← Chapters

ဆောရီး၊ ရုပ်ဆိုးတာကို လက်မခံပါ

Vol. 27 Ch. 556

ဆောရီး၊ ရုပ်ဆိုးတာကို လက်မခံပါ

Vol. 27 Ch. 556

ယဲ့ယွီသာ ကျော့လန်ချင်(ကျိူးလန်ချင်) ဘာတွေးနေလဲ သိရင် ချက်ချင်း ပေါက်ကွဲသွားမှာ သေချာပါတယ်။

သူ့ကို ရုပ်ဆိုးမကြီးကို ဆာနေတယ်လို့တွေးတာကိုသိရင် ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်မှာပါ။

ဒါပေမယ့် ကံမကောင်းစွာနဲ့ သူ ဒီမှာမရှိပါဘူး!

မတရားတဲ့ စွပ်စွဲမှုကို ကူရာမဲ့စွာ ခံခဲ့ရပါတယ်။

ကျုံးချင်း၊ ပိုင်ရှီချူနဲ့ ပိုင်မြောင်လန်တို့ရဲ့ မျက်နှာအမူအရာတွေလည်း အလွန်ထူးဆန်းလာပါတယ်။

ရင်းနှီးနေတယ်၊ အရမ်းရင်းနှီးနေတယ်။

ဒါက ဒီရုပ်ဆိုးမက ရိုးရိုးလေး ဟန်လုပ်နေတာ မဟုတ်ဘူးလား။

သို့သော် နောက်တစ်စက္ကန့်တွင် ကျော့လန်ချင်နဲ့ ရှန်ကွမ်ကျိုးကျိုးတို့ နှစ်ဦးစလုံးဟာ ပိုင်မြောင်လန်ကို စိုက်ကြည့်လိုက်ကြပါတယ်။

အဟမ်း။

ခုနကနင်ပဲ ဒီရုပ်ဆိုးမကို မျှော်စင်ထဲကိုဖိတ်ခေါ်နေတာ ဟုတ်တယ်မလား။

ပိုင်မြောင်လန်လည်း ဒါကို သတိထားမိတော့ ဆန်းလျိုဟီကို မော့ကြည့်လိုက်ပါတယ်။

သူ ချက်ချင်းပဲ မျက်နှာကို ဘေးဘက်သို့ လှည့်လိုက်ပါတယ်။

ဆောရီး၊ သူမမှာလည်း ဒေါသထွက်တတ်တဲ့စိတ် ရှိတယ်!

မူလက သူ့စိတ်ကူးထဲမှာ ယဲ့ယွီမှာ သူ့ကိုပဲ နတ်ဘုရားဖော်အဖြစ် ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အခြေအနေတွေကြောင့် ညီအမတွေ အများကြီးနဲ့ အတူတူနေဖို့ စိတ်ပြောင်းဖို့ အတင်းအကျပ်လက်ံခံခဲ့ရပါတယ်။

ဒါပေမယ့် ညီအမတွေက အနဲဆုံးတော့ လောကသုံးပါးကိုတုန်လှုပ်စေတဲ့ အလှပိုင်ရှင်တွေလေ၊ ရုပ်ဆိုးတာကို ငြင်းပယ်တာက ပြောင်းပြန်လှန်လို့မရတဲ့အရာပါ။

ပိုင်မြောင်လန်ဟာ ဒီလိုရုပ်ဆိုးတဲ့လူက သူ့ညီမဖြစ်မယ်ဆိုရင် လက်ခံနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် သူ့ကို ဖိတ်ဖို့တောင် အစီအစဉ်မရှိတော့ပါဘူး။

ဒီအကြောင်းကြောင့်ပဲ အခြေအနေက ရုတ်တရက် အေးခဲသွားပြီး ဘယ်သူမှ ထပ်မပြောတော့ပါဘူး။

ကောင်းကင်မှာ ပျံသန်းနေတဲ့ ဆန်းလျိုဟီဟာ သူ့မျက်လုံးတွေကို ပြူးကျယ်ကာ ဒေါသထွက်နေတဲ့အနေထားကိုထိန်းချုပ်မနေနိုင်ခဲ့ပါဘူး။

ဘာကိုဆိုလိုတာလဲ?

