← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

ဇာတ်လိုက်မ၏ အကြည့်တို့က ကျင်းယန်ဆီသို့ ကျရောက်သွားချိန်တွင် သူ၏ချောမောခန့်ညားသော ရုပ်ရည်နှင့် သာလွန်သောအရှိန်အဝါများကြောင့် သူမ၏ မျက်လုံးများက အလင်းရောင်များ တောက်ပသွားခဲ့လေသည်။

ကျင်းယန်၏အရှိန်အဝါတို့က နဂိုကတည်းက ထူးကဲထင်ပေါ်နေခဲ့ပြီး စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးချိန်တွင်တော့ သာမန်လူများက မနှိုင်းယှဥ်နိုင်လောက်အောင် တိုးမြင့်လာခဲ့သည်။

ထိုသူက ဝှီးချဲပေါ်တွင် တိတ်တဆိတ် ထိုင်နေခဲ့ပြီး သူ၏လက်ထဲတွင်လည်း ချစ်စရာကောင်းသော ယုန်လေးကို ကိုင်ထားလျှင်ပင် သူ၏တည်ရှိမှုက အထင်သေး၍ မရပါချေ။

ဆန့်ကျင်ဘက်အားဖြင့် ရှန်းယင်ကျိုးသည်ကား ကမ္ဘာပျက်ကပ်၏ အကျပ်အတည်းများကို မကြုံတွေ့ရသေးပါချေ။

သူ့ထံတွင် လူငယ်တစ်ယောက်၏ စိတ်လိုက်မာန်ပါလုပ်ကိုင်တတ်မှုများနှင့် လူချမ်းသာ ဒုတိယမျိုးဆက် တစ်ယောက်၏ ပုန်ကန်ထကြွလိုခြင်းများက ရှိနေသည်။ သူ့ကို ကျင်းယန်နှင့် ယှဥ်ကြည့်လျှင် ကွာခြားလွန်းလှသော အဆင့်တစ်ခု နိမ့်ကျန်နေခဲ့ကြောင်းကို ထင်ရှားစွာတွေ့မြင်နေရသည်။

ဝတ္ထုထဲတွင် လျို့ကျန်းနှင့် ရှန်းယင်ကျိုးတို့က အခက်အခဲများ အားလုံးကို အတူတကွ ရင်ဆိုင်ဖြတ်ကျော်ကြပြီးမှ ခိုင်မာသော နှောင်ကြိုးတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပေသည်။

ရလဒ်အားဖြင့် သူတို့က နောက်ပိုင်းနေ့များတွင် ကျင်းယန်နှင့် တွေ့ဆုံသောအခါ လျို့ကျန်းက သူ့ဆီမှ အဆွဲဆောင်မခံရနိုင်တော့ချေ။

ထိုအချိန်တွင် သူမက ဇာတ်လိုက်၏ဘက်တွင် အပြည့်အဝရှိနေခဲ့သည်။

သို့သော်လည်း ဤသည်မှာ ကမ္ဘာပျက်ကပ်၏ အစပိုင်းတွင်သာဖြစ်နေခဲ့သေး၏။ ဇာတ်ကြောင်းများက ယင်ရိလျို၏ ပေါ်‌‌ပေါက်လာမှုကြောင့် ဖြိုခွဲခံလိုက်သည်။

ထို့ကြောင့် လျို့ကျန်းသည်လည်း ကျင်းယန်ကို အစောပိုင်းနေ့ရက်များတွင် ကြိုတင်တွေ့ဆုံရဖို့ ဖြစ်လာခဲ့ပြီး အကြောင်းပြချက်အမျိုးမျိုးကြောင့် သူ့ဘက်ကို ပို၍ စိတ်ဝင်စားသွားခဲ့လေသည်။

သူမက ကျင်းယန်၏ ခြေထောက်များကို ကြည့်လိုက်ပြီး သူမ၏ ယခင်ဘဝတွင် သိခဲ့ရသော အသက်ရှင်သန်သူများ၏အခြေစိုက်စခန်း တစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် မွှေနှောက်သွားခဲ့သော ကျင်းယန်က မသန်စွမ်းတစ်ယောက် မဖြစ်နိုင်ကြောင်းကို တွေးလိုက်ပြန်သည်။

ထို့ကြောင့် ဤလူ၏ ဘဝနောက်ပိုင်းတွင် ကောင်းမွန်သော အခွင့်အရေးတချို့ ရှိကိုရှိလာလိမ့်မည်ကို သူမသိရှိနိုင်ပေသည်။

ထိုသူ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်တွင် သူမဘက်မှ အကူအညီဖြစ်စေသည့် လက်တစ်ဖက်ကို ငှားနိုင်ခဲ့ပါက ထိုသူမှ သူမ၏ ကြင်နာမှုကို မှတ်မိနိုင်လောက်မည်လား?

