေလေသည်။
ငရဲမြင်းအား သတ်ဖြတ်ပြီးသည့် နောက်တွင် ရွှေမျက်လုံး မျောက်မင်းသည် ဆိုးဝါးသည့် အခြေအနေတွင် ရှိနေသော်လည်း လူသား တပ်သားများအား ကာကွယ် တိုက်ခိုက်ပေးလျက် ရှိနေဆဲဖြစ်သည်။
တိုက်ပွဲကွင်းပြင်၏ ထိပ်တွင် စုချန်းရန်၏ လရောင်ဝိုင်းသည် ခရမ်းမီးတောက် လင်းယုန်အား ရှင်းလင်း လိုက်လေသည်။
ခရမ်းမီးတောက် လင်းယုန်သည် သူ့ကိုယ်သူ သတ်သေခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းသေဆုံးသွားသည့် အခါတွင် စုချန်းရန်အနေဖြင့် သားရဲ အမြုတေအား စစ်ဆေးကြည့် လိုက်သည်။
မြို့အရှင် ကျန်းချင်းချူသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံး အဆင့်ရှိ အားကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူသည် ရွှမ်ယွမ်ချန်၊ စုချန်းရန်၊ လုကျန့်တို့နှင့်အတူ မြို့ရိုး၏ အပိုင်း အသီးသီးအား စောင့်ကြပ်လျက် ရှိကြသည်။ သူတို့လေးဦးသည် မိုးပျံသန္ဓေပြောင်း သားရဲများအား တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်တွင် ရှိနေသည့် မန္တန် အသုံးပြုသူများအား ကာကွယ်လျက် ရှိနေလေသည်။
မန္တန် အသုံးပြုသူများနှင့် တန်းခွဲ၁မှ ကျောင်းသားများ၏ မရပ်မနား တိုက်ခိုက်မှုများ အောက်တွင် မြေပြင်ပေါ်ရှိ သန္ဓေပြောင်းသားရဲ ထက်ဝက်ကျော်သည် သေဆုံး သွားခဲ့ရပြီး ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှု အဟုန် ရပ်တန့် သွားသည်နှင့်အတူ သားရဲအုပ်သည်လည်း တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများ ဆုံးရှုံး သွားလေပြီ။
အခြေအနေသည် တဖြည်းဖြည်းနှင့် ထိန်းချုပ်မှု အောက်သို့ ရောက်ရှိလာပြီး ယခုသည် ကျန်ရှိနေသေးသည့် သန္ဓေပြောင်း သားရဲများအား အမြစ်ဖြတ် သုတ်သင်ရမည့် အချိန် ဖြစ်သည်။
တိုက်ပွဲ ကွင်းပြင်တွင် အန်လင်းသည် ဝက်ဝံဖြူကြီး၏ ဝမ်းဗိုက်အား ထိုးခွဲလိုက်သည်။ ဟိုဟိုဒီဒီ ရှာဖွေပြီး နောက်တွင် အေးစက်စက် အော်ရာများ ထုတ်လွှတ်လျက် ရှိနေသော အဖြူရောင် သားရဲ အမြုတေအား ရှာဖွေတွေ့ရှိ လေပြီ။
“ဟိဟိ ... နောက်ဆုံးတော့ သားရဲအမြုတေ ၃ ခု ရခဲ့ပြီလေ ...” အန်လင်းသည် ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်သည်။
ယခုအခါတွင် အန်လင်းထံ၌ သားရဲအမြုတေ ၃ ခု ရှိနေပြီ ဖြစ်သည်ကြောင့် Shenron အား ဆင့်ခေါ်ဖို့ အချိန်ကျ လာလေပြီ။ (Shenron ဆိုတာ Dragon Ball ထဲက နဂါးပါ။ ဒီနေရာမှာ အန်လင်းက ဟာသ လုပ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ Dragon Ball movie လောက် ကြည့်ဖူးရင်ကို သဘောပေါက်မှာပါ_)
အေးခဲနေသည့် ခြင်္သေ့အလောင်း နှစ်ခုအား သိုလှောင်လက်စွပ် အတွင်းမှ ထုတ်ယူလိုက်သည်။
လိုအပ်သည့် သားရဲ အမြုတေများအား စုဆောင်းပြီး ဖြစ်သဖြင့် ထိုရုပ် အလောင်းများအား မလိုအပ်တော့ချေ။
