အခန်း (၂၆)
Vol. 3 Ch. 26
လဲ့ရူသို ပျောက်နေတယ်?
ဟုန်မင်ထံတွင် လဲ့ရူသိုအတွက် စစ်မှန်သော ခံစားချက်တချို့ရှိခဲ့သည်။ ထို့ကြောင့် လင်းကျား၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် လဲ့ရူသိုက သူနှင့်အတူ မရှိကြောင်းကို ကောင်းမွန် ပြောလိုက်လေ၏။
သူက သူ့လက်ထဲမှ ပစ္စည်းများကို ချပြီး လင်းကျာနှင့်အတူ လိုက်ရှာရန် ရည်ရွယ်ခဲ့သည်။
ဤအချိန်တွင် ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က စစ်တပ်ထရပ်ကားထဲမှ ထွက်လာခဲ့သည်။ သူမက လက်ဖက်ရည်ခွက်ထဲမှ အကြွင်းအကျန်လက်ဖက်ရည်များကို မြေပြင်ပေါ် လောင်းချလိုက်ကာ သူတို့နှစ်ယောက်ဘက်သို့ မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေသည်။
“ဟုန်မင် ဘာဖြစ်လို့လဲ”
လီရင်းရင်းမှာ ယခုလေးတင်မှ နိုးတာလာခြင်း ဖြစ်သည်။ အပြင်ဘက်မှ ဆက်တိုက်လှုပ်ရှားမှုများကြောင့် အနိုးခံလိုက်ရပြီးနောက် အိပ်မပျော်တော့ချေ။
သူမ အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသောကြောင့် သူမ ဘာသာ လက်ဖက်ရည်တစ်ခွက် ပြုလုပ်ရန်သွားခဲ့ရသည်။
သူမ၏ဘဝတွင် မည်သည်အရာမှ ကောင်းမွန်စွာ ရှိမနေဟု ခံစားနေရချိန်တွင် ကျင်းယန်၏ အဖွဲ့ဝင်ဖြစ်နေသော လင်းကျားကို တွေ့လိုက်ရသည့်အချိမ်တွင် ပို၍ စိတ်ကသိကအောက်ဖြစ်သွားရသည်။
လဲ့ရူသို ပျောက်သွားသည့် သတင်းကို ကြားပြီးနောက် သူမက ပြုံးလိုက်ပြီး တစ်ဖက်လူနှင့်ထိုက်တန်သည်ဟု တွေးလိုက်လေသည်။
လီရင်းရင်း ထိုကောင်မလေးကို မုန်းတီးနေခဲ့၏။
လဲ့ရူသိုဆိုသည့်ကောင်မလေးက သူမကို မျက်လုံးလှိမ့်ပြရဲလောက်အောင်အထိ ရဲတင်းမှုရှိနေခဲ့သည်။
သူမ၏ ဆင့်ကဲပြောင်းလဲခဲ့သော အစ်ကိုကြောင့်သာ မဟုတ်လျှင် လီရင်းရင်း သူမကို ဟိုးအချိန်များကတည်းက ပါးရိုက်ခဲ့မည်။
ယခု သူမ၏ ပျောက်ဆုံးမှုအကြောင်း ကြားရသည့်အတွက်ကြောင့် လီရင်းရင်း ပျော်ရွှင်သွားခဲ့ရသည့်အတွက် သူမဘက်က ဟုန်မင်ကို အဘယ်ကြောင့် ကူညီခွင့်ပြုနိုင်ပါမည်နည်း?
