အခန်း (၅၈)
Vol. 5 Ch. 58
ကျိုးကျီယွဲ့သည် ထိုစကားပြောပြီးသည်နှင့် ဝမ်ယွီထုံ ရှိုက်သံထွက်သွားမိသည်။ သူ၏ နှင်းလို ဖြူဖွေးသည့် ခြေသလုံးသားဝယ် ထင်ရှသည့်အမှတ်တစ်ခုပေါ်လာသည်။
"ရှင် .." ဝမ်ယွီထုံ အကြည့်တွေက မယုံကြည်နိုင်ပဲ ထိတ်လန့်မိသွားသည်။ " ရှင်က ခွေးလားး?"
ကျိုးကျီယွဲ့ မျက်ခုံးလေးပင့်ကာ ကြည့်လိုက်သည်။ သူ့အကြည့်တွေက နက်ရှိုင်းကာ လည်ဇလုတ်ကလည်း အကြိမ်အနည်းငယ် အထက်အောက်ရွေ့နေ၏။
ဝမ်ယွီထုံ စိတ်ဆိုးကာ ရှက်လည်း ရှက်မိသွားသည်။ 'ဒီအပြစ်ဒဏ်က အတော်လေး ဆိုးတာပဲ!'
ရှက်လွန်း၍ အပူလှိုင်းတွေက သူမ ပါးပြင်မှ နားရွက်ထိပျံ့လာကာ ကျိုးကျီယွဲ့ကို တွန်းထုတ်လိုက်သည်။
ရုတ်တရက် သူမ၏ ရေချိုးတံဘတ်အနားစွန်း အလှန်ခံလိုက်ရပြီး လှစ်ဟသွားသည့်နေရာကို အနမ်းများကျဆင်းလာသည်။
ပုစဉ်းလေးများ ရေပြင်ပေါ်ဖြတ်ပျံသန်းသွားသလို အနမ်းများသည် နူးညံ့ကာ စိုစွတ်နေသည့်တိုင် ပြင်းပြသည့် ဆန္ဒများလည်း ပါဝင်နေသည်။
ဝမ်ယွီထုံ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူမ၏ အာရုံခံစားမှုတွေက မြင့်တက်လာကာ တစ်ကိုယ်လုံး လျှပ်စစ်စီးဆင်းသွားသလို ခံစားလိုက်ရသည်။
သူမမျက်ဝန်းတွေလည်း မသိလိုက်ပဲ စိုစွတ်လာသည်။ စက္ကန့်ပိုင်း အတွင်း အမျိုးသား၏ ပူနွေးသည့် အငွေ့အသက်တွေက သူမ နှုတ်ခမ်းနား ရောက်လာသည်။
သူတို့နှစ်ဦး၏ နှုတ်ခမ်းနှင့် လျှာ တို့သည့် အချင်းချင်း ကြင်နာစွာ ပွတ်သပ်နေကြသည်။
သူမ၏ နှာဖျားဝယ် သူ၏ မွှေးပျံ့သည့် စပျစ်သီးရနံ့တို့ သင်းပျံ့နေသည်။ သူမ၏ အဖြူရောင် ရေချိုးဝတ်ရုံကလည်း ကြမ်းပြင်ပေါ် လျောကျသွားလေတော့သည်။
ဝမ်ယွီထုံသည် ရုတ်တရက် အလှည့်ခံလိုက်ရသည်။သူမ၏ မျက်တောင်လေးတွေ တုန်ယင်နေကာ လက်တွေက ဆိုဖာအစွန်းကို တင်းတင်း ဆုပ်ကိုင်ထားသည်။
သူမ ကျောပြင်တစ်လျှောက် အပူလှိုင်းတွေ ဖြတ်စီးသွားပြီး သူမနားရွက် လည်ပင်းနှင့် ချောမွတ်သည့်ကြမ်းပြင်သည် အနမ်းကြောင့် ချော်ရည်ပူကဲ့သို့ ပူလာသည်။