အန်လင်း သတိမပြုမိ လိုက်သည်မှာ ထိုအလောင်းများ၏ အစိတ်အပိုင်း တချို့သည် တဖြည်းဖြည်း မှေးမှိန် လာပြီးနောက် သူတို့၏ တောက်ပမှုများသည် ကြယ်သေ တစ်လုံးကဲ့သို့ လွင့်စဉ်လာသည်။
အဖြူရောင် မြူခိုးများ အလယ်တွင် ရုတ်တရက် ဆိုသလို ဆင်အော်သံတစ်ခု ထွက်ပေါ်လာသည်။
မီးလျှံများသည် ကောင်းကင်သို့ ပျံတက် သွားပြီးနောက် အပူလှိုင်းများသည် အဖြူရောင် မြူခိုးများအား အဝေးသို့ လွင့်စဉ် သွားစေသည်။
စုရှောင်လန်သည် ချွေးရွှဲရွှဲစို နေလေပြီ။ သူမသည် နဖူးပေါ်ရှိ ချွေးသီးများအား လက်ဖြင့် သုတ်လိုက်ပြီး အန်လင်းထံသို့ လျှောက်လှမ်းသွားသည်။
သူမ၏နောက်တွင် ဆင်တစ်ကောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် ရှိပြီး ခန္ဓာကိုယ်သည် ကောင်းမွန်စွာ ချက်ပြုတ်ထားပြီး ဖြစ်သည်။
“ဘာလုပ် နေတာတုန်း ... ဘယ်လိုဖြစ်ပြီး အရမ်းပျော် နေရတာလဲ ...”
အန်လင်းသည် ရောင်စုံပုတီးစေ့ သုံးခုအား လက်တွင်ကိုင်ဆောင်ပြီး မြေပေါ်တွင် ပျော်ရွှင်စွာဖြင့် ဆောင့်ကြောင့် ထိုင်နေခြင်းအား မြင်လိုက်ရသည့် အခါတွင် စုရှောင်လန်သည် စူးစမ်းလိုစိတ်များ ဖြစ်လာတော့သည်။
အန်လင်းသည် အသိပြန်ဝင်လာပြီး သားရဲ အမြုတေများအား သိုလှောင်လက်စွပ် အတွင်း ထည့်လိုက်သည်။ “လျှို့ဝှက်ချက် ...” လျှို့ဝှက်သည့် လေသံဖြင့် “တိုက်ပွဲပြီးသွားရင် ပြောပြမယ် ...”
စုရှောင်လန်သည် မကျေမနပ်ဖြင့် တောက်ခေါက်လိုက်သည်။ အန်လင်း၏ လျှို့ဝှက်သည့် အပြုအမူအား ကျေနပ်ခြင်း မရှိသည်မှာ ထင်ရှားလွန်းပေသည်။
သူမသည် ခေါင်းခါယမ်းကာဖြင့် တိုက်ပွဲအတွင်း ပြန်လည်ဝင်ရောက် လိုက်သည်။
များအကြာမီတွင် ဧရာမ ပိုးဟပ်နက်ကြီး တစ်ကောင်သည် အန်လင်းထံ ပြေးလာသည်။
သူ၏ရှေ့ခြေထောက်များသည် မြက်ရိတ်ဓားများ ကဲ့သို့ အန်လင်းအား ခုတ်ပိုင်းကာဖြင့် တိုက်ပွဲအတွင်းသို့ အတင်းအကျပ် ဆွဲခေါ်နေလေသည်။
***
အဓိက တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ၃ မိုင် ကွာဝေးသည့် နေရာတွင် ဓားအင်မော်တယ် လင်းရှောင်သည် ခန္ဓာကိုယ် တစ်ခုလုံးအား အကြေးခွံများ ဖုံးလွှမ်းထားသည့် အနက်ရောင် သံချပ်ကာနှင့် အမျိုးသား တစ်ဦးအား သတ်ဖြတ် လိုက်လေသည်။
သူ၏ပတ်လည်တွင် မြေပြင်သည် ပုံပျက်လျက် ရှိပြီး မြေမျက်နှာပြင် အနှံတွင် မရေမတွက်နိုင်သည့် လျှိုမြောင်များ ဖြစ်ပေါ်နေလေသည်။
ဤ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် အနက်ရောင်လှံအား ပစ်လွှတ်လိုက်သူ ဖြစ်သည်။ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်သို့ ရောက်နေသူ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှနေ ဓားအင်မော်တယ် လင်းရှောင်သည် ဝိညာဉ်သားရဲ တစ်ကောင်၏ အော်ရာအား အာရုံခံမိခြင်း မရှိချေ။ ဖြစ်နိုင်သည်မှာ ထိုလူသည် အခြားသော ဂြိုဟ်သား မျိုးနွယ်စုမှ ဖြစ်ပေလိမ့်မည်။
ထိုအမျိုးသားသည် မြေပြင်ပေါ်သို့ ကျသွားသည့် အခါတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားသည်။
“ဟမ် ... ဘာတုန်းဟ ...”
