← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

ကားအတွင်းရှိ လေထုဖိအားက ထူးဆန်းသည့်အနေအထားသို့ ရောက်ရှိသွားချိန်တွင် တံခါးကို ရုတ်တရက် ခေါက်လာခဲ့သဖြင့် ကျောင်းစီဟွေ့ ထိတ်လန့်သွားခဲ့သည်။

သူမ ကားပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်ကာ ခပ်တိုးတိုး ကျိန်ဆဲလိုက်လေသည်။

ထို့နောက် သူမ ကားပြတင်းပေါက်ကို ဖွင့်၍ မကျေမနပ်ဖြင့် ဤသို့ ပြောလုနီးပါးဖြစ်သွား၏။

“လဲ့ဟုန်ရီ ရှင် တံခါးကို ညင်ညင်သာသာလေး ခေါက်လို့မရဘူးလား”

ထိုအခိုက်တွင် ချွေးတဒီးဒီးကျနေသော အမျိုးသားက အလောတကြီး မေးလာခဲ့သည်။

“မင်းတို့ လင်းကျားနဲ့ရှောင်သိုတို့ကို တွေ့မိလား?”

ကျောင်းစီဟွေ့၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားရပြီး ခေါင်းခါရမ်းလိုက်သည်။

“မတွေ့ဘူး ၊ ကားထဲ ကျွန်မတို့ပဲရှိတာ.. ကျွန်မတို့က ဒီမှာ စောင့်နေကြတာ ၊ သူတို့ ဒီဘက်ကို လာတာကို မတွေ့ဘူး ဘာဖြစ်လို့လဲ?”

လဲ့ဟုန်ရီ၏ မျက်နှာက ပြာနှမ်းသွားခဲ့၏။ သူက လက်သီးခပ်တင်းတင်း ဆုပ်လိုက်လေ၏။

“သူတို့ နှစ်ယောက်လုံး ပျောက်နေတာ”

ပျောက်တာ?

မရှိတော့တာလား ။ ဒီလိုအချိန်တိုလေး အတွင်းမှာ မိန်းကလေးနှစ်ယောက်က ဘယ်ကိုများ သွားနိုင်မှာလဲ?

ဤအခိုက်အတန့်တွင် မြောက်ဘက်ကို သွားမည့်လူများက ထွက်ခွာစပြုလာကြ၏။

လဲ့ဟုန်ရီအနေဖြင့် သူ တစ်စုံတစ်ယောက်ကို ရှာချင်သေးသောကြောင့်ဟူသော အကြောင်းပြချက်အတွက် တခြားသူများကို မတားဆီးနိုင်ပေ။ သူ ကျောင်းချီယန်ဆီကို တုန်လှုပ်စွာ ပြောလိုက်သည်။

“ရှောင်ယန် မင်း ကောကို ကူညီပေးပါဦး”

ကျောင်းချီယန်၏အမူအရာသည်လည်း လေးနက်သွားခဲ့ရပြီး နောက်ခုံတွင် ထိုင်နေရင်းဖြင့်ပင် သူ၏ သန္ဓေပြောင်း အခြေအနေသို့ အသွင်ပြောင်းလိုက်သည်။

သူ၏ခန္ဓာကိုယ်ရှိ အဝတ်အစားများက အပိုင်းပိုင်းအစစဖြစ်ကာ စုတ်ပြဲသွားခဲ့လေသည်။

အစိမ်းရောင် အဖုအထစ်များစွာက သူ၏ခန္ဓာကိုယ် အနှံ့တွင် ထူထပ်စွာဖြင့် ပေါ်ပေါက်လာခဲ့သည်။

သူ၏ခေါင်းသည်လည်း ပြားလာပြီး သူ၏အနောက်ဘက်မှ ကြီးမားသည့်အမြီး တစ်ခု ထွက်လာခဲ့သည်။

ယင်ရိလျိုက သူနှင့် အလွန်နီးကပ်သည့်နေရာတွင် ရှိနေသဖြင့် ရွံစရာကောင်းသည့် အရေပြားကိုရှင်းလင်းစွာ မြင်နိုင်ခဲ့လေသည်။

သူမက မြွေနှင့် အိမ်မြှောင်ကဲ့သို့ တွားသွားသတ္တဝါများကို ကြောက်ရွံပြီး သူမထံတွင် trypophobia အပျော့စားရှိသောကြောင့် ဤမြင်ကွင်းကြောင့် သေလုနီးပါးပင် ခံစားလိုက်ရသည်။