လီရင်းရင်း မျက်မှောင်ကြုတ်ပြီး ဟုန်မင်ကို ပြောလိုက်သည်။
“သူမက နင်နဲ့ ဘာများ ပတ်သက်လစရာလိုနေသေးလို့လဲ? သူမက နင့်ရဲ့ကောင်မလေးမဟုတ်ဘူး၊ မြန်မြန်လေး လုပ်ပြီး ထုပ်ပိုးတော့ ၊ ယင်ကျိုးက မကြာခင်ပြန်ရောက်တော့မှာ”
လီရင်းရင်း၏ စကားများက မှန်ကန်၍ အချက်ကျသည်ဟု ဟုန်မင် ထင်မြင်ခဲ့သည်။
လဲ့ရူသိုသည်က သူ့ကိုအမှိုက်ကဲ့သို့ ဆက်ဆံသော်ငြား ကျင်းယန်၏ ရှေ့မှောက်တွင် ပါပီမျက်လုံးများဖြင့် အမြီးတနှံ့နှံ့ ဖြစ်သွားခဲ့သည်။
သူတို့က ဘာလို့ ကျင်းယန်ရဲ့အကူအညီကိုမတောင်းဘဲ သူကို လာပြီး ရှာဖွေနေရတာလဲ?
သူ နှာတစ်ချက်မှုတ်လိုက်ကာ ပြန်လှည့်လိုက်ပြီး အထောက်အပံ့ပစ္စည်းများကို ကောက်ယူလိုက်သည်။
ဘေးတွင်ရှိနေသော လင်းကျန်းကိုတော့ သူတို့က မကြာခင်ထွက်ခွာတော့မည်ဖြစ်သည့်အတွက် သူ့အနေဖြင့် အလုပ်များနေသည်ဟု ပြောလိုက်သည်။
လင်းကျာတစ်ယောက် လူအုပ်ထဲတွင် ဦးတည်ရာမရှိ လိုက်ရှာရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။
ရင်ပြင်၏ အနောက်ဘက်ရှိ လူလုပ်သစ်တောဆီသို့ ရောက်ရှိလာချိန်တွင်တော့ လဲ့ရူသိုက ဤမျှ ဝေးလံသောနေရာအထိ ပြေးသွားလိမ့်မည်မဟုတ်ဟု ခံစားလာရသည်။
သို့သော်လည်း သူမ ပြန်သွားရန် တွေးတောနေစဥ် တောအုပ်အတွင်းမှ ထွက်လာသော လူတစ်ယောက်ကို မြင်လိုက်ရလေသည်။
သူက စီးကရက်ဖင်စီကို မြေပြင်ပေါ်သို့ လွှင့်ပစ်ပြီး ခဏအကြာတွင် ပြန်ဝင်သွားခဲ့သည်။
ကောင်းမွမ်သည့် ကိစ္စမဟုတ်သော တစ်စုံတစ်ခုက ထိုနေရာတွင် ဖြစ်ပျက်နေသည်ဟု သူမ၏အလိုလိုသိစိတ်က ပြောနေခဲ့သည်။
သို့နှင့် လူလုပ်တောအုပ်အတွင်းဘက်ကို သူမ တိုးကပ်၍ ချောင်းကြည့်လိုက်ချိန်တွင် သူမ ရှာဖွေနေခဲ့ရသည့် လဲ့ရူသိုကို တွေ့မြင်လိုက်ရလေသည်။
လင်းရူသိုအပြင် ထိုနေရာတွင် ရင်းနှီးသော အခြားမျက်နှာနှစ်ခုလည်း ရှိနေခဲ့သည်။
လင်းကျား သူတို့ကို မြို့ထဲမှ ထွက်ခွာတော့မည် ဆင့်ကဲပြောင်းလဲသူနှစ်ယောက်အဖြစ် မှတ်မိနေခဲ့သည်။
သူတို့က သူတို့၏ လက်အောက်ခံများကို လဲ့ရူသိုအား ချည်နှောင်ပြီး ပါးစပ်ကို ပိတ်ဆို့ထားရန် ညွှန်ကြားပြီး သူမ၏ခေါင်းကိုလည်း ခေါင်းစွပ်တစ်ခုဖြင့် ဖုံးအုပ်လိုက်လေသည်။
လင်းကျားတစ်ယောက် ပါးစပ်ကိုလက်ဖြင့် တင်းကြပ်စွာ ပိတ်လိုက်မိ၏။
သူမ အမြန် ပြန်သွားပြီး လဲ့ဟုန်ရီကို ချက်ချင်းသတင်းပို့ရမည်။
သို့သော်လည်း သူမ နောက်လှည့်လိုက်ချိန်တွင် မျက်နှာကို ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။
ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ကို ကိုက်ခဲထားသော လူကြီ သူမ၏နောက်မှ ထွက်ပေါ်လာခဲ့လေသည်။
သူက မြေပြင်ပေါ်မှ သတိလစ်မေ့လဲနေသော အမျိုးသမီးကိုကန်လိုက်ပြီး ယောင်ကိုင်းနေသောပါးများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် နှာမှုတ်လိုက်ပြီး တောအုပ်အတွင်း ဝင်သွားလိုက်သည်။
“ချီးပဲ မင်းတို့ကောင်တွေ ပိုပြီးဂရုမစိုက်နိုင်ကြဘူးလား?အပြင်ဘက်မှာ ချောင်းကြည့်နေတဲ့ မိန်းမတစ်ယောက်ရှိတယ်”
.........
