အခန်း (၂၅)
Vol. 3 Ch. 25
ကျောင်းချီယန်က သူ၏ကြမ်းတမ်းကာ အဖုအထစ်ပြည့်နေသော အရေခွံကို ပြန်လဲလိုက်ပြီး သူ၏လက်ချောင်းတိုတိုများကလည်း လူသားလက်များအဖြစ် ပြန်လည်အသွင်ပြောင်းသွားခဲ့သည်။
ထို့နောက်တွင် သူ၏ပါးစပ်ထဲတွင် စုပ်လုံးတစ်ခုနှင့်အတူ မြေပြင်ပေါ်တွင် ငုပ်တုပ်ထိုင်လျှက် သူ့အစ်မကို လှမ်းရမေးလိုက်သည်။
“ကျင်းယန်က ဘယ်သူလဲဆိုတာ ကျွန်တော်သိတယ်! အရင်တုန်းက ကျွန်တော် သူ့ကိုတီဗွီပေါ်မှာ မြင်ဖူးတယ်၊ သူက အင်အားကြီးတယ်မလား?”
ကျောင်းစီဟွေ့က သူမမောင်၏ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ထိုသူ၏ နက်ရှိုင်းသော မျက်လုံးများကို တွေးလိုက်မိရင်း သူမ၏နှလုံးသားက တုန်ရီသွားခဲ့သည်။
“အဲဒီလူနဲ့သွားမရှုပ်နဲ့!”
သူမ သတိပေးလိုက်သည်။
“ကျွန်တော်သိတယ် ကျွန်တော် သိတယ်! ဒါပေမယ့် သူက တကယ် မိုက်တယ်လေ! သူ့မှာ သေနတ်တောင်ရှိနေသေးတယ်! ကျွန်တော် သေနတ်အစစ်ကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ!
ဘုရားရေ! အဲဒါက အရမ်းမိုက်တာပဲ! ပြီးတော့ သူ့ရဲ့ယုန်ဆိုတာလေ ဘယ်နေရာကနေ ထွက်လာခဲ့လဲဆိုတာ ကျွန်တော်မြင်တောင် မမြင်နိုင်ခဲ့ဘူး…..”
ကျောင်းချီယန်တစ်ယောက် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခုဖြင့် မရပ်မနား ဆက်လက်၍ တွတ်ထိုးနေခဲ့သည်။
သူ၏နောက်တွင် ထိုင်နေသော လဲ့ရူသိုကတော့ အလွန်ပင် စိတ်မရှည်ဖြစ်လာခဲ့သည်။ ဤကောင်စုတ်လေးက နုံအလွန်းသည်ဟု သူမ အမြဲတွေးခဲ့လေ၏။ သို့သော်ငြား သူသည်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ပြီး သူမကတော့ သာမာန်လူတစ်ယောက်သာ ဖြစ်နေခဲ့သည်။
သူမ၏ အနည်းငယ်ပွန်းပဲ့နေသော လက်သည်းဆိုးဆေးများကို လဲ့ရူသို ကုတ်ခြစာလိုက်ကာ မျက်မှောင်ကြုတ်ပြီး မကျေမနပ်ပြောလိုက်သည်။
“လင်းကျားက ဘာလို့ စားစရာတွေကို ယူမလာသေးတာလဲ?”
ဆင့်ကဲပြောင်းလဲသူများက အစားအစာပမာဏအများအပြားကို စားသောက်ရန် လိုအပ်သောကြောင့် စစ်တပ်က သူတို့အတွက် အဆာပြေညစာကို ပြင်ဆင်ပေးထားခဲ့သည်။
လဲ့ဟုန်ရီသည်လည်း ထိုအချိန်မှသာ လဲ့ရူသိုက လင်းကျားကို ထပ်မံ၍ လျှောက်ခိုင်းစေထားသောကြောင့် လင်းကျားက အနားတွင်မရှိနေခြင်းဖြစ်ကြောင်းကို သိလိုက်ရလေသည်။
သူအနည်းငယ် ဒေါသထွက်သွားရလေ၏။ သူ၏ မောက်မာသော ညီမဖြစ်သူကို ကြည့်ပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
“သူမက မင်းရဲ့ ယောက်မ, မင်းရဲ့မိသားစုဝင်ပဲ မင်း သူမအပေါ် နည်းနည်းပါးပါး လေးစားပေးလို့ မရဘူးလား?”
