← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

အမျိုးသမီးကျိုး၏ ရုပ်သွင်ပြင်ကြောင့် အံ့ဩသွားပြီးနောက် ထိုနိုင်ငံခြားအမျိုးသမီးကြီးသည် နှုတ်ကိုဖွင့်ကာ တရုတ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောလာလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။

ဝမ်ယွီထုံ၏ အံ့အားသင့်ကာ စိတ်ရှုပ်ထွေးနေမှုကို မြင်ရ၍ ကျိုးကျီယွဲ့က သူနားထဲ တိုးတိုး ရှင်းပြလိုက်သည်။

"အဖွားက တရုတ်-အင်္ဂလိပ်-ဂျာမန်စပ်လေ။ သူက တရုတ်ပြည်မှာပဲ ကြီးပြင်းလာတာ။ မကြာသေးခင် နှစ်တွေ တုန်းကမှ Mနိုင်ငံကို ပြောင်းသွားခဲ့တာ"

"သမီးက ရှောင်ယွီရဲ့ ဇနီးလား?"

အမျိုးသမီးအိုကြီးသည် ဖုန်းကင်မရာနားကို တိုးကာ ဝမ်ယွီထုံအား သေချာကြည့်လိုက်ပြီး သူမမျက်ဝန်းတွေက ကျေနပ်သည့် အမူအရာပြလာသည်။

"ဒီကလေးမက အတော်လေး လှတာပဲ"

ဝမ်ယွီထုံကတော့ ရှက်လွန်း၍ ကိုယ်ပျောက်ဖြစ်ချင်သွားသည်။ရှက်ပြုံးလေး ပြုံးရင်း ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်သည်။

"ဟယ်လို အဖွား"

အဖွားကလည်း ကြင်နာစွာ ပြန်ပြုံးပြလိုက်ပြီး သူမ၏ မြေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ရှောင်ယွဲ့ မင်းဘာလို့ ငါ့မြေးချွေးမလေးကို ခေါ်လာ မပြတာလဲ?"

ကျိုးကျီယွဲ့ မျက်ခုံးလေး ပင့်လိုက်သည်။ "ကျွန်တော်မှားပါတယ်ဗျ"

အဖွားက ထပ်ပြီး ဝမ်ယွီကို ကြင်ကြင်နာနာ ပြုံးကာ ကြည့်လိုက်သည်။ "ယွီလေး (ဝမ်ယွီထုံ) အဖွား မင်းအတွက် လက်ဆောင်လေး ပြင်ထားတယ်။ နောက်တစ်ခါ တို့တစ်တွေ တွေ့တဲ့အခါကျရင် ယူလာခဲ့မယ်နော်"

အိမ်တော်ထိန်းတစ်ဦးသည် ကင်မရာရှေ့ကို ရုတ်တရက်ပေါ်လာကာ အင်ပါယာကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် လက်ကောက်၊ ဘယက်နှင့် နားဆွဲတို့ ထည့်ထားသည့် လက်ဝတ်ရတနာဘူးကို ဖွင့်ပြလေသည်။

ဖုန်းကင်မရာကနေ မြင်ရခြင်းဖြစ်သော်လည်း ထိုလက်ဝတ်ရတနာတို့သည် အလွန်လှပလွန်း၍ ဝမ်ယွီထုံ ပင် အံ့အားသင့်သွားသည်။ တစ်ခြားအရောင် ရောစပ်မှုမရှိပဲ ကျောက်စိမ်းအရောင် သန့်သန့်ဖြင့် ကြည်လင်လွန်းလှကာ အလင်းရောင်တွေ ဖြာထွက်နေ၏။

ကျိုးရှောင်ယွီကပင် လှပလွန်းသည့်ရတနာတွေကိုကြည့်ကာ သူ၏ စပျစ်သီးကဲ့သို့ မျက်ဝန်းများ ဝိုင်းစက်သွားသည်။ "ယေးးယေးးးယေးးး"

ကျိုးရှောင်ယွီလေးကို မြင်လိုက်သည့်အဖွားကျိုးသည် မျက်ဝန်းများ လခြမ်းကဲ့သို့ကွေးသွားသည်။ "နောက်တစ်ခါ ဖွားဖွား မြေးလေးဆီ အလည်လာခဲ့မယ်နော် ဟုတ်ပြီနော်?"