လဲ့ဟုန်ရီ ဓာတ်ဆီ ပုံးနှစ်ပုံးဖြင့် ပြန်ရောက်လာချိန်တွင် လင်းကျားနှင့်လဲ့ရူသိုတို့ နှစ်ယောက်လုံး မရှိကြတော့ပေ။
သူတို့၏ခရီးဆောင်အိတ်များသည်လည်း ဖြတ်သွားသည့်လူများထံမှ လှန်လှောခံထားရပြီး သူတို့၏ တချို့သော အဝတ်အစားနှင့် အစားအစာများကလည်း အခိုးခံလိုက်ရသည်။
လဲ့ဟုန်ရီတစ်ယောက် သူ၏လက်ထဲမှ ဆီပုံးများကို မြေပြင်ပေါ်သို့ ဒုန်းခနဲ အသံမည်အောင် ချလိုက်ကာ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။
သူ ဟုန်မင်ကို သွားရှာခဲ့သည်။ သို့သော်လည်း တစ်ဖက်လူထံမှ လင်းကျားသည်လည်း သူ့ဆီသို့ရောက်လာပြီး သူမဖြစ်သူ ပျောက်ဆုံးသွားကြောင်းပြောကာ သူမကို လိုက်ရှာနေသည်ဟု စိတ်မဝင်စားစွာ ပြောပြခဲ့လေသည်။
လဲ့ဟုမ်ရီ လူအုပ်ထဲတွင် သူတို့နှစ်ယောက်၏နာမည်များကို ရူးသွပ်စွာအော်ခေါ်ကာ လိုက်ရှာခဲ့လေ၏။ လူအများက သူ့ကို စိတ်လွတ်သွားပြီလားဟုပင် ကြည့်လာခဲ့ကြသည်။
သူ ကျင်းယန်နှင့် အသင်းဖော်များဆီသို့ ပြန်ရောက်လာချိန်တွင် ထို တို့က ကားထဲတွင် နေရာယူကာ အသင့်စောင့်ဆိုင်းနေနှင့်ပေပြီ ။
ကျောင်းမောင်နှမထံတွင် ထုပ်ပိုးစရာ ပစ္စည်း အများအပြားမရှိပေ။ သူတို့နှစ်ယောက်၏ တန်ဖိုးရှိသော ပိုင်ဆိုင်မှုဆိုသည်က သူတို့ ကိုယ်တိုင်သာဖြစ်၏။
စစ်တပ်က သူတို့အားလုံးအတွက် လူတစ်ယောက်လျှင် သုံးရက်စာ ဖူလုံသော အစားအစာများကို ပေးခဲ့လေသည်။ သူတို့လည်း အစားအသောက်များကို သိမ်းဆည်းပြီးနောက်တွင် SUV ထဲသို့ ဝင်ပြီး လဲ့ဟုန်ရီတို့ရောက်ရှိလာမည့်အချိန်ပို အတူ စောင့်ဆိုင်းနေခဲ့ကြသည်။
ကျောင်းချီယန်သည်ကား အလယ်တန်းကျောင်းသားရောဂါရှိသော အရွယ်ဖြစ်လေ၏။ ဤကဲ့သို့ကောင်းမွန်ပြီး အဆင့်မြင့်လွန်းသောကားကို မြင်လိုက်ရချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူက ကား၏ တစ်လက်မတိုင်းကို စူးစမ်းနေခဲ့ကာ နေရာပေါင်းစုံကို ထိတွေ့နေခဲ့သည်။ ကျောင်းစီဟွေ့ကတော့ မောင်ဖြစ်သူ၏ လုပ်ဆောင်ချက်များကြောင့် ပြောစရာစကားပင်မဲ့သွားခဲ့၏။