ဓားအင်မော်တယ် လင်းရှောင်သည် မျက်မှောင်ကြုတ် လိုက်ပြီး သူ၏ဓားသည် ထိုလူ၏ ခန္ဓာကိုယ်အား ခွဲပစ်လိုက်သည်။
မှိန်ဖျော့လာသည့် နေရာအား ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရချေ။
ပတ်ဝန်းကျင်အား ရှင်းလင်းပြီးနောက် ဓားအင်မော်တယ် လင်းရှောင်၏ စိတ်ထဲတွင် စိုးရိမ် ပူပန်သည့် ခံစားချက်များ ဝင်ရောက်လာသည်။
ထားလိုက်ပါမယ်လေ ... ပြန်သွားပြီး ကျန်နေတဲ့ သန္ဓေပြောင်း သားရဲတွေကို ရင်ဆိုင်တာပေါ့ ...
သူ၏ဓားပေါ်သို့ ခုန်တက်လိုက်ပြီး နောက်တွင် အနီးဆုံးသော တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပျံသန်း သွားလိုက်သည်။
ဓားအင်မော်တယ် လင်းရှောင် ဝင်ရောက် အားဖြည့်မှုကြောင့် သန္ဓေပြောင်း သားရဲများအား သုတ်သင် ရှင်းလင်းရာတွင် ပို၍မြန်ဆန် လာလေသည်။
များမကြာမီမှာပင် သားရဲအုပ် အတွင်းရှိ သားရဲအားလုံး သေဆုံး သွားလေပြီ။
ညနေဆည်းဆာချိန် ကျရောက်လာပြီ ဖြစ်သည်ကြောင့် ကောင်းကင်သည် လိမ္မော်ရောင် သန်းနေပြီး မြေပြင်သည်လည်း သွေးချောင်းစီးလျက် ရှိနေသည်။ လေထုအတွင်း၌ သွေးရနံ့များ ပျံ့နှံ့လျက် ရှိသည်။
မြို့ရိုး၏ အစွန်ဘက်တွင် သန္ဓေပြောင်းသားရဲ ၂၀၀၀ ကျော်၏ အလောင်းများသည် မြေပြင်တွင် စုပုံလျက်ရှိသည်။ လေထုထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ ပြည့်နှက်လျက် ရှိနေသည်။
ကျောင်းသား များစွာတို့သည် သွေးများ စိုရွှဲကာဖြင့် ပြန်လည်ရောက်ရှိ လာကြသည်။ ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိသော်လည်း ကံကောင်းစွာဖြင့် သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။
မကြာမီတွင် ထောင်နှင့်ချီသည့် တပ်သားများသည် မြို့တံခါးမှ စုပြုံကာဖြင့် ထွက်ပေါ် လာပြီးနောက် တိုက်ပွဲဖြစ်ပွားရာ နေရာအား ရှင်းလင်းရေး လုပ်ကြကာ သန္ဓေပြောင်း သားရဲများ၏ ခန္ဓာကိုယ်များအား ရှာဖွေကြလေသည်။
အချို့သော သန္ဓေပြောင်း သားရဲများ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရတနာများ ဖြစ်သည်။ သားရဲ အလောင်းများအား ရှာဖွေနေသည့် တပ်သားများ၏ လှုပ်ရှားမှုများသည် လျင်မြန် ချောမွေ့ပြီး အတွေ့အကြုံ ပြည့်ဝကြသည်။
ညအချိန် ....