ဝမ်ယွီထုံက ကျိုးရှောင်ယွီကို ကင်မရာနား နီးကပ်စေရန် ချီလိုက်ကာ ပြောလိုက်သည်။ "ဖွားဖွားလို့ ခေါ်လိုက်လေ"

ကျိုးရှောင်ယွီကတော့ ဘာမှ မပြောပဲ ပါးစပ်ကြီး ပိတ်နေ၏။

ဒီလို့နဲ့ ရှောင်ယွီလေးကို အမှု မထားပဲ လူကြီးတွေက ဆက်စကားပြောကြသည်။ အဖွားကျိုးသည် မတ်လအတွင်းကျရောက်မည့် ရှောင်ယွီလေး၏ တစ်နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်ရန် တရုတ်ပြည်ကို ပြန်လာမည်ဖြစ်သည်။

နောက်ဆုံး နွေးထွေးလှသည့် ဗီဒီ‌ယိုကောလေး ပြီးဆုံးသွား၏။

နှစ်သစ်ကူးအကြို ညစာစားပွဲလေးက အလွန်အသက်ဝင်လှသည်။ စားသောက်ပြီးနောက် လူကြီးနှစ်ယောက် ၊ကလေးတစ်ယောက်နှင့် ကြောင်ကလေးတစ်ကောင်တို့သည် ဒုတိယထပ်ရှိ ဧည့်ခန်းကျယ်ကြီးထဲတွင် ဖော့ပန်းကန်ပြားပျံ ပစ်ကာ ဆော့ကစားနေကြသည်။

ဒီနှစ်သစ်ကူးအကြိုညနေခင်းလေးမှာ ကျိုးရှောင်ယွီ အလွန်ပျော်နေ၏။ ဒီညက အထူးညဖြစ်သလို ဝမ်ယွီထုံကလည်း သူ့ကို အတင်းမအိပ်ခိုင်းပေ။ သို့သော် နွေဦးပွဲတော်နှင့် လိုက်ဖက်သည့် ရုပ်ပြစာအုပ်ကို ဖတ်ပြလေသည်။

ဝမ်ယွီထုံသည် 3Dရုပ်ပြစာအုပ် စုံ လိုက်ဝယ်ထား၏။ ထိုစာအုပ်ကို ဖွင့် လိုက်လျှင် အနီရောင်မီးပုံး၊ တရုပ်စာလုံး "福" နှင့် ခြင်္သေ့အက3Dရုပ်ပုံ တို့မြင်ရသည်။

ကျိုးရှောင်ယွီကတော့ ထို 3D ဖောင်းကြွ အရုပ်များကို သူ့လက်ဖောင်းဖောင်းကလေးဖြင့် ထိကိုင်လိုက်ကာ သူ၏ ပန်းရောင်သန်းနေသည့် မျက်နှာလေးကို မော့ချီရင်း ပြုံးဖြီးနေ၏။

ခြံထဲက မီးပုံးတွေကို သူမြင်နေရပြီး အဲ့ဒီမီးပုံးတွေကို လိုချင်နေတာ ကြာလှပြီ။ မေမေက သူ့အပေါ် အရမ်းကောင်းတာပဲ။

ဝမ်ယွီထုံက စာမျက်နှာ တစ်ခုချင်းဆီ ရှောင်ယွီလေးကို လှန်ပြသည်။

"မေမေနဲ့ ဖေဖေက ရှောင်ယွီလေးကို မီးပန်းကြည့်ဖို့ခေါ်သွားတယ်။ ရှောင်ယွီလေးက မေးတယ်။ မီးပန်းက ဘာအရောင်လဲ? မေမေက ပြန်ဖြေတယ်။ မီးပန်းတွေက အရောင်စုံရှိတယ်......."

စာအုပ်ဖတ်ပြပြီး နောက် ကလေးကို ညအိပ်ဝတ်စုံအိတ်ထဲ ထည့်လိုက်ကာ ချော့သိပ်လိုက်သည်။ ကျိုးရှောင်ယွီသည် နှစ်သစ်အကြိုညမှာ ဆယ်နာရီခွဲသည်အထိ ကစားနေခဲ့၍ ပင်ပန်းကာ မျက်ခွံတွေ လေးလာပြီး အိပ်ရာကြီးပေါ်အိပ်ပျော်သွားတော့သည်။

ကလေးအိပ်သွားမှ ဝမ်ယွီထုံလည်း ရေချိုးခန်းထဲ ဝင်လိုက်ကာ နာရီဝက်ကြာအောင် ရေပူချိုးလိုက်သည်။ ရှောင်ယွီလေး အိပ်ရာကိုတော့မိုဘိုင်းဖုန်းအပ်ပလီကေးရှင်းကနေ စောင့်ကြည့်ရန် စောင့်ကြည့်ကင်မရာ တပ်ထားကာ အခန်းအပြင်ကို တိတ်တိတ်လေး ထွက်သွားလိုက်သည်။

