အခန်း (၂၄)
Vol. 3 Ch. 24
တတိယမြောက်အသင်းထဲမှ မောင်နှမနှစ်ယောက်ထဲတွင် အစ်မဖြစ်သူ၏ စွမ်းရည်ာ အလွန်ထူးခြားလေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးများထွက်လာနိုင်ပြီး အလွန်အမင်းရှည်လျားသည်အထိ ကြီးထွားနိုင်သည်။ ထိုအမွှေးများက ဆူးချွန်များကဲ့သို့ မာကျောနေခဲ့သေးသည်။
၎င်းက ရန်သူများအတွက် သူမအနီးသို့ကို ချဥ်းကပ်ရန် ခက်ခဲစေသည်။ သို့သော်ငြား သူမ၏အမွှေးများက ထိုကဲ့သို့ ရှည်လျားကြီးထွားလာခဲ့လျှင် သူမ၏ခန္ဓာကိုယ်က ကောင်းမွန်သာယာစေခြင်းမရှိသော အနံ့တစ်ခုကို ထုတ်လွှတ်လိမ့်မည်ဖြစ်၏။
မောင်ဖြစ်သူကတော့ ယင်ရိလျို ယခင်က မြင်တွေ့ခဲ့သည့် အမှောင်ထဲမှ နံရံပေါ်တွင် ကပ်နေသော အိမ်မြှောင်လူသားဖြစ်ပေသည်။
ဤမောင်နှမနှစ်ယောက်နှင့် သူတို့၏မိဘများမှာ ကမ္ဘာပျက်ကပ်အစပိုင်း၌ သူတို့၏အသက်များကိုရှင်သန်နိုင်ရေးအတွက် ထွက်ပြေးလာကြသောအချိန်၌ အမွှေးများရှည်လျှားအောင် သန္ဓေပြောင်းသွားခဲ့သော အမဖြစ်သူမှလွဲ၍ ကျန်ရှိနေသည့် သူမ၏မိသားစုဝင်များအားလုံးမှ် အဆိပ်ရှိသန္ဓေပြောင်း အိမ်မြှောင်ကြီးတစ်ကောင်မှ ကိုက်စားခြင်းကို ခံလိုက်ရသည်။
အစ်မဖြစ်သူမှာ အလွန်အမင်း ယူကျုံးမရဖြစ်နေခဲ့ရလေ၏။ သို့သော်လည်း မမျှော်လင့်ထားစွာဖြင့် ထိုအခိုက်တွင် အိမြှောင်ကြီးမှာ နာကျင်မှုများကိုခံစားနေရသကဲ့သို့ လူးလှိမ့်နေခဲ့ပြီး သူမ၏မောင်အဖြစ်သိုး တဖြည်းဖြည်း အသွင်ပြောင်းသွားခဲ့သည်။
ထိုအချိန်ကတည်းက မောင်နှမနှစ်ယောက် တစ်ယောက်ကို တစ်ယောက် အားကိုးခဲ့ကြရသည်။
သူတို့အားလုံးက မြို့တော် Zသို့ သွားရန် စီစဥ်ထားခဲ့သောကြောင့် အချင်းချင်း အသင်းဖွဲ့ခဲ့ကြခြင်းဖြစ်လေသည်။
ယခုအချိန်တွင် ကျင်းယန်၏ ပန်းတိုင်သည်လည်း မြို့တော် Z ဖြစ်ကြောင်းကို သူတို့သိလိုက်ရသည်။
ထို့ကြောင့် လူအုပ်စုကျဲသွားပြီးနောက်တွင် ခေါင်းဆောင်ဖြစ်သည့် လူငယ်လေးနှင့် မိန်းကလေးတို့က ကျင်းယန်ကို စောင့်နေခဲ့ကြသည်။
“ဟယ်လို ကျွန်မနာမည်က ကျောင်းစီဟွေ့ပါ”
ထိုမိန်းကလေးမှာ အတော်လေး တောက်ပပြီး လှပလေသည်။ သူမကိုယ်သူမ ဦးဆောင်မိတ်ဆက်သော နည်းလမ်းသည်လညား သဘာဝကျပြီး အလွန်ကောင်းမွန်သော ထင်မြင်ချက်တစ်ခုကို ချန်ထားလေသည်။ သူမ၏ ဘေးတွင်ရှိနေသောလူသည်လည်း သူ၏ခေါင်းကို ကုတ်ပြီး ကျင်းယန်ဆီသို့ လက်လှမ်းလိုက်သည်။
“ကျွန်တော်က လဲ့ဟုန်ရီပါ.. ကျွန်တော့်ရဲ့စွမ်းရည်က အင်အားတိုးမြင့်လာတာပဲ.. ကျွန်တော်တို့အကုန်လုံးက မြို့တော် Z ကိုဦးတည်နေတာလေ..ခင်ဗျား ကျွန်တော်တို့နဲ့ အတီသွားချင်လား?”