သူ့ရဲ့လက်အောက်ငယ်သားတွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ယဲ့ယွီဟာ ဝူဝေမျှော်စင်မှာ အခြေချနေခဲ့တာပါ။

ငါက ကောင်းကင်ဘုံဟိုဘက်စွန်းက မိုင်သန်းပေါင်းများစွာ ဝေးတဲ့နေရာကနေ ဒီကိုလာခဲ့တာပါ။

ဘာလို့ ငါတို့ လူတစ်ယောက်နဲ့တောင် မတွေ့သေးခင် အခြေအနေက ရုတ်တရက် ဆိုးရွားသွားတာလဲ။

နင်တို့ ဘာလုပ်နေကြတာလဲ?

“ငါ ထပ်မေးမယ်၊ ယဲ့ယွီ ဘယ်မှာလဲ”

ဆန်းလျိုဟီဟာ ဒီစကားလုံးတွေကို အတော်လေးမာန်တက်နေတဲ့ပုံစံနဲ့ နတ်ဘုရားစွမ်းအင်တွေကိုဖြာထွက်ကာ ဖိနှိပ်မှုထုတ်ဖော်ပြီး ပြောခဲ့ပါတယ်။

သူ့ပတ်ဝန်းကျင်က နတ်ဘုရားစွမ်းအားတွေလည်း ကြမ်းတမ်းလာပြီး ဓားတွေရဲ့ သတ်ဖြတ်ခြင်းဆန္ဒအသံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။

ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ဟာ ကောင်းကင်ဆီ တည့်တည့် တိုးဝင်လာခဲ့ပါတယ်။

ဒီအခြေအနေကို မြင်တော့။

ရှိနေတဲ့ အမျိုးသမီးတွေရဲ့ မျက်နှာတွေက အေးစက်သွားပါတယ်။

နင်က ခင်ပွန်းရဲ့ နတ်ဘုရားဖော်ဖြစ်ရင်တောင် အခုလို ဒေါသထွက်တာ နည်းနည်းမသင့်တော်ဘူးဖြစ်နေတယ်မလား။

ဘာပဲဖြစ်ဖြစ် ဒီမှာရှိတဲ့ လူတိုင်းက နင့်ရဲ့ညီအစ်မတွေပဲ။

နင်က ဘယ်သူ့ကို နင်ရဲ့ဒေါသကို ပြနေတာလဲ?

သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ ထိပ်ပိုင်းက ဖိအားတွေ ပိုအားကောင်းလာပါတယ်။

ဒါက ပိုင်မြောင်လန်၊ ကျော့လန်ချင်နဲ့ ရှန်ကွမ်ကျိုးကျိုးတို့ကို နည်းနည်းဖိအားကြောင့်ထိခိုက်မှုအချို့ရှိခဲ့ပါတယ်။

သူတို့က ဆန်းကျယ်နတ်ဘုရားနယ်ပယ်မှာပဲ ရှိသေးပြီး တကယ်ကို ခုခံဖို့ ခက်ခဲပါတယ်။

ဒီအချိန်မှာ ပိုင်ရှီချူက ရုတ်တရက် လူသုံးယောက်ရဲ့ရှေ့မှာ ရပ်လိုက်ပြီး သူ့ရဲ့ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်နဲ့ ဖိအားအချို့ကို ဖယ်ရှားလိုက်ပါတယ်။

“နင့်ကိုယ်နင် ထိန်းဖို့ ငါ အကြံပေးမယ်! ငါတို့အားလုံး ယဲ့ယွီရဲ့ နတ်ဘုရားဖော်တွေပါ။ နင်က ရုတ်တရက် ဒီကိုလာပြီး ဖိအားတွေပေးနေတယ်။ နင့်ရဲ့စွမ်းအားကို ပြချင်နေတာလား?

ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ ထိပ်ပိုင်းကို ရောက်ပြီဆိုတာနဲ့ တကယ်ကို မရှုံးနိမ့်နိုင်ဘူးလို့ မထင်ပါနဲ့!

ငါတို့ကိုဒီလိုဆက်ပီးရန်စနေရင်တော့နင့်ကို တကယ်သတ်ပစ်မှာ!”

ဒီစကားကိုကြားတော့ ဆန်းလျိုဟီက နက်နဲသောအသံဖြင့် “ငါက ယဲ့ယွီရဲ့ နတ်ဘုရားဖော် မဟုတ်ဘူး။

ဒါပေမယ့် မင်းတို့အားလုံး သူ့ရဲ့နတ်ဘုရားဖော်တွေဆိုရင် သူက တကယ်ကို သေသင့်တယ့်နှာဘူးကောင်လို့ ထင်တယ်!”