အချိန်က အလွန် နောက်ကျနေပြီဖြစ်၏။ စစ်သားများနှင့် ဆင့်ကဲပြောင်းလဲသူများက ညဘက်တွင် လှည့်လည်ကင်းစောင့်နေကြသော်ငြား သာမာန်အမျိုးသမီးတစ်ယောက်အတွက် တစ်ကိုယ်တည်းသွားရန်က အန္တရာယ်များနေဆဲပင်။
လဲ့ဟုန်ရီအနေဖြင့် အဘယ်ကြောင့် သောက ကင်းဝေးနိုင်ပါမည်နည်း?
“သူမက ကျွန်မရဲ့ မိသားစုဝင်မဟုတ်ဘူး!”
သူ့ ညီမငယ်လေး၏ အသံက အနည်းငယ်စူးရှပြီး သူမ၏ ဝမ်းနည်းနေပုံရသော အသံက သူ့ကိုခေါင်းကိုက်စေခဲ့သည်။
လင်းကျားက သူ၏ချစ်သူဖြစ်ပေ၏။ သို့သော်ငြား သူမနှင့် သူတို့၏အမေတို့အား သန္ဓေပြောင်းခွေးတစ်ကောင် လိုက်ခြင်းခံရသောအခချိန်တုန်းက သူ၏အမေဖြစ်သူက လင်းကျားကို လွတ်မျောက်သွားစေရန် အဝေးသို့ တွန်းထုတ်ခဲ့ပြီး သူမကိုယ်တိုင်က ခွေး၏ကိုက်သတ်ခြင်းကို ခံခဲ့ရသည်။
ထိုမှစ၍ လဲ့ရူသိုက လင်းကျားကို မုန်းနေပြီး သူမ၏မိခင်ဖြစ်သူ သေဆုံးမှုအတွက် လင်းကျားတွင် တာဝန်ရှိသည်ဟု တွေးတောနေခဲ့သည်။
လဲ့ဟုန်ရီသည်လည်း ဝမ်းနည်းသော်ငြား သူတို့ကို အသက်ရှင်စေချင်သည်က သူ့အမေ၏ ရည်ရွယ်ချက်ဖြစ်ကြောင်းကို သိနေခဲ့၏။
ထို့ကြောင့် သူ၏ချစ်သူကို နှစ်သိမ့်ပေးရန် ကြိုးစားခဲ့သည်။ ဤကဲ့သို့ကြီးမားသော ဖိအားကြီးကို သူမဆီသို့ မကျရောက်စေချင်သော်လည်း သူ၏ညီမဖြစ်သူကတော့ သူမကို အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့သည်။
လင်းကျားက ပန်းကန်အပြည့် အစားအစာများနှင့်အတူ ပြန်လာခဲ့လေသည်။ သူမ လဲ့ရူသို၏ အော်ဟစ်သံကို ကြားခဲ့ရပြီး မျက်နှာတပြင်လုံး ဖြူဖျော့သွားခဲ့လေသည်။
သူမက သူမ၏ နှုတ်ခမ်းကို ဖိပြီး အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်သည်။ လဲ့ဟုန်ရီသည်လည်း သူမကို သတိထားမိပြီး ကူညီရန် ရှေ့သို့လှမ်းလာခဲ့သည်။
“မင်းကို အပြင်မထွက်ဖို့ ကိုယ်ပြောထားတယ်လို့ ထင်တာပဲ”
သူ နူးညံ့စွာပြောလိုက်၏။
လင်းကျားက သူမ အဆင်ပြေကြောင်း လက်ဟန်ပြလိုက်သည်။ သူမ ခေါင်းကို ပြန်မော့လိုက်သောအချိန်တွင် စိတ်ခံစားချက်များကို ထိန်းချုပ်ပြီးဖြစ်ကာ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာစေရန် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးနေခဲ့သည်။
လဲ့မိသားစု၏ ကိစ္စကို လေးစားသောအားဖြင့် ကျောင်းမောင်နှမထံတွင် ကြားဝင်ပြောဆိုရန် အခွင့်မရှိချေ။
သူတို့နှစ်ယောက်က သူတို့၏ညစာကို တိတ်ဆိတ်စွာ အပြီးသတ်လိုက်ကြပြီး ညအိပ်ရန် ပြင်ဆင်ကြလေသည်။
ခရီးက မနက်ဖြန် မနက်စောစောတွင် ထွက်ခွာမည်ဖြစ်သောကြောင့် သူတို့၏စွမ်းအားကို ပြန်ဖြည့်ထားရပေလိမ့်မည်။