ယင်ရိလျိုက သူမ၏ခေါင်းလေးကို ကျင်းယန်၏ လက်မောင်းထဲမှ ထုတ်ပြီး အရှေ့ဘက်မှ ဆင့်ကဲပြောင်းလဲသူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့သည်က အသက်နှစ်ဆယ်အစောပိုင်းလောက်တွင် ရှိပုံပေါ်လေသည်။ သူတို့အပေါ်တွင် သူမ၏ပထမဆုံး ထင်မြင်ချက်က နှစ်သက်ဖွယ်ကောင်း၏။
အထူးသဖြင့် ကျောင်းစီဟွေ့ဖြစ်လေသည်။
အဆုံးမှာတော့ ဘယ်သူကများ ဒီလိုမျိုး လှပပြီး မိမိုက်တဲ့ အစ်မကြီးမျိုးကို မကြိုက်ဘဲနေမှာလဲ?
သူမ၏ နှလုံးသားအောက်ခြေမှ ဆန္ဒအရ ယင်ရိလျိုအနေဖြင့် ကျင်းယန်ကို တခြားသူများနှင့် အတူသွားစေချင်ခဲ့သည်။ ကမ္ဘာပျက်ကပ်ကာလထဲတွင် လူတိုင်းက အသင်းအစုအနေဖြင့် ရှိနေမှသာသာ ဆက်သွားနိုင်ပေမည်။
လူတစ်ဦးတစ်ယောက်က မည်မျှပင် အင်အားကြီးနေပါစေ သူ့အနေဖြင့်ပြိုင်ဘက်အဖွဲ့လိုက်ကြီးကို ရင်ဆိုင်ရချိန်တွင် အခွင့်မသာဖြစ်နသာလိမ့်မည်ဖြစ်သည်။
သူမအနေဖြင့် ကျင်းယန်ကို သူ့၏ကိုယ်ပိုင်အသင်းတစ်ခု အမှန်တကယ် ရှိစေချင်လေ၏။
သို့ဆိုပါက သူ၏အေးစက်ပြီး ခံစားချက်မဲ့သော နှလုံးသားကို နူးညံ့သွားစေနိုင်သည်။ သူ့ကို ဝတ္ထုထဲတွင်ဖော်ပြထားကဲ့သို့ အထီးကျန်ပြီး တသီးတသန့် အဆုံးသတ်သွားမည်ကို သူမ မမြင်ချင်ပါချေ။
သူမက ကျင်းယန်၏ သန်မာသော လက်မောင်းပေါ်ငို့ တက်နင်းပြီး ကျောင်းစီဟွေ့၏ ပေါင်ပေါ်သို့ရောက်အောင် ခုန်လိုက်သည်။
သူမ၏ခန္ဓာကိုယ်ကို လှပသောရှောင်ကျဲကျဲ၏ နွေးထွေးပြီး နူးညံ့သော လက်မောင်းများထဲသို့ရောက်ရှိသွားလျှင် အနည်းငယ် အမြီးနှင့်နားရွက်များကို လှုပ်ရမ်းလိုက်လေ၏။ သူမက ဤအဖွဲ့ကို အလွန်ကျေနပ်ကြောင်း ကျင်းယန်ကို ပြောပြရန်အတွက် သူမ၏ ကိုယ်ဟန်အမူအရာများဖြင့် အသုံးပြုလိုက်သည်။
ကျောင်းစီဟွေ့တစ်ယောက် ယင်ရိလျိုကို အလောတကြီး ဖမ်းလိုက်ရသည်။ သူမ၏ လက်မောင်ထဲသို့ ခုန်ဝင်လာသော ယုန်လေးကြောင့် အံ့သြသင့်သွားခဲ့ရကာ ၎င်း၏ အဖြူရောင်နားရွက်ရှည်လေးများကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်လိုက်မိ၏။
အမွှေးပွပွများ၏ စွမ်းအားကို မည်သည့် မိန်းကလေးကမှ မခုခံနိုင်ချေ။ အထူးသဖြင့် ဤယုန်လေးက တမင်တကာ ချစ်စရာများ ရောင်းချနေချိန်တွင် မည်သူကမှ တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
