← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

ကျင်းယန်တစ်ယောက် သူ၏မျက်စိရှေ့တွင်ပေါ်လာသော အဖြူလုံးလေးကြောင့် လှုပ်ရှားရန်ဟန်ပြင်နေရာမှ ရပ်တန့်သွားခဲ့သည်။

တစ်ဖက်တွင်လည်း ယင်ရိလျို၏ ချွန်ထက်လွန်းသောလက်သည်းများက ကျားလက်မောင်းကို ဟက်တက်ခွဲသွားခဲ့ပြီး သွေးထွက်သံယို ဖြတ်ရာတစ်ခုကို ပြုလုပ်ခဲ့လေသည်။

ရုတ်တရက်နာကျင်မှုကြောင့် လောင်ကျိုးတစ်ယောက် သူ၏လက်မောင်းကို ပြန်ဆုတ်လိုက်မိကာ တရားခံကို ရိုက်ချရန်အတွက် သူ၏ကျန်ရှိနေသော လက်ကို မြှောက်လိုက်သည်။

သို့ရာတိင် ယင်ရိလျို၏ တုန့်ပြန်မှု အရှိန်သည်က လျှပ်စီးကဲ့သို့ လျှင်မြန်လေသည်။ သူမ တစ်ချက်လောက် ခုန်လိုက်ပြီး လောင်ကျိုး၏ ထိုးချက်ကို ရှောင်ရှားပြီးနောက် လောင်ကျိုး၏ ကျားလက်မောင်းပေါ်တွင် နောက်ထပ် ဟက်တက်ကွဲ ဒဏ်ရာနှစ်ခုကို ထပ်ပေါင်းလိုက်လေ၏။

ဘေးဘက်ပတ်ပတ်လည်ရှိ ဆင့်ကဲပြောင်းလဲသူများသည်လည်း လျှင်မြန်စွာ တုန့်ပြန်ခဲ့ကြ၏။

တစ်စုံတစ်ရာက ဖောက်ဝင်လာသည်ကို သတိပြုမိချိန်တွင် သူတို့အားလုံးက ခုခံကာကွယ်မှု တစ်ခုကိုတည်ဆောက်ရန် အသင့်အနေအထားဖြစ်သွားခဲ့ကြသည်။

သူတို့၏ ဆင့်ကဲပြောင်းလဲသော ကိုယ်ခန္ဓာအစိတ်အပိုင်းမှ စွမ်းအင်ကို ဖော်ထုတ်လိုက်ကြလေ၏။ တချို့သည် ငေါထွက်နေသော နှာခေါင်းရှည်ရှည်များ ထွပ်ပေါ်လာကာ၊ တချို့က သန္ဓေပြောင်း ခြေလက်အစိတ်အပိုင်းများကို ဖော်ခုတ်လာခဲ့ကြ၏…..

“အဲဒါက ဘယ်လို သတ္တဝါကြီးလဲ?”

“သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်က အဆောက်အအုံထဲကို ဖောက်ဝင်လာတယ်! အားလုံးပဲ သတိထားကြ!”

ကျင်းယန်က ဤအခိုက်အတန့်ကို အခွင့်ကောင်းယူလိုက်ပြီး ရှန်းယင်ကျိုး၏ ပုခုံးကိုလိမ်ချိုးလိုက်သည်။

ရှန်းယင်ကျိုး၏ ဆင့်ကဲပြောင်းလဲမှုက သူနှင့်ဆင်တူလေ၏။ သူတို့နှစ်ယောက်လုံးသည်က သူတို့၏ခြေလက်အစိတ်အပိုင်းအားလုံးတွင် ခွန်အားများက ထူးခြားစွာ တိုးမြင့်သွားသည့် ခန္ဓာကိုယ်တစ်ခုလုံး ဆင့်ကဲပြောင်းလဲခြင်းများဖြစ်ကာ Transformers ဇာတ်ကားမှ Omega Supreme နှင့် အကြမ်းဖျင်းဆင်တူလေသည်။