သူတို့နှစ်ဦးကြား လစ်ဟာသည့်နေရာရှိသော်လည်း ဝမ်ယွီထုံ တောင့်မခံနိုင်တော့ပဲ နူးညံ့စွာ ရှိုက်ဖိုသံပြုရင်း ပုခုံး သားတွေ တစ်သိမ့်သိမ့်တုန်မိသည်။
ချိုမြိန်မှု ရနံ့တွေက လေထုထဲ ဝယ် ပျံ့နှံ့နေသည်။
အမျိုးသားက သူမဆံပင်ကို နမ်းရင်း တီးတိုးပြောလိုက်သည်။ "မငိုပါနဲ့ ကိုယ်တို့ အခုထိ မစ ရသေးဘူးလေ"
🚗🚗🚗🚗🚗🚗🚗
ကျိုးကျီယွဲ့သည် သူ့ကိုယ်တိုင်နှင့် ဝမ်ယွီထုံ ကိုပါ သန့်ရှင်းရေး လုပ်ပေးလိုက်သည်။ ဆိုဖာပေါ်မှာ ပေနေသည့်အရာများကိုပါ သုတ်လိုက်သည်။
ဝမ်ယွီထုံကတော့ မျက်လုံးမှိတ်ရင်း သေချင်ယောင်ဆောင်နေသည်။ သူမ အိပ်လည်း အိပ်ချင် ရှက်လည်း ရှက်နေမိကာ ပါးပြင်တွေ နီရဲလာသည်။ ထို့ကြောင့် စောင်ကို ဆွဲယူရင်း သူမ မျက်နှာကို အုပ်လိုက်သည်။
ကျိုးကျီယွဲ့သည် လှဲအိပ်ချင်နေသေးသော်လည်း ဝမ်ယွီထုံက သူ့ကို ခြေဖျားထိပ်ဖြင့် အသာလေးလာထိကာ အသံချိုချိုဖြင့်ပြောလာသည်။ "ရှင့်အခန်းထဲ ပြန်သွားပြီး ကလေးကိုကြည့်လိုက်ဦး"
ကျိုးကျီယွဲ့ မျက်ခုံးလေး အသာပင့်လိုက်မိသည်။ ဒီအမျိုးသမီးလေးက သူ့ကို ချက်ချင်း ပထုတ်လိမ့်မယ် လို့ မထင်ထားခဲ့ပေ။
စောင်ခေါင်းမှီးခြုံထားသည့် ဝမ်ယွီထုံသည် အသက်ရှုကြပ်လာသလိုဖြစ်လာ၍ နီရဲနေသည့် သူမ မျက်နှာ လေးကို ဖော်ကာ စိတ်ဆိုးသည့်အကြည့်ဖြင့် ကျိုးကျီယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။ "မြန်မြန်သွားး ရှောင်ယွီလေး တစ်ယောက်ထဲ အိပ်နေတာ ကျွန်မ စိတ်ပူတယ်"
"အိုခေ"
ကျိုးကျီယွဲ့လည်း ဝမ်ယွီထုံ၏ မျက်ခုံးနှစ်ဖက်အလယ်နား အနမ်းလေး ပေးကာ မီးပိတ်ပေးရင်း အခန်းထဲက ထွက်သွားလိုက်သည်။
ရှည်လျားသည့်ညတာဝယ် ဝမ်ယွီထုံတစ်ယောက် ပင်ပန်းနေသော်လည်း အိပ်ရာပေါ် ဟိုဒီလှည့်ကာ အိပ်မပျော်ဖြစ်နေသည်။ သူမအိပ်ပျော်သွားသောအခါ အိပ်မက်ထဲဝယ် ရမ္မက်ထန်သည့်မြင်ကွင်းတွေက ကြီးစိုးနေပြန်သည်။
သူတို့နှစ်ဦးကြား ခြားနားထားသည့်အလွှာဟူ၍ မရှိတော့ပဲ အကျိုးဆက်အနေဖြင့် ဆက်ဆံရေးတစ်ခု၏ နောက်ဆုံးအဆင့်ကို တက်လှမ်းသွားလေတော့သည်။