၎င်းက အလွန်ချစ်စရာကောင်းပြီး ၎င်း၏ နူးညံ့လှသော ပန်းနုရောင် နောက်ခြေဖဝါးလေး အပေါ်သို့ထောင်ထားခဲ့၏။ ကျောက်စီဟွေ့၏နှလုံးသားက အရည်ပျော်ကျသွားခဲ့ရသည်။
ကျောင်းစီဟွေ့၏ နှလုံးသားက ယုန်လေးကြောင့် တုန်ယင်နေခဲ့ပြီး သူမ၏မျက်လုံးများသည် ယင်ရိလျို၏ နောက်ခြေဖဝါးပေါ်တွင် ကပ်နေခဲ့သည်။
ခြေထောက်လေးသည် ပန်းရောင်သန်းပြီး အိစက်နေလေသည်။ သူမသာ ၎င်းတို့ကို ညှစ်နိုင်ပါက အထိအတွေ့က မည်မျှပင် အံ့သြသင့်စရာကောင်းနေလောက်မည်ကို သိချင်နေမိသည်။
သို့သော် သူမ မစွန့်စားရဲပါချေ။ ဤသန္ဓေပြောင်း တိရစ္ဆာန်လေးသည်က သေးငယ်ပြီး ချစ်စရာကောင်းပုံပေါ်သော်ငြား ၎င်းမှ ဆင့်ကဲပြောင်းလဲသူအချို့ကို ရင်ဆိုင်တိုက်ခိုက်နေသော မြင်ကွင်းက သူမ၏ မှတ်ဉာဏ်ထဲတွင် ထင်ရှားနေဆဲဖြစ်သည်။
သူမက ယင်ရိလျို၏ နူးညံ့သော ဖင်တုံးလေးကိုသာ ကိုင်ထားပြီး ယခင်ကထက် ပို၍ စိတ်ရင်းပါသော အပြုံးဖြင့် ကျင်းယန်ကို ကြည့်လိုက်သည်။
“ရှင့်ရဲ့ ယုန်လေးက တကယ်ချစ်စရာကောင်းတာပဲ”
ယင်ရိလျို သူ၏လက်မောင်းထဲမှ ခုန်ထွက်ပြီး ကျောင်းစီဟွေ့ဆီ ဦးတည်ကာ လျှောက်လှိမ့်ပြပြီး ချစ်စရာကောင်းသော ဟန်ပန်များကို ရောင်းချနေသည့်အချိန်ကတည်းက ကျင်းယန်၏ မျက်နှာထားက လုံးဝပြိုကျသွားခဲ့လေသည်။
သူ၏နှလုံးသားထဲတွင် ချဥ်တူးနေသောခံစားချက်တစ်မျိုး ရှိနေကာ သူ၏ရတနာကို တခြားတစ်စုံတစ်ယောက်မှ ခိုးယူသွားခြင်း ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။
သူ့အနေဖြင့် ယုန်လေးကို ချက်ချင်းပင် ပြန်လုယူချင်နေသည့်စိတ်သာ ဖြစ်နေခဲ့ရသည်။။
ဆိုရလျှင် သူ့၏ရှေ့တွင်ရှိနေသော မိန်းကလေးကို ယင်ရိလျို ကြိုက်နှစ်သက်သည်ကို သူမြင်နိုင်သော်ငြား မည်သည်အတွက်ကြောင့် ဖြစ်သည်ကိုတော့ သူ နားမလည်နိုင်ချေ။
တစ်နည်းအားဖြင့် သူသည်က ယင်ရိလျို၏ ရည်ရွယ်ချက်ကောင်းများကို လုံးဝသဘောမပေါက်ပါချေ။
ထို့ကြောင့် သူ ကျောင်းစီဟွေ့ကို ကြည့်လိုက်ချိန်တွင် သူမက မျက်စိစပါးမွှေး စူးစရာကောင်းသူ တစ်ယောက်ဟုသာ ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် ထိုမိန်းကလေးသည်က စကားကို မည်သို့ပြောရမည်ကို သိနေခဲ့သည်။