မည်သို့ပင်ဖြစ်စေ သူ၏ဆင့်ကဲပြောင်းလဲမှုက အနည်းငယ်ပို၍ ထူးခြားခဲ့၏။

ကျင်းယန်အနေဖြင့် သူ၏အာရုံများသည်လည်း သန္ဓေပြောင်းခဲ့ပြီး အချက်အလက်ကျစွာ ဆိုရလျှင် သူ၏မျက်လုံးများက လင်းယုန်မျက်လုံး တစ်စုံနှင့် ဆင်တူကာ ပစ်မှတ်၏လမ်းကြောင်း လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။

သူ၏ခြေထောက်များမှ အဆင်မပြေဖြစ်နေလျှင်ပင် ထိုစွမ်းရည်ကအောင်မြင်မှုများဆီသို့သွားရာ သော့ချက်ဖြစ်နိုင်လိမ့်မည်။

ကျင်းယန်၏လက်ဖျံ ကြွက်သားက တင်းကြပ်သွားပြီး ရှန်းယင်ကျိုး၏ လက်မောင်းကို လိမ်ချိုးလိုက်သည်။ ရှန်းယင်ကျိုးမှာ နာကျင်မှုကြောင့် ဟစ်အော်သံတိုးတိုး ထွက်လာပြီး ဒူးထောက်ကျလုနီးပါးပင်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ကြွက်သားများမှာ တစ်ချိန်တည်း တင်းကြပ်သွားခဲ့ကာ သူ့ကိုယ်သူ အရှက်ကွဲခြင်းမှ(အမှန်တကယ် ဒူးထောက်ခြင်းမှ) ရှောင်ရှားရန် ကိုယ့်ကိုယ်ကိုဖိအားပေးလိုက်ရ၏။

ရှန်းယင်ကျိုးက အံကိုတင်းတင်းကြိတ်ပြီး ကျင်းယန်ကို တစ်စစီဆွဲဖြဲလိုက်ချင်သကဲ့သို့ စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်လေသည်။

လီရင်းရင်းသည်လည်း ထိတ်လန့်သွားပြီး ရှန်းယင်ကျိုး၏ နာမည်ကို အော်ခေါ်လိုက်မိသည်။

သူမအနေဖြင့် ကျင်းယန်ထံတွင် ရှန်းယင်ကျိုးကို လွှတ်ပေးရန် တောင်းဆိုချင်သော်ငြား တစ်ဖက်လူ၏အေးတိအေးစက် မျက်လုံးများကို တွေ့လိုက်ရချိန်တွင်တော့ သူမတွင် သတ္တိမရှိကြောင်းကို သိရှိလိုက်ရသည်။

သူမ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာထဲတွင်ပင် ကျင်းယန်ကို အလွန်ကြောက်ရွံ့ပေသည်။

ပြဿနာရှာသူဖြစ်သော ယင်ရိလျိုကတော့ အမြောက်ဆံအသေးလေးတစ်ခုနှင့်ဆင်တူ၏။

လောင်ကျိုးနှင့် ဟုန်မင်တို့နှစ်ယောက်က သူမကို မည်မျှပင် လိုက်ဖမ်းပါစေ သူမကလွတ်မြောက်နိုင်လေသည်။

သူမက တစ်နေရာတွင် ဤလူ၏လက်မောင်းကို ကုတ်ဖြဲပြီးနောက် နောက်တစ်နေရာတွင် ထိုလူ၏ ပါးကို ကုတ်ခြစ်ခဲ့သည်။

ဆင့်ကဲပြောင်းလဲသူများမှာ သူမ၏သင်တုန်းဓား ကဲ့သို့ချွန်ထက်သော လက်သည်းများကို ရင်ဆိုင်ရန်အတွက် ခုခံနိုင်စွမ်း ကင်းမဲ့နေခဲ့သည်။