ကျန်းချင်းချူသည် စားသောက်ပွဲကြီး တစ်ခု ထပ်မံ ကျင်းပလေသည်။ သည်တစ်ကြိမ်တွင် မြို့အား ကာကွယ် ပေးခဲ့ကြသည့် တပ်မှူးများနှင့် တပ်သားများအား ဆုချီးမြှင့်ရန် အတွက် ဖြစ်သည်။
သားရဲအုပ်အား ခုခံရင်ဆိုင် ရသည့် ဤစစ်ပွဲတွင် သူတို့သည် ကြီးကျယ်သည့် အောင်မြင်မှုကို ရရှိခဲ့လေသည်။ ထို့အပြင် သူတို့ဘက်တွင် ထိခိုက်ဒဏ်ရာ ရသူများသာလျှင် ရှိခဲ့သည်။ အဓိကအချက်မှာ ထူးချွန် ကျောင်းသားများ၏ ပူးပေါင်း ပါဝင်မှုကြောင့် ဖြစ်သည်။ ကျောင်းသားများသည် စွမ်းစွမ်းတမံ တိုက်ခိုက်ကာဖြင့် မြို့စောင့် တပ်သားများ၏ ဖိအားများအား လျော့ကျစေခဲ့သည်။
ယခု သားရဲအုပ်ကြောင့် ပတ်ဝန်းကျင် တစ်ဝိုက်ရှိ သန္ဓေပြောင်းသားရဲ အရေအတွက်မှာ သိသိသာသာ လျော့ကျသွားပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် သင်အန်းမြို့ရှိ တပ်သားများ အနေဖြင့် အချိန်တစ်ခု ထိတိုင်အောင် အနားယူနိုင်မည် ဖြစ်သည်။
တပ်သား အားလုံးသည် ဆန္ဒရှိသလို သောက်သုံး ကြလေသည်။ တန်းခွဲ၁မှ ကျောင်းသားများ ပင်လျင် ရွှင်မြူးတက်ကြွ နေသည်ကြောင့် သူတို့၏ ခွက်များကိုမြှောက်ကာ ဆုတောင်း လိုက်ကြသည်။
ယခုတိုက်ပွဲတွင် သူတို့သည် သန္ဓေပြောင်းသားရဲ ၂၃၀၀ ကျော် သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော်လည်း ဓားအင်မော်တယ် လင်းရှောင်သည် ကျောင်းသားများ၏ သတ်ဖြတ်မှု စာရင်းတွင် သန္ဓေပြောင်းသားရဲ အကောင် ၁၀၀၀ သာလျှင် ထည့်သွင်း ပေးလေသည်။
သင်အန်းမြို့ရှိ တပ်သားများသည် သန္ဓေပြောင်းသားရဲ အများအပြား သတ်ဖြတ်ခဲ့ပြီး အခြားသော သားရဲများအား ဓားအင်မော်တယ် လင်းရှောင်မှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားများအား အခွင့်ကောင်းယူရန် ခွင့်မပြုနိုင်ပေ။ ထို့အတွက်ကြောင့် အကြမ်းဖျင်း ခန့်မှန်းလိုက်ပြီး သန္ဓေပြောင်းသားရဲ အကောင် ၁၀၀၀ ကိုသာလျှင် ခွဲဝေပေးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ကျောင်းသားများသည် လွန်စွာ ကျေနပ်လျက် ရှိသည်။
သူတို့သည် နှစ်နာရီမျှ တိုက်ခိုက်ခဲ့ရုံဖြင့် နေ့စဉ် ရည်မှန်းချက် များစွာအား ကျော်လွန်နိုင်ခဲ့သည်။ သူတို့အတွက် ထိုသည်ကပင်လျှင် မျှော်လင့်ထားသည့် ရလဒ်တစ်ခု ဖြစ်ပေသည်။
***
သင်အန်းမြို့ရှိ လူတိုင်းသည် စားသောက်ပွဲများ ကျင်းပနေစဉ် ...
