← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

ကျိုးရှောင်ယွီ တစ်ယောက် သူ့အမေက သူ့ကို မခေါ်ပဲ အပြင်ကို တစ်ကယ် ထွက်သွားပြီမှန်း သိလိုက်ရသည်။ ပါးစပ်ထဲ ဒိန်ချဉ်ပဲစေ့ချိုချဉ် ငုံလျက်သားဖြင့် မျက်ရည်တွေ ကျလုမတတ်ဖြစ်လာသည်။

ထိုစဉ် သူ့ခေါင်းပေါ်ကနေ သူ့အဖေ၏ အေးစက်စက်အသံ ထွက်လာသည်။ "တစ်ဇွတ်ထိုးမလုပ်ချင်နဲ့!"

ကျိုးရှောင်ယွီ ဒိန်ချဉ် ပဲစေ့ချိုချဉ်နှင့်အတူ သူ့ဝမ်းနည်းမှု မျက်ရည်တွေကို မြိုချလိုက်ကာ ကြေကွဲစွာ ခေါင်းငုံ့လိုက်သည်။

ပေါက်စီလုံးလေးသည် အကျိုးအမြတ်ရှာနည်းနှင့် အန္တရာယ်ရှောင်ရှားနည်းကို နားလည်နေပြီဖြစ်သည်။ သူ့အမေ အပြင်ထွက်သွားလျှင် သူ့ကို အလိုလိုက်မည့်သူ ဘယ်သူမှ မရှိချေ။ သူ ရိုးရိုးသားသား နေရင်နေ မဟုတ်ရင် အရိုက်ခံရနိုင်သည်။

ဝမ်ယွီထုံကတော့ ဒီနေ့ အမှန်ပင် ပျော်နေသည်။ သူမ ဒီကမ္ဘာကို ရောက်ကတည်းက သူမ တစ်ကိုယ်တည်း တစ်ခါမှ အပြင်ထွက်မလည်ဖူးပါ။ နေ့တိုင်းကျိုးရှောင်ယွီကို သူမနှင့် တွယ်ဆက်ထားရမည့် အသုံးအဆောင်ပစ္စည်းကဲ့သို့ သူမ သွားလေရာရာ ခေါ်သွားရသည်။

သူမ အပြင် မထွက်ခင် ကြောင်နေအိမ်အတွက်လည်း စစ်ဆေးခဲ့ရသေးသည်။ ပထမထပ်နေရာတွင် ကြောင်ကလေးဟူပေါင်အတွက် နေစရာလေးကို အလုပ်သမား‌ခေါ်ကာ တပ်ဆင်ပြီးဖြစ်သည်။

ပြင်ဆင်ပြီးသည့်ကြောင်ကလေးဟူပေါင်အတွက်နေအိမ်ကို ဓါတ်ပုံရိုက်ကာ ကြောင်ပိုင်ရှင်ထံ ပို့လိုက်သည်။ ကိစ္စအထွေအထူးမရှိလျှင်တော့ မနက်ဖြန်သို့မဟုတ် သန်ဘက်ခါလောက် ဟူပေါင်ကို အိမ်ခေါ်လာနိုင်မည်ဖြစ်သည်။

အပြင်မထွက်ခင် ဝမ်ယွီထုံသည် မစီးတာကြာပြီဖြစ်သည့် ဒေါက်ဖိနပ်ဝတ်လိုက်ကာ မနေ့ညက ဖွင့်ကြည့်ခဲ့သည့် Hermes အိတ်ကို လွယ်ကာ ပျော်ပျော်ရွှင်ရွှင် ထွက်သွားသည်။

ထိုအချိန် ကျိုးအိမ်တော်၏ လေးထပ်မြောက်မှာတော့ ကျိုးကျီယွဲ့တစ်ယောက် မပျော်ရွှင် နိုင်တော့ပါ။

အဘယ့်ကြောင့်ဆိုသော် ရှောင်ယွီလေး အင်းအင်းထပ်ပါ ၍ ဖြစ်သည်။ ကျိုးရှောင်ယွီသည် မနက်တိုင်း ပုံမှန် အင်းအင်းပါလေ့ရှိသည်။

အိမ်တော်ရှိ ရေချိုးခန်းတွင် ရေပူရ၍ ဒီနေ့တော့ ကောင်ကလေးရှောင်ယွီ ရေအေးအေးဖြင့် ဖင်အဆေးမခံရတော့ပါ။