လျို့ကျန်းသည်ကား ဤကမ္ဘာပျက်ကပ်နေ့ရက်များထဲတွင် လီရင်းရင်း၏လုပ်ရက်များကို အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရသည်။

သူမက ရှန်းယင်ကျိုးကို ပိုပြီးကြည့်ရှုမိလေလေ ရှန်းယင်ကျိုး၏ အသင်းကို ဝင်ရန် တွေးတောခဲ့သည့် သူမ၏ဆုံးဖြတ်ချက်ကို သံသယဝင်လာရလေလေဖြစ်နေခဲ့သည်။ သူမအနေဖြင့် ဤဆုံးဖြတ်ချက်အပေါ် ပြန်လည် စဥ်စားသင့်သလားဟုပင် ပို၍ တွေးတောမိလာရသည်။

ကျင်းယန်က တစ်ကိုယ်တည်းဖြစ်နေစဥ်အတွင်း တစ်ခုခုလုပ်သင့်လား?

တစ်ခုမှလွဲ၍……

ယုန်တစ်ကောင်က သူနဲ့အတူရှိနေတာလား?

လျို့ကျန်းအနေဖြင့် သန္ဓေပြောင်းတိရစ္ဆာန်များကို စိတ်မရှိပါချေ။ သူမက ၎င်းယုန်ကို ကျင်းယန် ပျိုးထောင်ခဲ့သော အိမ်မွေးတိရစ္ဆာန်တစ်ကောင်သာဖြစ်လိမ့်မည်ဟု ရိုးရှင်းစွာတွေးတောခဲ့လေသည်။

ယင်ရိလျိုကတော့ သူမဘက်က ပြုစုပျိုးထောင်ရန်အတွက် အလွန်ကြိုးစားလုပ်ဆောင်ခဲ့ရသော ရွှေပေါင်လုံးကြီးပေါ်တွင် ဇာတ်လိုက်မက အစီအစဥ်များ ရှိနေသည်ကို လုံးဝ သတိမမူမိချေ။

သူမက ကျင်းယန်၏ လက်မောင်းထဲတွင် အနားယူနေခဲ့ကာ နောင်တရမှုနှင့် မုန်းတီးမှုများပါဝင်နေသော စိုက်ကြည့်မှုများကို လျစ်လျူရှုထားခဲ့လေသည်။

သူမက ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကြားကို အပြန်ပြန်အလှန်လှန် ဆက်တိုက်ကြည့်နေသော်ငြား သူတို့၏ကြားထဲမှ မရေမရာဖြစ်မှုကို အာရုံမရခဲ့ချေ။

ရှစ်စုမြောက်အင်အားစု၏ တပ်မှုးက မီးခိုးရောင်ဆံပင် အနည်းငယ်ရောနှောနေပြီဖြစ်သော သတ်လတ်ပိုင်းလူကြီး တစ်ယောက်ဖြစ်လေသည်

ထိုသူက လူတိုင်း၏ရှေ့တွင် သူ၏ဆင့်ကဲ့ပြောင်းလဲသော စွမ်းရည်များကို လုံးဝမပြသခဲ့သော်ငြား ယခင် အမဲလိုက်ခဲ့သည့် လှုပ်ရှားမှုများမှတဆင့် သူသည်က သာမာန်လူတစ်ယောက် မဟုတ်ကြောင်းကို လူတိုင်းက ကျိန်းသေပေါက်ပြောနိုင်လေသည်။

အခြေအနေများက သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိပြီးနောက်တွင် တပ်မှုးက ပြသနာဆုံချက်၏ ဗဟိုမှ ပုဂ္ဂိုလ်ကို မျက်နှာချင်းဆိုင်ရန်အတွက် လှည့်လိုက်လေသည်။