ညအမှောင်သည် တစ်ဖြည်းဖြည်း ပြယ်ပျောက်ကာ ကောင်းကင်ကြီးသည် ပြန်ဖြူလာသည်။ အရှေ့ဘက်က ရွှေရောင်အလင်းတန်းကြီးက မှုံရီနေသည့် ကောင်းကင်ကြီးကို လင်းထိန်သွားစေသည်။
ဝမ်ယွီထုံ အိပ်မက်မှ နိုးထလာသည့်အခါ သူမ တစ်ကိုယ်လုံး ချွေးတွေဖြင့် စိုရွှဲနေသည်။
သူမအိပ်ရာပေါ်က ငါးမန်း အရုပ်လေးကို စိတ်တိုတိုဖြင့် ထိုးနှက်လိုက်ပြီး ရေနွေးနွေးလေး အမြန်ချိုးရန် ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ သူမ ခြေထောက်မှ အခုထိ မပျောက်သေးသည့် သွားရာသည် မနေ့ညက ဖြစ်ပျက်ခဲ့သည့်အရာများကို အောင်မြင်စွာကြေညာနေသည်။
ရေပန်းမှ စီးကျနေသည့် ရေနွေး သူမကျောပြင်တစ်လျှောက်စီးဆင်းသွားပုံက ထိုအမျိုးသား၏ လက်ကြမ်းကြီး ပွတ်သပ်သွားသလိုပင် ခံစားရ၍ ဝမ်ယွီထုံ စိတ်မသက်မသာ ဖြစ်သွားသည်။ ထို့ကြောင့် ရေအမြန်ချိုးလိုက်ပြီး အဝတ်အစားရိုးရိုး ဝတ်လိုက်ကာ သူမအခန်းမှ ထွက်လာလိုက်သည်။၊
ကျိုးကျီယွဲ့ကို သူမစိတ်မချနိုင်သေး၍ သူ့အဖေအခန်းထဲ တစ်ညလုံး အိပ်နေသည့် ကျိုးရှောင်ယွီလေးကိုစစ်ဆေးရန် သွားလိုက်သည်။
စတုတ္ထ ထပ်ရှိ ကျိုးကျီယွဲ့၏ အခန်းကို သွားကာ တံခါးကို အသာခေါက်လိုက်သည်။
ကျိုးကျီယွဲ့ မထလောက်သေးဘူး ထင်၍ တံခါးလက်ကိုင်ဘုကို အသာလေး လှည့်လိုက်စဉ် သူမ အနောက်မှ ဆွဲဆောင်မှု ရှိသည့် အမျိုးသားအသံက ရုတ်တရက်ထွက်ပေါ်လာသည်။
"အစောကြီးနိုနေတာလား?"
ဝမ်ယွီထုံ အနောက်လှည့်ကြည့်လိုက်ရာ မီးခိုးရောင်အားကစားဝတ်စုံ ဝတ်ထားသည့် ကျိုးကျီယွဲ့ကို မြင်လိုက်ရသည်။ နဖူးမှာ ချွေးတွေ စို့နေပုံက ခုလေးတင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာပုံရသည်။သို့သော် သူ့ပုံစံက မျက်ကွင်းတွေညိုနေသည့် သူမ နှင့်မတူခြားနားစွာ တက်ကြွသည့်ပုံပေါက်နေ၏။
ကျိုးကျီယွဲ့ကို မြင်လိုက်သည်နှင့် မနေ့ညက အဖြစ်အပျက်ကို ပြန်မြင်ယောင်မိပြီး မသက်မသာခံစားလိုက်ရ၍ ခေါင်းကို တစ်ဖက်လှည့်ကာ ချောင်း အသာဟန့်လိုက်သည်။
"အင်းး ကျွန်မ ရှောင်ယွီလေးကို လာကြည့်တာ မနေ့ညက သူကောင်းကောင်း အိပ်ပျော်ရဲ့လား?"