ပိုင်ရှီချူ၊ ကျုံးချင်းနဲ့ အခြားသူတွေက ချက်ချင်းနားလည်သွားပါတယ်။

အရင်က ငါ တွေးခဲ့တာတွေ အားလုံးက နားလည်မှုလွဲမှားမှုတွေ ဖြစ်နေတာကိုး။

ဒါက တကယ်ကို အလွန်အကျွံပဲ!

ပိုင်ရှီချူက သူ့လက်ကို အနည်းငယ်မြှင့်လိုက်ပြီး အနက်ရောင်မှော်ဓားက ထပ်မံပေါ်လာပါတယ်။

ရှန်ကွမ်ကျိုးကျိုး၊ ကျော့လန်ချင်နဲ့ အခြားသူတွေလည်း တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ!

ကျုံးချင်းရဲ့ မျက်နှာအမူအရာက တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီး သူမက ပိုင်မြောင်လန်ဘေးမှာ ခိုင်မာစွာ ရပ်နေပါတယ်။

ဆန်းလျိုဟီယဲ့လည်း သူတို့နဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောဖို့ ပျင်းရိနေပြီး သူ့မျက်လုံးတွေကို အနည်းငယ်မှိတ်လိုက်ပါတယ်။

သူက နတ်ဘုရားတံခါးဝရဲ့ အတွင်းပိုင်းနဲ့ အပြင်ဘက်ကို သူ့ရဲ့ဝိညာဉ်အာရုံနဲ့ ရှာဖွေခဲ့ပါတယ်။

ရှန်ကွမ်ကျိုးကျိုးနဲ့ အခြားသူတွေမှလွဲပြီး တခြားနတ်ဘုရားတွေ မရှိဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။

သူမက အကြောင်းအရာကို ပြောင်းပြီး လှောင်ပြောင်တဲ့လေသံနဲ့ “မင်းတို့ ငါးယောက်ရှိတယ်။ ဘယ်သူက ငါ့ကို ယဲ့ယွီရဲ့ သတင်းအစအနကို ပြောပြလဲဆိုရင် အသက်ရှင်လိမ့်မယ်။

ကျန်တဲ့သူတွေကတော့ အကုန်လုံး သေရလိမ့်မယ်!

မင်းတို့ စဉ်းစားဖို့ အသက်ရှူသုံးကြိမ်ပဲ ပေးမယ်!”

ကျော့လန်ချင်ရဲ့ စိတ်က ရွေ့လျားသွားခဲ့ပါတယ်။

သူ ချက်ချင်းပဲ လေချွန်သံတခုပေးလိုက်ပါတယ်။

ဒါက ဆန်းလျိုဟီကို နည်းနည်းရှုပ်ထွေးစေခဲ့ပြီး ရုတ်တရက် သူမက ရှင်းပြမရတဲ့ အန္တရာယ်ခံစားမှုကို ခံစားလိုက်ရပါတယ်။

ခေါင်းကို လှည့်ကြည့်လိုက်တော့။

ခေါင်းမှာ ပတ်တီးစည်းထားတဲ့ စစ်ကောင်းကင်အနက်ရောင်မျောက်တစ်ကောင် သူ့ရှေ့ကို ရောက်လာတာကို မြင်လိုက်ရတယ်။

ကြီးမားတဲ့လက်သီးတစ်ခုက ရုတ်တရက် ထိုးထွက်လာခဲ့ပါတယ်။

ဆန်းလျိုဟီက ခုခံချင်ခဲ့ပေမယ့် နောက်ကျနေပါပြီ။

“ဘုန်း!”

ဖိနှိပ်ထားတဲ့အသံတစ်ခု ထွက်ပေါ်လာပြီးနောက်။

ဆန်းလျိုဟီက ရုတ်တရက် နောက်ကိုပြန်ကာတလိမ့်ခေါက်ကွေးလွင့်ပျံသွားခဲ့ပါတယ်။

ချက်ချင်းဆိုသလို မီးဖိုနတ်ဘုရင်ရဲ့ ကြီးမားတဲ့အရိပ်တစ်ခုက ရှန်ကွမ်ကျိုးကျိုးရဲ့နောက်ကနေ ပေါ်ထွက်လာပါတယ်။

သူက ဆန်းလျိုဟီဘက်ကို ဟိန်းဟောက်လိုက်ပါတယ်။

ကျုံးချင်းက သူ့လက်တွေကို ပူးထားပြီး ဟန်းဆိုင်းထုတ်ဖော်ကာ တောက်ပတဲ့အစီရင်တံဆိပ်တွေ အလွှာလိုက် ဆန်းလျိုဟီနောက်ကို လိုက်လာပါတယ်။