(T/N – trypophobia ဆိုတာက အပေါက်အပေါက်တွေ အဖုအဖုတွေ ပြွတ်သီခတ်နေတာမျိုးကို ကြောက်တာ ဒါမှမဟုတ် ရွံတာမျိုးပါ)

ကံကောင်းစွာဖြင့် ကျင်းယန်က သူမ၏မျက်လုံးကို လက်ဝါးဖြင့်ကာလိုက်ပြီး သူမကိုလည်း သူ၏လက်မောင်းကြားထဲသို့ ထည့်ကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်လေသည်။

ကျောင်းချီယန်၏ ဆင့်ကဲပြောင်းလဲပြီး အသွင်အပြင်က အိမ်မြှောင်အကြီးစားတစ်ကောင် ဖြစ်သည်။

ကျောင်းချီယန် သူ့၏ဘေးဘက်မှ တံခါးကိုဖွင့်ပြီးနောက် ကားအပြင်ဘက်သို့ ကိုင်းထွက်လိုက်ကာ သူ၏ အဖြူရောင် မျက်ဝန်းသားများကို လှန်လိုက်ပြီး သူ၏နှစ်ခွဖြစ်နေသောလျှာကို ဆန့်ထုတ်လျှက် လေထဲမှ လင်းကျားနှင့်လဲ့ရူသို၏ အနံ့ကို ဖမ်းယူရန် ကြိုးစားလိုက်သည်။

တစ်ခဏမျှ ကြာပြီးနောက် သူ၏ခန္ဓာကိုယ်ကို ကိုးယိုးကားယား လှည့်ပြီး ပြောလိုက်လေသည်။

“လဲ့တာ့ကော၊ ကျွန်တော်အနံ့ခံလို့ မရဘူး”

“ယုတ္တိရှိရှိပြောရမယ်ဆိုရင်တော့ ဒါက မဖြစ်နိုင်ဘူး.. ”

ကျောင်းချီယန် ဆက်ပြောလိုက်သည်။

“သူတို့ရဲ့အနံ့ကို ထောက်လှမ်းတာကနေ ပိတ်ဆို့နိုင်တဲ့ ဆင့်ကဲပြောင်းလဲသူ တစ်ယောက်လောက်ကသာ လင်းကျားနဲ့ရှောင်သိုရဲ့ အနားမှာ ရှိနေခဲ့တာ မဟုတ်ဘူးဆိုရင်ပေါ့”

သူပြောခဲ့သည့်စကားမှာ အလွန်ရှင်းလင်းပေသည်။ လင်းကျားနှင့်လဲ့ရူသိုက မတော်တဆမှုတစ်ခုတွင် ပါဝင်ပက်သက်နေမိခြင်း မဟုတ်ချေ။

သူတို့ကို ဆင့်ကဲပြောင်းလဲသူများက ရည်ရွယ်ချက်ရှိရှိဖြင့် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းကို ခံလိုက်ရခြင်းသာဖြစ်သည်။

လဲ့ဟုန်ရီ၏ မျက်နှာတစ်ခုလုံးက ဖြူလျော် သွားခဲ့လေသည်။ ကားများက ရင်ပြင်မှ တဖြည်းဖြည်းထွက်နေသည်ကို ကြည့်ကာ သူ ‌ကျောင်းချီယန်ကို ကျေးဇူးတင်လိုက်ပြီး ကျင်းယန်နှင့် ကျောင်းစီဟွေ့တို့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ကျင်းယန်ကော၊ စီဟွေ့ ငါ မင်းတို့နဲ့အတူမလိုက်နိုင်တော့ဘူး ၊ မြို့တော် Z မှာပြန်တွေ့ကြတာပေါ့”

သူ ထိုသို့ပြောလိုက်ပြီးသည်နှင့် သူ၏ကြွက်သားများက ပြန့်ကားကြီးမားသွားခဲ့ပြီး အရပ်ကလည်း ရှည်ထွက်လာခဲ့လေသည်။

သူ၏စွမ်းရည်ကို အသုံးပြုသောအချိန်တွင် သူ၏အရှိန်သည်လည်း နှစ်ဆထက်ပိုမို တိုးမြင့်သွားပြီး သူတို့၏ အမြင်အာရုံမှ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

ကျောင်းစီဟွေ့တစ်ယောက်ခေါင်းရမ်းလိုက်မိသည်။

လောကကြီးက ဘယ်လိုတွေ ဖြစ်နေတာလဲ?