"ကောင်းကောင်း အိပ်ပျော်ပါတယ်"
ကျိုးကျီယွဲ့က နှုတ်ခမ်းလေးကွေးကာ ပြုံးရင်း အဓိပ္ပာယ်ပါသည့် စကား ဆက်ပြောလာသည်။ "ဒါပေမယ့် ကိုယ်ကတော့ အိပ်လို့ မပျော်ဘူး"
သူပြောတာ မှန်မမှန် မသိသော်လည်း ဝမ်ယွီထုံ သူ့ကို မျက်စောင်းလေးထိုးလိုက်ကာ စကားဆက်မပြောတော့ပဲ ကျိုးရှောင်ယွီကို ကြည့်ရန် အခန်းထဲ အမြန်ဝင်သွားလိုက်သည်။
ကျိုးရှောင်ယွီလေးကတော့ သူ၏ ကိုယ်ပိုင် ပုခက်ကုတင်လေးပေါ် ခြေလက်တွေ ဆန့်ကားကာ အိပ်နေ၏။ကလေး၏ မျက်တောင်လေးတွေကလည် ကော့စင်းနေကာ ပါးမို့မို့လေးကလည်း ပန်းရောင်သန်းနေသည်။
ဝမ်ယွီထုံသည် အပြုံးလေးဖြင့် ကြည့်ကာ ကလေးကို ရင်ဘတ်နားထိ စောင်ခြုံပေးလိုက်သည်။ ထို့နောက်နာရီဝက်လောက်ကြာလျှင် ကလေးနိုးလာမည်ဖြစ်သည်။ ထို့ကြောင့် ကလေးနိုးမလာခင် သူမ အောက်ထပ်ဆင်းကာ မနက်စာအရင်စားထားရမည်။
ဝမ်ယွီထုံ ပြန်လှည့်လာစဉ် ကျိုးကျီယွဲ့သည် သူ၏ မီးခိုးရောင် အားကစား ဝတ်စုံကိုချွတ်ထားပြီး ဂရိပန်းပုတွေလို တောင့်ဖြောင့်လှသည့် ခန္ဓာကိုယ် အပေါ်ပိုင်းကို ဖော်ထားလေသည်။ သူက တံဘတ်တစ်ခုကို ကောက်ကိုင်ရင်း ရေချိုးခန်းထဲ ဝင် ရေချိုးရန် ပြင်နေ၏။
ရုတ်တရက် ဝမ်ယွီထုံ၏ စိတ်ထဲ ဆင်ဆာပါသည့် မြင်ကွင်းများ ပြန်လည်ပေါ်လာသည်။ သူမမျက်နှာဝယ် မည်သည့်ခံစားချက်မျှ မပြပဲ မျက်နှာထား တင်းတင်းဖြင့် လက်ပိုက်ကာ ပြောလိုက်သည်။
"ရှင်ရေချိုးမယ်ဆိုလည်း ရေချိုးခန်းထဲ ရောက်မှ အဝတ်ချွတ်သင့်တယ်။ ရာသီဥတုက အေးအေးနဲ့ အအေးမိလိမ့်မယ်"
ကျိုးကျီယွဲ့ မျက်ခုံးလေး အသာ ပင့်ရင်း ခေါင်းငြိမ့်လိုက်သည်။ "အိုခေ သိပြီ"
ဝမ်ယွီထုံလည်း ဟွန့်ကနဲ နှာခေါင်းရှုံ့သံပြုကာ အခန်းထဲက ထွက်ရန် ပြင်လိုက်စဉ် သူမလက်ကောက်ဝတ်ကို ကျိုးကျီယွဲ့က ရုတ်တရက်ဆွဲ လှည့်ခံလိုက်ရသည်။
သူမပြန်ကြည့်ရင်း မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"မင်း ကိုယ်နဲ့ပြောင်းနေချင်လား?"
ပါးတွေ နီရဲလာပြီဖြစ်သည့် ဝမ်ယွီထုံသည် ခေါင်းကို ခါလိုက်ကာ ချက်ချင်းပြန်ဖြေသည်။ "မနေချင်ပါဘူး"
ကျိုးကျီယွဲ့က သူမကို သူ့အနားဆွဲကာ သူမနားထဲ တီးတိုး ပြောလိုက်သည်။ "ဒါဆိုရင်တော့ နောက်တစ်ခေါက် ကွန်ဒုံးဝယ်ထားရအောင်..."