အဝေးကနေကြည့်ရင် မီးဖိုနတ်ဘုရင်ကို တောက်ပတဲ့အရောင်နဲ့ ဖုံးအုပ်ထားသလိုပဲ။

မဟာသဲကန္တာရသွေးနွယ်ပင်က သူ့ရဲ့အကောင်းဆုံးလက်နက်ပါ။

တစ်ချိန်တည်းမှာပဲ အလွန်အမင်း ထင်ပေါ်လွန်းတဲ့အရာတစ်ခုကြောင့်လည်း ဖြစ်ပါတယ်။

ဒါကြောင့်အဲ့ဒါကို အသုံးမပြုခဲ့ပါဘူး။

ပိုင်ရှီချူရဲ့ ပုံရိပ်က အဲဒီနေရာကနေ ချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်။

ချက်ချင်းဆိုသလို အဝေးမှာ ဓားအလင်းတန်းတစ်ခု လျှပ်စီးလက်သွားပြီး ဆန်းလျိုဟီရဲ့ပုံရိပ်ကို ချက်ချင်း ဝါးမြိုလိုက်ပါတယ်။

ကျော့လန်ချင်ရဲ့ အရူးအမူး စိတ်လှုပ်ရှားကာ မျက်ခွံတွေက တွန့်နေပါတယ်။

ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ ထိပ်ပိုင်းမှာရှိတဲ့ တစ်ယောက်ကတောင် ဒီလောက်ကြီးတဲ့တိုက်ခိုက်မှုကို ခံနိုင်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား။

ဟမ့်၊ နင်ကများ ငါတို့ခင်ပွန်းက သေသင့်တယ်လို့ တကယ်ပြောရဲတယ်။ နင်က တကယ်ကို ကိုယ့်နေရာကိုယ် မသိဘူး!

မူလက လူတိုင်းက တိုက်ပွဲဟာ ဒီအချိန်မှာ အဆုံးသတ်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။

ဒါပေမယ့် မမျှော်လင့်ဘဲ ဒီအချိန်မှာပဲ။

နောက်ထပ်အစိမ်းရောင်ဓားအလင်းတန်းတစ်ခု ပေါ်လာပါတယ်။

ပိုင်ရှီချူက ရုတ်တရက် ဆုတ်ခွာသွားပြီး သူ့ရဲ့မျက်နှာအမူအရာက နည်းနည်းတည်တည်ငြိမ်ငြိမ်ဖြစ်လာပါတယ်။

အားလုံးက တစ်ချိန်တည်းမှာပဲ အဝေးကို ကြည့်လိုက်ကြပါတယ်။

ဆန်းလျိုဟီရဲ့ခန္ဓာကိုယ်က ပြတ်တောက်နေပေမယ့် သူ့ရဲ့ဓားဆန္ဒက ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ!

လီချန်ဓားဂိုဏ်းရဲ့ အကြီးအကဲအဖြစ် သူဟာ ရှီကျန်းရှီဆီကနေ မော့မိသားစုဓားပုတီးကိုတောင် လုယူနိုင်ခဲ့ပါတယ်။

သူမရဲ့စွမ်းအားက မေးခွန်းထုတ်စရာမရှိပါဘူး။

စစ်ကောင်းကင်အနက်ရောင်မျောက် အာကုန်းကြောင့် အလစ်အငိုက်မိခဲ့ရင်တောင်။

ဒါပေမယ့် သူက အလွန်မြန်တဲ့အရှိန်နဲ့ သူ့ကိုယ်သူ ပြန်လည်ချိန်ညှိခဲ့ပါသေးတယ်။

နောက်ဆက်တွဲတိုက်ခိုက်မှုတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ နှစ်ဖက်ကြားမှာ နယ်ပယ်ကွဲပြားမှုတွေ ရှိနေတုန်းပဲ။

ဒါပေမယ့် ဆန်းလျိုဟီက တကယ်ကို အရမ်းဒေါသထွက်နေခဲ့ပါတယ်။

နှစ်ပေါင်းထောင်ပေါင်းများစွာ၊ ဒီနေရာမှာ ဒီလောက်ကြီးတဲ့ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

သူမက အခု သူ့ရှေ့က အမျိုးသမီးတွေအားလုံးကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်ချင်နေပါပြီ!