အသင်္ချေတောင်တန်း နယ်မြေ၏ နက်ရှိင်းလှသည့် နေရာတွင် ရှိနေသော နီရဲတောက်ပသည့် နန်းတော်အတွင်း ...
ခေါင်းပေါ်တွင် ရွှေရောင်ချို နှစ်ခုရှိသည့် နီရဲနေသော အရေပြားနှင့် အမျိုးသား တစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ရိုသေလေးစားမှု အပြည့်ဖြင့် ဒူးထောက်ခစား နေလေသည်။
သူသည် အသင်္ချေတောင်တန်း နယ်မြေမှ သားရဲနတ်ဘုရား ဖြစ်သည်။ သန္ဓေပြောင်း သားရဲများ ချစ်ကြောက် ရိုသေရသူလည်း ဖြစ်သည်။
နီရဲတောက်ပနေသည့် နန်းတော်သည် သူ၏အပိုင် ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် သူ၏အပြုအမူများအား နှိမ့်ချရုံသာလျှင် တတ်နိုင်လေသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသူအား မလေးစားသည့် အမူအရာ အနည်းငယ်မျှပင် မထုတ်ဖော်ရဲချေ။
ရက်စက်သည့် သွင်ပြင်သည့် အမျိုးသား တစ်ဦးသည် ဝတ်ရုံနက်အား ဝတ်ဆင်ကာဖြင့် ပလ္လင်ပေါ်တွင် ထိုင်လျက် ရှိနေသည်။
သူ၏ မျက်လုံးများထဲတွင် ကြယ်တာရာများ တလက်လက် တောက်ပနေသည်။ ကြယ်တာရာ မြောက်မြားစွာသည် မှိန်ဖျော့ကာဖြင့် လွင့်ပါး သွားကြသည်။
ထိုအမျိုးသားသည် သူ၏မျက်လုံးများအား အသာမှိတ် လိုက်ပြီးနောက် သူ၏ နောက်ကျောဘက်တွင် ခေါက်ထားသည် တောင်ပံနက်များသည် အနည်းငယ် တုန်လှုပ် လာလေသည်။
“မီးလျှံနတ်ဆိုး သားရဲနတ်ဘုရား ... ဒီတစ်ကြိမ် တာဝန်ကတော့ အတော်လေး ချောချောမွေ့မွေ့ ပြီးဆုံးသွားပြီ ... မင်းရဲ့ ယုံကြည်ရတဲ့ စစ်သူကြီး အနည်းငယ်ကိုဆော့ ဆုံးရှုံးလိုက် ရတယ် ...”
“ဒါကိုယူလိုက် ... မင်းအတွက် ဆုပဲ ...”
နူးညံ့သာ သာယာနာပျော်ဖွယ် ရှိသည့် အသံတစ်သံ ထွက်ပေါ် လာပြီးနောက် ဝတ်ရုံနက် အမျိုးသားသည် သားရဲ နတ်ဘုရားအား မဟူရာ ကြာစေ့တစ်စေ့ ပစ်ပေး လိုက်လေသည်။
သားရဲနတ်ဘုရားသည် ထိုကြာစေ့အား ဖမ်းယူ လိုက်ပြီးနောက် သူ၏ခေါင်းအား ညွတ်ကာဖြင့် ကိုယ်ကိုကိုင်း လိုက်ပြီးနောက် “ကျွန်တော့်ကို ဒီအရာလေး ချီးမြှင့်တဲ့အတွက် ကြယ်တွေစုံတဲ့ည အကြီးအကဲအား ကျေးဇူးတင်ပါတယ် ခင်ဗျာ ...”
ကြယ်တွေစုံတဲ့ည အကြီးအကဲသည် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် လေဟာနယ်အား ဆုတ်ဖြဲကာဖြင့် အတွင်းသို့ ဝင်ရောက်သွားသည်။
ကြယ်တွေစုံတဲ့ည အကြီးအကဲသည် လေဟာနယ်အတွင်း ဝင်ရောက်ပျောက်ကွယ် သွားသည်ကို မြင်လိုက်ရသည့် အခါတွင် မီးလျှံနတ်ဆိုး သားရဲနတ်ဘုရားသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချ လိုက်တော့သည်။ “လခွမ်း ... ကြောက်လွန်းလို့ သေတော့မှာပဲ ... အဲဒီအကောင်ကြီး စိတ်ကျေနပ်ဖို့က ခက်ခဲလိုက်တာ ...”