မိနစ်တစ်ဝက်အတွင်း လူကြီးများ အားလုံးက ချုံးချုံးကျပြီး မောပန်းလာခဲ့လေသည်။

ကျင်းယန်တစ်ယောက် ရယ်မောခြင်းကို မထိန်းနိုင်ခဲ့ချေ။ သူ ရှန်းယင်ကျိုးကို လွတ်ပေးပြီး အဝေးသို့တွန်းထုတ်လိုက်သည်။

ထို့နောက်တွင်ဆော့ အမွှေးလုံးခပ်ဝဝလေးက သူ၏လက်မောင်းထဲသို့ ခုန်ဝင်လာခဲ့ကာ သူမ၏ အပြစ်ကင်းစင်သော ပဲစေ့နီပုံစံ မျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်လာခဲ့သည်။

ရုတ်ရုတ်သဲသဲ ဖြစ်ပွားစေမှုက သူမနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်။

ကျင်းယန် ယုန်လေးကို ပို၍နီးကပ်မောင် ဆွဲဖက်လိုက်ပြီး ရှန်းယင်ကျိုးနှင့် သူ၏လူများကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

ယင်ရိလျို၏ အရှိန်သည်က အမှန်ပင် လျှင်မြန်လွန်းလေသည်။ လူကြီးများမှာ သူမ ကျင်းယန်၏ လက်မောင်းထဲသို့ ခုန်ဝင်ပြီးနောက်မှသာ အခြေအနေကို တုန့်ပြန်နိုင်ခဲ့သည်။

လက်ရှိတွင် အန္တရာယ်မရှိသည့်ပုံရသည့် ယုန်ဖြူလေးကို စိုက်ကြည့်လိုက်ချိန်တွင် သူတို့၏မျက်နှာများက ပြာနှမ်းသွားခဲ့ကြသည်။ သူတို့ကို လှည့်ပတ်ကာ အရူးလုပ်နေသော သတ္တဝါသည်က ဤအရာလေးသာလျှင် ဖြစ်ကြောင်းကို သူတို့မယုံကြည်နိုင်ခဲ့ကြချေ။

ယင်ရိလျိုက အန္တရာယ်မရှိသော သာမာန်ယုန်တစ်ကောင်နှင့် လုံးဝဆက်တူလေသည်။

သန္ဓေပြောင်းတိရစ္ဆာန်အများစု၏ ယေဘုယျအင်္ဂါရပ်များ ဖြစ်သည့် - အရွယ်အစားကြီးမားသွားခြင်းက သူမထံတွင် လစ်ဟနေခဲ့သည်။

ဟောခန်းထဲမှ တခြားသောဆင့်ကဲပြောင်းလဲသူများတွင်လည်း သူတို့၏ကိုယ်ပိုင်အသင်းများ ရှိကြ၏။

ကျင်းယန်နှင့် ရှန်းယင်ကျိုးတို့ ပဋိပက္ခဖြစ်နေသည်ကို သူတို့မြင်သောအချိန်တွင် တိတ်တဆိတ် ဖယ်ခွာခဲ့နေကြပြီး ဘေးဘက်စည်းမှသာ တိတ်တဆိတ်နှင့် ရှိုးပွဲကို စောင့်ကြည့်နေခဲ့ကြသည်။

ကြည့်ရသည်မှာ သူတို့အနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချခဲ့သည်နှင့်တူ၏။ ဝှီးချဲပေါ်မှ လူသည်က အလွန် အားနည်းသည့်ပုံပေါ်သော်ငြား သူ့တွင် လက်နက်တစ်ခုနှင့် အလွန် ကောင်းမွန်သော သွက်လက်မြန်ဆန်သည့်ခွန်အား ရှိလေသည်။

လူအဖွဲ့လိုက်ကြီးနှင့် ထိပ်တိုက်တွေ့နေရချိန်ပင် သူက တွန့်ဆုတ်သွားခြင်းမရှိခဲ့ပေ။ ဆဆိုရလျှင် ထိုလူမှ ရှင်းလင်းလှသည့် သာမာန်လူတစ်ယောက် မဟုတ်ကြောင်းကို သိနိုင်ပေသည်။