ကျိုးကျီယွဲ့စကားမပြီးသေးခင် အချက်ခံလိုက်ရသည့် ပုစွန်ကွေးကဲ့သို့ မျက်နာလေးနီရဲသွားကာ ကျိုးကျီယွဲ့ကို တွန်းထုတ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ဆုတောင်းလေ!အိပ်မက်ပဲ မက်နေလိုက်!"
သူမ ရှက်လွန်း၍ သူ့ကိုပင် ထပ်မကြည့်နိုင်တော့ပဲ သူမ၏ မွှေးပွအိမ်တွင်းစီးဖိနပ်လေးကို အမြန်စီးကာ ယုန်ကလေးလို အမြန် ထွက်ပြေးသွားတော့သည်။
ကျိုးကျီယွဲ့ကတော့ ပြေးထွက်သွားသည့် သူမ ကျောပြင်ကို ကြည့်ပြီး သူ့နှုတ်ခမ်းတွေက မသိမသာ ကွေးလာသည်။
....... ....... ....... .......
နှစ်သစ်ကူး လေးရက်မြောက်နှင့် ငါးရက်မြောက်နေ့တွင် ကျိုးကျီယွဲ့သည် အလုပ်မသွားပါ။ ထို့အစား သူသည် ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီကို ခေါ်ကာ ကျိုးလုပ်ငန်းစု၏ ဒါရိုက်တာအဖွဲ့ဝင်များဆီ နှစ်သစ်ကူးဆုမွန်တောင်း နှုတ်ဆက်ရန် သူတို့အိမ်များသို့ အလည်သွားလေသည်။
ဝမ်ယွီထုံသည် သူမကို ပိန်သွယ်ကာ ကျက်သရည်ရှိစေမည့် ဈေးကြီးသည့် ဝတ်စုံကိုဝတ်ဆင်ထားလေသည်။
သူမ လက်ထဲရှိ ရှောင်ယွီလေးကတော့ လုံခြုံခြုံ ဝတ်ထားပြီး အပြာဖျော့ရောင်သိုးမွှေးဦးထုပ်ကို ဆောင်းပေးထားသည်။ ကလေးရဲ့မျက်နှာကိုလည်း အသားအရည် ထိန်း ခရင်မ် ထူထူ လိမ်းထား၍ မျက်နှာလေးသည် အခွံခွာထားသည့်ကြက်ဥကဲ့သို့ ချောမွတ်နူးညံ့နေသည်။
သူတို့သွားနေစဉ် လမ်းမှာ ဝမ်ယွီထုံသည် ရှောင်ယွီလေးကို နှစ်သစ်ကူးဂါဝရပြုနှုတ်ဆက်သည့်ကိုယ်ဟန်ကို သင်ပေးလေသည်။
ဝမ်ယွီထုံသည် ကလေးရဲ့ ဝကစ်ကစ် လက်နှစ်ဖက်ကို ရင်ဘတ် ရှေ့မှာစုထားလိုက်ကာ ပြောလိုက်သည်။ "ရှောင်ယွီရေ ခဏနေ လူကြီးတွေနဲ့ တွေ့တဲ့အခါ ဒီလို နှစ်သစ်ကူး ဂါဝရပြုဆုတောင်း တာကိုလုပ်ရမယ်နော် တစ်ကယ်လို့ တစ်ယောက်ယောက်က သားကို စာအိတ်နီ ပေးလာရင် ပြုံးပြပြီး စာအိတ်ကို ယူမယ် ပြီးရင် မေမေ့ကို ပေးရမယ်နော် နားလည်ပြီလား?"