အိမ်တော်ထိန်းစန်နှင့် အိမ်ရှိအလုပ်သမားအားလုံးက အနားယူနေကြပြီဖြစ်၍ တစ်အိမ်လုံး တိတ်ဆိတ်နေ၏။

ဝမ်ယွီထုံသည် မီးဖိုဆောင်ရေခဲသေတ္တာဖွင့်ကာ အုတ်ဂျုံနို့လက်ဖက်ရည်တစ်ဘူး ယူလိုက်သည်။ ထို့နောက် ဆိုဖာပေါ် အရိုးမရှိသည့်သူနှယ် မှီလိုက်ပြီး ဖုန်းထုတ်ပွတ်နေလိုက်သည်။ သူမ ခြေထောက်ကိုလည်း ဆိုဖာပေါ်တင်ထားရာ ခြေအိတ်မဝတ်ထား၍ သူမ၏ ပန်းနုရောင် ခြေချောင်းလုံးလုံးလေးတွေက ပေါ်နေ၏။

WeChat မက်ဆေ့တွေ ရာချီဝင်နေ၍ ဝမ်ယွီထုံ တစ်ခုချင်းဆီကို သေချာဖတ်ပြီး စာပြန်လိုက်သည်။

စုဟန်ကလည်း ဒီည သူမကို WeChat မှ စာအ‌တန်ပို့ထားသည်ကို သတိထားမိလိုက်သည်။ မက်ဆေ့တစ်ချို့က သူ၏ လတ်တလောအလုပ်မှ ပုံများဖြစ်သည်။

[သေနာရည်းစားဟောင်း - ဒရာမာအသစ်ရိုက်နေလို့ ဆံပင်အတိုညှပ်လိုက်တယ်]

[သေနာရည်းစားဟောင်း - ဆံပင် တိုသွားတော့ နည်းနည်းတော့ အေးနေတယ်]

[သေနာရည်းစားဟောင်း - နင်ပဲ ငါ့ကို buzz cut နဲ့ မြင်ချင်တယ်လို့ မပြောဖူးဘူးလား? ဒါရိုက်တာကတော့ ငါ့ကို ခေါင်းတုံးရိတ်ခိုင်းနေတယ်]

[သေနာရည်းစားဟောင်း - ပုံ ၉ပုံပို့ခဲ့သည်။]

ဝမ်ယွီထုံလည်း [6666] အရမ်းမိုက်တယ်ဆိုသည့် ဘန်းစကားပြန်ပို့ကာ ခေါင်းတုံး တုံး လိုက်တာ နင်နဲ့ ပိုလိုက်မယ် ဟု ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်သည်။

မဖတ်ရသေးသည့်မက်ဆေ့တွေကိုကြည့်လိုက်တော့ သွမ်းရွှမ်းယဲ့ကလည်း သူမကို ဂိမ်းကစားဖို့လွန်ခဲ့သည့်နှစ်နာရီလောက်က စာပို့ထားတာကို တွေ့လိုက်သည်။

[သွမ့်ရွှမ်းယဲ့ - ငါ့အစ်ကိုနဲ့ ငါပဲ အိမ်ဟောင်းမှာ နှစ်သစ်ကူးအကြို ညစာစားကြတာ အရမ်းးးပျင်းဖို့ကောင်းတာပဲ။ ဆွေမျိုးတွေနဲ့ ပိုပြီး ဆက်သွယ်ရမယ်။ ဂိမ်းကစားမလား?]

[ဝမ်ယွီထုံ - ခုလေးတင် မက်ဆေ့တွေ့...ဆော့နေတုန်းလား?]

[သွမ့်ရွှမ်းယဲ့ - ဆော့နေတယ်]

သူတို့နှစ်ယောက် မိုဘိုင်း ဂိမ်းအတူဆော့ကြသည်။ ပရိုမိုရှင်းပွဲဖြစ်၍ ဝမ်ယွီထုံ ဂိမ်းကို အတည်ပေါက်ဆော့နေ၏။

သွမ့်ရွှမ်းယဲ့က ဂိမ်းဆော့ရင်းစကားပြောလာသည်။ "ဒီည နှစ်သစ်ကူးအကြိုက ဘယ်လိုလဲ"

ဝမ်ယွီထုံ - " အတော်လေး ကောင်းပါတယ်"

သွမ့်ရွှမ်းယဲ့ ဂိမ်းထဲကပြိုင်ဘက်ကို အသာလေးလှဲသိပ်လိုက်ရင်း ဆက်မေးလာသည်။ "ဒါဆို ဘာလို့ အခုမှ အားလပ်ချိန်ရတာလဲ"

