အခန်း (၃၈)
Vol. 4 Ch. 38
ရှီးရှီးအမေက ရှောင်ယွီလေးကို ငေးကြည့်ကာ ပြုံးလိုက်သည်။ "ရှောင်ယွီတောင် အတော်လေး ကြီးလာပြီနော်။အရမ်းလဲ သိတတ်လာပြီ ရှီးရှီးနဲ့ တောင် အတူကစားနိုင်ပြီပဲ"
ဝမ်ယွီထုံ ခေါင်းခါလိုက်သည်။ "အခုဆို သူအရမ်း ဆိုးလာတာ။ ကျွန်မဆို နေ့တိုင်း သူ့ကို စိတ်တိုနေရတယ်"
ရှီးရှီးအမေ - "ဒီလို တွားသွား လမ်းလျှောက်သင်အရွယ်ကလေးတွေက ဒီလိုပါပဲ။ တစ်နှစ်ခွဲလောက် ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်"
ဝမ်ယွီထုံ - "ရှီးရှီးလို မူကြိုအရွယ်ရောက်မှပဲ အေးရမှာပဲ။ အစ်မဆို နေ့ခင်းဘက်တွေ အနားရမှာပေါ့"
ရှီးရှီးအမေ သူမ၏ မျက်နှာ လှလှလေး အရေး အကြောင်းတွေ ပေါ်အောင် မျက်မှောင်ကြုံ့လိုက်သည်။
"မထင်နဲ့ အစ်မရေ..မူကြိုအရွယ်က ပိုစိတ်ညစ်ရတယ်။သူ့အိမ်စာတွေက အရမ်းခက်တာ"
ဝမ်ယွီထုံ မယုံကြည်နိုင်ဖြစ်သွားသည်။ "ဘယ်လို? မူကြိုအရွယ်က အိမ်စာလုပ်ရတယ်လား?အရမ်းခက်တယ်လား?"
သူမ မှတ်မိတဲ့ သူမတို့မူကြိုအရွယ်ကတော့ အိပ်လိုက်စားလိုက် ကစားလိုက်ပါပဲ။
ရှီးရှီး အမေ သက်ပြင်း ချရင်း ဝမ်ယွီထုံကို ဖုန်းထုတ်ပြလိုက်သည်။ "ဒါ ခုပိတ်ရက် ရဲ့အိမ်စာ"
ဖန်းရော့ရှီး၏ အိမ်စာကို WeChat Group မှာ ဆရာမတွေက စာအရှည်ကြီးဖြင့် တင်ပေးထား၏။
[ပျော်ရွှင်စရာ ပိတ်ရက်လေး ဖြစ်ပါစေ!!ကျောင်းသားမိဘများရှင့် ကလေးတွေရဲ့ အိမ်စာကို ပြီးအောင် ကူညီပေးပါနော်]
[ကျွမ်းကျင်လက်မှုပညာရှင်လေးများ - ပြည့်စုံသည့် ရဲတိုက်တစ်ခုကို ပြုလုပ်ကာ တနင်္လာနေ့ကျောင်းကို ယူလာပေးပါ။ ဘယ်သူ့ရဲတိုက်က အကြီးဆုံး အလှဆုံးလဲ ကြည့်ရအောင်]
[ပျော်ရွှင်စရာအင်္ဂလိပ်စာ - အင်္ဂလိပ်စာ အိမ်စာကို ပြီးအောင်ရေးပြီး Group ထဲမှာ ထပ်ပေးပါ]
[ပျော်ရွှင်စရာ သင်္ချာ - စာမျက်နှာ ၆က တွေးခေါ်မှုပုစ္ဆာကို တွက်ပြီး Group ထဲမှာ ထပ်ပေးပါ]
[လက်တွေ့ သိပ္ပံဘာသာရပ် - သစ်သီး အသေးလေးတွေ အကြောင်း မိဘနှင့် ကျောင်းသားများကြား စာရင်းကောက်ကာ ပုံနှင့်စာဖြင့်ဖော်ပြပါ]
အိမ်စာတွေက တစ်ချက်ကြည်လိုက်လျင်တော့ လွယ်မည်ဟု ထင်ရသည်။ သို့သော် ရှီးရှီးအမေ ဆက်ပြီး ပြသည့် WeChat Group မှ စာကြောင့် သူမ မျက်နှာ အမူအရာပြောင်းသွားသည်။