ထိုအချိန်တွင် SUV နှင့် သိပ်မကွာဝေးသည် တောအုပ်ထဲတွင်အမျိုးသားတစ်ယောက် နှင့်အမျိုးသမီးတစ်ယောက်တို့ရှိနေခဲ့လေ၏။ သူတို့၏မျက်နှာများကိုတော့ အမှောင်ထုကြောင့် ရှင်းလင်စွာ မမြင်ရချေ။
အမျိုးသားက ဝှီးချဲပေါ်တွင် ထိုင်နေလျှက်ရှိနေပြီး သူ၏လက်မောင်းထဲတွင် တွန့်လိမ်နေသော သက်ရှိအမွှေးလုံးလေးတစ်လုံးကို ကိုင်ထားလေသည်။
ယင်ရိလျိုတစ်ယောက် သူမ မှားယွင်းသော စာအုပ်ထဲသို့ ကူးပြောင်းလာခြင်းဖြစ်ရမည်ဟု ခံစားနေရပေပြီ။
ထိုသို့မဟုတ်လျှင် အဘယ်ကြောင့် ဇာတ်လိုက်မ လျို့ကျန်းက ရှန်းယင်ကျိုးနှင့် အတူမရှိနေဘဲ ထို့အစား သူမ၏ရွှေပေါင်လုံးကြီးကို ညလယ်ခေါင်ကြီး စကားပြောရန် တောင်းဆိုနေရပါသနည်း??
သူမက လျို့ကျန်း၏ ‘လောကကြီးထဲက အဓိကအကြောင်းအရာများ’ကို စီစစ်ခွဲခြားပြနေသည်များကို မိန်းမောမှုဖြင့် နားထောင်နေခဲ့သည်။
မကြာခင်အချိန်တွင် လျို့ကျန်းက သူမကိုယ်သူမ အကြံပေးပြီး ကျင်းယန်နှင့်အတူ အဖွဲ့ဖွဲ့ရန် ကမ်းလှမ်းလာသောအချိန်တွင်တော့ သူမ၏ပဲစေ့သဖွယ်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
လျို့ကျန်းက သူမရဲ့မျက်မှောက်ရှေ့မှာ သူမရဲ့လူကို ခိုးယူဖို့ ကြိုးစားနေတာလား? !
ယင်ရိလျိုတစ်ယောက် ထပ်မံ၍ ထိုင်မနိုင်တော့ချေ။ ဇာတ်လိုက်မမှ သူမ၏ ရွှေပေါင်လုံးကြီးကို ခိုးယူခွင့်မပြုနိုင်ပေ။
ရှန်းယင်ကျိုးက မည်မျှပင် ဆိုးရွားပါစေ သူ့ထံတွင် ဇာတ်လိုက်ရောင်ခြည်ရှိနေဆဲဖြစ်၏။ ဇာတ်လိုက်နှင့် ဇာတ်လိုက်မဆိုသည်မှ တစ်ယောက်အတွက် တစ်ယောက် ပြုလုပ်ထားခြင်းသာဖြစ်သည်။
တစ်ယောက်ယောက်ကများ လျိုးကျန်းပေါ် မှော်နက်ပညာသုံးလိုက်တာလား?
*
မြို့ရင်ပြင်သို့ ပထမဆုံး နံနက်ခင်း နေရောင်တန်း ကျရောက်လာချိန်တွင် ရှစ်စုမြောက် အထူးအင်အားစုက သူတို့ပစ္စည်များကို ထုတ်ပိုးပြီး ကျယ်လောင်သော စပီကာများဖြင့် အသံများ စတင် ထုတ်လွှင့်ခဲ့ကြသည်။
စစ်တပ်၏ နောက်ဘက်တွင် ဆူညံသော လူအုပ်ကြီးက မကျေနပ်စွာဖြင့် ညည်းညူနေစဥ်အတွင်း ကျင်းယန်နှင့် တခြားသူများကတော့ အကုန်လုံးကို ပြင်ဆင်နှင့်ပြီးဖြစ်နေခဲ့၏။
ကျင်းယန်၏ SUV က လူခြောက်ယောက်နှင့် ယုန်တစ်ကောင်ကို အလွယ်တကူ တင်ဆောင်နိုင်သော်ငြား ကားက ဓာတ်ဆီ၊ အစားအသောက်၊ အဝတ်အစားနှင့် အခြားလိုအပ်ပစ္စည်းများနှင့်လည်း ဖြည့်ထားခဲ့သည်။
ထို့ကြောင့် အဆုံးတွင် လဲ့ဟုန်ရီက သူ၏ ရည်းစားနှင့် ညီမဖြစ်သူနှင့်အတူ သူတို့၏ ကိုယ်ပိုင်ကားဖြင့် နောက်မှ လိုက်ရန်စီစဥ်ခဲ့ပြီး ကျောင်းမောင်နှမနှစ်ယောက်ကတော့ ကျင်းယန်၏ ကားထဲတွင်ထိုင်ရန် သတ်မှတ်ခဲ့သည် ။
ထိုစီစဥ်မှုကို မကျေမနပ်ဖြစ်နေခဲ့သော လဲ့ရူသိုမှလွဲ၍ တခြားသူများတွင် မည်သည့် ကန့်ကွက်ချက်မှ မရှိနေခဲ့ချေ။
“ကျွန်မ သူနဲ့မထိုင်ချင်ဘူး!”