ကျိုးကျီယွဲ့ ကလေးအီးပြသနာကိုင်တွယ်ပုံသည် အရင်ကထက် ပိုကျွမ်းကျင်လာပြီဖြစ်သော်လည်း ကိုင်တွယ်ပုံက အနည်းငယ် တောင့်တင်းကာ အားပါနေသေးသည်။

ကလေးလှုပ်ရှားမနေအောင် ပေါင်ကို တင်းတင်းကိုင်ထား၍ ကျိုးရှောင်ယွီသည် စိတ်ဆိုးကာ ရုန်းနေ၏။

ကောင်လေး၏ ခြေထောက်တွေက သန်မာသော်လည်း သူ့အဖေရှေ့မှာတော့ သုညဖြစ်နေသည်။ ထို့ကြောင့် ရှောင်ယွီသည် ခြေထောက်အကုန်လုံး မလှုပ်ရှားနိုင်ခဲ့ပါ။

ကျိုးရှောင်ယွီသည် ပါပါး ပါပါး ဟု အော်ဟစ်ကာ ရုန်းနေ၏။

ပါပါးဟု အော်သံကြောင့် ကျိုးကျီယွဲ့ နှစ်စက္ကန့်လောက်ကြောင်သွားသည်။ ထိုတစ်ခဏအတွင်း ကျိုးရှောင်ယွီ၏ ပေါင်လေးက လွတ်ထွက်သွားသည်။

ကျိုးကျီယွဲ့၏ သွယ်လျသည့်လက်ချောင်းတွေက ရွှေဝါရောင်အနှစ်တွေ စွန်းထင်းကုန်သည်။ ကျိုးရှောင်ယွီ၏ လတ်တလော စားသောက်မှုပုံစံတွင် အတုံးအခဲများပါလာ၍ အရင်တစ်ခေါက်က အင်းအင်း ထက်စာလျင် ဤတစ်ခေါက်တွင် အရည်မများပဲ အစာမခြေဖျက်နိုင်သေးသည့် မုန်လာဥနီအတုံးအစများပင် ပါလာသည်။

ကျိုးကျီယွဲ့၏ ခန့်ချောမျက်နှာကလေးဝယ် အရေးအကြောင်းတွေ ပေါ်လာသည်။

ကျိုးရှောင်ယွီကတော့ သူ့အဖေလက်မှ လွတ်သွား၍ ဂုဏ်ယူသည့်မျက်နှာထားဖြင့် ပါပါးးဟု ထပ်အော်လိုက်လေသည်။

ကျိုးကျီယွဲ့ သက်ပြင်းလေးချကာ မျက်နှာ အမူအရာဖြေလျော့လိုက်သည်။ သူ့ကံကြမ္မာကို လက်ခံလိုက်ပြီး ခေါင်းငုံ့ကာ ကလေးကို သန့်ရှင်းရေး ဆက်လုပ်ပေးလိုက်သည်။

ကျိုးရှောင်ယွီက သူ့ကို ပါပါးကို ခဏခဏ ခေါ်ထားတာဆိုတော့ ဒီတစ်ခါခွင့်လွတ်ပေးလိုက်ပါမယ်လေ။

ကျိုးရှောင်ယွီ၏ အင်းအင်းပြသနာ ဖြေရှင်းပြီးတော့ ကျိုးကျီယွဲ့ သူ့လက်ကို ပိုးသတ်ဆပ်ပြာရည်ဖြင့် ဆယ်ကြိမ်ထက်မနည်း သူ့စိတ်ထဲ သန့်သွားပြီဟု ထင်သည့်တိုင်အောင် ပွတ်တိုက်ဆေးလိုက်သည်။

မနက်ခင်း ၈နာရီလောက်ရောက်မှ ကျိုးကျီယွဲ့ ပေါက်စီလုံးလေးကို ချီကာ မနက်စာ စားရန် အောက်ဆင်းလာသည်။

ကျိုးရှောင်ယွီ၏ စားပွဲပေါ်တွင် ဖရုံသီးနှင့်စပျစ်သီးခြောက်ဆန်ပြုတ်၊ ရုံးပတေသီးကြက်ဥပန်ကိတ်၊ ကန်စွန်းဥပေါင်းနှင့် ပန်းသီးများကို အဆင်သင့်ပြင်ထားပေးသည်။