သို့သော် သူတို့သည်က ယာယီအသင်းဖွဲ့ရန်သာ ဆုံးဖြတ်ခဲ့ကြသည့် အသိအကျွမ်းများ ဖြစ်သည့်အတွက် ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်ခဲ့ကြသည်။

လဲ့ဟုန်ရီအတွက်ကြောင့် သူတို့၏ခရီးကို အချိန်ရွေ့ဆိုင်းခြင်း သို့မဟုတ် သူတို့၏အစီအစဥ်များကို စွန့်လွှတ်ရန် မဖြစ်နိုင်ပါချေ။

သူတို့ထံတွင် သူတို့ကိုယ်သူတို့ ဂရုစိုက်နိုင်ရုံမျှသာရှိပြီး တခြားလူတိုင်းကို ကူညီရန်အတွက် စွမ်းအားမရှိနေခဲ့ပါချေ။

ကားထဲရှိ လူအနည်းငယ်တွင် ပြောစရာမလိုသည့် သဘောတူညီချက်တစ်ခုရှိလာခဲ့ကြ၏။

ကျောင်းချီယန်ကလည်း လူသားအသွင်သို့ တဖြည်းဖြည်း ပြန်ပြောင်းလိုက်လေသည်။ ဆယ်ကျော်သက်တစ်ယောက်၏ ကိုယ်လုံးတီး ရင်ဘက်တွင် ကြည့်စရာ များများစားမရှိသော်ငြား ကျင်းယန်ကတော့ ယင်ရိလျို၏ မျက်လုံးများကို ကာထားဆဲဖြစ်ပေသည်။

သူစိမ်းကောင်လေးတစ်ဦးကြောင့် သူ၏သမီးဖြစ်သူ မျက်စိညစ်ညမ်းသွားရမည့်အရေးမှ ကာကွယ်နေသကဲ့သို့ ဖြစ်နေကာ အတော်လေးလည်း မကျေနပ်နေသည့်ပုံရသည်။

သူက အရံအဝတ်အစား တစ်စုံကိုပင် ဆွဲထုတ်လိုက်ပြီး ကောင်လေးပေါ် ပစ်တင်လိုက်သည်။

“မြန်မြန်လုပ်၊ ဒါကိုဝတ်လိုက်တော့”

ကျောင်းချီယန်တစ်ယောက် ကျင်းယန်၏လက်မောင်းထဲတွင် နားရွက်များလှုပ်နေသည့် ယုန်ဖြူလေးကိုကြည့်လိုက်သည်။

ဒါက တကယ်ရော လိုအပ်လို့လား? သူ ဘာကိုမှ မဝတ်ထားလဲ ရတာပဲမလား?

ပြီးတော့ ယုန်တစ်ယောက် ဘာကိုများ နားလည်နိုင်မှာမလို့လဲ?

ညစ်ပတ်ပြီး ပျက်ဆီးနေသော စူပါမားကတ်တစ်ခုထဲတွင် အမျိုးသားကြီး တချို့က စားသောက်ရန်အတွက် စုဝေးလျှက်ရှိနေခဲ့ကာ သူတို့၏ပါးစပ်မှလည်း ညစ်ညမ်းသော ဟာသများကို ပြောဆိုပြီး ကျယ်လောင်စွာ ရယ်မောနေခဲ့ကြသည်။

သူတို့နှင့် သိပ်မဝေးကွာသည့် စင်များဘေးတွင်တော့ မြေပြင်ပေါ်၌ ကြိုးတုပ်ခံထားရသော မိန်းကလေးနှစ်ယောက်ထိုင်နေခဲ့၏။

ပို၍ငယ်ရွယ်သော မိန်းကလေးကကြောက်လန့်တကြား ငိုယိုနေခဲ့ပြီး သူမ၏ခန္ဓာကိုယ်သည်လည်း တုန်ရီနေခဲ့လေ၏။ သူတို့သသည်က မြို့ရင်ပြင်မှ ပြန်ပေးဆွဲခံခဲ့ရသော လဲ့ရူသိုနှင့် လင်းကျားတို့ဖြစ်ကြသည်။

လဲ့ရူသိုအနေဖြင့် သူမ မထွက်ခွာသွားမီ ဟုန်မင်ကိုရှာပြီး သူနှင့် နောက်ဆုံးတစ်ကြိမ် စကားပြောရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်ငြား သူမနှင့်အတူ စကားဖောင်ဖွဲ့ခဲ့သော ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ တားဆီးခြင်းခံလိုက်ရသည်။