ကျိုးရှောင်ယွီသည် သူ့ဆံပင်ကောက်လေးကို ခါရမ်းကာ နှစ်သစ်ကူးဂါဝရပြုသည့်ပုံစံကို လိမ်လိမ်မာမာ လုပ်လေသည်။ ထို့နောက် သူ့အမေ ချီးကျူးခံရန် မျက်နှာလေးကို မော့လေသည်။
"ယေးယေးယေးးး"
ဝမ်ယွီထုံ ကလေးခေါင်းကို ပွတ်ပေးလိုက်ကာ ချီးကျူးလိုက်သည်။ "တို့ကလေးလေးက အရမ်းတော်တာပဲ။ဟုတ်တယ် အာ့လိုလေး လုပ်ထား။ စာအိတ်နီ လက်ခံတဲ့အခါ ပြုံးထားပြီး ယဉ်ကျေးတဲ့ ကလေးလေးဖြစ်ပါစေနော်"
ကျိုးရှောင်ယွီသည် သူ့ပါးစပ်လေးကို ဖွင့်ပြီး သွားလေးချောင်းကို ဖြီးပြကာ ချစ်စဖွယ်ပြောလိုက်သည်။ "ဖောဖော ဖောဖော !"
ကျိုးကျီယွဲ့သည် သားအမိနှစ်ယောက်ကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ကြည်နူးစွာမျက်ခုံးလေးပင့်လိုက်သည်။
မိနစ်လေးဆယ်ကြာလျှင် သူတို့သုံးဦးသည် တောင်များဝန်းရံထားပြီး ရေကန်ဘေးတွင် ရှိသည် စံအိမ်ကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ ထိုစံအိမ်သည် ကျိုးလုပ်ငန်းစု၏ ဒါရိုက်တာတစ်ဦးဖြစ်သူ လျန်ကျောက်ဟွာ၏ စံအိမ်ဖြစ်သည်။
လျန်ကျောက်ဟွာသည် အသက်ခုနှစ်ဆယ် ရှိပြီဖြစ်သည်။ သူသည် ကျိုးကျီခိုင်းနှင့် ကျိုးကျီယွဲ့တို့ ညီအစ်ကို နှစ်ဦးစလုံး ငယ်ရာမှ ကြီးလာသည်အထိ မြင်ခဲ့ရသူ ဟုပင် ဆိုနိုင်သည်။
ကျိုးကျီယွဲ့သည် သူ့ကို အလွန်လေးစားသည်။ "အန်ကယ် လျန်"
ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ကို ချီရင်း အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ အန်ကယ်လျန်"
မီးခိုးရောင်ဆံပင်နှင့် လျန်ကျောက်ဟွာသည် ခါးအနည်းငယ် ကုန်းနေပြီဖြစ်သည်။ အဘိုးအိုသည် အလည်ရောက်လာသည့်မိသားစုကို ကြင်နာစွာပြုံးပြီး နှုတ်ဆက်လိုက်သည်။ "ရောက်လာကြပြီလားး? နေ့လည်စာ အတူစားကြရအောင်"
ကျိုးကျီယွဲ့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ကဲ့ပါ ဒါဆိုလည်း ကျွန်တော်တို့ အန်ကယ်ကို အလုပ်ရှုပ်စေပါဦးမယ်"
ဝမ်ယွီထုံသည် ပါးစပ်လေးကို အုပ်ရင်း ချောင်းဟန့်သံပြုလိုက်သည်။ ပေါက်စီလုံးလေး ကျိုးရှောင်ယွီသည် သူ့လက်ကလေး နှစ်ဖက်ကို ရှေ့ကို စုချီလိုက်ကာ နှစ်သစ်ကူးဂါရဝပြုဟန် လုပ်လိုက်သည်။ "ယေးးယေးးးယေးးးယေးးး!"
လျန်ကျောက်ဟွာသည် ကလေးကိုကြည့်ရင်း ကြည်နူးသွားသည်။ "ဒီကလေးက အရမ်းတော်တာပဲ!"
အဘိုးအိုသည် သူ့အိတ်ကပ်ထဲမှ ကြိုတင်ပြင်ဆင်ထားသည့် စာအိတ်နီကို ထုတ်ကာ ကျိုးရှောင်ယွီကို ကမ်းပေးလိုက်သည်။ "ဖိုးဖိုး မင်းကို စာအိတ်နီပေးမယ်နော် ဟုတ်ပြီလား?"
ကျိုးရှောင်ယွီသည် သူ၏ မျက်လုံးလေးကိုပြူးကာ ပါးစပ်လေးစေ့ရင်း စာအိတ်နီကို မယူပဲ ကြောင်ကြည့်နေ၏။
ဝမ်ယွီထုံ - "..."