အိမ်တော်ထိန်းစန်သည် စားပွဲဘေးမှာ မတ်တပ်ရပ်ရင်း ရှောင်ယွီလေးကို စနောက်လိုက်သည်။ "ဟေးးး တို့ရဲ့ အချောဆုံး ချစ်စရာအကောင်းဆုံး ကလေးလေးက မနက်စာသုံးဆောင်ပါတော့မှာ ဖြစ်ပါတယ်။ ပန်ကိတ်ကို အရင်ဆုံး စားကြမလား?"

ရှောင်ယွီလေး အိမ်တော်ထိန်းစန်ဆီ အာရုံရောက်နေတုန်း ကလေးထိန်းက ပါးစပ်ထဲ ရုံးပတေသီးကြက်ဥ ပန်ကိတ်ကို ခွံ့လိုက်သည်။

ကျိုးရှောင်ယွီ ရုံးပတေသီး၏ အရသာကို မကြိုက်၍ မျက်ခုံးများတွန့်ကွေးသွားသည်။

အိမ်တော်ထိန်းစန်က "မေမေ ပြောထားတယ်နော် အစားမရွေးရဘူးလို့" ဟု ခေါင်းခါကာ ရှောင်ယွီကို ပြောလိုက်သည်။ မနက်က ဝမ်ယွီထုံ ထွက်မသွားခင် ကျိုးရှောင်ယွီ၏ တစ်နေ့တာစားစရာများကိုတစ်ခါတည်း စီစဉ်ပေးခဲ့၏။ ကလေးအတွက် တစ်နေ့တာ လိုအပ်သည့် အသား၊ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် သွားရေစာများကို စီစဉ်ပေးပြီး ဖြစ်သည်။

ကျိုးရှောင်ယွီ သူ့ပါးစပ်ထဲက ရုံးပတေသီးကြက်ဥပန်ကိတ်ကို ထွေးထုတ်ရန်ပြင်နေသည့် စိတ်ကူးကို သူ့မျက်နှာချင်းဆိုင်မှ လူကြီး၏ အေးစက်သည့်အကြည့်ကြောင့် ရပ်တန့်လိုက်ရသည်။

ရွံစရာကောင်းသည် ရုံးပတေသီးကြက်ဥပန်ကိတ်ကို ကျိုးရှောင်ယွီ ကြိုးစားကာ မြိုချလိုက်သည်။

အိမ်တော်ထိန်းစန် ချစ်မြတ်နိုးစွာ ကြည့်ပြီး ပြုံးလိုက်သည်။ "တို့ရဲ့ အချောဆုံး ချစ်စရာအကောင်းဆုံး ကလေးလေးက ကမ္ဘာပေါ်မှာ အလိမ်မာဆုံးကလေးလေးပဲ။ တို့ကလေးလေးက အစာစည်း မရွေးတော့ဘူး"

ကျိုးရှောင်ယွီ သူ၏ ရွှန်းလဲ့သည့် မျက်ဝန်းတွေ ဖြင့် ချီးကျူးစကားကို စောင့်နေသည့်အလား ကျိုးကျီယွဲ့ကို ကြည့်လိုက်သည်။ သို့သော် ကျိုးကျီယွဲ့က သူ့ကို မချီးကျူးသည့်အပြင် လျစ်လျူရှူထားလိုက်သေးသည်။အစားချေးမများတာက သူလုပ်ကို လုပ်ရမည့်အရာဖြစ်ပြီး ချီးကျူးပေးစရာ မလိုသည့်ပုံပင်။

သူ့အမေ ဘေးမှာ မရှိ၍ ကျိုးရှောင်ယွီ မဆင်မခြင် ဂျီမကျ မပြုရဲပါ။ သူ့ပါးစပ်လေးကို ပိတ်ကာ ပန်းကန်ထဲက စားစရာ‌တွေ မကျန်အောင်သာ စားနေလိုက်သည်။