ထို့နောက်တွင် ထူးဆန်းသော သန္ဓေပြောင်းယုန်တစ်ကောင်က မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာခဲ့ပြန်သည်။

၎င်း၏ မြန်ဆန်သောအရှိန်နှင့် ချွန်မြေ့ထက်ရှလွန်းသော လက်သည်းနှင့်အတူ ဤနေရာရှိလူတိုင်း၏ လည်ပင်းကို အလွယ်တကူ ဖြတ်နိုင်ကြောင်းကို တွေ့မြင်ခဲ့ရသည်။

ယင်ရိလျို၏ စွမ်းရည်များ တွက်ဆ ပြီးနောက် လူတိုင်းက ကျင်းယန်၏ အင်အားအဆင့်ကို ပြောင်းလဲ၍ သတ်မှတ်လာခဲ့ကြသည်။

တိုက်ခိုက်နေသည့် နှစ်ဖက်လုံးမှ ရှုသမျှ အင်အားကို အကုန်ထုတ်လာတော့မည်ကို မြင်လျှင် ရှစ်စုမြောက်အင်အားစု၏ တပ်ဖွဲ့မှူးက သံတမန်လုပ်ရန်အတွက် ရှေ့သို့တက်လာခဲ့သည်။

ဘေးဘက်ပတ်လည်မှ တခြားသော ဆင့်ကဲပြောင်းလဲသူများသည်လည်း တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ဖြောင့်ဖျခဲ့ကြပြီး ရှန်းယင်ကျိုးနှင့် တခြားသူများကို ထွက်လမ်းပေးခဲ့ကြလေသည်။

ဤလူများက မည်သို့တွေးတောနေသည်ကို ကျင်းယန်နှင့် ယင်ရိလျိုတိုက ဂရုမစိုက်ချေ။

ထိုသူမျာ့ကသာ သူတို့ကို လာမရှုပ်ပါက သူတို့လည်း တစ်ဖက်သို့ လှည့်ကြည့်လိမ့်မည်မဟုတ်ပေ။ တခြားအဖွဲ့က ရန်ပွဲကို အစပျိုးခဲ့သည့်အတွက်ကြောင့်သာ သူတို့ကရိုးရှင်စွာဖြင့် ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇာတ်လိုက်၏ အသင်းမှာ သူတို့ရရှိနိုင်မည့် အခွင့်အရေးအမျိုးအစားအားလုံးကို ပက်ပင်းမကြုံရသေးသည့်ကြောင့်လားဆိုသည်ကိုတော့ ယင်ရိလျို မသေချာသော်ငြား သူတို့က ယခုအချိန်တွက် အမှန်တကယ် အားနည်းနေခဲ့သည်။

သူတို့အုပ်စုဖြင့် သန္ဓေပြောင်းယုန်လေးတစ်ကောင်ကိုပင် အနိုင်မယူနိုင်သည်က ယင်ရိလျိုကို အနည်းငယ် စိတ်ပျက်သွားစေခဲ့ကာ သူတို့အပေါ် သူမ၏ ကြောက်ရွံ့နေခဲ့သည့် ခံစားချက်ကြီးတစ်ခုကလည်း လွင့်ပျယ်သွားခဲ့လေသည်။

သူမ ကျင်းယန်၏ လက်မောင်းထဲတွင် အသိုက်ဖွဲ့လိုက်ပြီး တစ်ဖက်အသင်းထဲမှ မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။

စွဲမက်ဖွယ်ကောင်းပြီး ဆက်စီကျသော မိန်းကလေးက ဝတ္ထုထဲမှ ဇာတ်လိုက်၏ စေ့စပ်ထားသူ လီရင်းရင်းဖြစ်ရမည်ပင်။