လဲ့ရူသို အဝတ်အစားများကို သူမ၏အိတ်ထဲသို့ ထိုးထည့်နေရင်းဖြင့် အော်ဟစ်လိုက်သည်။
သူမအနေဖြင့် လင်းကျကို လုံးဝ မမြင်ချင်ပါချေ။ သူမ လင်းကျား၏ နုံချာသည့် မျက်နှာကို မြင်သည့်အကြိမ်တိုင်း သူမ၏အမေကို သန္ဓေပြောင်းခွေးမှ တစ်စီကိုက်ဖြဲလိုက်သည့် သွေးထွက်သံယို မြင်ကွင်းကို ပြန်လည်အမှတ်ရလာတတ်သည်။
ထို့အပြင် သူမက ကျင်းယန်နှင့် တူညီသော ကားထဲတွင် အတူရှိချင်ယုံသာဖြစ်လေ၏။ ဤကဲ့သို့ ရိုးရှင်းသော တောင်းဆိုချက်ကို သူတို့ အဘယ်ကြောင့် မကျေနပ်ရသနည်း?
လင်းရူသို၏ နှလုံးသားထဲတွင် လင်းကျားက သူမအမေကိုသွယ်ဝိုက်စွာ သတ်ခဲ့သည့် လူသတ်သမားသာဖြစ်သည်။
သူမ အလိုရှိသည်များကို အမြဲတစေဖြည့်ဆည်းပေးခဲ့သော အစ်ကိုကြီးဖြစ်သူသည်လည်း သူမကို စိတ်မရှည်ဖြစ်စပြုလာပြီး သူမက ထောက်ထားငဲ့ညာမှု မရှိဟု ပြောနေခဲ့လေပြီ။
သူမ၏အစ်ကိုကြီးက ဘက်လိုက်ပြီး လင်းကျားကို လုံးဝမွှန်နေခဲ့သည်ဟု သူမ ခံစားရသည်။
လဲ့ဟုန်ရီက ပုံးတစ်ပုံးယူကာ ခရီးအတွက် ဓာတ်ဆီရရှိရန် စစ်တပ်၏ထရပ်ကားသို့ ဦးတည်သွားနေစဥ် လဲ့ရူသိုက တိတ်ဆိတ်စွာ ထုပ်ပိုးနေသော လင်းကျားကို သရော်လိုက်သည်။
“နင်က ငါတို့ မိသားစုကို ဖျက်စီးခဲ့တာ! အခု နင့်ကြောင့် ငါ့အစ်ကိုကတောင်မှ ငါ့ကိုဆူနေပြီ.. နင်အခုကျေနပ်ပြီလား?”