မနက်စာ စားပြီးတော့ ကျိုးကျီယွဲ့ ကျိုးရှောင်ယွီကို တွန်းလှည်းပေါ်တင်ပြီး ပန်းခြံကို ထွက်လာခဲ့သည်။အပြင်မထွက်ခင် ဝမ်ယွီထုံ မှာ ထားသည်ကို သတိရလိုက်သည်။ ဆောင်းရာသီဖြစ်၍ အရေပြား ခြောက်သွေ့နိုင်၍ အပြင်မထွက်ခင် ကျိုးရှောင်ယွီ၏ မျက်နှာကို အသားအရည် ထိန်းသိမ်းရေးခရင်မ် လိမ်းပေးလိုက်သည်။

ကျိုးရှောင်ယွီလေးသည် ဒုတိယအကြိမ် သူ့အဖေ နှင့် အတူ နေရစဉ်မှာတော့ အသားပက်တာတွေ မဖြစ်နိုင်တော့ပါ။ ကျိုးရှောင်ယွီသည် ဝက်ဝံရုပ်ကုတ်အင်္ကျီ၊ ကာကီရောင် သိုးမွှေးဦးထုပ်ကို ဝတ်ထားကာ သူ့ပါးကလေးကလည်း ဖောင်းနေ၏။

ကျိုးကျီယွဲ့ကတော့ ရိုးရိုးရှင်းရှင်း အနက်ရောင် အားကစား ဝတ်စုံကိုသာ ဝတ်ထားသည်။ ဖြတ်သွားဖြတ်လာ အမျိုးသား အမျိုးသမီး ကြီးငယ် တိုင်းင သူတို့သားအဖကို ကြည့်သွားကြသည့်သူများ လေသည်။

မနက်ခင်းတုန်းက လေ့ကျင့်ခန်းမလုပ်ခဲ့ရ၍ ကျိုးကျီယွဲ့သည် ကျိုးရှောင်ယွီကို ခေါ်ကာ တွန်းလှည်းတွန်းရင်း ပန်းခြံလမ်းတစ်လျှောက် အနှေးပြေး လမ်းလျှောက်လေ့ကျင့်ခန်းလုပ်လိုက်သည်။

ဆောင်းတွင်းကာလ ပန်းခြံတွင် တိုက်ခတ်သည့်မြောက်လေက အေးလှကာ နေရောင်ကလည်း မှိန်ပျနေသည်။ ထို့အပြင် ငွေရောင် တိမ်တိုက်များကလည်း ကောင်းကင်ယံဝယ် ဆိုင်းနေ၏။

ကျိုးကျီယွဲ့ ကလေးတွန်းလှည်းကို အမြန် တွန်းရင်း အနှေးပြေးလမ်းလျှောက် လေ့ကျင့်ခန်းလုပ်လာသည်။ လမ်းဘေးက သစ်ပင်တွေက တစ်ရိပ်ရိပ်ပြေးနေကာ သူ့မျက်နှာ နှာခေါင်း နားရွက်တွေကိုလည်း လေဖြတ်ပြေးတိုက်နေသည်။ ကျိုးရှောင်ယွီ၏ ပါးဖောင်းလေးကလည်း တုန်ခါနေသည်။ ကလေးများ အတွက် အတွေ့အကြုံကောင်းတစ်ခုတော့ မဟုတ်သော်လည်း ကျိုးရှောင်ယွီကတော့ ပျော်နေ၏။

"အောင်းးအောင်းးး.." ကျိုးရှောင်ယွီ သွားတွေဖြီးကာ ပြုံးပျော်နေပြီး သူ့လက်ကလေးတွေကိုလည်း ပျော်ရွှင်စွာဝေ့ရမ်းနေသည်။ "ဂူဂူးးး!"

ဘဝမှာ ပထမဆုံး ဘေဘီရိုလာကိုစတာစီးဖူးတာပဲ!!

စိတ်လှုပ်ရှားပြီး အရမ်းပျော်ဖို့ကောင်းတာပဲ!!