WeChat Groupထဲတွင် မိဘတစ်ချို့သည် "သစ်သီးအသေးလေးများစာရင်း"ကို တင်ထားပြီးဖြစ်သည်။ သူတို့တင်ထားသည့် စာရင်းပုံစံသည် သာမန် သစ်သီးစာရင်းမျိုး မဟုတ်ပဲ။ သစ်သီး ပုံစံအမျိုးအစားကွဲများကို ပန်ချီပုံများဖြင့် ဖော်ပြထားကြသည်။
မူကြိုကလေးများ၏ အိမ်စာမှ ပန်းချီပုံများကလည်း ပရော်ဖက်ရှင်နယ် ကာတွန်းဆရာများ ဆွဲထားသကဲ့သို့ပင်။ လက်ရာကိုကြည့်လိုက်သည်နှင့် လူကြီးများက သေချာ ဂရုတစိုက်ဆွဲပေးထားမှန်းသိသာ၏။
ရဲတိုက်အရုပ်ကတော့ မပြောပါနှင့်တော့။ Group Chat ထဲ ပို့ထားသည့် ရဲတိုက်အရုပ်တိုင်းသည် ပရော်ဖက်ရှင်နယ် လက်မှုပညာရှင်များ လုပ်ထားသည့်အတိုင်း ကြီးမားကာ လှပသည်။ မိဘတွေ မည်မျှ အားစိုက်ကာ လုပ်ပေးထားကြမလဲ သိချင်မိသည်။
ရှီးရှီးအမေ မဲမှောင်နေသော မျက်ဝန်းများဖြင့် ကော်ဖီသောက်ကာ ပြောလိုက်သည်။ "ရှီးရှီးက မူကြို တစ်ခုလုံးမှာ အမိုက်ဆုံး အကြီးဆုံး ရဲတိုက်လိုချင်တယ်တဲ့။ ကျွန်မတို့လင်မယား မနေ့ညက ၂နာရီထိုးတဲ့အထိ ရဲတိုက် လုပ်ကြတာ အခုထိမပြီးသေးဘူး"
ဝမ်ယွီထုံ တစ်ယောက် ရှီးရှီး၏ အမေကို သနားသည့်ပုံဖြင့် ကြည့်လိုက်မိသည်။
ရှီးရှီး အမေသည် ခံစားချက်တွေ ပါသည့်လေသံဖြင့် "ရှီးရှီးရဲ့ အတန်းထဲမှာ အင်္ဂလိပ်စကားကို နိုင်ငံခြားသားဆရာတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ ကလေးတွေ ရှိတယ်။ ဒါကြောင့် ရှီးရှီးအတွက် ဆရာငှားပြီး တနင်္ဂနွေနေ့ ဆိုရင် အင်္ဂလိပ်၊ သင်္ချာ၊ တရုတ်စာနဲ့ သူကြိုက်တဲ့ တိုက်ကွမ်ဒိုတွေကို အချိန်ပိုတက်ရတယ်"
ဝမ်ယွီထုံ -"...." 'ကလေးက လေး နှစ်လောက်ပဲ ရှ်ိသေးတာကို။'
သူတို့နှစ်ယောက်စကားပြောနေစဉ် ဖန်းရော့ရှီး၏ အော်သံနှင့် ကျိုးရှောင်ယွီ၏ ပြတ်တောင်းပြတ်တောင်းအော်ငိုသံကို ကြားလိုက်ရသည်။
ဝမ်ယွီထုံတို့ အမြန်ပြေးသွားလိုက်ရာ ကျိုးရှောင်ယွီက မျက်နှာတစ်ခုလုံး မျက်ရည်တွေ နှင့် ကြမ်းခင်းပေါ်ထိုင်ကာ မျက်ရည်တွေ သုတ်နေသည်။
ဖန်းရော့ရှီးကတော့ မတ်တပ်ရပ်နေကာ လေးနှစ်အရွယ်ကောင်လေးကို ကြောက်စရာအကြည့်ဖြင့်ကြည့်ကာ လက်ညိုးတထိုးထိုးဖြင့် ပြောနေသည်။
"နင်ဘာလို့ င့ါမောင်လေးကိုတွန်းရတာလဲ။ ဒီလီဂိုအတုံးတွေက လူတိုင်းနဲ့ ဆိုင်တယ်။ လူတိုင်း ကစားလို့ရတယ်။ဒီလိုမျိုး အနိုင်ကျင့် ဗိုလ်ကျလို့မရဘူး"