သူမသည်က ဇာတ်လိုက်၏ အချစ်ရေးတွင် အတားအဆီးတစ်ခုဖြစ်သည့် သနားစရာကောင်းသော ‘ရက်စက်သည့် အမျိုးသမီး ဇာတ်ပို့ဇာတ်ကောင်’တစ်ယောက်သာ ဖြစ်သောကြောင့် ဇာတ်ကြောင်း၏ နောက်ပိုင်းများတွင် သူမအနေဖြင့် နေ့လည်စာထမင်းဘူးတစ်ဘူး အပေးခံရလိမ့်မည်ဖြစ်သည်။

တခြားမိန်းကလေးတစ်ယောက်ကတော့ မလိုလားအပ်သည့် သံသယကို ရှောင်ရှားချင်သည့်ပုံစံမျိုးဖြင့် ရှန်းယင်ကျိုး၏ အဝေးတွင် မတ်တတ်ရပ်နေခဲ့သည်။

သူမထံတွင် အေးစက်သော အရှိန်အဝါနှင့် သိမ်မွေ့သော အသွင်အပြင်များ ရှိနေခဲ့သည်။ သူမသည် သံသယဖြစ်စရာမလိုဘဲ ဤဝတ္ထု၏ ဇာတ်လိုက်မ - လျို့ကျန်းဖြစ်ပေလိမ့်မည်။

သူမ၏ ထူးကဲလှသော ချောမောလှပမှုတိုဖြင့် သူမက ဇာတ်လိုက်နှင့် အရံဇာတ်ကောင်တချို့၏ နှလုံးသားကို စွဲညှိ့နိုင်ခဲ့ကာ သူမအတွက် သူတို့၏ အသက်ကို စွန့်စားရန် ဆန္ဒရှိသည့် အဆင့်အထိ ဖမ်းစားခဲ့လေသည်။

သူမက ရှေးဖြစ်‌ဟောသူတစ်ယောက်အဖြစ် ယူဆခဲ့သော်ငြား အချက်အလက်အရ သူမ၏ ရွှေလက်ချောင်းဆိုသည်မှ သူမ၏”ပြန်လည်မွေးဖွားလာခြင်း”သာ ဖြစ်ပေ၏။

အနာဂတ်တွင် ဖြစ်ပျက်မည့် အဓိအကြောင်းအရာများကို သူမ သိရှိထားခဲ့ပြီး ထိုသိရှိမှုများဖြင့် သူတို့၏အကျပ်အတည်းများကို ဖြတ်ကျော်ရာတွင် ကူညီလိမ့်မည်ဖြစ်သည်။

အစပိုင်းတွင် လျို့ကျန်းက အခြားမိန်းကလေးကကို မချစ်ကြိုက်သေးသည့်အတွက် လီရင်းရင်း နားလည်မှုလွဲမည်ကို မလိုချင်ခဲ့ချေ။

ရှန်းယင်ကျိုးဘက်မှ သူမကို ဦးစွာချစ်မိသွားမှာဖြစ်ပြီး သူမကို စတင်ပိုးပန်းခဲ့သည်။

ယင်ရိလျို၏ အမြင်တွင်တော့ ဤလူနှစ်ယောက်လုံးက ဆန်ကုန်မြေလေးများဖြစ်ကြပေသည်။

သူတို့က တစ်ယောက်အတွက် တစ်ယောက် ပြီးပြည့်စုံလိမ့်မည်။ တစ်ယောက်က စေ့စပ်ထားသူတစ်ယောက် ဘေးနားတွင်ရှိနေခဲ့သော်လည်း နောက်ထပ်အမျိုးသမီးနှင့် ဒွိဟဖြစ်စေသော ဆက်ဆံရေးကို စတင်ကာ မရှင်းမလင်းလုပ်ရပ်များလုပ်ခဲ့သည်။