လျန်ကျောက်ဟွာက စာအိတ်နီကို ကျိုးရှောင်ယွီ၏ လက်မောင်းထဲ ထိုးထည့်လိုက်သည်။ ကလေးကို ချစ်စရာကောင်းသည်ဟု မြင်မိပြီး အပြုံးဖြင့် စ နောက်လိုက်သေးသည်။ "ကောင်လေး မင်း စာအိတ်နီ လိုချင်လား?"
ကျိုးရှောင်ယွီသည် အနည်းငယ်ရှက်လာသည်။နှုတ်ခမ်းကို တင်းတင်းစေ့ရင်း သူ့ခေါင်းကို ဝမ်ယွီထုံ ရင်ခွင်ထဲ တိုးဝေ့ဝင်လာသည်။ ရှောင်ယွီလေးသည် သူမသိသည့် လူစိမ်းများနှင့် စကားမပြောချင် မဆက်ဆံချင်သည့် ပုံပေါ်နေသည်။
ဝမ်ယွီထုံသည် ရှက်ရှက်ဖြင့် လျန်ကျောက်ဟွာထံမှ စာအိတ်ကို လှမ်းယူပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ် အန်ကယ်ကျောက် ကျွန်မတို့ကလေးက တစ်ခါတစ်လေကျ နည်းနည် ရှက်တတ်လို့ပါ။ စာအိတ်နီရလို့ သူလည်း ပျော်ပါတယ်"
လျန်ကျောက်ဟွာလည်း ကလေး၏ အပြုအမူကို စိတ်ထဲ မထားပဲ မျက်လုံးလေးကျဉ်းကာ ပြုံးလိုက်ပြီး ရှောင်ယွီလေး၏ ခေါင်းကို ပုတ်လိုက်သည်။ "လူလိမ္မာလေး အရမ်းချစ်စရာကောင်းတာပဲ"
လူစိမ်းတစ်ယောက်က သူ၏ ခေါင်းကို လာပုတ်သောအခါ ရှောင်ယွီလေးသည် ရုတ်တရက်ကြောင်သွားသည်။ နောက် မျက်မှောင်ကြုံ့ကာ ခြေလက်တွေ ဝေ့ရမ်းပြီး အားးး ဟု အော်လိုက်လေသည်။သွားကြီးဖြဲပြကာ အော်နေသည့်ပြံက လုံးဝ ချစ်စရာ မကောင်းတော့ပဲ ကြောက်စရာရုပ်ဖြစ်နေသည်။
လျန်ကျောက်ဟွာပင် အနည်းငယ် ကြောင်သွားသည်။မူလက ရှောင်ယွီလေးကို လိမ္မာကာ ချစ်စရာကောင်းသည်ဟု ထင်ခဲ့သော်လည်း ခုလို ပုန်ကန်တတ်လိမ့်မည်ဟု မထင်ခဲ့ပေ။
အခြေအနေတွေရ တစ်ခဏအတွင်း ထိန်းမရ ဖြစ်သွား၍ ဝမ်ယွီထုံ နှင့် ကျိုးကျီယွဲ့တို့ နှစ်ယောက်စလုံး မျက်နှာတွေ ပူလာကာ ရှက်လာကြသည်။
ကျိုးကျီယွဲ့က ချင်ချင်းပင် လျန်ကျောက်ဟွာ စိုက်ထားသည့် စပျစ်သီးပင်တွေ အကြောင်းပြောကာ စကားလမ်းကြောင်းလွဲလိုက်သည်။ လျန်ကျောက်ဟွာနှင့် ကျိုးကျီယွဲ့တို့ပုခုံးချင်းယှဉ်ကာ စကားပြောရင်း စံအိမ်ထဲ ဝင်သွားကြသည်။
ဝမ်ယွီထုံကတော့ သူမ လက်မောင်းထဲ တိုးဝင်နေသည့် ရှောင်ယွီလေးကို ချီကာ နောက်ကနေ တစ်လှမ်းချင်း လိုက်လာလိုက်သည်။
ကျိုးရှောင်ယွီကတော့ နှုတ်ခမ်းကြီးစူကာ ညဉ်းငြူနေ၏။'သူအရမ်းစိတ်ဆိုးတယ်။ သူ့ခေါင်းကို သူ မသိတဲ့ သူ လာကိုင်တာကို အရမ်းမုန်းတာပဲ!!'