ဖန်းရော့ရှီး လက်သီးဆုပ် ခါးထောက်ရင်း အထက်စီးလေသံဖြင့် ပြောလိုက်သည်။ "မြန်မြန် ငါ့မောင်လေးကို တောင်းပန်လိုက်။ မဟုတ်ရင် နင့်ကို ငါ ရိုက်မိလိမ့်မယ်။ငါကိုယ်ခံပညာတွေ သင်ထားတာမို့လို့ နင့်ကို တစ်ချက်တည်းနဲ့ မိုးပေါ်ထိရောက်အောင် ထိုးလိုက်နိုင်တယ်"
ထိုကောင်လေးက ဖန်းရော့ရှီး၏ ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်သွားပြီး ငိုလေတော့သည်။ ထိုကောင်လေးနှင့် ကျိုးရှောင်ယွီတို့ နှစ်ယောက်သား ကြမ်းခင်းပေါ်ထိုင်ပြီး တစ်ယောက်ပြီးတစ်ယောက်ငိုယိုကာ မျက်ရည်သုတ်နေကြသည်။
ဝမ်ယွီထုံ - "..."
ရှီးရှီး အမေက အမြန်ပြေးကာ သူ့သမီးကို သွားတားသည်။ ကောင်လေး၏ အမေကလည်း ရောက်လာသည်။
ကလေးမိဘ သုံးဦးသား အချင်းချင်း တောင်းပန်ကာ ကလေးများကြားက ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုက်ကြသည်။
ဖန်းရော့ရှီးကတော့ နှုတ်ခမ်းကြီးစူကာ ခေါင်းငုံ့ပြီးကျိုးရှောင်ယွီကို အော်ပြောလိုက်သည်။ "မောင်လေး မမ နင့်ကို သင်ပေးမယ်။ နောက်ကျရင် နင့်ကို တစ်ယောက်ယောက်က တွန်းလာရင် သူ့ကို ရိုက်ပစ် လက်သီးနဲ့ ထိုးပစ် နားလည်လား"
ကျိုးရှောင်ယွီကတော့ မျက်ရည်အဝိုင်းသားနှင့် ခန္ဓာကိုယ်လေးတစ်သိမ့်သိမ့်လှုပ်ကာ သူ့မမကို အရမ်းချစ် မြတ်နိုးသည့် အကြည့်များဖြင့် ကြည့်နေ၏။
"ဂူးးဂူးးး.."
ဖန်းရော့ရှီး၏ အကြည့်တွေက ဒေါသတွေနဲ့ ပြည့်နေကာ လက်သီးကို ဆုပ်ထားပုံက တရားမျှတမှုကို ဆောင်ကျဉ်းပေးမည့်သူကဲ့သို့ပင်။ "ဒီနေ့က စပြီး မမ မင်းကို ကိုယ်ခံပညာသင်ပေးမယ်။ မင်းအရမ်း အ လွန်းတယ်။ ဒါ့ကြောင့် အမြဲ အနိုင်ကျင့်ခံရတာ"
ပန်းရောင်စကပ်ဝတ်ထားသည့် ဖန်းရော့ရှီးသည် အလွန်မိုက်သည့် ကွန်ဖူးသိုင်းကွက်တစ်ခုကို နေရာမှာပင် ကစားပြလိုက်သည်။ လှုပ်ရှားမှု တိုင်းက စွမ်းအားအပြည့်နှင့်သူရဲကောင်းဆန်လှသည်။
ချယ်ရီရောင်နှုတ်ခမ်းလေးက ဝင့်ကြွားစွာဟစ်ကြွေးလိုက်သည်။ "ငါက အလင်းနိုင်ငံက အယ်ထရာမင်း ဇီးရိုးပဲ။ ငါကြီးလာရင် ရဲသားကြီးလုပ်ပြီး ငါ့စကား နားမထောင်တဲ့ သူ အားလုံးကို ဖမ်းမယ်"
စာကြည့်တိုက်ရှိ ကလေးအားလုံး ကြောက်ရွံ့တုန်လှုပ်ကုန်ပြီး ထို မောင်နှမကိုလည်း ဘယ်တော့မှ ရန်စရဲတော့မည်မဟုတ်ချေ။
ကျိုးရှောင်ယွီကတော့ ဘေးမှာ ထိုင်ပြီး တောက်ပသည့်မျက်လုံးများဖြင့် ကြည့်ကာ လက်ခုပ်တီးပြီး တက်တက်ကြွကြွအားပေးနေ၏။ "အားး...ဂူးးးဂူးးး!"