ဗြိ ...
လေဟာနယ်သည် နောက်တစ်ဖန် စုတ်ပြဲလာပြန်သည်။
မီးလျှံနတ်ဆိုး သားရဲနတ်ဘုရား၏ ခန္ဓာကိုယ်သည် တသိမ့်သိမ့် တုန်လာပြီး အေးစက်သည့် အငွေ့အသက်များ ထိုးဖောက်ဝင်ရောက် လာသည်။
လခွမ်း ... ငါပြောတာတွေ ကြားသွားတာလား ... ငါ့ရဲ့ အတော်လေး ရှည်လျားတဲ့လျှာက ငါ့ကို ပြဿနာတောထဲ ပို့နေပြီ ... မဟုတ်ဘူး … ဒီလိုမျိုး မသေနိုင်ဘူး ...
မီးလျှံနတ်ဆိုး သားရဲနတ်ဘုရားသည် ကြောက်ရွံ့လျက် ရှိနေသည်ကြောင့် နည်းနည်းလေးမျှပင် မလှုပ်ရှားရဲချေ။
“အမှန်ပဲ ... မင်းကိုသတိပေးဖို့ ကျန်သွားတာလေးကို ရုတ်တရက် သတိရလိုက်မိလို့ ... မင်းခဏလောက် အနားယူ လိုက်တာက ပိုကောင်းလိမ့်မယ် ... ဘာပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး ...”
ထိုသို့ပြောပြီးနောက် လေဟာနယ်သည် စုတ်ပြဲ သွားပြန်သည်။
မီးလျှံနတ်ဆိုး သားရဲနတ်ဘုရားသည် ကြမ်းပြင်တွင် ပျော့ခွေကာဖြင့် လဲလျောင်း နေလေသည်။ သူ့ခန္ဓာကိုယ်တွင် ချွေးအေးများ ထွက်နေပြီး “ငိုး ... လန့်လွန်းလို့ သေတော့မှာပဲ ... အဲဒီ အကောင် ... ...”
သူသည် စကားတစ်ဝက် တစ်ပျက်မှာပင် ရပ်တန့်လိုက်သည်။
မဟုတ်ပါ။ ကြယ်တွေစုံတဲ့ည အကြီးအကဲသည် သူပြောသည်အား ကြားနိုင်ခြင်း မရှိလျှင်ပင် သူ့အနေဖြင့် အသံနိမ့်နိမ့်ဖြင့် ပြောဆိုရန် လိုအပ်နေဆဲ ဖြစ်သည်။
***
လျှို့ဝှက်နယ်မြေ တစ်ခုတွင် တောင်ပံနက် စစ်သည် ၆ ယောက်တို့သည် သူတို့၏ အကြီးအကဲအား ရိုသေလေးစားမှု အပြည့်ဖြင့် ကြိုဆိုနေကြသည်။
“အတည်ပြုပြီးပြီ ... မိစ္ဆာရှင်းဓားက အဲဒီကျင့်ကြံသူ ပိုင်ဆိုင်ထားတယ် ဆိုတာ တကယ်ပဲ ...”
“အပေါ်ယံကတော့ သူ့ရဲ့ ကျင့်ကြံခြင်းက တကယ်ကို တာအိုခန္ဓာ အဆင့် ၁၀ ပဲ ရှိနေတာ ...” ကြယ်တွေစုံတဲ့ည အကြီးအကဲသည် တည်ငြိမ်စွာဖြင့် ပြောကြားသည်။
စစ်သည်များသည် တိတ်ဆိတ်လျက် ရှိကာဖြင့် ကြယ်တွေစုံတဲ့ည အကြီးအကဲ ဆက်လက် ပြောကြားလာမည်ကို စောင့်ဆိုင်းလျက် ရှိကြသည်။
“ဒါပေမဲ့လည်း ... ထင်သလောက် မရိုးရှင်းဘူး ...”