တွန်းလှည်းတွန်းရင်း အနှေးပြေး လေ့ကျင့်ခန်း လုပ်နေသည့် ကျိုးကျီယွဲ့လည်း ပေါက်စီလုံးလေး၏ ပျော်ရွှင်စွာ ရယ်မောသံကို ကြားတော့ အပြုံးယောင်ယောင်လေး ပေါ်လာသည်။

ဆယ်မိနစ်လောက် အနှေးပြေးလေ့ကျင့်ခန်း လုပ်ပြီးတော့ ရပ်လိုက်သည်။ ဤလေ့ကျင့်ခန်းက သူ့အတွက် သွေးပူရုံမျှသာ ရှိသေးသော်လည်း ကျိုးရှောင်ယွီ လေအေးဒဏ်ကို မခံနိုင်မည်စိုး၍ ဆက်မပြေးပဲ ရပ်လိုက်ခြင်းဖြစ်သည်။

ကျိုးကျီယွဲ့ ရှောင်ယွီကို ကောက်ချီလိုက်ကာ မြက်ခင်းပြင်ပေါ်လျှောက်ရင်း ရွှေ ငါးများကိုကြည့်ရန် ကန်ဘေးနား သွားလိုက်သည်။

ဆောင်းရာသီဖြစ်သော်လည်း ကန်ထဲတွင် ရွှေငါးများ ကူးခတ်သွားလာနေသည်။

ရွှေငါးများကို မြင်လိုက်ရ၍ ‌ကျိုးရှောင်ယွီ အလွန်ပျော်သွားကာ လက်ခုပ်တီးလိုက်သည်။ "ပါပါးးး...ပါပါးးး..."

ကျိုးကျီယွဲ့၏ အေးစက်စက် မျက်နှာဝယ် နူးညံ့မှု ဖြတ်ပြေးသွားသည်။ နောက်ပြီး ကျိုးရှောင်ယွီ၏ ခါးကို သူ၏သန်မာသည့်လက်ဖြင့် သေချာကိုင်ပြီး ကန်ရေပြင် တည့်တည့်အပေါ်မှာ မြှောက်ထားလိုက်သည်။

ကျိုးရှောင်ယွီ ကြောင်သွားသည်။ ရွှေငါးတွေကို ဤကဲ့သို့ပုံစံဖြင့်ကြည့်ရလိမ့်မည်ဟု သူ မထင်ခဲ့ပါ။ ကန်ရေပြင် အပေါ်ကနေ ဒီလိုမျိုး ရွှေငါးတွေကို ကြည့်ရတာ အရမ်းမိုက်တာပဲ!

သူ့အဖေ သူ့ကို သေချာကိုင်ထားပေးတယ် ဆိုတာကို သိ၍ ကြောက်လည်း မကြောက်ပါ။

ကျိုးရှောင်ယွီ သူ့လက်ကလေးများကို ပျော်ရွှင်စွာ ဝေ့ရမ်းပြီး ခြေထောက်ကလေးတွေလည်း လှုပ်ခါရမ်းကာ ရွှေငါးလေးတွေကို နှုတ်ဆက်လိုက်သည်။ "ဂူးးဂူးး...အောင်အောင်းးး.."

ရွှေငါးတွေက လန့်ဖြန့်ကုန်ပြီး အရပ်မျက်နှာ ပေါင်းစုံ ကူးခတ်ပြေးကုန်ကြသည်။

ကျိုးရှောင်ယွီ ပျော်နေသည်ကို ကြည့်ပြီး ကျိုးကျီယွဲ့ ပြုံးနေမိသည်။

ရှောင်ယွီလေး ရွှေငါးကြည့်ရတာ ပျင်းလောက်ပြီဆိုမှ ကန်ရေပြင်ပေါ် တင်ထားသည့် လက်ကို ပြန်ရုတ်လိုက်ကာ သူ့ပုခုံးပေါ်ထိုင်ခိုင်းလိုက်သည်။

သူ့အရင်ဘဝတုန်းက ကျိုးရှောင်ယွီနှင့် တစ်ခါမျှ ဤကဲ့သို့ မနေခဲ့ဖူးသည်ကို သတိရလိုက်သည်။ ပုခုံးပေါ်တင်ချီဖို့မပြောနှင့် တစ်ခါမျှပင် မဖက်ခဲ့ဖူးပါ။

ပထမဆုံး အကြိမ် ယခုကဲ့သို့ အမြင့်ပေါ် တက်ထိုင်ရ၍ ကျိုးရှောင်ယွီတစ်ယောက် စိတ်လှုပ်ရှားကာပျော်သွားပြီး သူ့ပါးစပ်သေးသေးလေးကနေ သွားလေးတေပေါ်အောင် ဖြီးလိုက်ပြီး အော်ဟစ်လေသည်။ သူ့ဆံပင်ကောက်ကွေးလေးတွေကလည်း သူရယ်လိုက်တိုင်း ရမ်းခါနေ၏။