ပတ်ဝန်းကျင်က မိဘများကတော့ ဝမ်ယွီထုံ နှင့် ရှီးရှီးအမေတို့ကို ထူးဆန်းသည့်အကြည့် ရီချင်ပက်ကျိအကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဝမ်ယွီထုံတို့လည်း ရှက်လွန်း၍ မျက်နှာပင်နီရဲလာပြီး တွင်းတူးကာပင် ပုန်းချင်မိသွားသည်။
အရုပ်ကစားသည့်နေရာမှာ ရှိုးပြပြီးနောက် ဖန်းရော့ရှီး နှင့်ကျိုးရှောင်ယွီတို့ ရုပ်ပြစာအုပ်များ ထားသည့်ဘက်သို့ သွားလိုက်ကြသည်။
ရုပ်ပြစာအုပ်များ ရှ်ိသည့်နေရာတွင် လူစည်ကားနေပြီး ကလေးများက သူတို့ကိုယ်တိုင်သော်လည်းကောင်း သူတို့မိဘတွေနှင့်လည်းကောင်း စာအုပ်ဖတ်နေကြသည်။ ဤနေရာတွင်တော့ ဖန်းရော့ရှီးတစ်ယောက် တရားမျှတမှုကို ရှာပေးရန် မလိုအပ်ပေ။
ဖန်းရော့ရှီးက စာအုပ်စင်မှ သူစိတ်ဝင်စားသည့်ရုပ်ပြစာအုပ်ကို ဆွဲထုတ်ကာ ကြမ်းခင်းပေါ်ထိုင်ပြီး ဖတ်နေလိုက်သည်။ ကျိုးရှောင်ယွီကတော့ ဖင်လေး လိမ်ဖယ်လိမ်ဖယ်တွားသွားကာ ဆံပင်ကောက်လေးတွေခါရမ်းပြီး မျက်လုံးအကြည့်တွေက သနားစရာကောင်းအောင် လုပ်ပြနေ၏။
ဖန်းရော့ရှီးတစ်ယောက် မျက်မှောင်ကြုံကာ မပျော်နိုင်တော့ချေ။ "မင်းက မမကို ပုံပြင်ဖတ်ခိုင်းစေချင်တာလား?"
ကျိုးရှောင်ယွီ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ "ဂူးးဂူးးးး..."
"ဘာလို့ လိုက်နှောက်ယှက်နေရတာလဲ ကောင်စုတ်လေး?" ဖန်းရော့ရှီး စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"မင်းကို ဒီပုံပြင်တစ်ပုဒ်ပဲ ပြောပြမယ်နော်။ ပြီးရင် ကိုယ့်ဖာသာကစားနေ။ ထပ်လာ မနှောက်ယှက်နဲ့တော့"
ကျိုးရှောင်ယွီက လက်ခုပ်တီးကာအော် လိုက်သည်။, "အားး..."