တခြားတစ်ယောက်သည်လည်း သူမ၏ပါးစပ်မှ ပြောခဲ့သည်နှင့် ဆန့်ကျင်ဘက် ပြုမူခဲ့သည် ။ တစ်ဖက်လူတွင် စေ့စပ်ထားသူတစ်ယောက်ရှိနေသည်ကို သူမ သိရှိထားသော်လည်း ယိမ်းယိုင်သွားဆဲပင်။

ဤသို့ဖြင့် စာရေးဆရာ ရေးသားခဲ့သော အဓိကဇာတ်လိုက်များမှာ အလွန်မေးခွန်းထုတ်စရာအခြေအနေဖြစ်လာခဲ့သောကြောင့် ဝတ္ထု၏နောက်ပိုင်း အလွန်အမင်း မိမိုက်ကာ ခန့်ညားလှသော ဗီလိန် ,ကျင်းယန် ပေါ်ပေါက်လာသောအချိန်တွင် စာဖတ်သူအများအပြားက ဗီလိန်ဘက်သို့သာ ထောက်ခံအားပေးလာခဲ့ကြတော့သည်။

ဇာတ်ကြောင်းက တစ်စစီပြိုကျသွားပြီးနောက်တွင် စာရေးဆရာကလည်း ဝတ္ထုကို ရုတ်တရက်နိုင်စွာ အဆုံးသတ်ခဲ့သည်။

သင့်လျော်သော အပိတ်အသိမ်းမျိုး မရှိခဲ့ချေ။ ထို့ကြောင့် ဇာတ်လိုက်မ၏ ‘ဟောကိန်းထုတ်သော’ စွမ်းရည် ပျောက်ကွယ်သွားပြီးနောက်တွင် မည်သို့ဖြစ်ပျက်သွားခဲ့သည်ကို ယင်ရိလျို မသိရှိတော့ပေ။

သူမ ခေါင်းကိုခါယမ်းလိုက်၏။ အကယ်၍ ပြန်လည်မွေးဖွားလာသော ဇာတ်လိုက်မက ‘ရှေးဖြစ်ဟောသူ’တစ်ယောက်ဖြစ်ပါက ဝတ္ထုတစ်ပုဒ်လုံးကို ဖတ်ခဲ့သည့် သူမကိုလည်း ‘ရှေးဖြစ်‌ဟောသူ’တစ်ယောက် အဖြစ် သတ်မှတ်နိုင်သည်လား?

သို့သော်ငြား သူမနှင့်ကျင်းယန်တိာ့က မြောက်ဘက်ကို သွားရန် ရည်ရွယ်ချက်မရှိချေ။ ထို့ကြောင့် ဝတ္ထုထဲတွင် ဖော်ပြခဲ့သော အခွင့်အရေးများနှင့် ပက်ပင်းကြုံတွေ့ရရန် အခွင့်အရေးမရှိတော့ပေ။

(T/N :ယင်ရိလျိုဆိုလိုတာက မူရင်းဝတ္ထုက ဇာတ်လိုက်တွေရဲ့ရှုထောင့်ကနေပြထားတာလေ

ဇာတ်လိုက်တွေက မြောက်ဘက်ကိုသွားတာဆိုတော့ ဇာတ်ကြောင်းကလည်း မြောက်ဘက်ကိုသွားတဲ့လမ်းမှာရှိတဲ့ အခွင့်အရေးတွေအကြောင်းကိုပဲပါမှာ ။ ဒါပေမဲ့ သူတို့ကကျ အခြားလမ်းကိုရွေးထားတာဆိုတော့ ယင်ရိလျိုတို့က အဲဒီအခွင့်အရေးတွေကို မကြုံတွေ့ရနိုင်ဘူးပေါ့)

ယင်ရိလျိုက လျို့ကျန်းကို ကြည့်နေစဥ်အတောအတွင်း လျို့ကျန်းကလည်း သူတို့ဘက်သို့ လေ့လာစောင့်ကြည့်နေခဲ့လေသည်။

All Chapters