သူ့အဖေရဲ့ ပုခုံးပေါ်တက်စီးရ၍ ကျိုးရှောင်ယွီတစ်ယောက် အလွန်ပျော်နေမိသည်။

ကျိုးကျီယွဲ့ သူ့ဖုန်းကိုထုတ်ကာ ကင်မရာ ဖွင့်လိုက်သည်။ ထို့နောက် ရှောင်ယွီလေး သူ့ပုခုံးပေါ်ထိုင်နေသည့်ပုံကို ရိုက်လိုက်ပြီး ဝမ်ယွီထုံ ဆီပို့လိုက်သည်။ ဓါတ်ပုံပို့လိုက်ပြီးနောက် ရှောင်ယွီကို ပုခုံးပေါ်မှ ချလိုက်သည်။

ကောင်ကလေးက သူ့အဖေပုခုံးပေါ် ဆော့ရတာ မဝသေး၍ မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းလေးစူရင်း အော် ဟစ်လေသည်။ "ပါပါးးး ပါပါးးး .."

ကျိုးကျီယွဲ့ ကလေးကို ခေါ်ဆော့ရန် နောက်တစ်နည်း စဉ်းစားလိုက်သည်။ ရှောင်ယွီလေးကို ဂျိုင်းကနေ ချီမကာ အပေါ်ပစ်တင်ပြီး ပြန်ဖမ်းသည့်ပုံစံ လုပ်လိုက်သည်။

ကျိုးရှောင်ယွီသည် ကောင်းကင်ပေါ်ကို ဝီးးကနဲ မြှောက်တက်သွားပြီး ပြန်ကျလာသည်။ ပြန်ကျလာသည့် ရှောင်ယွီကို ကျိုးကျီယွဲ့က အေးဆေး ပြန်ဖမ်းလိုက်သည်။ကောင်ကလေး အတွက်တော့ ပထမဆုံး စိတ်လှုပ်ရှားစရာ အတွေ့အကြုံဖြစ်လေသည်။ သူ့ခန္ဓာ‌ကိုယ် လေပေါ်ရောက်၍ ပေါ့ပါးသွားသည့်ခံစားချက်ကို အရမ်းကြိက်နှစ်သက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။ ကလေး၏မျက်နှာဝယ် ပီတိ‌တွေ ဖြာနေ၏။

WeChat က စာရောက်ချိန်တွင် ဝမ်ယွီထုံသည့် ဝမ်ချူးယွဲ့နှင့်အတူ မနက်စာ စားပြီးနေပြီ ဖြစ်သည်။ မနက်စာ စားပြီး ဆံပင် အလှပြင်ဆိုင် သွားနေကြစဉ် ဝမ်ချူးယွဲ့က ကားမောင်းရင်း ဝမ်ယွီထုံ တစ်ယောက် မျက်မှောင်ကြုံ့ရင်း ဖုန်းကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ဘာဖြစ်နေတာလဲ"

ဝမ်ယွီထုံ မျက်မှောင်ကြုံ့ရင်း ကျိုးကျီယွဲ့ထံ အသံ မက်ဆေ့ပို့လ်ိုက်သည်။ ပုံမှန်နှင့်မတူသည့် အလွန် အရေးကြီးသည့် လေသံဖြင့် ပြောလိုက်သည်။

"ရှောင်ယွီကို အပေါ်မြှောက်ပြီးကစားတာမျိုး မလုပ်ပါနဲ့။ ပျော်စရာကောင်းတယ်လို့ ထင်ရပေမယ့် အရမ်းအန္တရာယ်များတယ်။ အာ့လို အပေါ်မြှောက်ကစားတာက ပြုတ်ကျရင် ဒဏ်ရာရနိုင်သလို ကလေးတွေ လန့်ပြီး ဦးနှောက်လည်း ပျက်နိုင်တယ်"

ပြိုင်ကား အနီရောင်လေးက မီးပွိုင့်နီ မိ၍ ရပ်သွားသည်။ ဝမ်ချူးယွဲ့က သူ့ညီမကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"ဒီအတိုင်း အပေါ်မြှောက်ပြီး ကစားတာလေးကို အရမ်းအကဲမပိုပါနဲ့လား။ ကလေးဘဝတုန်းက လူတိုင်း ကစားခဲ့ဖူးတာပဲ"