ဖန်းရော့ရှီး သူမအကြိုက်ဆုံးစာအုပ် "အယ်ထရာမင်းဇီးရိုး"ကို ဖွင့်လိုက်သည်။ သူမသည် စာမဖတ်တတ်သေးသော်လည်း ရုပ်ပုံများကိုကြည့်ကာ သူမ၏ နားလည်နိုင်စွမ်းနှင့်ပုံဖော်ကာ ဖတ်ပြလိုက်သည်။
စာအုပ်ကို ဖွင့်ကာ ရုပ်ပုံကို လက်ထောက်ပြလိုက်ပြီး သူမ၏ ကလေး အသံလေးဖြင့် ဖတ်ပြလိုက်သည်။
"မွန်းစတားတွေက အလင်းနိုင်ငံကို ဝင်လာကြတယ်။အယ်ထရာမင်းဇီးရိုးက မွန်းစတားတွေကို ဖမ်းနိုင်မယ့် နည်းလမ်းကိုစဉ်းစားမိသွားတယ်။ လှောင်အိမ်ထဲမှာ နံစော်နေတဲ့ အင်းအင်းတွေကို ထည့်လိုက်တယ်။ မွန်းစတားတွေက အင်းအင်းတွေစားရတာ ကြိုက်ကြတယ်။သူတို့က လှောင်အိမ်ထဲက အသာတကြည်ဝင်လာတဲ့အခါ ဇီးရိုးက လှောင်အိမ်တံခါးကို ပိတ်လိုက်တယ်။နောက်ဆုံးတော့ ဇီးရိုးလေးက မွန်းစတားတွေရဲ့ ဘော့စ် ဖြစ်လာတယ်တဲ့"
ကျိုးရှောင်ယွီ သူ့ပါးစပ်မှ အဆက်မပြတ် ရေရွတ်နေ၏။ "ဒယ်ဒီ ....ဒယ်ဒီ... ပါးးပါးးးပါးးး.."
ကလေး နှစ်ယောက်အတူ တစ်ခစ်ခစ်နှင့် ရီလိုက်ကြသည်။
ဝမ်ယွီထုံသည် ရှောင်ယွီလေး ရုတ်တရက် ပါးပါး ဟု ပြောသည်ကို အံ့ဩသွားပြီး ဗီဒီယို အမြန်ရိုက်လိုက်ကာ ကျိုးကျီယွဲ့ဆီပို့လိုက်သည်။
ဝမ်ယွီထုံဆီက စာရောက်လာသည့်အချိန်တွင် ကျိုးကျီယွဲ့သည် ရုံးမှာ အချိန်ပို ဆင်းနေသည်။
ရုံးကို မလာချင်ပေမယ့် သွားစရာနေရာမရှိ၍ ရောက်နေခြင်းဖြစ်သည်။
အလုပ်ကပဲ သူ့ဘဝမှာ အရေးကြီးဆုံးအရာဖြစ်ခဲ့သည်။ကျိုးကျီယွဲ့ကဲ့သို့ တိကျပြီးအလုပ်ကို ကောင်းကောင်းလုပ်နိုင်သည့်သူသည် အလုပ်ကိုပဲ စိတ်နှစ်လုပ်ခဲ့သည်က ဆယ်စုနှစ်တစ်ခုစာပင် ကြာပြီဖြစ်သည်။
သို့သော် ဒီနေ့တော့ သူ အလုပ်မှာ အာရုံ မစိုက်နိုင်ခဲ့ပါ။ဘဏ္ဍာရေးတင်ပြချက်တွေကို ကြည့်နေရင်း သူ့ဖုန်းကိုသာ တစ်ခုခုကိုမျှော်နေသည့်ပုံဖြင့် လှမ်းကြည့်နေတတ်သည်။
နောက်ဆုံးတော့ သူ မျှော်နေသည့်အရာ ရောက်လာလေပြီ။
ကျိုးရှောင်ယွီ၏ မျက်လုံးလေးမှေးပြီး သွားလေး နှစ်ချောင်းပေါ်အောင် ပျော်ရွှင်စွာ ပြုံးဖြီးကာ "ပါးပါးပါး" ဟု အော်နေသည့် ဗီဒီယိုကို ဝမ်ယွီထုံ သူ့ဆီ ပို့လာခဲ့သည်။
[ဝမ်ယွီထုံ - ကျွန်မရဲ့ မနားမနေ ကြိုးပမ်းမှုကြောင့် နောက်ဆုံးတော့ ကောင်လေးက ပါးပါးလို့ ခေါ်နိုင်ပြီ။ကလေးက အရမ်းတော်တာပဲ]
ကျိုးကျီယွဲ့၏ မီးခိုးရောင်မျက်ဝန်းတွေက အပြုံးပေါ်လာခဲ့သည်။
[ကျိုးကျီယွဲ့ - ပျော်နေကြရဲ့လား?]
[ဝမ်ယွီထုံ - ပျော်တာပေါ့!]