ဝမ်ယွီထုံ ဖုန်းမျက်နှာ ပြင်ပေါ်က သူမ လက်တွေကို လျင်မြန်စွာလှုပ်ရှားလိုက်ပြီး အနှောက်အယှက်မရှိ ‌ပြန်ဖြေလိုက်သည်။"ကလေးကို ချော့သိပ်နေရလို့လေ"

သွမ့်ရွှမ်းယဲ့က ပြန်မေးသည်။ "ဒါနဲ့ မင်းအားလပ်ချိန်သိပ်မရသလိုပဲနော်။ ကိုယ်ပိုင်အချိန်တောင်ရှိရဲ့လား"

ဝမ်ယွီထုံကတော့ ထူးထွေ စဉ်းစားမနေပဲ ပြန်ဖြေလိုက်သည်။ "ကလေးအိပ်သွားရင်တော့ ကိုယ်ပိုင်အချိန်တွေ အများကြီးရပါတယ်"

  “Victory!”(ဂိမ်းနိုင်၍ ထွက်လာသောအသံ)

တစ်ဖက်အသင်း၏ ကျောက်သလင်းပြိုကွဲသွားပြီးနောက် ဝမ်ယွီထုံတို့အသင်း နိုင်သွားသည်။

ဂိမ်းနိုင်သွား၍ ဝမ်ယွီထုံ မပျော်နိုင်သေးခင် သွမ့်ရွှမ်းယဲ့က ထပ်ပြောလာသည်။ သူ့လေသံက အနည်းငယ် နောင်တရနေသည့် ပုံပေါ်သည်။

"မင်းက ခု အတော်လေး ငယ်သေးတာကို မိသားစုကိစ္စတွေနဲ့ လုံးပမ်းနေရပြီနော်။ အို့ ငါ မကောင်းပြောတာတော့ မဟုတ်ပါဘူး။ တစ်ခြားနည်းလမ်းတွေ ရှိတာကို မင်းက ခက်ခဲတာကို ရွေးခဲ့တာပဲ။ တွေးကြည့်စမ်းပါ။ နင် ငါတို့ဘော်ဒါတွေ နဲ့ အပြင်ထွက် မပျော်ပါးနိုင်တာ ဘယ်လောက်ကြာပြီလဲ"

ဝမ်ယွီထုံကလည်း စိတ်ရှည်လက်ရှည် ပြန်ရှင်းပြသည်။

"အမှန်တော့ အာ့လောက်လည်း မခက်ခဲပါဘူး။ တစ်ကယ်‌တော့ လက်ထပ်ခြင်းနဲ့ မိသားစုဆိုတာ ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားနဲ့ အထောက်အပံ့ ဖြစ်စေတယ်လေ"

သွမ့်ရွှမ်းယဲ့သည် မဲ့ ပြုံး ပြုံး လိုက်သည်။ "ဟုတ်ပါပြီ။ တစ်ကယ်တော့ မင်းယောကျာ်းက နည်းနည်းသိတတ်ဖို့ကောင်းတယ်။ မင်းက ငယ်သေးတော့ ကိုယ်ပိုင်လွတ်လပ်မှုတွေ ကိုယ်ပိုင်အလုပ်အကိုင်တွေ လိုအပ်တယ် ဆိုတာလည်း မင်းယောကျာ်းသိမှာပဲ။ မိသားစု တာဝန်တွေကို သူကပိုပြီး ပခုံးထမ်းသင့်တာကို မင်းဆီ အကုန်လွဲထားရတယ်လို့။ ငါသာ အနာဂတ်မှာ မိသားစု ရှိလာရင် ငါ့မိန်းမရဲ့ ကိုယ်ပိုင်အချိန်တွေကို မိသားစုအရေးကိစ္စတွေအတွက်ပဲ အချိန်ပေးတာမျိုး ဘယ်တော့မှ လုပ်ခိုင်းမှာ မဟုတ်ဘူး"

ဝမ်ယွီထုံ အပြစ်ရှိစိတ်ကြောင့် သူမ နှာခေါင်းကို ပွတ်လိုက်သည်။ အမှန်တော့ သူမလည်း အိမ်အရေးကိစ္စ‌တွေကို ပူပန်နေစရာ မလိုပါချေ။ မူလက ကျိုးရှောင်ယွီလေးထံမှ ကံကောင်းခြင်းတွေ စုပ်ယူနိုင်ဖို့ သူမ လုပ်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ယွီထုံ ချောင်းအသာဟန့်လိုက်ကာ ပြောလိုက်သည်။

"အာ့လိုလည်း မဟုတ်ပါဘူးး ငါ တစ်ကယ်ပျော်ပါတယ်"