သူ ကား၏နေရာမလပ်ကို စပ်စုပြီးသွားချိန်တွင် သူ၏အာရုံစူးစိုက်မှုကို ကျင်းယန်ဆီသို့ လှည့်လိုက်ပြန်သည်။
သူတို့၏ ဆွေးနွေးမှုအရ ကျင်းယန်နှင့် ကျောင်းစီဟွေ့တို့က ယာဥ်မောင်းခြင်းကို တစ်လှည့်စီ တာဝန်ယူလိမ့်မည်။ ကျောင်းစီဟွေ့က မနက်ခင်းတွင်မောင်းပြီး ညနေနှင့်ညဘက်တွင် ကျင်းယန်က မောင်းလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင်တော့ ကျင်းယန်က ကား၏နောက်ဘက်တွင် ရှိနေပြီးကျောင်းချီယန်က သူ၏ဘေးဘက်တွင် ထိုင်နေခဲ့သည်။
ကျောင်းချီယန်အနေဖြင့် ဖိအားနှင့် ကိုးယိုးကားယားနိုင်မှုကို ခံစားရသော်ငြား သူသည်က ရိုးရှင်းသောစိတ်သဘောထားရှိနေသည့် ဆယ်ကျော်သက်တစ်ယောက်သာဖြစ်ပေသည်။
တစ်ခဏမျှကြာပြီးနောက်တွင် သူက ကျင်းယန်ဆီသို့ အထူးဆန်းဆုံး မေးခွန်းများကိုပင် မေးရဲလာခဲ့သည်။
“ကျင်းကော ကောရဲ့မိသားစုက ယွမ်ဘီလျံရာနဲ့ချီပြီး ချမ်းသာတယ်မလား?”
“ကျင်းကောက မကြာခဏ သေနတ်သုံးလား? ကော ကျွန်တော့်ကိုလည်း သင်ပေးလို့ရလာ? အခု ကျွန်တော့်ဆီမှာ တကယ့်ကိုကောင်းတဲ့ အမြင်အာရုံရှိနေပြီ!”
“......”
ကျောင်းစီဟွေ့တစ်ယောက် ကား၏ အရှေ့တွင်ထိုင်နေရင်း မောင်ဖြစ်သူ၏သတ္တိကို ပထမဆုံးအကြိမ်လေးစားသွားရသည်။
ကျင်းယန်းက သူ့ကိုလျစ်လျှူရှုထားသော်လည်း သူက စိတ်ပျက်အားလျှော့မသွားခဲ့ချေ။ ထို့အစား သူ၏အာရုံစူးစိုက်မှုကို ကျင်းယန်၏လက်မောင်းအတွင်းမှ ယင်ရိလျိုဆီသို့ ပြောင်းလဲသွားခဲ့ပြန်သည်။
ထိုအချိန်တွင်တော့ ယင်ရိလျိုမှာ မနေ့ညက လျို့ကျန်း၏စကားလုံးများကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး ကပ်ဘေးကာလ၏ နက်ရှိုင်းသော အာရုံအတွင်း ပြုတ်ကျနေခဲ့သည်။
ယမန်နေ့ညကတည်းက သူမ ပင်ပန်းနွမ်းနယ်နေခြင်းဖြစ်လေ၏။ သူမ၏ နားရွက်များက အောက်သို့ကုတ်ကျနေပြီး ကျင်းယန်၏ လက်မောင်းထဲတွင် ကိုယ်ကို အလုံးစုံကောက်ကွေးနေခဲ့သည်။
ခေါင်းကို အပွတ်ခံနေရခြင်းကပင် ယခင်ကကဲ့သို့ သာယာစရာမကောင်းတော့ချေ။
သူမ ပဟေဠိဖြစ်နေခဲ့ရလေ၏။ လျို့ကျန်းက ဘာလို့ OOC ဖြစ်နေရတာလဲ?