ကျိုးကျီယွဲ့ ဗီဒီယို ကို နှစ်ခေါက်ပြန်ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်တွေ မြင့်တက်လာသည်။
ဘေးမှာ ရပ်နေသည့် လက်ထောင်ချန်းသည် အစီရင်ခံစာ ပြရင်း မေးလိုက်သည်။ "ဘော့စ် သွားမှာလား?"
ကျိုးကျီယွဲ့ လက်ထောက်ချန်းကို မော့ကြည့်ကာ ရုပ်တည်ဖြင့် ပြန်ဖြေလိုက်သည်။ “သွားမယ်"
လက်ထောက်ချန်း အနည်းငယ် အံ့ဩကာ မယုံကြည်နိုင်ဖြစ် သွားသည်။
မနက်ခင်းတုန်းက ဒါရိုက်တာတွေနဲ့ အမှုဆောင်အရာရှိတွေ ကျိုးကျီယွဲ့ကို အနားယူ စကားပြောကြဖို့ ဂေါက်ရိုက်သွားရန် ခေါ်ကြသည်။
ထိုကဲ့သို့ အကျိုးအမြတ်မရှိသည့် မိတ်ဖွဲ့ တွေ့ဆုံပွဲမျိုးကို ကျိုးကျီယွဲ့ ဘယ်တုန်းကမှ မသွားပါ။ ဒီနေ့ ပထမဆုံးအကြိမ်သွားမယ် ဆိုတော့ ဘော့စ်စိတ်ကြည်နေပုံရသည်ယ်။
ကျိုးကျီယွဲ့ နားနေခန်းထဲ ဝင်ကာ အဝတ်အစားလဲလိုက်သည်။ မှန်ထဲက ပုံမှန်ထက်ပိုနူးညံ့ကာ တည်ငြိမ်နေသည့် သူ့ပုံရိပ်ကိုကြည့်လိုက်သည်။
သူ့အရင်ဘဝက အကြောင်းအရာတွေကို ပြန်စဉ်းစားလိုက်စဉ် ကျိုးရှောင်ယွီသည် အတော်လေး နောက်ကျမှ စကားပြောနိုင်ခဲ့သည်။ နှစ်နှစ်ပြည့်သည်အထိ သူ့ကို ပါးပါး မခေါ်နိုင်သေးပေ။
အခုတော့ ကောင်လေးက ဆယ်လတောင် မပြည့်သေးဘူး ပါးပါးလို့ ပြောတတ်နေပြီ။
'ဝမ်ယွီထုံ ပြောတာ တစ်ကယ် မှန်တာပဲ။ ကလေးနဲ့ အချိန်များများ ဖြုန်းလေ ကလေးဆီက အကောင်းမြင်မှု တွေ ပိုရလေပဲ။'
ဒီမိန်းမလှလေးရဲ့ ခေါင်းမှာ အရမ်းကောင်းတဲ့ အကြံဉာဏ်တွေ ပြည့်နေတာပဲ။ ဘယ်လိုမျိုး သိပ္ပံနည်းကျ ပညာပေးနည်းလမ်းတွေ သုံးနေလဲ တော့ သူလဲ မသိပေ။
ကျိုးကျီယွဲ့ မျက်လုံးတွေက ပြုံးယောင်သန်းသွားသည်။ အင်္ကျီကော်လံကို ပြင်လိုက်ကာ ပျော်ရွှင်စွာ လမ်းလျှောက်ထွက်သွားလိုက်သည်။
တစ်ဖက်က ကလေးစာကြည့်တိုက်မှာတော့ ဝမ်ယွီထုံသည် ဒုတိယဇာတ်လိုက် လျန်ဇီကို ဒီနေ့ ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လျန်ဇီက သူ့မေမေ နှင့်အတူ လာလေသည်။ လျန်ဇီက မီးခိုးရောင်အစင်းကြားအားကစား ဝတ်စုံနှင့် အဝါတောက်တောက် ရှုးဖိနပ်ကို စီးထားပြီး ဘဲကလေးလို ချစ်စရာကောင်းအောင် လမ်းလျှောက်လာ၏။
လျန်ဇီ အမေက ဝမ်ယွီထုံကို အရင်သတိထားမိခဲ့သည်။
"ရှောင်ယွီ မေမေ? တိုက်ဆိုင်လိုက်တာ။ ရှင်လည်း ဒီနေ့ကလေးကို အလည်ခေါ်ထွက်တာလား?"