သွမ့်ရွှမ်းယဲ့က တက်ကြွသည့်လေသံဖြင့် ပြောလာသည်။ "မင်းပျော်ရင် ပြီးတာပါပဲ။ တစ်ကယ်လို့ မင်း မိသားစုမှာ နေရတာ စိတ်ရှုပ်လာရင် ပျင်းလာရင် ဒါမှ မဟုတ် မင်း ယောကျာ်းနဲ့ စကားများလာရင် မင်းရဲ့ သူငယ်ချင်းကြီးကို ဘယ်ချိန်မဆို လာရှာလို့ရတယ်နော်။မင်းကို တစ်ခုခုသောက်ဖို့ အပြင်ခေါ်သွားပေးမယ်။ ကားပတ်စီးကြမယ်။ မင်းပျော်စေရမယ်လို့ အာမခံတယ်ကွာ"

ဝမ်ယွီထုံကတော့ သွမ့်ရွှမ်းယဲ့ ပြောသည့်စကားတွေကို အလေးမထားပဲ ပြုံးလိုက်သည်။ "ဟုတ်ပါပြီ နောက် တစ်ပွဲ ထပ်ကစားရအောင်လေ?"

 သွမ့်ရွှမ်းယဲ့ - “အိုခေ.”

သူတို့နှစ်ယောက် နောက် ဂိမ်းတစ်ပွဲ ထပ်ဆော့ကြသည်။

ဝမ်ယွီထုံက ဂိမ်းကို အသေအလဲ ဆော့နေ၍ သူမအနောက်မှာ ရပ်နေသည် အရပ်ရှည်ရှည်အမျိုးသားကို သတိမထားမိလိုက်ပေ။ ကျိုးကျီယွဲ့ကိုယ်တိုင်လည်း သူမ နောက်မှာ ဘယ်လောက်ကြာအောင် ရပ်နေမိမှန်းမသိတော့ပေ။

သူ့မျက်ခုံးတွေက ကြုံ့နေကာ မျက်နှာကလည်း မှုံမှိုင်းနေ၏။ ဝမ်ယွီထုံနှင့် တက်ကြွနေသည့် ကောလိပ်ကျောင်းသားတို့ စကားပြောခန်းကို သူနားထောင်နေခဲ့တာ ဖြစ်သည်။

ပြီးတော့ သခင်လေးသွမ့်က ကြည့်ရသလောက် ရိုးသားနေတာတော့ မဟုတ်ဘူးပဲ။

ကျိုးကျီယွဲ့သည် အမှုမထားသည့်ပုံဖြင့် ထူးမခြားနား နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်သည်။ သွမ့်သခင်လေး ဘယ်လိုတွေ ကြံစည်နေပါစေ၊ သူက ငယ်ပါသေးတယ်။

သူနဲ့ ယှဉ်လိုက်ရင် သူက အနည်းငယ် နောက်ကျနေပြီလို့ ထင်ရသည်။

ကျိုးကျီယွဲ့ကတော့ ကလေးဆန်သည့်အကွက်တွေဖြင့် ဂိမ်းကစားနေသည့် ဝမ်ယွီထုံကို နှောက်ယှက်တာမျိုး မလုပ်ပါ။

သူသည် အဆင့်မြင့်ချည်သားဖြင့်ရက်လုပ်ထားသည့် မီးခိုးရောင် ညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး လန်းဆန်းသည့် ဂရိတ်ဖရုသစ်သီးရနံ့ရေမွှေးကိုသာ ပြောင်းလဲ ဆွတ်လာလိုက်သည်။

ကျိုးကျီယွဲ့သည် ပယင်းဝိုင်ကို ခွက်တစ်ဝက်ခန့် ငှဲ့ကာ ဝမ်ယွီထုံနှင့် မလှမ်းမကမ်းတွင် ထိုင်လိုက်သည်။ ဝမ်ယွီထုံအပေါ် အချိန်အတော်ကြာ လေ့လာစူးစမ်းထားမှုအရ သူမ ဘာကို စိတ်ဝင်စားသည်ကို သူ နားလည်သိရှိပြီး ဖြစ်သည်။

ဝမ်ယွီထုံ သူမ မျက်ဝန်းထောင့်မှ အမျိုးသား၏ပုံရိပ်ကို မြင်လိုက်ရ၍ မော့ကြည့်လိုက်ရာ တစ်ခဏရပ်တန့်ငေးမော မိသွားသည်။