ဝမ်ယွီထုံ ဟွန့်ကနဲ နှာမှုတ်သံပြုလိုက်သည်။ "အစ်မက ကလေးကို မပြုစု မပျိုးထောင်ဖူးသေးလို့ နားမလည်ပါဘူး။ အာ့လို မျိုး မလုပ်သင့်ဘူး။ အသေးစိတ်လေးကအစ အရမ်းဂရုစိုက်ရတာ"

ဝမ်ချူးယွဲ့ မျက်ခုံးပင့်လိုက်သည်။ သူ့ညီမ ကိစ္စတစ်ခုခုကို အသည်းအသန်ဖြစ်တာ ခုမှ ပထမဆုံးမြင်ဖူးတာပဲ။

ဝမ်ယွီထုံ ကားပြတင်းကနေ အပြင်ကို စိတ်ညစ်ညစ်ဖြင့် ကြည့်လိုက်သည်။ သူမစိတ်ထဲမှာ စနစ်က ပြသသည့် အနီရောင် သတိပေးစာလုံးများ ပေါ်နေ၏။

[မဆော့သင့်ပါ!! ဒီကစားနည်းတွေက အရမ်းအန္တရာယ်များပါတယ်]

[ကလေးကို အပေါ်မြှောက်ကာ ဖမ်းခြင်း - ကလေး၏ ဦးနှောက် ချာချာလည်ကာ မျက်လုံးအတွက်လည်း အန္တရာယ်ရှ်ိသည်။]

[မြင်းစီးသကဲ့သို့ ပုခုံးပေါ် တင်ပြီးစီးခိုင်းခြင်း - သင့်ကလေးကို ပုခုံးပေါ်တင်ပြီး မစီးခိုင်းပါနှင့်။ အထူးသဖြင့် တစ်နှစ်အောက်ကလေးများကို အထူးတားမြစ်ထားသည်။ မတော်တဆဖြစ်ခဲ့လျင် အလွန်အန္တရာယ်များသည်။]

[ကလေးကို ပတ်ချာလည်လှည့်ခြင်း - ကလေးရဲ့ ခန္ဓာကိုယ်က အပြည့်အဝ မဖွံ့ဖြိုးသေးပါ။ ပတ်ချာလည် လှုပ်ခါရမ်းခြင်းသည် ကလေးဦးနှောက်ကို ထိခိုက်စေနိုင်သည်။]

  …

စနစ်မှ ပြသည့်စာများကို ဖတ်ရင်း ဝမ်ယွီထုံ စိတ်မချဖြစ်သွားသည်။ ထို့ကြောင့်ကျိုးကျီယွဲ့ထံ မိဘတွေ ခေါ်မဆော့သင့်သည့် ကစားနည်းများ အကြောင်း အသေးစိတ်ကို နောက်ထပ် စာရှည် တစ်ခု ထပ်ပို့လိုက်သည်။

ကလေးကိုချီပြီး စက်ဝိုင်းပုံ ပတ်ချာလည် ရမ်းကာ ကစားနေသည့် ကျိုးကျီယွဲ့သည် ချွေးထွက်လာ၍ ကလေးကို ချလိုက်သည်။ ပေါက်စီလုံးလေးကတော့ ဆော့လို့မဝသေး၍ မကျေမနပ်ဖြစ်နေသည်။

WeChatမှ ဝမ်ယွီထုံ ပို့သည့် စာအရှည်ကြီးကို ဖတ်လိုက်ပြီး သူ့မျက်ခွံများ တုန်သွားသည်။

သူအသိနောက်ကျသွားလေပြီ။ ဝမ်ယွီထုံပြောသည့် ကစားနည်းတွေ အားလုံး ကျိုးရှောင်ယွီအား သူခေါ်ဆော့ပြီး ဖြစ်သည်။

တွန်းလှည်းထဲက ကျိုးရှောင်ယွီကတော့ မျှော်လင့်တကြီးဖြင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။ အပေါ်မြှောက်ကစားတာတို့ ပုခုံးပေါ်တက်စီးတာတို့ စက်ဝိုင်းပုံလှည့်ကစားတာတို့ သူ့အဖေကို ထပ်လုပ်ခိုင်းစေချင်သည်။