‘ရှင်ရဲ့ယုန်လေး’ ဆိုသောစကားကို ကြားရပြီးနောက်တွင်တော့ ကျင်းယန်၏ ဘေးဘက်ပတ်ပတ်လည်ရှိ နိမ့်ဆင်းနေခဲ့သော လေထုဖိအားက တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့သည်။
သူ၏အကြည့်ကို ယင်ရိလျိုဆီသို့ ပြန်ပို့လိုက်သောအချိန်တွင် သူမက သူအကြည့်ကို အပြစ်ရှိစွာ ရှောင်ရှားနေသည့်ပုံကိုတွေ့လိုက်ရသည်။
မကြာခင်တွင် ယင်ရိလျိုက သူမကိုယ်သူမ ကျောင်းစီဟွေ့၏ လက်မောင်းထဲတွင် အကြိမ်ရေအချို့ ပွတ်သပ်ပြီးနောက် ကျင်းယန်ဆီသို့ ပြန်လည်ခုန်ဝင်သွားလိုက်သည်။
ကျင်းယန် ယုန်လေး၏ အမြီးလုံးလုံးကို အပြစ်ပေးသည့်အနေဖြင့် ဆိတ်လိုက်၏။ ထို့နောက် ခေါင်းမော့ပြီး နှစ်ယောက်ကို ထပ်မံကြည့်သည့်အချိန်တွင်တော့ သူ၏အမူအရာသည်က ပုံမှန်အတိုင်း အေးစက်မှုဆီ ပြန်လည်ရောက်ရှိသွားနှင့်ပေပြီ ။
ယုန်လေး ပြောချင်နေသည်ကို သူနားလည်ခဲ့သည်။ ၎င်းက သူ့အား မြို့တော် Z ဆီသို့ ဤလူများနှင့်အတူ သွားစေချင်နေခဲ့ညသည်။
သူ၏ပထမဆုံးအတွေးအရ ၎င်းက လုံးဝ မဖြစ်နိုင်ပေ။ သူသည်က တခြားသူများ၏အနီးတွင် နေရသည်ကို မကြိုက်ပါချေ။ တခြားသူများကိုလည်း ယုံကြည်မှု လုံးဝမရှိပေ။ သူ့အတွက် မည်သည့်အသင်းဖော်ကိုမှ မလိုအပ်ချေ။
သို့သော်ငြား ဤအကောင်လေးကတော့ သူကဲ့သို့ အထီးကျန်သော ဘဝတွင် မနေသင့်ပါချေ။ ၎င်းက ကျောင်းစီဟွေ့ကို ကြိုက်နှစ်သက်သည်မှာ သိသာလွန်းနေသောကြောင့် သူသည်လည်း ၎င်း၏ဆန္ဒကို သူ ရိုးရှင်းစွာပင် လိုက်လျောလိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဤလူများကသာ လမ်းတွင် မကောင်းသော ရည်ရွယ်ချက်လက္ခဏာများတစ်ခုလုကို ပြသခဲ့လျှင် သူကိုယ်တိုင် သူတို့ကို နှင် ထုတ်ပစ်လိမ့်မည်။
ကျင်းယန်က ကျောင်းစီဟွေ့၏ လက်ကိုမထိတွေ့ခဲ့ချေ။ သူ လဲ့ဟုန်ရီကိုသာ လက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်သည်။