သူမ၏ တည်ရှိမှုက အမှန်တကယ်ကို လိပ်ပြာတောင်ပံခတ်သံ ဖြစ်ပွားစေတာလား?
အကယ်၍ လိပ်ပြာတောင်ပံက လျို့ကျန်းအား ကျင်းယန်၏ဘေးသို့ ရောက်အောင် ခတ်လိုက်မည်ဆိုပါက သူမအနေဖြင့် လိပ်ပြာ၏တောင်ပံများကို လုံးဝ မခတ်စေတော့ချင်ပေ....
ကျင်းယန်ကတော့ သူ၏ ယုန်လေးက မည်သို့ခံစားနေရကြောင်းကို မသိပါချေ။ အမြဲတစေ စားသောက်ချင်စိတ် ကောင်းကောင်းရှိသော အမွှေးလုံးလေးက ဤမနက်တွင်တော့ စားချင်စောက်ချင်စိတ်များ လျော့ကျနေပြီး တက်ကြွစွာ လျှောက်ပတ်ခုန်ပေါက်နေခြင်းကိုလည်း ရပ်တန့်ခဲ့သည်။
သူ၏စိတ်ကူးယဥ်သက်သက်လာမသေချာသော်လည်း ဤသတ္တဝါလေး၏ ပဲစေ့သဏ္ဍာန်မျက်လုံးများက သူ့ကို ခါးသီးစွာ စိုက်ကြည့်နေခဲ့သကဲ့သို့ ထင်ရကာ သူ(ကျင်းယန်)က ပြင်းထန်လွန်းသော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့သကဲ့သို့ တွေးနေပုံရလေသည်။
ယုန်လေးက မကောင်းသည့် တစ်စုံတစ်ခုကို စားမိခဲ့သည်လား သို့မဟုတ် နေမကောင်းဖြစ်နေခြင်းလားဟုပင် သူ စိုးရိမ်ပူပန်နေခဲ့ရသည်။
ကျောင်းချီယန်က သူ၏ မျက်နှာကို ယုန်လေးအနီးသို့ တိုးကပ်ပြီး ၎င်းကိုဂရုတစိုက် လေ့လာစူးစမ်းနေခဲ့သည်။
ယုန်လေး၏အမွှေးများက အလွန်နူးညံ့ကာ ၎င်း၏လက်ဖဝါးများသည်လည်း ပန်းရောင်သန်းပြီး သမ်းဝေလိုက်သည့်အချိန် ပေါ်လာသည့် သွားများက ဖြူဖွေးနေခဲ့ကာ သိပ်ပြီး မချွန်ထက်သည့်ပုံရသည်။
ဤမာလာရှမ်းကောအတွက် ပြီးပြည့်စုံသော ပါဝင်ပစ္စည်းနှင့်တူညီသော ယုန်လေးက အလွန်လျှင်မြန်စွာ လှုပ်ရှားနိုင်ခဲ့ပြီး သူ့ကဲ့သို့ အမြင်အာရုံမြင့်မားသည့်သူပင် ရှင်းလင်းစွာ မမြင်နိုင်ပေ။
ထို့အပြင် ၎င်း၏လက်သည်းများက ဆင့်ကဲပြောင်းလဲသူများ၏ ထူထဲသော အရေပြားကိုပင် ကုတ်ဖြဲနိုင်လေသည်။
ဒါလေ့က ဘယ်လိုတောင် အံ့သြစရာကောင်းလိုက်သလဲ?
“ကျင်းကော ကောရဲ့ သန္ဓေပြောင်းယုန်လေးက ဘာလို့ ကြီးမလာတာလဲ?”