"မင်းမေမေ ကတော့ အခု ဘာဖြစ်နေလဲ သိမှာ မဟုတ်ဘူး"

ကျိုးကျီယွဲ့ ရှောင်ယွီလေး၏ ခေါင်းကို ပွတ်လိုက်ကာ ကျီဇယ်သည့် အပြုံးပြုံးလိုက်သည်။ "ကံကောင်းတာက မင်းအခုထိ စကားမပြောနိုင်သေးတာပဲ"

နေ့လည်ခင်းရောက်လျင် ကျိုးကျီယွဲ့သည် အိပ်ရာမှ တစ်ရေးနိုးပြီဖြစ်သည့်ကျိုးရှောင်ယွီကို ခေါ်ကာ ကုမ္ပဏီကို သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် တင်းဟဲနှင့် ဖန်းချင်းရှုံတို့ကလည်း ကုမ္ပဏီမှာ ရှိနေကြသည်။

သူတို့က ကျိုးကျီယွဲ့နှင့် ဆွေးနွေးစရာရှိ၍ ကော်ဖီသာက်ရင်း သူတို့ ဘော့စ်အလာကို စောင့်နေကြသည်။

အနောက်တိုင်းဝတ်စုံနှင့် ကျိုးကျီယွဲ့ သည် ဝဝတုတ်တုတ် ကလေးလေးကို လက်မှာ ချီပိုးရင်း ရုံးခန်းထဲ ဝင်လာသည်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသည်။ကောင်ကလေးက ခုမှ အိပ်ရာက နိုးလာဟန်တူသည်။သူ့မျက်လုံးတွေက ရီဝေဝေဖြစ်နေကာ မျက်နှာက လည်း ပန်းသီးလေးလို နီရဲနေသည်။

သူ့အပေါ် သဘောကောင်းသည့် ဦးလေးကြီး နှစ်ယောက်ကို မြင်လိုက်သောအခါ ကျိုးရှောင်ယွီသည် သူ့လက်ကလေးကို ဝေ့ရမ်း သွားနှစ်ချောင်းပေါ်အောင် ပြုံးဖြီးပြရင်း သူ့ဘက်က စ နှုတ်ဆက်လိုက်သည်။

"အောင်းဂူဂူးး.."

တင်းဟဲနှင့် ဖန်းချင်းရှုံ တို့နှစ်ယောက်သား စားပွဲပေါ်မှ ကော်ဖီပူပူကို ချက်ချင်း တစ်ကျိုက်ထဲ မော့သောက်လိုက်ကြသည်။

  "မစ္စတာကျိုး."

ကျိုးကျီယွဲ့ အေးဆေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။ "စောင့်နေတာ ကြာပြီလား?"

"မကြာသေးပါဘူး ကျွန်တော်တို့လည်း ခုမှ ရောက်တာပါ."

ကျိုးကျီယွဲ့သည် အကြီးပိုင်း အမှုဆောင်အရာရှိနှစ်ဦးနှင့် အလုပ်ကိစ္စများ ဆွေးနွေးနေစဉ်တွင် ကျိုးရှောင်ယွီကတော့ အိမ်တော်ထိန်းစန်၊ ကလေးထိန်းတို့နှင့်အတူ ရှိနေသည်။

ကျိုးရှောင်ယွီ ကုမ္ပဏီကို သုံးခေါက်လောက်လာပြီးကတည်းက ကျိုးကျီယွဲ့၏ ရုံးခန်းထောင့် တစ်နေရာတွင် ရှောင်ယွီ၏ ကိုယ်ပိုင်နေရာလေး ပေးထားရသည်။

ကျိုးရှောင်ယွီ၏ ကိုယ်ပိုင်နေရာလေးကို မှန်ပြတင်းဘေးတွင် စီစဉ်ပေးထားသည်။ ကာတွန်းပုံဖျာကို ခင်းထားပေးပြီး အရုပ်များကိုလည်း စီစီရီရီ ဖျာပေါ် တင်ပေးထားသည်။

နေ့ခင်းနေသည် မနက်ခင်းနေထက် ပိုတောက်ပနေသည်။ ကျိုးရှောင်ယွီ၏ ကိုယ်ပိုင်နေရာကို နေရောင်ရသည့်နေရာတွင် ပေးထားသည်။

All Chapters