အရပ်ရှည်ကာ ဖက်ရှင်ကျသည့် လျန်ဇီ၏ အမေသည် သူ့ရှေ့က ကလေးမိခင် နှစ်ဦးကို ပြုံးပြလိုက်သည်။
ဝမ်ယွီထုံလည်း ခေါင်းငြိမ့်ရင်း ပြုံးလိုက်သည်။
"ဟုတ်ပ တိုက်ဆိုင်လိုက်တာနော်။ ဒါကတော့ ကျွန်မ မိတ်ဆွေ ရှီးရှီးရဲ့ အမေပါ။"
ရှီးရှီးအမေဘက် ပြန်လှည့်ကာ မိတ်ဆက်ပေးလိုက်သည်။ "ဒီဘက်ကတော့ လျန်ဇီ ရဲ့ အမေပါ"
ရှီးရှီး အမေနှင့် လျန်ဇီ အမေတို့ အချင်းချင်း နှုတ်ဆက်လိုက်ကြကာ တစ်ခဏလောက် အာလာပ သလ္လာပ စကားများ ပြောလိုက်ကြသည်။
အမေသုံးယောက် မိဘများ နားနေ နေရာမှာ ထိုင်ပြီး ကော်ဖီလေး သောက်ရင်း သူတို့ကလေး အကြောင်း ပြောနေကြသည်။
လျန်ဇီကတော့ ကျိုးရှောင်ယွီနှင့် ဖန်းရော့ရှီး ရှိရာဆီ ဒယိမ်းဒယိုင် သိုင်းကွက်နင်း လမ်းလျှောက်ကာသွားလေသည်။
ဖန်းရော့ရှီးတစ်ယောက် အယ်ထရာမင်းဇီးရိုး ပုံပြင်ကို ရှောင်ယွီအား ဖတ်ပြနေစဉ် နောက်ထပ် နားထောင်သူ အသစ်ရောက်လာလေသည်။
ဖန်းရော့ရှီး ခေါင်းလေးမော့ ကာ စပ်စုလိုက်သည်။ "ဟေးး မင်းက ဘယ်သူလဲ"
လျန်ဇီ ရှက်ပြုံးလေး ပြုံးလိုက်သည်။ "လျန်...လေး"
ကျိုးရှောင်ယွီကတော့ မဖိတ်ခေါ်ပဲ ရောက်လာသည့်တစ်ယောက်ကို သတိအပြည့်ဖြင့် ကြည့်နေသည်။သူ၏ နှုတ်ခမ်းကလေးကို တစ်တောင်လောက် စူကာ သူ့လက်သီးကလေးဖြင့် ကြမ်းခင်းကို တစ်ဘန်းဘန်းထုရိုက်ကာ အော် နေ၏။
"အာ အားး!"
ကျိုးရှောင်ယွီ၏ အသံကြောင့် လျန်ဇီ လန့်သွားကာ ကြမ်းခင်းပေါ် ထိုင်ရက်ကျသွားပြီး ဖန်းရော့ရှီး ကို သနားကမားမျက်လုံး ဖြင့် ကြည့်နေ၏။
"မမ ..မမ.."
ဖန်းရော့ရှီး လျန်ဇီကို လဲ ကျနေရာမှ ဆွဲ ထူလိုက်ပြီး ကျိုးရှောင်ယွီကို မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
"မောင်လေး ရှောင်ယွီ ပုံပြင် တူတူ နားထောင်ကြမယ်လေ"
ကျိုးရှောင်ယွီ အလွန်မပျော်မရွှင် ဖြစ်သွားသည်။ သူ့ဆံပင်ကောက်လေး များကို ခါရမ်းကာ ဒေါသထွက်သည့် စကားလုံးများ ပြောလာ၏။ သူ့စကားကို ဘယ်သူမှ နားမလည်၍ တော်သေးသည်။
သို့သော် လျန်ဇီကတော့ ဖန်းရော့ရှီး၏ အင်္ကျီလက်ကို ဆွဲကာ မျက်ရည်အဝိုင်းသားဖြင့် ပြုံးလိုက်သည်။ "မမ ..မမ.."