“သူက ဘာလို့ အရမ်းစိတ်အားငယ်နေတဲ့ ပုံပေါက်နေတာလဲ? သူကအာဟာရချို့တဲ့နေတာလာ? ကျွန်တော် သူ့အတွက် အောက်ကိုဆင်း သစ်ရွက်နည်းနည်းလောက် သွားယူလိုက်ရမလား”
ယင်ရိလျိုတစ်ယောကာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်သွားရ၏။ သူမ၏နားထဲသို့ ဆက်လက်၍ ပေါကြောင်ကြောင် လျှောက်ပြောနေလေသော ကျောင်းချီယန်ဆီသို့ သူမ၏ သွားလေးများကို ဖြဲပြလိုက်ပြီး သူမ၏နူးညံ့သော ပန်းရောင်လက်ဖဝါးမှ လက်သည်းချွန်ချွန်များ ဆန့်ထွက်ကာ သူကိုကုတ်ဖြဲရန် ခြိမ်းခြောက်နေခဲ့သည်။
သို့သော် ထိုလုပ်ဆောင်ချက်က သူ့ကို အသံ တိတ်သွားစေရန်အတွက် မလုပ်ဆောင်နိုင်ဘဲ ကျရှုံးသွားရုံသာမက ထိုကောင်လေးက ရယ်မောချင်စွာဖြင့် ‘ဝိုး’ဟုပင် အော်ကာ သူမ၏လက်သည်းများကို ထပ်မံ ထုတ်ပြရန်အတွက် သူမဆီသို့ တဝီဝီပြောနေခဲ့သည်။
ယင်ရိလျို ကျင်းယန်ဆီသို့ ဦးတည်ကာ ခိုအောင်းနေခဲ့သည့် အမည်မသိဒေါသများများကပင် မသိလိုက်စွာဖြင့် ပြေငြိမ်းသွားခဲ့ရသည်။
သူမက အပြစ်ကင်းစင်သည့် ကျင်းယန်ကို ပြန်ကြည့်က် သက်ပြင်းချလိုက်မိသည်။
ကောင်းပြီ။
သူမရဲ့ရွှေပေါင်လုံးကြီးက တကယ်ကို အပြစ်တင်လို့မရဘူး။
သူ ဒီလိုမျိုး ထူးချွန်တဲ့ လူတစ်ယောက်ဖြစ်နေတာက သူရဲ့အမှားမဟုတ်ဘူးလေ။
တစ်စုံတစ်ယောက်ကို အပြစ်ရမယ်ဆိုရင် စိတ်ပိုင်းမဖြတ်နိုင်ဖြစ်နေပြီး အဓိကဇာတ်ကြောင်းကနေ အဝေးကို ဦးတည်ဖို့ ကြိုးစားနေတဲ့ ဇာတ်လိုက်မကို အပြစ်တင်သင့်တယ်။
ယင်ရိလျိုက သူမ၏ ‘ကပ်ဆိုက်ကာလ’ လေးကို ကိုယ်တိုင် ဖြတ်ကျော်ပြီးနောက် ကျင်းယန်၏လက်ကို သူမ၏ခေါင်းလေးဖြင့် ပွတ်လျက် မက်ဆေ့ချ်ကို ပေးပို့ရန် ကြိုးစားလိုက်သည်။
ကျွန်မ ခုနက ကျွဲဂျိုထဲ* ဖောက်ဝင်နေရုံပဲ အခု OKသွားပါပြီ!
ကျင်းယန်ကတော့ ချစ်စရာလုပ်ရပ်များကို ပြန်လုပ်နေပြီဖြစ်သော ယုန်လေးကိုကြည့်လိုက်ပြီး သူ၏စိုးရိမ်မှုများက ဖြေးညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
ယုန်လေးက မည်သည့် အကြောင်းကို စိတ်မကောင်းဖြစ်နေသည်ကို သူ မသိသော်လည်း ကျောင်းချီယန်က ၎င်းကိုတစ်ဖန် တက်ကြွလာအောင် ပြုလုပ်ခဲ့သည်။
ဤကလေးက နောက်ဆုံးတွင်တော့ အတော်အတန် အသုံးဝင်လေသည်။
ထို့ကြောင့် ကျောင်းချီယန်ကို ထပ်မံ မျက်နှာချင်းဆိုင်သောအချိန်တွင် သူ၏မျက်နှာထားက ယခင်ကထက် စိတ်မရှည်မှုတို့ လျော့နည်းလာခဲ့သည်။