'သူတို့တွေ ခင်လည်း မခင်ပဲနဲ့ ဘာလို့ အာ့ လူကြီးက သူ့ခေါင်းကို လာကိုင်ရတာလဲ?'
'စာအိတ်နီကိုလည်း သူမကြိုက်ပါ။ စားလို့လည်း မရ။ ဆော့လို့လည်းမရ။ ဘာလုပ်လို့ရမှန်းလည်း မသိ။'
ဝမ်ယွီထုံကတော့ သက်ပြင်းလေးချကာ ကောင်လေး၏ ပါးကို အသာဆွဲလိုက်သည်။ "သားက မိတ်မဖွဲ့ချင်ဘူးဆိုလည်း အမေ အတင်းမလုပ်တော့ပါဘူး"
စနစ် - "အမှန်တော့ ၂နှစ်အောက်ကလေးတွေက သူတို့ကိုယ်ပိုင်လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်ကြတယ်။ အရုပ်ကိုလည်း သူတို့စိတ်ကြိုက် လက်တွေ ခြေတွေ သုံးပြီး ဆော့ရတာကြိုက်ကြတယ်။ ဒါကြောင့် ကလေးတွေကို ဒီအရွယ်မှာ တစ်ခြားလူတွေနဲ့ အတင်းမိတ်မဖွဲ့ခိုင်းပါနဲ့!"
စနစ်ကနေ ကလေးပြုစုစောင့်ရှောက်ရေး အချက်အလက် စာနှင့်ရုပ်ပြများ ပေါ်လာသည်။
[မေမေနဲ့ ဖေဖေ သားကို တစ်ခြားသူတွေနဲ့ အတင်း နှုတ်မဆက်ခိုင်းပါနဲ့]
[မေမေနဲ့ ဖေဖေ တို့ပေးထားတဲ့ကတိတွေ တည်ပေးပါ။သားဘက်ကိုလည်း ကိုယ်ချင်းစာကြည့်ပေးပါ]
ဝမ်ယွီထုံ စနစ်မှ ပြသည့်စာကို ဖတ်ပြီး မျက်ခုံးလေးပင့်ကာ ကျိုးရှောင်ယွီကို တီးတိုးလေး ပြောလိုက်သည်။ "ဟုတ်ပါပြီ သားက နှစ်သစ်ကူးဂါရဝပြုတာ မလုပ်ချင်ဘူးဆိုလည်း မလုပ်လို့ရတယ်နော်။ စာအိတ်နီတွေ မယူချင်ဘူး ဆိုရင်လည်း ရတယ်နော်။ မေမေက သားကိုယ်စား စာအိတ်နီတွေယူပေးမယ်နော်။ သားသဘောပဲနော်"
ဝမ်ယွီထုံ ရှောင်ယွီလေး၏ သိုးမွှေးဦးထုပ်ကို နေရာတကျ ပြန်တည့်ပေးလိုက်ကာ ပါးလေးကို အသာအယာ ဆိတ်လိုက်သည်။
ကျိုးရှောင်ယွီလေးကတော့ အပြစ်ကင်းစွာ ပြုံးဖြီးပြရင်း လက်ဝကစ်ကစ်လေး နှစ်ဖက်ကို ရင်ဘတ်နား ထားရင်း ဝမ်ယွီထုံအား နှစ်သစ်ကူးဂါရဝပြုဟန် လုပ်ပြလေသည်။
နှစ်သစ်ကူးဂါရဝပြုရတာကို သူတစ်ကယ်ကြိုက်တာပဲ။ ဒါပေမယ့် သူ့ဖေဖေ မေမေနဲ့ သူ့သူငယ်ချင်း ကောင်းတွေကိုပဲ လုပ်ပြချင်တယ်။