သူမဘက်မီ စကားမပြောချင်ခဲ့သော်လည်း ထိုသူက သူမ၏ ဆံပင်ကိုဆွဲပြီး ရင်ပြင်နောက်မှ သစ်တောထဲသို့ တရွတ်တိုက်ဆွဲခေါ်သွားခဲ့သည်။

ထို့နောက် သူမကို ရှာဖွေရန်လာသော လင်းကျားသည်လည်း အလဲထိုးခံလိုက်ရသည်။

ကမ္ဘာပျက်ကပ်မဖြစ်ပွားခင်က ဤလူများမှာ ဂန်းစတားများ ဖြစ်ခဲ့ကြ၏။ သူတို့က အင်တာနက်ကဖေးတွင် အချိန်ဖြုန်းရန်အတွက် နေ့တိုင်းစုဝေးခဲ့ကြကာ လမ်းပေါ်မှ ရန်ပွဲများတွင် ပါဝင်လေ့ရှိကြပြီး လူများထံမှ အခကြေးငွေကို ညှစ်ယူကြလေသည်။

ဤသို့ ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်တွင် သူတို့သုံးယောက်က ဆင့်ကဲပြောင်းလဲသူများ ဖြစ်လာကြသောကြောင့် သူတို့အတူတကွ နေခဲ့ကြသည်။

သူတို့အနေဖြင့် ကန့်သတ်ချုပ်ချယ်ခြင်းကိာ မခံချင်သောကြောင့် စစ်တပ်နှင့်အတူ မြောက်ဘက်သို့ သွားရန်ဆန္ဒမရှိကြချေ။

သူတို့၏ကိုယ်ပိုင်နယ်မြေပေါ်တွင် အုပ်စိုးချင်ခဲ့ကြသည်။

စစ်တပ်၏ထရပ်ကားများက ထွက်ခွာတော့မည်ဖြစ်၍ လူများရှုပ်ထွေးကာ ဖရိုဖရဲဖြစ်နေမှုကို အခွင့်ကောင်းယူပြီး လဲ့ရူသိုနှင့် လင်းကျားကို ပြန်ပေးဆွဲပြီးနောက် မြို့ထဲမှ မောင်းထွက်လာခဲ့ကြသည်။

သူတို့ ယခင်က အခြားသူများကို ထုတ်ပြောခဲ့သော လမ်းကြောင်းမှ ကွဲပြားသည့် လမ်းကြောင်းကို သွားခဲ့ကြသည်။

ဤလူအုပ်စု အလွန်အမင်း လုပ်ရဲကိုင်ရဲဖြစ်နေရသည့် အကြောင်းပြချက်မှာ သူတို့အဖွဲ့ဝင်များထဲမှ တစ်ယောက်၏ စွမ်းရည်ကြောင့်ဖြစ်ပေသည်။

သူသည်က အနံ့ဆိုးဖျံနှင့်တူသော ဂလင်းများရှိသည့်အတွက် ချွေးထွက်ခြင်းကို ထိန်းချုပ်နိုင်ပြီး သူ၏ချွေးတွင် တခြားသူများ၏ အနံ့ကို ဖုံးအုပ်ပေးနိုင်သည့် ရွံစရာကောင်းသောအနံ့အသက်တစ်ခုကိုလည်း သယ်ဆောင်ထားလေသည်။

ထက်ရှသည့် အာရုံများရှိသော ဆင့်ကဲပြောင်းလဲသူများပင် ၎င်းကို မဖြတ်ကျော်နိုင်ချေ။

“ဒီကြက်ကလေးနှစ်ကောင်က တကယ့်ကို ချစ်စရာကောင်းတယ်၊ နောက်ကျရင် … ဘော့စ်က အရင်ဆုံး လုပ်လိမ့်မယ် ငါက ဘော့စ်နောက်ကလိုက်မယ်၊ ပြီးရင်တော့....”