သလင်းကျောက်မီးဆိုင်းအောက်ဆိုဖာပေါ်တွင် ထိုင်နေသည့် အမျိုးသားသည် အလွန် ဆွဲဆောင်မှု ရှိနေသည်။သူ့အရိပ်က သူ့ကို သုံးဖက်မြင်ပုံစံဖြစ်နေစေပြီး မြင်နေရသည့် ညှပ်ရိုးတွေကလည်း လှပကာ ပြစ်မျိုးမှည့်မထင် ဖြစ်နေသည်။ ဝိုင်ကို သောက်လိုက်တိုင်း သူ၏ ထင်ရှားသည့် လည်ဇလုတ်ကလည်း အထက်အောက် လှုပ်ရှားသွားသည်။

သူ၏ သွယ်လျသည့် လက်ချောင်းတွေက ဝိုင်ဖန်ခွက်ကို ကိုင်ထားပြီး နှုတ်ခမ်းတွေကလည်း ဝိုင်ကဲ့သို့ ရွှန်းလဲ့ စိုဆွတ်နေသည်။

အလွန်ကြည့်ကောင်းသည့် ညအိပ်ဝတ်စုံ၏ ကော်လာကိုလည်း စည်းထားသည်။ သို့သော်သူ့ကိုယ်မှ ထူးခြားသည့် လူကို ဆွဲဆောင်နိုင်သည့် ရနံ့မျိုးလည် သင်းပျံ့နေသည်။

သူ၏ ပင်ကိုယ်စရိုက်သည် အေးစက်စက်ဖြင့် ခံစားချက်ကို အနက်ရှိုင်းဆုံး‌နေရာမှာ ဖွက်ထားတတ်သော်လည်း အခုတော့ အနည်းငယ်ချစ်စရာကောင်းနေ၏။

လုံးဝကို သူမ အကြိုက်ဖြစ်နေသည်။ အသေးစိတ်ကအစ သူမရင်ထဲ ထိနေကာ သူမအတွက် သီးသန့်ချုပ်ပေးထားသလို ဖြစ်နေသည်။

ဝမ်ယွီထုံ၏ ပါးပြင်နှင့် နားရွက်တွေက အနည်းငယ်နီရဲလာပြီး အာရုံမစူးစိုက်နိုင်တော့ပေ။ ထို့ကြောင့် ဂိမ်းကို အမြန်အဆုံးသတ်ကာ အကြောင်းပြချက်တစ်ခုခုပေးရင်း ဂိမ်းကထွက်လိုက်သည်။

ပညာရှိကျိုးကျီယွဲ့ကတော့ သူမဂိမ်းမှ ထွက်ရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။ "မင်းဂိမ်းဆော့လို့ ပြီးပြီလား?"

ဝမ်ယွီထုံ ခေါင်းငြိမ့်လိုက်သည်။ "ပြီးပြီ"

ကျိုးကျီယွဲ့ သူမ အနား လျှောက်သွားကာ ဘေးမှာ ထိုင်လိုက်သည်။ နောက် သူမကို သူ့ပေါင်ပေါ် ချီတင်လိုက်သည်။

ဝမ်ယွီထုံ ရှက်ရှင်ဖြင့် သူ့ရင်ဘတ်ကို တွန်းလိုက်သည်။

"ဘာလို ဒီလို ကြီး ဖက်ထားတာလဲ? ကလေးကို ချီတာ ကျနေတာပဲ"

ကျိုးကျီယွဲ့ ပြန်မဖြေပဲ သူ့မျက်နှာကို သူမ လည်ပင်းကြားထားကာ နမ်းရှိုက်လိုက်သည်။ "မွှေးကြိုင်နေတာပဲ"

ဝမ်ယွီထုံ ဘာမှ ပြန်မဖြေနိုင်ခင် သူမ၏ လည်ပင်းသားနူးနူးညံ့ညံ့လေးသည် ရုတ်တရက် အသာအယာစုပ်ယူခြင်း ခံလိုက်ရသည်။နောက် ပုစဉ်းလေးတွေ ရေပြင်ပေါ်ဝယ်ရှပ်ပျံသန်းသလို သူမ၏ အရေပြားပေါ်ကို သူ့လျှာထိပ်ဖြင့် အသာအယာထိတွေ့နေ၏။

ထိလိုက်သည့်နေရာတွေက ယားကျိကျိခံစားလာရ၍ ဝမ်ယွီထုံ ခန္ဓာကိုယ်နှင့် ခြေချောင်းတွေ တွန့်လိန်ကာ ရီမောရင်း အမျိုးသား၏ခေါင်းကို သူမထံမှ ဖယ်လိုက်သည်။

ကျိုးကျီယွဲ့ ဆံပင်ထဲ သူမ လက်ကို သွင်းရင်း ရယ်မောကာ ပြောလိုက်သည်။ "တော်တော့ တော်တော့ အရမ်းယားတယ်"