“ငါတို့ ကောင်းမွန်တဲ့ပူးပေါင်းတစ်ခုကို ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ယင်ရိလျိုသည်လည်း သူမ လိုချင်သော အဖြေကိုရရှိသွားပြီးနောက်တွင် ကျင်းယန်၏ပေါင်ပေါ်တွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်ခဲ့သည်။
နောက်ဆုံးတွင် ကျင်းယန်အနေဖြင့် ထပ်မံ၍ တစ်ကိုယ်တည်း ဖြစ်တော့မည် မဟုတ်ချေ။ လမ်းခရီးတွင် တစ်ယောက်အတွက် တစ်ယောက် ကြည့်ရှုပေးမည့် ဤသို့လူများရှိခြင်းက ကောင်းမွန်သောအရာများကို ဖြစ်လာစလိမ့်မည်။
သို့နှင့် နှစ်ဦးနှစ်ဖက်က သူတို့၏ကိုယ်ပိုင်နေရာသို့ ပြန်သွားခဲ့ချိန်တွင် လဲ့ဟုန်ရီတစ်ယောက် သူ၏ညီမလေးဖြစ်သူမှာ လူချမ်းသာ မိသားစုမှ သားဖြစ်သူဖြစ်သော ၊ တစ်နည်းအားဖြင့် မိန်မပွေရှုပ်လွန်းပြီး ကောင်းကွက်မရှိဘဲ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ဟုန်မင်ထံမှ နှောင့်ယှက်ခြင်းခံနေရသည်ကို မြင်တွေ့လိုက်ရကာ သူ၏အမူအရာ မှောင်မိုက်သွားခဲ့လေ၏။
“ရှောင်းသို ဒီကိုလာခဲ့”
သူ့ညီမလေး၏ နာမည်သည်ကား လဲ့ရူသိုဖြစ်သည်။ သူမက ပွင့်ဖူးစအရွယ် ဆယ့်ရှစ်နှစ်သာလျှင် ရှိပြီး အနည်းငယ် အလိုလိုက်ခံထားရသည်။
လဲ့ရူသိုအနေဖြင့် ပုံမှန်အားဖြင့် ဟုန်မင်ကို မကြိုက်သော်ငြား ထိုသူက သူမကို အမြဲတစေရယ်မောစေသည့် အပြောကောင်းသူ တစ်ယောက်ဖြစ်နေခဲ့သည်။ သူမ၏ အစ်ကိုက ဒေါသထွက်နေသည်ကို တွေ့လျှင် လဲ့ရူသိုက သူမ၏ နှုတ်ခမ်းကိုဖိကပ် လိုက်ပြီး အပြုံးကိုဖိနှိပ်ပြီး သူမ၏အစ်ကိုဆီသို့ လျှောက်သွားခဲ့သည်။
ထိုအခိုက်တွင် အလွန်အမင်း ချောမောခန့်ညားသော မျက်နှာတစ်ခုက သူမ၏စိတ်ထဲတွင် ဖြတ်ခနဲပေါ်လာပြီး လဲ့ရူသို၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
“ကော သူ သဘောတူလား?”
သူမ လဲ့ဟုန်ရီ၏ လက်မောင်းကို ဆွဲကိုင်လျက် မေးလိုက်သည်။
“ဟုတ်တယ် ၊ ကျင်းယန်ကောက ငါတို့နဲ့အတူသွားမှာ”
လဲ့ရူသို၏ နှလုံးခုန်သံက တစ်ချက်လောက် လွဲချော်သွားခဲ့၏။ သူမအနေဖြင့် ကျင်းယန်ကို ပထဆုံးတွေ့သည့်အချိန်တွင် ဤကဲ့သို့ ချောမောခန့်ညားသော လူတစ်ယောက် တည်ရှိနေနိုင်သလားဟုပင် တွေးထင်ခဲ့သည်။
ထိုသူက တခြားသူများကို အေးစက်စွာ ခြိမ်းခြောက်ချိန်တွင် အလွန်အမင်း သိသိသာသာ ချောမောခန့်ညားနေခဲ့သည်။
သူကအရမ်းမိုက်တာပဲ !