ထိုလူက ပြောလိုက်ကာ သူ၏ တြိဂံပြောင်းပြန် မျက်လုံးများက တုန်ရီနေ‌သော ကောင်မလေးများပေါ်တွင် မြဲမြံနေခဲ့သည်။ မိန်းကလေးများမှာ သူ၏ကြက်သီးထစရာ အပြုံးကြောင့် ကြောက်လန့်နေခဲ့ကြသည်။

ဤလူများက သူတို့၏ရှေ့တွင် သူတို၏ကံကြမ္မာအား ဆွေးနွေးနေသည်ကို နားထောင်နေရသောကြောင့် လဲ့ရူသိုနှင့် လင်းကျတို့ကို စိတ်အားငယ်သွားလေသည်။

သူတို့၏ပါးစပ်များထဲ၌ ဆို့ထားသည့်အရာများကို ဖယ်ထားနှင့်ပြီး ဖြစ်စေကာမူ အသံထွက်ရန်အတွက် အလွန်ကြောက်လန့်နေကြသည်။

စူပါမားကတ်သည်က လူအများအပြား ‘အလည်’ လာရောက်ပြီးဖြစ်သည့်အတွက် စင်များပေါ်တွင် စားနိုင်သည့်အရာ မရှိသလောက်နီးပါးကုန်နေပြီ ဖြစ်သည်။

ထို့အစား ကြမ်းပြင်ပေါ်တွင် တက်နင်းခံထားရသော ဟင်းသီးဟင်းရွက်အပုပ်များနှင့် အသားများရှိနေကာ နေရာတစ်ခုလုံး နံ့ဟောင်နေခဲ့လေသည်။

အသားပုပ်များတွင် အနံ့အသက်ပြင်းပြင်းရှိပြီး ကြီးမားသော သတ္တဝါကြီးများနှင့် သေးငယ်သောအင်းစက်လေးများ နှစ်မျိုးလုံး၏ အကြိုက်ဆုံးစားစရာများ ဖြစ်လေသည်။

အနီပုပ်ရောင်အသားထဲတွင် လက်ညှိုးအရွယ် လောက်များစွာက တွန့်လိမ်တွန့်လိမ်လှုပ်ရှားနေကြသည်။ ထိုလောက်များကို ယောကျ်ားကြီးများက ရွံ့ရှာစွာဖြင့် နင်းခြင်းလိုက်ကြကာ သူတို့ ကြိတ်ချေခံလိုက်ရသည့်အချိန်တွင် ဖောက် ဟူသော အသံများထွက်လာတတ်လေသည်။

သူတို့က ညစာစားပြီးနောက် ဤနေရာတွင် တစ်ညနေပြီး‌ နောက်ရက်မှ စတင်ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

စူပါမားကတ်၏ အလယ်ခေါင်တွင် စင်နှစ်ခုကြား တွဲလောင်းကျနေသည့် အဝတ်ပုခက်တစ်ခုရှိသည်။ ၎င်းမှာ ယခင်က နေခဲ့သောသူများ ချန်ထားခံခဲ့ရသည့်ပုံပေါ်လေသည်။

ထိုယေအမျိုးသားများက ဤနေ့ညဘက်၌ သူတို့ကို တစ်ခုခုလုပ်ရန် စီစဉ်မထားကြောင်းကို လင်းကျာ မြင်လိုက်ရ၏။

သူတို့က ဝင်ပေါက်တွင် စောင့်ကြပ်နေကြရုံသာ။ သူမ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီးနောက် သူမ၏ ဘေးတွင် ကြောက်လန့်တကြား ငိုယိုနေသော လဲ့ရူသိုဆီသို့ တစ်ချက်ကြည့်လိုက်သည်။

သူမတို့ ရှေ့တွင် မည်သည့်အရာများက စောင့်ကြိုနေသည်ဆိုသည်က သိသာနေသော်ငြား စိတ်ဓာတ်ကျဖွယ် အခြေအနေမှ လွတ်အောင် အကောင်းဆုံးလုပ်ရန် ကြိုးစားရလိမ့်မည်။ သူမ လဲ့ရူသို၏ ပုခုံးကိုထိလိုက်ပြီး သက်တောင့်သက်တာဖြစ်စေရန်အတွက် အဝတ်ပုခက်ထဲတွင်ထိုင်ရန် သူမကို လက်ဟန်ပြလိုက်သည်။

မည်သူကမှ သူမတို့အတွက် အိပ်ယာလုပ်ပေးမည်မဟုတ်ချေ။ အေးစက်သော ကြမ်းပြင်တွင် အိပ်ရမည့်အစား အဝတ်ပုခက်ပေါ်တွင် နေခြင်းက ပို၍ကောင်းပေလိမ့်မည်။

ယခုအချိန်တွင် သူတို့အနေဖြင့် လဲ့ဟုန်ရီက သူတို့ ပျောက်ဆုံးနေသည်ကို ရှာတွေ့ပြီး သူတို့ကို လာကယ်ရန်ကိုသာ ဆုတောင်းနေနိုင်ပေတော့သည်။

*

All Chapters