"မယားတဲ့ နေရာက ဘယ်နားလဲ?" ကျိုးကျီယွဲ့က စိုစွတ်နေသည့်နှုတ်ခမ်း၊ နက်ရှိုင်းသည့်အကြည့်တွေဖြင့် မျက်ခုံးကိုပင့်ရင်း အတည်ပေါက်မေးနေဟန်တူသည်။

ဝမ်ယွီထုံလည်း သူ့‌မေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်းမသိပဲ ကြောင်အသွားသည်။

"ဒီနားမှာ ရော ယားလား?" သူ့လက် ချောင်းတွေက သူမ၏ နားပန်သီးကို ပွတ်သပ်လာသည်။

ဝမ်ယွီထုံ ပုခုံးလေးတွန့်ရင်း နားရွက်တွေကလည်း သွေးကဲ့သို့ နီရဲလာသည်။

"ဒီနားမှာရော?"

သူ့လက်ချောင်း ထိပ်ဖြင့် သူမ၏ နှုတ်ခမ်းသားပေါ် ဖိလိုက်သည်။

"ယားလား?"

ဝမ်ယွီထုံ သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။အမှန်တော့ သူမ နှုတ်ခမ်းတွေက မယားပါ။ သို့သော် ကျိုးကျီယွဲ့၏မေးခွန်းတွေ အပြီးမှာ အနည်းငယ် ယားကျိကျိခံစားလာရသည်။

"ဒီနားဆိုရင်ရော ?"

သူ၏ လက်ချောင်းသွယ်တွေက အောက်ကို ရွေ့လာပြီး ဖြူဖွေးလှပသည့် သူမ၏ ညှပ်ရိုးကို အသာအယာ ပွတ်သပ်လိုက်သည်။

"ဒီနားမှာ အနမ်းလေးပေးရင်ရော?"

ဝမ်ယွီထုံ၏ အသက်ရှုသံတွေ ပြင်းထန်လာသည်။အမျိုးသား၏ အန္တရာယ်ရှိသည့်မျက်ဝန်းတွေကို မရင်ဆိုင်ရဲတော့ပေ။ခေါင်းကို ခါရင်း အံကြိတ်ကာ ပြန်ဖြေလိုက်သည်။

"အာ့နားမှာ အယားဆုံးပဲ"

အမျိုးသား၏ မျက်ဝန်းတွေက နက်ရှိုင်းနေပြီး စက္ကန့်ပိုင်းအတွင်း သူမ၏ အယားဆုံးနေရာဖြစ်သည့် ညှပ်ရိုးနားကို နမ်းလာခဲ့သည်။ သူ၏ နှုတ်ခမ်းနှင့် လျှာတွေက သူမ၏ ညှပ်ရိုးတစ်လျှောက် စိုစွတ်သည့် အရာတွေ ချန်ခဲ့သည်။

ဝမ်ယွီထုံသည် အသက်ပြင်းပြင်းရှုရင်း စိတ်တိုနေမိသည်။ 'ဒီလူဆိုးကတော့ သူမ အယားဆုံးနေရာတွေကို နမ်းပြီး လှည့်စားဖို့ကြိုးစားနေတာပဲ!'

သူမညအိပ်ဝတ်စုံ၏ အပေါ်ပိုင်းကြယ်သီးနှစ်လုံးဖြုတ်ခံလိုက်ရပြီး နှင်းလို ဖြူဖွေးသည့် သူမ အသားအရည်နှင့် အတွင်းဝတ်ဘရာကြိုး ပေါ်လာသည်။

အမျိုးသား၏ နှာတံသွယ်သွယ်သည် အောက်ကို ဆက်ဆင်းလာပြီး သူမ၏ ဘရာကြိုးကို သူ၏သွားဖြင့်အသာအယာ ကိုက်လိုက်သည်။ သူ၏ နှုတ်ခမ်းတွေက နှင်းဖုံးနေသည့်တောင်တန်းတွေပေါ် အနီရောင်ဇီးပန်းပွင့်တွေ ချန်ခဲ့သည့်အလား သူမ ညှပ်ရိုးတွေပေါ် အလုပ်များနေ၏။

ဝမ်ယွီထုံ သူမ၏ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်သည်။သူမ မျက်ဝန်းတွေကလည်း တစ်ခဏလေးအတွင်း မြူတွေဖုံးလွှမ်းသွားသည်။ထူးဆန်းသာ့်အသံတွေ ထွက်မလာနိုင်အောင် သူမကိုယ်သူမ ထိန်းချုပ်နေရသည်။