ထိုအချိန်တုန်းက သူမ၏အစ်ကိုက သူမ၏ပါးစပ်ကို ဖုံးအုပ်ထားသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူမ ထိုနေရာတွင် ကျယ်လောင်စွာ အားပေးခဲ့မည်ဖြစ်သည်။
ဤကဲ့သို့ ချောမောသူတစ်ယောက်က သူတို့နှင့်အတူသွားပြီး ခရီးစဥ်တစ်ခုလုံးအတွက် သူတို့က နီးကပ်စွာ ဆက်သွယ်လိမ့်မည်အကြောင်းကို စဥ်းစားလိုက်ချိန်တွင် သူမ အိပ်မက်မက်နေသကဲ့ကို ခံစားရလေသည်။
‘ကျင်းယန်’ ဟူသောနာမည်ကို ကြားလိုက်ရသောအခိုက်တွင် ဟုန်မင်၏မျက်နှာက တောင့်တင်းသွားခဲ့သည်။
သူ လဲ့ရူသို၏ ပျော်ရွှင်ကျေနပ်နေသော အမူအရာကို ပြန်ကြည့်လိုက်သည်။ ထိုကောင်မလေး၏ မျက်နှာပေါ်မှ အောင်နိုင်သော အမူအရာကို သူကဲ့သို့ အတွေ့အကြုံရှိ ပလေးဘွိုင်းတစ်ယောက်က မည်ကဲ့သို့ သတိမပြုမိဘဲ နေလိမ့်မည်နည်း။
ယခင်ကသာဆိုလျှင် ဟုန်မိသားစု သခင်ငယ်လေး၏ လက်ကို ချိတ်ရန်အတွက် မရေမတွက်နိုင်သော မိန်းမလှလေးများက သူ့ထံတွင် စုဝေးလာလိမ့်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤကမ္ဘာပျက်ကပ်နေ့များတွင်တော့ ပိုက်ဆံဟူသည်က စက္ကူစုတ်တစ်ခုသက်သက်သာ ဖြစ်လာခဲ့သည်။
သူ၏မျက်လုံးကသာ သန္ဓေပြောင်း စွမ်းရည်မရှိခဲ့ပါလျှင် လှေကား၏ အောက်ဆုံးအထစ်ရှိ လူများနှင့် အတူတူပင် ဖြစ်နေခဲ့လိမ့်မည်ပင်။
လဲ့ရူသို၏ အစ်ကိုသည်လည်း ခွန်အားတွင် ဆင့်ကဲပြောင်းလဲခဲ့သောကြောင့် ဟုန်မင်က အင်အားကို အသုံးမပြုဝံ့ချေ။
သို့သော် ယခုလေးတင် သူ၏လက်ထဲသို့ ကျရောက်တော့မည် မိန်းကလေးတစ်ယောက်က အဝေးသို့ပျံသန်းသွားချိန်တွင် အလွန်ပင်ကသိကအောက်ဖြစ်သွားခဲ့ရသည်။
ကျောင်းစီဟွေ့၏ မောင်လေးကတော့ ပျက်ကပ်မတိုင်မှီက အသက်ဆယ့်ခြောက်နှစ်ရှိနေပြီး ပထမနှစ်အထက်တန်း ကျောင်းသားဖြစ်သော ကျောင်းချီယန်ဖြစ်သည်။
သူ့အနေဖြင့် အိမ်မြှောင်မြိုချခံရပြီး မပေါင်းစပ်မှီအချိန်တွက် ဤကမ္ဘာပျက်ကပ်ကို များစွာ ကြောက်ရွံခဲ့ခြင်းမရှိခဲ့ချေ။
သူ၏မိဘများ သေသွားချိန်က အလွန်အမင်း ဝမ်းနည်းခဲ့သည့် ခံစားချက်မှလွဲ၍လျှင် ဤကမ္ဘာပျက်ကပ်ဆိုသည့်အရာကြီး တစ်ခုလုံးက အမှန်တကယ် မိုက်သည်ဟု ထင်ခဲ့လေသည်။
ဤကောင်လေးတွင် အလယ်တန်းကျောင်းသားရောဂါ ရှိနေပြီး ဆင်ကဲ့ပြောင်းလဲသူများနှင့် သူတို့၏သန္ဓေပြောင်းစွမ်းရည်များက အံ့သြသင့်စရာကောင်းသည်ဟုပင် ထင်နေခဲ့လေသည်။