“သာမန် တာအိုခန္ဓာ အဆင့် ၁၀ ကျင့်ကြံသူတွေက စိတ်ဝိညာဉ်သားရဲ ၄ ကောင်နဲ့ ရင်ဆိုင်ရမယ် ဆိုရင် အသတ်ခံရမယ် ဆိုတာ သံသယ ဖြစ်စရာကို မလိုဘူး ...”
“ဒါပေမဲ့လည်း တိုက်ဆိုင်မှုတွေ အများအပြား ပေါ်လာပြီး သူက နိုင်သွားတယ်တဲ့ကွာ ...”
“အဲဒီကျင့်ကြံသူက သူ့ရဲ့ ခွန်အားကို သေချာပေါက် ဖုံးကွယ်ထားတာ ...”
ကြယ်တွေစုံတဲ့ည အကြီးအကဲသည် သူ၏လေ့လာချက်အား တည်ငြိမ်သည့် အမူအရာဖြင့် ပြောလေသည်။
“ပြီးတော့ အဲဒီ ကျင့်ကြံသူက မဟူရာည အကြီးအကဲကို သတ်လိုက်တာလေ ... သူမက ကြယ်စင်မဲ့ ကောင်းကင် သတ်ဖြတ်ခြင်း ဝင်္ကပါပြားကိုတောင် အသုံးမပြု လိုက်ရဘူး ...”
“ငါ့ရဲ့အသက်ကို အလောင်းအစား လုပ်ပြီး ကြယ်တာရာများအား လိုသလို အသုံးပြုနိုင်သည့် နည်းစနစ်ကို သုံးပြီး စိတ်ဝိညာဉ် သားရဲတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်ခဲ့တာလေ ... သူက အဲဒါကို သိရှိသွားတာမျိုး ဖြစ်နိုင်တယ် ... ကမ္မကို ကောင်းကောင်း အသုံးချနိုင်တဲ့ သူတွေက အဲဒါတွေကို အသုံးပြုပြီး ငါ့ရဲ့ တည်နေရာကိုတောင် ခြေရာခံနိုင်စွမ်း ရှိသေးတယ် ...”
“အဲဒီကြောင့်…”
“ဒီအကြီးအကဲက ရွှေ့လျားနန်းတော်ကို အရင်ပြန်လာဖို့ ဆုံးဖြတ်ချက် ချလိုက်တာပဲ ... ငါတို့ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ပြီး ဒီစစ်ဆင်ရေးကို ယာယီတော့ ရပ်ဆိုင်း ထားရမှာပဲ ...”
စစ်သည်များသည် တစ်ညီ တစ်ညွတ်တည်း ဦးညွှတ်ကာဖြင့် “အကြီးအကဲအရှင်က အလွန် ပညာရှိလွန်း ပါတယ် ...”
ကြယ်တွေစုံတဲ့ည အကြီးအကဲသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် တောင်ပံနက် ဧကရာဇ်၏ အမိန့်အား ဖီဆန်ကာဖြင့် စစ်ဆင်ရေးအား ခွင့်ပြုချက် မရရှိဘဲ ဖျက်သိမ်းရဲခြင်းကို စစ်သည်များ အနေဖြင့် အံ့ဩ တုန်လှုပ်ခြင်း မရှိကြချေ။
ကြယ်တွေစုံတဲ့ည အကြီးအကဲ၏ မျက်နှာတွင် ဘဝင်ခိုက်နေသည့် အမူအရာများ ရှိနေလေသည်။ သူသည် သူ၏ ကိုယ်ပိုင်လေ့လာ တွေ့ရှိချက်အား အလွန်အမင်း ကျေနပ်နေမိသည်။
သူ့အနေဖြင့် မဟူရာည အကြီးအကဲ၏ လမ်းစဉ်သို့ မလိုက်ပါလို။ ထိုသေစေနိုင် လောက်သည့် တာဝန်အား လိုချင်သူဆိုပါက ယူနိုင်သည်။
အမိန့်အား ဖီဆန်ခြင်းကြောင့် သူ့အနေဖြင့် အပြစ်ပေးမှု အချို့ကိုသာ လက်ခံရရှိ ပေလိမ့်မည်။ အသက်ရှင်သန် နေရန်မှာ အရေးအကြီးဆုံး ဖြစ်သည့် အတွက်ကြောင့် လုံးဝ ထိုက်တန်ပေသည်။
***