“သေကြ၊ မင်းတို့အားလုံး သေရမယ်!”

အစွန်းရောက်အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့ သတ်ဖြတ်လိုစိတ်ဟာ ထပ်မံတိုးလာခဲ့ပါတယ်။

ပိုင်ရှီချူ၊ ရှန်ကွမ်ကျိုးကျိုး၊ ကျုံးချင်းနဲ့ အခြားသူတွေလည်း အသင့်အနေအထားမှာ ရှိနေပါတယ်။

ဒီအချိန်မှာပဲ။

ပူပန်နေတဲ့အသံတစ်ခုက အဝေးကနေ ထွက်ပေါ်လာပါတယ်။

“ရပ်လိုက်၊ ရပ်လိုက်တော့!”

နောက်တစ်စက္ကန့်။

လူနှစ်ဦးဟာ နှစ်ဖက်ကြားမှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။

သူတို့ကတော့ ယဲ့ယွီနဲ့ လင်မြောင်ရွဲ့ဖြစ်ပြီး ကောင်းကင်ရဲ့မြောက်ဘက်ခြမ်းကနေ ခုမှ ရောက်လာကြတာပါ။

မူလက သူတို့နှစ်ယောက်ဟာ အရမ်းပျော်ရွှင်နေပြီး ဒီကာလအတွင်း ကောင်းကင်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပြောပြနေကြတာပါ။

ဒါပေမယ့် မမျှော်လင့်ဘဲ သူတို့ ဝူဝေမျှော်စင်ကို နီးလာတဲ့အခါ။

ဒါပေမယ့် သူက နတ်ဘုရားစွမ်းအားရဲ့ ပြင်းထန်တဲ့အတက်အကျကို ခံစားခဲ့ရပါတယ်။

ဒါကြောင့် သူတို့နှစ်ယောက် အမြန်လာခဲ့ကြပါတယ်။

လင်မြောင်ရွဲ့က ဆန်းလျိုဟီကို ရမ်းကားစွာ မပြုလုပ်ဖို့ အချက်ပြဖို့ သူ့လက်ကို မြှောက်လိုက်ပါတယ်။

သူက လျင်မြန်စွာ နက်နဲသောအသံဖြင့် “ညီအစ်မတို့၊ ရပ်လိုက်ကြပါ။ ဒါက ကောင်းကင်မှာရှိတဲ့ ကျွန်မရဲ့သခင် ဆန်းလျိုဟီပါ။

ပြီးတော့ သခင်၊ ဒါက ကျွန်မရှာနေခဲ့တဲ့ ခင်ပွန်း ယဲ့ယွီပါ။

နင်တို့ ဘာတွေဖြစ်နေကြတာလဲ။

ဘာလို့ ရုတ်တရက် စပြီးရန်ဖြစ်ကြတာလဲ”

ကျော့လန်ချင်က လင်မြောင်ရွဲ့ကို မတွေ့ဖူးပေမယ့် သူမကသူတို့လယ်ဗယ်မီလောက်အောင်လှပပြီး သူ့ခင်ပွန်းနဲ့အတူ ပါလာတာကို မြင်လိုက်ရပါတယ်။

သူမရဲ့ မူလအတိုင်းကို ချက်ချင်းခန့်မှန်းနိုင်ခဲ့ပါတယ်။

ပြီးတော့ “ဘာလို့ ရန်ဖြစ်တာလဲ? ဒီအကြောင်းကို နင့်ရဲ့သခင်ကို မေးသင့်တယ်!” ဟု ဖိနှိပ်ထားတဲ့အသံဖြင့် ပြောလိုက်ပါတယ်။

သူကငါတို့ယောကျ်ားကို သေသင့်တယ်လို့ ပြောခဲ့တာ!

ငါတို့ သူ့ကို ဘယ်လိုခွင့်လွှတ်နိုင်မှာလဲ?"

ဒီစကားကိုကြားတော့ လင်မြောင်ရွဲ့က ဆန်းလျိုဟီကို ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်။

သူ့မျက်လုံးထဲမှာ အေးစက်တဲ့အရိပ်အယောင်တစ်ခု ရှိနေပြီးသားပါ။

သူမက ဆန်းလျိုဟီကို အရမ်းလေးစားပါတယ်၊ ဒါပေမယ့် ဒါက သခင်က အဓိပ္ပာယ်မရှိတာတွေကို ပြောလို့ရတယ်လို့ မဆိုလိုပါဘူး!

၅၅၇

All Chapters