လင်းကျားတွင် အလွန်နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိပြီး အပြစ်ရှိစိတ်ကြောင့် လက်တလောတွင် ကိုယ်အလေးချိန် အများကြီး ကျသွားခဲ့သည်။
သူမက အလွန်ပိန်ပါးနေခဲ့ကာ လေတိုက်ချိန်တွင် လွင့်ပါသွားမည့် စက္ကူတစ်စ ကဲ့သို့ပင်ဖြစ်နေပေသည်။ သူမ၏ နှုတ်ခမ်းများက အနည်းငယ် တုန်ရီနေပြီး အသံပြာပြာဖြင့် ပြောလိုက်သည်။
“ရှောင်သို အဲဒီလိုမဟုတ်ပါဘူး…”
သူမသည်လည်း အဖြစ်အပျက်များ ဤကဲ့သို့ ဖြစ်မသွားစေချင်ကြောင်း ပြောချင်ခဲ့သည်။ အမှန်တကယ်တွင် သူမလည်း အလွန်အမင်း အပြစ်ရှိစိတ်ကို ခံစားခဲ့ရပြီး လဲ့မားမားအစား သူမကိုယ်တိုင်သာ သေသွားခဲ့ပါစေ ဆုတောင်းနေခဲ့သည်။
သို့သော် သူမထပ်၍ မပြောနိုင်ခင်တွင် လဲ့ရူသိုက လက်ထဲမှ အဝတ်အစားများကို ပစ်ချပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ပါးစပ်သာ ပိတ်ထားလိုက် ! နင့်ကိုတွေ့ရရင် ငါ စိတ်အနှောင့်အယှက်ဖြစ်ရတယ်”
သူမ အော်ဟစ်ပြီး ထွက်သွားခဲ့သည်။
ထိန်းခြုပ်ထားခဲ့ရသော မျက်ရည်စက်များသည်က နောက်ဆုံးတွင် လင်းကျား၏ပါးပြင်ပေါ် စီးကျလာခဲ့သည်။ သူမ ၎င်းတို့ကို သုတ်ပစ်လိုက်ပြီး တိတ်တဆိတ် ဆက်လက်ထုပ်ပိုးနေလိုက်လေသည်။
သို့သော် အချိန်တချို့ကြာစောင့်ဆိုင်းပြီးနောက်တွင်ပင် လဲ့ဟုန်ရီရော လဲ့ရူသိုပါ ပြန်မလာကြသေးချေ။ သူမ စိတ်ပူသွားရပြီး အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။
စစ်တပ်ဘက်ခြမ်းတွင် ဓာတ်ဆီရရန် စောင့်ဆိုင်းနေကြသော လူအများအပြားရှိ၏။ စစ်တပ်က မြို့ထဲရှိ ဆီဆိုင်အများစုမှ ဓာတ်ဆီများကို ယူဆောင်သွားခဲ့သောကြောင့် မည်သူ့လူဖြစ်စေ ဓာတ်ဆီလိုချင်လျှင် စစ်တပ်ဆီမှသာလျှင် ရရှိနိုင်ပေလိမ့်မည်။
လင်းကျား သူမ၏အောက်နှုတ်ခမ်းကို ကိုက်ခဲလိုက်မိ၏။ သူမ လဲ့ရူသိုအတွက် စိတ်ပူနေလေသည်။
အပြင်ဘက်သို့ လျှောက်သွားခြင်းမှာ သာမာန်မိန်းကလေးတစ်ယောက်အတွက် အလွန်အန္တရာယ်များလေသည်။
လင်းကျား သူမ၏ ပိုင်ဆိုင်မှုများကို ကတိုက်ကရိုက်ထုပ်ပိုးလိုက်ပြီး အပြင်ဘက်ကို သွားလိုက်သည်။ မြို့ရင်ပြင်တွင် ရပ်ထားသော ကားအများအပြားရှိနေခဲ့၏။ သူမ လဲ့ရူသို၏နာမည်ကို အော်ခေါ်သော်ငြား ရင်းနှီးနေသော မျက်နှာကို မည်သည့်နေရာမှာမှ ရှာမတွေ့ချေ။
သူမ ထိတ်လန့်သွားခဲ့ရသည်။ ဤအတောအတွင်း လဲ့ရူသိုနှင့် လက်တလော လျှောက်သွားနေသည့် ဟုန်မင်အကြောင်းကို သူမ တွေးလိုက်မိပြီး ရှန်းယင်ကျိုးနှင့် သူ့၏အဖွဲ့များရှိနေသည့်နေရာကို တိုက်ရိုက်သွားလိုက်သည်။
အကွာအဝေးတစ်ခုမှပင် အဝါရောင်တောက်တောက် ပန်းပွင့်ရိုက်အင်္ကျီကိုမြင်လိုက်ပြီး ဟုန်မင်က အထောက်အပံ့ပစ္စည်းများကို သယ်ယူနေသည်ကို မြင်လိုက်ရသည်။
“မင်း-မင်း ရှောင်သိုကို မြင်မိလား?”
သူမ ဟုန်မင်၏အင်္ကျီလက်ကို တုန်လှုပ်စွာ ဆွဲလိုက်ကာ အထစ်ထစ်အငေါ့ငေါ့ မေးမြန်းလိုက်မိသည်။
*