အမျိုးသားကလည်း နှင်းဖုံးတောင်တန်း၏ တောင်ထိပ် လျိုမြောင်တစ်လျှောက် စူးစမ်းရန် အလျင်မလိုနေပဲ ထိုအစားအပေါ်ပြန်တက်လာကာ သူမ၏ နူးညံ့သည့် နှုတ်ခမ်းပါးလေးဆီပြန်လာပြီး နှုတ်ခမ်းအတွင်း ဝင်ရောက်ကာ နှောက်ယှက်လေတော့သည်။

ဝမ်ယွီထုံ စိတ်လှုပ်ရှားနေသည်ကို သတိထားမိလိုက်၍ သူမကို နူးညံ့စွာနမ်းလိုက်ပြီး ကြယ်သီးတွေ ပြန်တပ်ပေးလိုက်ကာ တိုးညှင်းကာ ဆွဲဆောင်မှု ရှိသည့်အသံဖြင့် ပြောလိုက်သည်။

"မစိုးရိမ်းပါနဲ့ ။ မင်းအဆင်သင့် မဖြစ်ခင်အထိ ကိုယ်မင်းကို မထိပါဘူး"

ဝမ်ယွီထုံကတော့ စနောက်ခံလိုက်ရ၍ စိတ်တိုသွားမိသည်။

ဒီလူဆိုးက သူမကို တမင်သက်သက် လုပ်မှန်းသိလိုက်ရ၍ ကျိုးကျီယွဲ့ကို မျက်စောင်းထိုးလိုက်သည်။ ကျိုးကျီယွဲ့ကတော့ ရုပ်တည်ကြီးဖြင့် ဘာမှ မသိသည့် လူလိမ္မာလေးပုံဖမ်းနေ၏။

ဝမ်ယွီထုံလည်း သူမ အတွေးလွန်နေတာဖြစ်မည်ဟု ပြန်တွေးလိုက်ကာ ပါးစပ်ကိုအသာလေးပိတ်လိုက်သည်။

"လက်ဆောင်အတွက် ကျေးဇူးပဲနော်" ကျိုးကျီယွဲ့ ပြုံးကာ ပြောလာသည်။

သူမပေးလိုက်သည့် လက်ဆောင်အင်္ကျီအောက်မှ အတွင်းခံဘောင်းဘီဘူးကို သတိရလိုက်၍ ချောင်းဟန့်လိုက်သည်။

"တော်ရင် ပြီးတာပါပဲ"

"အင်္ကျီကတော့ တော်ပါတယ် ဒါပေမယ့် ကျန်တာတော့ မတော်ဘူး"

ဝမ်ယွီထုံ ပြန်စဉ်းစားလိုက်ကာ သူပြောသည့် မတော်သည့်အရာကို သိလိုက်ကာ မျက်နှာကြီး နီလာပြီး ထွက်ပြေးချင်စိတ်ပေါက်လာသည်။

ရုတ်တရက် ပြတင်းအပြင်ဘက်မှ မီးပန်းဖောက်သံတွေကို ကြားလိုက်ရပြီး နှစ်သစ်ကူးခေါင်းလောင်းသံတွေကိုလည်း ကြားလိုက်ရသည်။

  "Happy New Year."

  "Happy New Year!"

သူတို့နှစ်ဦးသား အချင်းချင်းကြည့်ကာ ပြုံးလိုက်ပြီး နှစ်သစ်ဆုမွန်ကောင်း ပြုလိုက်ကြသည်။

ဝမ်ယွီထုံက အခွင့်ကောင်းယူကာ ကျိုးကျီယွဲ့၏ ပါးပြင်ပေါ်ဝယ် ပြုံးရင်း အနမ်းတစ်ပွင့် ချွေလိုက်သည်။ကျိုးကျီယွဲ့လည်း သူ့ခေါင်းကို လှည့်ကာ သူမကို ပြန်နမ်းရန် ပြင်လိုက်စဉ် ဝမ်ယွီထုံ၏ ဖုန်း စောင့်ကြည့်ကင်မရာအပ်ပလီကေးရှင်းမှ အသံထမြည်လာသည်။

ကျိုးကျီယွဲ့တစ်ယောက် ကြောင်သွားပြီး ဝမ်ယွီထုံကလည်း သူ့ပေါင်ပေါ်မှ အမြန်ထလိုက်ကာ အောင်နိုင်သူမျက်နှာဖြင့် ပြောလိုက်သည်။

"ဒါဆို ကျွန်မ ကလေးကို သွားကြည့်လိုက်ဦးမယ်"

သူမအင်္ကျီလက်ကို သေချာ ပြန်ချလိုက်ပြီး အမျိုးသား၏ ကူကယ်ရာမဲ့သည့်အကြည့်တွေကို လျစ်လျူရှုလိုက်ကာ ယုန်ကလေးလို ပြေးထွက်သွားတော့သည်။

All Chapters