ထို့နောက်တွင် သူ၏လက်ကို ကျင်းယန်ဆီသို့ ဆန့်တန်းလိုက်ကာ သူ၏အမြဲတစေ လေးနက်နေသော မျက်နှာသည်လည်း အနည်းငယ် နူးညံ့သွားခဲ့သည်။

“အန်ကယ်မင်”

ကျင်းယန်က ပြန်လည်လက်ဆွဲနှုတ်ဆက်လိုက်ကာ ခေါ်လိုက်လေသည်။

ချန်မင်မှာ ကျင်းယန်ကို တွေ့ရသည့်အတွက် အလွန်အမင်း ပျော်ရွှင်ဝမ်းသာနေခဲ့သည်။ သူ ငယ်ရွယ်စဥ်အချိန်တုန်းက ကျင်းယန်၏အဖေထံမှ ရာထူးတိုးပေးခြင်းခံခဲ့ရလေ၏။ ထိုအချိန်ကတည်းက တစ်ဖက်လူ၏ ကြင်နာမှုများကို အမြဲတစေ မှတ်မိနေခဲ့လေသည်။

ဤကဲ့သို့ ကမ္ဘာပျက်ကပ်အတောအတွင်း မိတ်ဆွေဟောင်း၏ မျိုးဆက်ကို တွေ့ရှိရန် မမျှော်လင့်ထားခဲ့ချေ။

“မင်းရဲ့ခြေထောက်တွေ?”

သူက ဆက်လက် မေးမြန်းရန် မဝံ့ရဲဘဲ ကျင်းယန်၏ခြေထောက်များကို တစ်ချက်ကြည့်လိုက်သည်။

သို့သော် ကျင်းယန်က အသာအယာခေါင်းငြိမ့်လာသည်ကို မြင်သောကြောင့် ကျင်းယန်၏ခြေထောက်များက ကမ္ဘာပျက်ကပ်နေ့များအတွင်း ပြန်လည်သက်သာလာကြောင်းကို သိရှိသွားခဲ့ပြီး အလွန်ဝမ်းမြောက်ပျော်ရွှင်သွားခဲ့လေသည်။

သူတို့နှစ်ယောက်က စကားအနည်းငယ်ကိုသာ ဖလှယ်ခဲ့ကြသော်ငြား ရှန်းယင်ကျိုးနှင့် သူ့အသင်းဖော်များ၏ မျက်နှာများကမူ ပြာနှမ်းသွားခဲ့ရသည်။

ဤလူသည်က သူတို့အပေါ်တွင် ထူးမခြားနားနိုင်စွာ ပြုမူသော်ငြား ကျင်းယန်အပေါ်တွင် အလွန်အမင်းဖော်ရွေနေခဲ့သည်။

ဒီလူက ဘာကို စောင်းပါးရိပ်ခြည်ပြောဖို့ ကြိုးစားနေတာလဲ?

သူတို့၏လက်ရှိ အခြေအနေများကို ပြောဆိုပြီးနောက် ချန်မင်က ကျင်းယန်ကို ကမ်းလှမ်းလိုက်သည်။

“မင်း ငါတို့နဲ့အတူ မြို့တော် Bကို သွားချင်လား?”

ကျင်းယန်က ခေါင်းကို ခါရမ်းလိုက်ပြီး ခုံပေါ်မှ မြေပုံကို ညွှန်ပြလိုက်လေသည်။

“ကျွန်တော်တို့က မြို့တော် Zကိုသွားမှာ”

သူက ထိုစကားကိုပြောပြီးနောက် မြေပုံထဲတွင် အကြီးမားဆုံး စက်ဝိုင်းဝိုင်းထားသော ရှန်ကျန်သူ အခြေစိုက်စခန်းထဲမှ တစ်ခုကို သူ၏ သွယ်လျသောလက်ချောင်းသွယ်များဖြင့် ပုတ်ပြလိုက်လေသည်။

ချန်မင်က အနည်းငယ်နောင်တရသွားသော်ငြား မည်သည့်စကားကိုမှ မပြောခဲ့ချေ။

ရှန်ရင်းကျိုနောက်ရှိ ဟုန်မင်နှင့် အခြားသူများကတော့ ထိုစကားကို ကြားလျှင် အနည်းငယ်လောက် စိတ်သက်သာသွား ခံစားလိုက်ရသည်။

သူတို့သာ လအနည်းငယ်လောက် ကျင်းယန်နှင့်အတူ ခရီးသွားရပါလျှင် ရှန်းကောက ကျိန်းသေပေါက် ထိန်းမနိုင်သိမ်းမရသွားလိမ့်မည်ပင်…..