ကြင်နာတတ်သည့် ဖန်းရော့ရှီးသည် ဤမောင်လေးနှင့် မရင်းနှီးသော်လည်း ပစ်ပစ်ခါခါ မလုပ်ရက်ပါ။
ကျိုးရှောင်ယွီကလည်း စိတ်ဆိုးတကြီးဖြင့် သူ့ခြေလက်တွေကို အမြန်လှုပ်ရှားကာ ဖန်းရော့ရှီးနားကို တွားသွားလိုက်ကာ ထိုင်ချလိုက်သည်။ ထို့နောက် ကန့်ကွက်သည့်ပုံစံဖြင့် လက်သီးဆုပ်ကာ ဝေ့ရမ်းပြလေသည်။
လျန်ဇီကတော့ နောက်ကို တွန့်သွားပြီး သူ့ပန်းရောင်နှာသီးကလေး တရှုံ့ရှုံ့နှင့် နှုတ်ခမ်းလေး စူလိုက်သည်။
"မမ...မမ..."
ကျိုးရှောင်ယွီ ဟွန့်ကနဲ အသံပြုလိုက်သည်။ သူ ဒေါသထွက်လွန်း၍ သေလုမတတ်ဖြစ်သွားသည်။ သူစကား မပြောနိုင်လို့ သူ့မမကတော့ အများကြီး ဆုံးရှုံးရတော့မှာပဲ။
'အနာဂတ်မှာ သူ့အမေစကား နားထောင်ပြီး စကားပြောတတ်အောင် အပြင်းအထန်ကြိုးစားမှ ဖြစ်တော့မယ်။ပြီးရင် လျန်းဇီ ဆိုတဲ့ တစ်ယောက်ကို မောင်းထုတ်ပစ်လိုက်မယ်။'
ဖန်းရော့ရှီးသည် ကောင်စုတ်လေး နှစ်ယောက်ကြောင့် စိတ်ရှုပ်လာ၍ သူ့ကလေးအသံဖြင့် အော်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ရန်ဖြစ်နေမယ်ဆိုရင် ငါ ပုံ ပြင် ထပ်မပြောပြတော့ဘူး။ ခုကစပြီး ဘယ်သူမှ စကားမပြောနဲ့ တော့။ တိတ်တိတ်နေ!"
ကောင်လေး နှစ်ယောက် ဖန်းရော့ရှီး၏ ဟိန်းဟောက်သံကြောင့် လန့်ပြီး ငြိမ်သွားကြသည်။ နောက် သူတို့မမရဲ့ ဘယ်ညာ တစ်ဖက် တစ်ချက်ဆီမှာ ငြိမ်ငြိမ်လေး ထိုင်နေတော့သည်။
ဖန်းရော့ရှီးလည်း ပုံပြင်စာအုပ်ကို ဖွင့်ကာ အယ်ထရာမင်းဇီးရိုးရုပ်ပုံကို ညွှန်ပြပြီး ပုံပြင် ဆက်ပြောလိုက်သည်။
"ဇီးရိုးလေးက မွန်းစတားတွေရဲ့ ဘော့စ်ဖြစ်လာတယ်။မွန်းစတားတွေက သူ့စကားကို နားထောင်ကြတယ်။ ဇီးရိုးလေးက မွန်းစတားတွေကို "တစ်ကိုယ်တော်သတ္တိရှိသူ"အကြောင်းကို သီချင်းဆိုခိုင်းတယ်။ မွန်းစတားတွေက သူတို့သီချင်း မဆိုတတ်ဘူးလို့ ပြောတယ်။အဲ့ဒီအခါ ဇီးရိုးလေးက မင်းတို့သီချင်းမဆိုရင် အလင်းစွမ်းအင်သုံးပြီးမင်းတို့ကို ငါ အလင်းနိုင်ငံကနေ နှင်ထုတ်လိုက်မယ်လို့ ပြောတယ်။ မွန်းစတားတွေကလည်း ရွေးချယ်စရာမရှိတော့ပဲ"တစ်ကိုယ်တော်သတ္တိရှိသူ" ဆိုတဲ့ သီချင်းကို ဆိုတတ်ဖို့ လေ့ကျင့်ရတာပေါ့...."
ကောင်ကလေး နှစ်ယောက်က မျက်လုံးလေးပြူး မျက်တောင်လေး ခတ်ကာ အာရုံ စူးစိုက်နားထောင်ကြသည်။