‘ကျွန်တော်တို့’ ဟူသော စကားလုံးကို မကြားသေးခင်အချိန်ထိ ယင်ရိလျိုက အန္တရာယ်မရှိသောချစ်စရာလေးသတ္တဝါလေးအဖြစ် သရုပ်ဆောင်နေခဲ့သည်။

တစ်ဖက်လူ၏ စကားကိုကြားလိုက်ရချိန်တွင်တော့ သူမ၏နားရွက်များက ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် လှုပ်လိုက်မိလေသည်။

ရွှေပေါင်လုံးကြီးက သူမကို သူရဲ့ရောင်းရင်းအဖြစ် ယူဆနေနှင့်ပြီ‌!

*

လျိုးကျန်းကတော့ ကျင်းယန်မှ မြောက်ဘက်သို့ မသွားကြောင်းပြောလာသည်ကို ကြားလိုက်ရသည့်အချိန်တခဏတွင် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

ရှန်းယင်ကျိုက အလွန်နုံအပြီး စိတ်လိုက်မာန်ပါလုပ်လွန်းသည်ဟု သူမ တွေးမိနေခဲ့လေသည်။ သူမက ကမ္ဘာပျက်ကပ်ကာလတွင် သုံးနှစ်ကြာအောင် အသက်ရှင် နေထိုင်ခဲ့ပြီးဖြစ်သောကြောင့် ပြန်လည်မွေးဖွားလာပြီးနောက်တွကာ ဤလူများဒအနီးတစ်ဝိုက်တွင် ထပ်မံရှိနေရခြင်းက သူမကို မသက်တောင့်မသက်သာ ခံစားရသည်။

မူလကတော့ သူမအနေဖြင့် ရှန်းယင်ကျိုး၏အသင်းက ကမ္ဘာပျက်ကပ်၏ နောက်ပိုင်းကာလတွင် အောင်မြင်ကျော်ကြားသော နာမည်ကြီးအသင်း ဖြစ်လာလိမ့်မည်ဟူသောအကြောင်းပြချက်ကြောင့် သူ့ နောက်လိုက်ချင်ခဲ့သည်။

သို့သော်လည်း ယခုက နောက်ထပ် ဘစ်ဘော့စ်ကြီးတစ်ယောက်က ပေါ်လာချိန်တွင်တော့ ရှန်းယင်ကျိုးသည်က သေချာပေါက် သူမ၏ပထမဦးစားပေး ရွေးချယ်မှု မဟုတ်တော့ချေ။

ကျင်းယန်ကဲ့သိုး သန်မာသည့် လူတစ်ယောက်က မြို့တော် B သို့ သွားရန် စီစဥ်ထားခြင်းမရှိသည့်အပေါ်ကို သူမ နားမလည်နိုင်ချေ။

အနာဂတ်မှာ မြို့တော်ကပဲ နေထိုင်ဖို့အတွက် အလုံခြုံဆုံးနှင့် အသင့်တော်ဆုံး နေရာဖြစ်လာမှာကို သူမသိဘူးလား?

လျို့ကျန်းကတော့ မြို့တော် B ကိုသွားရန်လိုအပ်၏။ ထို့ကြောင့် သူမအနေဖြင့် ကျင်းယန်နှင့် အရင်ဦးဆုံး စကားပြောချင်နေခဲ့သည်။

သူမက မြို့တော် B ၏ အရေးကြီးမှု သို့မဟုတ် သူမ၏အရေးကြီးမှုကို ကျင်းယန် နားလည်သွားစေရန်အတွက် တစ်နည်းနည်းအားဖြင့်ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

မြို့တော်သို့ ထွက်ခွာရန် စီစဥ်ထားသော ဆင့်ကဲပြောင်းလဲသူအားလုံးက ‌ဟောခန်းထဲတွင် စုဝေးနေခဲ့ကြသည်။

စစ်တပ်၏ နောက်မှနေ၍ မြောက်ဘက်အရပ်သို့ လိုက်မည့် သာမာန်လူများမှလွဲ၍ တခြားလူတိုင်းက သူတို့လိုချင်သော အချက်အလက်ကို လက်ခံရရှိခဲ့သည်။

ကျင်းယန်အပြင် မြို့တော် Bကိုသွားရန် မတွေးထားသော တခြားအဖွဲ့သုံးဖွဲ့လည်းရှိနေခဲ့၏။

တစ်ဖွဲ့သည်က မိသားစုသုံးယောက်ဖြစ်လေသည်။ နှစ်နှစ်သားအရွယ် ကလေးတစ်ယောက်နှင့် လူငယ်စုံတွဲဖြစ်ကာ သူတို့က အလွန်အမင်းသတိထားနေခဲ့ပြီး မည်သူနှင့်မဆို နီးကပ်ရန် ငြင်းဆိုကြသည်။

အမျိုးသားနှင့် အမျိုးသမီး၏ အင်အားများက တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပေးထားကြပုံရသည်။

အမျိုးသမီးက သားရဲအမျိုးအစား သန္ဓေပြောင်းခြင်းကိုရရှိထားသည်။ သူမက အလွန်သန်မာပြီး အများအားဖြင့် တခြား ဆင့်ကဲပြောင်းလဲသူများနှင့်အတူ အမဲလိုက်ရန် တာဝန်ယူထားသည်။ တစ်ဖက်တွင်တော့ သူမ၏ခင်ပွန်းဖြစ်သူမှာ အာရုံခံစားမှု အမျိုးအစား သန္ဓေပြောင်းခြင်းရှိကာ သူတို့နှစ်ယောက်ကို ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်စေသည်။

သူတို့က အနီးအနားမှ တည်ထောင်ပြီးသော ရှန်သန်သူ အခြေစိုက်စခန်းကို သွားရန် စီစဥ်ထားခဲ့ကြသည်။

မြို့တော်က သူတို့အတွက် အလွန်ဝေးကွာလွန်းပြီး ဤကဲ့သို့ကလေးငယ်လေးတစ်ယောက်အနေဖြင့် လမ်းပေါ်တွင် ရှိခြင်းက အလွန် အန္တရာယ်များပေသည်။

ဒုတိယအဖွဲ့ကတော့ ဆင့်ကဲပြောင်းလဲသူ သုံးယောက် ဦးဆောင်ပြီး သူတို့တွင် နောက်လိုက်အနည်းငယ် ရှိ၏။

၎င်းတို့က စစ်တပ်၏ ကန့်သတ်ချုပ်ချယ်ခြင်းကို မခံချင်သောကြောင့် မြောက်ဘက်ကို သွားရန် ငြင်းဆန်ကြလေသည်။

သူတို့၏အင်အားကိုသာ လွတ်လပ်စွာ အသုံးပြုချင်နေခဲ့ကြသည်။

တတိယအဖွဲ့ကတော့ အနည်းငယ် ကွဲပြားလေသည်။

၎င်းသည်က လူအုပ်စုနှစ်ခုဖြင့် ဖွဲ့စည်းထားသည်။

တစ်အုပ်စုတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ပါဝင်၏။ အမျိုးသားကသာ ဆင့်ကဲ့ပြောင်းလဲသူ ဖြစ်လေ၏။

သူ၏စွမ်းရည်က ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲခြင်းဖြစ်လေသည်။ သူ၏ကြွက်သားများကို ဟာကြူလီ၏ ကြွက်သားအရွယ်အစားအထိ ဖြန့်ကားနိုင်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း နှစ်မီတာနီးပါး အပေါ်သို့ ချဲ့ထွင်နိုင်လေသည်။

ယင်ရိလျို သူ့ကို တွေ့သောအခါက ကန်စွန်းရွက်စားပြီးနောက် အသွင်ပြောင်းသွားသည့် Popeye (ကာတွန်းဇာတ်ကောင်)ကိုတွေ့ခဲ့သည်ဟုပင် ထင်ခဲ့မိသည်။

သူခေါ်လာခဲ့သော မိန်းကလေးနှစ်ယောက်က သူ၏ရည်းစားနှင့် ညီမတို့ ဖြစ်လေသည်။

သူ၏အဖွဲ့ထဲတွင် နောက်ထပ်ယောကျ်ားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ပါဝင်ပြီး ၎င်းတို့ကည မောင်နှမများဖြစ်ကြလေ၏။

သူတို့နှစ်ယောက်လုံးသည်လည်း ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။

*

All Chapters